အခန်း (၅၃၇-၅၃၈)
Vol. 36 Ch. 537-538
အခန်း ၅၃၇ - ကောင်းကင်ဘေးဒုက္ခဖြတ်ကျော်ခြင်း ဆေးလုံး
ပိုင်မျိုးနွယ်စု
အစဉ်အမြဲပင် တည်ငြိမ်၍ ခန့်ညားထည်ဝါနေဆဲ ဖြစ်သည်။
အပေါ်ယံကြည့်လျှင် မည်သည့်အရာမှ ပြောင်းလဲသွားခြင်း မရှိသယောင်။
သို့သော် ပိုင်ကျီဟန် ဂိတ်တံခါးအတွင်းသို့ ခြေလှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက်...
အကြည့်အချို့က သူ့ထံသို့ သိသိသာသာ ရွေ့လျားလာကြသည်။
တစ်လကျော်ကြာ ပျောက်ကွယ်နေခြင်းက သတိမမူမိဘဲ နေနိုင်လောက်သည့် ကိစ္စမဟုတ်ပေ။ သို့သော်လည်း ကျင့်ကြံသူများအဖို့ နှစ်နှင့်ချီ၍ တံခါးပိတ်ကျင့်ကြံခြင်းမှာ ထူးဆန်းသည်မဟုတ်ရာ မည်သူမှ ထုတ်မပြောကြချေ။
ပိုင်ကျီဟန်သည် လမ်းလျှောက်ထွက်ရာမှ ပြန်လာသည့်အလား အေးအေးလူလူပင် မျိုးနွယ်စုဝင်းအတွင်းသို့ လျှောက်လှမ်းလာခဲ့သည်။
မကြာမီမှာပင် သူသည် အတွင်းဘက်ရင်ပြင်သို့ ရောက်ရှိလာခဲ့၏။
ထိုနေရာတွင် ရင်းနှီးပြီးသား ပုံရိပ်တစ်ခုက ရပ်စောင့်နေသည်။
ပိုင်ထျန်းဟမ်
လက်နှစ်ဖက်ကို နောက်ပစ်လျက်...
အကြည့်တို့က နက်ရှိုင်းကာ တစ်စုံတစ်ခုကို ကြိုတင်တွေးတောနေဟန်ရှိသည်။
သူက ပိုင်ကျီဟန်ကို စောင့်ကြိုနေခဲ့သည့်အလား။
"မင်း ပြန်လာပြီပဲ”
သူ၏အသံမှာ တည်ငြိမ်လှသည်။
ပိုင်ကျီဟန်က ခေါင်းတစ်ချက်ငြိမ့်၏
"ဟုတ်ကဲ့ အဖေ..."
ပိုင်ထျန်းဟမ်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ပိုင်ကျီဟန် တစ်လကျော်ကြာ မူမျိုးနွယ်စု တွင် ရှိနေခဲ့သည်ကို သူသိသော်လည်း ဤမျှကြာအောင် နေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
"ပြန်လာပြီဆိုတော့လည်း... မင်းရဲ့ လေ့ကျင့်မှုတွေကို ပြန်စဖို့ အချိန်တန်ပြီ။ နောက်တက်မယ့် မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာမယ့်သူအနေနဲ့ မင်း ပျင်းရိနေလို့မရဘူး။"
ပိုင်ကျီဟန်က ဘာမှပြန်မပြောပေ
ငြိမ်သက်စွာ ရပ်နေခဲ့သည်။
(အင်း... ငါ့ရဲ့ အားလပ်ရက်လေးတော့ ပြီးသွားပြီထင်တယ်)
ပိုင်ကျီဟန် တွေးလိုက်မိသည်။
အစက ဆေးလုံးဖော်စပ်ခြင်းမှာ အလွန်ပျင်းစရာကောင်းမည်ဟု ထင်ခဲ့သော်လည်း လက်တွေ့တွင်မူ မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့သည်။
အနည်းငယ် ထပ်တလဲလဲလုပ်ရသော်လည်း မိမိစိတ်ကြိုက် ချိန်ညှိမှုလေးများ ပြုလုပ်၍ တိုးတက်အောင် လုပ်ဆောင်နိုင်သည်။
ပို၍ထူးခြားသည်မှာ သူသည် ဆေးလုံးများတွင် အရသာအမျိုးမျိုး ထည့်သွင်းခဲ့ခြင်းပင်။
သူ့အတွက် အဂုဏ်ယူရဆုံး ဖန်တီးမှုမှာ ကိုကာကိုလာအရသာ ဆေးလုံးဖြစ်သည်။
အအေးထဲကလို ဓာတ်ငွေ့အမြှုပ်လေးများ မပါဝင်သော်လည်း အရသာမှာမူ ကိုကာကိုလာနှင့် ၈၀ ရာခိုင်နှုန်းခန့် တူညီသည်။
သို့သော် ဤသို့ပြုလုပ်ခြင်းကြောင့် ဆေးလုံး၏ အာနိသင် ၁၀ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။ ပိုင်ကျီဟန်ကမူ အရသာမရှိသော ဆေးလုံးများထက် ဤသို့ အရသာရှိနေခြင်းက ပိုတန်ဖိုးရှိသည်ဟု ယူဆထားသည်။
ထို့အပြင် ဤကဲ့သို့ အရသာမျိုးစုံဖြင့် ဆေးလုံးဖော်စပ်ရန်မှာ ခဲယဉ်းလှသော်လည်း သူ၏ အဆင့် (၈) အဂ္ဂိရတ်ပညာရှင် စွမ်းရည်နှင့်ဆိုလျှင် အဆင့်နိမ့်ဆေးလုံးများသည် ကလေးကစားစရာမျှသာ ဖြစ်သည်။
ပိုင်ထျန်းဟမ်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
"အချိန်လည်း ရောက်လာပြီ..."
သူက တိုးတိတ်စွာ ရေရွတ်လိုက်၏။
"ငါ့အတွက် အဆင့်တက်ဖို့ ကြိုးစားရမဲ့ အချိန်ပဲ။"
သူ့မျက်လုံးတို့က ဝေးလွင့်သွားသည်။
မဟကောင််းကင်ဘုံတက်ခြင်းအဆင့်မှသည်
အင်မော်တယ်အဆင့်သို့...
ခြေတစ်လှမ်းမျှသာဖြစ်သော်လည်း
ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
ထို့နောက် သူက ခေါင်းကို အသာခါယမ်းကာ
"ငါ့မှာသာ ကောင်းကင်ဘေးဒုက္ခဖြတ်ကျော် ခြင်းဆေးလုံးရှိခဲ့ရင်..."
သူ၏လေသံတွင် နောင်တအနည်းငယ် ပါဝင်နေသည်။
ထိုဆေးလုံးသည် အဆင့် (၇) ဆေးလုံးဖြစ်ပြီး ကောင်းကင်ဘေးဒဏ်ကို ခန္ဓာကိုယ်က ခုခံနိုင်စွမ်းကို မြှင့်တင်ပေးကာ အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို များစွာ အထောက်အကူပြုသည်။
သို့သော် ဤသို့သော ဆေးလုံးမျိုးသည် အရှေ့ဘက်ဒေသ တစ်ခုလုံးတွင် နီညိုရောင် ဆေးလုံးအင်ပါယာ၌သာ ရှိသည်။
ထို့အပြင် အမြဲတမ်း အထွက်နည်းပြီး လိုအပ်ချက်ကမူ အလွန်မြင့်မားလှသည်။
အရှေ့ဘက်ဒေသရှိ ကျင့်ကြံသူတိုင်း၊ အထူးသဖြင့် အင်မေည်တယိအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေသူတိုင်း ဤဆေးလုံးကို အလိုရှိကြသည်။
နီညိုရောင် ဆေးလုံးအင်ပါယာသည် ဤဆေးလုံး၏ တန်ဖိုးကို ကောင်းစွာသိရှိပြီး အလွန်မြင့်မားသော ဈေးနှုန်းများဖြင့် ရောင်းချလေ့ရှိသည်။
သို့သော်လည်း မည်သူမှ မညည်းညူဝံ့ကြပေ
မဟာကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများအဖို့ ဥစ္စာဓနက အခက်အခဲမဟုတ်ပေ
အင်မော်တယ်အဆင့်သို့ ရောက်ရှိနိုင်မည့် အခွင့်အရေးအတွက် ဆိုလျှင်
မည်သည့်ဈေးနှုန်းကိုမဆို ပေးရန် အသင့်ရှိကြသည်။
ပို၍အရေးကြီးသည်မှာ...
အကယ်၍ ကောင်းကင်ဘေးဒုက္ခကို မတွန်းလှန်နိုင်ပါက
အသက်ဆုံးရှုံးရမည်ဖြစ်သည်။
ထို့ကြောင့် ဤဆေးလုံးသည် အဆင့်တက်ဆေးထက် အသက်ကယ်ရတနာဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
သို့ဖြစ်၍ ရေကုန်ရေခမ်း ယှဉ်ပြိုင်လုယူကြခြင်း ဖြစ်သည်။
သို့သော်လည်း နီညိုရောင် ဆေးလုံးအင်ပါယာသည် ဤဆေးလုံးများကို အခြားဆေးလုံးများကဲ့သို့ ဗြောင်ကျကျ မရောင်းချပေ
တစ်နှစ်လျှင် တစ်ကြိမ်သာ လေလံတင်ရောင်းချကာ အမြတ်ကို အမြင့်ဆုံးရအောင် ဖန်တီးထားသည်။
မိမိ၏ အဆင့်တက်ရမည့် အချိန်နီးကပ်လာသည်ကို သိသဖြင့် ပိုင်ထျန်းဟမ်တစ်လုံးရရန် ကြိုးစားခဲ့သော်လည်း...
နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရသည်။
(နီညိုရောင် ဆေးလုံးအင်ပါယာက ငါတို့ ကောင်းကင်အင်ပါယာကို သတိထားနေပုံရတယ်...)
ပိုင်ထျန်းဟမ် တွေးလိုက်မိသည်။
သူသည် ပိုင်မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်ရာ ဆေးလုံးဝယ်ရန် ငွေကြေးမပြတ်လပ်သော်လည်း
မကြာသေးမီက ကောင်းကင် အင်ပါယာမှ လူများအတွက် ဤဆေးလုံးဝယ်ယူရန်မှာ အလွန်ခက်ခဲလာခဲ့သည်။
သူ စုံစမ်းကြည့်လိုက်သည့်အခါ သူတစ်ယောက်တည်း မဟုတ်ပေ
ကောင်းကင် အင်ပါယာမှ အခြားသူများလည်း အလားတူ ကြုံတွေ့နေရကြောင်း သိခဲ့ရသည်။
၎င်းမှာ နားလည်နိုင်သော ကိစ္စပင်
ကောင်းကင် အင်ပါယာသို့ ဤဆေးလုံးများ များများရောင်းချပေးခြင်းသည် ထိုအင်ပါယာ၌ အင်မော်အဆင့် ပညာရှင်များ တိုးပွားလာစေရန် ကူညီပေးခြင်းနှင့် အတူတူပင် ဖြစ်သည်။
ပြိုင်ဘက်အင်ပါယာတွင် အင်အားတောင့်တင်းလာမည်ကို မလိုလားသဖြင့် ရောင်းချရန် ရှောင်လွှဲနေခြင်း ဖြစ်သည်။
သို့သော် ဤဆေးလုံးများသည် သူတို့အတွက် အကြီးမားဆုံးသော အမြတ်အစွန်းဖြစ်ရာ လုံးလုံးလျားလျား ရပ်တန့်ပစ်ခြင်းတော့ မရှိသေးပေ။
သူလုပ်နိုင်သည်မှာ နောက်တစ်ကြိမ် လေလံပွဲကို စောင့်ဆိုင်းပြီး ကံစမ်းကြည့်ရန်သာ ရှိတော့သည်။
သို့သော် သူ၏ကျင့်ကြံမှုသည် အကန့်အသတ်မရှိ စောင့်ဆိုင်းနေ၍ မရနိုင်တော့ချေ။
ဆေးလုံးမရှိဘဲနှင့်ပင် ရရှိနိုင်သမျှ ရတနာများကို စုဆောင်းကာ ကောင်းကင်ဘေးဒုက္ခကို ခုခံတွန်းလှန်နိုင်ရန် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်ရတော့မည်ဟု ထင်ရသည်။
ပိုင်ကျီဟန်သည် သူ၏ဖခင်ဖြစ်သူ တိုးတိတ်စွာ ရေရွတ်လိုက်သည်ကို ကြားလိုက်ရ၏။
သူသည် မူမျိုးနွယ်စုထံ ပေးအပ်ခဲ့သော ဆေးနည်းများထဲတွင် ကောင်းကင်ဘေးဒုက္ခကို ခုခံယူရန် အထောက်အကူပြုသည့် ဆေးနည်းတစ်ခု ပါဝင်နေသည်ကို သတိရသွားသည်။
ထိုဆေးလုံး၏ အာနိသင်မှာ နီညိုရောင် ဆေးလုံးအင်ပါယာမှ ထွက်ရှိသော ဆေးလုံးထက်ပင် ပို၍သာလွန်ပေသေးသည်။
မူမျိုးနွယ်စုမှ အကြီးအကဲများ၏ အရည်အချင်းကို ထည့်တွက်မည်ဆိုလျှင် ထိုဆေးလုံးများကို ဖော်စပ်ထုတ်လုပ်နိုင်ရန် အချိန်အကြာကြီး လိုမည်မဟုတ်ဟု ပိုင်ကျီဟန် ယူဆထားသည်။
ပိုင်ကျီဟန်က စကားဆိုလိုက်၏။
"အဖေ”
ပိုင်ထျန်းဟမ်က သူ့ကို တစ်ချက်လှည့်ကြည့်သည်။
"ရက်အနည်းငယ်လောက် စောင့်ကြည့်လိုက်ပါဦး။ မူမျိုးနွယ်စုက အဖေ့အတွက် ဆေးလုံးတစ်လုံး ဖော်စပ်ပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်။"
ပိုင်ထျန်းဟမ်သည် ခဏမျှ ကြောင်အသွားသည်။
ထို့နောက် အပြုံးဖျော့ဖျော့ဖြင့် ခေါင်းကို ခါယမ်းလိုက်၏။
ပိုင်ကျီဟန်က အခြေအနေကို အပြည့်အဝ နားမလည်သေးဟု သူတွေးလိုက်သည်။
ကောင်းကင်ဘေးဒုက္ခဖြတ်ကျော် ဆေးလုံးဆိုသည်မှာ အဆင့် (၇) ဆေးလုံးဖြစ်၏။
အဂ္ဂိရတ် မဟာသခင်ဆရာကြီးတစ်ဦးမပါဘဲ ၎င်းကို ဖော်စပ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့အပြင် မူမျိုးနွယ်စုတွင် ထိုကဲ့သို့သော ဆေးနည်းပင် မရှိချေ။
သို့သော်လည်း သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
အနည်းဆုံးတော့ သူ့သားက သူ့အပေါ် စိတ်ပူပေးနေသည် မဟုတ်ပါလော
၎င်းမှာပင် သူ့အတွက် လုံလောက်လှပါပြီ။
"ငါလည်း အဲဒီလိုပဲ ဆုတောင်းပါတယ်”
ပိုင်ထျန်းဟမ်က စနောက်သည့် လေသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူသည် လှည့်ထွက်သွားရန် ပြင်ဆင်လိုက်၏။
"ပြင်ဆင်ထားလိုက်ဦး၊ ငါတို့ မင်းရဲ့လေ့ကျင့်မှုတွေကို ဆက်လုပ်ကြမယ်။"
သူ၏ပုံရိပ်သည် တဖြည်းဖြည်း ဝေးကွာသွားသည်။
သူ၏နောက်ကွယ်တွင် ပိုင်ကျီဟန်က ငြိမ်သက်စွာ ရပ်ကျန်နေခဲ့၏။
သူ၏မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိပေ။
(သူတို့ အခုလောက်ဆို စနေလောက်ပြီ...)
ရက်အနည်းငယ်အတွင်းမှာပင် ကောင်းကင် အင်ပါယာတစ်ခုလုံး၏ ပထမဆုံးသော မဟာသခင်ဆရာကြီးများ ပေါ်ထွက်လာတော့မည်ဟု ပိုင်ကျီဟန် အမှန်တကယ် ယုံကြည်နေသည်။
၎င်းသည် တစ်ဒေသလုံးကို လှုပ်ခတ်သွားစေမည့် တစ်စုံတစ်ခု၏ အစပျိုးခြင်း ဖြစ်လာနိုင်ကြောင်းကိုလည်း သူကောင်းစွာ သိရှိနေသည်။
ထိုအဖြစ်အပျက်ကို သူ အလွန်ပင် စောင့်မျှော်နေမိတော့သည်။
အခန်း ၅၃၈ - အဆင့် (၇) ဆေးလုံး
မူမျိုးနွယ်စု၌
ပတ်ဝန်းကျင် အနေအထားသည် လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ယခင်က တိတ်ဆိတ်ငြိမ်သက်သော ပိတ်ဆို့မှုမျိုး ဖြစ်ခဲ့လျှင်
ယခုမူကား ကျည်ဆန်ပင် မပေါက်နိုင်သည့် ခံတပ်ကြီးတစ်ခုအလားပင်
အလုံပိတ်ထားပြီး မည်သူမျှ ကျော်ဖြတ်၍မရပေ
အပြင်လူတစ်ဦးတစ်ယောက်မျှ အဝင်မခံပေ။
မူမျိုးနွယ်စုနှင့် အလွန်အမင်း ရင်းနှီးသူများကိုပင် ခွင့်မပြုချေ။
အရာအားလုံးကို အဆက်အသွယ်
ဖြတ်တောက်ထားသည်။
အကြောင်းရင်းမှာ ထင်ရှားလှပါသည်။
မူမျိုးနွယ်စု၏ အကြီးအကဲများအားလုံးသည် ပိုင်ကျီဟန်ပေးအပ်ခဲ့သော ဆေးနည်းများကို လေ့လာရာ၌ အားသွန်ခွန်စိုက် မြှုပ်နှံထားကြသောကြောင့် ဖြစ်သည်။
သူတို့အားလုံး၏ ရည်မှန်းချက်မှာ တစ်ခုတည်းသာ
အဆင့် (၇) ဆေးလုံးများ
၎င်းမှာ သူတို့မျိုးဆက်ပေါင်းများစွာ တက်လှမ်းနိုင်ခြင်း မရှိခဲ့သည့် နယ်ပယ်တစ်ခု ဖြစ်သည်။
သို့ဖြစ်ရာ ဤကဲ့သို့သော အခိုက်အတန့်မျိုး၌ မည်သည့် နှောင့်ယှက်မှုကိုမျှ လက်မခံနိုင်ပေ။
လျှို့ဝှက်ချက်မှာ အကြွင်းမဲ့ဖြစ်ရမည်။
မျိုးနွယ်စုကို ဝန်းရံထားသော ကာကွယ်ရေး အစီအမံများကိုပင် အထပ်ထပ်အခါခါ အားဖြည့်ထားကြသည်။
မည်သည့် အမှားအယွင်းကိုမျှ အဖြစ်မခံနိုင်ချေ။
အပြင်လူများအဖို့မူ
ဤအပြုအမူမှာ ထူးဆန်း၍ သံသယဖြစ်ဖွယ်ရာပင်။
စိုးရိမ်ထိတ်လန့်စရာပင် ကောင်းနေသေးသည်။
မူမျိုးနွယ်စုတွင် ပိုင်မျိုးနွယ်စုဟူသော ကျောထောက်နောက်ခံ ရှိပြီးသား ဖြစ်သည်။
ပိုင်ထျန်းဟမ်၏ အင်အားကလည်း တစ်နေ့တခြား ကြီးထွားလာနေရာ ဤဒေသအတွင်း၌ သူတို့ကို ရန်စဝံ့သူ အင်အားစုဟူ၍ အနည်းငယ်မျှသာ ရှိ၏။
သို့ပါလျက် သူတို့က အဘယ်ကြောင့် အဆက်အသွယ် လုံးဝဖြတ်၍ တစ်သီးပုဂ္ဂလ နေထိုင်နေကြသနည်း။
အမျိုးမျိုးသော ထင်မြင်ချက်များ ပြန့်နှံ့လာခဲ့သည်။
အချို့က မူမျိုးနွယ်စုသည် အင်ပါယာပြင်ပမှ အင်အားကြီးအဖွဲ့အစည်းတစ်ခုကို ပြစ်မှားမိသည်ဟု ယုံကြည်ကြသည်။
အချို့ကမူ ဂိုဏ်းကြီးတစ်ခုနှင့် ဖြစ်ပွားတော့မည့် ပဋိပက္ခအတွက် ပြင်ဆင်နေသည်ဟု ထင်ကြသည်။
အချို့ကမူ အတွင်းရေး မတည်ငြိမ်မှုများရှိနေကြောင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
သို့သော် မူမျိုးနွယ်စု အတွင်း၌မူ...
မည်သူမျှ ဂရုမစိုက်ကြချေ။
ဂရုစိုက်ရန်လည်း အချိန်မရှိပေ
သူတို့ ရည်မှန်းထားသည့်အရာနှင့် ယှဉ်လျှင် ကောလာဟလများမှာ အဓိပ္ပာယ်မရှိလှပေ
ပြင်ပလောကမှာ သူတို့အတွက် အရေးမပါသလောက်ပင်။
ယခု သူတို့ လုပ်ဆောင်နေသည့်အရာသည် သူတို့၏ အင်ပါယာတစ်ခုလုံးကို ပြောင်းလဲပစ်တော့မည် ဖြစ်သည်။
အထူးအားဖြည့်ထားသော အဂ္ဂိရတ်ခန်းမအတွင်း
တိတ်ဆိတ်ခြင်းက စိုးမိုးထားသည်။
အကြီးအကဲတစ်ဦးသည် ဆေးဖိုရှေ့တွင် ထိုင်နေ၏။
သူ၏အမည်မှာ မူထျန်းရွှမ်ဖြစ်ပြီး မူယွဲ့လန်၏ ဖခင်၊ ပိုင်ကျီဟန်၏ အဖိုးပင် ဖြစ်သည်။
သူ၏ ဆံပင်များသည် ဖြူဖွေးနေပြီ ဖြစ်သည်။
သူ၏ အရှိန်အဝါမှာ နက်ရှိုင်းတည်ငြိမ်နေသော်လည်း တိုးတက်မှုမရှိဘဲ ရပ်တန့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
မူထျန်းရွှမ်သည် မူမျိုးနွယ်စု၏ အတော်ဆုံး အဂ္ဂိရတ်ပညာရှင်ဖြစ်ပြီး အဆင့် (၇) ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ရန် အခွင့်အလမ်း အရှိဆုံးသူလည်း ဖြစ်ရာ သူကပင် ပထမဆုံး စတင်ကြိုးစားခြင်း ဖြစ်သည်။
အကြီးအကဲ အားလုံးသည်လည်း မျိုးဆက်ပေါင်းများစွာ ပြောစမှတ်တွင်ကျန်ရစ်မည့် သမိုင်းဝင်အခိုက်အတန့်ကို မျက်မြင်တွေ့ရှိနိုင်ရန် ရောက်ရှိနေကြသည်။
မူထျန်းရွှမ် သက်ပြင်းတစ်ချက်ကို ပြင်းပြင်းချလိုက်သည်။
နှစ်ပေါင်း ရာနှင့်ချီ၍ သူသည် အဆင့် (၆) အထွတ်အထိပ် အဂ္ဂိရတ်ပညာရှင်အဆင့်မှာပင် ရပ်တန့်နေခဲ့ရသည်။
ထိုနောက်ဆုံးခြေလှမ်းကို မလှမ်းနိုင်ခဲ့ချေ။
ယနေ့အထိတိုင်အောင်ပင်။
သူ၏ရှေ့တွင်...
မီးတောက်များက တိကျစွာ ကခုန်နေကြသည်။
ထိန်းချုပ်မှုအောက်တွင် တည်ရှိသည်။
သန့်စင်နေသည်။
သူ၏ လှုပ်ရှားမှုတိုင်းမှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှသည်။
ဘေးပတ်လည်ရှိ အခြားအကြီးအကဲများမှာမူ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏
မည်သူမျှ စကားမပြောဝံ့ကြချေ။
အဆင့် (၇) ဆေးနည်း ၁၀ မျိုးအနက် မူထျန်းရွှမ်သည် အလွယ်ကူဆုံးတစ်ခုကို ရွေးချယ်ခဲ့သည်။
၎င်းမှာ သူတို့အတွက် ပထမဆုံးအကြိမ် ဖြစ်ရာ အလွယ်ကူဆုံးမှ စတင်ခြင်းက အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်သည်။
အလွယ်ကူဆုံးဟု ဆိုသော်လည်း အဆင့် (၇) ဆေးလုံးပင် ဖြစ်သည်။
၎င်းမှာ သူတို့တစ်ခါမျှ မကြိုးစားဖူးသေးသော အဆင့်အတန်းပင်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
အဆင့်တိုင်းကို ဂရုတစိုက် လုပ်ဆောင်သွားသည်။
အဆင့်တိုင်းကို အလွန်အမင်း သတိထားလျက် ဆောင်ရွက်ခဲ့ကြသည်။
မည်သူမျှ မျက်တောင်မခတ်ဝံ့ပေ။
စိတ်ကို လျှော့မထားဝံ့ကြချေ။
အသက်ရှူသံများပင် လေးလံနေသယောင်။
နောက်ဆုံးအဆင့်သို့ ရောက်ရှိလာသည့်အခါ
မူထျန်းရွှမ်က ထိုအပိုင်းကိုလည်း လွယ်ကူစွာ ကိုင်တွယ်နိုင်ခဲ့ပြီး ဆေးလုံးဖော်စပ်ခြင်းကို အဆုံးသတ်လိုက်သည်။
အားလုံးက စိတ်လှုပ်ရှားသွားကြပြီး အဆင့် (၇) ဆေးလုံးကို နောက်ဆုံးတော့ ဖော်စပ်နိုင်ပြီဟု ထင်မှတ်ခဲ့ကြသည်။
"ဆရာကြီး မူထျန်းရွှမ် မဟုတ်ဘူး၊ အခုဆိုရင် အဂ္ဂိရတ် မဟာသခင်ဆရာကြီး မူထျန်းရွှမ်လို့ ခေါ်ရတော့မယ်— သူ လုပ်နိုင်
လိမ့်မယ်လို့ ငါသိသားပဲ။"
"မူမျိုးနွယ်စုရဲ့ အတော်ဆုံး အဂ္ဂိရတ်ပညာရှင်ဆိုတာ ထိုက်တန်ပါတယ်။ ပထမဆုံးအကြိမ်မှာတင် အောင်မြင်သွားပြီ။"
"ငါတို့ မျိုးနွယ်စု ထွန်းတောက်တော့မယ် ၊ အဖိုးက ကောင်းကင် အင်ပါယာရဲ့ ပထမဆုံး အဆင့် (၇) အဂ္ဂိရတ်ပညာရှင် ဖြစ်လာပြီ”
အားလုံးက မူထျန်းရွှမ် အောင်မြင်သွားပြီဟု ထင်မှတ်ကာ သူတို့ကြားတွင် မဟာဆရာသခင်ကြီးတစ်ဦး ပေါ်ထွက်လာပြီဟု ယုံကြည်နေကြသည်။
သို့သော် ထိုစဉ်မှာပင် ဆေးဖိုကြီးက အနည်းငယ် တုန်ခါသွားသည်။
မီးတောက်များက အနည်းငယ် ဟုန်းခနဲ တက်လာ၏။
အကြီးအကဲ၏ မျက်နှာမှာ တင်းမာသွားခဲ့သည်။
ထို့နောက်တွင် ဖြစ်ပျက်လာခဲ့သည်။
မူမျိုးနွယ်စုအထက်ရှိ ကောင်းကင်ယံသည် အရောင်အဆင်း ပြောင်းလဲသွားခဲ့သည်။
မည်းမှောင်သော တိမ်တိုက်များ စုရုံးလာသည်။
အစပိုင်းတွင် ဖြည်းညင်းသော်လည်း နောက်ပိုင်းတွင် အရှိန်အဟုန်ဖြင့် ပြောင်းလဲလာ၏
နှလုံးသားကို နစ်မွန်းသွားစေလောက်သည့် ပြင်းထန်သော ဖိအားတစ်ခု သက်ဆင်းလာခဲ့သည်။
အကြီးအကဲများ၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားသည်။
ဆေးလုံး ဘေးဒုက္ခ
ခဏမျှ အားလုံး မှင်သက်သွားကြသည်။
ထိုကဲ့သို့သောအရာရှိသည်ကိုပင် မေ့လျော့နေကြသယောင်။
အကြောင်းမှာ သူတို့သည် တစ်ခါမျှ အဆင့် (၇) ဆေးလုံးကို ဖော်စပ်ဖူးခြင်း မရှိသောကြောင့်ပင်။
၎င်းမှာ သူတို့အတွက် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
သို့သော် လက်တွေ့လောကက သူတို့ကို စောင့်မနေချေ။
တိမ်တိုက်များက ထူထပ်လာ၏
လျှပ်စီးများက တိမ်တိုက်ကြားတွင် အသာအယာ လင်းလက်လာသည်။
ကာကွယ်ရေး အစီအမံများ၊
ဖုံးကွယ်ထားသည့် အလွှာများ ရှိနေလင့်ကစား
ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ချေ။
၎င်းသည် လုံးဝနှိမ်နှင်း၍ ရသောအရာ မဟုတ်ပေ
ဖုံးကွယ်ထား၍ ရသောအရာလည်း မဟုတ်ပေ။
အခြားသူများ မြင်တွေ့သွားမည်ကို သိသော်လည်း ၎င်းမှာ အဘယ်အရာဖြစ်ကြောင်း မည်သူမျှ ခန့်မှန်းနိုင်ခြင်း မရှိပါစေနှင့်ဟုသာ ဆုတောင်းနေကြသည်။
သို့သော် မည်သို့ဖြစ်နိုင်ပါမည်နည်း။
တစ်ယောက်စ၊ နှစ်ယောက်စက မသိနိုင်သော်လည်း လူပေါင်းများစွာထဲတွင် သိနိုင်သူအချို့ ရှိနေမည်မှာ သေချာပါသည်။
အပြင်ဘက်တွင်မူ
မူမျိုးနွယ်စုကို ဝန်းရံထားသော အမှောင်ရိပ်များအတွင်း ပုံရိပ်များ လှုပ်ရှားနေကြသည်။
ပုန်းအောင်းနေသော စောင့်ကြည့်သူများ၊ ဂိုဏ်းပေါင်းစုံနှင့် မျိုးနွယ်စုပေါင်းစုံမှ သူလျှိုများပင် ဖြစ်သည်။
သူတို့သည် ရက်ပေါင်းများစွာ စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။
ကောင်းကင်ယံ ပြောင်းလဲသွားသည်နှင့် သူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။
ချက်ချင်းပင် အရာအားလုံးကို စတင်မှတ်တမ်းတင်ကြ၏
သတင်းပို့ကြတော့သည်။
အချို့မှာ ဇဝေဇဝါ ဖြစ်နေ၏
အချို့ကမူ ချက်ချင်းပင် သိလိုက်ကြသည်။
သူတို့၏ မျက်ဝန်းများ ကျုံ့သွားကြသည်
အသက်ရှူသံများ မြန်လာ၏။
ဆေးလုံး ဘေးဒုက္ခ
အဆင့် (၇) ဆေးလုံးနှင့် အထက်ဆေးလုံးများသာလျှင် ဤကဲ့သို့သော ထူးခြားဆန်းပြားသည့် ဖြစ်ရပ်ကို ဆင့်ခေါ်နိုင်ခြင်း ဖြစ်သည်။
တွေဝေမနေဘဲ
သူတို့သည် သတင်းအချက်အလက်များကို သူတို့၏ အဖွဲ့အစည်းများထံ ပေးပို့လိုက်ကြသည်။
အရေးပေါ်
၎င်းမှာ အဘယ်အရာကို ဆိုလိုသည်ကို အားလုံးက ကောင်းစွာ နားလည်ထားကြသည်။
မူမျိုးနွယ်စုသည် ကောင်းကင် အင်ပါယာတွင် မည်သူမျှ မထိတွေ့နိုင်ခဲ့သော အဆင့် (၇) ဆေးလုံးကို ဖော်စပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
အဂ္ဂိရတ်ခန်းမအတွင်း
ဘေးဒဏ်သင့် တိမ်တိုက်များ စတင်ဖြစ်ပေါ်လာသည်နှင့် မူချင်းယွမ်၏ မျက်နှာ ပြောင်းလဲသွားသည်။
သူ၏အသံက ချက်ချင်း ထွက်ပေါ်လာ၏။
"တားဆီးကြ”
တွေဝေမနေချေ။
အဘယ်ကြောင့်ဆိုသော် ဆေးလုံးဘေးဒဏ်ကို မတားဆီးနိုင်ပါက
ဆေးလုံး ပျက်စီးသွားမည်သာမက ဖော်စပ်နေသော
အဂ္ဂိရတ်ပညာရှင်ကိုပါ ထိခိုက်စေနိုင်ပြီး
အသက်အန္တရာယ်ပင် ရှိနိုင်သောကြောင့် ဖြစ်သည်။
နောက်တစ်စက္ကန့်တွင် အကြီးအကဲများ လှုပ်ရှားလိုက်ကြသည်။
အစီအစဉ်တကျပင်။
ကာကွယ်ရေး ရတနာများကို အလွှာလိုက် ထုတ်သုံးကြသည်။
အစီရင်များ၊ အကာအကွယ် အခင်းအကျင်းများ၊ ဝိညာဉ်အကာအကွယ်များ တစ်ခုပေါ်တစ်ခု ထပ်လျက်ပင်
ဆေးဖိုကြီးအထက်တွင် ခိုင်ခံ့သော တံတိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ဘုန်း
ပထမဆုံး လျှပ်စီးချက် ကျရောက်လာသည်။
ပြင်းထန်လှသည်။
ကောင်းကင်ဘုံ၏ အလိုဆန္ဒကို သယ်ဆောင်လာသကဲ့သို့ပင်။
၎င်းသည် ကာကွယ်ရေး တံတိုင်းကို တိုက်ရိုက်ထိမှန်သွားသည်။
တစ်ခန်းလုံး တုန်ခါသွားသော်လည်း တံတိုင်းက ခံနိုင်ရည်ရှိသည်။
အကြီးအကဲများ မျက်နှာတင်းမာလျက် ဝိညာဉ်စွမ်းအင်များကို ပိုမိုထုတ်လွှတ်ကာ အကာအကွယ်များကို အားဖြည့်ကြသည်။
ထို့နောက်တွင်
ဒိုင်း
နောက်ထပ် တစ်ချက်
ဘုန်း ဘုန်း ဘုန်း
ဘေးဒဏ်သင့် လျှပ်စီးများက မရပ်မနား ကျရောက်လာသည်။
တစ်ချက်ထက် တစ်ချက် ပို၍ပြင်းထန်လာသည်။ သို့သော် မူမျိုးနွယ်စုက ကြိုတင်ပြင်ဆင်ထားခဲ့သည်။ အဆင့် (၆) အထွတ်အထိပ် အဂ္ဂိရတ်ပညာရှင်များစွာ ရှိနေခြင်း
စုဆောင်းထားသော ကာကွယ်ရေး ရတနာများစွာ ရှိနေခြင်းတို့ကြောင့်
သူတို့ ခံနိုင်ရည် ရှိနေခဲ့ကြသည်
တားဆီးနိုင်ခဲ့ကြသည်။
ထပ်ခါတလဲလဲပင်
လျှပ်စီးများက ဟိန်းဟောက်နေ၏ အခန်းကြီးမှာ တုန်ခါနေ၏
သို့သော်လည်း ဆေးဖိုကြီးမှာမူ ထိခိုက်မှုမရှိဘဲ တည်ရှိနေသည်။
ဗဟိုရှိ အကြီးအကဲမှာမူ မလှုပ်မယှက်ဘဲ အစွမ်းကုန် အာရုံစိုက်ထားသည်။ နောက်ဆုံးတွင်... ကာလအတန်ကြာပြီးနောက်...
ဘေးဒုက္ခများ စတင်အားနည်းလာသည်။ တိမ်တိုက်များ ပါးလျသွား၏
လျှပ်စီးများ ပျောက်ကွယ်သွားသည်။
တိတ်ဆိတ်ခြင်းက ပြန်လည်စိုးမိုးလာပြန်သည်။
ကောင်းကင်ယံ ကြည်လင်သွား၏ ဖိအားများလည်း ကွယ်ပျောက်သွားခဲ့ပြီ။
ဆေးလုံး ဘေးဒုက္ခ... ကျော်လွန်သွားခဲ့ပြီ။
ခဏမျှ မည်သူမျှ မလှုပ်ရှားဝံ့ကြချေ။
ထို့နောက်တွင်
အကြည့်အားလုံး ဆေးဖိုဆီသို့ ရောက်သွားသည်။
မျက်လုံးများတောက်ပနေ၏
ရင်ခုန်နေကြ၏
မျှော်လင့်ချက်များဖြင့်ပြည့်နှက်နေသည်။ အဘယ်ကြောင့်ဆိုသော်
ယခုအခါ ရလဒ်သာ
ကျန်တော့သောကြောင့် ဖြစ်သည်။
သူတို့၏ ပထမဆုံးသော— အဆင့် (၇) ဆေးလုံး