အခန်း (၅၃၁-၅၃၂)
Vol. 36 Ch. 531-532
အခန်း ၅၃၁ ဒုတိယအကြိမ် မီးတောက်ခြင်း
မူယွဲ့လန်သည် အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
သူမ၏ အကြည့်များသည် မူလင်းယွဲ့ထံမှ
ပိုင်ကျီဟန်ထံသို့ တစ်လှည့်စီ ကူးပြောင်းနေခဲ့သည်။
သူမ၏ မျက်ဝန်းထဲမှ အံ့အားသင့်မှုများသည် တဖြည်းဖြည်း တည်ငြိမ်သွာချေပြီ
ထို့နောက် နှုတ်ခမ်းထက်တွင် အပြုံးနုနုလေးတစ်ခု ပေါ်လာခဲ့သည်။
"ဒါကိုတော့ ဂုဏ်ပြုပွဲလုပ်မှ ဖြစ်မယ်။"
သူမက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ယခုဆိုလျှင် သူတို့ မူမျိုးနွယ်စုတွင် အသက် ၂၀ တောင်မပြည့်သေးဘဲ အဆင့် (၄) ဆေးဆရာ ဖြစ်သွားသော မူလင်းယွဲ့သာမကဘဲ ပိုင်ကျီဟန်ပါ ရှိနေပြီ ဖြစ်သည်။
အသက် ၂၀ မပြည့်ခင်မှာ အဆင့် (၄)သို့ မရောက်နိုင်ပေ။
အခြားဆေးဖော်စပ်သူ မိသားစုများ သိသွားပါက မနာလိုစိတ်ကြောင့် သွေးအန်ကြလိမ့်မည်ဟု သူမ တွေးမိသည်။
အဆင့် (၃) ဆေးလုံးဆရာ တစ်ယောက်လောက် ရှိလျှင်ပင် နှစ်တစ်ထောင်မှ တစ်ယောက်ပေါ်သော ပါရမီရှင်ဟု သတ်မှတ်ပြီး ဂုဏ်ပြုဖို့ လုံလောက်နေပြီ မဟုတ်ပါလော
မူယွဲ့လန်သည် ပိုင်ကျီဟန်ကို ခဏမျှ ကြည့်နေမိသည်။
သူမ၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ရှိနေဆဲပင်။
(သူ ဘယ်တုန်းက ဆေးဖော်စပ်ခြင်းပညာကို သင်ယူခဲ့တာလဲ?)
(ပြီးတော့ ဒီအဆင့်ထိတောင်...)
သို့သော်လည်း သူမ မမေးဖြစ်ခဲ့ပေ။
အခုအချိန်တွင် အရေးကြီးဆုံးသည် ရလဒ်
ဖြစ်ပြီး
ထိုရလဒ်က သူမရှေ့သည် ရှင်းလင်းစွာ ရှိနေပြီဖြစ်သည်
၎င်းသည် လုံလောက်နေချေပြီ။
သို့သော်လည်း သူ့ကို ဘာဆက်လုပ်ပေးရမည်ကို သူမ မဝေခွဲနိုင်သေးပေ။
သူ့၏ ကျင့်စဉ်ပါရမီက ပွင့်သွားပြီဖြစ်သလို ကျင့်စဉ်လမ်းသည်လည်း အနှိုင်းမဲ့ပါရမီရှင်ဟု ပြောနိုင်သည်။
"ယုန်နှစ်ကောင်ကို တစ်ပြိုင်နက်လိုက်ရင် တစ်ကောင်မှ မိမှာမဟုတ်ဘူး" ဆိုသလိုပင်
သူက ကျင့်စဉ်ကို လျစ်လျူရှုပြီး ဆေးဖော်စပ်ခြင်းဘက်ကိုပဲ အာရုံစိုက်သွားမည်ကို သူမ စိုးရိမ်မိသည်။
တစ်ဖက်မှာလည်း ပိုင်ကျီဟန်၏ ဆေးဖော်စပ်ခြင်းပါရမီကို အလဟဿ အဖြစ်မခံချင်ပြန်ပေ
သူမကိုယ်တိုင်လည်း ဆေးဆရာတစ်ယောက် ဖြစ်တာကြောင့် သူမသားက အကြီးကျယ်ဆုံး ဆေးဆရာ ဖြစ်လာမည်ဆိုပါက ဒီထက်ပိုပြီး တောင်းဆိုစရာ မရှိတော့ပေ
သို့သော် လောလောဆယ်တွင်တော့ သူမ ဘာတစ်ခုမှ မပြောခဲ့ပေ
ပိုင်ကျီဟန် အနေဖြင့် ဘာလုပ်ချင်သည်က သူကိုယ်တိုင်အပေါ်၌သာ မူတည်သည်။
အကယ်၍ နောင်တစ်ချိန်တွင် သူ အခက်အခဲများနှင့် ရင်ဆိုင်လာရပါက သူမအနေဖြင့် အကြံပေးရလိမ့်မည်။
သို့ပေမဲ့ အခုတော့
သူ မြတ်နိုးတန်ဖိုးထားရာကို သူ ရှာဖွေနိုင်၏
သူ လုပ်ချင်တာတွေကို သူ လုပ်ခွင့်ရစေချင်သည်။
သူမ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြေလျော့သွားတော့သည်။
"ကျန်တာတွေကိုတော့..."
သူမက တည်ငြိမ်စွာ ဆက်ပြောသည်။
"မင်းအဖေနဲ့ ငါပြောလိုက်မယ်။
သူမက ပိုင်ကျီဟန်ကို တစ်ချက်ကြည့်လိုက်၏
"ပြီးတော့ မင်းတို့နှစ်ယောက်လုံးအတွက် သီးသန့်ဆေးဖော်စပ်တဲ့ အခန်းတွေ စီစဉ်ပေးမယ်။"
အဆင့် (၄) ဆရာများ ဖြစ်တာကြောင့် သူတို့၌ ကိုယ်ပိုင်အခန်း ရှိသင့်ပြီ ဖြစ်သည်။
"အခုလောလောဆယ်တော့ ဒီမှာပဲ ဆက်ပြီး လေ့ကျင့်နေကြဦး။"
နှစ်ယောက်စလုံးက ခေါင်းငြိမ့်ပြကြသည်
မူယွဲ့လန်သည် သူတို့နှစ်ယောက်ကို နောက်ဆုံးတစ်ချက် ကြည့်လိုက်၏
ထို့နောက် လှည့်ထွက်သွားခဲ့သည်။
သူမ ထွက်သွားပြီးနောက် ခဏမျှ တိတ်ဆိတ်သွား၏
ထိုတိတ်ဆိတ်မှုကို မူလင်းယွဲ့က ဖြိုခွင်းလိုက်သည်။
မူယွဲ့လန်က ခေါင်းလှည့်လိုက်သည်။
ပိုင်ကျီဟန်သည်လည်း ထိုနည်း၎င်းပင်
သူတို့အကြည့်ချင်းဆုံနေ၏
"ကဲ... ပြောပါဦး..."
မူလင်းယွဲ့က အရင်စပြောသည်။
သူ့နှုတ်ခမ်းထက်တွင် အပြုံးလေး ပေါ်လာ၏
"ပိုင်လေး... မင်း တော်တော်လေး ဖုံးကွယ်ထားတာပဲ။ ခိုးပြီး လေ့ကျင့်နေတာလား ဒါမှမဟုတ် တခြားလား?"
သူမ၏ လေသံ၌ စစ်မှန်သော စူးစမ်းလိုစိတ်များ ကိန်းအောင်းနေ၏။
အမှန်စင်စစ်...
သူမ အနိုင်ရရှိခဲ့၍ ကျေနပ်အားရမှု ရှိနေသော်ငြား
သူမကို ပို၍ စိတ်ဝင်စားသွားစေသည်က ဤအချက်ပင် ဖြစ်သည်။
ပိုင်ကျီဟန်သည် ဤအဆင့်အတန်းသို့ မည်သို့မည်ပုံ ရောက်ရှိလာခဲ့သနည်း?
အဆင့်-၄ ဆေးဖော်စပ်သူ ဖြစ်လာခြင်းသည် ထူးချွန်သော ဆေးပညာရှင်များနှင့် သာမန်လူများကို ပိုင်းခြားထားသည့် အနားသတ်မျဉ်းပင် ဖြစ်သည်။
အဆင့်-၄ နှင့် ၎င်းအောက် အဆင့်များကြား ရရှိသော အခွင့်အရေးနှင့် ဆက်ဆံမှုများမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှ၏။
ကျင့်စဉ်လောကသား အများစုသည် အဆင့်-၄ ဆေးဖော်စပ်သူအဖြစ် တက်လှမ်းရန်မှာ အလွန်တရာ ခက်ခဲကြောင်း လက်ခံထားကြသည်။
အသက် နှစ်ဆယ်မပြည့်မီ ထိုအဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
မဟုတ်သေး... ၎င်းမှာ လုံးဝကို မဖြစ်နိုင်သည့် အရာဖြစ်ပြီး သူမကိုယ်တိုင်ပင်လျှင် အသက် နှစ်ဆယ်မတိုင်မီ ထိုအဆင့်သို့ ရောက်ရှိသည့် ပထမဦးဆုံးသော ပါရမီရှင် ဖြစ်ကောင်းဖြစ်
နိုင်ပေသည်။
သို့သော် ယခုမူ... ပိုင်ကျီဟန်ဆိုသည့် ဤလူသားကလည်း ထိုအဆင့်သို့ ရောက်နေပြန်ပြီ။
ဤသည်မှာ လုံးဝ ယုတ္တိမရှိပေ။
သူမသည် ဘဝတစ်ခုလုံးနီးပါးကို ဆေးပညာရပ်အတွက်၌သာ မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်။
သူမ၏ ပါရမီဖြင့်ပင် အဆင့်-၄ သို့ ရောက်ရှိရန် မနည်း ကြိုးပမ်းခဲ့ရ၏။
သို့ဆိုလျှင် ပိုင်ကျီဟန်ကရော?
သူသည် ဘဝတစ်လျှောက်လုံး အချိန်ဖြုန်းနေထိုင်ခဲ့ပြီးမှ ရုတ်တရက် ကျင့်စဉ်အဆင့်များ ခုန်တက်လာခဲ့သူ မဟုတ်ပါလော
သူမ သိထားသမျှအရ
သူ့တွင် ဆေးပညာရပ်ကို လေ့လာလိုက်စားရန် အချိန် လုံးဝ မရှိသင့်ပေ။
သို့ဆိုလျှင် မည်သို့ကြောင့်နည်း...
မည်သို့ကြောင့် သူသည် ဆေးပညာရပ်တွင် သူမနှင့် တန်းတူနီးပါး ရင်ပေါင်တန်းနိုင်ရသနည်း?
သူ့ကို ပိုင်လေးဟု ခေါ်ဝေါ်လိုက်ခြင်းမှာမူ
သူ ရှုံးနိမ့်သွားခဲ့ပြီလေ။
ရှုံးနိမ့်သူကို အနိုင်ရသူက ထိုသို့ စနောက်ရသည်မှာ သဘာဝတရားပင် ဖြစ်သည်။
ပိုင်ကျီဟန်၏ မျက်ခုံးအစုံ အနည်းငယ် တွန့်ချိုးသွား၏။
သူ့မျက်လုံးထဲတွင် စိတ်အနှောင့်အယှက်ဖြစ်မှုများ ခဏတာ အရိပ်ယောင်သန်းသွား၏
သို့သော်လည်း ခဏအကြာတွင်
ထိုအရိပ်အယောင်များ ပျောက်ကွယ်သွားပြီး တည်ငြိမ်မှုများ ပြန်လည် အစားထိုးဝင်ရောက်လာသည်။
"ဟူး..."
မည်သို့ပင်ဆိုစေ သူ ရှုံးခဲ့ပြီ ဖြစ်သည်။
သူမက သူ့မျက်နှာကို လက်ညှိုးထိုး၍ လှောင်ပြောင်နေခြင်းပင်။
အကယ်၍ သူသာ စိတ်တိုဒေါသထွက်ပြလိုက်လျှင် မူလင်းယွဲ့၏ အကွက်ထဲသို့ ဆင်းပေးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ (ထားလိုက်ပါတော့... ထားလိုက်ပါတော့လေ။)
သူသည် သူမ၏ မေးခွန်းကို ပြန်လည်ဖြေကြားရန် စိတ်မကူးတော့ပေ
ကျောခိုင်းလှည့်ထွက်ကာ ဆေးဖိုဆီသို့ ပြန်လည်လျှောက်လှမ်းသွားတော့သည်။
မူလင်ယွဲ့ မျက်တောင်တဖျတ်ဖျတ် ခတ်သွား၏။
"ငါ့ကို လျစ်လျူရှုတာလား?"
ပိုင်ကျီဟန်က သူမကို တစ်ချက်မျှ လှမ်းကြည့်လိုက်၏
"ငါ နောက်ထပ် ဆေးလုံးတစ်လုံး ထပ်ဖော်စပ်ဦးမယ်။"
သူ ရပ်တန့်လိုက်သည်။
ထို့နောက် မူလင်းယွဲ့ဘက်သို့ အနည်းငယ် လှည့်ကြည့်ကာ
"ငါ့အတွက် ဆေးအမယ်အချို့ လိုအပ်တယ်။"
သူက အေးဆေးတည်ငြိမ်စွာပင် ပြောဆိုလိုက်၏။
မူလင်းယွဲ့၏ မျက်ခုံးတစ်ဖက် မြင့်တက်သွားသည်။
"အို... ဟုတ်လား?"
ပိုင်ကျီဟန်က တည်ငြိမ်စွာပင် ရေတွက်ပြလိုက်တော့သည်။
ဆေးအမည် အနည်းငယ်မျှသာ...။
ဤနေရာရှိ လူအများရှေ့တွင် ခင်းကျင်းထားခြင်းမရှိပေ
အဆင့် (၄) နှင့်အထက် ဆေးပညာရှင်များသာ လက်ဝယ်ထားရှိတတ်သော ရှားပါးပစ္စည်းများပင် ဖြစ်သည်။
မူလင်းယွဲ့ မျက်ဝန်းများ ဝင်းလက်သွားသည်။
သူမသည် သူ့ကို ခဏမျှ စိုက်ကြည့်နေမိ၏။
ထို့နောက် သူမ၏ မျက်နှာပေါ်ရှိ ကျီစယ်လိုသော အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်မှုက အစားထိုးဝင်ရောက်လာသည်။
စကားတစ်ခွန်းမျှ ထပ်မဆိုတော့ဘဲ သူမ လက်ကို ဝေ့ယမ်းလိုက်၏
အလင်းတန်းလေးတစ်ခု လက်ခနဲ ဖြစ်သွားသည်။
ကျောက်စိမ်းသေတ္တာ အနည်းငယ် ပေါ်ထွက်လာ၏
ပြီးနောက် သူမသည် ထိုသေတ္တာများကို သူ့ထံသို့ လှမ်းပစ်ပေးလိုက်သည်။
"ငါက အဲဒီလောက် စေးနှဲတဲ့သူ မဟုတ်ပါဘူး"
သူမက အေးအေးလေးပင် ဆိုလိုက်သည်။
"ဒါပေမဲ့ ဒါတွေကို အလဟဿတော့ မဖြစ်စေနဲ့"
ပိုင်ကျီဟန်သည် ထိုသေတ္တာများကို ခက်ခဲမှုမရှိဘဲ ဖမ်းယူလိုက်၏
"ကျေးဇူးပဲ"
ဆေးပေါင်းဖိုဘက်သို့ ပြန်လှည့်သွား၏။
မူလင်းယွဲ့သည် လက်ပိုက်လျက်
သူ့ကို စူးစိုက် ကြည့်နေသည်။
(ဖြစ်နိုင်တာက)
သူမ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။
(သူက အဆင့် (၄) ထိပ်တန်းဆေးလုံးတွေကို ဖော်စပ်နိုင်နေပြီလား...)
ယခင်က သူမ အနိုင်ရခဲ့၏
သို့သော်လည်း ၎င်းမှာ ပစ္စည်းကန့်သတ်ချက်ကြောင့် သူမ အသာစီးရခဲ့ခြင်းသာ ဖြစ်သည်။
ထိုစဉ်က သူ၏ အစွမ်းသည် အထွတ်အထိပ်သို့ ရောက်နေပြီဟု သူမ ယုံကြည်ခဲ့သော်လည်း ယခုမူ သူမ မရေမရာ ဖြစ်လာသည်။
သို့သော်လည်း သူမ၏ နှုတ်ခမ်းအစုံက အနည်းငယ် ကွေးညွှတ်သွား၏။
(ဘယ်လိုမှ မဖြစ်နိုင်တာ...)
သူမကိုယ်သူမ အကြွင်းမဲ့ ယုံကြည်မှု ရှိနေသည်။
ပိုင်ကျီဟန်သည် ပါရမီထူးသည်ဆိုဦးတော့၊
သူမကို ကျော်တက်သွားမည် ဆိုသည်ကိုမူ
သူမ လုံးဝ မယုံကြည်နိုင်ချေ။
သို့သော်လည်း... သူမ၏ မျက်လုံးများက သူ့ထံမှ တစ်စက္ကန့်မျှပင် ဖယ်ခွာမသွားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဤ "ပိုင်လေး" တစ်ယောက် မည်မျှအထိ ခရီးပေါက်နိုင်မည်နည်းဆိုသည်ကို သူမ အမှန်တကယ် သိမြင်လိုသောကြောင့် ဖြစ်၏။
မူလင်းယွဲ့ တစ်ဦးတည်းသာမက
အခြားသောသူများစွာသည်လည်း ပိုင်ကျီဟန်ကိုသာ စိုက်ကြည့်နေကြသည်။ သို့သော် သူမနှင့်မတူသည်မှာ သူတို့သည် အကျိုးအကြောင်းများကို နက်နက်နဲနဲ ဆင်ခြင်နေခြင်း မဟုတ်ပေ။ ပိုင်ကျီဟန် နောက်ထပ် မည်သည့်ဆေးလုံးကို ဖော်စပ်မည်နည်းဆိုသည်ကိုသာ သူတို့ သိလိုကြခြင်းဖြစ်သည်။
သူတို့အတွက်မူ ပိုင်ကျီဟန်သည် အလှမ်းဝေးလွန်းလှသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။
အသက်နှစ်ဆယ် မပြည့်မီ အဆင့် (၄) ဆေးပညာရှင် ဖြစ်လာခြင်းကပင်
သူတို့၏ နားလည်မှုကို ရိုက်ချိုးဖျက်ဆီးထားပြီး ဖြစ်သည်။ ယခုအခါ သူက ပို၍မြင့်မားသော ဆေးလုံးများကို ဖော်စပ်နိုင်သည်ဖြစ်စေ၊ မဖော်စပ်နိုင်သည်ဖြစ်စေ ယခင်ကလောက် ထိတ်လန့်စရာ မကောင်းတော့ပေ။
သူတို့၏ အံ့ဩတုန်လှုပ်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏
ယခုမြင်တွေ့နေရသည်မှာ မဖြစ်နိုင်သောအရာများ ဆက်လက်ဖြစ်ပျက်နေခြင်းကိုသာ ငေးမောကြည့်နေကြခြင်း ဖြစ်သည်။
ပိုင်ကျီဟန်ကမူ ထိုသူများကို ဂရုမစိုက်ပေ။
ရေတွက်မကုန်နိုင်သော အကြည့်များ၊
တိုးတိုးတိတ်တိတ် စကားသံများနှင့်
မျှော်လင့်ချက်များ...
၎င်းတို့မှာ သူ့အတွက် အရေးမပါချေ။
သူ အာရုံစိုက်နေသော တစ်ဦးတည်းသောသူမှာ မူလင်းယွဲ့သာ ဖြစ်သည်။
သူသည် သူမကို မျက်လုံးထောင့်မှ တစ်ချက်ဝေ့ကြည့်လိုက်၏
ထို့နောက် နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာသည်။
(စောင့်ကြည့်နေလိုက်ပါ)
ထိုအတွေးတစ်ခုက သူ၏ စိတ်ထဲတွင် ဟိန်းထွက်သွားလေတော့သည်။
အဆင့် (၄) အထွတ်အထိပ် ဆေးလုံး...။
၎င်းသည် သူ၏ ပစ်မှတ်ပင် ဖြစ်သည်။
သူသည် ဤထက်ပို၍ မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ပါသလော?
အဖြေမှာ ရနိုင်သည်ဟူ၍ ဖြစ်၏။
သို့သော် ဤနေရာရှိ ဆေးဖက်ဝင်ပစ္စည်းများမှာ သူ အမှန်တကယ် ဖော်စပ်လိုသော ဆေးလုံးများအတွက် မလုံလောက်ချေ။
ထို့ပြင် လက်ရှိ သူအသုံးပြုနေသော အလယ်အလတ်တန်းစား ဆေးပေါင်းဖိုမှာလည်း ပိုမိုမြင့်မားသော ဆေးလုံးများမှ ထွက်ပေါ်လာမည့် ဝိညာဉ်စွမ်းအင်ဒဏ်ကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
အဆင့် (၄) သည်သာ ဤဆေးပေါင်းဖို၏ အကန့်အသတ် ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ အဆင့် (၄) အထွတ်အထိပ် ဆေးလုံးတစ်လုံးသည် အချက်တစ်ချက်ကို ရှင်းလင်းသွားစေရန် လုံလောက်ပါသည်။
မူလင်းယွဲ့ အနိုင်ရခဲ့သည်မှာ သူမက ပို၍တော်သောကြောင့် မဟုတ်ဘဲ ပစ္စည်းကိရိယာ အသာစီးရမှုကြောင့်သာ ဖြစ်ကြောင်း သူ သက်သေပြရမည်။
ထိုသို့ တွေးလိုက်မိစဉ် သူ၏ အကြည့်များမှာ အနည်းငယ် ဝေဝါးသွား၏
ခဏတာမျှ
သူ၏ အမူအရာက နူးညံ့သွားသည်။
မူလင်းယွဲ့
သူ၏ အစ်မဖြစ်သူမှာ မည်သို့သော နည်းလမ်းဖြင့် ဤအဆင့်သို့ ရောက်ရှိလာခဲ့သနည်း?
သူ၏ စိတ်ထဲတွင် စစ်မှန်သော မေးခွန်းတစ်ခု ပေါ်လာသည်။
သူနှင့်မတူသည်မှာ
သူမတွင် မည်သည့် စနစ်မျှ မရှိပေ။
အမွေရထားသော ဗဟုသုတများလည်း မရှိချေ။
သူမတွင် ဖြတ်လမ်းမရှိခဲ့ပေ။
သူမ ရရှိထားသမျှ အရာအားလုံးသည်
ကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ပါရမီနှင့် မလျှော့သော ဇွဲလုံ့လတို့ဖြင့် တစ်လှမ်းချင်း တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။
ပိုင်ကျီဟန်သည် မိမိကိုယ်မိမိ ကောင်းစွာသိ၏။
အကယ်၍သာ သူရရှိထားသော အထောက်အပံ့များ မရှိခဲ့လျှင် ဆေးဖက်ဝင်ပစ္စည်းများ၏ ဂုဏ်သတ္တိကို အလွတ်မှတ်ရရုံနှင့်ပင် ခေါင်းခဲနေပေလိမ့်မည်။
ဆေးလုံးဖော်စပ်ခြင်းမှာမူ ဝေးလာဝေး...။
ယခုရှိနေသော သူ၏ ပါရမီနှင့်
အဆင့်မြင့်တာအိုအရိုးက ပံ့ပိုးပေးထားသည့် သိမြင်နားလည်မှု၊ ထိန်းချုပ်နိုင်စွမ်းများ မရှိခဲ့ပါက၊
အကောင်းဆုံး အခြေအနေတွင်ပင် နောက်ထပ်နှစ်နှစ်ခန့် ကြာမှသာ အဆင့် (၁) ဆေးပညာရှင် အဆင့်သို့ မနည်းတက်လှမ်းရပေလိမ့်မည်။
ဤသည်မှာ ငြင်းမရသော အမှန်တရားပင်။
ထို့ကြောင့် သူမအပေါ် သူ၏ စိတ်ထဲ၌ တစ်စုံတစ်ရာ ခံစားရသည်မှာ မှားမည်မဟုတ်ချေ။
မူလင်းယွဲ့အပေါ် ထားရှိသော သူ၏ လေးစားမှုမှာ
အနည်းငယ် တိုးလာခဲ့သည်။
သူမသာ သူ့ကို အမြဲတစေ လှောင်ပြောင်ခြင်း မပြုခဲ့လျှင် ထိုလေးစားမှုမှာ ယခုထက် ပို၍ မြင့်မားနေပေလိမ့်မည်။
"ဘာဖြစ်နေတာလဲ ပိုင်လေးရဲ့? မီးဘယ်လိုစမွှေးရမလဲဆိုတာတောင် မေ့သွားပြီလား?"
သူ၏ မျက်လုံးများ အနည်းငယ် မှေးစပြုလာသည်။
ဟင်း
လေးစားမှုများကို ခဏမေ့ထားကာ
သူမ၏ ပါးစပ်ကို ပိတ်သွားအောင် အရင်လုပ်ရမည်။
ပိုင်ကျီဟန်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။
ဆေးပေါင်းဖိုအတွင်း မီးလျှံများ တဖန် ပြန်လည်တောက်လောင်လာသည်။
ယခင်ကကဲ့သို့ပင်
ပိုင်ကျီဟန်သည် မည်သည့် ဝေခွဲမရဖြစ်မှုမျှမရှိဘဲ လုပ်ဆောင်သွားသည်။
အရာအားလုံးမှာ သဘာဝအတိုင်း ချောမွေ့နေ၏။
ကျောက်စိမ်းသေတ္တာများ တစ်ခုပြီးတစ်ခု ပွင့်လာပြီး အဖိုးတန် ဆေးဖက်ဝင်ပစ္စည်းများ ပေါ်ထွက်လာသည်။
ထိုအရာများကို မြင်လိုက်ရသည့် ခဏ၌ပင် အတွေ့အကြုံရှိသော တပည့်အချို့မှာ အသက်ရှူမှားသွားကြ၏
သူတို့၏ မျက်နှာရိပ်မျက်နှာကဲများ ပြောင်းလဲကုန်သည်။
အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင်မူ ပိုင်ကျီဟန် မည်သည့်ဆေးလုံးကို ဖော်စပ်တော့မည်နည်းဆိုသည်ကို သူတို့ ခန့်မှန်းနိုင်သွားသောကြောင့် ဖြစ်၏။
ကောင်းကင်ဝိညာဉ် စုစည်းမှုဆေးလုံး
၎င်းမှာ အဆင့် (၄) အဆင့်မြင့် ဆေးလုံးတစ်မျိုး ဖြစ်သည်။
ဤဆေးလုံးသည် ဖော်စပ်ရန် အလွန်ခက်ခဲသည်ဟု နာမည်ကြီးသလို၊ လွယ်ကူသော ဆေးလုံးမျိုးလည်း မဟုတ်ပေ။
အကယ်၍ တစ်စုံတစ်ဦးသာ ဤဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လျှင်
ထိုသူသည် အဆင့် (၄) အဆင့်မြင့် ဆေးပညာရှင် ဖြစ်ကြောင်း အငြင်းပွားဖွယ်မရှိ သက်သေပြနိုင်ပေလိမ့်မည်။
သို့သော် သူ အောင်မြင်ပါမည်လော?
၎င်းမှာမူ လုံးဝခြားနားသော ကိစ္စတစ်ခုပင် ဖြစ်လေတော့သည်။
အခန်း ၅၃၂ - မျိုးနွယ်စုကို တုန်လှုပ်စေသော အဆင့် (၄) ပါရမီရှင် နှစ်ဦး
အချိန်သည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပြီး ပိုင်ကျီဟန်သည် ဆေးလုံးဖော်စပ်ခြင်း အဆင့်သို့ ရောက်သည်အထိ အဆင့်တိုင်းကို အမှားအယွင်းမရှိ ချောမောစွာ လုပ်ဆောင်နိုင်ခဲ့သည်။
အားလုံးက ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြ၏။
မီးဖိုအဖုံး ပွင့်ထွက်သွားသည်။
သိပ်သည်းလှသော ကောင်းကင်နှင့်မြေကြီး စွမ်းအင်များသည် ခန်းမတစ်ခုလုံးသို့ လှိုင်းဂယက်သဖွယ် ပျံ့နှံ့သွားလေသည်။
ထိုမီးဖိုအတွင်း၌မူ
ဆေးလုံးတစ်လုံး တည်ရှိနေသည်။
ဆေးလုံး၏ မျက်နှာပြင်သည် အလွှာလိုက် အလင်းတန်းများဖြင့် တောက်ပနေပြီး ယခင်ကထက် ပိုမိုနက်ရှိုင်းကာ သန့်စင်လှသည်။
အဆင့်မြင့် အဆင့် (၄) ဆေးလုံး
တစ်ခန်းမလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
ထို့နောက် အံ့ဩတုန်လှုပ်သံများ ပေါက်ကွဲထွက်လာတော့သည်။
"သူ... သူ တကယ်ပဲ အောင်မြင်သွားတာလား?”
"ဒါက အဆင့်မြင့် အဆင့် (၄) ဆေးလုံးပဲ”
"ဒါဆိုရင် အဓိပ္ပာယ်က...”
အကယ်၍ ပိုင်ကျီဟန်သာ ဆေးဖော်စပ်ရာတွင် ဆေးပါဝင်ပစ္စည်းအကန့်အသတ်မရှိခဲ့ပါက သူသည် မူလင်းယွဲကိုပင် အနိုင်ရနိုင်သည်ဟု လူအများက ရိပ်မိကြသည်။
သို့သော် မူလင်းယွဲမှာလည်း သူတို့ မပြစ်မှားရဲသည့် ပုဂ္ဂိုလ်ဖြစ်သဖြင့် လူတိုင်းက မိမိတို့၏ ထင်မြင်ချက်ကိုသာ စိတ်ထဲတွင် မြိုသိပ်ထားကြရသည်။
မူလင်းယွဲ့သည် မလှုပ်မယှက် ရပ်နေဆဲသာ
သူမ၏ မျက်လုံးများသည် ထိုဆေးလုံးပေါ်တွင်သာ စွဲမြဲနေသည်။
ပိုင်ကျီဟန်က လှည့်ကြည့်လိုက်ရာ သူ၏နှုတ်ခမ်းထောင့်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လွင်နေ၏။
"ဘယ်လိုလဲ?"
သူက ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။
မူလင်းယွဲ့သည် အသက်ကို ခပ်ဖြည်းဖြည်း ရှူထုတ်လိုက်သည်။
ထို့နောက် သင်းပျံ့သော အပြုံးတစ်ခု ပေါ်လာကာ
"ချီးကျူးစရာပဲ”
လှောင်ပြောင်ခြင်း မရှိ။
ထောင်လွှားခြင်း မရှိပေ
အသိအမှတ်ပြုမှု သက်သက်သာ ဖြစ်သည်။
သူမ၏ အကြည့်များက သူ့အကြည့်နှင့် တိုက်ရိုက်ဆုံသည်။
"ဆေးဖော်စပ်နည်းကို ဘယ်မှာ သင်ခဲ့တာလဲ?"
မူလင်းယွဲ့သည် တကယ်တမ်း သိချင်စိတ်ဖြင့် မေးမြန်းခြင်း ဖြစ်သည်။
"ငါက ကိုယ့်ဘာသာကိုယ် သင်ယူခဲ့တာလေ”
ပိုင်ကျီဟန်က အရှက်မရှိ ကြေညာလိုက်သည်။
သို့သော် ထိုအဖြေကို ကြားရသည့်အခါ မူလင်းယွဲ့သည် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု မထင်မှတ်ခဲ့ပေ။
အစပိုင်းတွင် လျင်မြန်စွာ တိုးတက်ရန် ဆရာလိုအပ်သော်လည်း နောက်ပိုင်းတွင် ကိုယ်တိုင်လေ့လာခြင်းဖြင့်သာ ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်သည်ဟု သူမ ယုံကြည်သည်။
သူမကိုယ်တိုင်လည်း ထိုသို့ပင် ပြုလုပ်ခဲ့၍ ပိုမို လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း မဟုတ်ပါလား။
သို့သော် အခြားသူတစ်ဦးကို သွားမေးမည်ဆိုပါက ၎င်းမှာ အဓိပ္ပာယ်မရှိသော စကားဟုသာ ဆိုကြပေလိမ့်မည်။
ကိုယ်တိုင်လေ့လာခြင်းသည် သူမကဲ့သို့ ပါရမီထူးချွန်သူများအတွက်သာ ပိုမိုမြန်ဆန်ခြင်း ဖြစ်သည်။ အခြားသူများအတွက်မူ လမ်းပြမည့်သူမရှိဘဲ ကိုယ်တိုင်စမ်းတဝါးဝါး လုပ်နေခြင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်၏။
မူလင်းယွဲ့က အမှားမရှိဟု ထင်ရခြင်းမှာ သူမသည် တစ်ခုသင်လျှင် အခုတစ်ရာ တတ်မြောက်သည့် မိစ္ဆာအဆင့် ပါရမီရှင်
ဖြစ်နေသောကြောင့်ပင်။
မူလင်းယွဲ့သည် ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
သူမ၏ အကြည့်များသည် သူ၏လက်ထဲရှိ ဆေးလုံးပေါ်တွင် ခွာမရသေးပေ။
"တခြား ဘယ်လိုဆေးလုံးတွေ ဖော်စပ်နိုင်သေးလဲ?"
သူမ မေးလိုက်သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပို၍ တိုက်ရိုက်ကျကျ ဆိုလိုက်သည်မှာ
"အဆင့်မြင့် ဆေးလုံးမျိုးတွေကို ပြောတာ။"
ပိုင်ကျီဟန်က မျက်ခုံးတစ်ဖက် ပင့်လိုက်ကာ
"အိုး...?"
သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ငါဖော်စပ်တာကို ထပ်ကြည့်ချင်သေးလို့လား?"
မူလင်းယွဲ့သည် တစ်စုံတစ်ရာကိုမျှ ဖုံးကွယ်မထားပေ
ချက်ချင်းပင် ခေါင်းညိတ်ပြသည်။
"ဟင်း”
ပိုင်ကျီဟန်က လက်ပိုက်လိုက်ရင်း
"ဒါကတော့ အဖိုးအခ ပေးရလိမ့်မယ်။"
မူလင်းယွဲသည် တုံ့ဆိုင်းမနေပေ
"ဘာလိုချင်တာလဲ?"
ပိုင်ကျီဟန် ခဏမျှ စဉ်းစားလိုက်သည်။
ထို့နောက် သူ၏ မျက်လုံးများက တလက်လက် တောက်ပလာချေသည်။
"ပထမဆုံး အနေနဲ့..."
သူ အနည်းငယ် ရပ်နားလိုက်၏
"ငါ့ကို အစ်ကိုကြီးလို့ ခေါ်ကြည့်ပါလား?"
တစ်ချက်ကလေးမျှပင် တွေဝေခြင်းမရှိပေ
"အကို ကျီဟန်အာ”
မူလင်းယွဲ့က ချက်ချင်းပင် ခေါ်လိုက်သည်။
အနည်းငယ်မျှပင် ရှက်ရွံ့ခြင်း မရှိပေ။
"အရှက်မရှိလိုက်တာ”
ပိုင်ကျီဟန်သည် တစ်ချက် မကျေမနပ် ရေရွတ်လိုက်သည်။
သူကတော့ သူမကို တစ်ပတ်ပြန်ရိုက်ပြီး လက်စားချေနိုင်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် အခုကြည့်ရသည်မှာ...
သူမ၏ အရှက်မရှိ တတ်မှုသည် သူနှင့်ပင် အဆင့်ချင်း တူနေသယောင် ရှိသည်။
မူလင်းယွဲ့က ခပ်ပါးပါးလေးသာ ပြုံးနေ၏။
သူမ တုံ့ဆိုင်းမနေရခြင်းမှာ သူမအတွက်တော့ ဤသူသည် ပိုင်ကျီဟန်ဖြစ်နေသောကြောင့် ဖြစ်သည်။
ထိုကဲ့သို့သော လူမျိုးနှင့် ဆက်ဆံရာတွင် အရှက်အကြောက် သို့မဟုတ် ထိန်းချုပ်မှုများ မလိုအပ်ကြောင်း သူမ ငယ်စဉ်ကတည်းက သင်ယူခဲ့ပြီးသား ဖြစ်သည်။
အကယ်၍ သူမသာ ဤသို့ မပြုမူခဲ့ပါက သူ့လက်ထဲတွင် အကြိမ်ကြိမ် အရေးနိမ့်ခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။
ထို့ထက် ပို၍ အရေးကြီးသည်မှာ သူမ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှုများ ဝေစီနေခြင်းပင်။
ဆေးဖော်စပ်ခြင်း ပညာနှင့် နှိုင်းယှဉ်လျှင်
ကျန်ရှိသမျှ အရာအားလုံးမှာ အသေးအဖွဲသာ။
မျက်နှာ?
မာန?
မည်သည့်အရာမှ အရေးမကြီးပေ
တစ်ခုတည်းသော အရာသာ အရေးကြီးသည်။
"ပြပါဦး”
သူမက စူးရှသော အကြည့်များဖြင့် ထပ်မံ တောင်းဆိုလိုက်သည်။
"ရတာပေါ့၊ ဒီအကိုက အသိဉာဏ်နည်းတဲ့ ညီမငယ်လေးကို လမ်းပြပေးရတာပေါ့”
မူမျိုးနွယ်စု နယ်မြေ၏ အခြားတစ်ဖက်တွင်မူ မူယွဲ့လန်သည် စင်္ကြံလမ်းများတစ်လျှောက် လျင်မြန်စွာ လှမ်းလာခဲ့သည်။
မကြာမီ သူမသည် အဓိက အစည်းအဝေးခန်းမ အပြင်ဘက်သို့ ရောက်ရှိလာ၏။
အတွင်းဘက်မှ စကားသံများကို ကြားနေရသည်။
မူချင်းယွမ်သည် အကြီးအကဲများနှင့် အစည်းအဝေး ပြုလုပ်နေကြောင်း သူမ စုံစမ်းသိရှိထားပြီး ဖြစ်သည်။
အနှေးနှင့်အမြန် အသိပေးရမည့် ကိစ္စဖြစ်သဖြင့် ၎င်းမှာ အခွင့်အရေးကောင်းတစ်ခုဟု သူမ ယူဆလိုက်သည်။
သူမသည် တွေဝေခြင်းမရှိဘဲ အတွင်းသို့ လှမ်းဝင်လိုက်၏။
အတွင်းခန်းရှိ ဆွေးနွေးသံများ ချက်ချင်း ရပ်တန့်သွားသည်။
အကြီးအကဲ အများအပြား ခေါင်းလှည့်ကြည့်လာကြသည်။
မူချင်းယွမ်ကလည်း အံ့ဩတကြီး ကြည့်လိုက်ကာ
"ယွဲ့လန်?"
သူက မျက်ခုံးပင့်ရင်း
"ဘာကိစ္စရှိလို့ ဒီကို လာတာလဲ?"
"ညီမမှာ အရေးကြီးတဲ့ သတင်းတစ်ခု ရှိလို့ပါ။ နှောင့်ယှက်မိသွားသလား?"
သူတို့အားလုံးက ခေါင်းယမ်းလိုက်ကြသည်။
"မဟုတ်တာ”
သူမ၏ အကြည့်များက ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။
မူယွဲ့လန်သည် အသက်ကို ခပ်ဖွဖွ ရှူလိုက်ပြီးနောက်
ရှင်းလင်းစွာ ဆိုလိုက်သည်မှာ
“အခု ပြောမယ့် စကားတွေက”
ခဏမျှ ရပ်နားလိုက်ပြီး
"...ဒီအခန်းထဲကနေ အပြင်ကို လုံးဝ ပေါက်ကြားလို့မရဘူး။"
တစ်ခန်းမလုံး တိတ်ဆိတ်သွားသည်။
အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ပြကြသည်။
သူတို့ နားလည်ပါသည်။
မူယွဲလန်ကဲ့သို့သော သူက ဤသို့ ပြောလာလျှင် ၎င်းမှာ အသေးအဖွဲ ကိစ္စမဟုတ်နိုင်ပေ။
မူချင်းယွမ်၏ မျက်လုံးများ အနည်းငယ် မှေးစပြုလာသည်။
"ငါ ကတိပေးတယ်။"
မူယွဲ့လန် ခေါင်းညိတ်လိုက်သည်။
ထို့နောက်
"မူလင်းယွဲ့က..."
သူမ စကားကို ရပ်လိုက်သည်။
"...အဆင့် (၄) ဆေးဖော်စပ်သူအဖြစ် အဆင့်တက်လှမ်းသွားပါပြီ”
ဝုန်း
ထိုစကားလုံးများသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ရိုက်ခတ်သွားသည်။
ဧည့်ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့၏။
"ဘာ... အဆင့် (၄) ဟုတ်လား?”
"သူမရဲ့ အသက်အရွယ်နဲ့လား?”
အကြီးအကဲများပင်လျှင် တည်ငြိမ်မှုကို မထိန်းနိုင်ကြတော့ပေ။
မူချင်းယွမ် အပါအဝင် လူတိုင်း၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပျံ့နှံ့သွားသည်။
သူ၏ သူငယ်အိမ်များ ကျုံ့သွားကာ "လင်းယွဲအာလား?"
သူကိုယ်တိုင်ပင် ဤအကြောင်းကို မသိခဲ့ပေ။
မူလင်းယွဲ့သည် အဆင့် (၃) အဆင့်မြင့်ဆေးလုံးများကို အလွယ်တကူ ဖော်စပ်နိုင်ကြောင်း သူသိသော်လည်း၊ အဆင့် (၄) သို့ ရောက်ရန်မှာမူ ဝေးကွာသေးသည်ဟုသာ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။
သူမတွင် အရည်အချင်းမရှိ၍ မဟုတ်ဘဲ ငယ်လွန်းသေးသဖြင့် ၎င်းမှာ အလွန်ခက်ခဲလိမ့်မည်ဟု သူ ယူဆခဲ့ခြင်းပင်။
မူချင်းယွမ်က ခပ်ဖျော့ဖျော့နှင့် အကူအညီမဲ့သော အပြုံးတစ်ခုကို ပြုံးလိုက်၏
"သူမက ဒါကို တစ်ခါမှ ထုတ်မပြောခဲ့ဘူးပဲ။"
၎င်းမှာ ဖြစ်သင့်ပါသည်။
မူလင်းယွဲ့သည် ထိုကဲ့သို့သော ဂုဏ်ပုဒ်များကို ဂရုစိုက်သည့်သူ မဟုတ်ပေ။
ကျော်ကြားမှု?
အသိအမှတ်ပြုခံရမှု?
သူမအတွက်တော့ အဓိပ္ပာယ်မရှိသော အရာများသာ။
အခြားသူများသာဆိုလျှင် ဤကဲ့သို့ အဆင့်တက်လှမ်းမှုကို တစ်လောကလုံး သိအောင် အပြေးအလွှား ကြေညာကြမည်ဖြစ်
သော်လည်း
သူမကမူ ထိုသို့ မလုပ်ခဲ့ပေ
အဆင့်တက်ပြီးနောက် သူမသည် အချိန်တိုင်းကို အရာတစ်ခုတည်းအတွက်သာ အသုံးချခဲ့သည်။
ဆေးဖော်စပ်ခြင်း။
တိုးတက်အောင် လုပ်ဆောင်ခြင်း။
ပြီးပြည့်စုံအောင် ကြိုးစားခြင်း။
ထို့ကြောင့်လည်း အဆင့်တက်ပြီး မကြာမီမှာပင် သူမသည် အဆင့် (၄) အလယ်အလတ်တန်းစား ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ ပိုင်ကျီဟန် သူမလက်တွင် အရေးနိမ့်ခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်၏။ မဟုတ်ပါက သူသည် အဆင့် (၄) အနိမ့်စား ဆေးလုံးလေးဖြင့် သူမကို ယှဉ်ပြိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
"ယွဲ့လန်... မင်း သေချာရဲ့လား?"
အကြီးအကဲတစ်ဦးက သံသယဖြင့် မေးလိုက်သည်။
ယွဲ့လန် သို့မဟုတ် လင်းယွဲ့ကို မယုံကြည်၍ မဟုတ်ဘဲ သတင်းက တစ်ခါတည်းနှင့် ယုံကြည်ရန် ခက်ခဲလွန်းလှသောကြောင့် ဖြစ်သည်။
မူယွဲ့လန်က ခေါင်းညိတ်ပြကာ ထပ်လောင်းပြောဆိုသည်မှာ
"သူမက ကျွန်မရှေ့မှာတင် အဆင့် (၄) အလယ်အလတ်တန်းစား ဆေးလုံးကို ဖော်စပ်ပြခဲ့တာပါ။ ကျွန်မ အသေအချာ အာမခံပါတယ်။"
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
အကြောင်းမှာ ထိုအချက်က ဘာကို ဆိုလိုသည်ကို သူတို့အားလုံး နားလည်သောကြောင့်ပင်။
ပုံမှန်အားဖြင့် အဆင့်သစ်တစ်ခုသို့ တက်လှမ်းပြီးနောက်
ဆေးဖော်စပ်သူတစ်ဦးသည် အချိန်ယူရလေ့ရှိသည်။
လနှင့်ချီ၍သော်လည်းကောင်း။
နှစ်နှင့်ချီ၍သော်လည်းကောင်း။
ထပ်မံ တိုးတက်ရန်မှာ အချိန်ယူရစမြဲသာ
အထူးသဖြင့် အဆင့် (၄) သို့ ရောက်ပြီးနောက်တွင် တိုးတက်မှုနှုန်းမှာ လိပ်တစ်ကောင်ကဲ့သို့ တရွေ့ရွေ့သာ သွားနိုင်တော့သည်။
သို့သော် မူလင်းယွဲ့ကမူ?
သူမသည် ထိုအဆင့်များကို ကျော်ဖြတ်လာခဲ့ပုံရသည်။
၎င်းမှာ
သူမသည် မြင်းရထားတစ်စီးပေါ် တက်စီးထားသကဲ့သို့ပင်။
မည်သည့် အဟန့်အတားမျှမရှိဘဲ အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးထွက်သွားခြင်း ဖြစ်သည်။
မူချင်းယွမ်သည် အသက်ကို ခပ်ဖြည်းဖြည်း ရှူထုတ်လိုက်သည်။ မျိုးနွယ်စု ခေါင်းဆောင်တစ်ဦးအနေဖြင့် အတွေ့အကြုံများစွာ ရှိသော်လည်း
သူပင်လျှင် တည်ငြိမ်မှုကို ထိန်းရန် ခက်ခဲနေလေပြီ။
"တကယ့်ကို မိစ္ဆာအဆင့် ပါရမီရှင်ပဲ။" အကြီးအကဲတစ်ဦးက မသိစိတ်ဖြင့် ရေရွတ်လိုက်မိသည်။
ကျန်ရှိသူများကလည်း ခေါင်းညိတ်ရုံသာ တတ်နိုင်ကြတော့၏။
မူလင်းယွဲ့၏ ပါရမီကို လူတိုင်း သိထားကြသော်လည်း သူမသည် သူတို့၏ မျှော်လင့်ချက်များကို အဝေးကြီးသို့ ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။
"ဒါတင် မကသေးဘူး။"
မူယွဲ့လန် စကားမဆုံးသေးပေ။
သူမ၏ အကြည့်များက အနည်းငယ် တုန်လှုပ်နေသည်။
နောက်ထပ် အကြောင်းအရာတစ်ခု ရှိသေးသည်။
ပို၍ တုန်လှုပ်စရာကောင်းသော အရာတစ်ခု။
သို့သော် ခဏမျှ
သူမ တွေဝေသွားသည်။
အမှန်စင်စစ် ဤသတင်းကို သူမကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ပါက မည်သို့မျှ မယုံကြည်နိုင်စရာ ဖြစ်နေသောကြောင့်ပင်။
မူယွဲ့လန်သည် အသက်ကို ခပ်ဖြည်းဖြည်း ရှူသွင်းလိုက်သည်။
သူမ၏ တွေဝေမှုသည် ခဏတာသာ ဖြစ်၏။
ထို့နောက် သူမ ပြောလိုက်သည်။
“ကျီဟန်အာကလည်း အဆင့် (၄) ဆေးဖော်စပ်သူအဖြစ် အဆင့်တက်သွားပါပြီ။"
ဝုန်း
ယခုတစ်ကြိမ် တုန်လှုပ်မှုသည် ယခင်ထက် ပို၍ ကြီးမားလှသည်။
"ဘာ?”
"သူလား?”
"ပိုင်ကျီဟန်လား?”
ခန်းမတစ်ခုလုံး ထပ်မံ၍ ဆူညံပွက်လောရိုက်သွားပြန်သည်။
အကယ်၍ မူလင်းယွဲ့၏ သတင်းက တုန်လှုပ်စရာဆိုလျှင် ဤသတင်းမှာမူ...
လုံးဝ မယုံကြည်နိုင်စရာပင်။
အကြောင်းမှာ ဤနေရာတွင် ပိုင်ကျီဟန်ကို မည်သူက မသိဘဲ နေမည်နည်း?
သူ့၏ အတိတ်။
သူ၏ ဆေးဖော်စပ်ခြင်း ပါရမီသည် သာမန်ကာလျှံကာသာ ရှိခဲ့သည် မဟုတ်ပါလား။
မဟုတ်သေးပေ
သာမန်ထက်ပင် နိမ့်ကျခဲ့သူ ဖြစ်သည်။
သူသည် လမ်းမှားမှ လမ်းမှန်သို့ ပြန်ရောက်လာပြီး ကျင့်ကြံခြင်းတွင် မိစ္ဆာအဆင့် ပါရမီရှင် ဖြစ်လာသည်ကိုပင် သူတို့အားလုံး ကျေနပ်နေကြပြီ ဖြစ်သည်။
၎င်းကပင် လုံလောက်လှပြီ။
အနာဂတ်တွင် သူသည် ပိုင်မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်လာမည်မှာ သေချာသည်။
ဆွေမျိုးတော်စပ်သူများ ဖြစ်သဖြင့်
၎င်းမှာ မူမျိုးနွယ်စုအတွက် အလွန်ကောင်းမွန်သော အချက်ဖြစ်သည်။
ပိုင်ကျီဟန်သာ ဦးဆောင်မည်ဆိုလျှင် ပိုင်မျိုးနွယ်စုနှင့် သူတို့၏ ဆက်ဆံရေးမှာ ပို၍ ခိုင်မာလာမည်မှာ အမှန်ပင်။
ပိုင်မျိုးနွယ်စုသည် ယခုအခါတွင် အင်အားကြီးထွားနေပြီ ဖြစ်သည်။
မိမိတို့နှင့် သွေးမကင်းသူတစ်ဦးက ထိုနေရာတွင် အာဏာရရှိထားခြင်းမှာ
သဘာဝကျစွာပင် အကျိုးရှိလှသည်။
၎င်းမှာ လုံလောက်သည်ထက်ပင် ပိုသေးသည်။ သို့သော် ယခုမူ
အဆင့် (၄) ဆေးဖော်စပ်သူ ဟုတ်လား? ဤသည်မှာ အခြားကိစ္စတစ်ခု ဖြစ်သွားချေပြီ။
ခဏမျှ
အချို့က ထိုသတင်းကို သံသယပင် ဝင်ချင်ကြသည်။
သို့သော် ထိုအတွေးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
အကြောင်းမှာ ဤစကားကို ပြောနေသူမှာ မူယွဲ့လန် ဖြစ်နေသောကြောင့်ပင်။
သူမ၏ စရိုက်ကို လူတိုင်း သိကြသည်။
သူမသည် ဤကဲ့သို့သော ကိစ္စမျိုးကို နောက်ပြောင်မည်မဟုတ်သလို လုပ်ကြံဖန်တီးပြောဆိုရန် အကြောင်းရင်းလည်း မရှိပေ။
တိတ်ဆိတ်မှုက တရွေ့ရွေ့ ပြန်လည်စိုးမိုးလာသည်။
မူချင်းယွမ်၏ အကြည့်များက စူးရှသွား၏
"မင်း သူ့ကို သင်ပေးနေတာလား?"
သူက တိုက်ရိုက် မေးလိုက်သည်။
မူယွဲ့လန်က ခေါင်းယမ်းလိုက်၏
"မဟုတ်ပါဘူး”
မူချင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ "ဒါဆိုရင်... သူ့ကို ဘယ်သူ သင်ပေးနေတာလဲ?"
ထိုမေးခွန်းက လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
သူ တစ်ဦးတည်း မဟုတ်ပေ
ရှိနေသော အကြီးအကဲတိုင်းတွင် ထိုအတွေး ရှိနေကြသည်။
သူတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
သူတို့၏ မျက်နှာအမူအရာများက တရွေ့ရွေ့ တည်ကြည်လေးနက်လာ၏။
အကယ်၍ မူယွဲ့လန်က လမ်းပြပေးနေသူ မဟုတ်ပါက— နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုသာ ကျန်တော့သည်။
အခြား တစ်စုံတစ်ဦး ရှိနေခြင်းပင်။
သာမန်လူလည်း မဟုတ်နိုင်ပေ
ဤမျှ ငယ်ရွယ်သော မျိုးဆက်သစ်တစ်ဦးကို အဆင့် (၄) ဆေးဖော်စပ်သူ ဖြစ်အောင် သင်ကြားပေးနိုင်သူမှာ...
ဤအသက်အရွယ်နှင့်ဆိုလျှင်...
ထိုသူမှာ
ဆေးဖော်စပ်မှု မဟာဆရာသခင်ကြီးတစ်ဦးသာ ဖြစ်ရပေမည်။
အကယ်၍ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး တကယ်ရှိနေပါက...
ထိုမဟာဆရာသခင်ကြီးနှင့် ဆက်ဆံရေး တည်ဆောက်နိုင်မည်ဆိုလျှင် မူမျိုးနွယ်စု၏ ဆေးဖော်စပ်မှုအဆင့်မှာ အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားမည်ကို လူတိုင်း သိကြသည်။
၎င်း၏ သက်ရောက်မှုမှာ အလွန်တရာ ကြီးမားလှသည်။
မဟုတ်သေးပေ
အလွန်တရာထက်ပင် ကျော်လွန်သည်။
သူတို့၏ ရပ်တည်ချက်ကို ခိုင်မာစေရုံသာမက
သူတို့ လွှမ်းမိုးနိုင်လိမ့်မည်။
ဤတိုက်ကြီး၏ အရှေ့ဘက်ဒေသရှိ ဆေးဖော်စပ်မှု နယ်ပယ်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်လိမ့်မည် ဖြစ်သည်။
မူချင်းယွမ်၏ မျက်လုံးများထဲတွင်ပင်
တွေ့ရခဲသော အလင်းတန်းတစ်ခု ဝေ့သီသွားသည်။
၎င်းမှာ လောဘမဟုတ်ပေ
ရည်မှန်းချက်သာ ဖြစ်သည်။
သတိကြီးစွာ ထိန်းချုပ်ထားသော ရည်မှန်းချက်တစ်ခုပင်။