← Chapters

အခန်း (၅၂၉-၅၃၀)

Vol. 36 Ch. 529-530

အခန်း (၅၂၉-၅၃၀)

Vol. 36 Ch. 529-530

အခန်း ၅၂၉ - ရလဒ်က အဆုံးအဖြတ်ပေးပြီးသား

နှစ်ယောက်စလုံးသည် ဆေးလုံးဖော်စပ်ခြင်း နောက်ဆုံးအဆင့်ကို ရောက်ရှိနေကြပြီဖြစ်၏

မီးဖိုနှစ်ခုလုံးအတွင်းက မီးလျှံများ စတင်ပြောင်းလဲလာခဲ့ချေပြီ

အစပိုင်းမှာ သိသိသာသာမဟုတ်သည့်တိုင် နောက်ပိုင်းမှာတော့ ပိုမိုရှင်းလင်းလာခဲ့သည်။

လေထုထဲက ဆေးရနံ့များသည်လည်း ပိုမိုစူးရှလာခဲ့ချေသည်။

ပိုပြီးတော့ မွှေးကြိုင်လာ၏

ပိုပြီးတော့ ပျစ်နှစ်လာ၏

၎င်းသည် နောက်ဆုံးအဆင့်ဖြစ်သော ဆေးလုံးပုံဖော်ခြင်း အဆင့်သာ

ခန်းမ တစ်ဖက်တွင် မူလင်းယွဲ့ မျက်နှာအမူအရာသည် တည်ငြိမ်နေပေသည်။

သူမ လက်လှုပ်ရှားမှုများသည် တိကျသော စည်းချက်အတိုင်း ရှိနေခဲ့သည်။

သူမ ကျင့်စဉ်စွမ်းအားသည် တည်ငြိမ်သော ရေစီးကြောင်းတစ်ခုကဲ့သို့ စီးဆင်းနေပြီး မီးဖိုအတွင်းက ဓာတ်ပြုမှုတိုင်းကို လမ်းညွှန်ပေးနေသည်။

ဆေးမယ်များ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

ယခုအခါတွင်မူ အချောသတ်၍ ပြည့်စုံစေရန် လုပ်ဆောင်ဖို့သာ ကျန်ရှိတော့၏။

သူမ၏ မီးလျှံများသည် အနည်းငယ် ပြင်းထန်လာ၏

ထို့နောက် ပြန်လည်နူးညံ့ကာ တည်ငြိမ်သွားခဲ့သည်။

အကူးအပြောင်းတိုင်းသည် အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှပေသည်။

၎င်းသည် နောက်ဆုံးခြေလှမ်းပင်

သူမ၏ မီးဖိုအတွင်း၌ မှေးမှိန်သော အလင်းရောင်တစ်ခု စုစည်းလာခဲ့သည်။

ရွှေရောင်

သန့်စင်သော

ထိုအလင်းသည် အရည်အသွေးမြင့်မားသည့် ဖော်စပ်မှု၏ နိမိတ်လက္ခဏာပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပိုင်ကျီဟန်လည်း ရှိနေခဲ့သည်။

သူ၏ မီးဖိုသည်လည်း သူမနှင့် တစ်ချိန်တည်းမှာပင် တူညီသော အဆင့်သို့ ရောက်ရှိနေခဲ့၏။

၎င်းသည် ကြည့်ရှုနေသူတိုင်းအတွက် အံ့အားသင့်စရာ ဖြစ်နေခဲ့သည်။

"သူ တကယ်ပဲ ဒီအဆင့်ထိ ရောက်လာတာလား?"

"ပေါက်ကွဲတာမျိုးလည်း မရှိဘူးလား?"

"မတည်မငြိမ်ဖြစ်တာမျိုးလည်း မရှိဘူးလား?"

"ဒါက မဖြစ်နိုင်တာ..."

အခုအချိန်တွင် လူအများစုသည် ပါဝင်ပစ္စည်းများကို စည်းကမ်းမရှိ ထည့်သွင်းခဲ့ခြင်းကြောင့် မီးဖိုပေါက်ကွဲသွားလိမ့်မည်ဟု ထင်ထားကြခြင်း ဖြစ်သည်။

တကယ်တော့ ပါဝင်ပစ္စည်းများကြားတွင် လိုက်ဖက်ညီမှုမရှိလျှင် မီးဖိုပေါက်ကွဲနိုင်ခြေက အလွန်မြင့်မားလွန်းလှ၏။

သို့တိုင် ဘာမှမဖြစ်ခဲ့ဘဲ ပိုင်ကျီဟန်သည် ဆေးလုံးပုံဖော်ခြင်းအဆင့်ကို စတင်နေခဲ့ပြီ ဖြစ်သည်။

မီးဖိုအတွင်း၌ စွမ်းအင်များသည် ပြင်းထန်စွာ ရုန်းကြွနေ၏

ဆေးအရောအနှောများသည် တုန်ခါနေခဲ့သည်။

တပည့်အချို့၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားကြသည်။

"လာပြီ”

"နှမြောစရာပဲ၊ သူ ကျရှုံးတော့မယ်။"

"စွမ်းအင်တွေက အရမ်းများနေပြီ- သူ ဒါကို မထိန်းချုပ်နိုင်တော့ဘူး”

သို့တိုင် ပိုင်ကျီဟန်၏ မျက်နှာအမူအရာက ပြောင်းလဲမသွားသည့်အပြင် ပိုလို့တောင် စိတ်လှုပ်ရှားလာပုံ ရသည်။

ဒါတွေအားလုံးသည် အဆင့်တစ်ခု၏ အစိတ်အပိုင်းများဖြစ်ကြောင်း သူ သိထားပြီး ဘာလုပ်ရမည်ကိုလည်း နားလည်ထား၏။

သူ့လက်ကို မီးဖိုပေါ် ခပ်ဖွဖွတင်လိုက်၏

သူ့၏ ကျင့်စဉ်စွမ်းအားများကို ရုန်းကြွလာစေခဲ့သည်။

ရမ်းကားစွာ မဟုတ်ဘဲ

အလွန်တရာ တိကျမှုရှိစွာနှင့် ဖြစ်သည်။

ပရမ်းပတာဖြစ်နေသော စွမ်းအင်များကြားထဲ၌ မရေတွက်နိုင်သည့် မမြင်ရသော ချည်မျှင်တန်းလေးများကဲ့သို့ ဝင်ရောက်

ယှက်နွယ်ပြီး

နှိပ်ကွပ်သည်

လမ်းညွှန်သည်

ရှုပ်ထွေးမှုများကြား၌ စနစ်တကျ ဖြစ်သွားအောင် အတင်းအကျပ် လုပ်ဆောင်လိုက်၏

မီးဖိုအတွင်းက တုန်ခါမှုများ နှေးကွေးသွား၏

ထို့နောက် တည်ငြိမ်သွားခဲ့သည်။

ကြည့်နေသော တပည့်များသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးအပြူးသား ဖြစ်သွားကြသည်။

စွမ်းအင်များသည် ဆက်လက်ပြီး သိပ်သည်းလာခဲ့သည်။

နောက်ဆုံးတွင်မူ... သာယာသော အသံတစ်ခု ပဲ့တင်ထပ်သွားခဲ့၏။

ဟွမ်

အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့သည်။

၎င်းသည် သာမန် အဆင့်(၃) ဆေးလုံးများ၏ အရောင်မျိုး မဟုတ်ပေ။

ပိုင်ကျီဟန်က သူ့လက်ကို မြှောက်လိုက်သည့်အခါ မီးလျှံများသည် ချက်ချင်း ငြိမ်းသွားခဲ့သည်။

တစ်လောကလုံး တိတ်ဆိတ်သွားခဲ့၏

အဲဒီနောက် သူ မီးဖိုကို ဖွင့်လိုက်သည်။

သင်းပျံ့သော ဆေးနံ့ပါသည့် မီးခိုးငွေ့လေးများသည် လေထဲသို့ ဝေ့ဝဲတက်လာခဲ့သည်။

မီးဖိုအတွင်း၌မူ ဆေးလုံးတစ်လုံးတည်းသာ တည်ရှိနေ၏။

ချောမွေ့သည်

လုံးဝန်းသည်

ပြီးပြည့်စုံနေပေသည်။

ဆေးလုံး၏ မျက်နှာပြင်ပေါ်၌မူ သိမ်မွေ့နက်နဲသော ပုံရိပ်လွှာလေးများ ပါရှိနေသည်။

သူက တည်ငြိမ်စွာဖြင့် ဆေးလုံးကို ကောက်ယူလိုက်၏

ထို့နောက် လူတိုင်းမြင်အောင် လက်ချောင်းကြား၌ ကိုင်မြှောက်ပြလိုက်သည်။

ငြိမ်သက်ခြင်း

လုံးဝ တိတ်ဆိတ်သွားခြင်း

မည်သူမှ စကားမပြောနိုင်ကြပေ

မည်သူမှလည်း မလှုပ်ရှားနိုင်ကြတော့ပေ။

"ဒါ... ဒါက ဘာလဲ?"

"ငါသိတဲ့ အဆင့်(၃) ဆေးလုံးမျိုး မဟုတ်ဘူး..."

"ဒီဆေးလုံးက အဆင့်(၃) ထက်တောင် ပိုပြင်းထန်တဲ့ စွမ်းအားရှိနေသလိုပဲ”

ဇဝေဇဝါဖြစ်မှုများသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

အတွေ့အကြုံရှိသော တပည့်ကြီးများတောင် အသည်းအသန် ခန့်မှန်းကြည့်နေကြ၏

သို့ပေမဲ့ မည်သူမှ မခွဲခြားနိုင်ကြပေ။

အဲဒီအချိန်မှာပင် တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကျီဟန်”

မူယွဲ့လန် ရှေ့သို့ တစ်လှမ်းတက်လာခဲ့သည်။

သူမ၏ မျက်နှာအမူအရာသည် တည်ငြိမ်မှု မရှိတော့ပေ။

သူမ၏ မျက်ဝန်းများသည် ပိုင်ကျီဟန် လက်ထဲရှိ ဆေးလုံးကို အလွန်အမင်း ဂရုတစိုက်နှင့် အလေးအနက် စိုက်ကြည့်နေကြသည်။

မယုံကြည်နိုင်လောက်သည့် အလားပင်။

"...အဲဒီဆေးလုံးက..."

သူမ စကားခဏရပ်သွားသည်။

သူမ၏ စိတ်ဝိညာဉ်အာရုံဖြင့် ဆေးလုံးကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးလိုက်၏။

အတည်ပြုပြီးနောက်...

"...ဒါက အဆင့်(၃) မဟုတ်ဘူး။"

ထိုစကားလုံးများသည် လေးလံစွာ ကျဆင်းလာခဲ့သည်။

တပည့်အများစုကမူ ၎င်းသည် ကျရှုံးသွားသော ဆေးလုံး သို့မဟုတ် အဆင့်နိမ့်ပစ္စည်းတစ်ခု ဖြစ်နေသဖြင့် သူတို့ မခွဲခြားနိုင်ခြင်းဖြစ်သည်ဟု ထင်နေကြခြင်း ဖြစ်သည်။

မူယွဲ့လန်၏ စကားက သူတို့၏ သံသယကို အစပိုင်းတွင်မူ အတည်ပြုပေးလိုက်သလို ဖြစ်သွားသည်။

သို့သော် မူယွဲ့လန်၏ အသံက အနည်းငယ် နိမ့်ဆင်းသွား၏

"ဒါက အဆင့်(၄)ထဲကို ခြေလှမ်းလှမ်းဝင်သွားပြီ။"

တိတ်ဆိတ်သွားသည်

ထို့နောက်တွင်မူ

ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

"အဆင့်(၄) ဟုတ်လား? ဘာလဲ?"

"ဒါက မဖြစ်နိုင်တာ”

"ဒီလို ပါဝင်ပစ္စည်းတွေနဲ့လား”

"ဘယ်လိုမှ မဖြစ်နိုင်ဘူး”

မူယွဲ့လန်ကိုယ်တိုင် ပြောသော်လည်း လူအများစုက မယုံကြည်နိုင်ကြပေ။

အဘယ်ကြောင့်ဆိုသော် ပိုင်ကျီဟန် အသုံးပြုခဲ့သော ဆေးမယ်အားလုံးသည် အဆင့်(၃) နှင့် အောက်ခြေအဆင့်များသာ ဖြစ်သောကြောင့် ဖြစ်သည်။

ထိုပါဝင်ပစ္စည်းများတွင် အဆင့်(၄) ဆေးလုံး ဖြစ်လာနိုင်လောက်အောင် ကျင့်စဉ်စွမ်းအား မလုံလောက်ပေ။ ထို့ပြင် ၎င်းကို ဖော်စပ်နေသူမှာ ပိုင်ကျီဟန် ဖြစ်နေခြင်းကြောင့် အဆင့်(၄) ဆေးလုံးကို ဖော်စပ်နိုင်စွမ်းရှိသည်ဟု သူတို့ မယုံကြည်ချင်ကြခြင်း ဖြစ်သည်။

မူယွဲ့လန်သည် ပိုင်ကျီဟန်ကို တည့်တည့်စိုက်ကြည့်လိုက်သည်။

သူမ၏ အသံထဲတွင် ရှားရှားပါးပါး အလောတကြီး ဖြစ်နေသည့် အရိပ်အယောင်များ ပါဝင်နေ၏။ "ဒါက ဘယ်လိုဆေးလုံးမျိုးလဲ?"

မျက်လုံးအားလုံးသည် သူ့ထံသို့ ရောက်ရှိလာသည်။

ပိုင်ကျီဟန်ကမူ အခုလေးတင် ဖြစ်ပျက်ခဲ့သမျှသည် ပုံမှန်ကိစ္စတစ်ခုလိုပင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။

သူက လက်ထဲက ဆေးလုံးကို တစ်ချက်ကြည့်လိုက်၏

ထို့နောက်မှ စကားဆိုသည်။

"ဝိညာဉ်သွေးကြောနှိပ်နယ်ဆေးလုံး “

ထိုအမည်သည် သာယာစွာ ပဲ့တင်ထပ်သွားသည်။

မရင်းနှီးသော

မသိကြသော အမည်တစ်ခု ဖြစ်သည်။

သူက ဆက်ပြော၏။

"ဒါက သွေးကြောတွေကို နှိပ်နယ်ပေးပြီး ကျယ်ပြန့်စေပါတယ်။"

"အဆင့်(၃) ဗားရှင်းကတော့ ကျင့်စဉ်စွမ်းအား လမ်းကြောင်းတွေကို အနည်းငယ်ပဲ သန့်စင်ပေးနိုင်တာ..."

ခဏရပ်ပြီး သူက ဆေးလုံးကို အနည်းငယ် မြှောက်ပြလိုက်သည်။

"ဒါပေမဲ့ ဒီတစ်ခုကတော့”

သူ့မျက်ဝန်းများက ခိုင်မာနေသည်။

"သွေးကြောတွေကို တိုက်ရိုက်သန်မာစေပြီး ကျင့်စဉ်စွမ်းအား စီးဆင်းနိုင်မှု ပမာဏကို တိုးမြှင့်ပေးနိုင်ပါတယ်။"

နောက်ထပ် ခဏရပ်လိုက်ပြီး...

"ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အောက်က အတားအဆီးတွေကို ဖောက်ထွက်တဲ့နေရာမှာ အသုံးဝင်ပါတယ်။"

တိတ်ဆိတ်သွားပြန်သည်

ဆေးလုံး၏ အာနိသင်ကြောင့် မဟုတ်ဘဲ သူတင်ပြနေသည့် ဆေးလုံးသည် တကယ်ပင် အဆင့်(၄) ဖြစ်နေသောကြောင့် ဖြစ်သည်။

မူယွဲ့လန် ငြိမ်သက်စွာ ရပ်နေမိသည်။

သူမ၏ အကြည့်များသည် သားဖြစ်သူထံ၌သာ စွဲမြဲနေ၏။

အံ့အားသင့်မှု

ဂုဏ်ယူမှု

ဇဝေဇဝါဖြစ်မှု

အရာအားလုံး ရောပြွမ်းနေခဲ့သည်။

သူမ နှုတ်ခမ်းလေး အနည်းငယ် ဟသွားသော်လည်း...

ဘာစကားမှ ထွက်မလာခဲ့ပေ။

အစပိုင်းတွင် သူမသည် ပိုင်ကျီဟန်ကို ဆေးဖော်စပ်ခြင်းလမ်းစဉ်သို့ မလိုက်ရန် တားဆီးချင်ခဲ့သော်လည်း ဤမြင်ကွင်းကို မြင်ပြီးနောက် သူမ ဘာပြောနိုင်တော့မည်

နည်း?

သူသည် အသက် ၂၀ မပြည့်ခင်မှာပင် အဆင့်(၄) ဆေးဆရာဖြစ်နေပြီ ဖြစ်သည်။ သူ့ကို ပါရမီရှင်ဟု ခေါ်ဆိုခြင်းသည်ပင် အနည်းငယ် အားနည်းလွန်းနေပြီ။ ပိုင်ကျီဟန်

နှင့် ယှဉ်ပြိုင်နိုင်မည့်သူဆိုလျှင် မူလင်းယွဲ့တစ်ယောက်သာ ရှိပေလိမ့်မည်။

တိတ်ဆိတ်မှုက ကြာရှည်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ အခုလေးတင် မြင်တွေ့ခဲ့ရသည့်အရာက သူတို့ သိထားသမျှ အရာအားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သောကြောင့် ဖြစ်သည်။

အဆင့်(၄) ဆေးလုံး။ အဆင့်(၃) ပါဝင်ပစ္စည်းများမှ ဖော်စပ်လိုက်သည်။

ပို၍အရေးကြီးသည်မှာ... ပိုင်ကျီဟန်က ဖော်စပ်လိုက်ခြင်း ဖြစ်သည်။

မကြာမီကမှ ဆေးပင်တွေကိုတောင် သေချာမခွဲခြားနိုင်ခဲ့သော ထိုပိုင်ကျီဟန်ကပင်...။

လူအုပ်ကြီးကြား၌ အံ့အားသင့်မှုများ ထပ်မံရိုက်ခတ်သွားခဲ့သည်။

ဤတစ်ကြိမ်တွင်မူ လှောင်ပြောင်သံများ မရှိတော့ဘဲ မယုံကြည်နိုင်မှုများသာ ကျန်ရှိတော့၏။

"ဒါ... ဒါက အစစ်အမှန်ပဲလား?"

"ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား?"

"အဆင့်(၄) ဆေးလုံး... သူ တကယ်ပဲ အဆင့်(၄) ဆေးလုံးကို ဖော်စပ်လိုက်တာလား..."

အသံများ တုန်ရီနေကြသည်။

အချို့တပည့်များသည် ကြောင်ကြည့်နေကြ၏

အချို့မှာမူ ရှေ့ကမြင်ကွင်း ပြောင်းလဲသွားမလားဟူသော မျှော်လင့်ချက်ဖြင့် မျက်လုံးများကို ပွတ်ကြည့်နေကြသည်။

သို့သော် ဘာမှပြောင်းလဲမသွားပေ။

ဆေးလုံးသည် ပိုင်ကျီဟန်၏ လက်ချောင်းကြား၌ ရှိနေဆဲဖြစ်၏

မည်သူမျှ ငြင်းပယ်၍မရသော တည်ရှိမှုကို ဆောင်ကြဉ်းထားသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် သတိရသွား၏။

"စီနီယာအစ်မ လင်းယွဲ့ ရှိသေးတယ်လေ”ထိုစကားတစ်ခွန်းက လူတိုင်းကို သတိပြန်ဝင်လာစေသည်။

အကြည့်ပေါင်းများစွာသည် တစ်ပြိုင်နက်တည်း လှည့်သွားကြသည်။

အခြားမီးဖိုတစ်ခုဆီသို့

မူလင်းယွဲ့ ရှိရာဆီသို့...။

မှန်ပါသည်၊

ဒါသည် ပြိုင်ပွဲတစ်ခု မဟုတ်ပါလော

မူလင်းယွဲ့က သူမ၏ ဆေးလုံးကို မထုတ်ပြရသေးပေ။

သို့သော်လည်း လူအများစုကမူ စောင့်နေဖို့ မလိုတော့ဘူးဟု တွေးနေကြသည်။ “စီနီယာအစ်မ လင်းယွဲ့ အောင်မြင်ရင်တောင်

မှ..."

"...ဒါက အဆင့်(၃) ဆေးလုံးပဲ ဖြစ်မှာ။"

"အလွန်ဆုံးရှိလှ အဆင့်(၃) အထွတ်အထိပ်ပေါ့။"

"ယှဉ်နေဖို့ လိုသေးလို့လား?"

အမှန်စင်စစ် ယှဉ်ပြိုင်စရာ သို့မဟုတ် ရင်ခုန်စရာ ဘာမှမကျန်တော့ပေ။ ပိုင်ကျီဟန်က အဆင့်(၄) ဆေးလုံးကို ဖော်စပ်လိုက်သည့် ထိုအခိုက်အတန့်မှာပင်...ရလဒ်သည် အဆုံးအဖြတ်ပေးပြီးသား ဖြစ်သွားခဲ့ချေပြီ

အခန်း ၅၃၀ - ရှုံးနိမ့်မှုကို ငြင်းဆန်သော မူမျိုးနွယ်စု၏ ပါရမီရှင်

ပိုင်ကျီဟန် အဆင့်(၄) ဆေးလုံးကို ဖော်စပ်လိုက်နိုင်သည့် အချိန်မှာပင် ရလဒ်က အဆုံးအဖြတ်ပေးပြီးသား ဖြစ်သွားခဲ့ပြီ။

ထိုကောက်ချက်သည် တောမီးပမာ ပျံ့နှံ့သွားခဲ့၏။

မည်သူမျှ မငြင်းဆိုကြပေ။

အမှန်တရားဖြစ်နေသောကြောင့် မည်သူမျှပင် မငြင်းဆိုနိုင်ကြခြင်း ဖြစ်သည်။

ငြင်းပယ်၍မရနိုင်သော အမှန်တရားကြောင့်

အခေါင်းမာဆုံး တပည့်များပင် တိတ်ဆိတ်သွားကြရသည်။

အချို့က သက်ပြင်းချကြ၏။

အချို့က ခေါင်းခါကြသည်။

အချို့ကတော့ မူလင်းယွဲ့ကို ရှုပ်ထွေးသော အမူအရာများဖြင့် လှမ်းကြည့်နေကြသည်။

လေးစားမှု၊

သနားမှု၊

နှမြောတောင့်တမှုတို့ပင် ဖြစ်သည်။

"စီနီယာအစ်မ လင်းယွဲ့... အဆုံးမသတ်ခင်မှာတင် ရှုံးသွားခဲ့ပြီ..."

"နှမြောစရာပဲ”

"ဒီလိုအရာမျိုးနဲ့ ယှဉ်လိုက်ရတာ... သူမ ဘာမှမတတ်နိုင်ဘူး..."

တိုးညှင်းသော လေသံများဖြစ်သော်လည်း ၎င်းတို့တွင် အလေးချိန်ရှိနေသည်။

အဆုံးအဖြတ် ပေးပြီးသားဖြစ်ကြောင်း သက်သေပြနေသည့် အလေးချိန်ပင် ဖြစ်၏။

သို့သော်လည်း မူလင်းယွဲ့သည် သူမ၏ မီးဖိုရှေ့တွင် မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။

သူမ၏ လက်များသည် အရင်အတိုင်း တည်ငြိမ်နေပြီး ထိုအသံများအားလုံး မတည်ရှိသကဲ့သို့ပင် ရှိနေ၏။

ရလဒ်က အရေးမကြီးသကဲ့သို့ပင်

သူမ၏ ကမ္ဘာတွင် ရှေ့က မီးဖိုနှင့် အတွင်းက ဆေးလုံးသာ ရှိတော့သည်။

မီးလျှံများက ဝေ့ဝဲနေပြီးနောက် ရုတ်တရက် တောက်လောင်လာသည်။

ရွှေရောင်မီးလျှံများ၏ နောက်ဆုံး တောက်ပလှပသော ထွက်ပေါ်လာမှုပင် ဖြစ်၏။

လေထုက အနည်းငယ် တုန်ခါသွား၏

ဆေးရနံ့များမှာလည်း ပို၍ပင် ပျစ်နှစ်လာခဲ့သည်။

"ဒီခံစားချက်က..."

"မဖြစ်နိုင်တာ..."

မူယွဲ့လန်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

သူမ၏ အကြည့်က မီးဖိုပေါ်တွင် စွဲမြဲနေ၏။

ထို့နောက်မှာတော့

ရုတ်တရက်

မီးလျှံများက အတွင်းသို့ ကျုံ့ဝင်သွား၏

အမှတ်တစ်ခုတည်းတွင် စုစည်းသွားကာ

ပျောက်ကွယ်သွားခဲ့သည်။

တိတ်ဆိတ်သွားသည်

ခဏတာမျှ အချိန်ကုန်လွန်သွားပြီးနောက်

မူလင်းယွဲ့က သူမ၏ လက်ကို မြှောက်လိုက်သည်။

ထို့နောက် မီးဖိုကို ဖွင့်လိုက်၏။

မွှေးရနံ့များက အပြင်သို့ အလုံးအရင်းနှင့် တိုးထွက်လာခဲ့သည်။

အတွင်းတွင်တော့ ဆေးလုံးတစ်လုံး ရှိနေသည်။

၎င်း၏ မျက်နှာပြင်သည် ပို၍နက်ရှိုင်းသော အရောင်အသွေးဖြင့် တောက်ပနေ၏။

အဆင့်(၃)၏ တောက်ပသော ရွှေရောင်မဟုတ်ဘဲ ပို၍ပြည့်စုံနက်ရှိုင်းသော အရောင်မျိုးဖြစ်သည်။

မူလင်းယွဲ့က ဆေးလုံးကို ကောက်ယူလိုက်

သည်။

သူမ၏ လှုပ်ရှားမှုများသည် တည်ငြိမ်ပြီး အလောတကြီး မရှိပေ။

သူမက ဆေးလုံးကို ကိုင်မြှောက်လေ၏

ခန်းမတစ်ခုလုံး မြင်အောင် ပြသလိုက်သည်။

အကြွင်းမဲ့ တိတ်ဆိတ်ခြင်း

အဘယ်ကြောင့်ဆိုသော် လူတိုင်းက ထိုဆေးလုံးကို မှတ်မိနေကြသောကြောင့် ဖြစ်သည်။

"အဲဒီဖိအားက..."

"အဲဒီအရှိန်အဝါက..."

"ဒါက အဆင့်(၃) မဟုတ်ဘူး..."

တပည့်တစ်ဦး၏ အသံက တုန်ရီနေသည်။

"ဒါက အဆင့်(၄)ပဲ။"

မူယွဲ့လန်၏ မျက်လုံးများ စူးရှသွားသည်။

သူမ၏ စိတ်ဝိညာဉ်အာရုံက ဆေးလုံးကို တစ်ချက်စစ်ဆေးလိုက်၏

ထို့နောက် သူမ၏ အမူအရာ ပြောင်းလဲသွားသည်။

"အဆင့်(၄) အလယ်အလတ်တန်းစား - ဝိညာဉ်တက်လှမ်းခြင်း အခွင့်အရေးဆေးလုံး”

သူမ၏ အသံက တိုးသော်လည်း မိုးကြိုးပမာ ပဲ့တင်ထပ်သွားသည်။

ဝုန်း

ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

"ဘာ? နောက်ထပ် အဆင့်(၄) တစ်လုံးလား?”

"ဒါ့အပြင် အလယ်အလတ်တန်းစားတဲ့လား?”

အံ့အားသင့်မှုများသည် ပရမ်းပတာဖြစ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

အဘယ်ကြောင့်ဆိုသော် အဆုံးအဖြတ်ပေးပြီးသားဟု ထင်ခဲ့သမျှ အရာအားလုံးက နောက်တစ်ကြိမ် ပြောင်းပြန်လှန်ခြင်း ခံလိုက်ရသောကြောင့် ဖြစ်သည်။

ပိုင်ကျီဟန်၏ အဆင့်(၄) ဆေးလုံးသည် အနှိုင်းမဲ့ မဟုတ်တော့ပေ။

ပိုင်ကျီဟန်သည်လည်း မူလင်းယွဲ့၏ ဆေးလုံးကို ကြည့်လိုက်ပြီး ချက်ချင်းပင် မှတ်မိသွားသည်။

အမှန်ပင် ၎င်းမှာ သူ့ဆေးလုံးထက် ပို၍အဆင့်မြင့်နေ၏။

ဝိညာဉ်တက်လှမ်းခြင်း အခွင့်အရေးဆေးလုံးဆိုသည်မှာ ရွှေအမြုတေအဆင့်ရှိသူများ အခြေတည်ဝိညာဉ်အဆင့်သို့ အတင်းအကျပ် ဖောက်ထွက်လိုသည့်အခါ အသုံးပြုသည့် ဆေးလုံးဖြစ်သည်။

၎င်းကို မိမိတို့၏ အလားအလာ ကုန်ဆုံးနေပြီဟု ခံစားရသူများနှင့် တစ်သက်လုံး ဖောက်ထွက်နိုင်တော့မည် မဟုတ်ဟု ထင်သူများသာ အသုံးပြုကြသည်။

အခြားသူများအတွက်မူ ၎င်းသည် အခြေခံအုတ်မြစ်ကို မတည်မငြိမ်ဖြစ်စေပြီး နောင်တွင် အဆင့်တက်ခြင်းကို အဟန့်အတား ဖြစ်စေလိမ့်မည်ဖြစ်သည်။

အချို့အတွက် အံ့ဖွယ်ဆေးလုံးဖြစ်သော်လည်း အချို့အတွက်မူ အသုံးမဝင်သော ဆေးလုံးတစ်လုံးသာ ဖြစ်သည်။

သို့သော်လည်း ၎င်းသည် အဆင့်(၄) အလယ်အလတ်တန်းစား ဆေးလုံးဖြစ်သည်မှာတော့ အမှန်ပင်ဖြစ်၏။

သို့သော်လည်း

(ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?)

ရရှိနိုင်သော ပါဝင်ပစ္စည်းများကို ကြည့်လျှင်

ဝိညာဉ်တက်လှမ်းခြင်း အခွင့်အရေးဆေးလုံးအတွက် လိုအပ်သော ဆေးမယ်များ ဤနေရာတွင် မရှိသည်မှာ သေချာပါသည်။

ထို့နောက် သူက မျက်မှောင်ကြုတ်ကာ မူလင်းယွဲ့ကို စိုက်ကြည့်လိုက်သည်။

"မင်း ခိုးလိုက်တာပဲ”

ပါဝင်ပစ္စည်းများ ဤနေရာတွင် မရှိသောကြောင့် မူလင်းယွဲ့သည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို အသုံးပြုခဲ့သည်မှာ သေချာနေသည်။

မူလင်းယွဲ့က မျက်တောင်ခတ်လိုက်သည်။

သူမက သူ့ကိုကြည့်ရင်း မျက်ခုံးအနည်းငယ် တွန့်သွား၏။

"ခိုးတယ်?"

သူမ၏ လေသံမှာ တကယ်ပင် ဇဝေဇဝါဖြစ်နေပုံရသည်။

သူဘာကို ဆိုလိုသည်ကို တကယ်ပင် နားမလည်သကဲ့သို့ ရှိနေ၏။

ထိုအချက်ကို ပိုင်ကျီဟန် ဆိုလိုနေမှန်း သူမ ကောင်းကောင်းသိသော်လည်း သူမက ဘာလို့ လိုက်လျောပေးရမည်နည်း။

ထို့နောက် သူမ၏ နှုတ်ခမ်းတွင် အပြုံးစလေးတစ်ခု ပေါ်လာခဲ့သည်။

"မောင်လေး... ဘာကို ဆိုလိုတာလဲ?"

သူမ၏ အသံထဲတွင် ဒေါသအရိပ်အယောင် မရှိပေ။

တည်ငြိမ်ပြီး အပြစ်ကင်းသော စူးစမ်းလိုစိတ်သာ ရှိနေသည်။

ပိုင်ကျီဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ပါဝင်ပစ္စည်းတွေလေ”

သူက အေးစက်စွာ ပြောလိုက်သည်။

“ဒီက ပါဝင်ပစ္စည်းတွေက အဆင့်(၃) ဆေးလုံးတွေအတွက်ပဲလေ”

သူ့အသံက ပိုပြီးတော့ ခိုင်မာလာခဲ့သည်။

"ဒီမှာရှိတဲ့ပစ္စည်းတွေနဲ့ ဝိညာဉ်တက်လှမ်းခြင်း အခွင့်အရေးဆေးလုံးကို ဖော်စပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။"

လူအုပ်ကြီးကြား၌ ဂယက်ရိုက်သွားသည်။

ထိုမေးခွန်းက ယုတ္တိရှိနေ၏

ခဏအတွင်းမှာပဲ အကြည့်အားလုံးက သူမဆီကို ပြန်လည်ရောက်ရှိသွားခဲ့သည်။

မူလင်းယွဲ့က သူ့ကို စိုက်ကြည့်နေရင်းမှ

ရယ်မောလိုက်၏။

သာယာရုံမျှသာရှိတဲ့ ရယ်သံလေးဖြစ်သည်။

"ဪ... ဒါကို ပြောတာလား?"

သူမက ခေါင်းကို အနည်းငယ် စောင်းလိုက်ရင်း သူ့ကို ကလေးကလား စကားပြောနေသူတစ်ယောက်လို ကြည့်လိုက်သည်။

"ရှုံးတာကို မကျေနပ်တာလား?"

စကားလုံးတွေက ပေါ့ပါးပေမဲ့ ထိချက်ကတော့ ပြင်းထန်လွန်းလှသည်။

ပိုင်ကျီဟန် မျက်နှာ အမူအရာသည် မည်းမှောင်သွားခဲ့၏။ သို့တိုင် မူလင်းယွဲ့က ရပ်မသွားပေ။

သူမက ဆေးလုံးကို လက်ချောင်းကြားမှာ ကိုင်ထားရင်း သူမလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

သူမအကြည့်တွေက ခန်းမတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်၏

နောက်မှ သူ့ဆီကို ပြန်ရောက်လာခဲ့သည်။

"ပြောပါဦး မောင်လေး..." သူမ လေသံက တည်ငြိမ်နေဆဲဖြစ်သည်။

"ပြိုင်ပွဲရဲ့ တစ်ခုတည်းသော စည်းကမ်းက ဘယ်သူက ပိုမြင့်တဲ့ အဆင့်ရှိတဲ့ ဆေးလုံးကို ဖော်စပ်နိုင်မလဲဆိုတာ မဟုတ်ဘူးလား။ ပါဝင်ပစ္စည်းတွေကို ကန့်သတ်ထားရမယ်လို့ ဘယ်တုန်းက စည်းကမ်းထုတ်ထားလို့လဲ။"

ခဏတာ တိတ်ဆိတ်သွားသည်။

ဒါကို ပိုင်ကျီဟန်လည်း သိရှိသည်။

သူသည် ဒေါသကြောင့် သွားကြိတ်ထားရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။

မူလင်းယွဲ့သည် အဆင့်(၃) ဆေးလုံးဆရာ တစ်ယောက်သာဖြစ်တာကြောင့် သူက အဆင့်(၄) ဆေးလုံး ဖော်စပ်ပြလိုက်လျှင် နိုင်ပြီဟု အပိုင်တွက်ထားခဲ့သည်။

အဆင့်(၃) ဆေးလုံးဆရာ တစ်ယောက်နှင့် ယှဉ်ပြိုင်ဖို့အတွက် အများကြီး တွေးနေစရာ မလိုဘူးဟု သူ ယူဆခဲ့မိသည်။

သို့တိုင် မူလင်းယွဲ့က အဆင့်(၄) ဆေးလုံးဆရာ ဖြစ်နေရုံတင်မကဘဲ ထိုဆေးလုံးမျိုးကိုတောင် ဖော်စပ်နိုင်နေပြီဟု မည်သူက ထင်ထားမည်

နည်း။

ဒါက သူ့ အမှားပင်

သူ သူမကို အထင်သေးခဲ့မိသည်။

တစ်ဖက်မှာတော့ မူလင်းယွဲ့က ရင်ထဲတွင် သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် ချလိုက်မိသည်။

အစပိုင်းမှာတော့ သူမသည် အဒေါ်ဖြစ်သူ မူယွဲ့လန်ကို သူမ၍ တိုးတက်မှုကို ပြသဖို့နှင့်

ပိုင်ကျီဟန်ကို ပညာပေးဖို့အတွက် အဆင့်(၄) ဆေးလုံးကို ဖော်စပ်ဖို့ပဲ ကြံရွယ်ခဲ့သည်။

သူမ၏ လက်ရှိ အကန့်အသတ်သည် အဆင့်(၄) အလယ်အလတ်တန်းစား ဆေးလုံး ဖြစ်သည်။

သူတို့ကြားက ကွာဟချက်ကို ပြသပြီး သူ့ကို လုံးဝနှိမ်နင်းပစ်ချင်ခဲ့သည်။

သူ့ကို အဆင့်(၄) ဆေးလုံးတောင် ဖော်စပ်နိုင်လိမ့်မည်ဟု သူမ မထင်ခဲ့ပေ။

ထို့ကြောင့် သူမသာ အဆင့်(၄) ဆေးလုံး ဖော်စပ်နိုင်ပါက အလွယ်တကူ နိုင်လိမ့်မည်ဟု တွေးထားခဲ့သည်။

သူမ သူ့ကို ဘယ်တုန်းကမှ အလေးအနက် မထားခဲ့ပေ။

ကံကောင်းစွာဖြင့်ပင် သူမ အခုဆုံးဖြတ်ချက်သည် မှန်ကန်သွားခဲ့သည်။

မဟုတ်ရင်တော့

သူမ တကယ်ပဲ ရှုံးသွားနိုင်သည်။

အပြင်ပန်းမှာတော့ မာန်ဝံ့နေပေမဲ့ သူမ ရင်ထဲမှာတော့ စိုးရိမ်စိတ်လေးတစ်ခု ကျန်ရှိနေခဲ့သည်။

သူမ မောင်လေးသည် ဆေးဖော်စပ်ခြင်းပညာကို ဘယ်အချိန်မှ စတင်လေ့လာခဲ့သည်ကို သူမ မသိပေ။

အဆင့်(၃) ပါဝင်ပစ္စည်းများနှင့် အဆင့်(၄) ဆေးလုံးကို ဖော်စပ်ထားသည်အလား။

ထို ဆေးနည်းမျိုးကို သူမ တစ်ခါမှ မကြားဖူးပေ။

သူ့၏ မီးလျှံထိန်းချုပ်မှုကို ကြည့်ရသလောက်တော့

သူဟာ သူမထက် မနိမ့်ပေ။

တကယ်တော့ ပိုင်ကျီဟန်သည် ကျင့်စဉ်စွမ်းအားနှင့် မီးလျှံထိန်းချုပ်မှုတွင် သူမထက် ပိုသာနေသည်ကို မူလင်းယွဲ့က ဝန်မခံချင်ရုံသာ ရှိနေသည်။

မည်သို့ပင်ဖြစ်စေ

နောက်ဆုံးမှာတော့ သူမကသာ အနိုင်ရသူ ဖြစ်နေဆဲသာ

ထို့အပြင် သူမသည် သူ့ကို လှောင်ပြောင်ဖို့ ထိုအခွင့်အရေးအပေါ် လက်လွှတ်ခံမည် မဟုတ်ပေ။

"ဟုတ်တယ်၊ ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲက ဆေးမယ်တွေကို သုံးခဲ့တာ။"

သူမ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားသည်။

"ဒါဆို ဘာဖြစ်လဲ။ အပြင်ကပစ္စည်း မသုံးရဘူးလို့ စည်းကမ်းမရှိဘူးလေ။"

ထို့အပြင် ဆေးလုံးဆရာတစ်ယောက်အတွက် အဆင်သင့်ဖြစ်နေခြင်းက အဓိကကျေသာ အချက်တစ်ခုဟု သူမ တွေးထားသည်။

ဘာလဲ။ တစ်စုံတစ်ယောက်က ကောင်းကင်မီးလျှံရှိလို့ မင်းရှုံးသွားရင်ရော မင်းက လိုက်ကန့်ကွက်နေမှာလား။

၎င်းသည် သူ့ဘက်က ပြင်ဆင်မှု မလုံလောက်တာပဲဖြစ်သည်။

ဘယ်နည်းလမ်းနှင့်ပင်ဖြစ်စေ ပိုမြင့်သောအဆင့်ရှိသည့် ဆေးလုံးကို ဖော်စပ်နိုင်သရွေ့ ထိုဆေးလုံးဆရာက ပိုတော်သည်ဟု အဓိပ္ပာယ်ရသည်။

ပိုင်ကျီဟန်ကတော့ အရှက်မရှိသည့် မူလင်းယွဲ့ကို ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။

တကယ်တော့ သူသည်လည်း ထိုအခြေအနေမျိုးဆို အရှက်မရှိ လုပ်မှာပင် ။ နောက်ဆုံးမှာတော့ သူမသည် စည်းကမ်းမဖောက်ဖျက်ဘဲ အနိုင်ရသူ ဖြစ်နေတာပင်။

"ဟွန့် … ငါ့ကို အထင်သေးနေတာလို့ ထင်ခဲ့တာ။ မမျှော်လင့်ဘဲ နင်က မထိုက်တန်တဲ့ အောင်ပွဲတစ်ခုကို ရဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ရတာပဲကိုး။"

"တစ်ယောက်ယောက်ကသာ ကိုယ့်ကိုကိုယ် သိပ်ယုံကြည်မှု မလွန်ကဲခဲ့ရင် ဒီအခန်းထဲက ပစ္စည်းတွေပဲ သုံးရမယ်လို့ စည်းကမ်းထုတ်ထားခဲ့မှာပေါ့။ အခုတော့ တစ်စုံတစ်ယောက်က မကြာသေးခင်က ရခဲ့တဲ့ နာမည်ကျော်ကြားမှုကြောင့် ယုံကြည်မှုတွေ လွန်ကဲနေပုံရတယ်”

"ဟုတ်ပါပြီ... မူလင်းယွဲ့ဆိုတဲ့ ပါရမီရှင်က ငါလို အရည်အချင်းမရှိတဲ့လူကို နိုင်ဖို့အတွက် ဒီလောက်ထိ ကြိုးစားရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ကြည့်ရတာ တစ်စုံတစ်ယောက်က ကြောက်နေပုံပဲ”

"ကြောက်တယ်ဟုတ်လား၊ မဟုတ်တာ၊ ပိုင်ကျီဟန်... ငါက ငါနဲ့ နင်ကြားက ကွာဟချက်ကို ပြချင်ရုံသက်သက်ပါပဲ”

"အေးပါ... အေးပါ... ကွာဟချက်ကို ကောင်းကောင်းကြီး ပြလိုက်တာပဲ”

သူတို့နှစ်ယောက် အချင်းချင်း စကားနိုင်လုနေကြစဉ်မှာပင် ကျန်တဲ့သူများကပါ ဘာမှမပြောနိုင်လောက်အောင် အံ့အားသင့်နေကြသည်။

ထိုလူငယ်နှစ်ယောက်က သူတို့၏ ပြိုင်ပွဲထဲမှာပဲ အာရုံရောက်နေကြသည့်တိုင် ဘေးလူတွေအတွက်တော့ လုံးဝကို ထူးခြားသည့် အရာတစ်ခုပင် ဖြစ်၏နေ။

မူမျိုးနွယ်စု၏ မျိုးဆက်သစ်နှစ်ယောက် ဖြစ်သည့် ပိုင်ကျီဟန်နှင့် မူလင်းယွဲ့တို့သည် အသက် ၂၀ တောင် မပြည့်သေးဘဲ အဆင့်(၄) ဆေးဆရာများ ဖြစ်နေကြပြီဖြစ်သည်။

ထိုအရည်အချင်းမျိုးသည် ကောင်းကင်အင်ပါယာ တစ်ခုတည်းတင်မကဘဲ တစ်ခုလုံးသော အရှေ့ပိုင်းဒေသ၏ သမိုင်းတစ်လျှောက်မှာပင် မရှိခဲ့ဖူးပေ။

ထို့အပြင် တစ်ယောက်တည်း မဟုတ်ပေ

နှစ်ယောက်တောင် ဖြစ်နေသည်။

သူတို့အတွက်တော့ မည်သူနိုင်သည်ထက် သူတို့နှစ်ယောက်လုံးက အဆင့်(၄) ဆေးဆရာတွေ ဖြစ်နေသည့် အချက်က ပိုပြီး အရေးပါနေသည်။

အထူးသဖြင့် ပိုင်ကျီဟန်ပင် ဖြစ်၏။

သူသည် ဆေးလုံး ဖော်စပ်နိုင်ရုံတင်မကဘဲ အဆင့်(၄) ဆေးလုံးကိုပါ ဖော်စပ်နိုင်လိမ့်

မည်ဟု ဘယ်သူက ထင်ထားမည်နည်း။

ထိုအချိန်ကစပြီး အခန်းထဲက လူတိုင်းသည် သူ့ကို လေးစားစွာ ဆက်ဆံကြရတော့မည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် သူတို့အများစုထက် ပိုပြီးအဆင့်မြင့်သောဆေးဆရာ ဖြစ်နေသောကြောင့် ဖြစ်၏။

မူယွဲ့လန်ကလည်း သူတို့နှစ်ယောက်လုံးကြောင့် အံ့အားသင့်နေရသည်။ "သမီးက ဘယ်တုန်းက အဆင့်(၄) ဆေးလုံးဆရာအဖြစ် အဆင့်

တက်သွားတာလဲ?"

သူမက မူလင်းယွဲ့ကို မေးလိုက်သည်။

"ဟီးဟီး... အဒေါ်၊သမီးက ဒါကို အံ့အားသင့်အောင် ပြောပြမလို့ပါပဲ။ ဒါပေမဲ့ လူတစ်ယောက်က အဆင့်(၃) ပါဝင်ပစ္စည်းတွေနဲ့ သမီးကို လာစိန်ခေါ်ပြီး သမီးရဲ့အရည်အချင်းကို ထုတ်ပြဖို့ အခွင့်အရေးကောင်းကြီး ဖန်တီးပေးလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ?"

မူလင်းယွဲ့က ပိုင်ကျီဟန်ကို တည့်တည့်ကြီး လှောင်ပြောင်လိုက်သည်။

ပိုင်ကျီဟန်ကတော့ တကယ်ကို ဒေါသထွက်နေချေပြီ

သူ ယုံကြည်မှု လွန်ကဲခဲ့ရုံတင်မကဘဲ မူလင်းယွဲ့ လက်ထဲကို အမိအရ ကျရောက်သွားခဲ့ခြင်းဖြစ်သည်။

၎င်းသည် သူ့အတွက်တော့ အကြီးမားဆုံး အရှက်ရမှုပင် ဖြစ်၏။

သို့တိုင် မည်သို့ပင်ဖြစ်စေ

မူလင်းယွဲ့ကို ထို့စကားများအတွက် နောင်တရစေမည့် အခွင့်အရေး အများကြီး ရှိလာလိမ့်မည်ဟု သူ ယုံကြည်သည်။

အဆင့်(၄) နဲ့ မလုံလောက်ဘူးဆိုလျှင်

သူ အဆင့်(၅) ဗဟုသုတတွေကို ထုတ်ပြမည်ဖြစ်သည်။

အဲဒါနဲ့မှ မရသေးလျှင်

သူသည် အဆင့် ၆၊ ၇၊ ၈ အထိ ဗဟုသုတတွေ ရှိနေပါသေးသည်။

ဒါတွေနဲ့ပင် မူလင်းယွဲ့ကို ပါးစပ်ပိတ်အောင် မလုပ်နိုင်ဘဲ မဖြစ်နိုင်ဘူးဟု သူ ယုံကြည်နေတော့သည်။

All Chapters