← Chapters

အခန်း (၁၃၁၈-၁၃၂၀)

Vol. 88 Ch. 1318-1320

အခန်း (၁၃၁၈-၁၃၂၀)

Vol. 88 Ch. 1318-1320

အခန်း (၁၃၁၈) - ဒီရေလှိုင်းပမာ အမည်းရောင် တိမ်တိုက်များ

အဓိက လိုဏ်ဂူနတ်ဘုံ အသီးသီးမှ သိုင်းပညာရှင်ကြီးများသည် မဟာပြိုင်ပွဲကြီးအတွက် တာအိုဆက်ခံခြင်း ဆင့်ကဲပြောင်းလဲမှု နတ်ဆေးဖိုကြီး အတွင်းသို့ ဝင်ရောက်သွားကြချိန်တွင် တတိယမြောက် လိုဏ်ဂူနတ်ဘုံရှိ အချစ်ဂိုဏ်း၏ အိမ်တော်တစ်ခုရှေ့၌ အစောင့်အဖြစ် တာဝန်ကျနေသော အမျိုးသမီးတပည့်များသည် အိမ်ထဲမှ ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးနေသော ဆူညံသံများကို ကြားရသောအခါ သူတို့၏ လည်ပင်းများကို ပုဝင်သွားကြပြီး အသက်ပြင်းပြင်းပင် မရှူရဲကြပေ။

အဘယ်ကြောင့်ဆိုသော် ယခု အိမ်ထဲတွင် ပစ္စည်းများကို ရိုက်ခွဲနေသူမှာ ယခင်က အချစ်ဂိုဏ်းတွင် လုလင်းဖန်ထက် မနိမ့်ကျသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး သူမထက် ဆယ်နှစ်စော၍ ဂိုဏ်းသို့ ဝင်ရောက်ခဲ့သော ပိုင်ဟန် ဖြစ်နေသောကြောင့်ဖြစ်သည်။ သူမသည် အချစ်ဂိုဏ်းအတွင်းရှိ တစ်ဦးတည်းသော တိုက်ရိုက်တပည့်တစ်ဦးအနေဖြင့် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းအပေါ်ကို ဆုံးဖြတ်ခွင့်ရခဲ့ဖူးသည်။

ထို့ကြောင့် ဤအမျိုးသမီးတပည့်များသည် သဘာဝကျစွာပင် ပြင်းထန်သော အအေးဒဏ်ကို ရင်ဆိုင်နေရသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ သို့သော် ဤအချိန်တွင် ပိုင်ဟန်၏ရင်ထဲ၌ ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင် တစ်စက်ကလေးမျှပင် မရှိနေခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ နှလုံးသားထဲတွင် မကျေနပ်မှုများနှင့် နာကြည်းမှုများ ပြည့်နှက်နေ၏။

"ဘာလို့လဲ... ငါက ဘာလို့ အိမ်စောင့်ဖို့ ကျန်ခဲ့ရတာလဲ၊ မဟာပြိုင်ပွဲကြီးကို ဝင်ပြိုင်ခွင့်တောင် မရဘူး၊ လုလင်းဖန်က ငါ့ထက် ပိုစွမ်းနေလို့လား၊ ငါ လက်မခံနိုင်ဘူး၊ သူ အချစ်နတ်ဆိုးကျိန်စာကို ဖောက်ထွက်နိုင်သွားတာလေး တစ်ခုတည်းကြောင့် မဟုတ်ဘူးလား၊ အချိန်ပေးရင် ငါလည်း လုပ်နိုင်တာပဲဟာ"

ပိုင်ဟန်သည် ဒေါသတကြီး အော်ဟစ်မာန်ဖီရင်း သူမ၏ ပတ်ဝန်းကျင်ရှိ ပစ္စည်းများကို ဆက်လက်၍ ရိုက်ခွဲဖျက်ဆီးနေလေသည်။ အဆုံးတွင် လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့်ကြာအောင် ဒေါသထွက်ပေါက် ပေါက်ကွဲပြီးနောက် ပိုင်ဟန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူထုတ်လိုက်ပြီး ကွဲအက်နေသော မှန်ကြေးမုံထဲရှိ သူမ၏ သွယ်လျသော ပုံရိပ်ကိုကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့ပြုံးလိုက်သည်။

"လုလင်းဖန်... နင်က ပြိုင်ပွဲအတွင်းမှာ နင့်မိသားစုဝင်တွေအတွက် ကလဲ့စားချေနိုင်မယ်လို့ ထင်နေရင်တော့ အကြီးအကျယ် မှားသွားလိမ့်မယ်၊ အဲ့ရွှယ်အန်းက အပြင်ပန်းကြည့်ရသလောက် ရိုးရှင်းတဲ့လူ မဟုတ်ဘူး ဟီးဟီးဟီးဟီး..."

ပိုင်ဟန် ထိုသို့သရော်လှောင်ပြောင်နေစဉ်မှာပင် သူမ၏ ခြေအောက်ရှိ မြေပြင်သည် ရုတ်တရက် တုန်ခါသွားလေသည်။ ပိုင်ဟန် လန့်ဖျပ်သွားသည်။

ဘာတွေဖြစ်နေတာလဲ၊ ငလျင်လှုပ်တာများလား...

သို့သော် အချစ်ဂိုဏ်းသည် တတိယမြောက် လိုဏ်ဂူနတ်ဘုံအတွင်း အကောင်းဆုံးသော နေရာတွင် တည်ဆောက်ထားခြင်းဖြစ်ကာ ဝင်္ကပါအစီအရင်တစ်ခု၏ ကာကွယ်မှုလည်း ရှိနေသဖြင့် မည်သို့ငလျင်လှုပ်နိုင်မည်နည်း။ ပိုင်ဟန်၏ နှလုံးသားထဲတွင် ရှုပ်ထွေးဝေခွဲမရ ဖြစ်သွား၏။ ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"ဘုရားရေ... အဲဒါ ဘာကြီးလဲ"

ပိုင်ဟန်၏ မျက်နှာအမူအရာမှာ မည်းမှောင်သွားပြီး အခန်းထဲမှ လျင်မြန်စွာ ထွက်လာကာ အထက်သို့ မော့ကြည့်လိုက်သည်။ ထို့နောက် သူမကိုယ်တိုင်လည်း အံ့အားသင့် မှင်တက်သွားတော့သည်။

အရှေ့မြောက်အရပ်မှ အလျင်အမြန် ပြေးဝင်လာသော ကျယ်ပြောလှသည့် အမည်းရောင် တိမ်တိုက်ကြီးများကို သူမ မြင်တွေ့လိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်ပြင်၏ အများစုကို ဖုံးလွှမ်းသွားလေသည်။

သူတို့သည် အဝေးတွင် ရှိနေသေးသော်လည်း အမည်းရောင် တိမ်တိုက်များထဲတွင် ပါဝင်နေသော ပြင်းထန်ကြမ်းတမ်းသည့် အင်အားကို ပိုင်ဟန် ခံစားနိုင်သေးသည်။ ဤအရာက သူမ၏ မျက်နှာအား ချက်ချင်း ဖြူရော်သွားစေပြီး သူမ၏ နှုတ်ခမ်းများပင် သွေးဆုတ်သွားကာ ဒီရေလှိုင်းတစ်ခုပမာ လိမ့်တက်လာသော အမည်းရောင် တိမ်တိုက်ကြီးများကို ငေးမောကြည့်နေပြီး မျှော်လင့်ချက်မဲ့စွာ ညည်းတွားလိုက်မိသည်။

"နတ်ဆိုးတစ္ဆေတွေ၊ အဲဒီ တိမ်မည်းကြီး တစ်ခုလုံးက နတ်ဆိုးတစ္ဆေတွေရဲ့ အရှိန်အဝါတွေနဲ့ ပြည့်နှက်နေတာပဲ"

သူမ၏ မျှော်လင့်ချက် ကင်းမဲ့မှုသည် ပတ်ဝန်းကျင်ရှိ လူတိုင်းကို ကူးစက်သွားလေသည်။ တာအိုဆက်ခံခြင်း ပြိုင်ပွဲကြောင့် အချစ်ဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်များ အားလုံး ထွက်ခွာသွားကြပြီဖြစ်ရာ ကျင့်ကြံခြင်းအဆင့်နှင့် အင်အား မလုံလောက်သော သာမန်အလုပ်ကြမ်းလုပ်ရသည့် တပည့်များသာ ကျန်ရစ်ခဲ့လေသည်။ လက်ရှိ ဂိုဏ်းတွင် ကျန်ရစ်ခဲ့သူများအနက် ပိုင်ဟန်သည် အဆင့်အမြင့်ဆုံးနှင့် အင်အားအကြီးဆုံးသူ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

သူမကိုယ်တိုင်ပင် ထိုမျှလောက် မျှော်လင့်ချက်မဲ့နေသည်ကို မြင်လိုက်ရသောအခါ တပည့်အများအပြားမှာ နေရာမှာတင် ငိုကြွေးကြတော့သည်။ ထိုရှိုက်ငိုသံများ ကြားတွင် ပိုင်ဟန်သည် ပြင်းထန်စွာ တုန်ယင်သွားပြီးနောက် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ သူမ၏ မျက်လုံးများထဲတွင် ပြတ်သားသော အမူအရာတစ်ခု ပေါ်လာသည်။ သူမက ခုန်ထကာ ကျယ်လောင်စွာ ပြောသည်။

"မြန်မြန်... တောင်စောင့် ကာကွယ်ရေး ဝင်္ကပါအစီအရင်ကို သွားဖွင့်ကြ"

သို့သော် သူမ၏ အော်ဟစ်မှုသည် ကြီးမားသော တုံ့ပြန်မှုများ မရရှိခဲ့ပေ။ တပည့်အများအပြားမှာ သတိလစ်မတတ် ကြောက်ရွံ့နေကြပြီး ခေါင်းငုံ့ကာ ငိုကြွေးရန်သာ သိကြတော့သည်။ ထိုအချိန်မှာပင် ကောင်းကင်ယံအပြည့်ရှိနေသော အမည်းရောင် တိမ်တိုက်များသည် အနီးသို့ ရောက်ရှိလာခဲ့သည်။ ပိုင်ဟန်သည် ရူးသွပ်လုမတတ် ဖြစ်သွားပြီး အသံကျယ်လောင်စွာ ငိုကြွေးနေသော တပည့်တစ်ဦးကို ဆွဲဖမ်းကာ ဘယ်ပြန်ညာပြန် ပါးရိုက်လိုက်ပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"တောက်... ငိုတာကို ရပ်လိုက်စမ်း၊ နင်တို့ အသက်ရှင်ချင်ရင် တောင်စောင့် ကာကွယ်ရေး ဝင်္ကပါအစီအရင်ကို ဖွင့်ဖို့ ငါ့ကို မြန်မြန် လာကူကြထ အဲဒီလိုမှမဟုတ်ရင် ဒီမှာပဲနေပြီး သေဖို့သာ စောင့်နေကြတော့"

ထိုအော်ဟစ်သံက လူအများအပြားကို အသိဝင်သွားစေခဲ့သည်။ ဤအချိန်တွင် ပိုင်ဟန်သည် ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော တက်ကြွမှုမျိုးဖြင့် အင်အားအသင့်အတင့်ရှိသော တပည့် ဒါဇင်ပေါင်းများစွာကို ခေါ်ယူကာ ဂိုဏ်း၏အဓိကခန်းမဆောင်ကြီးဆီသို့ အပြေးအလွှား သွားကြသည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ လောကကြီးမှာ တဖြည်းဖြည်း မှောင်မိုက်လာနေသည်။

အမည်းရောင် တိမ်တိုက်များသည် နေရောင်ခြည်ကို ဖုံးကွယ်သွားပြီး အမည်းရောင် တိမ်တိုက်များက ကောင်းကင်ယံကို အပြည့်အဝ လွှမ်းခြုံသွားပါက နှစ်ထောင်ပေါင်းများစွာ မတ်မတ်ရပ်တည်ခဲ့သော တတိယမြောက် လိုဏ်ဂူနတ်ဘုရားဘုံသည် ပျောက်ကွယ်သွားနိုင်ပေသည်။

ပုံမှန်နေ့ရက်များတွင် ပိုင်ဟန်သည် သူမ၏ ဂိုဏ်းအပေါ် မကျေနပ်မှုများစွာ ရှိနိုင်ပြီး အထူးသဖြင့် လုလင်းဖန်အပေါ် ပြင်းထန်သော အမုန်းတရားများ ရှိနေနိုင်သည်။

သို့သော် ဤအသက်နှင့်သေဆုံးခြင်းကြား အချိန်လေးတွင် သူမ ပထမဆုံး တွေးမိသည့်အရာမှာ စစ်မှန် တာအိုလမ်းစဉ် ဆက်ခံသူတစ်ဦးဟူသော သူမ၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။ ထို့ကြောင့် သူမသည် အတိတ်က နာကြည်းမှုများကို ဂရုမစိုက်နိုင်တော့ဘဲ သူမ၏ တစ်ခုတည်းသော အတွေးမှာ ဤအကျပ်အတည်းကို ကျော်ဖြတ်နိုင်ရန် ဂိုဏ်း၏ တောင်စောင့် ကာကွယ်ရေး ဝင်္ကပါအစီအရင်ကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးပင်ဖြစ်သည်။

အကယ်၍ ထိုသို့ မလုပ်ဆောင်နိုင်ပါက သူမသည် ခေတ်အဆက်ဆက်တွင် သမိုင်းတရားခံ ဖြစ်သွားနိုင်ပေသည်။ သို့သော် အချိန်သည် မည်သူ့ကိုမျှ မစောင့်ဆိုင်းပေ။ အထူးသဖြင့် ဂိုဏ်း၏ အဓိကခန်းမဆောင်ကြီးအတွင်းသို့ ပိုင်ဟန်၏နောက်မှ လိုက်ပါလာကြသော တပည့်များသည် အထူးတလည် အစွမ်းထက်သူများ မဟုတ်ကြချေ။ ထိုသို့သော အခြေအနေများအောက်တွင် တောင်စောင့် ကာကွယ်ရေး ဝင်္ကပါအစီအရင်ကို အတင်းအကျပ် ဖွင့်လှစ်ရန်မှာ ပြောသလောက် မလွယ်ကူပေ။

တပည့် ဒါဇင်ပေါင်းများစွာက သူတို့၏ ကျင့်ကြံခြင်းစွမ်းအင် အားလုံးကို ဝင်္ကပါအစီအရင်ထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်သော်လည်း ဝင်္ကပါအပေါ်တွင် တောက်ပသော အလင်းစက်အချို့ ထွက်ပေါ်လာရုံသာ တတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် အပြင်ဘက်ရှိ အလင်းရောင်မှာ လျင်မြန်စွာ မှေးမှိန်လျော့ကျလာပြီး အေးစက်သော လေပြင်းများ တိုက်ခတ်လာကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် တောက်ပသော လူသားကမ္ဘာမှ မှိုင်းရီနေသော နတ်ဆိုးတစ္ဆေများ၏ နယ်ပယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည်။

ပိုင်ဟန်မှာ အံ့ကို တင်းကျပ်စွာ စေ့လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ပေါ်ထွက်လာကာ သူမ၏ သွေးကြောလှည့်ပတ်မှုကို အတင်းအကျပ် ပြောင်းပြန်လှန်ပစ်လိုက်သည်။ ပိုင်ဟန်သည် သွေးလတ်လတ်ဆတ်ဆတ် တစ်ပွက် အန်ထုတ်လိုက်ရသည်။

"စီနီယာအစ်မ"

"စီနီယာအစ်မပိုင်"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တပည့်များအားလုံး အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။ ပုံမှန်အားဖြင့် သူတို့သည် စီနီယာအစ်မပိုင်ဟု ခေါ်ဆိုချိန်တွင် စိတ်ထဲ၌ အတွေးမျိုးစုံ ရှိနေနိုင်ပေသည်။ သို့သော် ယနေ့တွင်မူ သူတို့သည် စီနီယာအစ်မဟူသော အခေါ်အဝေါ်ကို စစ်မှန်သော ရိုးသားမှုဖြင့် အော်ဟစ်ခေါ်ဆိုနေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ပြသလိုက်သော ပိုင်ဟန်၏ စွမ်းဆောင်မှုသည် သူတို့၏ အမြင့်ဆုံးသော လေးစားမှုကို ရရှိသွားသောကြောင့်ဖြစ်သည်။ သွေးများ အန်ထုတ်နေစဉ်မှာပင် ပိုင်ဟန်က အော်လိုက်သည်။

"ငါ့ကို ဘာလုပ်ဖို့ ကြည့်နေကြတာလဲ၊ ဝင်္ကပါကို မြန်မြန် ဖွင့်ကြစမ်းပါ"

ဤအော်ဟစ်သံက ထိုနေရာရှိ တပည့်များစွာကို တုန်လှုပ်သွားစေပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအင်များကို လှုံ့ဆော်ရန် သူတို့၏ စိတ်များကို အမြန်စုစည်းလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ပိုင်ဟန်က သွေးများ အန်ထုတ်ရင်း တိုးတိုးလေး ဆက်၍ ရေရွတ်နေခဲ့သည်။

"ကျစ်... ဒါက တကယ့် အရှုံးကြီးပဲ၊ အနည်းဆုံး နှစ်သုံးရာစာ ကျင့်ကြံခြင်းအဆင့်တွေက မျက်တောင်တစ်ခတ်အတွင်းမှာ ပျောက်ကွယ်သွားပြီ၊ ဒီတစ်သက်တော့ လုလင်းဖန်ဆိုတဲ့ကောင်မကို ငါ တကယ်ပဲ မမီနိုင်တော့ဘူးလား"

ထိုသို့ ရေရွတ်နေသော်လည်း ပိုင်ဟန်၏ လှုပ်ရှားမှုများသည် တစ်ခဏမျှပင် ရပ်တန့်မသွားခဲ့ပေ။ သူမ၏ လက်လှုပ်ရှားမှု တစ်ခုစီတိုင်းနှင့်အတူ အလင်းတန်းများ တဖျပ်ဖျပ် တောက်ပနေသော်လည်း သူမ၏ မျက်နှာမှာ ပို၍ပို၍ ဖြူရော်လာလေသည်။ အဆုံးတွင် ပိုင်ဟန်၏ မျက်နှာမှာ ဖြူရော်လွန်းသဖြင့် အလင်းဖောက်ထွင်းမြင်ရလုနီးပါး အခြေအနေသို့ ရောက်ရှိသွားချိန်တွင် ဂိုဏ်းသည် ရုတ်တရက် တုန်ခါသွားသည်။ ထို့နောက် အလွန်တရာ တောက်ပသော အလင်းရောင်တစ်ခုသည် အထက်သို့ ပျံတက်သွားပြီး ဂိုဏ်းတစ်ခုလုံးကို ခိုင်မာစွာ ကာကွယ်ပေးထားသည့် အလင်းတန်း မျက်နှာပြင်တစ်ခုအဖြစ် ချက်ချင်း ပြန့်ကျဲသွားတော့သည်။

ထိုမျှမကသေးဘဲ တောင်စောင့် ကာကွယ်ရေး ဝင်္ကပါအစီအရင်ထံမှ အလင်းရောင်များသည် ကောင်းကင်ယံသို့ ပစ်လွှတ်ထွက်ပေါ်သွားပြီး ဖုံးလွှမ်းလာတော့မည့် အမည်းရောင် တိမ်တိုက်ကြီးများထဲတွင် ဧရာမ အပေါက်ကြီးတစ်ခုကို ဖောက်ချလိုက်သည်။ ထိုအရာသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ထင်ရသော်လည်း အမည်းရောင် တိမ်တိုက်များ လူစုကွဲသွားချိန်တွင် လူအများအပြားသည် သူတို့၏ နားထဲ၌ စူးရှသော အော်ဟစ်သံတစ်ခုကို ကြားလိုက်ကြရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တပည့်များစွာသည် အဆုံးတွင် သက်ပြင်းချနိုင်သွားကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် အန္တရာယ်အများဆုံး အချိန်ကို ကျော်ဖြတ်ကာ အသက်ရှင်ကျန်ရစ်ခဲ့ကြပြီဖြစ်သည်။ အဓိကခန်းမဆောင်ကြီးထဲရှိ တပည့်များစွာက ပိုင်ဟန်အား လေးစားအားကျမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ သို့သော် ထိုအချိန်လေးမှာပင် ပိုင်ဟန်၏ပုံရိပ်မှာ ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

"စီနီယာအစ်မပိုင်"

တပည့်များစွာက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး အချို့က ပိုင်ဟန်ကို ထိန်းကိုင်ပေးရန် ချက်ချင်း ရှေ့သို့ ပြေးထွက်သွားကြသည်။ ပိုင်ဟန်က သူမ၏ လက်ကို ကာပြလိုက်သည်။

"ငါ့ကို လာမထိကြနဲ့"

ထို့နောက် သူမသည် ယိုင်နဲ့သွားကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး အားနည်းနေသော အသက်ရှူသံဖြင့် ပြောလိုက်သည်။

"ငါ ဘာမှမဖြစ်ဘူး၊ နင်တို့အားလုံး လူစုခွဲပြီး ကာကွယ်ရေးအတွက် ပြင်ဆင်ထားကြ၊ ငါ ဒီမှာနေပြီး ဝင်္ကပါကို ထိန်းချုပ်ထားလိုက်မယ်”

---

အခန်း (၁၃၁၉) - နတ်ဆိုးတစ္ဆေများ သောင်းကျန်းလာသော လောက

ဤတပည့်များသည် စိတ်မပါ့တပါ ဖြစ်နေကြသော်လည်း လက်ရှိအခြေအနေကို ရှင်းလင်းစွာ နားလည်ထားကြသည်။

အချစ်ဂိုဏ်းသည် လူသူကင်းမဲ့သော မြို့ပျက်ကြီးတစ်ခု ဖြစ်နေပြီဖြစ်ကာ တောင်စောင့် ကာကွယ်ရေး ဝင်္ကပါအစီအရင်ကို ဖွင့်လှစ်ထားပြီးဖြစ်သော်လည်း မည်သည့် မမျှော်လင့်ထားသော အဖြစ်အပျက်များ ဖြစ်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

ထို့ကြောင့် ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ကာကွယ်ရေးအတွက် အပြည့်အဝ ပြင်ဆင်ထားရန်ပင် ဖြစ်သည်။ လက်ရှိ အချစ်ဂိုဏ်းတွင် အစွမ်းအထက်ဆုံးသူ ဖြစ်သောကြောင့် ပိုင်ဟန်သည် အရာအားလုံးကို ထိန်းချုပ်ကွပ်ကဲရန် သဘာဝကျစွာပင် ဤနေရာ၌ နေရစ်ခဲ့ရမည်ဖြစ်သည်။ ထို့ကြောင့် ဤတပည့်များအားလုံးသည် ပိုင်ဟန်အား ဦးညွှတ်အရိုအသေပေးပြီးနောက် လူစုခွဲကာ ထွက်ခွာသွားကြသည်။

လူတိုင်း ထွက်သွားသည်နှင့်တပြိုင်နက် ပိုင်ဟန်သည် သွေးလတ်လတ်ဆတ်ဆတ် တစ်ပွက် ထပ်မံအန်ထုတ်လိုက်ရပြီး သူမ၏ နှုတ်ခမ်းထောင့်ရှိ သွေးစွန်းနေမှုကို သုတ်ဖယ်လိုက်ကာ မိမိကိုယ်ကိုယ် သရော်လှောင်ပြောင်သော အပြုံးတစ်ခု ပြုံးလိုက်သည်။

"တောက်... သွေးတွေ အများကြီး ရှိနေတိုင်း တန်ဖိုးမရှိတာမှ မဟုတ်တာ၊ ငါဒီလိုမျိုး ဆက်တိုက် အန်နေရရင် ဘယ်သူကများ ခံနိုင်ရည်ရှိမှာလဲ"

သူမ၏ စကားသံ ဆုံးသွားသည်နှင့်တပြိုင်နက် နောက်ထပ် သွေးလတ်လတ်ဆတ်ဆတ် တစ်ပွက်ကို အန်ထုတ်လိုက်ရပြန်သည်။ ပိုင်ဟန်သည် သွေးများအား တိတ်ဆိတ်စွာ သုတ်ဖယ်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ကြမ်းတမ်းသော အလင်းရောင်တစ်ခု တဖျပ်ဖျပ် လက်သွား၏။ သူမသည် လူတိုင်း လူစုကွဲသွားသည်အထိ စောင့်ဆိုင်းပြီးမှ သွေးအန်ထုတ်ရခြင်းမှာ တပည့်များ၏ အတွေးများကို သေချာမသ်သောကြောင့် ဖြစ်သည်။

သူမသည် လက်ရှိ အချစ်ဂိုဏ်း၏ အဓိက မှီခိုရာတိုင် တစ်ခုအနေဖြင့် ဂရုမစိုက်ဟန် အသွင်အပြင်ကိုသာ ပြသနိုင်ပေသည်။ ကျစ်... ငါ ဒီလိုတွေ လုပ်နေတာ တန်ရဲ့လားဆိုတာတောင် မသိတော့ပါဘူး...

ပိုင်ဟန်သည် သူမ၏ နှလုံးသားထဲတွင် တိတ်တဆိတ် ညည်းတွားလိုက်သည်။

ထိုအချိန်လေးမှာပင် ကြက်သီးထစရာကောင်းပြီး နားကလော်စရာကောင်းသော ရယ်မောသံတစ်ခုက အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

"ကျွတ်... ကျွတ်... ဒါက နာမည်ကြီး တတိယမြောက် လိုဏ်ဂူနတ်ဘုရားဘုံရဲ့ အချစ်ဂိုဏ်းလား၊ ကာကွယ်ရေး ဝင်္ကပါအစီအရင်ကတော့ တော်တော်လေး အထင်ကြီးစရာကောင်းပေမယ့် ဒီနားတစ်ဝိုက်မှာ အစွမ်းထက်တဲ့ သိုင်းပညာရှင်ကြီးတွေ မရှိတာ တကယ့်ကို နှမြောစရာပဲ"

ဤစကားများနှင့်အတူ အမည်းရောင် တိမ်တိုက်များအောက်တွင် အစွယ်များ ထွက်နေပြီး မျက်နှာစိမ်းနေကာ လူခေါင်းပုံစံ အဖုအကျိတ်တစ်ခု ပါရှိသော နတ်ဆိုးတစ္ဆေတစ်ကောင် လူတိုင်း၏ရှေ့တွင် ပေါ်ထွက်လာသည်။ ထိုအချိန်တွင် လူခေါင်းပုံစံ အဖုအကျိတ်မှာ လက်သီးဆုပ်အရွယ်ခန့်သာ ရှိသော်လည်း ထင်ရှားသော မျက်နှာသွင်ပြင်များ ပါရှိပြီး အတော်လေး ဆွဲဆောင်မှုရှိကာ မြှူဆွယ်သော ရယ်မောသံများကို ထုတ်လွှတ်နေသည်။

"ယိုးချန်က လိုဏ်ဂူနတ်ဘုရားဘုံက လူတိုင်းကို တာအိုဆက်ခံခြင်း မဟာပြိုင်ပွဲကြီးထဲကို မျှားခေါ်သွားပြီးပြီဆိုတော့ ဂိုဏ်းတွေထဲမှာ ဘယ်သူမှ ကျန်မနေခဲ့တော့ဘူးပေါ့"

"ဟီးဟီး... ဒီမှာ မိန်းမပျိုလေးတွေ အများကြီးပဲ၊ ဒီတစ်ခါတော့ ငါ တဝကြီး ပျော်ပါးပစ်ဦးမယ်၊ ငါက ရက်စက်ကြမ်းကြုတ်သော တစ္ဆေလမ်းစဉ်က အရိုးဖြူတွေကို ကြည့်လာရတာ နှစ်ထောင်ပေါင်းများစွာ ကြာပြီဆိုတော့ တကယ့်ကို ရိုးအီနေပြီ"

မျက်နှာစိမ်း နတ်ဆိုးတစ္ဆေက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီးနောက် အောက်ဘက်သို့ တည့်မတ်စွာ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ပစ်လွှတ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းတစ်ခုက ဆယ်မိုင်ပတ်လည်အတွင်း ချက်ချင်း လွှမ်းခြုံသွားသည်။ အချစ်ဂိုဏ်းတစ်ခုလုံး အနည်းငယ် တုန်ခါသွားပြီး တောင်စောင့် ကာကွယ်ရေး ဝင်္ကပါအစီအရင်၏ အလင်းရောင် မှေးမှိန်သွားသော်လည်း တုန်လှုပ်ယိမ်းယိုင်သွားခြင်း မရှိခဲ့ပေ။ သို့သော် တစ်ချိန်တည်းမှာပင် အဓိကခန်းမဆောင်ကြီး အတွင်းမှနေ၍ ဝင်္ကပါကို ထိန်းချုပ်နေသော ပိုင်ဟန်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည့်အလား ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ပန်းထွက်လာသည်။

"ဒါက နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသားပဲ"

နတ်ဆိုးတစ္ဆေက သရော်လိုက်သည်။

"ဘာလဲ... မိန်းမလှလေးတွေကို သနားနေလို့လား"

ခေါင်းပေါ်ရှိ လူခေါင်းပုံစံ အဖုအကျိတ်ရှိသော နတ်ဆိုးက မနာလိုသော လေသံဖြင့် ပြောလိုက်သည်။ နတ်ဆိုးတစ္ဆေက အားပါးတရ ရယ်မောသည်။

"စိတ်ခံစားချက်လေး နည်းနည်းပါသွားလို့ သက်ပြင်းချလိုက်ရုံပါကွာ"

ထို့နောက် အောက်သို့ငုံ့ကာ ကာကွယ်ရေး ဝင်္ကပါအတွင်းရှိ လွမ်းသူ့ဆောင်ဘက်သို့ ကောက်ကျစ်စွာ ပြုံးပြလိုက်ပြီး ပြောသည်။

"မိန်းမပျိုလေး... နင်က အခြေအနေကို နားလည်တယ်ဆိုရင် မြန်မြန် အညံ့ခံလိုက်တာ ကောင်းမယ်၊ အဲဒီအချိန်ကျရင် ငါ နင့်အသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးမယ် အဲဒီလိုမှမဟုတ်ရင် ဝင်္ကပါ ပျက်စီးသွားတဲ့အခါ နင်သေရမယ့်အချိန်ပဲ"

ထိုအသံက တောရိုင်းမြေပြင်တစ်ခုလုံးကို တုန်ခါသွားစေပြီး အချစ်ဂိုဏ်းတွင် ကျန်ရှိနေသော တပည့်များ၏ မျက်နှာများအားလုံး ဖြူရော်သွားကြသည်။ သို့သော် ထိုအချိန်မှာပင် ပိုင်ဟန်၏ အေးစက်သော ရယ်မောသံက အဓိကခန်းမဆောင်ကြီး အတွင်းမှ ထွက်ပေါ်လာသည်။

"ငါက နင်တို့လို နတ်ဆိုးတစ္ဆေတွေရှေ့မှာ ဒူးထောက်မယ့်သူမျိုးနဲ့ တူနေလို့လား၊ ငါက တာအိုလမ်းစဉ်ရဲ့ မှန်ကန်တဲ့ ဆက်ခံသူပါ၊ အသက်ရှင်ဖို့အတွက် နင်တို့ဆီမှာ သနားညှာတာဖို့ တောင်းဆိုမယ့် သတ္တိကြောင်တဲ့ဟာမျိုး မဟုတ်ဘူး"

ပိုင်ဟန်၏ စကားက နတ်ဆိုးတစ္ဆေကို ချက်ချင်း ဒေါသထွက်သွားစေသည်။

"ကောင်းပြီလေ၊ ဒါဆိုရင် နင် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာကို ငါ ကြည့်ချင်သေးတယ်၊ စိတ်မပူပါနဲ့၊ ငါတို့မှာ အချိန်တွေ အများကြီး ရှိပါတယ်၊ နင့်ဂိုဏ်းက လူတွေ လာကယ်မယ်လို့တော့ အိပ်မက်တောင်မမက်နဲ့၊ ဘာလို့လဲဆိုတော့ အခုချိန်ဆို သူတို့လည်း တာအိုဆက်ခံခြင်း မဟာပြိုင်ပွဲကြီးမှာ သေကုန်လောက်ပြီ"

နတ်ဆိုးတစ္ဆေက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အောက်သို့ နောက်တစ်ချက် ထပ်မံ ထိုးချလိုက်သည်။

ဤတစ်ကြိမ်တွင် အချစ်ဂိုဏ်းသည် တုန်ခါသွားခြင်း မရှိဘဲ အဓိကခန်းမဆောင်ကြီးသာ အနည်းငယ် တုန်ခါသွားခဲ့သည်။

ပိုင်ဟန်၏ မျက်နှာသည် သွေးများ စိမ့်ထွက်လာသည်အထိ တုန်ခါသွားသော်လည်း သူမက ခေါင်းကို အောက်သို့စောင်းကာ သွေးပါသော တံတွေးများကို ထွေးထုတ်လိုက်ပြီးနောက် သူမ၏မျက်နှာကို ခပ်ကြမ်းကြမ်း သုတ်ဖယ်သည်။

"နင့်ရဲ့ စကားအနည်းငယ်လောက်နဲ့ ငါ့ကို ခြောက်လှန့်လို့ ရမယ် ထင်နေတာလား၊ နင့်ကို ငါ ပြောပြမယ်၊ ငါက မိန်းမတစ်ယောက် ဖြစ်နေပေမယ့် အသက်ရှင်ဖို့အတွက် နင်တို့လို နတ်ဆိုးတစ္ဆေတွေဆီမှာ အညံ့ခံမယ့်သူမျိုး မဟုတ်ဘူး၊ နင် စွမ်းနိုင်ရင် လာခဲ့စမ်း၊ ငါက တကယ်ကို ရင်ဆိုင်ဖို့ အသင့်ပဲ"

သူမ၏ အသံတွင် ခွန်အားများ ပြည့်နှက်နေပြီး အလျှော့မပေးသော မောက်မာမှုများ ပါဝင်နေ၏။ အချစ်ဂိုဏ်းရှိ တပည့်များစွာသည် မနေနိုင်မထိုင်နိုင် သူတို့၏ လည်ပင်းများကို ပုဝင်သွားကြသည်။ ဤသည်မှာ သူတို့သိသော ပိုင်ဟန်ပင် ဖြစ်သည်။ နတ်ဆိုးတစ္ဆေက အေးစက်စွာ နှာမှုတ်လိုက်သည်။

"ကောင်းပြီလေ၊ နင် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ထိုသို့ပြောပြီးနောက် သူသည် လှည့်ကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။ သူ ထွက်သွားသည်နှင့်တပြိုင်နက် အဓိကခန်းမဆောင်ကြီး အတွင်းရှိ ပိုင်ဟန်၏ အရှိန်အဝါသည် ချက်ချင်း ထိုးကျသွားပြီးနောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မရပ်မနား တုန်ယင်လာတော့သည်။

"တောက်... ဒါက တကယ့် အရှုံးကြီးပဲ၊ ဆရာ... အကယ်၍ မြန်မြန် ပြန်မလာဘူးဆိုရင် သမီး ဘယ်လောက်ကြာကြာ ဆက်တောင့်ခံထားနိုင်မလဲဆိုတာ သမီးကိုယ်သမီးတောင် မသိတော့ဘူး"

ပိုင်ဟန်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သို့သော် သူ မသိခဲ့သောအရာမှာ တတိယမြောက် လိုဏ်ဂူနတ်ဘုရားဘုံသည် အမည်းရောင် တိမ်တိုက်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရချိန်တွင် အခြားသော အဓိက လိုဏ်ဂူနတ်ဘုံကြီးများတွင်လည်း အလားတူအခြေအနေမျိုး ဖြစ်ပွားနေခဲ့ခြင်းပင် ဖြစ်သည်။ သို့သော် အဖြစ်အပျက်မှာ ရုတ်တရက် ဆန်လွန်းလှပြီး အဓိက လိုဏ်ဂူနတ်ဘုံကြီးများရှိ ဂိုဏ်းအများအပြားမှာ အလွန်တရာ အားနည်းနေခဲ့သောကြောင့် ဂိုဏ်းများစွာသည် အချစ်ဂိုဏ်းကဲ့သို့ ကံမကောင်းခဲ့ဘဲ ဤနတ်ဆိုးတစ္ဆေများ၏ တစ်ချက်တည်းဖြင့်ပင် သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရသည်။ဒုတိယမြောက် လိုဏ်ဂူနတ်ဘုရားဘုံမှ ဝိညာဉ်ပျော်ဝင်ဆောင် ပင်လျှင် ဖျက်ဆီးခံရမည့် ကံကြမ္မာကို မရှောင်လွှဲနိုင်ခဲ့ပေ။

သို့သော် ဤသို့သော အခြေအနေမျိုးတွင် နောက်ဆုံးအဆင့်ရှိသော ရွှေရောင်အလင်း လိုဏ်ဂူနတ်ဘုရားဘုံသည် အံ့ဖွယ်ကောင်းလောက်အောင် တောင့်ခံထားနိုင်ခဲ့သည်။

အမည်းရောင် တိမ်တိုက်များ စတင် ဖြစ်ပေါ်လာချိန်တွင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အနောက်မြောက်ဘက်ရှိ မိုင်တစ်ထောင်ခန့်သာ ဝေးကွာသော မြို့ငယ်လေး တစ်မြို့၌ ဝင်ပေါက်တွင် အဖြူရောင် မီးပုံးနှစ်လုံး ချိတ်ဆွဲထားသော ဆေးခန်းငယ်လေး တစ်ခုအတွင်း၌ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးသည် အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် သူ၏ လှိုက်လှဲသော ကျေးဇူးတင်စကားများကို ပြောကြားနေလေသည်။ လုချူးကျန်က ပြုံးလိုက်သည်။

"အဘိုး... ယဉ်ကျေးနေစရာ မလိုပါဘူးရှင်၊ ဒါက သေးငယ်တဲ့ အကူအညီလေး တစ်ခုပါပဲ"

ထိုအခါမှသာ အဘိုးအိုသည် ကျေးဇူးအထပ်ထပ်တင်လျက် ထွက်ခွာသွားလေသည်။ လုချူးကျန်သည် သူ့အား ဆေးခန်းဝင်ပေါက်အထိ လိုက်ပို့ပေးခဲ့သည်။ လမ်းပေါ်ရှိ လမ်းလျှောက်နေသူ အများအပြားက သူမကို မြင်သောအခါ ပြုံးလျက် နှုတ်ဆက်ကြသည်။

"ဆရာဝန်မလေးလု"

"မင်္ဂလာနံနက်ခင်းပါ ဆရာဝန်မလေးလု"

ဤသို့သော ခေါ်ဝေါ်သံများသည် အဆက်မပြတ် ထွက်ပေါ်လာပြီး၊ လုချူကျန်းက ပြုံးလျက် ပြန်လည်နှုတ်ဆက်ကာ အိမ်ထဲသို့ ပြန်ဝင်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်လေးမှာပင် အဝေးရှိ မိုးကုတ်စက်ဝိုင်းတွင် ခပ်ရေးရေး အမည်းရောင် မျဉ်းကြောင်းတစ်ခုက ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။

လုချူးကျန်သည် ပုံမှန်မဟုတ်သော အရှိန်အဝါအား ခံစားမိလိုက်သဖြင့် ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်ယံကို ဖြတ်သန်းကာ ဒီရေလှိုင်းတစ်ခုကဲ့သို့ လိမ့်တက်လာသော အမည်းရောင် အလင်းတန်းကို မြင်တွေ့လိုက်ရသည်။

ဤထူးဆန်းသော အဖြစ်အပျက်က မရေမတွက်နိုင်သော လူများထံမှ အံ့သြသံများ ထွက်ပေါ်လာသည်။ လုချူးကျန်သည် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ တံခါးဝရှိ ဝိညာဉ်ခွဲဖြာ မီးအိမ်နှစ်လုံးကို ဆွဲယူလိုက်ပြီးနောက် ကောင်းကင်သို့ ပျံတက်သွားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးဆီသို့ ပြေးထွက်သွားတော့သည်။

မြို့လေးထဲရှိ လူတိုင်းမှာ အံ့သြမှင်တက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် မြို့ထဲတွင် ဆေးခန်းဖွင့်ထားသည်မှာ မကြာသေးဘဲ သူမ၏ ပြောင်မြောက်လှသော ဆေးပညာစွမ်းရည်ဖြင့် လူအများအပြားကို အကျိုးပြုခဲ့သော ဆရာဝန်မလေး လုသည် အမှန်တကယ်တွင် ကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးထင်ထားခဲ့သောကြောင့်ပင်ဖြစ်သည်။

ရွှေရောင်ဆေးမီးဖိုရိပ်မြုံ အတွင်း၌လည်း ဆူညံပွက်လောရိုက်နေခဲ့သည်။ သူတို့၏ ထိပ်တန်းအင်အားစုများအား စေလွှတ်လိုက်သော အခြားဂိုဏ်းများနှင့် နှိုင်းယှဉ်ပါက ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အခြေအနေမှာ အမှန်တကယ်ပင် များစွာ ပိုကောင်းနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ရွှယ်အန်းသည် ထွက်ခွာသွားချိန်တွင် ရှင်းယွီရှုနှင့် ရှန်းမြောင်ထုန်တို့ကိုသာ ခေါ်ဆောင်သွားခဲ့သောကြောင့် ဖြစ်သည်။

ထို့ပြင် သူတို့နှစ်ယောက်စလုံးမှာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံသို့ နောက်ပိုင်းမှ ဝင်ရောက်လာသူများဖြစ်သောကြောင့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ မူလအင်အားမှာ အခြေခံအားဖြင့် နဂိုအတိုင်း ကျန်ရှိနေသည်ဟု ဆိုနိုင်ပေသည်။

သို့သော် ဤဒီရေလှိုင်းကဲ့သို့ လိမ့်တက်လာသော အမည်းရောင် အလင်းတန်းကို မြင်လိုက်ရသောအခါ ဤလူများသည် အလွန်အမင်း အံ့အားသင့် မှင်တက်သွားခြင်းကို မထိန်းချုပ်နိုင်ခဲ့ကြပေ။ အမည်းရောင် အလင်းတန်းသည် ကောင်းကင်၏ တစ်ဝက်ကို ဖုံးကွယ်သွားချိန်တွင်မှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"အဲဒါ နတ်ဆိုးတစ္ဆေတွေရဲ့ အရှိန်အဝါပဲ"

ထိုအော်ဟစ်သံက ထိတ်လန့်တကြီးဖြစ်သော လူအုပ်ကြီးကို ပို၍ပင် မျှော်လင့်ချက်မဲ့သွားစေခဲ့သည်။ နေနှင့် ကောင်းကင်အား ဖုံးကွယ်ထားသော နတ်ဆိုးတစ္ဆေများ၏ အရှိန်အဝါသည် ပြိုင်ဘက် နတ်ဆိုးတစ္ဆေများမှာ အလွန်တရာ အစွမ်းထက်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။ ဤအရာက မည်သည့်အရာကို ဆိုလိုသည်ဆိုခြင်းမှာ စကားဖြင့် ပြောရန်ပင်မလိုဘဲ သိသာထင်ရှားလှသည်။

သို့သော် ဤကဲ့သို့သော အချိန်မျိုးတွင် တောက်ပသော အလင်းတန်းတစ်ခုသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အထက်သို့ ရုတ်တရက် ပျံသန်းလာပြီးနောက် အေးစက်စွာ အော်ဟစ်လိုက်သည်။

"မြန်မြန် တောင်စောင့် ကာကွယ်ရေး ဝင်္ကပါအစီအရင်ကို ဖွင့်ကြ၊ ဒီနတ်ဆိုးတစ္ဆေတွေကို ငါ တားထားပေးမယ်"

---

အခန်း (၁၃၂၀) - နောက်မဆုတ်ရန် သစ္စာဆိုခြင်း၊ ကိုယ့်ကိုယ်ကို စတေးခံမှု

ဤအသံကို ကြားလိုက်ရသောအခါ ရွှေရောင်ဆေးမီးဖိုရိပ်မြုံရှိ လူအများအပြားမှာ လန့်ဖျပ်သွားကြပြီးနောက် အံ့သြတုန်လှုပ်မှုဖြင့် တိုးတိုးတိတ်တိတ် ရေရွတ်သံများ ထွက်ပေါ်လာသည်။

"အဲဒါ စီနီယာအစ်မလုပဲ"

"စီနီယာအစ်မလု ပြန်ရောက်လာပြီ"

တပည့်အများအပြားမှာ စိတ်လှုပ်ရှားမှုများဖြင့် တက်ကြွလာကြသည်။ သို့သော် ရွှေရောင်ဆေးမီးဖိုရိပ်မြုံရှိ အကြီးအကဲများ၏ မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားကြသည်။

သူမက ဘာလို့ ဒီလောက် ရုတ်တရက်ကြီး ပြန်ရောက်လာရတာလဲ..

သို့သော် ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ဤကိစ္စများကို စိုးရိမ်ပူပန်နေရန် အချိန်မရှိတော့သဖြင့် တောင်စောင့် ကာကွယ်ရေး ဝင်္ကပါအစီအရင်အား ဖွင့်လှစ်ရန် ကြိုးပမ်းသည့်အနေဖြင့် လျင်မြန်စွာ စတင်လုပ်ဆောင်ကြသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်ရာပေါင်းများစွာ တစ်လျှောက် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အင်အား ကျဆင်းလာမှုနှင့် နေရာအများအပြားအား ပြုပြင်ထိန်းသိမ်းမှု မရှိခဲ့ခြင်းတို့ကြောင့် တောင်စောင့် ကာကွယ်ရေး ဝင်္ကပါအစီအရင်ကိုပင် အချိန်ကြာမြင့်စွာ ပြုပြင်ထိန်းသိမ်းမှု မလုပ်ခဲ့ရချေ။

ထို့ကြောင့် သူတို့၏ အသည်းအသန် ကြိုးစားမှုများကြားမှပင် ဝင်္ကပါအား ဖွင့်လှစ်ရန် အမှန်တကယ် ကျရှုံးသွားခဲ့သည်။ ဤသို့ နှောင့်နှေးကြန့်ကြာမှုကြောင့် အမည်းရောင် တိမ်တိုက်များသည် ကောင်းကင်ပြင်တစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားလုနီးပါး ဖြစ်နေသည်။

တစ်ခါ ဖွဲ့စည်းပြီးသွားပါက ရွှေရောင်အလင်း နတ်ဘုရားဘုံသည် အမှန်တကယ်ပင် ကျဆုံးသွားနိုင်ပေသည်။ လူအများအပြားက မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်ကြသည်။ သို့သော် ထိုအချိန်လေးမှာပင် လုချူးကျန်က ရုတ်တရက် အထက်သို့ မော့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေပြီး သူမ၏ ပတ်ဝန်းကျင်မှ ကာကွယ်ရေး ရွှေရောင်အလင်းတန်း အလွှာများ ထုတ်လွှတ်ကာ အထက်သို့ ပြေးတက်သွားသည်။

"သူမ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ရွှေရောင်ဆေးမီးဖိုရိပ်မြုံရှိ လူအများအပြားက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

"သူမ ရူးသွားပြီလား၊ ဒီလိုမျိုး အမည်းရောင် တိမ်တိုက်တွေကို တိုက်ရိုက် သွားရင်ဆိုင်တာ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပျက်စီးသွားနိုင်တယ်"

အနီးနားရှိ တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သို့သော် လုချူးကျန်၏ ပုံရိပ်သည် မည်သူ အတွေးများကိုမျှ ဂရုမစိုက်ဘဲ ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ကောင်းကင်ယံသို့ ပြေးတက်သွားသည်။ လူတိုင်းသည် တဖြည်းဖြည်း ပါးစပ်များ အဟောင်းသား ဖြစ်သွားကြပြီး ဤမြင်ကွင်းကို အံ့သြမှင်တက်စွာ စိုက်ကြည့်နေကြသည်။ အမည်းရောင် အမှောင်ထုကြီးကြားတွင် လုချူးကျန်၏ ပုံရိပ်သည် လောကကြီးတွင် နောက်ဆုံး ထွန်းညှိထားသော ဖယောင်းတိုင်လေး တစ်တိုင်ကဲ့သို့ ဖြစ်နေပြီး သူမထံမှ ထုတ်လွှတ်နေသော ရွှေရောင်အလင်းတန်းများမှာ တောက်ပလွန်းသဖြင့် ကြည့်ရန်ပင် ခက်ခဲလှသည်။

ဤမြင်ကွင်းကိုမြင်ချိန် လူအများအပြား၏ မျက်လုံးထောင့်များမှ မျက်ရည်များ စီးကျလာကြသည်။ ယခင်က လုချူးကျန်နှင့် ပတ်သက်၍ ထင်မြင်ချက် အမျိုးမျိုး ရှိခဲ့သူများပင်လျှင် ဤအချိန်တွင် တိတ်ဆိတ်ငြိမ်သက်သွားခြင်းကို မထိန်းချုပ်နိုင်ခဲ့ကြပေ။ အမှားအမှန်များအား ဘေးဖယ်ထားလိုက်ပါက ယခုအချိန်တွင် လုချူးကျန်သည် လူတိုင်းအတွက် အချိန်ရစေရန် ကိုယ့်ကိုယ်ကိုယ် မီးရှို့အနစ်နာခံနေသည်မှာ သိသာထင်ရှားလှသည်။

တစ်ချိန်တည်းမှာပင် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ လုချူကျန်း၏ ပုံရိပ်သည် ကောင်းကင်အထက်သို့ ပျံတက်သွားပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်တော့မည့် အမည်းရောင် တိမ်တိုက်ကြီးများနှင့် မျက်နှာချင်းဆိုင် တိုက်မိသွားသည်။ ကာကွယ်ရေး ရွှေရောင်အလင်းတန်းသည် တောက်ပစွာ ပေါက်ကွဲထွက်လာပြီး မိုင်တစ်ရာပတ်လည်အတွင်းရှိ အမည်းရောင် တိမ်တိုက်များကို အပြောင်ရှင်းပစ်သည်။

ဤမြင်ကွင်းအား ကြည့်နေသော လူအများအပြားမှာ အောင်ပွဲရပြီဟု ထင်မှတ်ကာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

သို့သော် ထိုအချိန်လေးမှာပင် အေးစက်သော နှာမှုတ်သံတစ်ခုကို ကြားလိုက်ရသည်။

"ငတုံးမ၊ ငါတို့ ရက်စက်ကြမ်းကြုတ်သော တစ္ဆေလမ်းစဉ်ရဲ့ ခြေလှမ်းတွေကို တားဆီးရဲတယ်ဆိုတော့ တကယ် သေချင်နေတာပဲ"

သူ့ စကားသံ ဆုံးသွားသည်နှင့်တပြိုင်နက် ခန္ဓာကိုယ်တစ်ဝက်မှာ အရိုးစု ဖြစ်နေသော နတ်ဆိုးတစ္ဆေတစ်ကောင် လူတိုင်း၏ရှေ့တွင် ပေါ်ထွက်လာသည်။ ထိုအချိန်တွင် ရွှေရောင်အလင်းတန်းများမှာ လူစုကွဲသွားပြီဖြစ်ပြီး လုချူးကျန်သည် အလွန်တရာ ဖြူရော်နေကာ ချွေးများကဆံပင်များအား စိုရွှဲနေပြီး မေးစေ့မှတစ်ဆင့် စီးကျနေလျက် ကောင်းကင်ယံတွင် ရပ်နေ၏။

ဤသည်မှာ အင်အားလွန်ကဲစွာ အသုံးပြုထားမှုနှင့် သူမ၏ ကျင့်ကြံခြင်းစွမ်းအင်များ ပြိုကျတော့မည့် လက္ခဏာပင် ဖြစ်သည်။ ထိုနတ်ဆိုးတစ္ဆေ ပေါ်ထွက်လာမှုက ဝမ်းသာအားရ အော်ဟစ်နေကြသော လူအုပ်ကြီးမှာ ချက်ချင်း တိတ်ဆိတ်သွားစေခဲ့သည်။ နတ်ဆိုးတစ္ဆေမှာ လုချူးကျန်အား တစ်ခဏမျှ အေးစက်စွာ အကဲခတ်ကြည့်လိုက်ပြီးနောက် ပုံမှန်ဖြစ်နေပြီး အတော်လေး ရုပ်ရည်သန့်ပြန့်နေသော ကျန်မျက်နှာတစ်ဝက်ပေါ်တွင် ရက်စက်ကြမ်းကြုတ်ပြီး အေးစက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

"ငါ့ရဲ့ အမည်းရောင် တိမ်တိုက်တွေကို ဖျက်ဆီးနိုင်တာ တကယ်ကို အထင်ကြီးစရာပဲ၊ ဒါကြောင့် အခု နင် ငါ့ဆီမှာ အညံ့ခံမယ်ဆိုရင် အတိတ်က ကိစ္စတွေကို မေ့ထားပေးဖို့ ငါ စဉ်းစားပေးမယ်"

ဤစကားများကို ကြားသောအခါ လူအများအပြား၏ နှလုံးသားများ တင်းကျပ်စွာ ဆုပ်ကိုင်ခံလိုက်ရသလို ခံစားသွားရသည်။ အဘယ်ကြောင့်ဆိုသော် လုချူးကျန်းမည်သို့ ရွေးချယ်မည်အား မည်သူမျှ မသိသောကြောင့်ဖြစ်သည်။ လုချူးကျန်သည် လူအုပ်ကြီး၏ အကြည့်များအောက်တွင် တဖြည်းဖြည်း တည်ငြိမ်မှုအား ပြန်လည်ရယူလိုက်ပြီး အဝေးရှိ နတ်ဆိုးတစ္ဆေအား မော့ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

"ဒီလောကကနေ ထွက်သွား၊ မဟုတ်ရင်... သေရမယ်"

ဤစကားကြောင့် နတ်ဆိုးတစ္ဆေ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။

"ကောင်းပြီလေ၊ နင်ကိုယ်တိုင်က သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့"

ထိုသို့ပြောပြီးနောက် နတ်ဆိုးတစ္ဆေသည် ရုတ်တရက် ရှေ့သို့ ခုန်ဝင်သွားကာ လုချူးကျန်၏ အနီးသို့ ကပ်လာပြီး လက်သီးဖြင့် တစ်ချက် ထိုးချလိုက်သည်။ လုချူးကျန်၏ ပတ်ဝန်းကျင်တွင် ကာကွယ်ရေး ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး လက်သီးချက်ကို ခုခံရန် ကြိုးစားလိုက်သော်လည်း သူမ၏ အကောင်းဆုံး အခြေအနေတွင်ပင် ဤနတ်ဆိုးတစ္ဆေ၏ ပြိုင်ဘက်မဟုတ်ခဲ့ရာ ယခုအချိန်တွင်တော့ ပို၍ပင် မဖြစ်နိုင်တော့ချေ။

ထိုလက်သီးချက်ကြောင့် လုချူးကျန်သည် ပေရာချီ အဝေးသို့ လွင့်ထွက်သွားပြီးနောက် သွေးလတ်လတ်ဆတ်ဆတ် တစ်ပွက် အန်ထုတ်လိုက်ရသည်။ လူအများလည်း အော်လိုက်ကြသည်။

"စီနီယာအစ်မလု"

"အစ်မကြီး"

ဤအော်ဟစ်သံများသည် ကောင်းကင်ယံကို ဖောက်ထွင်းသွားပြီး လုချူးကျန်မှာ သူမ၏ နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်ဖယ်လိုက်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် အေးစက်စွာ အော်ပြောသည်။

"ဒီနယ်မြေကနေ ထွက်သွားစမ်း"

နတ်ဆိုးတစ္ဆေသည် ဒေါသတကြီးသွားသည်။

"သေလိုက်စမ်း"

ထိုသို့ပြောပြီးနောက် ရှေ့သို့ ထပ်မံပြေးဝင်ကာ လက်သီးဖြင့် ထိုးချလိုက်ပြန်သည်။ လုချူးကျန်သည် ဒုတိယအကြိမ်မြောက် လွင့်ထွက်သွားပြီး ဤတစ်ကြိမ်တွင် သွေးများသာမက ကြေမွသွားသော ကလီစာ အပိုင်းအစများကိုပါ အန်ထုတ်လိုက်ရသည်။ သို့သော် သူမသည် ခြေတစ်လှမ်းမျှ နောက်မဆုတ်ခဲ့ဘဲ နတ်ဆိုးတစ္ဆေအား အေးစက်စွာ စိုက်ကြည့်လာသည်။

"ဒီ-နယ်-မြေ-က-နေ ထွက်-သွား-စမ်း"

လူအများအပြားမှာ ငိုကြွေးခြင်းအား မထိန်းချုပ်နိုင်တော့ချေ။ အတိတ်က အမှားအမှန်များကို ဂရုမစိုက်တော့ဘဲ ယခု လက်ရှိ လုချူးကျန်သည် အရာအားလုံးအတွက် သူမ၏ အသက်နှင့် ရင်းကာ ပေးဆပ်ထားသည်။ နတ်ဆိုးတစ္ဆေသည် ဒေါသထွက်သွားပြီး အော်ဟစ်မာန်ဖီနေသည်။ အမှန်တကယ်တွင် သူသည်လည်း သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏အမြင်တွင် ဤအမျိုးသမီးသည် သူမ၏ အင်အားကုန်ခမ်းလုနီးပါးဖြစ်နေသည်မှာ သိသာထင်ရှားပြီး သူ၏လက်သီးချက် နှစ်ချက်အားခံရပြီးနောက် ပြင်းထန်စွာ ဒဏ်ရာရသွားလောက်သည်။

ဒါဆို သူမက ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေသေးတာလဲ၊ ဘာလို့ မောက်မာနေရတာလဲ...

ရက်စက်ကြမ်းကြုတ်သော တစ္ဆေလမ်းစဉ်တွင် လှည့်စားမှုများနှင့် ကောက်ကျစ်စဉ်းလဲမှုများဖြင့် အသက်ရှင်နေထိုင်ခဲ့ရသော သူတို့အဖို့ ဤအရာသည် လုံးဝ နားမလည်နိုင်သောအရာဖြစ်သည်။ သို့သော် နားလည်မှုလွဲမှားခြင်းကို ဘေးဖယ်ထားလိုက်ပါက သူ၏ သတ်ဖြတ်လိုသည့်စိတ်ကို အနှောင့်အယှက် မပေးနိုင်ပေ။

"ငရဲကို သွားလိုက်တော့"

နတ်ဆိုးတစ္ဆေသည် နောက်တစ်ကြိမ် ပြေးဝင်သွားပြီး ဤတစ်ကြိမ်တွင် သူ၏ လက်သီးထဲ၌ မရေမတွက်နိုင်သော အမည်းရောင် အလင်းပွင့်များ ပါဝင်နေပုံရကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ထိုးချလိုက်သည်။

"ဟင့်အင်း"

လူအများအပြားက အော်ဟစ်ကြသည်။

"အစ်မလု... ပြေးတော့၊ အဲဒီလက်သီးချက်ကို အစ်မခံနိုင်မှာ မဟုတ်ဘူး"

အခြားတစ်ယောက်က ငိုသံပါကြီးဖြင့် အော်ပြောလာသည်။ သို့သော် ထိုကဲ့သို့သော လက်သီးချက်ကို ရင်ဆိုင်ရချိန်တွင် လုချူးကျန်သည် လက်မတစ်ဝက်မျှပင် နောက်မဆုတ်ခဲ့ဘဲ အသက်ပြင်းပြင်း တစ်ချက်ရှူကာ သူမ၏ ကျင့်ကြံခြင်းစွမ်းအင် အားလုံးကို မီးတောက်စေလိုက်ပြီး တိုက်ခိုက်မှုကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရန် ရှေ့သို့ခြေတစ်လှမ်း လှမ်းလာသည်။

မိုးကြိုးပစ်သံပစ်သည့်အလား ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာပြီး လုချူးကျန်၏ ပတ်ဝန်းကျင်ရှိ ကာကွယ်ရေး ရွှေရောင်အလင်းတန်းသည် ကြေမွပျက်စီးသွားကာ လက်သီးချက်၏ အရှိန်အဟုန်ကြောင့် သူမလည်း နောက်သို့ လွင့်ထွက်သွားပြီး လမ်းတစ်လျှောက်တွင် သွေးများ အန်ထုတ်ခဲ့ရသည်။ စောင့်ကြည့်နေသူ အများအပြားမှာ ဤမြင်ကွင်းကြောင့် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ နတ်ဆိုးတစ္ဆေသည် အောင်ပွဲခံဟန်ဖြင့် ရယ်မောလာတော့သည်။

သူ၏ ရယ်မောသံများကြားတွင် လုချူးကျန်သည် အဆုံးတွင် သူမ၏ အရှိန်ကို ရပ်တန့်နိုင်ခဲ့သည်။ သို့သော် ဤအချိန်တွင် သူမ၏မျက်နှာမှာ စက္ကူတစ်ရွက်ကဲ့သို့ ဖြူရော်နေပြီး မျက်လုံးများ မှိုင်းရီနေကာ ပါးစပ်နှင့် နှာခေါင်းတို့မှ အနီရင့်ရောင် သွေးများ စီးကျနေ၏။ ဤအရာအားလုံးက သူမသည် အမှန်တကယ်ပင် သူမ၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြသနေသည်။

ဤအချိန်တွင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ အတွင်းရှိ လူအများအပြားမှာ ဖြေဆည်မရအောင် ရှိုက်ငိုနေကြသည်။ သို့သော် လုချူးကျန်သည် ဤအရာအားလုံးအား သတိမထားမိသကဲ့သို့ သူမ၏လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး လက်ကောက်အဖြစ် ပြောင်းလဲထားသော အဖြူရောင် ဝိညာဉ်ခွဲဖြာ မီးအိမ်နှစ်လုံးကို ကြည့်ကာ ညင်သာစွာ ပြုံးလိုက်သည်။

"ယွီဟယ်... အဲဒီတုန်းက ငါ့မှာလည်း တကယ်ပဲ အခက်အခဲတွေ ရှိခဲ့ပါတယ်၊ အဲဒီနေ့က ငါ့ရဲ့ အပြစ်တွေအတွက် ငါ သေပေးသင့်ပေမယ့် ငါက အပြစ်တွေကို ရွေးနှုတ်ချင်ခဲ့တာ၊ ပြီးတော့ ဒီနေ့ ငါ နောက်ဆုံးတော့ ဒီအခွင့်အရေးကို ရခဲ့ပြီ၊ ဒါကြောင့် ယွီဟယ်... နင် အရမ်းအဝေးကြီးကို မသွားနဲ့ဦးနော်၊ ငါ့ကို စောင့်နေပါ၊ ငါ နင့်ကို လာရှာမယ်"

ထိုသို့ပြောပြီးနောက် လုချူးကျန်သည် လက်ကောက်လေးအား ညင်သာစွာ နမ်းလိုက်ပြီး ခေါင်းမော့ကာ ရယ်မောနေဆဲဖြစ်သော နတ်ဆိုးတစ္ဆေအား ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဒီ-နယ်-‌မြေ-က-နေ ထွက်-သွား-စမ်း"

နတ်ဆိုးတစ္ဆေ လန့်ဖျပ်သွားသည်။ တစ်ချိန်တည်းမှာပင် လုချူးကျန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တောက်ပသော ရွှေရောင်အလင်းတန်းများဖြင့် တဖျပ်ဖျပ်တောက်ပလာပြီး ဆူပွက်နေသော မီးတောက်များကဲ့သို့ဖြစ်လာကာ ရင်ဆိုင်ရန် အထက်သို့ ပျံတက်သွားသည်။ နတ်ဆိုးတစ္ဆေသည် တုန်ယင်သွားပြီး သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ပေါ်လာကာ ပြောလာသည်။

"မင်း ရူးနေပြီလား"

ထိုသို့ပြောပြီးနောက် သူ၏ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ လုချူးကျန်သည် အလွန်ဝေးကွာသော နေရာသို့ လွင့်ထွက်သွားသည်။ ရွှေရောင်ဆေးမီးဖိုရိပ်မြုံ အတွင်းရှိ လူအများအပြားသည် သူတို့၏ ခေါင်းများကို တစ်ဖက်သို့လှည့်သွားကြပြီး ဆက်ကြည့်ရန် သတ္တိမရှိကြတော့ချေ။

သို့သော် နတ်ဆိုးတစ္ဆေသည် သူ၏ နောက်ထပ် လှုပ်ရှားမှုကို ပြုလုပ်ရန် ပြင်လိုက်ချိန်တွင် သူ၏ ခြေထောက်ပေါ်တွင် ရုတ်တရက် အလေးချိန်တစ်ခုကို ခံစားလိုက်ရပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ လုချူးကျန်သည် သူ မသိလိုက်ဘဲ ခြေထောက်တစ်ဖက်အား လက်နှစ်ဖက်ဖြင့် ဖက်ထားပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။ နတ်ဆိုးတစ္ဆေ အံ့အားသင့်သွားသည်။ သို့သော် လုချူးကျန်၏ မျက်နှာပေါ်တွင်မူ စိတ်သက်သာရာရသွားသော အမူအရာတစ်ခု ပေါ်လာသည်။

"ငရဲကို သွားလိုက်တော့"

ထိုစကားနှင့်အတူ လုချူးကျန်၏ ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းသည် ရုတ်တရက် ပိုမိုတောက်ပလာပြီးနောက် ပေါက်ကွဲထွက်သွားတော့သည်။ ကောင်းကင်ယံအထက်တွင် မီးရှူးမီးပန်းများ ဖောက်လွှတ်လိုက်သကဲ့သို့ ပေါက်ကွဲသွားကာ ဧရာမ ရွှေရောင်အလင်းတန်းကြီးသည် မိုင်ထောင်ချီအထိ လွှမ်းခြုံသွားပြီး ထိုဧရိယာအတွင်းရှိ အမည်းရောင် တိမ်တိုက်များအား ရှင်းလင်းဖယ်ရှားပစ်လိုက်တော့သည်။

---

All Chapters