← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃) ကောင်းကင်ဘုံအဖွဲ့အစည်းမှ အန်းယွမ်ခွေ

ဒင်ဒေါင်... ဒုတိယထပ်သို့ ရောက်ရှိလာချေပြီ။

ဓာတ်လှေကားတံခါး ပွင့်သွားလေ၏။ ရဲချီယန်က ကြမ်းပြင်ပေါ်၌ အရုပ်ကြိုးပြတ် လဲကျကာ တုန်ယင်နေသော ဧည့်ကြိုနှင့် သွေးအိုင်အဖြစ်သို့ အရည်ပျော်သွားပြီဖြစ်သော လျှာရှည်ရှည် မိန်းမကြီးတို့ကို ကြည့်ကာ ပြုံးလိုက်ပေသည်။

"တကယ့် နတ်ဆိုးဝိညာဉ်စစ်စစ်ကြီးတော့ မဟုတ်ဘဲ ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတစ်ခုပဲလား။ ဒါကို ပြုပြင်မွမ်းမံထားတာများလား"

"မသတ်... မသတ်ပါနဲ့။ ကျွန်တော် ဘာမှမသိပါဘူး။ တကယ် ဘာမှမသိတာပါ"

ဧည့်ကြိုမှာ သေဆုံးသွားခြင်းမရှိသလို ရဲချီယန်အနေဖြင့်လည်း သူ့အား သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် မရှိပေ။

"သွားကြစို့၊ အခန်းတွေကို သွားကြည့်ရဦးမယ်"

အမိန့်ပေးလိုက်သည်နှင့် အီဗ်က ထိုလူကို ဆွဲထူလိုက်ကာ သဲပုံစံငယ်ပေါ်ရှိ သတ်မှတ်ထားသော ကိုဩဒိနိတ်များဆီသို့ ဦးတည်သွားလေတော့သည်။

ထိုနေရာမှာ အခန်းတစ်ခန်း ဖြစ်နေ၏။ ဤသို့ဖြစ်နေမှတော့ ထိုအခန်းထဲတွင် မည်သည့်အရာများ ရှိနေသည်ကို သူ ဝင်ကြည့်ချင်လာမိသည်။

"၀၂၅၅"

အခန်းတံခါးရှေ့သို့ ရောက်သောအခါ ရဲချီယန်က ဧည့်ကြိုကို ကြည့်ကာ မေးလိုက်လေ၏။ "ဒီထဲမှာ ဘယ်သူတည်းနေတာလဲ"

ဧည့်ကြိုက အလောတကြီး ခေါင်းယမ်းပြလာသည်။ "မသိ... မသိပါဘူး။ ကျွန်တော် တကယ်မသိတာပါ"

သူ လိမ်ညာနေခြင်း မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ရဲချီယန်၏ နတ်ဆိုး ကတ်ပြား · ဖြားယောင်းသွေးဆောင်ခြင်းက သူ၏အနီးတွင် ရှိနေဆဲပင် ဖြစ်၏။

"ဆိုလိုတာက ငါ့အရင် ဒီကိုရောက်လာတဲ့ ရထားမောင်းနှင်သူက ဒီထဲမှာ မရှိဘူးပေါ့။ အဲဒီလူနှစ်ယောက်ရဲ့ အခန်းတွေက ဘယ်မှာလဲ"

"၀၃၀၅ နဲ့ ၀၄၁၂ ပါ"

ထိုတည်နေရာ နှစ်ခုကို မှတ်သားထားလိုက်ပြီးနောက် ရဲချီယန်၏ အကြည့်များက ရှေ့မှောက်ရှိ ၀၂၅၅ အခန်းဆီသို့သာ ကျရောက်နေဆဲ ဖြစ်လေသည်။ "တံခါးဖွင့်"

"သော့က ပထမထပ်မှာ ရှိတာပါ။ ကျွန်တော် အခုသွား..."

"အီဗ်"

လျှပ်စီးလှံရှည်က သူမ၏ လက်ထဲသို့ ရောက်ရှိလာချေပြီ။ ယင်းကို ပစ်လွှတ်ခြင်းမပြုလျှင်တောင်မှ အတော်အသင့် ကောင်းမွန်သော လက်နက်တစ်ခု ဖြစ်နေဆဲပင်။

တံခါးကို တစ်ချက်ရိုက်ချလိုက်သည်နှင့် ချက်ချင်း ပွင့်ထွက်သွားကာ အတွင်းဘက်ရှိ မြင်ကွင်းကို ထုတ်ဖော်ပြသလိုက်လေ၏။

ဤအခန်းမှာ လူများ နေထိုင်ရန် နေရာတစ်ခု လုံးဝမဟုတ်ဘဲ ပေါင်းစပ်ထားသော စောင့်ကြည့်ရေး ဖန်သားပြင် အများအပြားသာ ရှိနေပေသည်။

ထိုဖန်သားပြင်များမှတစ်ဆင့် သူ့အရင် အခန်းယူထားသော ရထားမောင်းနှင်သူ နှစ်ဦးရှိနေသည့် အခန်းများကိုပင် မြင်တွေ့နိုင်လေ၏။

သို့သော်လည်း စောင့်ကြည့်ရေးစက်များရှေ့တွင် မည်သူမျှ မရှိနေချေ။

ဝုန်း... အီဗ်၏ ခန္ဓာကိုယ်မှ အနီရောင် အလင်းဘီးတစ်ခု အပြင်ဘက်သို့ ပျံ့နှံ့ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် အခန်းထောင့်တစ်နေရာသို့ မဟာကရုဏာ စက်သေနတ်ကြီး၏ ပြောင်းဝက ချိန်ရွယ်သွားလေတော့၏။

ကြမ်းပြင်ထက်၌ အနီရောင် အမှတ်အသားတစ်ခု ပေါ်လာလေသည်။

ရဲချီယန်က သန့်စင်သော မြေစွဲကျောက်တုံးကို ကစားနေရင်း အီဗ်၏ လုံးဝန်းသော ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သူ လှမ်းကြည့်လိုက်ချိန်တွင် ပစ်မှတ်ထားခံရသူမှာ ထွက်ပေါ်လာခြင်း မရှိသေးပေ။

"ထွက်မလာသေးဘူးလား"

မည်သည့်တုံ့ပြန်မှုမှ မရှိချေ။ "ဒါဆိုရင်လည်း..."

သန့်စင်သော မြေစွဲကျောက်တုံးက တဖြည်းဖြည်း အလင်းရောင်များ ထုတ်လွှတ်လာလေ၏။

"မလုပ်ပါနဲ့"

ရွှီ... ထိုနေရာမှ အသားကင်နေသည့်အလား အသံတစ်သံ ထွက်ပေါ်လာသည်။

ချက်ချင်းပင် ထိုနေရာ၌ အနည်းငယ် မှုန်ဝါးဝါးဖြစ်နေသော အမျိုးသားတစ်ဦး၏ ပုံရိပ် ထွက်ပေါ်လာလေတော့သည်။

၎င်းမှာ တစ္ဆေတစ်ကောင် ဖြစ်၏။ ထိုအမျိုးသားက ရဲချီယန်၏ လက်ထဲရှိ သန့်စင်သော မြေစွဲကျောက်တုံးနှင့် အီဗ် ဆင့်ခေါ်ထားသော မဟာကရုဏာ စက်သေနတ်ကြီးမှ ဖြာထွက်နေသည့် သန့်စင်ခြင်းစွမ်းအားများကို ခါးသီးသော အပြုံးဖြင့် ကြည့်လာလေသည်။

"မိတ်ဆွေ၊ ခင်ဗျားက စည်းမျဉ်းတွေကို လျစ်လျူရှုလို့ မရဘူးလေ။ ယုတ္တိဗေဒအရဆိုရင် ခင်ဗျားက အရင်ဆုံး အောက်ထပ်ဆင်းပြီး တည်းခိုဖို့ အခန်းတစ်ခန်းကို အရင်ရှာရမှာပေါ့"

စည်းမျဉ်းများလား။ အမှန်ပင် အခြားသူတစ်ယောက်သာဆိုလျှင် အခန်းရှာရန် နာခံစွာ သွားရောက်မည်ဖြစ်ပြီး ရထားဒင်္ဂါးများကို ပေးချေကာ တည်းခိုရင်း အမှန်တရားကို တစတစ ရှာဖွေနေမည်မှာ အသေအချာပင်။

သို့သော်လည်း အလွန်ကံဆိုးစွာဖြင့် ရထားတွဲအတွင်းရှိ သဲပုံစံငယ်က ဤပလက်ဖောင်းပေါ်ရှိ အစွမ်းအထက်ဆုံး တည်ရှိမှုကို အလွယ်တကူ ရှာဖွေနိုင်ရန် သူ့ကို အခွင့်အရေး ပေးထားလေ၏။

အစွမ်းထက်နေခြင်းက နောက်ကွယ်မှ ကြိုးကိုင်သူဟု အမြဲတမ်း မဆိုလိုနိုင်သော်လည်း ဤတစ်ကြိမ်တွင်မူ သူ မှန်ကန်စွာ ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း အတော်လေး ထင်ရှားနေပေသည်။

"မင်းက ဘယ်သူလဲ။ ရထားမောင်းနှင်သူတွေအကြောင်းကို ဘာလို့ သိနေရတာလဲ"

ဧည့်ကြိုက ရထားမောင်းနှင်သူများအကြောင်းကို သိနေလျှင် ဖီးနစ်ကျက်သရေဆောင် ဟိုတယ်အတွင်းရှိ အရာအားလုံးကို စောင့်ကြည့်နေသော ဤဝိညာဉ်က မသိဘဲ နေမည်မဟုတ်ချေ။

ရဲချီယန်၏ အကြည့်များက ဧည့်ကြိုထံသို့ ရောက်ရှိသွားသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ တုန်ရီနေကာ ပါးစပ်မှ အမြှုပ်များ ထွက်နေလေ၏။

ထိုသဘာဝမကျသော အခြေအနေအရ ဤကောင်၏ ခန္ဓာကိုယ်အတွင်း၌ မကောင်းဆိုးဝါး၏ ပြုပြင်မွမ်းမံထားသည့် အစိတ်အပိုင်း တစ်ခုတည်းသာ ရှိနေခြင်းမဟုတ်ကြောင်း ခန့်မှန်းရမခက်ခဲပေ။ ၎င်းက ကြိုးဆွဲရုပ်တစ်ရုပ်လား။

စကားမပြောနိုင်၊ မလှုပ်ရှားနိုင်သော ရှာယာ၏ သာမန် ကြိုးဆွဲရုပ်များထက် အဘယ်ကြောင့် ပို၍ အဆင့်မြင့်နေသည်ဟု ခံစားရသနည်း။

အမျိုးသားမှာ အနည်းငယ် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချကာ ပြောလာ၏။ "ကျွန်တော်က တစ်ချိန်တုန်းက ရထားမောင်းနှင်သူ တစ်ယောက်ပါ"

"အသုံးဝင်မယ့် တစ်ခုခုကို ပြောစမ်းပါ" ဤအရာကို ခန့်မှန်းရ လုံးဝ မခက်ခဲပေ။

"အင်း... ဒီဖီးနစ်ကျက်သရေဆောင် ဟိုတယ်က တကယ်တော့ ကျွန်တော် တည်ဆောက်ထားတဲ့ စမ်းသပ်ကွင်းတစ်ခုပါ။ အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်း ရထားမောင်းနှင်သူတွေ ဒီကို ရောက်လာတတ်ကြတယ်။ တစ်ယောက်တည်းကပဲ စမ်းသပ်မှုကို အောင်မြင်ပြီး ကျွန်တော်ထားခဲ့တဲ့ ရတနာကို ရယူနိုင်မှာပါ"

"မင်းရဲ့ ရည်ရွယ်ချက်ကကော"

"ရထားဒင်္ဂါးတွေ စုဆောင်းချင်လို့ပါ..."

အမျိုးသားက အနေရခက်စွာဖြင့် ပြုံးလိုက်၏။ ထင်ရှားသည်မှာ သူ၏ စုဆောင်းသည့်နည်းလမ်းက အခြားသူများကို အခန်းဝယ်ရန် ပိုက်ဆံသုံးခိုင်းခြင်းပင် ဖြစ်လေသည်။

"အမ်... မိတ်ဆွေ၊ အဲဒီကျောက်တုံးကို သိမ်းထားပေးလို့ ရမလား။ နည်းနည်း မျက်စိကျိန်းနေလို့ပါ"

ရဲချီယန်က သူ့ကို လျစ်လျူရှုကာ ဆက်လက်မေးမြန်းလိုက်သည်။ "မင်းရဲ့ ခန္ဓာကိုယ်ကကော ဘယ်မှာလဲ"

အမျိုးသားက ခေါင်းကို ထပ်မံကုတ်လိုက်၏။ "ကျွန်တော် သေဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကျွန်တော့် ခန္ဓာကိုယ်ကလည်း အရိုးတွေဖြစ်သွားတာ ကြာပေါ့။ အဲဒါက..."

ရဲချီယန်က သူ့ကို ချက်ချင်းသတ်ရန် ရည်ရွယ်ချက်မရှိကြောင်း တွေ့ရှိသွားပုံရကာ အမျိုးသားမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် အမှန်တကယ်ပင် ပြန်လည်မေးမြန်းလာလေသည်။

"မိတ်ဆွေ၊ ခင်ဗျား ကောင်းကင်ဘုံအဖွဲ့အစည်းအကြောင်းကို သိလား"

ကောင်းကင်ဘုံအဖွဲ့အစည်း။ တစ်ခါမှ မကြားဖူးပေ။ အဖွဲ့အစည်းတစ်ခုတဲ့လား... အင်ပါယာ အမိန့်တော် အဖွဲ့အစည်းလိုပဲ ထိတ်လန့်စရာကောင်းတဲ့ အင်အားစုတစ်ခုများလား။

"အဲဒါက ဘာလဲ"

"အဲဒါက ကောင်းကင်ယံဥယျာဉ်မှာ တည်ထောင်ထားတဲ့ ကောင်းကင်ဘုံအဖွဲ့အစည်းလေ။ အတော်လေး နာမည်ကြီးတယ် မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အသက်ရှင်နေတုန်းကတော့ အတော်လေး နာမည်ကြီးခဲ့တာပါ"

"တစ်ခါမှကို မကြားဖူးတာ"

"ခင်ဗျားက ရထားမောင်းနှင်သူ မဟုတ်ဘူးလား။ ဝိညာဉ်ဖြစ်သွားရင်တောင်မှ ဆက်ပြီး တည်ရှိနေသရွေ့ ရထားစနစ်ကို သုံးလို့ရနိုင်သေးတယ်လေ။ အဖွဲ့အစည်းတစ်ခုကို ရှာချင်တယ်ဆိုရင် ဘာလို့ ငါ့ကို လာမေးနေရတာလဲ"

အမျိုးသား၏ မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ အပြည့်ဖုံးလွှမ်းသွားလေ၏။

"မဖြစ်နိုင်တာ။ အဖွဲ့အစည်းက အရမ်းနာမည်ကြီးတာပါ။ ကျွန်တော် ဒီမှာရောက်နေတာ အနှစ်နှစ်ဆယ်ကျော်လောက်ပဲ ရှိပါသေးတယ်။ အကြွားသန်တဲ့ ဘော့စ်ကြောင့်မို့ ပြီးခဲ့တဲ့နှစ်တွေက လူသစ် ရထားမောင်းနှင်သူတွေတောင် သူတို့အကြောင်းကို ကြားဖူးကြမှာပါ"

သူက ထပ်မံတုံ့ဆိုင်းသွားပြန်သည်။ "အမ်... ကျွန်တော့်ကို ကူညီပေးလို့ရမလား။ ရထားဆီ ပြန်ရောက်သွားတဲ့အခါ အပြင်ဘက်က ခင်ဗျားရဲ့ သူငယ်ချင်းတွေကို ကျွန်တော့်အတွက် မေးပေးလို့ရမလား။ ပြီးတော့ သူတို့က ကျွန်တော့်ကို ခေါ်ထုတ်သွားဖို့အတွက် ကောင်းကင်ဘုံအဖွဲ့အစည်းက လူတွေနဲ့ ဆက်သွယ်ဖို့ ကူညီပေးနိုင်မလားဆိုတာကို ကြည့်ပေးပါလား"

သူက သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ရှင်းပြလာလေ၏။

ထိုတစ္ဆေအမျိုးသားမှာ အမှန်တကယ်ပင် ကောင်းကင်ဘုံအဖွဲ့အစည်းဟုခေါ်သော အင်အားစုတစ်ခုမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အန်းယွမ်ခွေဟု အမည်ရပေသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က မတော်တဆမှုတစ်ခုကြောင့် သူ၏ ရထား ပျက်ကျသွားခဲ့ကာ သူကိုယ်တိုင်လည်း ဝိညာဉ်ကို သေဆုံးသွားသော ခန္ဓာကိုယ်ထဲမှ ထွက်ပြေးစေပြီး ဤကမ္ဘာဆီသို့ လာရောက်ရန် မော်ဂျူးတစ်ခုကို အသုံးပြုခဲ့ရခြင်း ဖြစ်၏။

သူ့တွင် ရထားစနစ် ချိတ်ဆက်ထားခြင်း မရှိသောကြောင့် ရထားဆုံးရှုံးသွားပြီးနောက် အခြားသူများနှင့် ဆက်သွယ်နိုင်စွမ်း မရှိတော့ချေ။

အခြားရွေးချယ်စရာမရှိသဖြင့် အန်းယွမ်ခွေမှာ ဤနေရာတွင်သာ နေထိုင်ခဲ့ရပြီး နှစ်ပေါင်းများစွာ ကြာလာသောအခါ ထူးဆန်းသောအရာမျိုးစုံဖြင့် ပြည့်နှက်နေသည့် ဤဖီးနစ်ကျက်သရေဆောင် ဟိုတယ်ကို တဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်လာခဲ့ခြင်း ဖြစ်လေသည်။

သူက ရထားစနစ်မှ ဘူတာရုံကမ္ဘာကို မည်သို့ ဆုံးဖြတ်သတ်မှတ်သည်ဆိုသည်ကို ရင်းနှီးကျွမ်းဝင်နေသောကြောင့်ပင် ဖြစ်၏။ ဤဟိုတယ်ကို ထိန်းချုပ်လိုက်ပြီးနောက် တစ်နေ့တွင် ဤနေရာ၌ ကောင်းကင်ဘုံအဖွဲ့အစည်းမှ လူများကို တွေ့မြင်နိုင်ကာ ၎င်းတို့က သူ၏ဝိညာဉ်ကို ခေါ်ထုတ်သွားနိုင်ရန် မျှော်လင့်ချက်ဖြင့် စိန်ခေါ်မှုအချို့ကို စတင်ဖန်တီးခဲ့ပြီး အဆင့် ၇ ပလက်ဖောင်းအဆင့်အထိ စီမံခန့်ခွဲလာခဲ့လေသည်။

လအနည်းငယ်ကြာတိုင်း သူဖန်တီးထားသော စမ်းသပ်မှုများတွင် ပါဝင်ရန် ရထားမောင်းနှင်သူ တစ်သုတ်က ဤနေရာသို့ ရောက်လာတတ်ကြသည်။

ထို့အပြင် ဟိုတယ်၏ ဧည့်ကြိုမှာ အမှန်တကယ်ပင် ဤနေရာ၌ သေဆုံးသွားခဲ့ကြသော ရထားမောင်းနှင်သူများ၏ အလောင်းများကို ပြုပြင်မွမ်းမံခြင်းဖြင့် သူ ဖန်တီးထားသော ထုတ်ကုန်တစ်ခုသာ ဖြစ်ပေသည်။

အခန်းများကြား ကွာခြားချက်နှင့် ပတ်သက်၍မူ အခြေခံအားဖြင့် မည်သည့်ကွာခြားချက်မှ မရှိချေ။ ၎င်းမှာ ရထားဒင်္ဂါးများကို ပိုမိုစုဆောင်းနိုင်ရန် သူ စဉ်းစားထားသော ခွဲခြားသတ်မှတ်မှုတစ်ခုမျှသာ ဖြစ်လေတော့သည်။

အခန်း (၂၀၄) လူကောင်းတစ်ယောက်လား။ အမည်မသိ ကောင်းကင်ဘုံအဖွဲ့အစည်း

"ငါက မင်းကို ဘာလို့ ကူညီပေးရမှာလဲ"

"ငါ့အရင် တခြားရထားမောင်းနှင်သူတွေ ဒီကိုရောက်ဖူးတယ်လို့ မင်းပဲပြောခဲ့တာလေ။ ဘာလို့ အဲဒီလူတွေဆီက အကူအညီတောင်းဖို့ မစဉ်းစားခဲ့ရတာလဲ"

ဖြားယောင်းသွေးဆောင်ခြင်း၏ အာနိသင် သက်ရောက်နေသောကြောင့် ဤကောင်က ရဲချီယန်ရှေ့တွင် လိမ်ညာနေရန် မဖြစ်နိုင်သော်လည်း သူပြောသောစကားများက အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားရလေ၏။

အန်းယွမ်ခွေက အီဗ် ဆင့်ခေါ်ထားသော မဟာကရုဏာ စက်သေနတ်ကြီးကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်ရင်း အလောတကြီး ရှင်းပြလာပေသည်။

"ကျွန်တော်လည်း အကူအညီတောင်းချင်ခဲ့တာပါ။ ဒါပေမဲ့ စမ်းသပ်မှုကို အောင်မြင်တဲ့ ရထားမောင်းနှင်သူ အရေအတွက်က အရမ်းနည်းလွန်းတယ်။ အသက်ရှင်ကျန်ရစ်သူတွေတောင်မှ ဆုလာဘ်တွေကိုယူပြီး ချက်ချင်း ထွက်ပြေးသွားကြတာချည်းပဲ။ ဒီနှစ်ပိုင်းတွေမှာ ဘာတွေဖြစ်နေလဲတော့ မသိဘူး၊ ရထားမောင်းနှင်သူတွေ ဒီကိုရောက်လာတဲ့ အကြိမ်အရေအတွက်က အရင်ကထက် အများကြီး လျော့ကျသွားတယ်။ ဒီနှစ်ထဲမှာဆိုရင် ဒါက ပထမဆုံးအကြိမ်ပဲ"

"ဒါဆိုရင် ဘာလို့ အပြင်ဘက်မှာ သွားမစောင့်ရတာလဲ"

အန်းယွမ်ခွေက ခေါင်းယမ်းပြလာ၏။ "ဟိုတယ်မှာလည်း ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိနေတာကိုး"

"စည်းမျဉ်းတွေအရ ရထားမောင်းနှင်သူ တစ်ယောက်ယောက် ဒီကမ္ဘာကို ရောက်လာပြီဆိုတာနဲ့ သူတို့ကို စောင့်ကြည့်ဖို့နဲ့ ပုံမှန်မဟုတ်တဲ့အရာတွေကို လမ်းညွှန်ပြီး တိုက်ခိုက်ခိုင်းဖို့ ကျွန်တော်က ဒီအခန်းထဲမှာပဲ နေရပါတယ်။ ပိုဆိုးတာက ခင်ဗျားတို့ ဒီကနေ ထွက်မသွားမချင်း ကျွန်တော်က အပြင်ကို ထွက်ခွင့်မရှိဘူး။ သွားရင် ကျွန်တော့်ရဲ့ စိတ်စွမ်းအားတွေက အဆက်မပြတ် လျော့ကျနေလိမ့်မယ်။ စိတ်စွမ်းအားတွေ လျော့ကျသွားတာနဲ့အမျှ ကျန်ရစ်နေတဲ့ ကျွန်တော့်ဝိညာဉ်ပါ အတူတူ ပျက်စီးသွားလိမ့်မယ်လေ"

"သာမန်အခြေအနေမျိုးမှာဆိုရင် ဘယ်သူကမှ ဒီအခန်းကို တိုက်ရိုက် ရှာတွေ့နိုင်မှာ မဟုတ်ဘူး"

"ခင်ဗျားကလွဲရင်ပေါ့"

ရဲချီယန်၏ လက်ချောင်းများက ဖြားယောင်းသွေးဆောင်ခြင်း အပေါ်သို့ ညင်သာစွာ ပွတ်ဆွဲသွားလေ၏။

ဤတစ်ကြိမ် သူပြောလာသော စကားများက အသေးစိတ်ကျကာ အတော်လေး အဓိပ္ပာယ်ရှိလှပေသည်။

သူက စောင့်ကြည့်ရေး ဖန်သားပြင်များဆီသို့ လျှောက်သွားလိုက်ကာ အခန်းနှစ်ခန်းအတွင်းရှိ ရထားမောင်းနှင်သူ နှစ်ဦးကို ကြည့်ရင်း ခေတ္တမျှ စဉ်းစားခန်း ဝင်သွားလေတော့သည်။

"စမ်းသပ်မှုကို အောင်မြင်သွားရင် ဘာရမှာလဲ"

အန်းယွမ်ခွေက စောင့်ကြည့်ရေးစက်၏ အလယ်ဗဟိုကို အလောတကြီး လက်ညှိုးထိုးပြလာသည်။ ထိုဖန်သားပြင်ထက်တွင် အခေါင်းပုံစံ သေတ္တာတစ်လုံးက ထင်ထင်ရှားရှား တည်ရှိနေပေ၏။

"အပေါ်ဆုံးထပ်မှာ ကျွန်တော့် ရထား ပျက်စီးသွားပြီးနောက် စုဆောင်းနိုင်ခဲ့သမျှ အရာအားလုံးကို ထားခဲ့ပါတယ်။ ဟိုတယ်ရဲ့ စည်းမျဉ်းတွေအရ ရထားမောင်းနှင်သူ ရောက်လာတိုင်း ရတနာသေတ္တာထဲကို ပစ္စည်းတွေ ဒါမှမဟုတ် တခြားအရာတွေကို ထည့်ခွင့်ပြုထားတာပါ"

ရတနာသေတ္တာလား။

ရဲချီယန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားလေ၏။

သူက အိတ်ဆောင်နာရီကို ထုတ်ယူကာ အချိန်ကို ကြည့်လိုက်သည်။

သူ ဤနေရာသို့ ရောက်ရှိလာသည်မှာ နာရီဝက်ခန့်သာ ရှိသေးပေသည်။

ထို့ကြောင့် ဤရတနာသေတ္တာကသာ ဤပလက်ဖောင်းပေါ်တွင် အဖိုးတန်ဆုံးအရာ ဖြစ်နေပါက မကြာမီ ဝေါလီ ရှာတွေ့နိုင်ပေလိမ့်မည်။

ရတနာသေတ္တာ မဟုတ်ဘူးဆိုရင်တော့...

ရဲချီယန်၏ နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားလေ၏။

မည်သူမျှ မသိနိုင်သော နေရာတစ်ခုမှ ဖြားယောင်းသွေးဆောင်ခြင်း၏ အသံက သူ၏ရှေ့မှောက်ရှိ အန်းယွမ်ခွေအပေါ် လွှမ်းမိုးသွားလေတော့သည်။

"မလောပါနဲ့။ မင်းကို ကူညီပေးရမှာက ငါ့တာဝန်ပါ။ ငါတို့အားလုံးက ရထားမောင်းနှင်သူတွေချည်းပဲလေ။ လွင်တီးခေါင်ပြင်ထဲမှာ အတူတူ ရှင်သန်နေကြရတာဆိုတော့ အချင်းချင်း ကူညီဖေးမကြတာ ပြဿနာမရှိပါဘူး"

အန်းယွမ်ခွေ၏ မျက်လုံးများက အရောင်လက်သွားကာ သူ၏ ဆွေမျိုးကို မြင်တွေ့လိုက်ရသည့်အလား ဝမ်းသာသွားပေသည်။

"မိတ်ဆွေ၊ ခင်ဗျားပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံအဖွဲ့အစည်းက အဲဒီလို အတွေးအခေါ်မျိုးကိုပဲ လက်ကိုင်ထားတာပါ။ စိတ်မပူပါနဲ့၊ ကျွန်တော့်ကို ဒီကနေ ထွက်သွားနိုင်အောင် ကူညီပေးမယ်ဆိုရင် ခင်ဗျားကို အဖွဲ့အစည်းထဲ ဝင်ဖို့ ဖိတ်ခေါ်ပေးဖို့ ဘော့စ်ကို သေချာပေါက် တောင်းဆိုပေးပါ့မယ်။ ကျွန်တော်တို့က အရမ်းအစွမ်းထက်တာ။ တစ်ကမ္ဘာလုံးစာ လွင်တီးခေါင်ပြင်ထဲက အဖွဲ့အစည်းတွေအားလုံးထဲမှာ ကျွန်တော်တို့ထက် အစွမ်းထက်တဲ့ အဖွဲ့အစည်းဆိုတာ လက်ချိုးရေလို့ ရပါတယ်"

"ဒါပေမဲ့ မိတ်ဆွေ... ခင်ဗျားက ကောင်းကင်ဘုံအဖွဲ့အစည်းအကြောင်း တကယ်ပဲ တစ်ခါမှ မကြားဖူးတာလား။ အင်အားနည်းတဲ့ ရထားမောင်းနှင်သူတွေကို ကူညီပေးဖို့အတွက် အတော်အသင့် ကြီးမားတဲ့ မြို့တိုင်းမှာ ကျွန်တော်တို့ရဲ့ ထောက်ပံ့ရေးစခန်းတွေ ရှိပါတယ်။ ဘူတာရုံကနေ ထွက်လိုက်တာနဲ့ အဲဒီစခန်းတွေကို မြင်တွေ့နိုင်မှာပါ"

အရမ်းအစွမ်းထက်တယ်။ အင်အားနည်းတဲ့ ရထားမောင်းနှင်သူတွေကို ကူညီပေးတယ်။

ထိုသို့သော အဖွဲ့အစည်းမျိုး တကယ်တမ်း ရှိနေပါက သူ တစ်ခါမှ မကြားဖူးဘဲ နေမည်မဟုတ်ချေ။ အတော်လေး ထူးဆန်းနေသည်။

ဒါမှမဟုတ် သူလုံးဝလွဲချော်သွားတာက တကယ့်တိုက်ဆိုင်မှုကြီးများလား။

ရဲချီယန်က လက်ချောင်းကို ပွတ်ဆွဲလိုက်ကာ သူ၏ လက်ဖဝါးကို အီဗ်၏ ခေါင်းပေါ်သို့ ညင်သာစွာ တင်ထားလိုက်လေ၏။

သူ၏ မျက်စိရှေ့တွင် ရထားစနစ် ပေါ်လာကာ ဇုန်အတွင်းရှိ အများသုံး ချက်ဘောက်စ်ကို ဖွင့်ပြီး "ကောင်းကင်ဘုံအဖွဲ့အစည်း" ဟူသော စကားလုံးကို ရှာဖွေလိုက်လေသည်။

မည်သည့်အရာမှ မရှိချေ။

သို့ဆိုလျှင် သူ၏ ပြဿနာ မဟုတ်ပေ။

သူနှင့် တစ်သုတ်တည်း ပါလာသော လူများသာ ထိုသို့သော အဖွဲ့အစည်းမျိုးကို တကယ်ကြုံတွေ့ခဲ့ရပါက နှုတ်ပိတ်နေကြမည် မဟုတ်ချေ။

သို့ဆိုလျှင် အန်းယွမ်ခွေ လိမ်ညာနေခြင်း ဖြစ်ရမည်။ သို့သော် ဖြားယောင်းသွေးဆောင်ခြင်းက အခြားသူများကို ပူးကပ်နိုင်သော နတ်ဘုရားများကိုပင် လွှမ်းမိုးနိုင်စွမ်းရှိသောကြောင့် အန်းယွမ်ခွေက ၎င်းကို ခုခံနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။

သို့မဟုတ်... ကောင်းကင်ဘုံအဖွဲ့အစည်းက ပြောင်းလဲသွားတာလား။ ဒါမှမဟုတ် ပျက်စီးသွားတာများလား။

"ငါက သတင်းအချက်အလက်ပိုင်း အားနည်းလို့ ဖြစ်မှာပါ။ ကောင်းကင်ဘုံအဖွဲ့အစည်းအကြောင်းကို တကယ် မကြားဖူးတာ။ ဒါပေမဲ့ လက်ရှိ ငါ့ရထားရဲ့ ဆက်သွယ်ရေးစနစ်မှာ ပြဿနာတချို့ ရှိနေလို့ ပြုပြင်ဖို့ ရထားဒင်္ဂါးတွေ လိုအပ်နေတယ်"

အန်းယွမ်ခွေက ရဲချီယန်၏ စကားများကို လုံးဝ သံသယမဝင်ချေ။ ဤယုံကြည်မှုက ဖြားယောင်းသွေးဆောင်ခြင်းထံမှ လာခြင်းမဟုတ်ဘဲ သူကိုယ်တိုင်ထံမှ မြစ်ဖျားခံလာခြင်း ဖြစ်လေသည်။

သူက တကယ်ကြီး ယုံသွားတာလား။

"အာ... ဟုတ်ကဲ့၊ ရထားဒင်္ဂါး လိုချင်လို့လား။ အင်း... ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ကျွန်တော် နည်းနည်းပါးပါး စုဆောင်းထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ အများစုကို ကျွန်တော့်ရထား ပြင်ဖို့ သုံးလိုက်ရတာ။ ကျန်နေတဲ့ဟာက လုံလောက်ပါ့မလား မသိဘူး"

အန်းယွမ်ခွေက အခန်းတွင်းရှိ တစ်ခုတည်းသော သစ်သားကုတင်အောက်သို့ လွင့်မျောသွားကာ ဖားရုပ်ပုံစံ အိတ်ငယ်လေးတစ်ခုကို ထုတ်ယူလာလေ၏။

သူက ဖား၏ ပါးစပ်ကို ဟလိုက်ကာ အတွင်းမှ ရထားဒင်္ဂါး အပြား နှစ်ဆယ်ကျော်ကို လောင်းချလိုက်သည်။

"ကျွန်တော့်ဆီမှာ ဒါပဲရှိတော့တာပါ။ မိတ်ဆွေ... ဒီလောက်ဆို လုံလောက်မယ် ထင်လား"

ဒီလောက်လေးပဲလား။

အီဗ်က ထိုရထားဒင်္ဂါးများကို ကောက်ယူကာ ရဲချီယန်၏ လက်ထဲသို့ ထည့်ပေးလိုက်လေ၏။

သူက ဒင်္ဂါးများကို ခပ်ပေါ့ပေါ့ပင် ဆုပ်ကိုင်ချိန်ဆကြည့်လိုက်ပြီး ဖြားယောင်းသွေးဆောင်ခြင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ဖြားယောင်းသွေးဆောင်ခြင်း ရှေ့မှာတော့ ဒီကောင် လိမ်ညာနေဖို့ မဖြစ်နိုင်ဘူးမလား။ ဒီဟိုတယ်မှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးတာတောင် ဒီလောက်လေးပဲ ရှိတာလား။

"အောက်ထပ်က ဧည့်ခန်းတွေရဲ့ ဈေးနှုန်းက အတော်လေး မြင့်တယ်လို့ မြင်မိတယ်"

သူဆိုလိုချင်သော အဓိပ္ပာယ်က ရှင်းလင်းလှပေသည်။

အန်းယွမ်ခွေက တစ်ဖန် အနေရခက်သွားပြန်၏။

"အခမဲ့အခန်းတွေလည်း ရှိပါတယ်လေ။ အားလုံးက ခက်ခက်ခဲခဲ ဖြတ်သန်းနေရတာဆိုတော့ ကျွန်တော်ကသာ ပိုက်ဆံကို အရမ်းကာရော တောင်းနေမယ်ဆိုရင် လွန်ရာကျလွန်းပါတယ်။ ဒါ့အပြင် အရင်က စုဆောင်းထားတာတွေထဲက တချို့ကို ကျွန်တော့်ရထား ပြင်ဖို့ စမ်းကြည့်လိုက်သေးတာကြောင့် အကုန်ပါးသွားတာပါ"

"..."

ဒီလူက တော်တော် ထူးဆန်းတာပဲ။

ဒီလိုအခြေအနေမျိုးကို ရောက်နေတာတောင်မှ အခြားသူတွေအတွက် တွေးပေးနေသေးတာလား။

ရထားမောင်းနှင်သူ တစ်ယောက်အနေဖြင့် ထိုသို့သော လူကောင်းတစ်ယောက်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

သူက တကယ်ကြီး လူကောင်းတစ်ယောက် ဖြစ်နေလျှင်တောင် ရထားကမ္ဘာထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူတစ်ဦးဖြစ်ရာ အခြားသူများကို အလွယ်တကူ ယုံကြည်တတ်ရန် မသင့်ပေ။

သူ အရင်က နေထိုင်ခဲ့သော ပတ်ဝန်းကျင်က သူစိမ်းများကို ယုံကြည်သင့်လောက်အောင် ကောင်းမွန်နေခဲ့လျှင်တော့ တစ်မျိုးပေါ့။

ဒီခံစားချက်က... စိတ်စွမ်းအား လွှမ်းမိုးမှုများလား။

မြို့တော်ထဲမှာရှိတဲ့ အမိန့် ကတ်ပြား လိုမျိုးလား။ ဒါမှမဟုတ် တခြားတစ်ခုခုများလား။

"ဒီလောက်ဆို တကယ်ပဲ မလောက်ဘူးလား"

"ငါ့ဆီမှာလည်း နည်းနည်းရှိသေးတာဆိုတော့ ပြုပြင်ဖို့အတွက် အတော်ပဲပေါ့"

ရဲချီယန်က ခပ်ပေါ့ပေါ့ လိမ်ညာပြောဆိုလိုက်ရာ သူ၏ရှေ့မှောက်ရှိ အန်းယွမ်ခွေမှာ ဤစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် အံ့ဩဝမ်းသာသွားသည့် အမူအရာကို ပြသလာလေတော့သည်။

"တကယ်လား။ ဟားဟား၊ စိတ်မပူပါနဲ့ မိတ်ဆွေ။ ကျွန်တော်က အရင်တုန်းက အဆင့် ၂၉ ရထားမောင်းနှင်သူ တစ်ယောက်ပါ။ အဖွဲ့အစည်းဆီ ပြန်ရောက်သွားရင် ခင်ဗျားကျေးဇူးကို သေချာပေါက် ဆပ်ပါ့မယ်"

ဤကဲ့သို့သော သူမျိုးမှာ တကယ်ကို ရှားပါးလှပေရာ သူ့ကို အရူးတစ်ယောက်ဟု ရဲချီယန် မထင်မှတ်မိချေ။

သူသာဆိုလျှင် ဤကဲ့သို့လူမျိုး ဖြစ်လာမည်မဟုတ်သော်လည်း သူ့ကို သရော်လှောင်ပြောင်မည်တော့ မဟုတ်ပေ။

"ငါ အချိန်နည်းနည်း လိုတယ်"

"ရပါတယ်၊ ပြဿနာမရှိပါဘူးဗျာ ဟားဟား။ နောက်ဆုံးတော့ ကျွန်တော်လည်း ဒီကနေ ထွက်သွားနိုင်တော့မယ်။ ဘော့စ်လည်း ကျွန်တော့်ကို ရှာနေတာ နှစ်တွေအကြာကြီး ရှိလောက်ပြီ"

"ဒါနဲ့ မိတ်ဆွေရဲ့ နာမည်ကို မသိရသေးဘူး"

ရဲချီယန်က သန့်စင်သော မြေစွဲကျောက်တုံးကို သူ၏ လည်ပင်းတွင် ဆွဲချိတ်လိုက်ကာ အန်းယွမ်ခွေထံသို့ သေနတ်ဖြင့် ချိန်ရွယ်ထားဆဲဖြစ်သော အီဗ်ကို ထိတွေ့လိုက်လေ၏။

သတိပေးချက်က ရုပ်သိမ်းသွားခြင်း မရှိသေးချေ။

တစ်နည်းအားဖြင့် အီဗ်က ဤကောင်ထံမှ ရန်လိုမှု ရှိနေသေးသည်ကို ထောက်လှမ်းသိရှိနိုင်ဆဲပင် ဖြစ်၏။

သဲပုံစံငယ်၏ ကိုဩဒိနိတ်ကလည်း ဤနေရာတွင် ရှိနေပေသည်။

ကိုဩဒိနိတ်၏ အဓိပ္ပာယ်မှာ ဤမှတ်တိုင်ရှိ အန္တရာယ်အပေးနိုင်ဆုံးသော ရန်လိုသည့်အရာပင် ဖြစ်လေသည်။

အန္တရာယ်ရှိတယ်၊ ရန်လိုတယ်...

ရဲချီယန်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

"ငါ့နာမည်က... အော်တိုစ် လို့ ခေါ်တယ်"

ဤတစ်ကြိမ်တွင်မူ သူက ကျူရှင်းထူ၏ နာမည်ကို အသုံးမပြုရန် ဆုံးဖြတ်လိုက်သည်။

ထိုမိန်းမက လက်ရှိတွင် ကံဆိုးခြင်းများဖြင့် ပြည့်နှက်နေရာ ၎င်း၏ ဆိုးကျိုးသက်ရောက်မှုကို ရဲချီယန် မခံစားလိုပေ။

All Chapters