အခန်း (၁၃၁၂-၁၃၁၄)
Vol. 88 Ch. 1312-1314
အခန်း (၁၃၁၂) - အမှောင်ထုထဲက လျှို့ဝှက်ချက်
"ဂိုဏ်းချုပ်မေ..."
ဖန်ရှင်းအန်းက မေချင်းအား နှုတ်ဆက်လိုက်သည်။
"အို... သခင်လေးဖန်က တကယ့်ကို ယဉ်ကျေးလွန်းနေပါပြီ"
မေးချင်၏ မျက်နှာပေါ်တွင် ပန်းပွင့်တစ်ပွင့်ကဲ့သို့ အပြုံးများက ဝေဆာသွား၏။
"ကျွန်မတို့ နောက်ဆုံး ခွဲခွာခဲ့ကြတာ ဆယ်နှစ်တောင် ရှိသွားပြီပဲ၊ သခင်လေးဖန်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီလောက်အထိ တိုးတက်လာလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး၊ တကယ့်ကို လေးစားစရာကောင်းလွန်းပါတယ်"
ဖန်ရှင်းအန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် ဘေးတွင်ရပ်နေသော ကျုံးလီမုရွှယ်အား လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"သခင်မလေး ကျုံးလီ..."
ကျုံးလီမုရွှယ်၏ အကြည့်များက အနည်းငယ် တုန်ခါသွားပြီးနောက် ဖန်ရှင်းအန်းအား ညင်သာစွာ အရိုအသေပေးလျက် တိုးညင်းစွာ ပြောသည်။
"ရောင်းရင်းဖန်..."
သူမ၏ မျက်နှာအမူအရာသည် များစွာ ပြောင်းလဲသွားခြင်း မရှိသော်လည်း ကျုံးလီမုရွှယ်၏ ပါးပြင်များမှာ လျင်မြန်စွာ ရဲတက်လာသည်ကိုမူ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်ပေသည်။ ဤမြင်ကွင်းကို မေချင်းက သတိထားမိလိုက်သည်မှာ သေချာလှပြီး သူမ၏အပြုံးများမှာ ပို၍ပင် ကျယ်ပြန့်သွားလေသည်။ သူမက လျင်မြန်စွာပင် ပြောလာ၏။
"သခင်လေးဖန်... ဒီနေရာက စကားအကြာကြီးပြောဖို့ သိပ်မကောင်းလှဘူး၊ ဂိုဏ်းရဲ့ တည်းခိုခန်းတွေမှာ နေထိုင်ဖို့ နေရာကို ကျွန်မ လူလွှတ်ပြီး စီစဉ်ခိုင်းထားပြီးပါပြီ၊ ကျွန်မနောက်ကို လိုက်ခဲ့ပါရှင်"
ဖန်ရှင်းအန်းသည် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း အဆုံးတွင် ခေါင်းညိတ်ပြသည်။
"ကောင်းပါပြီ"
မေချင်းမှာ အတိုင်းမသိ ဝမ်းသာသွားပြီးနောက် ဖန်ရှင်းအန်းအား ချက်ချင်းပင် ဦးဂိုဏ်းခေါ်သွားလေတော့သည်။ အစမှအဆုံးတိုင်အောင် သူမသည် အဝေးရှိ ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ လူများကို တစ်ချက်ကလေးမျှ လှမ်းမကြည့်ခဲ့ပေ။ သူမ၏အမြင်တွင် သာမန် ရွှေရောင်ဆေးမီးဖိုရိပ်မြုံတစ်ခုသည် နှလုံးသားအလင်း နတ်ဘုရားနန်းတော်မှ တိုက်ရိုက်တပည့်လောက် အရေးမပါချေ။
တစ်ချိန်တည်းမှာပင် ကျုံးလီမုရွှယ်က အဝေးရှိ ရွှယ်အန်းအား သိချင်စိတ်ပြင်းပြစွာဖြင့် လှမ်းကြည့်မိသည်။ ဖန်ရှင်းအန်းနှင့် ရွှယ်အန်းတို့ ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေသည့် မြင်ကွင်းကို သူမ မြင်တွေ့ခဲ့ရပြီးဖြစ်ရာ ယခင်က ထွက်ပေါ်ခဲ့သော ကောလာဟလများနှင့် ပေါင်းစပ်လိုက်သောအခါ ရွှယ်အန်းနှင့် ပတ်သက်၍ အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်ပေါ်လာခြင်းကို သူမ မထိန်းချုပ်နိုင်ခဲ့ပေ။
သို့သော် သူမ စပ်စုချင်ရုံသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အတွေးများသည်လည်း ဆရာဖြစ်သူ၏ အတွေးများနှင့် ထပ်တူညီနေသောကြောင့်ဖြစ်သည်။
သူတို့က သူငယ်ချင်းတွေ ဖြစ်နေရင်တောင်မှ ဘာဖြစ်လဲ၊ ဘာပဲဖြစ်ဖြစ် ဒီလောကကြီးမှာ အင်အားကသာ အရာအားလုံးကို ဆုံးဖြတ်ပေးတာပဲလေ...
ဝိညာဉ်ပျော်ဝင်ဂိုဏ်းမှ လူများ ထွက်ခွာသွားကြချိန် စောင့်ကြည့်နေခဲ့ကြသော လူအုပ်ကြီးမှာလည်း အများစု လူစုကွဲသွားကြသည်။ လူအများစု ထွက်မသွားကြမီတွင် ရွှယ်အန်းနှင့် သူ၏အဖွဲ့အား အလွန်တရာ ထူးဆန်းသော အကြည့်များဖြင့် ကြည့်ရှုသွားခဲ့ကြ၏။ ရွှယ်အန်းသည် ဤအရာအားလုံးကို ကောင်းစွာ သတိထားမိသော်လည်း ခပ်ဖျော့ဖျော့ ပြုံးရုံသာ ပြုံးလိုက်ပြီး ဂရုမစိုက်စွာ နေလိုက်သည်။
ထိုအချိန်တွင် ရှောင်ယုက အနည်းငယ် ရှုပ်ထွေးနေဟန်ဖြင့် အနားသို့ ချဉ်းကပ်လာပြီး ထွက်ခွာသွားသော ဝိညာဉ်ပျော်ဝင်ဂိုဏ်းမှ လူများ၏ ကျောပြင်ကို ကြည့်ကာ တိုးတိုးလေး မေးသည်။
"သခင်လေး... စောစောက အဲဒီလူက သူ အကောင်းဆုံး ကြိုးစားပေးခဲ့တယ်လို့ ပြောသွားတာ ဘာအဓိပ္ပာယ်လဲ"
ရွှယ်အန်းက ပြုံးသည်။
"ဘာမှမဟုတ်ပါဘူး၊ သူက ဒီနည်းလမ်းနဲ့ ငါတို့ကို ကူညီပေးချင်ရုံ သက်သက်ပဲ၊ ကံမကောင်းစွာနဲ့ပဲ အဲဒီအကျိုးသက်ရောက်မှုက သိပ်ပြီး ကြီးမားပုံမရဘူး"
ရှောင်ယုသည် နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် နှုတ်ခမ်းစူကာ ပြောလိုက်၏။
"အဲဒီလူက နည်းနည်း ငတုံးရုပ်ပေါက်တယ်၊ သူ့ဆီမှာ ဘယ်လိုများ ကောင်းမွန်တဲ့ ဗျူဟာ ရှိနေနိုင်မှာမို့လို့လဲ"
ယခင်က ဖြစ်ပွားခဲ့သော ၀င်တိုက်မှုပြဿနာကြောင့် ရှောင်ယုသည် ဖန်ရှင်းအန်း၏ ဉာဏ်ရည်ဉာဏ်သွေးအပေါ် သံသယများ ရှိနေခဲ့ပြီး ဤကောင်လေး ထိုမျှလောက် ထင်ရှားသောကျင့်ကြံသူ ဖြစ်လာရခြင်းမှာ လှည့်စားထားမှုများကြောင့်သာ ဖြစ်နိုင်သည်ဟုပင် သံသယဝင်နေခဲ့သည်။ ရွှယ်အန်းက အားပါးတရ ရယ်မောလိုက်သည်။
"ကောင်းပါပြီလေ၊ အကျိုးသက်ရောက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အတူတူပါပဲ၊ သွားကြစို့"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည်လည်း သူ၏အဖွဲ့ကို ဦးဂိုဏ်းကာ ရင်ပြင်မှ ထွက်ခွာသွားတော့သည်။ သိပ်မကြာမီမှာပင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံနှင့် နှလုံးသားအလင်း နတ်ဘုရားနန်းတော်တို့ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ လူတိုင်း၏ တုံ့ပြန်မှုများမှာ ရှုပ်ထွေးနေခဲ့သည်။ အထူးသဖြင့် ဝိညာဉ်ပျော်ဝင်ဂိုဏ်းသည် နှလုံးသားအလင်း နတ်ဘုရားနန်းတော်၏ ပြိုင်ပွဲ၀င်သူအား အမှန်တကယ် ခေါ်ဂိုဏ်းသွားခဲ့ကြောင်း လူအများ သိရှိသွားသောအခါ ပို၍ပင် ဆူညံသွားသည်။ ဤတစ်ကြိမ် တာအိုဆက်ခံခြင်း ဆင့်ကဲပြောင်းလဲမှု ပြိုင်ပွဲသည် ထူးထူးခြားခြား စည်ကားလှုပ်ရှားနေလိမ့်မည်ဟု သူတို့ ခံစားလိုက်ကြရ၏။
ဤသို့သော လှုပ်လှုပ်ရွရွ အခြေအနေများအောက်တွင် အချစ်အတွင်း၌...
အကြီးအကဲများအားလုံးနှင့် အဂိုဏ်းသခင် ရှမြောင်ယီတို့သည် ဤကိစ္စကို ဆွေးနွေးရန် စုဝေးနေကြသည်။ အချစ်နတ်ဆိုးကျိန်စာအား ယခုလေးတင် အောင်မြင်ခဲ့သော လုလင်းဖန်သည်လည်း သဘာဝကျစွာပင် ထိုအထဲတွင် ပါဝင်နေသည်။
သူမ၏ မဟာရန်သူတော် ရွှယ်အန်း ရောက်ရှိနေပြီဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူမ၏ မျက်လုံးများမှာ ချက်ချင်းပင် သွေးရောင်လွှမ်းသွားပြီး ရွှယ်အန်းအား ကလဲ့စားချေရန်အတွက် တံခါးပေါက်ဆီသို့ လှည့်ထွက်သွားချိန် ရှမြောင်ယီက သူမအား အလောတကြီး တားဆီးလိုက်၏။
"လင်းဖန်... အခုလောလောဆယ် စိတ်လိုက်မာန်ပါ မလုပ်စမ်းနဲ့"
လုလင်းဖန်သည် ခြေလှမ်းများကို ရပ်တန့်လိုက်သော်လည်း နောက်သို့ လှည့်မကြည့်ခဲ့ပေ။ ရှမြောင်ယီက ပြောသည်။
"သမီးက ရွှယ်အန်းကို အရိုးထဲစွဲနေအောင် မုန်းတီးနေတယ်ဆိုတာကို ဆရာ သိပါတယ်၊ ဒါပေမဲ့ တာအိုဆက်ခံခြင်း မဟာပြိုင်ပွဲကြီးက စတင်တော့မယ်၊ အရာအားလုံးက ဒီပြိုင်ပွဲအတွက် ဦးစားပေးရမယ်၊ ပြိုင်ပွဲမှာ ဝိညာဉ်ပျော်ဝင်ဂိုဏ်းက လူတွေကို အနိုင်ယူပြီး အချစ်ဂိုဏ်းအတွက် ဂုဏ်ကျက်သရေကို ဂိုဏ်းကြဉ်းပေးပြီးတဲ့နောက်မှ ရွှယ်အန်းနဲ့ စာရင်းရှင်းမယ်ဆိုရင်တောင် နောက်မကျသေးပါဘူး"
လုလင်းဖန်သည် တဖြည်းဖြည်း လှည့်လာပြီး သူမ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေ၏။
"ပြိုင်ပွဲမှာရှိတဲ့ လူတိုင်းရဲ့ရှေ့မှာ အဲဒီကောင်ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်တယ်၊ ဒါမှပဲ သမီးရင်ထဲက အမုန်းတရားတွေ ငြိမ်းအေးသွားလိမ့်မယ်"
ရှမြောင်ယီနှင့် အခန်းတွင်းရှိ လူတိုင်းမှာ အံ့အားသင့်သွားကြပြီးနောက် ရှမြောင်ယီက ခါးသီးစွာပြုံးလျက် ခေါင်းယမ်းလာသည်။
"လင်းဖန်... သမီးရဲ့ ခံစားချက်ကို ဆရာ နားလည်ပါတယ်၊ ဒါပေမဲ့ တာအိုဆက်ခံခြင်း ပြိုင်ပွဲ စတင်တာနဲ့ လူတိုင်းက လျှို့ဝှက်နယ်မြေတစ်ခုထဲကို ဝင်ရောက်ရလိမ့်မယ်၊ အဲဒီအထဲမှာ သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေက အပြင်ကမ္ဘာကို သက်ရောက်မှု မရှိဘူး၊ ဆိုလိုတာက သမီး အဲဒီအထဲမှာ ရွှယ်အန်းကို သတ်လိုက်ရင်တောင်မှ သူ့အပေါ် သိပ်ပြီး အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူး၊ ဒါကြောင့် သမီး ကလဲ့စားချေချင်တယ်ဆိုရင် ပြိုင်ပွဲပအထိစောင့်တာ အကောင်းဆုံးပဲ"
ရှမြောင်ယီ၏ စကားများမှာ အမှန်တရားပင် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် နှစ်ထောင်ပေါင်းများစွာ တိုင်အောင် တာအိုဆက်ခံခြင်း ပြိုင်ပွဲ၏ ဆွဲဂိုဏ်းမှုမှာ ကြီးမားလွန်းလှပြီး ပါဝင်ယှဉ်ပြိုင်သူ အများအပြားကို ဆွဲဂိုဏ်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။
ဤပြိုင်ပွဲတွင် အနိုင်ရခြင်းဖြင့် လောကတစ်ခွင်လုံးတွင် နာမည်ကျော်ကြားလာနိုင်သောကြောင့် တစ်ခုတည်းတော့ မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ တာအိုဆက်ခံခြင်း ပြိုင်ပွဲအတွင်း၌ သူ၏ အစွမ်းထက်ဆုံး သိုင်းကွက်များကို မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ အသုံးပြုနိုင်ပြီး အသက်ဆုံးရှုံးသွားလျှင်တောင်မှ အပြင်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ထွက်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။
ဤအရာအားလုံးမှာ လက်ဆင့်ကမ်း သယ်ဂိုဏ်းလာခဲ့သော ရှေးဟောင်း မှော်ရတနာဖြစ်သည့် တာအိုဆက်ခံခြင်း ဆင့်ကဲပြောင်းလဲမှု နတ်ဆေးဖိုကြီးကြောင့်ပင် ဖြစ်ပေသည်။ ထိုဆင့်ကဲပြောင်းလဲမှု နတ်ဆေးဖိုကြီးသည် တာအိုဆက်ခံခြင်း ပြိုင်ပွဲတစ်ခုစီ၏ ကျင်းပမည့် နေရာအပေါ် မူတည်၍ မတူညီသော နေရာများသို့ ပြောင်းရွှေ့သွားလေ့ရှိသည်။
ဤတစ်ကြိမ်တွင်မူ သဘာဝကျကျပင် အချစ်ဂိုဏ်းအတွင်းသို့ ကျရောက်လာခဲ့ခြင်း ဖြစ်သည်။ ရှမြောင်ယီ၏ စကားများကို နားထောင်ပြီးနောက် လုလင်းဖန်၏ မျက်လုံးများထဲတွင် အေးစက်သော အပြုံးယောင်တစ်ခု ပေါ်ထွက်လာသော်လည်း ချက်ချင်းပင် ခေါင်းငုံ့သွားကာ
ရှမြောင်ယီက ဆက်ပြောသည်။
"ဟွန့်... ဝိညာဉ်ပျော်ဝင်ဂိုဏ်းက တကယ့်ကို အဆုံးအစမဲ့တဲ့ ယုတ်မာတဲ့ ရည်မှန်းချက်တွေ ရှိနေတာပဲ၊ နှလုံးသားအလင်း နတ်ဘုရားနန်းတော်ရဲ့ လက်ရှိတပည့်တွေနဲ့တောင် အချိတ်အဆက် ရအောင် လုပ်နိုင်ခဲ့ကြသေးတယ်"
ထိုအကြောင်းပြောသောအခါ ရှမြောင်ယီ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခု ပေါ်လာသည်။
"လင်းဖန်... အကယ်၍ ဖန်ရှင်းအန်းနဲ့ ကျုံးလီမုရွှယ်တို့သာ ပူးပေါင်းသွားကြမယ်ဆိုရင် သမီးရဲ့ အခြေအနေက အရမ်း အန္တရာယ်များသွားနိုင်တယ်"
လုလင်းဖန်သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းယမ်းလိုက်သည်။
"သူတို့က သမီးရဲ့ ပြိုင်ဘက်တွေ မဟုတ်ပါဘူး"
သူမ၏ စကားလုံးများသည် အစွမ်းထက်သော ယုံကြည်ချက်များဖြင့် ပြည့်နှက်နေ၏။ ရှမြောင်ယီ၏ မျက်လုံးများ အရောင်လက်သွားပြီး ရယ်မောလိုက်သည်။
"ကောင်းပြီ၊ အဲဒါက သမီးမှာ ရှိဖို့လိုအပ်တဲ့ ယုံကြည်ချက်ပဲ"
သို့သော် လုလင်းဖန်သည် သူမ ဆက်ပြောမည့်စကားကို မစောင့်တော့ဘဲ ခံစားချက်ကင်းမဲ့စွာဖြင့် ပြောသည်။
"ဆရာ... သမီးကို အခု ပြန်ခွင့်ပြုပါဦး"
ထိုသို့ပြောပြီးနောက် ရှမြောင်ယီ၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ သူမသည် လှည့်ကာ လျှို့ဝှက်အခန်းထဲမှ ထွက်ခွာသွားလေတော့သည်။ ရှမြောင်ယီနှင့် အချစ်ဂိုဏ်းမှ အကြီးအကဲများသည် ပုံမှန်မဟုတ်သော မည်သည့်အရာကိုမျှ သတိမထားမိခဲ့ကြပေ။ သို့သော် အခန်းထဲမှ ထွက်လိုက်သည်နှင့်တပြိုင်နက် လုလင်းဖန်၏ နှုတ်ခမ်းထောင့်များ တဖြည်းဖြည်း မြင့်တက်လာပြီးနောက် အလွန်တရာ အန္တရာယ်များကာ မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်ကိုမူ သူတို့ သတိမထားမိခဲ့ကြချေ။
ထို့အပြင် သူမ၏ မျက်လုံးများထဲတွင် တဖျပ်ဖျပ် တောက်ပနေသော အေးစက်စက် အလင်းရောင်များမှာ လူသားတစ်ဦးနှင့်ပင် မတူတော့ပေ။ ဤမြင်ကွင်းအား ဖြတ်လျှောက်သွားသော အချစ်ဂိုဏ်းမှ တပည့်တစ်ဦးက မတော်တဆ မြင်တွေ့သွားခဲ့သည်။ ထိုအမျိုးသမီးတပည့်လေးမှာ အလွန်အမင်း ကြောက်လန့်သွားသဖြင့် သူမ၏ခန္ဓာကိုယ်လေးမှာ တောင့်တင်းသွားပြီးနောက် လုလင်းဖန်အား ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်ကာ အချိန်အတန်ကြာမှ အထစ်ထစ်အငေါ့ငေါ့ဖြင့် ထွက်ကျလာသည်။
"လု... စီနီယာအစ်မလု..."
သို့သော် လုလင်းဖန်သည် သူမအား တစ်ချက်လေးမျှပင် လှည့်မကြည့်ခဲ့ဘဲ သူမဘေးမှ ဖြတ်ကာ ထွက်သွားလေတော့သည်။ လုလင်းဖန်၏ ကျောပြင် လုံးဝ ပျောက်ကွယ်သွားမှသာ ထိုတပည့်လေးမှာ တဖြည်းဖြည်း သတိပြန်ဝင်လာပြီးနောက် တစ်ကိုယ်လုံး တုန်ရီနေလျက် ထိုနေရာမှ ထိတ်လန့်တကြား ထွက်ပြေးသွားလေတော့သည်။
အချစ်ဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန် တပည့်တစ်ဦးအနေဖြင့် လုလင်းဖန်တွင် သူမ၏ကိုယ်ပိုင် အခန်းရှိပေသည်။ သူမ အခန်းတွင်းသို့ ပြန်ရောက်၍ နောက်မှ တံခါးကို ပိတ်လိုက်သောအခါ ချက်ချင်းဆိုသလိုပင် အခန်းတစ်ခုလုံးမှာ အမှောင်မိုက်ဆုံး အခြေအနေသို့ ကျရောက်သွားသည်။ဤအမှောင်ထုသည် ငရဲဘုံမှ တိုက်ရိုက် ထွက်ပေါ်လာသကဲ့သို့ အလွန်တရာ အေးစက်ပြီး ယုတ်မာကာ ကျောချမ်းစရာ ကောင်းလှပေသည်။
သို့သော် လုလင်းဖန်ကမူ မည်သည့်သက်ရောက်မှုမျှ မရှိဟန်ဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးညွှတ်လိုက်တော့တော့သည်။ သူမ သုံးကြိမ်တိုင်တိုင် ဦးညွှတ်ပြီးနောက်တွင် ယခင်က ဟာလာဟင်းလင်း ဖြစ်နေသော အမှောင်ထုသည် တုန်ခါကာ ပုံပျက်လာသည်။ မကြာမီမှာပင် အလွန်အမင်း အေးစက်ပြီး အန္တရာယ်များလှသော အရှိန်အဝါတစ်ခုက ထိုနေရာသို့ ဆင်းသက်လာခဲ့သည်။
ထို့နောက် လှောင်ပြောင်သရော်မှုနှင့် မကောင်းဆိုးဝါးဆန်မှုများ ရောယှက်နေသော အေးစက်စက်မြွေတစ်ကောင် အသံတစ်ခုမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
"ငါ ခိုင်းထားတဲ့ကိစ္စကို ပြီးမြောက်အောင် လုပ်ခဲ့ပြီလား”
---
အခန်း (၁၃၁၃) - စစ်ပွဲကြီး စတင်ခြင်း
လုလင်းဖန်က ရိုသေစွာ ဦးညွှတ်လိုက်သည်။
"အရှင်မ... အရှင်မ အမိန့်ရှိတဲ့အတိုင်း တာအိုဆက်ခံခြင်း ဆင့်ကဲပြောင်းလဲမှု နတ်ဆေးဖိုကြီးရဲ့ ဝင်္ကပါအစီအရင်တွေကို သမီး လျှို့ဝှက်စွာ ပြုပြင်ထားပြီးပါပြီရှင်"
"အရမ်းကောင်းတယ်၊ မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်"
အမျိုးသမီး၏အသံမှာ အလွန်တရာ ကျေနပ်အားရနေသည်။ လုလင်းဖန်၏ နှလုံးသားထဲတွင် မျှော်လင့်ချက်မီးတောက်ငယ်တစ်ခု လင်းလက်သွားပြီးနောက် ခေါင်းကိုမော့ကာ သူမရှေ့ရှိ မှန်းဆ၍မရနိုင်သော အမှောင်ထုထဲသို့ မျှော်လင့်တကြီး စိုက်ကြည့်လိုက်၏။
"အရှင်မ... ဒီကိစ္စ အောင်မြင်သွားရင် သမီးရဲ့ မိသားစုဝင်တွေကို အသက်ပြန်ရှင်လာအောင် ကူညီပေးမလားဟင်"
သူမ၏စကားသံ ဆုံးသွားသည်နှင့်တပြိုင်နက် အသံတစ်သံ ထွက်ပေါ်လာပြီးနောက် လုလင်းဖန်သည် မြေပြင်ပေါ်သို့ လဲကျသွားကာ ပြင်းထန်သော နာကျင်မှုကြောင့် လူးလှိမ့်ရုန်းကန်ရတော့သည်။
အမျိုးသမီး၏အသံထဲတွင် အေးစက်စက် ရယ်မောသံများ ဆက်တိုက် ထုတ်လွှတ်လိုက်ပြီးနောက် သရော်လှောင်ပြောင်လျက် ပြောလာသည်။
"အခု နင့်ဆီမှာရှိနေတဲ့ အရာအားလုံးက ငါပေးထားတာဆိုတာကို နင် နားလည်ထားဖို့ လိုတယ်၊ အချစ်နတ်ဆိုးကျိန်စာကို နားလည်သဘောပေါက်သွားတာကတောင် ငါ့အကူအညီကြောင့်ပဲ ရနိုင်ခဲ့တာ၊ ဒါကြောင့် နင် အမြဲတမ်း မှတ်ထား... ငါပေးတာက နင့်အပိုင်ပဲ၊ ငါမပေးတာကို နင် ဘယ်တော့မှ မတောင်းဆိုရဘူး၊ အဲဒီလိုမှမဟုတ်ရင်... နင့်ကို သေချင်စော်နံသွားအောင် ငါ လုပ်ပစ်မယ်၊ နားလည်လား"
နှုတ်ခမ်းထောင့်မှ အမည်းရောင်သွေးများ စီးကျနေပြီး သတိလစ်လုနီးပါး ဖြစ်နေသော လုလင်းဖန်မှာ တင်းကျပ်စွာ စေ့ထားသော သွားများကြားမှ စကားနှစ်ခွန်းကို ညှစ်ထုတ်လိုက်သည်။
"နားလည်ပါပြီ"
ဝိညာဉ်ထဲအထိ စိမ့်ဝင်နေသော နာကျင်မှုသည် ဒီရေကဲ့သို့ ပြန်လည်ဆုတ်ခွာသွားသောအခါ လုလင်းဖန်လည်း မြေပြင်ပေါ်တွင် ခွေကျသွားပြီး ပြင်းထန်စွာ အသက်ရှူနေရသည်။ ထိုအချိန်တွင် အမျိုးသမီး၏အသံက ဂရုမစိုက်ဟန်ဖြင့် မေးလိုက်၏။
"ဆင့်ကဲပြောင်းလဲမှု နတ်ဆေးဖိုကြီးပေါ်က ဝင်္ကပါအစီအရင်တွေကို ဘာလို့ ပြုပြင်ခိုင်းတာလဲဆိုတာ နင် သိလား"
လုလင်းဖန်က ခေါင်းယမ်း၏။
"ဘာလို့လဲဆိုတော့ ဝင်္ကပါအစီအရင်တွေကို ပြုပြင်လိုက်တာနဲ့ အဲဒီမှာ ချိတ်ဆက်ထားတဲ့ စည်းမျဉ်းတွေက အကျုံးမဝင်တော့ဘူးလေ၊ ဆိုလိုတာက လာမယ့်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် သူတွေအားလုံးဟာ တကယ့် အသက်နဲ့ရင်းရမယ့် ဘေးအန္တရာယ်ကို ရင်ဆိုင်ရတော့မယ်၊ အဲဒီအချိန်ကျရင်..."
အမျိုးသမီး၏အသံက အောင်ပွဲခံဟန်ဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။
"လိုဏ်ဂူနတ်ဘုရားဘုံတွေက အင်အားစုတွေ အားလုံး တစ်ချက်တည်းနဲ့ တံမြက်လှည်းခံရသလို ရှင်းလင်းခံရပြီး၊ နင်တစ်ယောက်တည်းပဲ အသက်ရှင်ကျန်ရစ်မယ့် သိုင်းပညာရှင်ကြီး ဖြစ်လာလိမ့်မယ်၊ အဲဒီအခါကျရင် ကမ္ဘာကြီးတစ်ခုလုံးက နင့်အပိုင် ဖြစ်လာမှာပဲ၊ သေးငယ်တဲ့ လုမိသားစုလေးကို ဘာလို့ တွယ်တာနေရဦးမှာလဲ"
ထိုစကားများကို ကြားသောအခါ လုလင်းဖန်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုဖြင့် အမှောင်ထု၏ နက်ရှိုင်းသော နေရာသို့ စိုက်ကြည့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ဘေးတွင် ရုတ်တရက် ပေါ်လာပြီး အမြင့်ဆုံး ပါရမီစွမ်းရည်ဖြင့် သူမအား မြှူဆွယ်ခဲ့သော ဤလျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးသည် ဤမျှလောက် အရိုင်းအစိုင်းဆန်ဆန် လုပ်ဂိုဏ်းလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးထင်ထားခဲ့သောကြောင့် ဖြစ်သည်။
၎င်းသည် လိုဏ်ဂူနတ်ဘုရားဘုံအားလုံးမှ လူတိုင်းကိုပင် သတ်ဖြတ်ပစ်ချင်နေသေးသည်။ ဤအကြံအစည်မှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ လုလင်းဖန်သည် အနည်းငယ် တုန်ယင်သွားပြီးနောက် မနေနိုင်မထိုင်နိုင် ပြောလိုက်မိသည်။
"ဒါပေမဲ့... အရှင်မ၊ အဲဒါက အချစ်ဂိုဏ်းအတွက်လည်း အတူတူပဲလားဟင်"
"နင် ဘယ်လိုထင်လဲ"
အမျိုးသမီး၏အသံက ပြန်တုန့်ပြန်သည်။ လုလင်းဖန်၏ တုန်ယင်မှုများ ပိုမိုပြင်းထန်လာသည်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"ဒါပေမဲ့ အရှင်မ... နှလုံးသားအလင်း နတ်ဘုရားနန်းတော်က လူတစ်ယောက်ပဲ လာတာ တခြားသူတွေ အကုန်လုံး အသတ်ခံလိုက်ရရင်တောင်မှ နှလုံးသားအလင်း နတ်ဘုရားနန်းတော်ကို သွားစသလိုဖြစ်ရင် ဘယ်လိုလုပ်မလဲ"
အမျိုးသမီး၏အသံက တခစ်ခစ် ရယ်မောလိုက်သည်။
"နင်ပြောတာ မှန်ပါတယ်၊ ဓားရူးတွေက တကယ်ကို ကိုင်တွယ်ရခက်တာ၊ ဒါပေမဲ့ စိတ်ချပါ... နင့်ကို ငါ လုပ်ခိုင်းတယ်ဆိုကတည်းက ငါ ပြင်ဆင်ထားပြီးသားဆိုတဲ့ အဓိပ္ပာယ်ပဲ"
"စဉ်းစားကြည့်စမ်းပါ... နင် ဒီနယ်ပယ်ရဲ့ အင်အားကို ကိုင်စွဲပြီး အငြင်းပွားဖွယ်မရှိတဲ့ ဘုရင်မတစ်ပါး ဖြစ်လာတဲ့အခါ ဆွေမျိုးဆိုတဲ့အရာက ဘယ်လောက်တောင် ရယ်စရာကောင်းလဲဆိုတာကို နင် နားလည်လာလိမ့်မယ်"
အမျိုးသမီး၏အသံက ဆွဲဂိုဏ်းဟန်ဖြင့် အကြံပေးလိုက်သည်။ သူမ၏အသံသည် ပြင်းထန်သော မြှူဆွယ်မှုစွမ်းအားကို သယ်ဂိုဏ်းထားပုံရပြီး ထိုအရာကို ကြားလိုက်ရသောအခါ လုလင်းဖန်၏ မျက်လုံးများ တဖြည်းဖြည်း မှိုင်းရီသွားကာ အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်မ"
ဤသို့သော လျှို့ဝှက်အမှောင်ကြံစည်မှုများ ကြားတွင်ပင် တာအိုဆက်ခံခြင်း မဟာပြိုင်ပွဲကြီးသည် အဆုံးတွင် ရောက်ရှိလာခဲ့သည်။ ထိာနေ့ရက်ရောက်လာသောအခါ လူတိုင်းသည် လှုပ်လှုပ်ရွရွ ဖြစ်သွားကြပြီး ပြိုင်ပွဲအတွက် သတ်မှတ်ထားသော နေရာသို့ စောစီးစွာ ရောက်ရှိလာကြသည်။
ဤကျယ်ဝန်းလှသော ရင်ပြင်၏ အလယ်ဗဟိုတွင် ကျန်းတစ်ရာမြင့်သော မျှော်စင်စင်မြင့်ကြီးတစ်ခု မတ်မတ်ရပ်နေပြီး၊ ၎င်း၏အထက်တွင် မင်္ဂလာတိမ်တိုက်များ ဝန်းရံနေသည့် ဧရာမ နတ်ဆေးဖိုကြီးတစ်ခု တည်ရှိနေ၏။ လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်နေသည်။
"အဲဒါက ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာတဲ့ ဆင့်ကဲပြောင်းလဲမှု နတ်ဆေးဖိုကြီးလား၊ တကယ့်ကို ခမ်းနားလိုက်တာ"
တာအိုဆက်ခံခြင်း ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် လာရောက်ဖူးသူ တစ်ဦးက အံ့သြတကြီး မေးသည်။
"တကယ်ပဲ၊ အဲဒါက လိုဏ်ဂူနတ်ဘုရားခုနစ်ခုရဲ့ တည်ထောင်သူ ဘိုးဘေးတွေ ဖန်တီးခဲ့တာလို့ ဆိုကြတဲ့ အဆုံးမဲ့ အံ့ဖွယ်တွေကို စွမ်းဂိုဏ်းနိုင်တဲ့ ဒဏ္ဍာရီလာ ဆင့်ကဲပြောင်းလဲမှု နတ်ဆေးဖိုကြီးပဲလေ၊ ငါ ဒါကို မြင်ဖူးတာ ပထမဆုံးအကြိမ် မဟုတ်ပေမယ့် အခုထိ အံ့သြမှင်တက်နေရတုန်းပဲ"
ဤသို့ ဆူညံပွက်လောရိုက်နေမှုများ ကြားတွင် လိုဏ်ဂူနတ်ဘုရားဘုံ အသီးသီးမှ အစွမ်းထက် သိုင်းပညာရှင်များသည်လည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။ သူတို့အားလုံးသည် ကိုယ်အဖွဲ့နှင့်ကိုယ် နေထိုင်ကြပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရှင်းလင်းစွာ ခွဲခြားထားကာ တိုင်ပွဲအတွက် ပြင်ဆင်နေကြသည်။
ယခုအချိန်တွင် ပါဝင်သူတစ်ဖွဲ့ချင်းစီ၏ အစစ်အမှန် အင်အားကို မြင်တွေ့နိုင်ပေသည်။ လိုဏ်ဂူနတ်ဘုရားဘုံ၏ အဆင့် မြင့်မားလေလေ အဖွဲ့ဝင်အရေအတွက် ပိုများလေလေဖြစ်ပြီး ၎င်းနှင့်အချိုးညီစွာ အင်အားပိုမို ကြီးမားလေဖြစ်သည်။
ဥပမာအားဖြင့် ဒုတိယမြောက် လိုဏ်ဂူနတ်ဘုရားဘုံမှ ဝိညာဉ်ပျော်ဝင်ဂိုဏ်း၏ တပည့်များသည် ကျယ်ဝန်းသော နေရာကြီးတစ်ခုကို ယူထားပြီး ပြည့်နှက်စွာ စုဝေးနေကြကာ အဆင့်နိမ့်လေလေ လူအရေအတွက် နည်းပါးလေလေ ဖြစ်သည်။
သို့သော် လူအုပ်ကြီး၏ နောက်ဆုံးအစွန်တွင်မူလွတ်နေသော နေရာတစ်ခုက သိသာထင်ရှားစွာရှိနေ၏။ ဤမြင်ကွင်းအ မြင်လိုက်ရသောအခါ ဖန်ရှင်းအန်းသည် အနည်းငယ် မှင်တက်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အဆင့်သတ်မှတ်ချက်များအရ ထိုလွတ်နေသော နေရာသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ ရှိရမည့်နေရာ ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ သို့သော် ယခုထိုနေရာသည် လစ်ဟာနေရာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ အဖွဲ့ဝင်များ မရောက်လာသေးကြောင်း ပြသနေသည်။ ဖန်ရှင်းအန်း၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု နစ်မြုပ်သွား၏။
ဘာတွေ ဖြစ်နေတာလဲ၊
ဘာလို့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံက လူတွေ မရောက်လာကြသေးတာလဲ...
ထိုသို့ ရှုပ်ထွေးနေစဉ် မေချင်းက ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သည့် ဟန်ဖြင့် ပြောလိုက်သည်။
"မိတ်ဆွေလေးဖန်... ဟိုဘက်ကို ကြည့်လိုက်စမ်းပါ၊ အဲဒါ မကြာသေးခင်ကမှ လူအများရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့ အမျိုးသမီး လုလင်းဖန်ပဲ"
ဖန်ရှင်းအန်းက ခေါင်းလှည့်ကြည့်လိုက်သည်။ အမှန်ပင် မဝေးလှသော နေရာတွင် လုလင်းဖန်သည် အချစ်ဂိုဏ်းမှ လူအုပ်ကြီးကြား၌ တိတ်ဆိတ်စွာ စကားတစ်ခွန်းမျှ မဆိုဘဲ ရပ်နေသည်။ သူမအား မြင်လိုက်ရသောအခါ ဖန်ရှင်းအန်းသည် မျက်ခုံးအနည်းငယ် ပင့်သွားပြီး အံ့သြတကြီးဖြင့် တိုးညင်းစွာ ရေရွတ်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်တွင် ငြင်းဆို၍မရနိုင်သော အေးစက်ပြီး မှောင်မိုက်သည့် အရှိန်အဝါတစ်ခု ရှိနေပုံရသည်ကို သူ သတိထားမိလိုက်သောကြောင့် ဖြစ်သည်။ သို့သော် အချစ်ဂိုဏ်းမှ လေ့ကျင့်သော ကျင့်ကြံခြင်းနည်းလမ်းမှာ ရှေးရိုးစဉ်လာ တာအိုမိသားစု နည်းလမ်းဖြစ်ရာ မည်သို့လုပ်၍ မှောင်မိုက်သည့် အရှိန်အဝါ ရှိနေနိုင်မည်နည်း။ ထိုအချိန်တွင် မေချင်းက မျှော်လင့်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
"မိတ်ဆွေလေးဖန်... ဒီအမျိုးသမီးကို လျှော့တွက်လို့ မရဘူး၊ မဟာပြိုင်ပွဲကြီး စတင်တာနဲ့ မုရွှယ်ကို သေချာလေး ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်"
ဖန်ရှင်းအန်းသည် သူ၏ သံသယများကို ဘေးဖယ်ထားလိုက်ပြီး အနည်းငယ် ပြုံးလျက် ပြန်ပြောသည်။
"စိတ်ချပါ အဂိုဏ်းသခင်မေ... ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ စွမ်းဂိုဏ်းရည်ကလည်း အကန့်အသတ်ရှိတာမို့လို့၊ တကယ်လို့များ လိုအပ်ချက်တွေ ရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်ဗျာ"
မေချင်းမှာ အလွန်ဝမ်းသာသွားပြီး အားပါးတရ ရယ်မောလိုက်သည်။
"မိတ်ဆွေလေးဖန်က တအား နှိမ့်ချလွန်းနေပါပြီရှင်၊ ရှင့်ရဲ့ ကာကွယ်မှုနဲ့ဆိုရင် အရာအားလုံးက သေချာပေါက် အပြည့်အဝ ဘေးကင်းလုံခြုံနေမှာပါ"
သူတို့ စကားပြောနေစဉ်မှာပင် အလင်းတန်းများစွာက ရုတ်တရက် ပျံသန်းလာပြီးနောက် ရွှေရောင်ဆေးမီးဖိုရိပ်မြုံနှင့် သက်ဆိုင်သော နေရာတွင် ဆင်းသက်လာကြသည်။ တောက်ပသော အလင်းတန်းများ လူစုကွဲသွားသောအခါ ရွှယ်အန်း၊ ရှင်းယွီရှုနှင့် အခြားသူများ ထွက်ပေါ်လာကြသည်။ သူတို့၏ ရောက်ရှိလာမှုက နေရာတစ်ခုလုံးကို ဆူညံပွက်လောရိုက်သွားစေခဲ့သည်။
"သူတို့ ရောက်လာပြီ၊ ရောက်လာပြီ၊ ရွှေရောင်ဆေးမီးဖိုရိပ်မြုံက လူတွေ ရောက်လာကြပြီ"
"သူတို့ တကယ် လာရဲတယ်ဆိုတော့ ဘယ်လောက်တောင် ရဲတင်းလိုက်လဲ"
ဤသို့ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသံများကြားတွင် လုလင်းဖန်သည် အဝေးရှိ ရွှယ်အန်းအား စကားတစ်ခွန်းမျှ မဆိုဘဲ အေးစက်သော အကြည့်ဖြင့် စောင့်ကြည့်နေသည်။ ရှမြောင်ယီမှာ သူမတပည့်ဖြစ်သူ ထပ်မံ၍ စိတ်မထိန်းနိုင်တော့မည်ကို စိုးရိမ်သွားသဖြင့် အလောတကြီး ပြောလာသည်။
"လင်းဖန်... စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်"
လုလင်းဖန်က ပြုံးလိုက်ပြီး ပြန်ဖြေသည်။
"ဟုတ်ကဲ့ပါ"
ရှမြောင်ယီသည် ရုတ်တရက် အနည်းငယ် အံ့အားသင့်သွားပြီး သူမ၏ အချစ်တော်တပည့်မလေးသည် ယနေ့တွင် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသော်လည်း မည်သည့်အရာက ထူးဆန်းနေသည်ကို အတိအကျ မထောက်ပြနိုင်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် အိမ်နီးချင်းများဖြစ်ကြသော ဆဋ္ဌမနှင့် ပဉ္စမမြောက် လိုဏ်ဂူနတ်ဘုံမှ ဂိုဏ်းချုပ်နှစ်ဦးသည် မနေနိုင်မထိုင်နိုင် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။ ဆဋ္ဌမမြောက် လိုဏ်ဂူနတ်ဘုံမှ ရှဲ့ထျန်းဝူသည် ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး ပဉ္စမမြောက် လိုဏ်ဂူနတ်ဘုံမှ လဲ့ရွှမ်းရန်ထံသို့ နတ်ဘုရားအာရုံ သိစိတ် တစ်ချက် လွှင့်ထုတ်လိုက်သည်။
"ဂိုဏ်းချုပ်သခင်လဲ့... ကျွန်တော်တို့ရဲ့ သဘောတူညီချက်ကို မှတ်ထားပါ၊ အထဲရောက်တာနဲ့ ဒီကောင်လေးကို အရင်ဆုံး ရှင်းပစ်ကြမယ်"
လဲ့ရွှမ်းရန်မှာ ပြုံးလျက် ခေါင်းညိတ်လိုက်ပြီးနောက် ရွှေရောင်ဆေးမီးဖိုရိပ်မြုံသည် သူ၏အိတ်ကပ်ထဲ ရောက်နေသကဲ့သို့ တွေးကာ လောဘရမ္မက်ကြီးစွာဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။ ဤကဲ့သို့ လျှို့ဝှက်ကြံစည်မှုများကြားတွင် မရေမတွက်နိုင်သော ကောက်ကျစ်သည့် အကြည့်များ၏ ဗဟိုချက်ဖြစ်နေသော ရွှယ်အန်းသည် သူ၏ခေါင်းကို ညင်သာစွာ မော့လိုက်ပြီး နတ်ဆေးဖိုကြီးကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ပုံမှန်မဟုတ်သော အရောင်တစ်ခု တဖျပ်ဖျပ် လက်သွားခဲ့သည်။ ထို့နောက် သူက နှုတ်ခမ်းထောင့်များအား မြှင့်ကာ အေးစက်စွာ နှာခေါင်းရှုံ့ပြုံးလိုက်သည်။
စိတ်ဝင်စားစရာပဲ...
ထိုအချိန်လေးမှာပင် နတ်ဆေးဖိုကြီးထဲမှ တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အပြင်ဘက်သို့ ပြန့်နှံ့သွားကာ ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ထိုနေရာတွင် ရှိနေသူအားလုံး၏ မျက်စိရှေ့တွင် မှုန်ဝါးသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် သူတို့၏ အမြင်အာရုံထဲရှိ မြင်ကွင်းမှာ ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။
ယခင်ရင်ပြင်ကြီးမှာ မရှိတော့ဘဲ စစ်တလင်းနှင့်တူသော ဧရာမ စစ်မြေပြင်ကြီးတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။
"တာအိုဆက်ခံခြင်း မဟာပြိုင်ပွဲကြီး၊ တရားဝင် စတင်ပါပြီ"
ဤရွှေရောင်စာကြောင်း ထွက်ပေါ်လာသည်နှင့်တပြိုင်နက် မရေမတွက်နိုင်သော အလင်းတန်းများသည် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီးနောက် ခမ်းနားကြီးကျယ်လှသော တိုက်ပွဲကြီးတစ်ခု ဤသို့ဖြင့် စတင်လေတော့သည်။
---
အခန်း (၁၃၁၄) - စာလုံးကိုးလုံး မန္တာန်၊ ပြန်လည်ပေါ်ထွက်လာခြင်း
ကြီးကျယ်ခမ်းနားလှသော တာအိုဆက်ခံခြင်း မဟာပြိုင်ပွဲကြီးသည် ရက်စက်ကြမ်းကြုတ်လှသည်။ အောင်ပွဲနှင့် အဆင့်သတ်မှတ်ချက်အတွက် လူတိုင်းသည် အရှက်အကြောက် ကင်းမဲ့လာကြပြီး မည်သည့်နည်းလမ်းကိုမဆို အသုံးပြုကာ တစ်ဦးကိုတစ်ဦး တိုက်ခိုက်ကြတော့သည်။
မဟာမိတ်ဖွဲ့ခြင်း၊ သစ္စာဖောက်ခြင်း၊ အသရေဖျက်ခြင်းနှင့် လူသားတို့၏ အမျိုးမျိုးသော အမှောင်ဘက်ခြမ်းများကို ဤအချိန်တွင် အပြည့်အဝ ပြသကြလေသည်။ သို့သော် တာအိုဆက်ခံခြင်း မဟာပြိုင်ပွဲကြီးသည် ကောင်းကွက်လည်း ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် အရာအားလုံး ပြီးဆုံးသွားချိန်တွင် သေဆုံးသွားသူများ ပြန်လည်ရှင်သန်လာမည်ဖြစ်ပြီး ရလဒ်များကို တရားမျှတစွာ ဆုံးဖြတ်ပေးမည်ကို လူတိုင်း သိရှိထားသောကြောင့် ဖြစ်သည်။
၎င်းသည် နောက်ဆက်တွဲ အကျိုးဆက်မရှိသော အိပ်မက်တစ်ခုကဲ့သို့ဖြစ်ပြီး လူတိုင်း၏ မကျေနပ်မှုများနှင့် အဆိုးမြင်စိတ်ခံစားချက်များအားလုံးကို ဖွင့်ထုတ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် နှစ်ထောင်ပေါင်းများစွာ တစ်လျှောက် လိုဏ်ဂူနတ်ဘုရားကြီး ခုနစ်ခုသည် လျှို့ဝှက်စွာသာမက ပွင့်လင်းစွာပါ အချင်းချင်း ယှဉ်ပြိုင်နေခဲ့ကြပြီး သူတို့၏ အဆင့်များ အတက်အကျ ရှိနေခဲ့သော်လည်း အစစ်အမှန် တိုက်ပွဲကြီးတစ်ခုမူ မည်သည့်အခါမျှ ပေါက်ကွဲထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
ပဋိပက္ခအားလုံးအား တာအိုဆက်ခံခြင်း မဟာပြိုင်ပွဲကြီးအတွင်း၌သာ ဖြေလျှော့ကြသည်။ ဤသည်မှာ တာအိုဆက်ခံခြင်း ပြိုင်ပွဲ၏ အစစ်အမှန် အဓိပ္ပာယ်ပင် ဖြစ်ကောင်းဖြစ်သည်။ ရွှေရောင်ဆေးမီးဖိုရိပ်မြုံအပေါ် ပထမဆုံး စတင်တိုက်ခိုက်ခဲ့သူများမှာ လျှို့ဝှက်စွာ မဟာမိတ်ဖွဲ့ထားပြီးဖြစ်သော ဆဋ္ဌမမြောက် လိုဏ်ဂူနတ်ဘုံမှ ကောင်းကင်သိုင်းဂိုဏ်းနှင့် ပဉ္စမမြောက် လိုဏ်ဂူနတ်ဘုံမှ သဲဝါခန်းမတို့ပင် ဖြစ်သည်။
သူတို့၏ ပူးပေါင်းအင်အားမှာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံထက် အဆပေါင်းများစွာ သာလွန်နေပြီး သူတို့၏ ယုံကြည်မှုမှာလည်း ပူးပေါင်းဆောင်ရွက်မှုကြောင့် ပိုမိုမြင့်မားနေကာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံအနေဖြင့် အနိုင်ရရန် မည်သည့်အခွင့်အရေးမျှ မရှိနိုင်ဟု သဘာဝကျကျပင် ယုံကြည်ထားကြသည်။
အနည်းဆုံးတွင် တိုက်ခိုက်မှု စတင်ချိန်တွင် နှစ်ဖက်စလုံးက ထိုသို့ပင် ထင်မြင်ခဲ့ကြသည်။
သို့သော် မကြာမီမှာပင် သူတို့၏ မောက်မာမှုအတွက် တန်ဖိုးအား ပေးဆပ်လိုက်ရတော့သည်။ ရွှယ်အန်းသည် ကြီးမားလှသော တိုက်ခိုက်မှု၏ အလင်းရောင်ကို အေးစက်သော အပြုံးဖြင့် စောင့်ကြည့်နေလိုက်သည်။
"ယွီရှု..."
"ရှိပါတယ် သခင်လေး"
ရှင်းယွီရှုက ရှေ့သို့ထွက်လာပြီး ရိုသေစွာ ပြန်ထူးလိုက်သည်။
"နတ်ဆိုးအိပ်မက်နယ်မြေမှာ မင်းလေ့ကျင့်ခဲ့တဲ့ တာအိုမှော်ပညာကို မှတ်မိသေးရဲ့လား"
ရှင်းယွီရှုက နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ"
ရွှယ်အန်းက ခပ်ဟဟ ရယ်မောသည်။
"ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ ဂိုဏ်းချုပ်အနေနဲ့ သူတို့က ကိုယ့်အိမ်ပေါက်ဝအထိ လာစိန်ခေါ်နေမှတော့ မင်းဘက်က တုံ့ပြန်မှုတချို့ ပြသရမှာပေါ့၊ စလိုက်တော့"
"နားလည်ပါပြီ"
ရှင်းယွီရှုက ပြန်ဖြေလိုက်ပြီး ရှေ့သို့ ခြေလှမ်းကျယ်ကျယ် လှမ်းကာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ လူများရှေ့တွင် ရပ်လိုက်ပြီး ကောင်းကင်သိုင်းဂိုဏ်းနှင့် သဲဝါခန်းမတို့၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။
"ဒီကောင်လေးက ဘယ်သူလဲ"
ကောင်းကင်သိုင်းဂိုဏ်း၏ ဂိုဏ်းချုပ် ရှဲ့ထျန်းဝူက မနေနိုင်မထိုင်နိုင် အံ့အားသင့်သွားသည်။ သဲဝါခန်းမ၏ အဆောင်သခင် လဲ့ရွှမ်းရန်က သရော်လိုက်သည်။
"သူဘယ်သူဖြစ်ဖြစ် ဂရုစိုက်စရာလား၊ အတွေ့အကြုံမရှိတဲ့ ကောင်လေးတစ်ယောက်ပဲကိုထ သူ့ကို အရင်ရှင်းထုတ်ပစ်လိုက်၊ ပြီးမှ အဲဒီရွှယ်ဆိုတဲ့ကောင်ကို အဆုံးသတ်လိုက်မယ်၊ ရွှေရောင်ဆေးမီးဖိုရိပ်မြုံက ငါတို့အပိုင် ဖြစ်ကိုဖြစ်လာမှာ"
ထိုစကားကို ကြားသောအခါ ရှဲ့ထျန်းဝူ၏ မျက်နှာပေါ်တွင်လည်း ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
"အကောင်းဆုံးပဲ"
ထိုအချိန်တွင် နှစ်ဖက်စလုံးမှ တိုက်ခိုက်မှုများသည် ရှင်းယွီရှုအနီးသို့ ကပ်လာခဲ့သည်။ ရှင်းယွီရှုသည် တည်ငြိမ်နေသော ရေပြင်ကဲ့သို့ အေးဆေးသည့် မျက်နှာထားဖြင့် သူ၏လက်ကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ကာ စံပြုတာအိုမိသားစု၏ လက်သင်္ကေတအား ဖွဲ့စည်းလိုက်ပြီးနောက် အော်ဟစ်လိုက်သည်။
"ထိုက်ရွှမ် သုံးပါး၊ လမ်းစဉ်ကိုးသွယ်ကို သန့်စင်ခြင်း"
ဘုန်း...
ရှင်းယွီရှု၏ စကားသံ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ခမ်းနားတောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုသည် သူ၏ဦးခေါင်းထက်သို့ ပျံတက်လာပြီး ထိုအလင်းတန်းထဲတွင် ဒေါသထွက်နေသော နတ်ဘုရားတစ်ပါးက သံမဏိကြာပွတ်ကို ကိုင်ဆောင်လျက် ထင်ရှားစွာ ပေါ်ထွက်လာသည်။ ကြာပွတ်ဖြင့် တစ်ချက် ရိုက်ချလိုက်သောအခါ ဝင်ရောက်လာသော အလင်းတန်းများမှာ ကြေမွပျက်စီးသွားလေတော့သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
ဤသို့ဆက်တိုက် ထွက်ပေါ်လာသော ပေါက်ကွဲသံများနှင့်အတူ ဝင်ရောက်လာသော တိုက်ခိုက်မှု၏ အလင်းပွင့်များအားလုံး တစ်စစီ လွင့်စင်သွားသည်။
ယခုမူ ကောင်းကင်သိုင်းဂိုဏ်းနှင့် သဲဝါခန်းမမှ လူများသည် တကယ့် ကံဆိုးမိုးမှောင်ကျမှုနှင့် ရင်ဆိုင်ရလိုက်သည်။ သာမန်ကျင့်ကြံခြင်းအဆင့်သာရှိသော ဂိုဏ်းသားတပည့်များသည် ညည်းတွားသံပင် မထွက်နိုင်ဘဲ လွင့်ထွက်သွားကြပြီး အခြေခံမခိုင်မာသူများမှာ တုန်ခါမှုကြောင့် သွေးများပင် အန်ထွက်လာကြသည်။
ရှဲ့ထျန်းဝူနှင့် လဲ့ရွှမ်းရန်ကဲ့သို့သော ပုဂ္ဂိုလ်များပင်လျှင် တုန်လှုပ်သွားကြပြီး သူတို့၏ လက်မောင်းများ ထုံကျင်သွားကာ ရွှေရောင်အလင်းတန်းထဲရှိ ရှင်းယွီရှုအား ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသော မျက်နှာများဖြင့် လှည့်ကြည့်လယကြသည်။
"ဒါက ရွှေရောင်ဆေးမီးဖိုရိပ်မြုံရဲ့ တာအိုကျင့်စဉ် မဟုတ်ဘူး"
ရှဲ့ထျန်းဝူက အက်ကွဲနေသော အသံဖြင့် အော်ဟစ်လိုက်သည်။
"ခင်ဗျားပြောတာ မှန်တယ်၊ ဒါက ဒီနယ်ပယ်က တာအိုကျင့်စဉ်တောင် မဟုတ်ဘူး"
လဲ့ရွှမ်းရန်၏ မျက်လုံးများ နီရဲလာပြီး သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေ၏။ တစ်ခါမျှ မမြင်ဖူးသော တာအိုကျင့်စဉ်တစ်ခုကို ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ လူတစ်ယောက်က ထုတ်ဖော်လိုက်ခြင်းဖြစ်ရာ ဂိုဏ်းချုပ်များဖြစ်ကြသော သူတို့အနေဖြင့် ဤသည်မှာ မည်သည့်အဓိပ္ပာယ်ကို ဆောင်သည်ဆိုသည်ကို အခြားသူများထက် ပို၍ရှင်းလင်းစွာ သိရှိနေကြသည်။
သူတို့သည် တစ်ဝက်သည် ထိတ်လန့်နေပြီး တစ်ဝက်မှာမူ စိတ်လှုပ်ရှားနေကြသည်။
ထိတ်လန့်ခြင်းမှာ သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို တစ်ကွက်တည်းဖြင့် ကြေမွသွားစေနိုင်သော ဤကျင့်စဉ်၏ အစွမ်းထက်မှုအား ထိတ်လန့်နေခြင်း ဖြစ်သည်။ အကယ်၍ ဤလျှို့ဝှက်ကျင့်စဉ်ကို သူတို့ရရှိနိုင်မည်ဆိုပါက သူတို့၏ ကျင့်ကြံခြင်းအတွက် အလွန်တရာ အကျိုးရှိမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေကြခြင်း ဖြစ်သည်။
ဤအတွေးဖြင့် ရှဲ့ထျန်းဝူနှင့် လဲ့ရွှမ်းရန်တို့သည် လေဟာပြင်မှတစ်ဆင့် အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီးနောက် သူတို့၏ အစွမ်းထက်ဆုံး သိုင်းကွက်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။
"ကောင်းကင်သိုင်း လောကဖျက်ဆီးခြင်း ဓားချက်"
"သဲဝါ ခန္ဓာငါးပါး၊ ဗောဓိသတ် ဂါထာသတ်ကွင်း"
ကောင်းကင်သိုင်း၏ ခမ်းနားကြီးကျယ်မှုသည် ကမ္ဘာမြေသို့ ဆင်းသက်လာသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ဒေါသတကြီးဖြင့် ကြမ်းကြုတ်နေ၏။ သဲဝါ၏ ကောက်ကျစ်စဉ်းလဲမှုမှာ ရှေးဟောင်း လျှို့ဝှက်နတ်ဘုရားတစ်ပါးကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ပြီး မှန်းဆ၍မရနိုင်ပေ။ တိုက်ခိုက်မှု နှစ်ခုသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး နှိုင်းယှဉ်ပြိုင်နိုင်စွမ်းမရှိလောက်အောင် ကြီးမားသော အရှိန်အဟုန်ဖြင့် မိုးကြိုးပစ်ချသကဲ့သို့ ကျဆင်းလာသည်။
ထိုကဲ့သို့သော အင်အားသည် ပြင်းထန်နေပြီဖြစ်သော တိုက်ပွဲလေထုကိုပင် ရပ်တန့်သွားစေခဲ့သည်။ လူအများအပြားမှာ လေးနက်တည်ကြည်သော မျက်နှာများဖြင့် ကြည့်နေကြပြီး တိတ်ဆိတ်စွာ ခေါင်းယမ်းလိုက်ကြသည်။ ရွှေရောင်ဆေးမီးဖိုရိပ်မြုံသည် ပထမဆုံး ထွက်ခွာရမည့်အဖွဲ့ ဖြစ်သွားပြီဟု သူတို့ ယုံကြည်၏။
ထိုကဲ့သို့သော အင်အားကို ရင်ဆိုင်ရချိန်တွင် ရှင်းယွီရှု၏ မျက်လုံးများထဲတွင်ပင် တွေဝေမှုအရိပ်အယောင်တစ်ခု လှုပ်ရှားသွားခြင်းကို မထိန်းချုပ်နိုင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ တိုက်ခိုက်မှုအား စတင်ခဲ့သူများမှာ ကာလကြာရှည်စွာ ကျော်ကြားခဲ့သော ဂိုဏ်းချုပ်များဖြစ်သည့် ရှဲ့ထျန်းဝူနှင့် လဲ့ရွှမ်းရန်တို့ ဖြစ်နေသောကြောင့်ဖြစ်သည်။ ရှင်းယွီရှုသည် အတွင်းနတ်ဆိုး စမ်းသပ်မှုအား ဖြတ်သန်းခဲ့ပြီး ဖြစ်သော်လည်း သူ၏ အတွေ့အကြုံမှာ များစွာ လိုအပ်နေသေးသည်။
သူ၏နောက်သို့ လိုက်ပါလာကြသော ရှန်းမြောင်ထုန်နှင့် အခြားသူများမှာမူ မျက်နှာများ ဖြူရော်နေကြပြီး စကားပင် မပြောနိုင်တော့ချေ။ ထိုအချိန်တွင် ရွှယ်အန်းက ခပ်ဖျော့ဖျော့ ရယ်မောလိုက်ပြီး အေးအေးဆေးဆေးပင် ပြောလာသည်။
"မင်းရဲ့ အဘိုးသုံးခဲ့တဲ့ စာလုံးကိုးလုံး မန္တာန် ကို မှတ်မိသေးရဲ့လား"
ထိုစကားကို ကြားသောအခါ ရှင်းယွီရှုသည် တုန်ယင်သွားပြီးနောက် ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်ရာ သူ၏မျက်လုံးများထဲတွင် လေးနက်တည်ကြည်သော အမူအရာတစ်ခု ထွက်ပေါ်လာသည်။ စာလုံးကိုးလုံး မန္တာန်သည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ တာအိုကျင့်စဉ်များ၏ အနှစ်သာရဟု သတ်မှတ်နိုင်ပေသည်။
ရှင်းယွီဟယ်သည် သူ၏ ဇရာအရွယ်၊ ကျဆင်းနေသော ကျင့်ကြံခြင်းအဆင့်ဖြင့် စာလုံးကိုးလုံး မန္တာန်အား ထုတ်ဖော်ခဲ့ချိန်ကပင် နတ်ဘုရားများကို ထိတ်လန့်စေပြီး တစ္ဆေသရဲများကိုပင် ငိုကြွေးစေခဲ့သည်။
ထို့ကြောင့် ရွှယ်အန်း ဤအရာအား သတိပေးလိုက်သောအခါ ရှင်းယွီရှု၏ တစ်ကိုယ်လုံးသည် စိတ်အာရုံ ကြည်လင်မှု အခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။ သူသည် ကလေးဘဝသို့ ပြန်ရောက်သွားပြီး သူ့အား စနစ်တကျ သင်ကြားပေးခဲ့သော ရှင်းယွီဟယ်၏ ခက်ထန်သော မျက်နှာကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားရသည်။ ရှင်းယွီရှု၏ အကြည့်များ အောက်နိမ့်သွားပြီး သူ၏လက်များက ထူးခြားသော လက်သင်္ကေတများအား ဖွဲ့စည်းလိုက်ကာ စာလုံးတစ်လုံးကို ရွတ်ဆိုလာသည်။
"လင်း"
ဝုန်း...
သူတို့ထံသို့ မိုးကြိုးကဲ့သို့ ပြင်းထန်စွာ ဝင်ရောက်လာသော တိုက်ခိုက်မှုများသည် ရုတ်တရက် ရပ်တန့်သွားကြသည်။ ရှဲ့ထျန်းဝူနှင့် လဲ့ရွှမ်းရန်တို့၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားသော်လည်း သူတို့ တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ ရှင်းယွီရှု၏ လက်များသည် မဟာသတ်ဖြတ်စက်ဝန်း လက်သင်္ကေတအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ဒုတိယမြောက် စာလုံးကို ရွတ်ဆိုလိုက်သည်။
"ပင်း"
ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော သေးငယ်သည့် ရွှေရောင်အလင်းပွင့်လေးများသည် ရှင်းယွီရှု၏ ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာပြီး ကောင်းကင်ယံရှိ အလင်းတန်းများဆီသို့ ဦးတည်သွားကြသည်။ ရှဲ့ထျန်းဝူနှင့် လဲ့ရွှမ်းရန်တို့ နှစ်ဦးစလုံးမှာ အံ့သြထိတ်လန့်သွားကြသည်။
ရှင်းယွီရှု၏ လက်များသည် ကြာပန်းတစ်ပွင့်ကဲ့သို့ ပွင့်လန်းသွားပြီး အတွင်းခြင်္သေ့ လက်သင်္ကေတ၊ အပြင်ခြင်္သေ့ လက်သင်္ကေတ၊ အပြင်ဘက် ချုပ်နှောင်ခြင်း လက်သင်္ကေတ၊ သမာဓိ လက်သင်္ကေတ နှင့် နေမင်းစက်ဝန်း လက်သင်္ကေတတို့အား ချက်ချင်း ဖွဲ့စည်းလိုက်ကာ ဆက်လက်၍ အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုသည်။
"တို... ကျဲ... ကျီ... ကျန်... လဲ့... ကျိုက်..."
စာလုံးတစ်လုံးစီ ရွတ်ဆိုလိုက်တိုင်း ရှင်းယွီရှု၏ ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းများမှာ ပိုမိုအားကောင်းလာပြီး သူ၏အရှိန်အဝါမှာလည်း ပိုမိုပြင်းထန်လာခဲ့သည်။ သို့သော် ရှဲ့ထျန်းဝူနှင့် လဲ့ရွှမ်းရန်တို့၏ တိုက်ခိုက်မှုများမှာမူ ကော်စေးများထဲတွင် နစ်မြုပ်နေသကဲ့သို့ ရှေ့သို့တိုးရန် ခက်ခက်ခဲဲခဲ ရုန်းကန်နေရသည်။
"အဲဒါ စာလုံးကိုးလုံး မန္တာန်ပဲ၊ သူ့ကို မြန်မြန် တားကြစမ်း"
လဲ့ရွှမ်းရန်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ရှင်းယွီရှု ဂါထာရွတ်ဆိုနေခြင်းအား တားဆီးရန် သူ၏ ကျင့်ကြံခြင်းစွမ်းအင်များကို အစွမ်းကုန် လောင်ကျွမ်းစေလိုက်သည်။ ရှဲ့ထျန်းဝူသည်လည်း လန့်ဖျပ်သွားပြီးနောက် ဝင်ရောက်စွက်ဖက်ရန် သူ၏ ကျင့်ကြံခြင်းစွမ်းအင်များကို လှုံ့ဆော်လိုက်သည်။ သို့သော် ထိုအချိန်လေးမှာပင် ရှင်းယွီရှု၏ လက်ချောင်းထိပ်လေးများက လေဟာပြင်ထဲတွင် ပုံရိပ်ယောင်များကို ရေးဆွဲလိုက်ကာ စာလုံးကိုးလုံး၏ နောက်ဆုံး လက်သင်္ကေတဖြစ်သော ကိုယ်ပျောက် လက်သင်္ကေတကို အဆုံးတွင် ဖွဲ့စည်းလိုက်သည်။
လက်သင်္ကေတ ဖွဲ့စည်းပြီးသွားသည်နှင့်တပြိုင်နက် ရှင်းယွီရှု ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းများသည် အလင်းဖောက်ထွင်းမြင်ရလုနီးပါးအထိ ချက်ချင်း တောက်ပသွားပြီးနောက် ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းသွားနိုင်သော ရွှေရောင် အဆောင်မန္တန် တစ်ခုအဖြစ်သို့ စုစည်းသွားတော့သည်။ ထိုသို့သော သိုင်းကွက်ကို ရင်ဆိုင်လိုက်ရသောအခါ ရှဲ့ထျန်းဝူနှင့် လဲ့ရွှမ်းရန်တို့သည် မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်လိုက်ကြသည်။
"ဟင့်အင်း... မဖြစ်နိုင်ဘူး၊ ဒီလိုလူငယ်လေးတစ်ယောက်က စာလုံးကိုးလုံး မန္တယန်ကို ဒီလောက်အဆင့်အထိ ဘယ်လိုလုပ် ထုတ်ဖော်နိုင်မှာလဲ"
ရှဲ့ထျန်းဝူက မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော အသံဖြင့် ကျယ်လောင်စွာ အော်ဟစ်လာသည်။
---