အခန်း (၅၂၇-၅၂၈)
Vol. 36 Ch. 527-528
အခန်း ၅၂၇ - ဆေးဖော်စပ်ခြင်း ပြိုင်ပွဲ
"ငါတို့ ပြိုင်ကြမလား။ မင်းနဲ့ ငါနဲ့”
တိတ်ဆိတ်သွားသည်။
ထိုစကားလုံးများက ဟိန်းထွက်သွား၏။
ခဏတာမျှ...
မည်သူမျှ တုံ့ပြန်ခြင်း မရှိကြပေ။
သူတို့ ကြားလိုက်ရသည်မှာ မမှားတန်ရာဟု ထင်နေကြသည့်အလားပင်
ထို့နောက် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
"ပြိုင်ပွဲ ဟုတ်လား? မူလင်းယွဲ့နဲ့လား?”
"သူ အတည်ပြောနေတာလား?”
"တစ်ပြည်လုံး အတိုင်းအတာနဲ့တောင် သူ့မျိုးဆက်ထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိတာကို သူ မသိဘူးလား?"
"သူက လက်ရှိ ဆေးဘုရင်ထက်တောင် ပါရမီ ပိုပါသေးတာ၊ အဲဒါကို ပိုင်ကျီဟန်က သူ့ကို စိန်ခေါ်ရဲတယ်ပေါ့လေ?”
စောစောက ရယ်သံကို အောင့်ထားကြသူများပင် ယခုမူ မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။
အံ့အားသင့်မှု
မယုံကြည်နိုင်မှု
မူယွဲ့လန်၏ မျက်လုံးများပင် အနည်းငယ် ဝိုင်းစက်သွားရသည်။
သူမ ဒါကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။
တကယ်တော့ ၎င်းသည် တုံးအလွန်းသော ဆုံးဖြတ်ချက်ပင်။
ပါရမီမရှိဘဲ အခြေခံဆေးလုံးလေးတောင် မဖော်စပ်နိုင်သည့် ပိုင်ကျီဟန်လို လူမျိုးက...
ထောင်စုနှစ်တစ်ခုတွင် တစ်ယောက်သာ ပေါ်ထွန်းသည့် မူလင်းယွဲ့လို ပါရမီရှင်ကို စိန်ခေါ်သည်မှာ
လူအပင် ဒီလောက်တုံးသည့် ဆုံးဖြတ်ချက်မျိုးကို ချမှာ မဟုတ်ပေ
မူလင်းယွဲ့က မျက်တောင် တစ်ခါ ခတ်လိုက်သည်။
ထို့နောက် နှစ်ခါ...
ထို့နောက် သူမ တစ်ဖန် ထပ်မံ ရယ်မောလိုက်ပြန်သည်။
"နင်က... ငါနဲ့ ပြိုင်ချင်တယ် ဟုတ်လား?"
သူမ ကိုယ့်ကိုကိုယ် ပြန်လက်ညှိုးထိုးပြသည်။
အတည်ပြုသည့်အလား။
ထို့နောက် သူမကို ခေါင်းငြိမ့်ပြနေသည့် သူ့ကို ပြန်ကြည့်လိုက်သည်။
သူမ၏ နှုတ်ခမ်းများက ဖြည်းဖြည်းချင်း ကွေးညွှတ်သွား၏။
"မောင်လေး..."
သူမ၏ အသံက နိမ့်ဆင်းသွားသည်။
"နင် ဘာတွေ ပြောနေလဲဆိုတာကိုရော သိရဲ့လား?"
သူမ၏ လေသံက လှောင်ပြောင်သည့် လေသံ မဟုတ်တော့ပေ။
သနားစရာ ကောင်းနေသလိုပင်။
အခြေခံအဆင့် လူသစ်တစ်ယောက်က...
သူမကို စိန်ခေါ်နေတာလား?
ဆေးဖော်စပ်ခြင်း ပညာရပ်မှာပင်
၎င်းက မာနကြီးတာ မဟုတ်ပေ။
တုံးအတာပင်
ပိုင်ကျီဟန်က ချက်ချင်း ပြန်မဖြေခဲ့ပေ။
သူက သူမကို စိုက်ကြည့်နေရုံသာ။
"မင်း ဆေးတစ်လုံးကို ဖော်စပ်နိုင်သရွေ့..."
သူက အေးအေးဆေးဆေး ပြောလိုက်သည်။
"...ငါက အဲဒါထက် ပိုကောင်းအောင် ဖော်စပ်နိုင်တယ်"
ထိုစကားထဲတွင် ပါဝင်သော မာနသည် အကြွင်းမဲ့ပင်။
ခန်းမကြီးတစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။
ဆေးဖိုများအောက်ရှိ မီးတောက်များ၏ တဖျစ်ဖျစ် မြည်သံပင် မှေးမှိန်သွားသလို ခံစားရသည်
မူလင်းယွဲ့က သူ့ကို အတန်ကြာအောင် စိုက်ကြည့်နေ၏
ထို့နောက် သူမ၏ အပြုံးများက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ဒေါသကြောင့် မဟုတ်ပေ
ပို၍ တည်ကြည်လေးနက်သွားခြင်း ဖြစ်သည်။
"နင် ရပ်လိုက်သင့်ပြီ။"
သူမ၏ အသံက ပို၍ တည်ငြိမ်သွားသည်။
"ဒါက နောက်ပြောင်ရမယ့် ကိစ္စ မဟုတ်ဘူး။"
သူမ၏ အကြည့်က သူ့အကြည့်နှင့် ဆုံနေဆဲသာ
"ဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး။"
ခဏမျှ တိတ်သွားပြီးနောက်...
"နင် ဒီနေ့ ပြောခဲ့တာတွေက လုံလောက်နေပြီ။"
သူမ၏ လေသံက အနည်းငယ် ပျော့ပြောင်းသွားသည်။
"ဒီလောက်နဲ့ပဲ တော်လိုက်တော့။"
ထိုတစ်ကြိမ်တွင် သူမသည် သူ့ကို အရှက်ခွဲရန် ကြိုးစားနေခြင်း မဟုတ်ပေ။
သူ့အတွက် ဆင်းသက်ရန် လမ်းကြောင်းတစ်ခု ပေးနေခြင်း ဖြစ်သည်။
ထိုပြိုင်ပွဲကနေ မည်သည့်အကျိုးအမြတ်မှ ရှိမှာ မဟုတ်ပေ
ဆေးဖော်စပ်ခြင်း ပညာရပ်တွင် ပိုင်ကျီဟန်ကို အနိုင်ရသည်က
သူမ နိုင်မှာကတော့ သေချာပေါက်ပင်။
သံသယဖြစ်စရာ မလိုပေ
သို့တိုင် ၎င်းက ဘာကို သက်သေပြမည်နည်း?
အခြေခံ ဆေးလုံးတောင် မဖော်စပ်နိုင်သူကို သူမ အနိုင်ယူလိုက်သည်လား?
၎င်းသည် ဂုဏ်ယူစရာ မဟုတ်ပေ။
အချိန်ကုန်တာပဲ ရှိမည်သာ။
ပိုဆိုးတာက ပိုင်ကျီဟန်အတွက် မျက်နှာပျက်စရာ ဖြစ်သွားလိမ့်မည်။
၎င်းကို ပိုင်မျိုးနွယ်စုရော၊ မူယွဲ့လန်ပါ နှစ်သက်ကြမှာ မဟုတ်ပေ
ထို့ကြောင့် ၎င်းသည် သူမ၏ နောက်ဆုံးသော ကရုဏာပင်။
"ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာကို သိစမ်းပါ။"
သူမက တိုးတိုးလေး ပြောလိုက်သည်။
သို့သော် ပိုင်ကျီဟန်က သူမကို ကြည့်ရုံသာ ကြည့်နေခဲ့၏။
"ကြောက်နေတာလား?"
ရိုးရှင်းသော စကားလုံး သုံးလုံး။
လေထုက ချက်ချင်း ပေါက်ကွဲသွားတော့သည်။
မူလင်းယွဲ့၏ မျက်လုံးများ ချက်ချင်း စူးရှသွား၏။
"နင် ဘာပြောလိုက်တာလဲ?"
ပိုင်ကျီဟန်၏ အမူအရာက မပြောင်းလဲပေ။
"မူမျိုးနွယ်စုရဲ့ ပါရမီရှင်ဆိုသူက ရိုးရှင်းတဲ့ ပြိုင်ပွဲတစ်ခုကို ရှောင်လွှဲလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။"
သူ့လေသံက ပေါ့ပါးနေသည်။
ဂရုမစိုက်သလိုပင်။
"ဒါပေမဲ့ မင်းကို အထင်ကြီးမိသွားပုံရတယ်"
လူအများ၏ အံ့အားသင့် ရှိုက်သံများ ထွက်ပေါ်လာသည်။
မူလင်းယွဲ့က သူ့ကို စိုက်ကြည့်နေသည်။
အချိန်အတော်ကြာအောင် သူမ ဘာမှ မပြောခဲ့ပေ။
ထို့နောက် သူမ ရယ်မောလိုက်သည်။
"ကြောက်တယ် ဟုတ်လား?"
သူမက အသံတိုးတိုးဖြင့် ထပ်ပြောသည်။
သူမ၏ စွမ်းအင်လှိုင်းများက အနည်းငယ် လှုပ်ခတ်လာ၏။
"နင် တကယ်ပဲ နင်ကိုနင် ဘယ်သူလဲဆိုတာကို မသိသေးတာပဲ။"
နောက်ဆုံး ကျန်ရှိနေသော သည်းခံမှုများ ပျောက်ကွယ်သွားသည်။
"ကောင်းပြီ”
စကားလုံး တစ်လုံးတည်းသာ။
သို့သော် အရာအားလုံးကို ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
"နင်က ပြိုင်ချင်တာလား?" သူမ ရှေ့ကို တိုးလိုက်သည်။
သူမ၏ မျက်လုံးများက သူ့မျက်လုံးများကို စိုက်ကြည့်နေ၏။
"ငါ ပြိုင်ပေးမယ်။"
ခဏမျှ တိတ်သွားပြီးမှ... "ဒါပေမဲ့ နောက်မှ နောင်တမရနဲ့”
ပိုင်ကျီဟန်က အနည်းငယ် ပြုံးလိုက်သည်။
"အဲဒါ ငါ ပြောရမယ့် စကားပါ”
မူယွဲ့လန်က သူတို့ နှစ်ယောက်ကို ကြည့်နေသည်။
ခေါင်းကိုက်စပြုလာပြီ ဖြစ်သည်။
(ဒီနှစ်ယောက်ကတော့...)
သူမ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
အခုချိန်မှာတော့ တားဆီးလို့ မရနိုင်တော့ပြီ။
"တော်ကြတော့”
သူမ၏ အသံက ပြတ်သားစွာ ထွက်ပေါ်လာသည်။
"နင်တို့ ပြိုင်ကြမယ်ဆိုရင်လည်း စနစ်တကျ ပြိုင်ကြ။"
ပိုင်ကျီဟန်သာ အရှက်ကွဲအောင် ရှုံးနိမ့်သွားပါက သူ လက်လျှော့သွားလိမ့်မည်ဟု သူမ စိတ်ထဲက တွေးနေမိသည်။
နှစ်ယောက်လုံး သူမဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
မူယွဲ့လန်၏ အကြည့်က ခန်းမတစ်ခုလုံးကို ဝေ့ဝဲသွားသည်။
ထို့နောက် သူမ စကားပြောလိုက်သည်။
"ဘယ်လို ပြိုင်ချင်သလဲ?"
သူမ၏ လေသံက ခံစားချက်မပါဘဲ ပုံမှန်အတိုင်းပင်။
ပိုင်ကျီဟန်က တွေဝေခြင်းမရှိဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဘယ်သူက ပိုအဆင့်မြင့်တဲ့ ဆေးလုံးကို ဖော်စပ်နိုင်သလဲ ဆိုတာနဲ့ အနိုင်အရှုံး ဆုံးဖြတ်မယ်။"
ရိုးရှင်းပြီး တိုက်ရိုက်ကျသော နည်းလမ်းပင်။
မူယွဲ့လန်က အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။
သူမက မူလင်းယွဲ့ဘက်သို့ လှည့်ကြည့်လိုက်၏။
"မင်းရော? ဒီအချက်ကို သဘောတူရဲ့လား?"
မူလင်းယွဲ့က နှစ်ခါ စဉ်းစားမနေခဲ့ပေ။
"ကျွန်မမှာ ပြဿနာ မရှိပါဘူး။"
သူမ၏ အသံက တည်ငြိမ်ပြီး ယုံကြည်ချက် အပြည့်ရှိနေသည်။
တကယ်တော့ သူမအမြင်တွင် ရလဒ်က ဆုံးဖြတ်ပြီးသား ဖြစ်နေသည် မဟုတ်ပါလော
ခန်းမထဲရှိ လေထုက လုံးဝ ပြောင်းလဲသွားတော့သည်။
၎င်းသည် ရိုးရိုး စကားအခြေအတင် ဖြစ်နေခြင်း မဟုတ်တော့ပေ
တကယ့် လက်တွေ့ ပြိုင်ပွဲတစ်ခု ဖြစ်သွားပြီ ဖြစ်သည်။
တပည့်များက ချက်ချင်း နောက်ဆုတ်ပေးကြပြီး နေရာလွတ် တစ်ခု ပြုလုပ်ပေးကြသည်။
ဆေးဖို နှစ်လုံးကို ပြင်ဆင်လိုက်သည်။
ပိုင်ကျီဟန်က ရှေ့သို့ တိုးလာသည်။
ဆေးဖိုတစ်ခု၏ ရှေ့တွင် ရပ်လိုက်၏။
သူ့အကြည့်က ထိုဆေးဖိုပေါ်တွင် ခဏမျှ ရပ်တန့်နေသည်။
ထို့နောက် ဆေးဖက်ဝင် အပင်များ ထားရှိရာ စင်များဘက်သို့ လှည့်လိုက်သည်။
ဆေးပင်များ၊ အမြစ်များနှင့် ဝိညာဉ်ရေးရာ ပစ္စည်းများစွာ စီရီလျက် ရှိနေသည်။သို့သော် ဤနေရာသည် အဆင့်-၃ ဆေးဖော်
စပ်သူများအတွက် ခန်းမ ဖြစ်သောကြောင့်...
ဤနေရာရှိ ပစ္စည်းများအားလုံးသည် အဆင့်-၃ ဆေးလုံးများအတွက်သာ သင့်တော်သော ပစ္စည်းများ ဖြစ်ကြသည်။
ပိုင်ကျီဟန်က လက်ကို ဆန့်ထုတ်လိုက်သည်။
ဆေးပင် အနည်းငယ်ကို ပေါ့ပေါ့ပါးပါးပင် ရွေးချယ်လိုက်သည်။
ထို့နောက် နောက်ထပ် တစ်ခု...
ပြီးတော့ နောက်ထပ် တစ်ခု...
အခြားတစ်ဖက်တွင် မူလင်းယွဲ့သည်လည်း သူမအတွက် လိုအပ်သော ပစ္စည်းများကို စတင်ရွေးချယ်နေပြီ ဖြစ်သည်။
သူမ၏ လှုပ်ရှားမှုများက ချောမွေ့ပြီး တိကျလှသည်။
ဘေးပတ်ဝန်းကျင်ရှိ တပည့်များက တိုးတိုးတိတ်တိတ် စပြောကြတော့သည်။
"စီနီယာ မူလင်းယွဲ့ ဘာတွေ ရွေးနေတာလဲ?"
"အဲဒါ... အဲဒါက—"
တစ်ယောက်က မျက်လုံးပြူးသွားသည်။
"တိမ်မြူမြက်... ကြက်သွေးရောင် ဝိညာဉ်မြစ်... ပြီးတော့ အဲဒါက..."
"ယင်သုံးပါးပန်းပွင့်”
လူအုပ်ထဲတွင် စကားသံများ ပျံ့နှံ့သွားသည်။
"သူက အဲဒီဆေးကို ဖော်စပ်မလို့လား?”
"မဖြစ်နိုင်တာ... အဲဒါက အဆင့်-၃ ဆေးလုံးတွေထဲမှာ ဖော်စပ်ရ အခက်ဆုံး ဆေးလုံးတွေထဲက တစ်ခုပဲ”
"အဆင့်-၃ ရဲ့ အထူးအဆင့်... ကောင်းကင်သွေးကြော သန့်စင်ဆေးလုံးပဲ”
သူတို့ အသံထဲတွင် တုန်လှုပ်မှုများ ပြည့်နှံ့နေသည်။
ထိုဆေးလုံးသည် ဖော်စပ်ရ ခက်ခဲလွန်းလှသဖြင့် နာမည်ကြီးသည်။
အဆင့်-၃ ဆေးလုံးများထဲတွင်ပင် ထိပ်ဆုံး၌ ရှိနေသည်။
ရှုံးနိမ့်နိုင်ခြေ အလွန်မြင့်မားပြီး အလွန်အမင်း တိကျသော ထိန်းချုပ်မှု လိုအပ်သည်။
အာနိသင်ကလည်း ထူးကဲလှသည်။
သူမ ၎င်းကို စမ်းသပ်နေခြင်းကအဓိပ္ပာယ် တစ်ခုပဲ ရှိသည်။
သူမသည် ၎င်းကို တစ်ကွက်တည်းနဲ့ အဆုံးသတ်ချင်နေတာပင်
ထိုအတောအတွင်း လူတိုင်း၏ အကြည့်က ပိုင်ကျီဟန်ဘက်သို့ ဖြည်းဖြည်းချင်း ရောက်ရှိသွားသည်။
ထို့နောက် ဇဝေဇဝါ ဖြစ်မှုများ ပျံ့နှံ့သွား၏။
"သူ ဘာတွေ ရွေးနေတာလဲ?"
"အဲဒီ ပစ္စည်းတွေ ပေါင်းစပ်ပုံက အဓိပ္ပာယ် မရှိဘူး။"
"နေပါဦး... အဲဒါက ဆေးဖော်စပ်ဖို့ ပစ္စည်းတွေမှ ဟုတ်ရဲ့လား?"
"အဲဒီ ပါဝင်ပစ္စည်းတွေနဲ့ လုပ်တဲ့ ဆေးဖော်နည်းမျိုး ငါ တစ်ခါမှ မကြားဖူးဘူး..."
တီးတိုးသံများက ပိုကျယ်လာသည်။
အဘယ်ကြောင့်ဆိုသော် မူလင်းယွဲ့နှင့် မတူဘဲ ပိုင်ကျီဟန် ရွေးချယ်ပုံသည် ကျပန်းဆန်နေသောကြောင့် ဖြစ်သည်။
ဒီဘက်က ဆေးပင် တစ်ပင်...
ဟိုဘက်က နောက်ထပ် တစ်ပင်...
သူ ဘာကို ရွေးနေမှန်းတောင် သူကိုယ်တိုင် သိပုံမရသလိုပင်။
ထို့နောက် တစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။
"အဲဒီ အပင်တွေက ဘာတွေလဲဆိုတာရော သူ သိရဲ့လား?"
တိတ်ဆိတ်သွားသည်။
ထို့နောက် ခပ်အုပ်အုပ် ရယ်သံ အချို့ ထွက်ပေါ်လာသည်။
"ဒါပဲ ဖြစ်ရမယ်..."
"သူကတော့ ကျပန်းတွေ လျှောက်ရွေးနေတာပဲ။"
"သူက ဆေးပင်တွေကိုတောင် ခွဲခြားနိုင်ပုံ မရဘူး”
"ကြည့်ရတာ သူက ဒီကို တကယ်ပဲ အရှက်လာခွဲခံတာပဲ။"
မူလင်းယွဲ့ကလည်း သတိပြုမိသည်။
သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။
ခဏတာမျှ သူမ တစ်ခုခု လွဲချော်နေသလားဟု တွေးမိလိုက်သေးသည်။
သို့တိုင် မည်မျှပင်ကြည့်ကြည့်... ဘာမှ မရှိပေ။
သူမ၏ နှုတ်ခမ်းများက အနည်းငယ် ကွေးသွားသည်။
(ဒါက နင်ရဲ့ ယုံကြည်ချက်လား?)
သူမ၏ မျက်လုံးထဲတွင် စိတ်ပျက်ရိပ်များ ဖြတ်ပြေးသွားသည်။
သူမ ထင်ထားခဲ့တာက
အနည်းဆုံးတော့
တစ်ခုခု ရှိလိမ့်မည့်သာ
မထင်မှတ်ထားသော တစ်ခုခု။
ဒါပေမဲ့ ဒါကလား?
ဒါသည် အလေးအနက် ထည့်စဉ်းစားဖို့တောင် မတန်ပေ
သို့သော် ပိုင်ကျီဟန်ကတော့ လုံးဝ တည်ငြိမ်နေဆဲသာ
သူ့ပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် ပြောနေသည့်အရာတွေကို မကြားရသလိုပင်။
အဘယ်အရာကမှ အရေးမကြီးသလိုပင်။
အဘယ်ကြောင့်ဆိုသော် သူ ဖော်စပ်မည့်အရာသည် သူတို့ထဲက မည်သူမျှ ကြိုတင် မမြင်နိုင်သော အရာဖြစ်သောကြောင့်ပင်
၎င်းမှာ အဆင့်-၄ ဆေးလုံးပင် ဖြစ်တော့သည်
အခန်း ၅၂၈ - အဆင့်-၄ ဆေးလုံးကို ဖော်စပ်ခြင်း
ဤနေရာတွင် ရှိနေသော ဆေးဖက်ဝင် အပင်များသည် အဆင့်-၃ ဆေးလုံးများအတွက်သာ ရည်ရွယ်ထားသော်လည်း ထိုအချက်မှာ ကောင်းကင် အင်ပါယာနှင့် မူမျိုးနွယ်စုအတွင်း သိရှိထားသော ဆေးဖော်စပ်နည်းများအတွက်သာ အကျုံးဝင်ပါသည်။
သို့သော် ပိုင်ကျီဟန် ရရှိထားသော အသိပညာများထဲတွင်မူ ထူးခြားသော ဆေးဖော်နည်းတစ်ခု ရှိနေသည်။
၎င်းမှာ အဆင့်-၃ ပါဝင်ပစ္စည်းများကိုသာ အသုံးပြုပြီး
အဆင့်-၄ ဆေးလုံးတစ်လုံးကို ဖော်စပ်သည့် နည်းလမ်းပင်။
မှန်ပါသည်၊ ရလဒ်အနေဖြင့် အဆင့်-၄ အနိမ့်စားဆေးလုံးသာ ထွက်ပေါ်လာမည် ဖြစ်သော်လည်း
မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အဆင့်-၃ ဆေးလုံးအားလုံးထက် များစွာ သာလွန်နေဆဲဖြစ်သည်။
ထို့ကြောင့် သူ့အမြင်တွင်မူ
မူလင်းယွဲ့သည် အဆင့်-၃ ၏ အထွတ်အထိပ် ဆေးလုံးကို ဖော်စပ်နိုင်လျှင်ပင် သူ့ဆေးလုံးရှေ့၌ အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။
တဖြည်းဖြည်းနှင့် ခန်းမအတွင်းရှိ အာရုံစိုက်မှုများမှာ ပြောင်းလဲလာခဲ့သည်။
မူလင်းယွဲ့ထံသို့ မဟုတ်ဘဲ ပိုင်ကျီဟန်ထံသို့သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူမဘက်တွင် ကြည့်နေစရာ မလိုသောကြောင့်ပင်။
လူတိုင်းက သူမ၏ အဆင့်အတန်းကို သိကြသည်။
သူမ၏ ကျွမ်းကျင်မှုကို သိကြသည်။
သူမ အောင်မြင်မည်ဆိုသည်ကိုလည်း သိကြသည်။
ဘာမှ ရင်ခုန်စိတ်လှုပ်ရှားစရာ မရှိပေ။
သို့သော် ပိုင်ကျီဟန်မှာမူ...
ကွဲပြားသည်။
အချို့က စူးစမ်းစိတ်ဖြင့် ကြည့်နေကြ၏
အချို့ကမူ မသိမသာ လှောင်ပြောင်လိုသော အကြည့်များဖြင့် ကြည့်နေကြသည်။
မူမျိုးနွယ်စု၏ ပါရမီရှင်ကို စိန်ခေါ်ရလောက်အောင် သူ့မှာ ဘာယုံကြည်ချက်တွေ ရှိနေသနည်း?
သူ တကယ်ပဲ ဘာကို ဖော်စပ်ဖို့ ကြိုးစားနေသနည်း ? ဒါမှမဟုတ် အရှက်ပဲ လာခွဲခံသည်လား?
သူ့၏ ဆေးပင်ရွေးချယ်မှုကပင် သံသယများစွာ ဖြစ်ပေါ်စေခဲ့သည်။
ထို့ကြောင့် ယခုအခါ သူတို့ စောင့်ကြည့်ရုံသာ တတ်နိုင်တော့သည်။
အနည်းဆုံးတော့ သူတို့ တစ်ခုကို မြင်ချင်ကြသည်။
သူ တကယ်ရော စတင်နိုင်ပါ့မည်လား?
ဆေးဖိုကိုရော စနစ်တကျ အသုံးချနိုင်ပါ့မည်လား?
အကယ်၍ သူသည် အစောပိုင်း အဆင့်မှာတင် ကျရှုံးခဲ့မည်ဆိုပါက ဤ ပြိုင်ပွဲဟု ခေါ်သော အရာသည်လည်း ပြီးဆုံးသွားပေလိမ့်မည်။
ပိုင်ကျီဟန်သည် ဆေးဖိုရှေ့တွင် ရပ်နေသည်။
ထို့နောက် သူ လှုပ်ရှားလိုက်၏။
သူ့လက်ကို ဆေးဖိုပေါ်သို့ ခပ်ဖွဖွ တင်လိုက်
သည်။
အတွင်းအားများ စီးဆင်းသွား၏။
ဆေးဖိုအောက်ရှိ အစီအရင်များ လင်းထိန်လာသည်။
မီးတောက်များ ထလာ၏။
ပြင်းထန်လွန်းခြင်း မရှိချေ။
ရုန်းရင်းဆန်ခတ် ဖြစ်မနေပေ
ချောမွေ့စွာဖြင့်...
ပြီးပြည့်စုံစွာ ထိန်းချုပ်ထားသည်။
တပည့်အချို့မှာ သူ၏ ချီထိန်းချုပ်မှုကို မြင်ပြီး အံ့အားသင့်ကာ မျက်တောင်ခတ်လိုက်ကြသည်။
ဤအဆင့်သည် ငယ်ရွယ်သော ပိုင်ကျီဟန် မလုပ်ဆောင်နိုင်ခဲ့သည့် အဆင့်ဖြစ်သည်။
အကြောင်းရင်းတစ်ခုမှာ ပိုင်ရှင်းယွဲ့၏ တာအိုအရိုးကြောင့် ဖြစ်ပြီး နောက်တစ်ခုမှာ သူကိုယ်တိုင်တွင်လည်း ပါရမီ မရှိခြင်းကြောင့်ပင်။
ထို့ကြောင့် သူ၏ ချီထိန်းချုပ်မှုသည် ယခင်က ဖရိုဖရဲ ဖြစ်နေခဲ့သော်လည်း ယခုမူ ပြီးပြည့်စုံစွာ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။
ပိုင်ကျီဟန်၏ ကျင့်စဉ်အဆင့် သိသိသာသာ တိုးတက်လာသောကြောင့် ချီထိန်းချုပ်မှု တိုးတက်လာခြင်းမှာ ရှောင်လွှဲ၍မရသော အချက်ဟုသာ အခြားသူများက တွေးလိုက်ကြသည်။
သို့သော် ချီထိန်းချုပ်နိုင်ရုံမျှဖြင့် ဆေးဖော်စပ်သူတစ်ယောက် ဖြစ်ရန် မလုံလောက်သေးပေ။
ပိုင်ကျီဟန် ဆက်လက် လုပ်ဆောင်သည်။
သူသည် ပါဝင်ပစ္စည်းများကို စတင်ပြင်ဆင်တော့သည်။
ချေဖျက်ခြင်း
ခွဲထုတ်ခြင်း
အညစ်အကြေးများကို သန့်စင်ခြင်း
လောနေခြင်း မရှိပေ
ထိတ်လန့်ခြင်း မရှိ။
အမှားအယွင်း မရှိချေ။
အချိန်များ ကုန်ဆုံးသွားသည်။
တဖြည်းဖြည်းနှင့် တီးတိုးသံများ ပြောင်းလဲလာ၏။
"သူ အဆင်ပြေနေတာပဲလား?"
"လောလောဆယ်တော့... ဒီအဆင့်က အခြေခံပဲလေ။ ဘယ်သူမဆို လုပ်နိုင်တာပဲ။"
"သင်တန်းသားတွေတောင် ဒါလောက်တော့ လုပ်နိုင်ပါတယ်။ ဒါက ဘာကိုမှ သက်သေမပြသေးဘူး။"
သို့သော်လည်း သူတို့၏ လေသံမှာ ပြောင်းလဲသွားခဲ့သည်။
လှောင်ပြောင်ခြင်းမှသည် ဝန်မခံချင်ဘဲ အသိအမှတ်ပြုခြင်းသို့။
အဘယ်ကြောင့်ဆိုသော် အမှန်တရားသည် ပိုင်ကျီဟန် ယခု လုပ်ဆောင်နေသည်များမှာ အပြစ်ပြောစရာ မရှိအောင် ပြည့်စုံနေသောကြောင့် ဖြစ်သည်။
မူယွဲ့လန်လည်း သတိပြုမိသည်။
ယခင်က ပိုင်ကျီဟန်သည် ဆေးပင်များကို ခွဲခြားနိုင်ခြင်း မရှိသလို၊ ဘာကြောင့် တန်ဖိုးရှိသည်ကိုလည်း မသိခဲ့ပေ။
ချက်ပြုတ်နည်း မသိဘဲ အိုးထဲသို့ အကုန်လုံးကို ရောထည့်လိုက်သော လူတစ်ယောက်ကဲ့သို့ ပိုင်ကျီဟန်မှာ ဖြစ်ခဲ့ဖူးသည်။
သို့သော် ယခုမူ
သူ မတူတော့ပြီ။
ပိုင်ကျီဟန်၏ လှုပ်ရှားမှုများသည် တည်ငြိမ်နေဆဲသာ
သူသည် တိမ်မြူမြက်တစ်ပင်ကို လှမ်းယူလိုက်သည်။
သို့သော် တစ်ပင်လုံးကို အသုံးမပြုဘဲ သူ၏ လက်ချောင်းများဖြင့် အမြစ်မှ အဖျားအထိ ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။
ထို့နောက် တိကျသော လှုပ်ရှားမှုဖြင့် အပြင်ဘက် အမျှင်များကို ခွာထုတ်ပစ်လိုက်၏။
အနုစိတ်ဆုံး အနှစ်သာရ ဖြစ်သော အတွင်းပိုင်း အမျှင်နုလေးများကိုသာ ချန်ထားရစ်သည်။
ပိုင်ကျီဟန် ထပ်မံ လှုပ်ရှားသည်။
သူ့လက်သည် ယင်သုံးပါး ပန်းပွင့်ပေါ်တွင် ဝဲနေသည်။
၎င်းမှာ ကိုင်တွယ်ရ အလွန်နုနယ်သော ပစ္စည်းဖြစ်ကြောင်း နာမည်ကြီးသည်။
အနည်းငယ်မျှ လွဲမှားစွာ ကိုင်တွယ်မိရုံဖြင့် ဆေးဖက်ဝင် အာနိသင်များ ပျက်စီးသွားနိုင်သည်။
သို့သော် ပိုင်ကျီဟန် မလောပေ။
သူ့လက်ချောင်းများသည် ဖြည်းညှင်းစွာနှင့် ဂရုတစိုက် ဆင်းသက်သွားသည်။
သူသည် ပန်းပွင့်ကို တစ်ပွင့်လုံး မဆွဲနှုတ်ခဲ့ပေ။
ယင်းအစား ပန်းပွင့်ဖတ်များကို တစ်ခုချင်းစီ ခွဲထုတ်လိုက်သည်။
ပွင့်ဖတ် တစ်လွှာ...
ထို့နောက် နောက်ထပ် တစ်လွှာ...
ပြီးပြည့်စုံစွာ နဂိုအတိုင်းပင်။
ပြဲထွက်သွားခြင်း မရှိ
ဆုံးရှုံးမှု မရှိပေ
ပိုင်ကျီဟန် ဆက်လက် လုပ်ဆောင်သည်။
အချို့သော ဆေးပင်များကို ကြိတ်ချေသည်
သို့သော် အကုန်လုံး မဟုတ်ချေ။ဖွဲ့စည်းပုံာ အနည်းငယ် ကျန်ရစ်အောင် လုပ်ဆောင်သည်။
အချို့ကိုမူ ဖုန်မှုန့်နီးပါး ဖြစ်သွားသည်အထိ ကြိတ်ချေလိုက်သည်။
လိုအပ်သော နေရာများတွင် အနှစ်သာရကို ထုတ်ယူသည်။
အညစ်အကြေးများကို တွေဝေခြင်းမရှိဘဲ စွန့်ပစ်သည်။
လှုပ်ရှားမှုတိုင်းတွင် ရည်ရွယ်ချက် ရှိသည်။
အဆင့်တိုင်းမှာ တိကျသည်။
(ဟင်း...)
မူယွဲ့လန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
၎င်းကို ကြည့်ရုံဖြင့် ပိုင်ကျီဟန်သည် ဆေးပင် တစ်မျိုးချင်းစီကို ကျွမ်းကျင်စွာ သိရှိနေကြောင်း သူမ သေချာသွားသည်။
ဒါက အထင်ကြီးစရာတော့ မဟုတ်သေးပေ။
ဆေးဖော်စပ်သူတစ်ယောက် ဖြစ်လာဖို့အတွက် အခြေခံသာ ဖြစ်သည်။
သို့သော် ပိုင်ကျီဟန်နှင့် ပတ်သက်လာလျှင်မူ၊ သူ၏ ယခင် ကြိုးပမ်းမှုများနှင့် နှိုင်းယှဉ်ပါက ၎င်းမှာ အဆပေါင်း ရာချီ၍ ပိုမိုကောင်းမွန်နေသည်။
မူယွဲ့လန်၏ အကြည့်သည် ပိုင်ကျီဟန်ထံတွင် အတန်ကြာအောင် ရပ်တန့်နေသည်။
ထို့နောက် သူမ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်မိသည်။
(အခြေခံတွေကတော့... ခိုင်မာနေတာပဲ။)
ထိုအချက်ကပင် သူမကို အံ့အားသင့်စေရန် လုံလောက်နေပြီ။
သို့သော် ၎င်းက အစပဲ ရှိပါသေးသည်။
အဘယ်ကြောင့်ဆိုသော် နောက်လာမည့် အဆင့်သည်သာ ဆေးဖော်စပ်သူ ကောင်းတစ်ယောက် ဟုတ်မဟုတ် ဆုံးဖြတ်ပေးမည့် အကန့်အသတ်မျဉ်း ဖြစ်သောကြောင့်ပင်။
ဆေးဖိုအောက်ရှိ မီးတောက်များမှာ တည်ငြိမ်သွားသည်။
လေထုက ပိုမို လေးလံလာ၏။
မှေးမှိန်သော ဆေးရနံ့တစ်ခု စတင် ပျံ့လွင့်လာသည်။
ထိုအချိန်တွင် လူတိုင်း၏ အာရုံစိုက်မှုက ပို၍ စူးရှလာသည်။
ဒါပင်
၎င်းက တကယ့် စမ်းသပ်ချက်ပင်
စောစောက အဆင့်သည် သင်တန်းသားများပင် အပြစ်မရှိအောင် လုပ်နိုင်သော အဆင့် ဖြစ်သည်။
ယခုမူ သန့်စင်စစ်ထုတ်ရမည့် အချိန် ရောက်ချေပြီ။
အမှားတစ်ခု လုပ်မိရုံဖြင့် အရာအားလုံး ပြိုလဲသွားလိမ့်မည်။
တပည့်အချို့က ရှေ့သို့ အနည်းငယ် တိုးကြည့်ကြသည်။
အချို့က မျက်မှောင်ကြုတ်၍ ကြည့်ကြသည်။
သူတို့ စောင့်နေကြသည်။
ပိုင်ကျီဟန် ရှုံးနိမ့်သွားသည်ကို မြင်ချင်ဇောဖြင့် စောင့်နေကြခြင်း ဖြစ်သည်။
သူ့အစွမ်း မရှိကြောင်း ပေါ်သွားမည့် အချိန်ကို စောင့်နေကြသည်။
သို့သော် ပိုင်ကျီဟန်၏ အမူအရာက တည်ငြိမ်နေဆဲသာ။ သူ့လက်များက မှန်မှန်ကန်ကန် လှုပ်ရှားနေသည်။
သန့်စင်ထားသော တိမ်မြူမြက် အနှစ်သာရများ ဆေးဖိုထဲသို့ ဝင်သွားသည်။
ထို့နောက်
နောက်ထပ် ပါဝင်ပစ္စည်းတစ်ခု ထပ်ဝင်သွားသည်။
သူ့၏ မီးထိန်းချုပ်မှုမှာ ပြည့်စုံလှသည်။
မီးတောက်များကလည်း လိုက်လျောညီထွေ တုံ့ပြန်သည်။
ပြင်းလွန်းခြင်း၊ အားနည်းလွန်းခြင်း မရှိပေ
အပြောင်းအလဲ တိုင်းသည် သိမ်မွေ့လှသည်။
တပည့်တစ်ယောက်၏ မျက်လုံးများ ပြူးသွားသည်။ "သူ့ရဲ့ မီးထိန်းချုပ်မှုက..."
"...အဲဒီ တည်ငြိမ်မှု အဆင့်က”
ပိုင်ကျီဟန်၏ မီးထိန်းချုပ်မှုသည်လည်း အဆင့်မြင့် ဆေးဖော်စပ်သူများနှင့် ယှဉ်နိုင်လောက်အောင် ကောင်းမွန်နေသည်ကို တွေ့ရသဖြင့် သူတို့ အံ့အားသင့်သွားကြသည်။
သူ အသုံးပြုနေသော မီးသည် အခြေခံမီးသာ ဖြစ်သောကြောင့် သူတို့ အသေအချာတော့ မပြောနိုင်သေးပေ။
ဆေးဖိုအတွင်းတွင် ပါဝင်ပစ္စည်းများ စတင် ဓာတ်ပြုလာသည်။
သာမန်အားဖြင့် ဖရိုဖရဲ ဖြစ်တတ်သော လုပ်ငန်းစဉ် ဖြစ်သော်လည်း
ပိုင်ကျီဟန်၏ ထိန်းချုပ်မှုအောက်တွင်မူ...
၎င်းမှာ စနစ်တကျ ရှိနေပုံရသည်။
မိနစ်အနည်းငယ် ကုန်ဆုံးသွားသည်။
ဆေးဖိုက ပေါက်ကွဲခြင်း မရှိသေးပေ။
တီးတိုး စကားသံများ ငြိမ်သက်သွားသည်မှာ ကြာပြီဖြစ်သည်။
ယင်းအစား— တိတ်ဆိတ်ခြင်းသာ စိုးမိုးနေ၏
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နေရပြီ ဖြစ်သည်။
သူတို့ ဘယ်လောက်ပဲ ဝန်မခံချင်ဖြစ်ပါစေ
ပိုင်ကျီဟန်သည် ဘာလုပ်နေသည်ကို အသေအချာ သိနေသည်။
"သူ တကယ်ပဲ အခြေခံတွေကို ပိုင်နိုင်ထားတာပဲ။"
"...အခြေခံထက်တောင် ပိုသေးတယ်။"
"သူ့ကို အစပြု ဆေးဖော်စပ်သူတစ်ယောက်လို့ သတ်မှတ်လို့ရနေပြီ။"
တပည့်အနည်းငယ် အချင်းချင်း ကြည့်လိုက်ကြသည်။
သူတို့၏ အမူအရာများမှာ ရှုပ်ထွေးနေ၏။
စောစောက လှောင်ပြောင်မှုများသည် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
အံ့အားသင့်မှုနှင့် ဝန်မခံချင်သော အသိအမှတ်ပြုမှုတို့ဖြင့် အစားထိုးဝင်ရောက်လာသည်။
မှန်ပါသည်၊ သံသယများကတော့ ရှိနေဆဲပင်။
"သူ ကောင်းကောင်း လုပ်နေတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ ဆေးပင် ပေါင်းစပ်ပုံကတော့ အခုထိ သိထားတဲ့ အဆင့်-၃ ဆေးနည်းတွေနဲ့ မကိုက်ညီသေးဘူး။"
"ဟုတ်တယ်”
"သူ့ရဲ့ ထိန်းချုပ်မှုက ဘယ်လောက်ပဲ ကောင်းကောင်း... မှန်ကန်တဲ့ ဆေးဖော်နည်း မရှိရင်တော့ ဒါက အချည်းနှီးပဲ။"
ထိုကောက်ချက်သည် တိတ်တဆိတ် ပျံ့နှံ့သွားသည်။
ပိုင်ကျီဟန်တွင် ကျွမ်းကျင်မှု ရှိသည်။
ထိုအချက်ကိုတော့ ငြင်းပယ်၍ မရတော့ပေ။
သို့သော် ဆေးဖော်စပ်ခြင်းဆိုသည်မှာ ထိန်းချုပ်မှု သက်သက် မဟုတ်ပေ။
၎င်းသည် အသိပညာ၊ ဆေးဖော်နည်းများနှင့် ဖွဲ့စည်းပုံ တိကျမှုတို့အပေါ်တွင်လည်း မူတည်သည်။
ထိုအရာများ မရှိဘဲဖြင့်
ကျန်အရာများက ဘာမှ အဓိပ္ပာယ် မရှိပေ။
မူလင်းယွဲ့က ကြည့်နေရင်း သူမ၏ အကြည့်များ တုန်လှုပ်သွားသည်။
သူမ၏ အမူအရာမှာ လှောင်ပြောင်မှုများ မရှိတော့ပေ။
အာရုံစိုက်မှုသာ ရှိတော့သည်။
(သူ့ရဲ့ ထိန်းချုပ်မှုက... ဒီလောက်တောင် တိုးတက်လာတာလား?)
ခဏတာမျှ သူမ မမျှော်လင့်ထားသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
အနည်းငယ် လေးနက်လာသော ခံစားချက်ပင်။
သို့သော်လည်း သူမ၏ အကြည့်က သူ အသုံးပြုထားသော ဆေးပင်များဘက်သို့ ရောက်သွားသည်။
ဆေးဖိုအတွင်းတွင် ဖြစ်ပေါ်နေသော ဖွဲ့စည်းပုံဆီသို့။
ထိုအခါ ထိုလေးနက်မှုများ ပျောက်ကွယ်သွားပြန်သည်။
(မှားနေတုန်းပဲ။)
သူမ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးသွားသည်။
(ဒီလို အဆင့်-၃ ဆေးလုံးမျိုး မရှိပါဘူး။)
သူမ မည်မျှပင် ခွဲခြမ်းစိတ်ဖြာကြည့်ပါစေ၊ သူ လုပ်နေသော အရာအတွက် သိထားသော ရလဒ်ဟူ၍ မရှိပေ။
ဒါက အဓိပ္ပာယ် တစ်ခုပဲ ရှိသည်။
သူ မှန်ကန်သည့် ဆေးဖော်နည်းကို မသိဘူး ဆိုတာပင်
အဲဒါ မရှိဘဲနဲ့တော့
ကျရှုံးဖို့က သေချာနေပြီ။
သူမသည် သူမ၏ ကိုယ်ပိုင် ဆေးဖိုဘက်သို့ ပြန်လည် အာရုံစိုက်လိုက်သည်။
လုံးဝ တည်ငြိမ်သွားပြန်ပြီ ဖြစ်သည်။
ထိုအတောအတွင်း ပိုင်ကျီဟန်သည် မလှုပ်မယှက် ရပ်နေသည်။
သူ၏ အာရုံစိုက်မှု အားလုံးသည် ဆေးဖိုအတွင်း၌သာ ရှိသည်။
အပြင်ဘက် ကမ္ဘာကြီးသည် သူ့အတွက် မရှိတော့သလိုပင်။
တီးတိုးသံများ၊ အကြည့်များ...
သံသယများ...
ဘာမှ အရေးမကြီးပေ။
အဘယ်ကြောင့်ဆိုသော် သူ ဘာလုပ်နေသည်ကို သူကိုယ်တိုင် အတိအကျ သိနေသောကြောင့် ဖြစ်သည်။