← Chapters

အခန်း (၅၃၃-၅၃၄)

Vol. 36 Ch. 533-534

အခန်း (၅၃၃-၅၃၄)

Vol. 36 Ch. 533-534

အခန်း ၅၃၃ - အင်ပါယာတစ်ခုအတွက် ခြိမ်းခြောက်မှု

"ဘယ်သူသိမှာလဲ? ဘာပဲဖြစ်ဖြစ် ပိုင်ကျီဟန်ကို တစ်စုံတစ်ယောက်က သင်ကြားပေးနေတာမျိုး တစ်ခါမှ မမြင်ဖူးသလို သူကိုယ်တိုင်ကလည်း အဲဒီအကြောင်း တစ်ခါမှ မဟခဲ့ဖူးဘူး။"

မူယွဲ့လန်က ပြန်လည်ဖြေကြားလိုက်သည်။

သူမသည် ပိုင်ကျီဟန်နှင့် အမြဲတမ်း အတူရှိမနေသော်လည်း သူ၏ လှုပ်ရှားမှုတိုင်းနီးပါးကိုမူ သူမ အမြဲစောင့်ကြည့်နေခဲ့သူဖြစ်သည်။

ပိုင်ထျန်းဟမ်သည်လည်း ဤကိစ္စကို တစ်ခွန်းမှ မပြောခဲ့ပေ။ အကယ်၍ ပိုင်ကျီဟန်သည် ဆေးဖော်စပ်ခြင်းပညာကို တကယ်သင်ယူနေခဲ့မည်ဆိုလျှင် သူမကို သေချာပေါက် အသိပေးခဲ့မည်သာဖြစ်သည်။

"ကောင်းပြီလေ... တစ်နေ့နေ့တော့ သူ ပေါ်လာမှာပါ။ ငါတို့ကသာ မျက်စိဖွင့်ပြီး စောင့်ကြည့်နေဖို့ လိုတယ်"

မူချင်းယွမ်က ဆိုသည်။

အကယ်၍ ထိုကဲ့သို့သော မဟာဆရာသခင် တစ်ဦးသည် သူ၏အထောက်အထားကို ဖုံးကွယ်ထားချင်ပြီး လူလုံးမပြလိုလျှင် သူ၏ဆန္ဒကို လေးစားလိုက်နာရန်သာ ရှိသည်။

သူကိုယ်တိုင် လူလုံးပြလိုသည့်အချိန်ရောက်မှသာ ပိုင်ကျီဟန်၏ ဆရာနှင့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်သည်။

အကြီးအကဲများ အားလုံးသည်လည်း သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ကြလေသည်။

"ဒါနဲ့... သူတို့နှစ်ယောက် အဆင့်-၄ ဆေးဖော်စပ်သူအဖြစ် အဆင့်တက်သွားတဲ့ သတင်းကို ဘယ်လိုလုပ်ကြမလဲ?"

အကြီးအကဲတစ်ဦးက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

အတန်ကြာသည်အထိ

မည်သူမျှ စကားမဆိုနိုင်ပေ

ခန်းမကြီးတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် လေးလံထိုင်းမှိုင်းသော တိတ်ဆိတ်ခြင်းက ဖုံးလွှမ်းသွားတော့သည်

မူချင်းယွမ်သည် လက်တင်ခုံကို သာသာလေး ခေါက်ရင်း အတွေးနက်နေသည်။

အကြီးအကဲများက အကြည့်ချင်းဖလှယ်ကုန်၏

မည်သူမျှ စကားမပြောရဲပေ

သူတို့သည် တူညီသောအရာကိုသာ နားလည်နေကြ၏

ဤသတင်းသည် ပွင့်ပွင့်လင်းလင်း ဂုဏ်ပြုရမည့်ကိစ္စ မဟုတ်သေးပေ

ယခင်ကနှင့် မတူတော့ပေ။

အကယ်၍ ၎င်းသည် အဆင့်-၃ သို့ တက်လှမ်းခြင်းသာ ဖြစ်ခဲ့ပါက

သူတို့သည် ကောင်းကင် အင်ပါယာ တစ်ခုလုံး သိရှိသွားအောင် သတင်းကို ပြန့်နှံ့စေခဲ့ပြီး ဖြစ်ပေလိမ့်မည်။

လွန်ခဲ့သော သုံးနှစ်ခန့်က မူလင်းယွဲ့တက်လှမ်းစဉ်က လုပ်ဆောင်ခဲ့သလိုမျိုးပင်။

ကြေညာပစ်မည်

ကြွားဝါပစ်မည်

သူတို့၏ ဩဇာအာဏာကို ချဲ့ထွင်ပစ်မည်

မူမျိုးနွယ်စုမှ နှစ်ပေါင်းတစ်ထောင်တွင် တစ်ဦးတည်းသာ ပေါ်ထွန်းနိုင်သည့် ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးလိုက်ပြီဖြစ်ကြောင်း တစ်လောကလုံး သိအောင် အသိပေးလိုက်မည်

သို့သော် အဆင့်-၄ ဟူသည်ကား...?

၎င်းမှာ ပေါ့ပေါ့တန်တန်နှင့် ကြွားဝါ၍ ရနိုင်သော အရာမျိုး မဟုတ်တော့ပေ။

၎င်းသည် အလွန်အန္တရာယ် များလှသည်။

မူချင်းယွမ် မျက်ဝန်းများ အနည်းငယ် မှောင်မှောင်သွား၏

"ငါတို့ရဲ့ ရန်သူတွေ ဒီသတင်းကို ကြားသွားရင် အန္တရာယ်များတယ်။ သတင်းကို အလုံပိတ်ထားကြ၊ ဒီသတင်းက မူမျိုးနွယ်စုရဲ့ အပြင်ဘက်ကို ဆံခြည်တစ်မျှင်တောင် မပေါက်ကြားစေရဘူး”

သူ၏ အမိန့်သံသည် လုံးဝဥဿုံ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါ ပါရှိနေသည်။

အကြီးအကဲများအားလုံးကလည်း ချက်ချင်းပင် ခေါင်းငြိမ့်ကြသည်။

မည်သူမျှ တုံ့ဆိုင်းမနေကြပေ။

အကြောင်းမှာ အကြောင်းပြချက်က ထင်ရှားလှသောကြောင့် ဖြစ်သည်။

မူလင်းယွဲ့၏ ပါရမီသည် ယခင်ကတည်းကပင် ကြောက်မက်ဖွယ်ကောင်းနေပြီးသား ဖြစ်သည်။

ယခုအခါတွင်မူ ၎င်းသည် အင်အားစုကြီးများ၏ ညီမျှခြေကိုပင် ခြိမ်းခြောက်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ ဤသတင်းသာ ပြန့်နှံ့သွားခဲ့ပါက

၎င်းသည် ချီးကျူးဂုဏ်ပြုမှုများကိုသာ ဆွဲဆောင်လာမည် မဟုတ်ပေ။

ကြောက်ရွံ့မှုများကိုပါ သယ်ဆောင်လာလိမ့်မည်။

ထိုကြောက်ရွံ့မှုကပင်...

အန္တရာယ်ရှိသော လုပ်ရပ်များကို ဖြစ်ပေါ်လာစေရန် တွန်းအားပေးပါလိမ့်မည်။

အထူးသဖြင့် ဆေးဖော်စပ်ခြင်းပညာတွင် ထိုဒေသ၌ အတော်ဆုံးဟု ကြွေးကြော်ထားသော အင်ပါယာတစ်ခုအတွက် ဖြစ်သည်

ဆေးဖော်စပ်ခြင်းပညာအပေါ်၌သာ အခြေတည်၍ တည်ဆောက်ထားသော အင်ပါယာ...

ကြက်သွေးရောင် ဆေးလုံးအင်ပါယာ

ထိုနေရာတွင် ကျင့်ကြံသူများအပါအဝင် အခြားသော မည်သည့်အသက်မွေးဝမ်းကျောင်းနှင့်မဆို နှိုင်းယှဉ်လျှင် အသိအမှတ်ပြုမှုနှင့် အဆင့်အတန်းကို အမှန်တကယ် ရရှိနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ဆေးဖော်စပ်ခြင်းပညာသာ ဖြစ်သည်။

အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦးပင် ဖြစ်လင့်ကစား အဆင့်-၅ ဆေးဖော်စပ်သူတစ်ဦးထက် ပို၍ အရေးမပါသလို အဆင့်အတန်းလည်း မမြင့်မားပေ။

အဆင့်-၆ နှင့် အထက် ဆေးဖော်စပ်သူများဆိုလျှင်မူ အင်ပါယာအတွင်း၌ တော်ဝင်မိသားစုကဲ့သို့ ဆက်ဆံခံရပြီး အလွန်ကြီးမားသော ဩဇာအာဏာနှင့် အရှိန်အဝါကို ပိုင်ဆိုင်ကြသည်။

ထို့အပြင် ၎င်းတို့တွင် အင်ပါယာ၏ စစ်မှန်သော ကျောရိုးဖြစ်သည့် မဟာဆရာသခင် ဆေးဖော်စပ်သူများ လည်း ရှိကြသည်။

သူတို့၏ စကားကို အင်မော်တယ်နယ်ပယ်မှ ပုဂ္ဂိုလ်များပင် မေးခွန်းထုတ်ရန်မဝံ့ဘဲ မဖြစ်မနေ နာခံကြရသည်။

ဆေးဖော်စပ်သူများဖြင့် ပြည့်နှက်နေသောကြောင့် ကုန်သည်များအနေဖြင့် အရည်အသွေးမြင့် ဆေးလုံးများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်သည့် အချက်အချာနေရာတစ်ခု ဖြစ်လာခဲ့သည်။

ဤသည်မှာပင် ၎င်းတို့၏ စီးပွားရေးကို မြင့်

တက်လာစေခဲ့ပြီး စစ်ရေးအရ ကောင်းကင် အင်ပါယာကို မယှဉ်နိုင်သော်လည်း စီးပွားရေးမှာမူ ပိုမိုတောင့်တင်းခိုင်မာသည်။

သူတို့၏ ဂုဏ်သိက္ခာ...

သူတို့၏ ကိုယ်ပိုင်လက္ခဏာ...

သူတို့၏ လွှမ်းမိုးမှု...

ဤအရာအားလုံးသည် အရှေ့ဘက်ဒေသတစ်ခုလုံး၌ ဆေးဖော်စပ်ခြင်းပညာတွင် အငြင်းပွားဖွယ်မရှိသော ထိပ်သီးအာဏာပိုင်ဖြစ်ခြင်းအပေါ်၌ အခြေတည်နေခြင်း ဖြစ်သည်။

မျိုးဆက်ပေါင်းများစွာတိုင်အောင် သူတို့သည် တုန်လှုပ်ချောက်ချားခြင်းမရှိဘဲ ထိပ်ဆုံး၌ မယှဉ်သာအောင် ရပ်တည်ခဲ့ကြသည်။

ထို့ကြောင့်ပင်...

မူလင်းယွဲ့ တည်ရှိမှုသည် အန္တရာယ်ဖြစ်လာခြင်း ဖြစ်သည်။

အသက် ၂၀ မပြည့်မီ အဆင့်-၄ သို့ ရောက်ရှိခဲ့သည့် ပါရမီရှင်....

ကြက်သွေးရောင် ဆေးလုံးအင်ပါယာအတွင်း၌ပင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး တစ်ခါမျှ မပေါ်ထွန်းခဲ့ဖူးချေ။

သူမသာ ထိုအင်ပါယာသို့ ရောက်သွားခဲ့လျှင်ပင် ပြိုင်ဘက်ကင်း ပါရမီရှင်အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

ဤသည်မှာပင် အန္တရာယ်၏ အရင်းအမြစ် ဖြစ်တော့သည်။

မူလင်းယွဲ့သည် သူတို့အင်ပါယာမှ မဟုတ်ပေ။

အကယ်၍ ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးကိုသာ ကြီးထွားခွင့်ပေးလိုက်မည်ဆိုပါက

ဆေးဖော်စပ်ခြင်းပညာ၏ ညီမျှခြေသည် သိသိသာသာ ယိမ်းယိုင်သွားပေလိမ့်မည်

အကယ်၍ မူလင်းယွဲ့သာ ဆက်လက်တိုးတက်သွားပြီး

သူမ၌ ရှိနေသော အလားအလာအတိုင်း သူတို့၏ ထိပ်တန်းပညာရှင်များကို ကျော်တက်သွားခဲ့လျှင်-

သူတို့ ကာလရှည်ကြာစွာ ဆုပ်ကိုင်ထားခဲ့သည့် ဘွဲ့ထူးဖြစ်သော အရှေ့ဘက်ဒေသ၏ အကြီးမြတ်ဆုံး ဆေးဖော်စပ်ရာ အင်ပါယာ ဟူသော ဂုဏ်ပုဒ်မှာ သူတို့လက်ထဲမှ လုယူခံရပေလိမ့်မည်။

၎င်းသည် သူတို့အနေဖြင့် ဘယ်သောအခါမှ အဖြစ်မခံနိုင်သည့် အရာဖြစ်သည်။

သူမသည် လူတစ်ဦးချင်းစီ သို့မဟုတ် အဖွဲ့အစည်းတစ်ခုတည်းကို ခြိမ်းခြောက်နေခြင်းမဟုတ်ဘဲ အင်ပါယာတစ်ခုလုံးကို ခြိမ်းခြောက်နေခြင်းဖြစ်သည်။

ထိုသို့သော ခြိမ်းခြောက်မှုမျိုးအတွက် သူတို့သည် လုပ်ကြံသတ်ဖြတ်ရန်အထိ နည်းလမ်းပေါင်းစုံကို အသုံးပြုလာမည်မှာ သေချာသည်။ အခြားအင်ပါယာတစ်ခုထဲသို့ လူလွှတ်ရမည် ဖြစ်လင့်ကစား သူတို့သည် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်ရန် အသင့်ရှိနေကြပေလိမ့်မည်။

ထိုသို့ ဖြစ်လာနိုင်ခြေမှာ အလွန်ပင် မြင့်မားလှသည်။

မူလင်းယွဲ့၏ အဆင့်တက်လှမ်းမှုကို လုံးဝ ထုတ်ဖော်၍မရပေ

ပိုင်ကျီဟန် ကိစ္စကိုလည်း လျှို့ဝှက်ထားရမည်ဖြစ်သည်။

အကြောင်းမှာ ယခုအခါတွင်

၎င်းတို့သည် ပါရမီရှိသော လူငယ်လေးများသာ မဟုတ်တော့ပေ။

ထိုဒေသ၏ ဆေးဖော်စပ်ခြင်းပညာ အနာဂတ်ကို ပုံဖော်ပေးမည့် အခရာကျသော အပြောင်းအလဲများ ဖြစ်နေကြပြီဖြစ်သည်။

ထို့ပြင် ပြည်ပအင်အားစုများကိုသာ သတိထားရမည်မဟုတ်ဘဲ ကျောက်မျိုးနွယ်စုနှင့် လီမျိုးနွယ်စုကဲ့သို့သော မျိုးနွယ်စုများ၏ လက်စားချေမှုကိုလည်း စိုးရိမ်ရပေသေးသည်။ ဧကရာဇ်မိသားစုကိုပင် ချန်လှပ်ထား၍ မရပေ။

အကယ်၍ ပိုင်မျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ထားသော မူမျိုးနွယ်စုသာ ၎င်းတို့၏ အင်အားကို ထပ်မံတိုးမြှင့်နိုင်ခဲ့မည်ဆိုပါက ၎င်းတို့အနေဖြင့် မည်သို့ ငြိမ်သက်စွာ ထိုင်ကြည့်နေနိုင်ပါမည်နည်း။

သူတို့သည် မူလင်းယွဲ့ကိုလည်း သေချာပေါက် ပစ်မှတ်ထားကြပေလိမ့်မည်။

၎င်းတို့၏ ကိုယ်ကျိုးစီးပွားနှင့် နှိုင်းယှဉ်လျှင် နိုင်ငံတော်၏ အကျိုးစီးပွားကိုမူ သူတို့ ဂရုမစိုက်ကြပေ။

ထို့ကြောင့်ပင် ဤသတင်း အပြင်သို့ မပေါက်ကြားစေရန် သူတို့ သေချာပေါက် လုပ်ဆောင်ရမည် ဖြစ်သည်။

"ယွဲ့လန်... အဲဒီကလေးနှစ်ယောက်ကို ဆေးဖော်စပ်တဲ့အခါ သီးသန့်ပဲ လုပ်ဖို့ ပြောလိုက်ပါ။ သူတို့ရဲ့ ပါရမီကို ဘယ်လိုတန်ဖိုးမျိုးနဲ့ပဲ ဖြစ်ဖြစ် တခြားသူတွေ မသိအောင် သေချာထိန်းသိမ်းခိုင်းလိုက်ပါ"

ပိုင်ကျီဟန်ရှိရာဘက်တွင်မူ အခြေအနေမှာ လုံးဝဥဿုံ ကွဲပြားနေသည်။

ဆေးဖိုအတွင်းရှိ မီးလျှံများသည် တည်ငြိမ်စွာ လောင်ကျွမ်းနေသည်။

ပိုင်ကျီဟန်သည် အဆင့်-၄ အဆင့်မြင့်ဆေးလုံး ၄ လုံးထက်မနည်းကို ဖော်စပ်ပြီးစီးနေပြီ ဖြစ်သည်။

ဆေးလုံးတစ်လုံးချင်းစီတိုင်းသည်

ပြီးပြည့်စုံကာ အပြစ်အနာအဆာ ကင်းစင်လှသည်။

ယခုအချိန်တွင် လူတိုင်း၏ မျက်နှာပေါ်ရှိ အံ့ဩတုန်လှုပ်မှုများသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ကျန်ရှိနေသည်မှာ တိတ်ဆိတ်ငြိမ်သက်ခြင်းသာ။

၎င်းမှာ မယုံကြည်နိုင်၍ တိတ်ဆိတ်နေခြင်းမျိုး မဟုတ်ဘဲ

အစွမ်းကုန် အာရုံစိုက်နေကြခြင်းကြောင့် ဖြစ်သည်။ မျက်လုံးအစုံတိုင်းသည် သူ၏ထံ၌သာ စိုက်ကြည့်နေကြသည်။

တပည့်တစ်ဦးတစ်ယောက်မျှ စကားမဆိုကြပေ။

မည်သူမျှ ခဏတာမျှပင် အလွတ်မခံဝံ့ကြချေ။

လူတိုင်းသည် ပိုင်ကျီဟန်ထံမှ တစ်ခုခုကို သင်ယူနိုင်ရန် အလုပ်ရှုပ်နေကြသည်။

သူလုပ်ဆောင်နေသည်ကို အပြည့်အဝ နားမလည်နိုင်သူများပင်လျှင် တစ်စိတ်တစ်ပိုင်းမျှ ဖြစ်စေ နားလည်သဘောပေါက်ရန် အသေအချာ စောင့်ကြည့်နေကြသည်။

အကြောင်းမှာ ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ နှစ်ကြိမ်တခါ မရနိုင်သောကြောင့် ဖြစ်သည်

အဆင့်-၄ဆေးလုံးများကို ဖော်စပ်ခြင်းမှာ အလွန်ခက်ခဲပြီး အလွန်အမင်း အာရုံစိုက်ရန် လိုအပ်ကြောင်း သိထားသင့်သည်။

ထို့ကြောင့်ပင် ဆေးဖော်စပ်သူများကို သီးသန့်ခန်းများ ပေးထားလေ့ရှိကြပြီး အဆင့်-၄ ဆေးလုံးဖော်စပ်မှုကို မျက်မြင်တွေ့ရှိခွင့်ရရန်မှာ မူမျိုးနွယ်စုအတွင်း၌ပင် အလွန်

ခဲယဉ်းလှသည်။

သို့ဖြစ်ရာ ဤသည်မှာ အဆင့်-၃ ဆေးဖော်စပ်သူ အောက်အဆင့်ရှိသူများအတွက် အလွန်ရှားပါးပြီး တန်ဖိုးရှိသော အခွင့်အရေး ဖြစ်နေသည်။

မူလင်းယွဲ့ပင်လျှင် အာရုံစူးစိုက်လာရသည်

ယခင်က မထေမဲ့မြင်ပုံစံဖြင့် ပိုက်ထားခဲ့သော သူမ၏ လက်မောင်းများသည် ယခုအခါ အောက်သို့ ချထားပြီး ဖြစ်သည်။

သူမ၏ အကြည့်များသည် ထက်မြက်ကာ အာရုံစိုက်မှု အပြည့် ရှိနေသည်။

ယခင်က စနောက်ခဲ့မှုများ...

လှောင်ပြောင်မှုများ...

အပြိုင်အဆိုင် စိတ်ဓာတ်များ...

အားလုံးသည် သူမ၏ စိတ်ထဲမှ မှေးမှိန်

ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

၎င်းတို့၏ နေရာတွင် အစားထိုးဝင်ရောက်လာသည်မှာ ကြည်ညိုလေးစားမှုပင်။

အစွန်းအထင်းမရှိ စစ်မှန်သော လေးစားမှုမျိုး။

အဘယ်ကြောင့်ဆိုသော် သူမသည် နားလည်သောကြောင့် ဖြစ်သည်။

ထိုနေရာတွင် ရှိနေသူအားလုံးထက် ပို၍ပင်

ပိုင်ကျီဟန် လုပ်ဆောင်နေသည့်အရာမှာ မည်မျှအထိ ခက်ခဲနက်နဲကြောင်း သူမ ကောင်းကောင်း နားလည်သည်။

အဆင့်-၄ အဆင့်မြင့် ဆေးလုံးများ...

တစ်လုံးတည်းလည်း မဟုတ်ပေ

တရစပ် ဖော်စပ်နေခြင်း ဖြစ်သည်။

မည်သည့် ကြိုးစားအားထုတ်မှုမျှ မလိုသကဲ့သို့ပင် လွယ်ကူချောမွေ့လွန်းလှသည်။

သူမ၏ လက်ချောင်းများမှာ သတိမထားမိဘဲ အလိုလို တင်းကြပ်သွားသည်။

သူမ၏ အတွေးများမှာ ပြောင်းလဲသွားခဲ့ပြီ။

(ဒီလို ထိန်းချုပ်နိုင်စွမ်းမျိုး...)

(ဒီလို တိကျမှုမျိုး...)

ဤသည်မှာ ဟန်ဆောင်၍ ရနိုင်သော အရာမျိုး မဟုတ်ပေ။

ညတွင်းချင်း ရရှိလာနိုင်သော အရာမျိုးလည်း မဟုတ်ချေ။

ဖြည်းဖြည်းချင်းပင်

သူမ၏ စိတ်ထဲရှိ ပိုင်ကျီဟန်အပေါ် ထားရှိသော အမြင်များမှာ စတင်ပြောင်းလဲလာခဲ့သည်။

သူမသည် သူ့ကို အမြဲတစေ အထင်သေးခဲ့သည်။

၎င်းမှာ သူ၏ ပုဂ္ဂိုလ်ရေးကြောင့် မဟုတ်ပေ

သူ၏ စိတ်နေစိတ်ထားကြောင့်သာ ဖြစ်သည်။

သူမအတွက်မူ သူသည် ဆေးဖော်စပ်ခြင်းပညာကို မလေးမစား လုပ်တတ်သူတစ်ဦးဟုသာ မြင်ခဲ့သည်။

ဆေးပညာ၏ နက်နဲမှု၊ အလှတရားနှင့် ခက်ခဲမှုတို့ကို နားမလည်သူဟု ထင်မှတ်ခဲ့သည်။

သို့သော် ယခုမူ... ဆေးဖိုရှေ့တွင် ရပ်နေသော သူ့ကို ကြည့်ရင်း

အရာအားလုံးထဲတွင် နစ်ဝင်နေကာ အစွမ်းကုန် အာရုံစိုက်ထားသည်။

မည်သည့်အရာကမျှ သူ၏အာရုံကို မဖျက်ဆီးနိုင်ပေ

အနည်းငယ်မျှပင် ပေါ့ဆမှုမရှိချေ။ ထိုမြင်ကွင်းက သူမ၏ ယခင်ပုံရိပ်ဟောင်းများကို အပိုင်းပိုင်းအစအန ကြေမွသွားစေသည်။

(ဆေးဖော်စပ်ခြင်းပညာအပေါ် ထားတဲ့ သူ့ရဲ့ ချစ်မြတ်နိုးမှုက အစစ်အမှန်ပဲ... ငါ့လိုပဲပေါ့။)

ဤသည်မှာ သူမ ဆုံးဖြတ်နိုင်သည့် တစ်ခုတည်းသော ကောက်ချက်ဖြစ်သည်။

အကြောင်းမှာ ပါရမီတစ်ခုတည်းဖြင့် မလုံလောက်သောကြောင့်ပင်။ ဤအဆင့်သို့ ရောက်ရန်နှင့်

ဤကဲ့သို့ ဆေးလုံးများကို ဖော်စပ်နိုင်ရန်မှာ-

စိတ်အားထက်သန်မှုနှင့် ကြိုးစားအားထုတ်မှုများစွာ လိုအပ်သည်။

ရေတွက်မရနိုင်သော လေ့ကျင့်မှု နာရီပေါင်းများစွာလည်း လိုအပ်ပေသည်။

တစ်ဖက်တွင်မူ ပိုင်ကျီဟန်သည် မူလင်းယွဲ့ ဘာတွေးနေသည်ကို မသိဘဲ စိတ်လှုပ်ရှားနေမိသည်။

(မဟာဆရာသခင် ဆေးဖော်စပ်သူရဲ့ စွမ်းရည်က တကယ့်ကို အစစ်ပဲဟ)

သူသည် အဆင့်-၄ ဆေးလုံးများကိုသာ ဖော်စပ်ရပြီး သူ၏ အကန့်အသတ်ကို မသိသေးသော်လည်း ဤမျှဆိုလျှင်ပင် အတော်လေး ကောင်းမွန်နေပြီဖြစ်ကြောင်း သူ သိရှိထားသည်။

ပို၍ မြင့်မားသော အဆင့်ရှိ ဆေးလုံးများကို မည်မျှအထိ ကောင်းကောင်း ဖော်စပ်နိုင်မည်နည်းဆိုသည်မှာမူ လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများ ရရှိပြီးမှသာ စမ်းသပ်ကြည့်နိုင်ပေမည်။

ထိုစဉ် ခန်းမအတွင်း ခြေသံများ ခပ်တိုးတိုး ပဲ့တင်ထပ်လာသည်။

တံခါးများ ပွင့်သွားကာ

မူယွဲ့လန်ဝင်လာသည်။

သူမ၏ အကြည့်သည် အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ရာ ဆေးဖို၊ ကြွင်းကျန်နေသော ဆေးရနံ့များနှင့် လူတိုင်း၏ မျက်နှာပေါ်ရှိ အံ့ဩတုန်လှုပ်နေသော အမူအရာများကို တွေ့လိုက်ရသည်။

ထို့နောက် သူမ၏ မျက်လုံးများက ပိုင်ကျီဟန်နှင့် သူ၏ ဘေးနားရှိ ဆေးလုံးများထံသို့ ရောက်သွားသည်။

သူမ၏ မျက်ဝန်းထဲတွင် ကျေနပ်ရောင့်ရဲမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

အချိန်ဆွဲမနေဘဲ သူမသည် လက်ကို မြှောက်လိုက်ရာ

ကျောက်စိမ်းပြား နှစ်ခု ပေါ်လာသည်။

"ငါ မင်းတို့ နှစ်ယောက်လုံးအတွက် သီးသန့် ဆေးဖော်စပ်ခန်းတွေ စီစဉ်ပေးပြီးပြီ။"

သူမသည် ပိုင်ကျီဟန်နှင့် မူလင်းယွဲ့ထံသို့ တစ်ခုစီ ပစ်ပေးရင်း တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

"အဆင့်-၄ ဆေးဖော်စပ်သူတွေ ဖြစ်သွားပြီဆိုတော့ မင်းတို့ အများသုံးခန်းမတွေကို သုံးစရာ မလိုတော့ဘူး။"

နှစ်ယောက်လုံး ကျောက်စိမ်းပြားများကို ဖမ်းယူလိုက်ကြသည်။ သို့သော် အခြားစကားများ မပြောရသေးမီမှာပင်

မူယွဲ့လန်၏ အမူအရာမှာ အေးစက်သွားတော့သည်။

သူမသည် ရှိနေသူအားလုံးကို ဝေ့ကြည့်လိုက်ကာ "သေချာနားထောင်ကြ”

သူမ၏ အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း

အလွန်တရာ လေးနက်သော အရှိန်အဝါ ပါဝင်နေသည်။

"ဒီနေ့ မင်းတို့ မြင်ခဲ့တဲ့အရာတွေအားလုံး ဒီအခန်းထဲကနေ အပြင်ကို လုံးဝ ထွက်မသွားစေနဲ့။"

တိတ်ဆိတ်သွားလိုက်သည်မှာ

ချက်ချင်းပင် တစ်ခန်းလုံး အပ်ကျသံပင် မကြားရတော့ပေ။

"မင်းတို့ရဲ့ သူငယ်ချင်းတွေကိုလည်း မပြောနဲ့။ ဆရာတွေကိုလည်း မပြောနဲ့။ မိဘတွေကိုတောင် တစ်ခွန်းမှ မဟနဲ့။"

တပည့်အချို့သည် သတိမထားမိဘဲ ကိုယ်ခန္ဓာများ တောင့်တင်းသွားကြသည်။

မူယွဲ့လန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏

"အကယ်၍ စကားတစ်လုံးတောင် ပေါက်ကြားသွားခဲ့ရင်... ဘာဆက်ဖြစ်မလဲဆိုတာ မင်းတို့ သိကြမှာပါ။"

သူမ စကားကို အဆုံးမသတ်လိုက်ပေ။

အဆုံးသတ်ရန်လည်း မလိုပေ။

ရှိနေသူတိုင်း ကောင်းကောင်း နားလည်ထားကြသည်။

သူတို့အားလုံး ချက်ချင်း ခေါင်းငြိမ့်လိုက်ကြသည်။ မည်သူမျှ ဤကိစ္စကို ပေါ့ပေါ့တန်တန် မတွေးဝံ့ကြချေ။

အခန်း ၅၃၄ - စစ်မှန်သော ဆေးဖော်စပ်မှု မိစ္ဆာကောင်

ထို့နောက်မှသာ မူယွဲ့လန်သည် တစ်ဖက်သို့ လှည့်သွားတော့သည်။

"ကျီဟန်လေး... ငါနဲ့ လိုက်ခဲ့။ မင်းရဲ့ ဆေးဖော်စပ်ဆောင်ဆီကို ငါ ခေါ်သွားပေးမယ်”

ပိုင်ကျီဟန်က ပေါ့ပေါ့ပါးပါးပင် ပုခုံးတွန့်ပြလိုက်ပြီး သူမနောက်မှ လိုက်ပါသွား၏။

သို့သော်

တောက် တောက် တောက်

နောက်ကွယ်မှ နောက်ထပ် ခြေသံတစ်စုံက ထပ်ကြပ်မကွာ လိုက်ပါလာသည်။

မူယွဲ့လန် အနည်းငယ် တုန့်ကနဲ ဖြစ်သွား၏

နောက်သို့ လှည့်ကြည့်လိုက်သည်။

မူလင်းယွဲ့သည် သူတို့နောက်သို့ ဆက်လက် လိုက်ပါလာဆဲပင်။

ပိုင်ကျီဟန်က မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်ရင်း

"မင်းမှာ ကိုယ်ပိုင် အခန်းရှိတယ်လေ။"

မူလင်းယွဲ့က ခြေလှမ်းမရပ်ပေ

တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

"သိတယ်”

သူမ၏ အကြည့်များက ပိုင်ကျီဟန်ထံ၌သာ စွဲမြဲနေဆဲပင်။

"ဒါဆို ဘာလို့ ငါ့နောက်ကို လိုက်နေသေးတာလဲ?"

မူလင်းယွဲ့က ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ပြီး

"မသိနားမလည်တဲ့ ဂျူနီယာလေးကို လမ်းညွှန်ပေးမယ်လို့ ရှင် ပြောခဲ့တယ်မလား? ကျွန်မက ပိုပြီး သင်ယူချင်သေးလို့ပါ”

ပိုင်ကျီဟန်၏ ပါးစပ်သည် တုန့်ကနဲ ဖြစ်သွားသည်။

(ဒီမိန်းကလေးကတော့ အသား တော်တော်ထူတာပဲ)

မူယွဲ့လန်သည် သူတို့နှစ်ဦးကို ကြည့်လိုက်သော်လည်း ဝင်ရောက်

စွက်ဖက်ခြင်း မပြုခဲ့ပေ။

မူလင်းယွဲ့သည် ပိုင်ကျီဟန်ထံမှ ဘာကို သင်ယူလိုသည်ကို သူမ သေချာ နားမလညေပေ။

အမှန်စင်စစ် သူမအနေဖြင့် ပိုင်ကျီဟန်က အဆင့်မြင့် အဆင့်-၄ ဆေးလုံးများကို ဖော်စပ်နေသည်ကို မတွေ့မြင်ခဲ့ရသေးပေ။

မကြာမီ သူတို့ ရောက်ရှိသွားကြသည်။

မူယွဲ့လန်သည် တံခါးရှေ့တွင် ရပ်တန့်လိုက်ပြီး ကျောက်စိမ်းပြားကို တံခါးပေါ်သို့ အသာအယာ ထိတွေ့လိုက်သည်။

ဝုမ်း

တံခါးပွင့်သွားသည်နှင့်အမျှ ထူထပ်လှသော ဝိညာဉ်စွမ်းအင်များက အပြင်သို့ လျှံထွက်လာသည်။

အတွင်းဘက်တွင်မူ သန့်ရှင်းသပ်ရပ်လှသော ဆေးဖော်စပ်ဆောင်တစ်ခု ရှိနေ၏။

ပိုမိုမြင့်မားသော အဆင့်ရှိ ဆေးမီးဖိုတစ်ခုနှင့်အတူ

ဆေးဖော်စပ်ရန် ကုန်ကြမ်းအချို့လည်း ထိုနေရာ၌ အဆင်သင့် ရှိနေပြီဖြစ်သည်။

မူယွဲ့လန်က ဘေးသို့ တိုးပေးလိုက်ရင်း

"ဒီနေ့ကစပြီး ဒါက မင်းရဲ့ ဆေးဖော်စပ်ဆောင်ပဲ။"

ပိုင်ကျီဟန်သည် ဝေခွဲမနေဘဲ အထဲသို့ လျှောက်ဝင်သွားသည်။

သူ၏ မျက်လုံးများက ထိုနေရာကို ခေတ္တမျှ ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

"မဆိုးဘူး”

သူ၏နောက်မှ မူလင်းယွဲ့သည်လည်း သဘာဝကျကျပင် လိုက်ဝင်လာသည်။

ပိုင်ကျီဟန်က သူမကို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှတော့ မပြောခဲ့ပေ။

ထို့နောက် မူယွဲ့လန်က စကားစလိုက်သည်။

"ရော့၊ ဒါက မင်းအတွက်”

မူယွဲ့လန်သည် ပိုင်ကျီဟန်ထံသို့ သိုလှောင်လက်စွပ် တစ်ကွင်းကို ကမ်းပေးလိုက်သည်။ ထိုထဲတွင် အဆင့်-၅ နှင့် အဆင့်-၆ ဆေးလုံးများအတွက် လိုအပ်သော ဆေးဖော်စပ်မှု ကုန်ကြမ်းများစွာ ပါဝင်သည်။

ဤသည်မှာ သူမပိုင်ဆိုင်သော အရာများဖြစ်ပြီး သူမ၌ အမြောက်အမြား ရှိနေသောကြောင့် ပြဿနာမရှိဘဲ ပေးကမ်းနိုင်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပိုင်ကျီဟန်အနေဖြင့် အဆင့်-၅ နှင့် အဆင့်-၆ ကုန်ကြမ်းများကို မလိုအပ်သေးဟု သူမ ထင်မြင်မိသော်လည်း၊ ဤသည်မှာ အနာဂတ်အတွက် ပြင်ဆင်ပေးခြင်းပင် ဖြစ်သည်။

မူလင်းယွဲ့အတွက်မူ သူမတွင် ကိုယ်ပိုင်ရှိပြီးသားဖြစ်သည်။ မူမျိုးနွယ်စု ခေါင်းဆောင်၏ သမီးဖြစ်သူအနေဖြင့် သူမ၌ ဆေးဖော်စပ်ရန် ကုန်ကြမ်းများ လိုအပ်နေစရာ အကြောင်းမရှိပေ။

"အမေ ပြောခဲ့တာကို မှတ်ထားဦး။ ကိုယ့်ကိုကိုယ် သိပ်ပြီး ထင်ပေါ်အောင် မလုပ်နဲ့။"

ထို့နောက် သူမသည် လှည့်ထွက်သွားတော့သည်။

တံခါးသည် သူမ၏နောက်တွင် ဖြည်းညှင်းစွာ ပိတ်သွား၏

အခန်းကို အပြင်လောကနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်ကာ သူတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

ထိုအခါမှ ပိုင်ကျီဟန်က လှည့်ကြည့်လိုက်၏

"အခုထိ ရှိနေသေးတာလား?"

မူလင်းယွဲ့က ရှေ့သို့ တစ်လှမ်း တိုးလာသည်။

သူမ၏ မျက်ဝန်းများက တောက်ပနေ၏

"ဆက်လုပ်”

သူမက ဝေခွဲမနေဘဲ ပြောလိုက်သည်။

"နောက်တစ်လုံး ထပ်ပြီး ဖော်စပ်ပြဦး။"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်

သူမ၏ အသံက အနည်းငယ် ပို၍ နူးညံ့သွား၏

"ပိုပြီး မြင်ချင်သေးတယ်..."

ပိုင်ကျီဟန်က သူမကို ခဏမျှ စိုက်ကြည့်နေပြီးမှ

ဖြည်းညှင်းစွာပင် ပြုံးလိုက်၏

"ဟဲ... တော်တော် စိတ်လောနေတာပဲ။"

သူက ဆေးမီးဖိုဘက်သို့ ပြန်လှည့်လိုက်သည်။

"ကောင်းပြီလေ”

သူ့လက်အင်္ကျီကို ခါယမ်းလိုက်သည်နှင့်အမျှ

မီးတောက်များက တစ်ဖန် ပြန်လည် မြင့်တက်လာတော့သည်။

"ဒီတစ်ခါတော့ သေချာ ကြည့်ထားလိုက်။"

သူ၏ အသံထဲတွင် ယုံကြည်ချက်များ အပြည့်အဝ ပါဝင်နေသည်။

ယခုရရှိထားသော ကုန်ကြမ်းများဖြင့် ပိုင်ကျီဟန်သည် လက်တွန့်နေတော့မည် မဟုတ်ပေ။

သူသည် တိုက်ရိုက်ပင် အဆင့်-၆ ဆေးလုံးကို ဖော်စပ်ရန် ပြင်ဆင်လိုက်တော့သည်။

သူ့နောက်တွင် မူလင်းယွဲ့၏ အကြည့်များက ပိုမို စူးရှလာခဲ့သည်။

မူမျိုးနွယ်စု တစ်ခုလုံးတွင် ထူးဆန်းသော လေထုတစ်ခု အခြေချသွားသည်။

အပြင်လူများအတွက်မူ မျိုးနွယ်စုတစ်ခုလုံးက တိတ်တဆိတ် တံခါးပိတ်ထားသကဲ့သို့ ခံစားရသည်။

ဧည့်သည်များကို ပြန်လွှတ်လိုက်သည်။

ပွဲလမ်းသဘင်များကို ရွှေ့ဆိုင်းလိုက်သည်။

မူမျိုးနွယ်စုနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသော မိသားစုများပင် ဖိတ်ကြားချက်များကို ယဉ်ကျေးစွာ ငြင်းပယ်ခြင်း ခံခဲ့ရသည်။

တကယ့်ကို အရေးကြီးသော ကိစ္စရပ်မျိုး မဟုတ်လျှင်

မည်သူ့ကိုမျှ လက်ခံတွေ့ဆုံခြင်း မရှိတော့ပေ။

မူလင်းယွဲ့နှင့် ပိုင်ကျီဟန်တို့ အကြောင်းကို မသိရှိကြသော မူမျိုးနွယ်စုအတွင်းရှိ လူများပင်လျှင် ဇဝေဇဝါ ဖြစ်နေကြသည်။

သို့သော်လည်း အတွင်းဘက်တွင်မူ

စိတ်လှုပ်ရှားမှုများက တဟုန်ထိုး မြင့်တက်နေသည်။

ထိုနေ့က အဖြစ်အပျက်ကို မြင်တွေ့ခဲ့ရသူများ

ပိုင်ကျီဟန်နှင့် မူလင်းယွဲ့တို့၏ အခြေအနေကို သိရှိထားသူများ၏ ရင်ထဲတွင် မျှော်လင့်ချက်များက တဆူဆူ ဖြစ်နေကြသည်။

ထိုနေ့က အရာအားလုံးကို မြင်တွေ့ခဲ့ရသူများ...

မူလင်းယွဲ့နှင့် ပိုင်ကျီဟန်...

အဆင့်-၄ ဆေးဖော်စပ်ပညာရှင် နှစ်ဦး

မိစ္ဆာများ

သူတို့၏ အကြည့်များသည် အိမ်တော်၏ သီးသန့်ဆန်သော နေရာတစ်ခုဆီသို့ ခဏခဏ ဆိုသလို ဝေ့ဝဲသွားတတ်ကြသည်။

ထိုနေရာကား သီးသန့် ဆေးဖော်စပ်ဆောင်များ ရှိရာအရပ်ပင်။

ထိုနေရာ၌

လွန်ခဲ့သော တစ်လလုံးလုံး

ထိုလူနှစ်ယောက်သည် အပြင်သို့ ခြေတစ်လှမ်းမှ မချခဲ့ကြပေ။

သို့မဟုတ်...

တစ်ယောက်က အပြင်သို့ လုံးဝ မထွက်ခဲ့ခြင်း ဖြစ်ပ၏

ကျန်တစ်ယောက်ကမူ?

အဝင်အထွက် အမြဲမပြတ် ရှိနေခဲ့သည်။

လူတိုင်းက သိရှိထားကြပြီးသားပင်။

မူလင်းယွဲ့သည် ပိုင်ကျီဟန်၏ ဆေးဖော်စပ်ဆောင်ထဲ၌သာ အခြေချ နေထိုင်နေသလောက် နီးပါး ဖြစ်နေသည်ကိုပင်။

အစပိုင်းတွင် လူအချို့မှာ အံ့အားသင့်ခဲ့ကြသည်။

ထို့နောက် ဇဝေဇဝါ ဖြစ်ခဲ့ကြသော်လည်း

နောက်ဆုံးတွင်မူ

သူတို့ လက်ခံသွားကြတော့သည်။

အကြောင်းမှာ သူမ အထဲသို့ ဝင်သွားသည့် အကြိမ်တိုင်း

နာရီပေါင်းများစွာ၊

ရက်ပေါင်းများစွာ၊

တစ်ခါတစ်ရံ ထိုထက်ပင် ပို၍ ကြာမြင့်တတ်သောကြောင့် ဖြစ်သည်။

သူမ အပြင်သို့ ပြန်ထွက်လာသည့် အခါတိုင်းတွင်လည်း

သူမ၏ မျက်ဝန်းများက တစ်စုံတစ်ခုကို အသစ်တဖန် နားလည်သဘောပေါက်သွားသကဲ့သို့ ပိုမိုတောက်ပ စူးရှလာတတ်သည်။

ပိုင်ကျီဟန်၏ ဆေးဖော်စပ်ဆောင် အတွင်း၌မူ

မီးတောက်များက တဖြည်းဖြည်း ငြိမ်သက်သွားသည်။

သင်းပျံ့လှသော ဆေးရနံ့များက လေထုထဲတွင် လွှမ်းခြုံနေ၏။

ပိုင်ကျီဟန်က အဖုံးကို ဖွင့်လိုက်သည်။

အတွင်းဘက်၌ ဆေးလုံးတစ်လုံးက တည်ငြိမ်စွာ လဲလျောင်းနေသည်။

၎င်း၏ အရှိန်အဝါမှာ အလွန်ပင် တည်ငြိမ်လှ၏။

အဆင့်-၅ ဆေးလုံး

ပိုင်ကျီဟန်က ထိုဆေးလုံးကို ခေတ္တမျှ ကြည့်လိုက်၏

သို့သော်လည်း အကြာကြီး အမွှန်းတင်မနေခဲ့ပေ။

ထို့အစား သူက နောက်သို့ လှည့်ကြည့်လိုက်၏

"နားလည်သွားပြီလား?"

သူက မေးလိုက်သည်။

သူ့နောက်တွင် မူလင်းယွဲ့က ငြိမ်သက်စွာ ရပ်နေ၏။

သူမ၏ မျက်ဝန်းများက တောက်ပနေပြီး ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။

"နားလည်သွားပါပြီ၊ ဆရာက တကယ်ကို ထင်ထားတဲ့အတိုင်း တော်တာပဲ”

ပိုင်ကျီဟန်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။ ဆရာတဲ့လား

၎င်းသည် လွန်ခဲ့တဲ့ တစ်လ၊ ပထမဆုံးနေ့ကတည်းက စတင်ခဲ့တာ ဖြစ်သည်။

အဆင့်-၆ ဆေးလုံးတစ်လုံးကို ဖော်စပ်ပြခဲ့သည့် ထိုအချိန်တွင် မူလင်းယွဲ့မှာ လုံးဝ ဆွံ့အသွားခဲ့ရသည်။

တုန်လှုပ်အံ့အားသင့်သွားပြီးနောက်

သူမ လက်ခံလိုက်ရတော့သည်။

သူမသည် ပိုင်ကျီဟန်နှင့် ယှဉ်လျှင် ဘာမှမဟုတ်သည်ကိုပင်။

သို့သော် သူမသည် စိတ်ပျက်အားလျော့ခြင်း သို့မဟုတ် မနာလိုခြင်းများ ဖြစ်မည့်အစား

ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။

ထိုအချိန်မှစ၍

သူမသည် သူ၏နောက်သို့ လိုက်သည်။

သူပြောသမျှကို နားထောင်သည်။

ငြိမ်သက်စွာ စောင့်ကြည့်ရင်း သူထံမှ သင်ယူသည်။

ပိုင်ကျီဟန်ကလည်း သဘာဝအတိုင်းပင်

အခွင့်အရေးကို လက်လွှတ်မခံခဲ့ပေ။

"ငါ့ကို ဆရာလို့ ခေါ်”

သူက နောက်ပြောင်သလိုမျိုး ပြောခဲ့ခြင်းဖြစ်သည်။

သူမ ယခင်က ပြောခဲ့သမျှ စကားများအတွက် အနည်းငယ် ပြန်ပြီး ကလဲ့စားချေချင်ရုံ သက်သက်သာ ဖြစ်သော်လည်း

"ဆရာ”

သူမက ဝေခွဲမနေဘဲ ချက်ချင်းပင် သဘောတူခဲ့သည်။

မူလင်းယွဲ့ကို ကြည့်ရသည်မှာ ဆေးဖော်စပ်မှုကို သင်ယူရခြင်းမှအပ ကျန်သည့်အရာများအပေါ် လုံးဝ ဂရုမစိုက်သည့်ပုံပင်။

"တောက်”

ပိုင်ကျီဟန်က အသာအယာ စုပ်သတ်လိုက်မိသည်။

သို့သော် စိတ်ထဲတွင်မူ

သူ အမှန်တကယ် စိတ်မဆိုးခဲ့ပေ

အကြောင်းမှာ မူလင်းယွဲ့သည် တကယ့်ကို ကြောက်စရာကောင်းလွန်းသောကြောင့် ဖြစ်သည်။

စစ်မှန်သော ပါရမီရှင်

သူ တစ်ခုကို သင်ပေးလိုက်လျှင် သူမက ဆယ်ခုကို ဆက်စပ်တွေးတောနိုင်သည်။

သဘောတရားတစ်ခုကို ရှင်းပြလိုက်လျှင်

သူမက ၎င်းကို အဆတစ်ရာအထိ ချဲ့ထွင်နားလည်နိုင်သည်။

တစ်ခါတစ်ရံတွင်မူ အဆင့်-၈ ဆေးဖော်စပ်မှု ဗဟုသုတများ ရှိနေသည့်တိုင် ပိုင်ကျီဟန်ပင် အငိုက်မိသွားတတ်သည်။

အခြားသော ဆေးဖော်စပ်ပညာရှင်များက သူမအား အဘယ်ကြောင့် မသင်ကြားချင်ကြသနည်းကို သူ အခုမှ နားလည်သွားတော့သည်။

သူမတွင် ပါရမီ မရှိခြင်း သို့မဟုတ် စရိုက်မကောင်းခြင်းကြောင့် မဟုတ်ပေ

သူမက အလွန်အမင်း တော်လွန်းနေသောကြောင့်ပင်။

အနိမ့်စား ဆေးလုံးများကို ဖော်စပ်နေသည့်တိုင် သူမ မေးမြန်းသည့် မေးခွန်းများမှာ သူတို့၏ အဆင့်ထက် ကျော်လွန်နေတတ်သည်။

၎င်းမှာ ဥပမာအားဖြင့်

"ပန်းသီးတစ်လုံးဟာ ဒြပ်ဆွဲအားကြောင့် မြေပေါ်ကို ပြုတ်ကျတာ"ဟု ရှင်းပြလိုက်သည့်အခါတွင်

"ဒြပ်ဆွဲအားက လောကကို ကွေးညွှတ်စေတယ်ဆိုရင်၊ အရာဝတ္ထုတွေ ပြုတ်ကျပုံကို ပြောင်းလဲဖို့ လောကရဲ့ ကွေးညွှတ်မှုကို ကျွန်မတို့ ထိန်းချုပ်နိုင်မလား? အဲဒီလိုဆိုရင် ဒြပ်ထုနဲ့ စွမ်းအင်ကြားက အခြေခံ အပြန်အလှန် သက်ရောက်မှုကို ပြောင်းလဲသွားစေနိုင်မလား?"ဟုချက်ချင်း ပြန်မေးသကဲ့သို့ပင်။

ရီစရာကောင်းလွန်းသော်လည်း

သူမကတော့ ဒါကို သဘာဝကျကျပင် မေးမြန်းနေခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း မူလင်းယွဲ့ကို မည်သူမျှ မသင်ကြားချင်ကြခြင်း ဖြစ်ပေလိမ့်မည်။

သူမသည် သူတို့၏ ကိုယ်ပိုင်အရည်အချင်းနှင့် နားလည်မှုများကိုပင် သံသယဝင်လာအောင် ပြုလုပ်နိုင်စွမ်း ရှိသည်။

ပိုင်ကျီဟန်ကမူ အဆင့်-၈ ဗဟုသုတများ ရှိထားသောကြောင့် သူမ၏ မေးခွန်းအများစုကို ဖြေဆိုနိုင်ခဲ့သည်။

မူလင်းယွဲ့အတွက်လည်း သူမ၏ မေးခွန်းအားလုံးကို အမှားအယွင်းမရှိ ကျိုးကြောင်းဆီလျော်စွာ ဖြေကြားပေးနိုင်သူတစ်ဦးနှင့် နောက်ဆုံးတွင် တွေ့ဆုံခဲ့ရသဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

ယခင်က သူမ၏ ဆရာအများစုသည် သူမကို သင်ကြားပေးခြင်းကို ရပ်တန့်ခဲ့ကြသည်။

ဖြစ်နိုင်သည်မှာ သူမက မေးခွန်းများ အလွန်အကျွံ မေးမြန်းသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်လည်း သူမသည် ကိုယ်တိုင်သာ သင်ယူခြင်းကို ပို၍ နှစ်သက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခု ပိုင်ကျီဟန်နှင့် တွေ့သည့်အခါတွင်မူ

သူမကို အမှန်တကယ် လမ်းညွှန်ပေးနိုင်မည့်သူတစ်ဦးကို ရရှိလိုက်သကဲ့သို့ပင်။

မူလင်းယွဲ့ကလည်း သူ့ကို လုံးဝ စိတ်မပျက်စေခဲ့ပေ။

တစ်လအတွင်းမှာပင်

သူမသည် အဆင့်-၅ ဆေးဖော်စပ်ပညာရှင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

စစ်မှန်သော ဆေးဖော်စပ်မှု မိစ္ဆာကောင်

လေးပင်

All Chapters