အခန်း (၁၃၀၉-၁၃၁၁)
Vol. 88 Ch. 1309-1311
အခန်း (၁၃၀၉) - အဆင့်တက်ခြင်းနှင့် ကလဲ့စားချေခြင်း
"အို... တစ်ခုခုဖြစ်ခဲ့လို့လား၊ ဘာဖြစ်ခဲ့တာလဲ"
အကြီးအကဲတစ်ဦးက အလောတကြီး မေးလာသည်။
"ဟုတ်တယ်၊ မြန်မြန်ပြောစမ်းပါ၊ အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ"
ပိုင်ဟန်က တုန်ယင်နေလျက် ပြောလာ၏။
"တပည့်က ဆရာမရဲ့အမိန့်နဲ့ စကြဝဠာနယ်ပယ်ကြီးတွေဆီ သဝဏ်လွှာသွားပို့ခဲ့တာပါ၊ ရွှေရောင်အလင်းနတ်ဘုံကို ရောက်တဲ့အထိ အရာအားလုံးက အဆင်ပြေချောမွေ့နေခဲ့ပေမယ့် အဲဒီရောက်တော့မှ အံ့သြတုန်လှုပ်စရာ သတင်းတစ်ခုကို ကြားခဲ့ရတယ်ရှင်"
"ရွှေရောင်ဆေးမီးဖိုရိပ်မြုံက ဖူကွမ်နဲ့ ဂိုဏ်းချုပ်ဟောင်း ရှုဝမ်တို့ကို လူတစ်ယောက်က သတ်ပစ်ပြီး သူတို့နေရာကို လုယူသွားခဲ့တယ်တဲ့"
"ဘာ"
မဟာအကြီးအကဲများအားလုံး အံ့သြတုန်လှုပ်သွားကြသည်။
"ဒါက တကယ်ပဲလား"
ရှမြောင်ယီကလည်း တည်ကြည်လေးနက်စွာဖြင့် မေးလိုက်၏။
"စကားတစ်ခွန်းမကျန် အမှန်တွေချည်းပါပဲရှင်"
မဟာအကြီးအကဲများသည် တစ်ယောက်မျက်နှာတစ်ယောက် အကဲခတ်ကြည့်လိုက်ကြသည်။
"ဒီလိုကိစ္စမျိုးဖြစ်လာတာ သိပ်တော့မဆန်းပါဘူးလေ၊ ဘာပဲဖြစ်ဖြစ် ရွှေရောင်ဆေးမီးဖိုရိပ်မြုံက နှစ်ပေါင်းရာချီပြီး ကျဆင်းနေခဲ့တာကိုး၊ တစ်ယောက်ယောက်က ဝင်လုယူသွားတာ သဘာဝကျပါတယ်"
အကြီးအကဲတစ်ဦးက သုံးသပ်ကာ ပြောသည်။
"ဘယ်သူလုပ်တာလဲ"
ရှမြောင်ယီက မေးလိုက်၏။
"သခင်မ... အဲဒီလူရဲ့နာမည်က ရွှယ်အန်းလို့ ခေါ်ပါတယ်ရှင်"
"ရွှယ်အန်း..."
ရှမြောင်ယီ အပါအဝင် လူတိုင်း အနည်းငယ် တုန်လှုပ်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုအမည်ကို ယခင်က တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့သောကြောင့် ဖြစ်သည်။
"ပြီးတော့ရော... ရွှေရောင်ဆေးမီးဖိုရိပ်မြုံက လာမယ့် တာအိုမဟာပြိုင်ပွဲကြီးကနေ နုတ်ထွက်ဖို့ စီစဉ်နေတာလား"
ရှမြောင်ယီက မေးလိုက်သည်။ သူမ၏အမြင်တွင် ရွှယ်အန်းသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို ယခုမှစတင်သိမ်းပိုက်ထားသည်ဖြစ်ရာ ဤအချိန်မျိုး၌ ပြဿနာမရှာချင်သည်မှာ သဘာဝကျသောကြောင့်ဖြစ်သည်။ မျှော်လင့်မထားစွာပင် ပိုင်ဟန်က ခေါင်းယမ်းလျက် ဆိုလာ၏။
"အရှင်မ... ဒါက အစပဲရှိပါသေးတယ်၊ ဘာအကြောင်းကြောင့်မှန်းမသိပေမယ့် အဲဒီ ရွှယ်အန်းက ရွှေရောင်အလင်းနတ်ဘုံထဲက အဓိကမိသားစုကြီးနှစ်ခုဖြစ်တဲ့ ရှန်းမိသားစုနဲ့ လုမိသားစုကိုပါ မျိုးဖြုတ်သတ်ဖြတ်ပစ်ခဲ့ပါတယ်"
"ဘယ်လို"
ဤတစ်ကြိမ်တွင်မူ ရှမြောင်ယီသည် ဆက်လက်တည်ငြိမ်မနေနိုင်တော့ဘဲ ရုတ်တရက် မတ်တတ်ရပ်ကာ ပိုင်ဟန်အား စူးစိုက်ကြည့်လိုက်သည်။
"ထပ်ပြောစမ်း"
"အရှငိမ... ဒီလိုကိစ္စမျိုးမှာ တပည့်က ဆရာမကို မလိမ်ရဲပါဘူး၊ တကယ်ပဲ ရွှယ်အန်းက ညီမလေးလုရဲ့ မိသားစုတစ်ခုလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာပါ၊ တပည့်ကိုယ်တိုင် တစ်ခေါက်သွားကြည့်ခဲ့ပါသေးတယ် ကြည့်လို့တောင်မရလောက်အောင်ကို သွေးသံရဲရဲနဲ့ အားလုံးက ပျက်စီးမွတေနေတာပါပဲ"
မဟာအကြီးအကဲများအားလုံးလည်း လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။
"ဒီလောက် ရက်စက်ယုတ်မာတဲ့ကောင်လေး၊ တကယ့်ကို အကြင်နာကင်းမဲ့လွန်းတယ်"
"ဟုတ်တယ်၊ ငါတို့ အချစ်ဂိုဏ်းမှာ လုမိသားစုကလာတဲ့ တပည့်တွေရှိနေတယ်ဆိုတာကို သူ မသိဘူးလား"
ထိုသို့ ဆဲရေးတိုင်းထွာနေသော အသံများကြားတွင် ရှမြောင်ယီက တည်ကြည်စွာ မေးလိုက်၏။
"ဒါဆို ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ အဓိကရည်ရွယ်ချက်က ဘာများလဲ"
ပိုင်ဟန်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လက်သွားပြီးနောက် ရိုသေစွာ အရိုအသေပေးလျက် တုန်ယင်သောအသံဖြင့် ဆိုလာသည်။
"အရှင်မ... တပည့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို သွားတုန်းက ရွှယ်အန်းက ဒီတာအိုမဟာပြိုင်ပွဲကြီးမှာ ဝင်ပြိုင်မယ်လို့ ထပ်ခါတလဲလဲ ကြေညာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ပြီးတော့..."
"ပြီးတော့ ဘာဖြစ်လဲ"
"ပြီးတော့ ပြိုင်ပွဲမှာ ပထမနေရာကို ယူမယ်လို့လည်း သူက ပြောသေးတယ်ရှင်"
ထိုစကားကို ကြားသောအခါ အခန်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
မဟာအကြီးအကဲများအားလုံး ဒေါသထွက်သွားကြသည်။
"ဒီကောင်လေးက မောက်မာတယ်လို့ ငါ အရင်က ထင်ခဲ့တာ၊ အခုကြည့်ရတာ သူက တကယ့်ကို ငတုံးပဲ"
"အမှန်ပဲ၊ ဒီလိုစကားမျိုး ပြောထွက်ရဲတာ တကယ့်ကို ကြက်သီးထစရာပဲ၊ ရွှေရောင်ဆေးမီးဖိုရိပ်မြုံက မဟာပြိုင်ပွဲတိုင်းမှာ အမြဲတမ်း နောက်ဆုံးကချည်းပဲ ဆိုတာကို ဘယ်သူကများ မသိဘဲနေမလဲ၊ အခု ပထမနေရာကို ယူမယ်လို့ ရူးမိုက်တဲ့ရည်မှန်းချက်တွေ ထားနေတာက တကယ့်ကို ရယ်စရာကောင်းလွန်းတယ်"
"ဟုတ်ပါ့၊ ဒီကောင်လေးက ဖူကွမ်နဲ့ ရှုဝမ်တို့ကို သတ်လိုက်နိုင်ရုံနဲ့ သူ လုပ်ချင်တာ အကုန်လုပ်လို့ရပြီလို့ ထင်နေတာနေမှာ"
ထိုသို့ ဆဲရေးတိုင်းထွာနေသော အသံများကြားတွင် ပိုင်ဟန်သည် ခေါင်းကိုငုံ့ထားပြီး သူမ၏စိတ်ထဲတွင်မူ ကျေနပ်အားရမှုဖြင့် အေးစက်စက် နှာခေါင်းရှုံ့ပြုံးလိုက်သည်။
ရှမြောင်ယီက တိတ်ဆိတ်နေသော်လည်း သူမ၏မျက်လုံးများကမူ မရေမရာ တဖျပ်ဖျပ် လှုပ်ရှားနေ၏။ အဆုံးတွင် သူမက တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။
"ကောင်းပြီ၊ ငါ ကြားရတာ လုံလောက်ပါပြီ၊ မင်းလည်း ပင်ပန်းသွားပြီပဲ၊ အခုတော့ သွားနားလိုက်ပါတော့"
"ဟုတ်ကဲ့ပါရှင်"
ပိုင်ဟန်က ပြန်ဖြေပြီးနောက် ရိုသေစွာဖြင့် ထွက်ခွာသွားလသည်။ သူမ ထွက်သွားသည်နှင့်တပြိုင်နက် အခန်းထဲတွင် ဆူညံပွက်လောရိုက်သွားပြန်သည်။ မဟာအကြီးအကဲများအားလုံး အနည်းငယ် တွေဝေနေကြ၏။
"အရှင်မ... ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ"
"ဟုတ်တယ်၊ လင်းဖန်ရဲ့ မိသားစု ဖျက်ဆီးခံလိုက်ရတာ၊ ဒီကိစ္စကို သူ့ကို ပြောပြသင့်လား"
ရှမြောင်ယီက လက်ကာပြလိုက်သည်။
"အခုမရသေးဘူး၊ လင်းဖန်က သူမရဲ့ တံခါးပိတ်ကျင့်ကြံခြင်းမှာ အရေးကြီးတဲ့ အချိန်ကို ရောက်နေတာ၊ အခုချိန်သာ သွားအနှောင့်အယှက်ပေးလိုက်ရင် သူမရဲ့ အရင်ကြိုးစားအားထုတ်ခဲ့သမျှတွေ အကုန်သဲထဲရေသွန်သလို ဖြစ်သွားလိမ့်မယ်"
မဟာအကြီးအကဲများသည် ထိုစကားကိုကြားသောအခါ ရှမြောင်ယီ၏ အကြောင်းပြချက်မှာ ယုတ္တိရှိသည်ဟု တွေးကာ အားလုံးက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သို့သော်လည်း ပိုင်ဟန် ထွက်သွားပြီးနောက် လုလင်းဖန် တံခါးပိတ်ကျင့်ကြံနေသော ခြံဝင်းအနီးမှ မတော်တဆဖြတ်သွားခဲ့ပြီး လုလင်းဖန်အား အစေခံနေသော အစေခံမလေးတစ်ဦးနှင့် တိုက်ဆိုင်စွာဆုံတွေ့ခဲ့သည်ကို သူတို့ မသိခဲ့ကြပေ။ ထို့နောက် ပိုင်ဟန်က ထိုအစေခံမလေးအား အဖြစ်အပျက်ကို စာနာသနားဟန်ဖြင့် ပြန်လည်ပြောပြခဲ့လေသည်။
ထိုသို့ပြောပြီးနောက် သူမသည် မျက်နှာပေါ်တွင် သနားစရာကောင်းသော အမူအရာဖြင့် လှည့်ထွက်သွားခဲ့သော်လည်း မကြာမီမှာပင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခုက သူမမျက်နှာထက်၌ ပေါ်လာခဲ့သည်။ သူမ နေထိုင်ရာအဂိုဏ်းသို့ပင် မရောက်သေးမီ ကောင်းကင်အား ဖောက်ထွင်းမတတ် စူးရှသော အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
"အမေ..."
ထိုအော်ဟစ်သံကို ကြားလိုက်ရသောအခါ ပိုင်ဟန်မျက်နှာပေါ်ရှိ ကျေနပ်အားရမှုသည် ပို၍ပင် ပြင်းထန်လာခဲ့၏။
ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆက်လုပ်လိုက်စမ်းပါ၊ ဒီတစ်ခါ နင်နဲ့ ရွှယ်အန်း ဘယ်သူက ပိုပြီး စွမ်းလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့...
တစ်ချိန်တည်းမှာပင် ထိုအော်ဟစ်သံကို ကြားသည်နှင့်တပြိုင်နက် ရှမြောင်ယီနှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ အကြီးအကျယ် ပြောင်းလဲသွားပြီးနောက် လုလင်းဖန် တံခါးပိတ်ကျင့်ကြံနေသည့် ခြံဝင်းဆီသို့ တပြိုင်နက်တည်း အပြေးအလွှား သွားကြသည်။
ထို့နောက် သူတို့မြင်လိုက်ရသည့် မြင်ကွင်းက သူတို့ကို အံ့အားသင့်သွားစေခဲ့သည်။
လျှို့ဝှက်သိုင်းပညာရပ်ဖြင့် တည်ဆောက်ထားသော ခန်းမဂိုဏ်းကြီးသည် ယခုအခါ အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့သည်။
အပျက်အစီးများ၏ ဘေးတွင်မူ အစေခံများနှင့် အစောင့်အရှောက် ဒါဇင်ကျော်ခန့်မှာ နေရာအနှံ့ လဲကျနေကြသည်။ ချွင်းချက်မရှိစွာ အားလုံးမှာ သူတို့ခန္ဓာကိုယ်တစ်ခုလုံး၏ အနှစ်သာရနှင့် သွေးများ စုပ်ယူခံထားရသကဲ့သို့ ဖြစ်နေပြီး အလွန်တရာ ဆိုးရွားသော သေဆုံးမှုဖြင့် ခြောက်သွေ့နေသော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။
အပျက်အစီးများ၏ အထက်တွင် ဆံပင်တစ်ဝက်မည်း၊ တစ်ဝက်ဖြူနေပြီး အလွန်ဖြူဖျော့သော မျက်နှာရှိသည့် အမျိုးသမီးတစ်ဦး လွင့်မျောနေ၏။ သို့သော် သူမ၏ ရောင်ဝါမှာမူ ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်ပြီး သူမပတ်ဝန်းကျင်ရှိ လေထုကိုပင် ပြောင်းလဲသွားစေသည်။ ရှမြောင်ယီနှင့် အခြားသူများ ရောက်ရှိလာသည်ကို သူမ အာရုံခံမိသောအခါ ခေါင်းကို ဖြည်းညင်းစွာ လှည့်လာပြီး သူမ၏ မှိုင်းရီနေသော မျက်လုံးများထဲတွင် မျက်ရည်များဖြင့် တဖြည်းဖြည်း ပြည့်နှက်သည်။
"ဆရာ... သမီးရဲ့ အမေကလေ..."
သို့သော်လည်း ရှမြောင်ယီ၏ အာရုံစိုက်မှုသည် ထိုကိစ္စအပေါ်တွင် မရှိခဲ့ပေ။ ထိုအစား သူမသည် လုလင်းဖန်အား အံ့သြမှင်တက်စွာ စိုက်ကြည့်နေခဲ့သည်။ ခဏအကြာတွင် သူမသည် အလွန်တရာ ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်သည်။
"လင်းဖန်... သမီး အဆင့်တက်သွားပြီလား"
လုလင်းဖန်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေသော်လည်း သူမက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်"
ထိုသတင်းကို ကြားလိုက်ရသော ရှမြောင်ယီနှင့် အချစ်ဂိုဏ်းမှ မဟာအကြီးအကဲများအားလုံးသည် အတိုင်းမသိ ဝမ်းသာပျော်ရွှင်သွားကြသည်။ လုလင်းဖန်သည် ငြင်းနိုင်ဖွယ်မရှိ အချစ်ဂိုဏ်း၏ ထိပ်တန်းအစစ်အမှန်တပည့်တစ်ဦး ဖြစ်သည်။
သူမ၏ ထူးခြားလှသော ပါရမီကြောင့် အလွန်တိုတောင်းသော အချိန်အတွင်းမှာပင် အချစ်ဂိုဏ်း၏ အမြင့်ဆုံးသိုင်းပညာရပ်ဖြစ်သော အချစ်နတ်ဆိုးကျိန်စာကို အလွန်မြင့်မားသော အဆင့်အထိ ကျွမ်းကျင်အောင် တတ်မြောက်ခဲ့သည်။
ဤတံခါးပိတ်ကျင့်ကြံခြင်းသည် သူမအတွက် နောက်ဆုံးအတားအဆီးကို နားလည်သဘောပေါက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဤသည်မှာ ရှမြောင်ယီပင် မပြီးမြောက်နိုင်သေးသော အလုပ်တစ်ခု ဖြစ်သည်။ သို့သော် ယခုလက်ရှိ အရှိန်အဝါကို ကြည့်ရသည်မှာ လုလင်းဖန်သည် ယင်းကို ပြီးမြောက်ခဲ့သည်သာမက သူမ၏ ကိုယ်ပိုင်အဆင့်ကိုပါ မြှင့်တင်နိုင်ခဲ့ပြီး စစ်မှန်အင်မော်တယ်အဆင့်မှ အင်
မော်တယ်သခင်အဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားနိုင်ခဲ့သည်။
စကြဝဠာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲ စတင်တော့မည့်အချိန်နှင့် ဤသို့သော အစွမ်းထက်လှသည့်သူတစ်ဦး တိုးလာခြင်းမှာ အချိန်ကိုက်ပင်ဖြစ်သည်။
ထိုကိစ္စအတွက် ရှမြောင်ယီနှင့် အခြားသူများက မည်သို့လျှင် ဝမ်းမသာဘဲ နေနိုင်မည်နည်း။ ထိုအရာနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လုလင်းဖန်၏ မိသားစု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ အရေးမပါသကဲ့သို့ ဖြစ်သွားသည်။
သို့သော်လည်း သူမကိုယ်သူမ ထိန်းထားရဦးမည်ဖြစ်သည်။ ရှမြောင်ယီက တိုးညင်းစွာ သက်ပြင်းချလိုက်ပြီးနောက် ပြောသည်။
"ငတုံးမလေး... သမီးလည်း သိနေပြီဆိုတော့ ဆရာတို့ ထပ်မဖုံးကွယ်ထားတော့ပါဘူးလေ၊ ဟုတ်တယ်၊ သမီးရဲ့ အမေနဲ့ လုမိသားစုက လူတွေ တကယ်ပဲ သေဆုံးသွားကြပြီ"
လုလင်းဖန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး မျက်ရည်များ စီးကျလာကာ သူမသည် တိတ်တဆိတ် ရှိုက်ငိုတော့သည်။
"ဘယ်သူလဲ... ကျွန်မအမေကို ဘယ်သူသတ်တာလဲ"
လုလင်းဖန်၏ အသံတွင် နက်ရှိုင်းလှသော အမုန်းတရားများ ပြည့်နှက်နေ၏။ ရှမြောင်ယီက သက်ပြင်းချလျက် ပြောသည်။
"ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ လက်ရှိခေါင်းဂိုဏ်း ရွှယ်အန်း ဆိုတဲ့လူပဲ၊ သူ ဒီကို လာနေတယ်။ ပြီးတော့ ဒီ စကြဝဠာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲမှာ သမီးနဲ့ သူ ဆုံရလိမ့်မယ်"
"ရွှယ်အန်း..."
လုလင်းဖန်က အကြိမ်ကြိမ် ရေရွတ်လိုက်သည်။ သူမ၏ မျက်နှာသွင်ပြင်သည် တဖြည်းဖြည်းနှင့် ရုပ်ဆိုးလှသော လှောင်ပြုံးတစ်ခုအဖြစ်သို့ ကွေးကောက်သွားပြီးနောက် တင်းကျပ်စွာ စေ့ထားသော သွားများကြားမှ စကားတစ်ခွန်း ပြောလာသည်။
"သေစမ်း”
---
အခန်း (၁၃၁၀) - တဖြည်းဖြည်း မြင့်တက်လာသော လှိုင်းဂယက်
ဤမဟာပြိုင်ပွဲကြီးအတွက် အချစ်ဂိုဏ်းအတွင်း တည်ဆောက်ထားသော ဧရာမမြို့တော်ကြီးထဲတွင် အနယ်နယ်အရပ်ရပ်ရှိ လိုဏ်ဂူနတ်ဘုံအသီးသီးမှ လူများ စုဝေးရောက်ရှိနေကြလေသည်။ ထိုလူများကြားတွင် ဒေသအသီးသီးမှ အစွမ်းထက်လှသော သခင်ကြီးများ အပါအဝင် ကျော်ကြားလှသည့် ကောင်းကင်ပါရမီရှင်များစွာလည်း ပါဝင်ပေသည်။ သူတို့ ဤနေရာသို့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ ရှင်းလင်းလှ၏။ ၎င်းတို့၏ သက်ဆိုင်ရာ လိုဏ်ဂူနတ်ဘုံများကို ဤမဟာပြိုင်ပွဲကြီးတွင် ထင်ပေါ်ကျော်ကြားလာစေရန်ပင် ဖြစ်သည်။
ထို့ကြောင့် ပြိုင်ပွဲကြီး တရားဝင်မစတင်မီကပင် လျှို့ဝှက်တိုက်ပွဲတစ်ခုက တိတ်ဆိတ်စွာ စတင်နေခဲ့ပြီ ဖြစ်သည်။
ဤမြို့တော်ကြီးအတွင်း၌ မျိုးစုံလှသော မဟာမိတ်ဖွဲ့ခြင်းများနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်မှုများသည် တစ်ခုပြီးတစ်ခု အဆက်မပြတ် ဖြစ်ပေါ်နေသည်။
လွန်ခဲ့သည့် စက္ကန့်ပိုင်းလေးကမှ အရက်သောက်ကာ ရင်းနှီးစွာ စကားစမြည်ပြောဆိုခဲ့သူတစ်ဦးသည် နောက်တစ်စက္ကန့်တွင်တော့ သူ၏ဂိုဏ်းမှ သတိထားစောင့်ကြည့်ရမည့် အရေးကြီးပြိုင်ဘက်များ စာရင်းထဲသို့ အေးအေးဆေးဆေးပင် ထည့်သွင်းသွားနိုင်ပေသည်။ သူတို့၏ ကိုယ်ပိုင်ဂိုဏ်းနှင့် လိုဏ်ဂူများ၏ အကျိုးစီးပွားရှေ့မှောက်တွင် အခြားအရာအားလုံးကို ဖယ်ရှားပစ်ရမည်သာ ဖြစ်သည်။
အဆင့်နိမ့်သော လိုဏ်ဂူနယ်မြေများမှ ဂိုဏ်းများသည်လည်း ဂိုဏ်းကြီးများနှင့် အချိတ်အဆက်ရရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်နေကြ၏။ ရုတ်တရက်ဆိုသလို လိမ္မာပါးနပ်သော နည်းလမ်းများနှင့် မနှစ်မြို့ဖွယ်ကောင်းသော အကြံအစည် အမျိုးမျိုးတို့သည် နေရာအနှံ့ပျံ့လွင့်နေပြီး အချို့သော လုပ်ရပ်များမှာ လူတစ်ယောက် မည်မျှအထိ အောက်တန်းကျနိုင်သလဲဆိုသည့် အသိကိုပင် ပြောင်းလဲသွားစေလောက်အောင် ရှိလှရာ မြင်တွေ့ရသူများအဖို့ အလွန်တရာ အံ့သြတုန်လှုပ်ဖွယ် ကောင်းလှသည်။
ထိုကဲ့သို့ လျှို့ဝှက်ယှဉ်ပြိုင်မှုများ အထွတ်အထိပ်သို့ ရောက်ရှိနေချိန်တွင် သတင်းတစ်ခုက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး လိုဏ်ဂူနယ်မြေမှ လာရောက်ကြသော ဧည့်သည်တော်များကြားတွင် လျင်မြန်စွာ ပျံ့နှံ့သွားလေတော့သည်။
"ဘာ... ရွှေရောင်ဆေးမီးဖိုရိပ်မြုံက ဒီပြိုင်ပွဲမှာ ပထမနေရာကို ယူမယ်လို့ ရဲရဲတင်းတင်း ကြေညာရဲတယ်ပေါ့၊ ဖူကွမ်များ ကျင့်စဉ်သွေဖည်ပြီး နတ်ဆိုးဝင်သွားလို့ ရူးများသွားပြီလား"
လိုဏ်ဂူနတ်ဘုံကြီး ခုနစ်ခုတွင် အဆင့် ခြောက်နေရာ၌ရှိပြီး ရွှေရောင်ဆေးမီးဖိုရိပ်မြုံထက် အနည်းငယ်မျှသာ ပိုမိုအစွမ်းထက်သော ကောင်းကင်သိုင်းဂိုဏ်း၏ ဂိုဏ်းချုပ် ရှဲ့ထျန်းဝူသည် ဤသတင်းကို ကြားသောအခါ အလွန်တရာ အံ့သြမှင်တက်သွားပြီး ထိုကဲ့သို့ မနေနိုင်မထိုင်နိုင် ပြန်လည်ချေပလိုက်ခြင်း ဖြစ်သည်။
"ဟက်... ဂိုဏ်းချုပ်ရှဲ့၊ ခင်ဗျားက သတင်းတော်တော် နောက်ကျနေတာပဲ၊ ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ လက်ရှိဂိုဏ်းချုပ်က ဖူကွမ်လို့ ခင်ဗျားကို ဘယ်သူပြောလဲ၊ ကျွန်တော် ကြားရသလောက်တော့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံက မကြာသေးခင်ကမှ အကြီးအကျယ် အပြောင်းအလဲတွေ ဖြစ်သွားခဲ့တာ၊ ဖူကွမ်ရော၊ အရင်ဂိုဏ်းချုပ်ဟောင်း ရှုဝမ်ရော နှစ်ယောက်စလုံး ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာတဲ့ လူငယ်တစ်ယောက်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရပြီ၊ အခုစကားတွေကလည်း အဲဒီလူငယ်ရဲ့ ပါးစပ်ကနေ တိုက်ရိုက်ထွက်လာတဲ့ စကားတွေပဲဗျ"
စကားပြောလိုက်သူမှာ ပဉ္စမမြောက် လိုဏ်ဂူနတ်ဘုံမှ သဲဝါခန်းမ၏ အဂိုဏ်းသခင် လဲ့ရွှမ်းရန် ဖြစ်သည်။
"အို... အဲဒီလိုကိစ္စမျိုး ဖြစ်သွားခဲ့တာလား"
ရှဲ့ထျန်းဝူ၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် သူက ခေါင်းယမ်းလိုက်သည်။
"ဒီလိုဖြစ်သွားတယ်ဆိုရင်တောင်မှ ဖူကွမ်နဲ့ ရှုဝမ်တို့ သေသွားခဲ့ပြီဆိုတော့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ အင်အားနဲ့ နောက်ခံအခြေအနေအရ ပထမနေရာကို ယူမယ်လို့ အိပ်မက်မက်နေတာက တကယ့်ကို ရူးမိုက်လွန်းတာပဲ"
လဲ့ရွှမ်းရန်က အားပါးတရ ရယ်မောလိုက်သည်။
"မှန်တာပေါ့၊ ဒါကြောင့်မို့လို့ ဒါက ကျွန်တော်တို့ ဂိုဏ်းနှစ်ခုစလုံးအတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်တာ"
"ဂိုဏ်းချုပ်လဲ့ ဆိုလိုချင်တာက..."
လဲ့ရွှမ်းရန်၏ မျက်လုံးများထဲတွင် လောဘရမ္မက်များ တလက်လက် တောက်ပသွား၏။
"ရှင်းပါတယ်၊ လက်ရှိ ရွှေရောင်ဆေးမီးဖိုရိပ်မြုံက အားအနည်းဆုံး အခြေအနေမှာ ရှိနေသင့်တာပေါ့၊ ဂိုဏ်းချုပ်နှစ်ယောက်ဆက်တိုက် အသတ်ခံလိုက်ရတယ်လေ၊ ကျွန်တော်တို့ ဂိုဏ်းနှစ်ခုသာ ပူးပေါင်းပြီး ပြိုင်ပွဲထဲမှာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံက ပြိုင်ဘက်တွေကို ရှင်းထုတ်ပစ်လိုက်မယ်ဆိုရင် အမွေအနှစ်တွေ ဆုံးရှုံးသွားတဲ့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံဟာ ခေါင်းဂိုဏ်းမရှိတော့ဘဲ ပြိုကွဲသွားလိမ့်မယ်"
ရှဲ့ထျန်းဝူ၏ မျက်လုံးများမှာ တဖြည်းဖြည်း အရောင်လက်လာပြီး သူက ဆက်ပြောသည်။
"အဲဒီလိုသာဆိုရင် ရွှေရောင်အလင်း လိုဏ်ဂူနတ်ဘုံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကျွန်တော်တို့ ဂိုဏ်းနှစ်ခုက အဲဒီနေရာကို အလွယ်တကူ ဝါးမျိုပစ်လို့ ရပြီပေါ့၊ ဟုတ်တယ်မလား"
လဲ့ရွှမ်းရန်က အသံကျယ်ကြီးဖြင့် ရယ်မောလာသည်။
"ဂိုဏ်းချုပ်ရှဲ့က တကယ့်ကို ပါးနပ်တာပဲ၊ အဲဒါ ကျွန်တော့်ရဲ့ အစီအစဉ်အကြမ်းဖျင်းပဲ၊ ဘယ်အချိန်လောက် လုပ်ချင်လဲ"
ရှဲ့ထျန်းဝူ၏ အပြုံးမှာ ပို၍ပင် ဂုဏ်ယူဝင့်ကြွားလာပြီး အထူးသဖြင့် ရွှေရောင်အလင်း လိုဏ်ဂူနယ်မြေ၏ ဧရာမ စည်းစိမ်ကြွယ်ဝမှုများကို တွေးမိသောအခါ သူ၏နှလုံးသားမှာ လိုချင်တပ်မက်မှုများဖြင့် ပူလောင်လာတော့သည်။ ထို့ကြောင့် သူက ဝိုင်ခွက်ကို မြှောက်လိုက်ပြီး ပေါ့ပါးစွာ ရယ်မောလျက် ပြောသည်။
"တကယ့်ကို ပြောင်မြောက်တဲ့ အစီအစဉ်ပဲ၊ လာ... ရွှေရောင်ဆေးမီးဖိုရိပ်မြုံအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဒီအစီအစဉ်အတွက် ကျွန်တော်တို့ အားပါးတရ သောက်ကြတာပေါ့"
ဝိုင်ခွက်များ တစ်ခွက်နှင့်တစ်ခွက် ထိခတ်သွားစဉ် ဖိတ်စင်ကျလာသော အမြှုပ်များသည် လူသားတို့၏ နှလုံးသားထဲရှိ လောဘတရားများကဲ့သို့ပင် မလျော့ပါးဘဲ စွဲထင်ကျန်ရစ်နေတော့သည်။
ကောင်းကင်သိုင်းဂိုဏ်းနှင့် သဲဝါခန်းမတို့ လျှို့ဝှက်မဟာမိတ်ဖွဲ့ကာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို ဝါးမျိုရန် ကြံစည်နေကြစဉ် အခြားသော လိုဏ်ဂူနတ်ဘုံကြီးများတွင်လည်း တုံ့ပြန်မှု အမျိုးမျိုး ရှိနေကြသည်။ သို့သော်လည်း ချွင်းချက်မရှိ ဤကောလာဟလကို ကြားရသူတိုင်း၏ ပထမဆုံးအတွေးမှာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ လူများ ရူးသွားကြပြီ ဟူ၍သာ ဖြစ်သည်။
ထိုအဖြစ်အပျက်၏ အသေးစိတ်အချက်အလက်များ ပျံ့နှံ့သွားသောအခါ နေရာအနှံ့မှ သရော်လှောင်ပြောင်မှုများကို ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
"ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာတဲ့ အဲ့ရွှယ်အန်းဆိုတာက ဘယ်သူလဲ၊ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ စကားတွေကိုပြောရဲတာ တကယ့်ကို ရယ်စရာပဲ"
"ဟီးဟီး... သူ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ အမြဲတမ်း ထိပ်ဆုံးမှာရှိနေတဲ့ နှလုံးသားအလင်းနတ်ဘုရား နန်းတော်ကို မပြောနဲ့ဦး၊ တခြား အဓိက လိုဏ်ဂူနတ်ဘုံကြီးတွေကိုတောင် လူတစ်ယောက်တည်းရဲ့ အင်အားနဲ့ လှုပ်ခါပစ်လို့ မရနိုင်ပါဘူး၊ အချိန်ကျလာရင် သူ ဘာတွေလုပ်ပြမလဲဆိုတာကို ငါ တကယ် ကြည့်ချင်သေးတယ်"
မရေမတွက်နိုင်သော လူများမှာ တက်ကြွစွာ ဆွေးနွေးနေကြသော်လည်း အားလုံးနီးပါးက မထီမဲ့မြင်ပြုကာ လှောင်ပြောင်နေကြပြီး ရွှေရောင်ဆေးမီးဖိုရိပ်မြုံ အောင်မြင်လိမ့်မည်ဟု ယုံကြည်သူ တစ်ယောက်မျှ မရှိပေ။ ဧရာမမြို့တော်ကြီး၏ အချက်အချာကျသော နေရာတွင်ရှိသည့် စံအိမ်ကြီးတစ်ခုအတွင်း၌ ဒုတိယမြောက် လိုဏ်ဂူနတ်ဘုံမှ ဝိညာဉ်ပျော်ဝင်ဂိုဏ်း၏ လူများသည်လည်း ဤကိစ္စကို ဆွေးနွေးနေကြသည်။
အကြီးအကဲများစွာက ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြသော်လည်း အဂိုဏ်းသခင်မေချင်းကမူ တိတ်ဆိတ်စွာ နားထောင်နေရုံသာရှိသည်။
လူတိုင်းနီးပါး ၎င်းတို့၏ ထင်မြင်ချက်များကို ပြောဆိုပြီးသွားမှသာ သူမက အကြည့်ကိုလွှဲကာ သူမဘေးရှိ အချစ်တော်တပည့်မလေးကို လှမ်းကြည့်လိုက်သည်။
"မုရွှယ်... သမီး ဘယ်လိုထင်လဲ"
အခန်းထဲတွင် ချက်ချင်း တိတ်ဆိတ်သွားပြီး အကြီးအကဲများအားလုံးက ဝိညာဉ်ပျော်ဝင်ဂိုဏ်း၏ ထိပ်တန်းတပည့်မလေးအား လေးစားမှုအပြည့်ပါသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ နှင်းပွင့်များထက်ပင် ဖြူစင်သော အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားပြီး ပန်းချီကားတစ်ချပ်ပမာ လှပသော မျက်ခုံးများရှိသည့် ကျုံးလီမုရွှယ်က သူမ၏မျက်လွှာကို ညင်သာစွာ ချလိုက်ပြီး အေးစက်စက် အသံဖြင့် ပြောလာသည်။
"ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမားကျယ်ပြန့်မှုကို နားမလည်တဲ့ ငတုံးပဲ"
ဤသုံးသပ်ချက်က အခန်းတွင်းရှိ လူတိုင်းကို သဘောတူညီစွာ ခေါင်းညိတ်သွားစေခဲ့သည်။
"မှန်ပါတယ်၊ ဒီရွှေရောင်ဆေးမီးဖိုရိပ်မြုံက ရဲရင့်ချင်ယောင် ဂိုဏ်းပြနေတာ သက်သက်ပါပဲ၊ ကျွန်မတို့ဘက်က ကြောက်လန့်နေစရာ အကြောင်းကို မရှိတာ၊ အခုချိန်မှာ ကျွန်မတို့ တကယ် အာရုံစိုက်သင့်တာက အချစ်ဂိုဏ်းရဲ့ အကြံအစည်ကိုပဲ"
မေချင်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ ထိုစကားကို ကြားလိုက်ရသောအခါ အခန်းတွင်းရှိ လေထုမှာ တင်းမာသွားပြီး လူတိုင်း၏ မျက်နှာအမူအရာများမှာလည်း လေးနက်တည်ကြည်သွားကြသည်။ ဒုတိယမြောက် လိုဏ်ဂူနတ်ဘုံ၏ အဓိကဂိုဏ်းကြီးတစ်ခုအနေဖြင့် အချစ်ဂိုဏ်းမှ ကြီးမားလှသည့် ဖိအားများကို သူတို့အားလုံး ခံစားနေကြရသည်။ မေ့ချင်က သက်ပြင်းကိုဖွဖွချသည်။
"စိတ်ဝိညာဉ်ကို အပျော်ဝင်စေဆုံး ခံစားချက်က အချစ်စိတ်ပဲ၊ ကျွန်မတို့ စိတ်ဝိညာဉ်ပျော်ဝင်ဂိုဏ်းနဲ့ အချစ်ဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ သူတွေက ဆရာတပည့် တစ်ယောက်တည်းက ဆင်းသက်လာတဲ့ သံယောဇဉ်ကြီးတဲ့ ညီအစ်မတွေလေ၊ အဲဒါကပဲ ကျွန်မတို့ ဂိုဏ်းနှစ်ခုကြားမှာ မရေမတွက်နိုင်တဲ့ ဆက်နွယ်မှုတွေကို ဖြစ်ပေါ်စေခဲ့တာ"
"မကြာသေးခင် ရာစုနှစ်တွေအတွင်းမှာ ကျွန်မတို့ ဝိညာဉ်ပျော်ဝင်ဂိုဏ်းက အချစ်ဂိုဏ်းထက် အမြဲတမ်း ခြေတစ်လှမ်း သာနေခဲ့ပေမယ့် အခု သူတို့ စီစဉ်နေတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ တာအိုဆက်ခံခြင်း မဟာပြိုင်ပွဲကြီးက ဒုတိယမြောက် လိုဏ်ဂူနတ်ဘုံမှာရှိတဲ့ ကျွန်မတို့ရဲ့ နေရာကို ရှင်းရှင်းလင်းလင်းကြီး ပစ်မှတ်ထားနေတာပဲ"
"ပြီးတော့ အရေးအကြီးဆုံးကတော့ မနေ့ကတင် ကျွန်မတို့ အတည်ပြုလို့ရတဲ့ သတင်းတစ်ခု ရထားတယ်၊ အချစ်ဂိုဏ်းရဲ့ ထိပ်တန်းတပည့် လုလင်းဖန်က အချစ်နတ်ဆိုးကျိန်စာကို ဖောက်ထွက်နိုင်ခဲ့ပြီး နှစ်ထောင်ပေါင်းများစွာအတွင်းမှာ ဒီလိုလုပ်နိုင်တဲ့ ပထမဆုံးလူအဖြစ် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ပေါ်လာပြီတဲ့"
လူတိုင်းက ဤသတင်းကို ကြိုတင်သိရှိထားပြီးဖြစ်သော်လည်း မေချင်း ထုတ်ဖော်ပြောဆိုလိုက်ချိန်တွင် သူတို့၏မျက်နှာများမှာ ထပ်မံဖြူရော်သွားခြင်းကို မထိန်းချုပ်နိုင်ကြတော့ပေ။ ထို့နောက် မေချင်းက ကျုံးလီမုရွှယ်အား လှမ်းကြည့်လိုက်သည်။
"မုရွှယ်... အကယ်၍ သမီးသာ အခု လုလင်းဖန်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက်ရှိမလဲ"
ကျုံးလီမုရွှယ်သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။
"ဆယ်ရာခိုင်နှုန်းတောင် မရှိပါဘူး"
ထိုသိူ့ပြောနေစဉ်မှာပင် သူမက မျက်လွှာချလိုက်ပြီး ခံစားချက်ကင်းမဲ့စွာဖြင့် ဆိုလိုက်၏။
"ကျွန်မရဲ့ ဝိညာဉ်ပျော်ဝင် သက်စောင့်ကျမ်း က အခုမှ အဆင့်ကိုးမှာပဲ ရှိသေးတယ်၊ နောက်ဆုံးအဆင့်ကို ဖောက်ထွက်နိုင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့ပေမယ့် အဲဒီခြေတစ်လှမ်းက မိုင်ထောင်ချီပြီး ကျယ်ဝန်းသလို ခက်ခဲလွန်းတယ်"
မေချင်း၏ မျက်နှာပေါ်တွင်လည်း စိတ်ပျက်အားငယ်သည့် အမူအရာများ ပေါ်လာပြီး သက်ပြင်းချလိုက်သည်။
"အဲဒီလိုသာဆိုရင် မဟာပြိုင်ပွဲကြီး ကျင်းပမယ့် အချိန်ရောက်လာတဲ့အခါ ငါတို့ရဲ့ အင်အားကို ထိန်းသိမ်းထားနိုင်မယ့် နည်းလမ်းတွေကိုပဲ စဉ်းစားရတော့မှာပေါ့၊ ဒုတိယမြောက် လိုဏ်ဂူနတ်ဘုံရဲ့ နေရာအတွက်ကတော့..."
သူမ စကားမဆုံးမီမှာပင်ညအဂိုဏ်းလက်ဖွဲ့တစ်ခုက မေချင်း၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ သူမ အံ့အားသင့်သွားပြီး ပေါ့ပေါ့ပါးပါးပင် လှမ်းယူလိုက်ပြီး ဖြန့်ကြည့်လိုက်ပြီးနောက် မနေနိုင်မထိုင်နိုင် ရုတ်တရက် မတ်တတ်ရပ်လိုက်မိသည်။ သူမ၏ မျက်နှာပေါ်တွင်လည်း ဝမ်းသာပျော်ရွှင်သည့် အမူအရာများ ပေါ်လွင်နေသည်။
"မုရွှယ်... နှလုံးသားအလင်း နတ်နန်းတော်က တပည့် ဖန်ရှင်းအန်း ဒီကိုမကြာခင် ရောက်လာတော့မယ်၊ လာ... သူ့ကို သွားကြိုဖို့ ငါတို့ မြန်မြန်ထွက်ကြရအောင်”
---
အခန်း (၁၃၁၁) - လောကကြီးထဲ လျှောက်လှမ်းခြင်း
ကျုံးလီမုရွှယ်၏ ခန္ဓာကိုယ်လေး တုန်ယင်သွားပြီး အံ့သြရှုပ်ထွေးစွာဖြင့် ထပ်မံရေရွတ်လိုက်သည်။
"ဖန်ရှင်းအန်း..."
"ဟုတ်တယ်၊ အရင်တုန်းက သမီးနဲ့ တစ်ခဏတာ ဆုံတွေ့ဖူးတဲ့ နှလုံးသားအလင်း နတ်နန်းတော်က ဖန်ရှင်းအန်းပဲလေ"
မေချင်းသည် အလွန်တရာ စိတ်လှုပ်ရှားနေလေ၏။ ကျုံးလီမုရွှယ်သည် အနည်းငယ် မှင်တက်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဝိညာဉ်ပျော်ဝင် ကျမ်းစာကို အဆင့်ကိုးအထိ ဖောက်ထွက်နိုင်ခဲ့စဉ်က ဖန်ရှင်းအန်းသည် နှလုံးသားအလင်း နတ်နန်းတော်အား ကိုယ်စားပြု၍ ဂုဏ်ပြုစကား လာရောက်ပြောကြားခဲ့သည်ကို ယခုမှသာ ပြန်လည်သတိရလာသောကြောင့် ဖြစ်သည်။
သို့သော် ထိုအချိန်က တစ်ခဏတာမျှသာ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ယခုအချိန်အထိပင် ကျုံးလီမုရွှယ် မှတ်မိနေသည့် တစ်ခုတည်းသော အရာမှာ ဖန်ရှင်းအန်း၏ မဲနယ်ရောင် တာအိုဝတ်စုံပင် ဖြစ်လေသည်။ သို့သော် မေချင်းကမူ သိသာထင်ရှားစွာပင် အလွန် စိတ်လှုပ်ရှားနေခဲ့၏။
"ဒါက တာအိုရောင်းရင်းဖန်က သမီးဆီကို ကိုယ်တိုင်ကိုယ်ကျ ပို့လိုက်တဲ့ ဖိတ်စာပဲ၊ သူ့ရင်ထဲမှာ သမီးက ထူးခြားတဲ့ အဓိပ္ပာယ်တစ်ရပ် ရှိနေတယ်ဆိုတာကို ပြသနေတာပေါ့၊ အကယ်၍ သမီးသာ နှလုံးသားအလင်း နတ်ဘုရားနန်းတော်နဲ့ အချိတ်အဆက် ရသွားခဲ့မယ်ဆိုရင် ဒီတာအိုပြိုင်ပွဲအတွက် ပူပန်စရာ မလိုတော့ဘူး၊ ဘာပဲဖြစ်ဖြစ် အဲဒါက ဒီလောကကြီးမှာ သြဇာအကြီးမားဆုံး ဂိုဏ်းကြီးပဲလေ"
ကျုံးလီမုရွှယ်သည် မည်သည်ကိုမျှ မကြားလိုက်ရသကဲ့သို့ အနည်းငယ် ငေးမောနေဆဲ ဖြစ်သည်။ သို့သော် သူမ၏ ဆရာဖြစ်သူ မေချင်းအား လေးစားရမည်ဖြစ်သည်။ ထို့ကြောင့် မုရွှယ်သည် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည့်တိုင် သတိပြန်လည်လာသောအခါ ရိုသေစွာ အရိုအသေပေးလျက် ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့ပါ ဆရာ"
ဖိတ်စာထဲတွင် အတိအကျအချိန်အား ဖော်ပြထားခြင်း မရှိဘဲ မကြာမီ ရောက်ရှိလာမည်ဟုသာ ရေးသားထားသည်။ ဖန်ရှင်းအန်းအား ပစ်ပယ်ထားသကဲ့သို့ မဖြစ်စေရန်အတွက် မေချင်းသည် ဝိညာဉ်ပျော်ဝင်ဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများစွာကို ဦးဂိုဏ်းကာ လှေပျံသင်ဆိပ်ကမ်းသို့ ကိုယ်တိုင်ကိုယ်ကျ ထွက်ခွာလာခဲ့သည်။ ဤနေရာသည် ဧရာမမြို့တော်ကြီးသို့ လာရောက်ကြသော လှေပျံများအားလုံး ဆိုက်ကပ်ရာ နေရာပင် ဖြစ်သည်။ ဝိညာဉ်ပျော်ဝင်ဂိုဏ်း၏ ဤလှုပ်ရှားမှုသည် နေရာအရပ်ရပ်မှ အာရုံစိုက်မှုများကို သဘာဝကျကျပင် ဆွဲဂိုဏ်းသွားနိုင်ခဲ့သည်။
"ဘာတွေ ဖြစ်နေတာလဲ၊ ဝိညာဉ်ပျော်ဝင်ဂိုဏ်းက ညသန်းခေါင်ကြီး မအိပ်ကြဘဲ ဘာလို့ ဆိပ်ကမ်းကို သွားနေကြတာလဲ"
တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့် ရေရွတမသည်။
"အေးလေ၊ သူတို့ ဘာတွေ ကြံစည်နေကြတာလဲ"
အခြားတစ်ယောက်ကလည်း အံ့သြစွာဖြင့် ဝင်ပြောလေသည်။
"အရမ်းကို အရေးကြီးတဲ့ လူတစ်ယောက်ကို သွားကြိုကြမယ်ဆိုတဲ့ ကောလာဟလတွေကို ငါ ကြားလိုက်မိသလိုပဲ"
နောက်တစ်ယောက်က ဖြည့်စွက်ပြောလိုက်၏။
"ညသန်းခေါင်ယံကြီးမှာ ဒုတိယမြောက် လိုဏ်ဂူနတ်ဘုံက လူတွေကိုယ်တိုင် လာကြိုရလောက်တဲ့အထိ ဘယ်သူကများ အဲဒီလောက် အရေးပါနေလို့လဲ"
တစ်စုံတစ်ယောက်က မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။ ဧရာမမြို့တော်ကြီးတစ်ခုလုံးသည် ဤအဖြစ်အပျက်နှင့် ပတ်သက်သော သတင်းများဖြင့် ဆူညံပွက်လောရိုက်နေသည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်ပျော်ဝင်ဂိုဏ်းမှ အဖွဲ့ဝင်အားလုံးသည် ဖန်ရှင်းအန်း ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းရင်း ဆိပ်ကမ်းတွင် စုဝေးရောက်ရှိနေကြသည်။ ကျုံးလီမုရွှယ်သည် သူမ၏နောက်ကျောမှနေ၍ မရေမတွက်နိုင်သော မျက်လုံးများက စူးစိုက်ကြည့်နေကြသကဲ့သို့ ခံစားနေရပြီး ထိုအရာက သူမအား အလွန်တရာ နေရထိုင်ရ ခက်စေသောကြောင့် မေးလိုက်၏။
"ဆရာ... တာအိုရောင်းရင်းဖန်က ဒီလိုအချိန်ကြီး ရောက်လာမယ်ဆိုတာ သေချာရဲ့လား"
"သေချာတာပေါ့၊ သူပြောထားပြီးမှတော့ သေချာပေါက် လာမှာပါ၊ စိတ်မပူပါနဲ့၊ စိတ်ရှည်ရှည်နဲ့သာ စောင့်နေစမ်းပါ"
မေချင်းသည် ယုံကြည်ချက် အပြည့်ရှိနေသည်မှာ သိသာထင်ရှားလှသည်။ နှလုံးသားအလင်း နတ်ဘုရားနန်းတော်မှ တပည့်များသည် ချိန်းဆိုချက်များကို မည်သည့်အခါမျှ ပျက်ကွက်လေ့ မရှိပေ။ အထူးသဖြင့် ဤတစ်ကြိမ်တွင် ဖိတ်စာသည် နှလုံးသားအလင်း နတ်ဘုရားနန်းတော်၏ ကိုယ်စားလှယ် ဖန်ရှင်းအန်းထံမှ လာခြင်းဖြစ်သည်။ သူမ၏တပည့်နှင့် တစ်ခဏတာမျှ ရင်းနှီးကျွမ်းဝင်ခဲ့သည်ကို မဆိုထားနှင့် သူ၏ ရာထူးနေရာကပင်လျှင်အစွမ်းကို သက်သေပြရန် လုံလောက်နေသည်။
မည်သို့ပင်ဖြစ်စေ လိုဏ်ဂူနတ်ဘုံကြီး ခုနစ်ခုတွင် ထိပ်ဆုံးဖြစ်သော နှလုံးသားအလင်း နတ်နန်းတော်၏ ကိုယ်စားလှယ်ရာထူးမှာ အလွန်တရာဂုဏ်သရေရှိလှပြီး တိုက်ရိုက်တပည့်များမှလွဲ၍ မည်သူမျှ မရရှိနိုင်သော နေရာဖြစ်သည်။ ယခု ဝိညာဉ်ပျော်ဝင်ဂိုဏ်းက ဖန်ရှင်းအန်းထံမှ ဖိတ်စာကို လက်ခံရရှိခဲ့ပြီဖြစ်ရာ တပည့်ဖြစ်သူ ကျုံးလီမုရွှယ်အား အမြဲတစေ သတိရနေခဲ့ကြောင်းအား ရှင်းလင်းစွာ ဖော်ပြနေပေသည်။
အကယ်၍ ဤဆက်ဆံရေးကို ဆက်လက်တိုးတက်အောင် လုပ်ဂိုဏ်းနိုင်မည်ဆိုပါက ဝိညာဉ်ပျော်ဝင်ဂိုဏ်းအတွက် များစွာ အကျိုးရှိမည် ဖြစ်သည်။ အခြားအရာများကို မဆိုထားနှင့် မကြာမီ ကျင်းပတော့မည့် တာအိုပြိုင်ပွဲကြီးပင်လျှင် ဤကိစ္စကြောင့် လွှမ်းမိုးမှုများ ရှိလာနိုင်သည်။
ဤသည်မှာပင် မေချင်းနှင့် ဝိညာဉ်ပျော်ဝင်ဂိုဏ်းမှ အခြားသူများ ဤသတင်းကို သိရှိသွားချိန်တွင် ဤကိစ္စအပေါ် ဤမျှလောက် တန်ဖိုးထားရသည့် အကြောင်းရင်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဧရာမမြို့တော်ကြီး တစ်ခုလုံး၏ အကြည့်များသည်လည်း ဝိညာဉ်ပျော်ဝင်ဂိုဏ်း အဖွဲ့ဝင်များ၏ ဆိပ်ကမ်းဆီသို့ လှုပ်ရှားမှုနောက်သို့ လိုက်ပါလာကြသည်။
ဒုတိယမြောက် လိုဏ်ဂူနတ်ဘုရားဘုံမှ ဤမျှ ကြီးကျယ်ခမ်းနားသော ကြိုဆိုမှုကို ရရှိရန်နှင့် အစွမ်းကုန် ကြိုဆိုခံရလောက်အောင် မည်သူကများ ထိုမျှ အရေးပါနေသနည်း ဆိုသည်ကို လူတိုင်းက သိချင်နေကြသည်။ ဤသို့ အာရုံစိုက်ခံနေရသည့် အလယ်တွင် ဝိညာဉ်ပျော်ဝင်ဂိုဏ်း အဖွဲ့ဝင်များသည် အရိုးခိုက်မတတ် အေးစိမ့်နေသော လေပြင်းများကြားတွင် လေပျံသင်္ဘော ဆိပ်ကမ်း၌ ခိုင်မာစွာ ရပ်နေကြသည်။
နာရီဝက်... တစ်နာရီ...
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်နှင့်အမျှ အရိပ်ထဲတွင် ပုန်းကွယ်နေကြသော စောင့်ကြည့်သူ အများအပြားမှာ စိတ်မရှည် ဖြစ်လာကြသည်။ သို့သော် ထိုအချိန်လေးမှာပင် အဝေးဆီရှိ ကောင်းကင်ယံ၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် မှောင်မိုက်နေသော ကောင်းကင်ပြင်တစ်ခုလုံးသည် တောက်ပသော အလင်းရောင်များဖြင့် လင်းထိန်သွားသည်။
ထို့နောက်မှသာ ဆိပ်ကမ်း၏ အထက်လေဟာပြင်တွင် လှိုင်းဂယက်များ ထွက်ပေါ်လာပြီး စူးရှတောက်ပနေသော အလင်းရောင်များကြားမှ လေပျံသင်္ဘောတစ်စင်း ထွက်ပေါ်လာခဲ့သည်။ လူအုပ်ကြီးမှာ အသက်ရှူအောင့်ကာ စောင့်ကြည့်နေခဲ့ကြသော်လည်း လှေပျံအား မြင်လိုက်ရသောအခါ သူတို့အားလုံး အံ့အားသင့် မှင်တက်သွားကြတော့သည်။
အဘယ်ကြောင့်ဆိုသော် ထိုလှေပျံသည် ခမ်းနားထည်ဝါပြီး အရှိန်အဝါမှာ ကြီးမားလှသော်လည်း သင်္ဘော၏ဦးခေါင်းပိုင်းတွင် ဧရာမ တံဆိပ်သင်္ကေတတစ်ခုကို ထင်ရှားစွာ ထွင်းထုထားသောကြောင့် ဖြစ်သည်။ လူအများစုမှာ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ရှင်းရှင်းလင်းလင်း မသိကြသော်လည်း ထိုတံဆိပ်သင်္ကေတကို မြင်မြင်ချင်း မှတ်မိသူ အများအပြား ရှိနေသေးသည်။
"အဲဒါ ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ တံဆိပ်ပဲ"
တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
"ကျွတ်... ကျွတ်... ဒီဂိုဏ်းက တကယ်လာရဲလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ ပြီးတော့ ညသန်းခေါင်ကြီးမှာ လာဖို့ ရွေးချယ်ထားသေးတယ်"
အခြားတစ်ယောက်က သရော်လိုက်သည်။ မေချင်းတို့သည် လေပျံသင်္ဘောပေါ်ရှိ တံဆိပ်ကို မြင်လိုက်ရသောအခါ အလွန်တရာ ထူးဆန်းသော မျက်နှာအမူအရာများ ပေါ်လွင်လာကြသည်။ ထိုအမူအရာတွင် အံ့သြမှု၊ တုန်လှုပ်မှုများ ပါဝင်နေသော်လည်း အများဆုံး ပါဝင်နေသည်မှာ မထီမဲ့မြင်ပြုမှုပင် ဖြစ်သည်။
အထူးသဖြင့် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သော မေချင်းသည် နှာခေါင်းရှုံ့လျက် အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် လှေပျံထံမှ သူမ၏အကြည့်ကို လွှဲဖယ်လိုက်လေသည်။
အခြားတစ်ဖက်တွင်မူ ကျုံးလီမုရွှယ်သည် လေပျံသင်္ဘောအား အနည်းငယ် အံ့အားသင့်စွာ ကြည့်နေပြီး ရွှေရောင်ဆေးမီးဖိုရိပ်မြုံသည် အဘယ်ကြောင့် ဤအချိန်ကို ရွေးချယ်၍ ဆင်းသက်လာသနည်း ဆိုသည်ကို နားမလည်နိုင် ဖြစ်နေပုံရသည်။ ထို့နောက် လေပျံသင်္ဘောပေါ်ရှိ အလင်းရောင်သည် တဖျပ်ဖျပ် တောက်ပသွားပြီး ထိုထဲမှ လူတစ်စု ထွက်ပေါ်လာခဲ့သည်။ အစပိုင်းတွင် လူအုပ်ကြီးသည် အာရုံစိုက်မှု မရှိခဲ့ကြပေ။
မည်သို့ပင်ဖြစ်စေ လိုဏ်ဂူနတ်ဘုရားဘုံကြီး ခုနစ်ခုတွင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှာ အမြဲတမ်း နောက်ဆုံးတွင်သာ ရှိနေလေ့ရှိရာ ဤတစ်ကြိမ်တွင် မထင်မှတ်ထားသော အပြောင်းအလဲအချို့ ဖြစ်ပေါ်ခဲ့သည် ဆိုလျှင်တောင်မှ သူတို့တွင် မည်သည့် လှည့်ကွက်သစ်များ ရှိနေနိုင်ဦးမည်နည်း။
သို့သော် သူတို့ လုံးဝ မမျှော်လင့်ထားခဲ့သောအရာမှာ သူတို့ ထိုသို့ တွေးနေချိန်မှာပင် ကျုံးလီမုရွှယ်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာခြင်းပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုလူစု၏ အရှေ့ဆုံးမှ လျှောက်လာသူမှာ အခြားသူမဟုတ်ဘဲ ယခင်ကသူမနှင့် တစ်ခဏတာ ဆုံတွေ့ခဲ့ဖူးသော ဖန်ရှင်းအန်း ဖြစ်နေသောကြောင့်ဖြစ်၏။ ဤအချိန်တွင် ဖန်ရှင်းအန်းသည် သူ၏ဘေးရှိလူနှင့် တက်ကြွစွာ စကားစမြည် ပြောဆိုနေပြီး သူ့ပတ်ဝန်းကျင်ရှိ အံ့အားသင့်နေသော အကြည့်များကို သတိမထားမိပုံရသည်။ သူတို့သည် ဝိညာဉ်ပျော်ဝင်ဂိုဏ်းမှ လူစုအနီးသို့ ရောက်လာချိန်တွင်မှ ဖန်ရှင်းအန်းမှာ ရွှယ်အန်းအား ယဉ်ကျေးစွာ အရိုအသေပေးလိုက်သည်။
"တာအိုညီနောင်ရွှယ်နဲ့အတူ လှေပျံကို စီးခွင့်ရပြီး မိတ်ဆွေတွေ ဖြစ်ခွင့်ရတာ ကျွန်တော့်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲဗျာ"
ရွှယ်အန်းက စကားမဆိုဘဲ ခပ်ဖျော့ဖျော့ ပြုံးရုံသာ ပြုံးပြလိုက်သည်။တစ်ချိန်တည်းမှာပင် မေချင်းနှင့် ဝိညာဉ်ပျော်ဝင်ဂိုဏ်းမှ လူများအပြင် အရိပ်ထဲမှနေ၍ ဤမြင်ကွင်းကို စောင့်ကြည့်နေကြသူများအားလုံးသည် အံ့အားသင့် မှင်တက်သွားခြင်းကို မထိန်းချုပ်နိုင်ကြတော့ပေ။
ဘာတွေ ဖြစ်ကုန်တာလဲ...
ဖန်ရှင်းအန်းသည် နှလုံးသားအလင်း နတ်ဘုရားနန်းတော်၏ လက်ရှိကိုယ်စားလှယ် မဟုတ်ပါလား၊ သူက ဘာလို့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံကလူတွေနဲ့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ...
ဤမေးခွန်းသည် လူတိုင်း၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေတော့သည်။ တစ်ချိန်တည်းမှာပင် ဖန်ရှင်းအန်းက ခေါင်းငုံ့ကာ အလွန်တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။
"တာအိုညီနောင်... ကျွန်တော် တတ်နိုင်သလောက် အကောင်းဆုံး လုပ်ပေးခဲ့ပြီးပါပြီ၊ ကျန်တာကတော့ ခင်ဗျားအပေါ်မှာပဲ မူတည်တော့တယ်၊ ဒီမဟာပြိုင်ပွဲကြီးမှာ ခင်ဗျားတို့ဂိုဏ်း တောက်ပလင်းလက်လာတာကို ကျွန်တော် မြင်တွေ့ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်ဗျာ"
ရွှယ်အန်း၏ နှုတ်ခမ်းထက်တွင် အပြုံးယောင်လေးတစ်ခု ပေါ်လာပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ကျွန်တော်တို့ မဟာပြိုင်ပွဲကြီးကျမှ ပြန်တွေ့ကြတာပေါ့"
ဖန်ရှင်းအန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ခေါင်းကိုလှည့်ကာ လူအုပ်ထဲရှိ ရှောင်ယုအား နောက်တစ်ကြိမ် လှမ်းကြည့်လျက် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေးလိုက်သည်။
"ပြန်ဆုံကြတာပေါ့ဗျာ"
ထိုသို့ပြောပြီးသည်နှင့် သူသည် လှည့်ထွက်သွားပြီး ဝိညာဉ်ပျော်ဝင်ဂိုဏ်း၏ လူစုရှိရာသို့ တည့်မတ်စွာ လျှောက်သွားတော့သည်။
---