← Chapters

အခန်း (၂၉၀)

Vol. 29 Ch. 290

အခန်း (၂၉၀)

Vol. 29 Ch. 290

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၉၀)

" ချီအာ၊ လင်းအာ ဒီကို လာကြဦး။ " ရင်ကျန့်က နူးညံ့စွာ ပြုံးပြီး ကလေးနှစ်ယောက်ကို လက်ယပ်ခေါ်လိုက်သည်။

ကလေးနှစ်ယောက်က သူတို့၏ အဒေါ်ကို ကြည့်လိုက်၊သူတို့၏ မိခင်ကို ကြည့်လိုက်နှင့် တွန့်ဆုတ်နေကြသည်။ သူတို့က သွားချင်နေကြသော်လည်း သူတို့၏ အမေနှင့် အဒေါ် ဆူမှာကို ကြောက်နေကြသည်။

" ဒါတွေကို မင်းတို့ အဘိုးက မင်းတို့အတွက် ပြင်ဆင်ပေးထားတာ မစားချင်ကြဘူးလား။ " ရင်ကျန့်က ကလေးများကို စနောက်လိုက်သည်။

ရင်ကျန့်၏ စကားအသုံးအနှုန်းကို ကြားသောအခါ ဝမ်ယန်နှင့် ကျောက်ရင်တို့က တသ်ယောက်ကို တစ်ယောက်ကြည့်ပြီး အံ့ဩသွားကြသည်။ ရင်ကျန့်က သူတို့အပေါ် ဘာကြောင့် ထိုမျှဖော်ရွေနေလဲဆိုတာ စဉ်းစားနေကြသည်။

" အရှင်မင်းကြီးက ငါတို့ မိသားစုအပေါ် ကောင်းကောင်းဆက်ဆံနေတာ အကိုကြောင့် ထင်တယ်။ " ကျောက်ရင်နှင့် ဝမ်ယန်တို့က တွေးလိုက်ကြသည်။

ရင်ကျန့်၏ ဆွဲဆောင်သော အသံကို ကြားလိုက်ရသောအခါ ကလေးနှစ်ယောက်က ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ပြေးသွားကြသည်။ သူတို့က အားနားမှုမရှိဘဲ အားရပါးရ စားသောက်ကြတော့သည်။

" ဟားဟား ဖြည်းဖြည်းစားကြ။ အများကြီးရှိပါတယ်။ " ရင်ကျန့်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

" မင်းတို့က စားပြီးတော့ ငါ့ကို မခေါ်ကြသေးဘူး။ ငါ့ကို အဘိုးလို့ ခေါ်ကြ။ " ရင်ကျန့်က မြေး​နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။

ရင်ကျန့်က ရှတုန်အာနှင့် တွေ့ပြီးသော်လည်း သူ၏ သားသမီးများနှင့် မြေများကို အသိမှတ်မပြုရသေးပေ။ သူ၏ ရှေ့မှ မြေးများကို ကြည့်ပြီး စိုးရိမ်နေမိသည်။ သူ၏ မြေးနှစ်ယောက်ကို အရင်ဆုံး အလိုလိုက်ထားပြီး အဘိုးဟုခေါ်အောင် လုပ်ရမည်ဖြစ်သည်။

" ကျွန်တော်တို့မှာ အဘွားပဲရှိတာလေ၊ အဘိုးမရှိဘူးလေ။ " ကျောက်ချီက ရင်ကျန့်ကို ကြည့်လိုက်သည်။

" အခု မင်းမှာ တစ်ယောက်ရှိပြီလေ။ " ရင်ကျန့်က စိတ်ထဲမှ တစ်မျိုးခံစားလိုက်ရပြီး ပြုံး၍ ပြောလိုက်သည်။ " ငါက မင်းတို့ အဘွားနဲ့ အသက်အတူတူလောက်ပဲ။ ပြီးတော့ မင်းတို့အဖေကလည်း မျိုးဆက်သစ်ဆိုတော့ ငါ့ကို အဘိုးလို့ ခေါ်သင့်တာပေါ့။ မင်းတို့ ငါ့ကို အဘိုးလို့ခေါ်ရင် မင်းတို့အတွက် အရသာရှိတဲ့ မုန့်တွေ နေ့တိုင်း ပြင်ဆင်ပေးမယ်။ "

အရသာရှိသော မုန့်များကို နေ့တိုင်းစားရမည်ဟု ကြားလိုက်ရသောအခါ လိမ္မာပါးနပ်သော ကလေးနှစ်ယောက်ဖြစ်သည့် ကျောက်ချီနှင့် ကျောက်လင်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" အဘိုး... အဘိုး..."

" အေးအေး " ရင်ကျန့်က ချက်ချင်း ပြန်ပြောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ကြင်နာမှုများ ပြည့်နှက်သွားသည်။

" အရှင်မင်းကြီးက ကလေးတွေကို အတော်လေး သဘောကျပုံရတယ်။ " ဝမ်ယန်နှင့် ကျောက်ရင်တို့က စိတ်ထဲမှာ တွေးလိုက်ကြသည်။

ရင်ကျန့်၏ ထိုသို့သော ပုံစံကို ပထမဆုံး မြင်ဖူးကြခြင်းဖြစ်သည်။ သို့သော် ရင်ကျန့်က ကလေးများကို သဘောကျခြင်းမဟုတ်ဘဲ သူ၏ မြေးများဖြစ်နေသောကြောင့်ဖြစ်သည်ကိုတော့ သူမတို့ မသိခဲ့ပေ။

" လာပါဦး။ မင်းတို့နှစ်ယောက်ကို ချီပါရစေဦး။ " ရင်ကျန့်က လက်ဆန့်ပြီး ကလေးနှစ်ယောက်ကို ခေါ်လိုက်သည်။

ကလေးနှစ်ယောက်က မကြောက်တော့ဘဲ မက်မွန်သီးတစ်လုံးစီကိုင်ရင်း ရင်ကျန့်ဆီသို့ လျှောက်သွားကြသည်။

" ဒါက..." ဝမ်ယန်နှင့် ကျောက်ရင်တို့က အနည်းငယ် စိုးရိမ်သွားကြသည်။

ရင်ကျန့်က တွန့်ဆုတ်ခြင်းမရှိဘဲ ကလေးနှစ်ယောက်ကို ပွေ့ချီလိုက်သည်။

" ဟားဟား ချီအာ လင်းအာ အဘိုးပြင်ပေးထားတဲ့ အစားအသောက်တွေကို ကြိုက်လား။ " ရင်ကျန့်က ရယ်ပြီး မေးလိုက်သည်။

" ကြိုက်ပါတယ်။ " ကလေးနှစ်ယောက်က ခေါင်းညိမ့်လိုက်ကြသည်။

" ဒါဆို နေ့တိုင်း နန်းတော်ကို လာပြီး အဖော်လုပ်ပေးမလား။ " ရင်ကျန့်က မေးလိုက်သည်။

၎င်းကို ကြားလိုက်ရသောအခါ ဝမ်ယန်က ပျော်ရွှင်ရမလား ဝမ်းနည်းရမလား မသိတော့ပေ။ ယခုအချိန်တွင် သူမ၏ ခံစားချက်များက ရှုပ်ထွေးနေသည်။ ရင်ကျန့်က သူမ၏ ကလေးများကို မျက်နှာသာပေးသည်မှာ ကောင်းသောအခါ ဖြစ်သော်လည်း နန်းတော်သို့ ခဏခဏလာပြီး ရင်ကျန့်ကို စော်ကားမိလျှင် ၎င်းက မကောင်းပေ။

" နန်းတော်ကို နေ့တိုင်းလာရမှာလား။ " ကျောက်ချီက စဉ်းစားလိုက်သည်။

" အင်းလေ အဘိုးကို အဖော်ပြုဖို့ နန်းတော်ကို နေ့တိုင်းလာရမယ်လို့ပြောတာ။ " ရင်ကျန့်က ပြောလိုက်သည်။

" အဘိုး ဒီမှာနေရတာ မပျင်းဘူးလား။ " ကျောက်ချီက ပတ်ဝန်းကျင်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ " ကျွန်တော်ကတော့ ဒီမှာမနေချင်ပါဘူး။ "

" မင်းတို့သာ နေ့တိုင်းလာရင် အဘိုးက မင်းတို့ ဘာပဲစားချင်စားချင် အားလုံးပြင်ဆင်ပေးမယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော်တို့က အရမ်းငယ်သေးတယ်။ပြီးတော့ အမေ့​ဗိုက်ထဲမှာလည်း ကလေးလေးရှိသေးတယ်။ ကျွန်တော်တို့အမေကို အလုပ်မရှုပ်စေချင်ဘူး။ " ကျောက်ချီက အလိုက်တသိ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ရင်ကျန့်က ဝမ်ယန်ကို ပြုံး၍ ကြည့်လိုက်သည်။

" ဝမ်ယန် "

" ဟုတ်ကဲ့ပါ အရှင်မင်းကြီး။ " ဝမ်ယန်က ချက်ချင်း ပြန်ပြောလိုက်သည်။

" အခု မင်းက နောက်ထပ်ကိုယ်ဝန်ရှိနေပြီဆိုတော့ ငါ မင်းအတွက် အားဆေးနဲ့ သန္ဓေသားကာကွယ်ဆေးတွေကို ငါ ဆေးပညာခန်းမကို ပြင်ဆင်ခိုင်းလိုက်မယ်။ ဒါ့အပြင် မင်းကို နန်းတော်ထဲမှာ လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်ပြုတဲ့ တံဆိပ်တစ်ခု ငါချီးမြှင့်မယ်။ "ရင်ကျန့်က ပြောလိုက်သည်။ သူ၏ ချွေးမအနေဖြင့် သူက ဝမ်ယန်ကို ဘယ်လိုလုပ်မချစ်ဘဲနေမှာလဲ။

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ဝမ်ယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

နန်းတော်အတွင်း ဝင်ထွက်သွားလာခွင့် တံဆိပ်မှာ ယခုအချိန်တွင် ဖုစုနှင့် ဟူဟိုက်တွင်သာ ရှိပေသည်။ အခြားသူများဆိုလျှင် ကြိုတင်အကြောင်းကြားရန် လူတစ်ယောက်အရင်လွှတ်ရလေသည်။

" ဒီလောက်အထိ ကျေးဇူးတင်ဖို့ မလိုပါဘူး။ " ရင်ကျန့်က ပြုံး၍ ကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။ " ငါ ဒီကလေးနှစ်ယောက်ကို တကယ်သဘောကျတယ်။ နောက်ကျ သူတို့နှစ်ယောက်ကို နန်းတော်ထဲ မကြာခဏ လာခိုင်းပါ။ ဒါဆို ငါလည်း အပျင်းပြေတာပေါ့။ "

" ဟုတ်ကဲ့ပါ။ " ဝမ်ယန်က ခေါင်းညိမ့်လိုက်ပြီးနောက် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ " အရှင်မင်းကြီး ကျွန်မ ကလေးနှစ်ယောက်က ငယ်သေးတော့ အရှင်မင်းကြီး အပြစ်လုပ်မိရင် ကျေးဇူးပြုပြီး သူတို့ကို အပြစ်မယူပါနဲ့။ "

ရင်ကျန့်က ရယ်မောလိုက်ပြီး ကလေးနှစ်ယောက်၏ ခေါင်းကို ပုတ်လိုက်သည်။ " ငါက ကလေးတွေနဲ့ စိတ်ဆိုးရလောက်အောင် စိတ်သဘောထား မသေးပါဘူး။ "

ဝမ်ယန်က ရင်ကျန့်ကို ကြည့်ပြီး ဘာပြောရမှန်းမသိတော့ပေ။

" အရှင် ရှန်းယန်ကနေ တော်ဝင်အမိန့်တစ်ခု ရောက်လာပါတယ်။ " ကျန်းမင်က အမိန့်စာတစ်ခုကို ကိုင်ပြီး ခန်းမထဲသို့ ဝင်လာသည်။

" ပေးစမ်း။ " ကျောက်ဖုန်းက အမိန့်စာကို ယူပြီး ဖတ်လိုက်သည်။ အမိန့်စာထဲတွင် သူ့ကို ယန်နိုင်ငံ၏ မင်းသမီးနှင့် လက်ထပ်ခွင့်​ပြုလိုက်သည့် စာတစ်ကြောင်းတည်းသာ ပါရှိသည်။

" အရှုံးမရှိတဲ့ လက်ထပ်ပွဲကို အရှင်မင်းကြီးက ဘယ်လိုလုပ်ငြင်းပယ်မှာလဲ။ " ကျောက်ဖုန်းက ပြုံးလိုက်ပြီး အမိန့်တော်ကို သိမ်းဆည်းလိုက်သည်။

" အရှင် အခု ယန်နိုင်ငံကို သွားပြီး လက်ထပ်ခွင့်တောင်းလို့ရပြီလား။ " ကျန်းမင်က ပြုံး၍ မေးလိုက်သည်။

" အရင်ဆုံး ယန်နိုင်ငံကို လူလွှတ်ပြီး အကြောင်းကြားလိုက်။ ပြီးတော့ ယန်နိုင်ငံက မင်းသမီးကို လွှတ်လိုက်တဲ့အချိန်မှ နယ်စပ်ကို သွားပြီး လက်ထပ်ခွင့်တောင်းမယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ဟုတ်ကဲ့။ " ကျန်းမင်က ခေါင်းညိမ့်လိုက်သည်။

" ယန်ဘုရင် ဒီတစ်ခါ မင်းလုပ်တဲ့ကံ မင်းပြန်ခံရပြီပေါ့။ မင်းက ငါ့ကိုတောင် လှည့်စားဖို့ ကြိုးစားခဲ့သေးတယ်။ " ကျောက်ဖုန်းက လှောင်ပြုံးပြုံးလိုက်သည်။

ကျန်းမင်ထွက်သွားချိန်တွင် ကျန်းဟန်က ခန်းမထဲသို့ လျှောက်ဝင်လာသည်။

" စစ်သေနာပတိချုပ်။ " ကျန်းဟန်က ဦးညွှတ်လိုက်သည်။

" ဘာကိစ္စလဲ။ " ကျောက်ဖုန်းက ကျန်းဟန်ကို ကြည့်လိုက်သည်။

" သတင်းတစ်ခုရပါတယ်။ ကျောက်နယ်မြေက လန်ထျန်းစခန်းက တပ်ဖွဲ့တွေက တဖြည်းဖြည်း ရုတ်သိမ်းသွားပါပြီ။ နောက်ဆို ကျွန်တော်တို့ ဝူအန်းစခန်းကပဲ ကျောင်နယ်မြေရဲ့ ကာကွယ်ရေးကို လွှဲပြောင်းယူရလိမ့်မယ်။ " ကျန်းဟန်က ရိုသေစွာ ပြောလိုက်သည်။

" ကျောက်နယ်မြေက တည်ငြိမ်သွားပြီ​ဆိုတော့ လန်ထျန်းစခန်းက ရုတ်သိမ်းရမှာပဲ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" အခု လန်ထျန်းစခန်းက ရုတ်သိမ်းသွားပြီဆိုတော့ ကျွန်တော်တို့ တပ်ဖွဲ့တွေက ခွဲထုတ်ပြီး ​ကျောက်နယ်မြေကို စောင့်ကြပ်ရမှာလား။ " ကျန်းဟန်က ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။

" လောလောဆယ်တော့ မလိုသေးဘူး။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" အရှင် ဒါဆို ဖြစ်နိုင်တာက..." ကျန်းမင်က တစ်စုံတစ်ခုကို တွေးမိသွားပြီး အသံနိမ့်ကာ ပြောလိုက်သည်။

" ငါခန့်မှန်းတာသာ မှန်ရင် အရှင်မင်းကြီးက ဝေကို တိုက်ခိုက်ဖို့ စဉ်းစားနေပြီ။ ပြီးတော့ ဝေနိုင်ငံကို တိုက်ခိုက်ရင် ငါတို့စခန်းကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ရလိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီးက ကျွန်တော်တို့ ဝူအန်းစခန်းကို ဝေကို တိုက်ခိုက်ဖို့ ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ရမှာပဲ။ စခန်းက အခုမှ တည်ထောင်ထားတာဆိုတော့ အရှင်က ဝေနိုင်ငံကို ချေမှုန်းနိုင်ရင် ရာထူးက ခိုင်မာသွားပြီး နန်းတွင်းက ပါးစပ်တွေကို ပိတ်နိုင်လိမ့်မယ်။ " ကျန်းဟန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" အင်း မြောက်ပိုင်းနယ်စပ်က ပြင်ပမျိုးနွယ်တွေရဲ့ ရန်က ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်။ လန်ထျန်းစခန်းက စစ်ဆင်ရေးနှစ်ခုကို အောင်မြင်ပြီးသွားပြီ။ ငါခန့်မှန်းတာသာမှန်ရင် ငါတို့ ဝူအန်းနဲ့ ဟန်ကုကပဲ ဝေနိုင်ငံကို တိုက်ခိုက်ဖို့ ယှဉ်ပြိုင်ရလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အဲ့လိုသာဆိုရင်တော့ ဒီဝေတိုက်ပွဲက ကျွန်တော်တို့ ဝူအန်းစခန်းရဲ့ အင်အားကို သက်သေပြဖို့ အခွင့်အရေးပဲ။ " ကျန်းဟန်က ပြောလိုက်သည်။

All Chapters