အခန်း (၂၈၁)
Vol. 29 Ch. 281
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၈၁)
" ယန်ထင်ဘက်က အကျအဆုံးရှိတယ်ဆိုတော့ ဒီအင်အားစုက သာမန်တော့မဟုတ်ဘူး။ တိုက်ခိုက်သူ ဘယ်နှစ်ယောက်ရှိလဲ။ " ကျောက်ဖုန်းက ဆက်မေးလိုက်သည်။
" ရှန်းယန်ရဲ့ အင်မော်တယ်ဝိုင်ခန်းမမှာတော့ တိုက်ခိုက်သူ တစ်ရာနီးပါး၊ ဟန်တန်မှာ ပိုများပြီး ဝေမြို့မှာတော့ နည်းပါတယ်။ ဒါပေမယ့် သူတို့က အင်အားစုတစ်ခုတည်းက လာတာပါ။ သူတို့က ကောင်းကောင်း လေ့ကျင့်ထားပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ဝိုင်ဖော်စပ်နည်းကို လိုချင်လို့ပါ။ "ယင်ပုက ပြောလိုက်သည်။
" တကယ်ဖော်စပ်နည်းက ယန်ထင်ဌာနချုပ်မှာ သိမ်းထားတာမလို့ စစ်အင်အားနဲ့ လာယူတောင် မရပါဘူး။ အဲ့ဒီအင်အားစုက သူတို့ကိုသူတို့ အထင်ကြီးနေတာပဲ။ ဒီလောက်အရေးကြီးတဲ့ ဖော်စပ်နည်းကို ငါက ဆိုင်မှာ ထားလိမ့်မယ်လို့ သူတို့က ထင်နေတာလား။ " ကျောက်ဖုန်းက လှောင်ပြုံးပြုံးလိုက်သည်။
" အင်မော်တယ်ဝိုင်ခန်းမက ကြီးမားတဲ့ အကျိုးအမြတ်ကို ရနေတော့ လူအများစုရဲ့ မနာလိုမှုကို ဖြစ်စေတာ သဘာဝပဲ။ အကြီးအကဲဟန်ရှီက ဒေသခံအာဏာပိုင်တွေကို အစီရင်ခံစာ မတင်ဘဲ သူကိုယ်တိုင်ပဲ ဖြေရှင်းခဲ့တယ်။ " ယင်ပုက ပြောလိုက်သည်။
" အဲ့ဒီအင်အားစုကို စုံစမ်းပြီးပြီလား။ " ကျောက်ဖုန်းက ယင်ပုကို မေးလိုက်ပြီး သူ၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေသည်။
တစ်ကမ္ဘာလုံးကို ခြုံငုံကြည့်လျှင်တောင် ရှန်းယန်၊ ဟန်တန်နှင့် ဝေမြို့တို့တွင် တစ်ပြိုင်နက် လှုပ်ရှားနိုင်ရန် ၎င်းက သာမန်အင်အားစုတော့ မဖြစ်နိုင်ပေ။ ထိုနေရာသုံးခုက အလွန်ဝေးကွာသည်။ ထို့ကြောင့် လက်ရှိကမ္ဘာပေါ်တွင် ထိုသို့ လျို့ဝှက်အင်အားစုကို ပိုင်ဆိုင်သော နိုင်ငံက ချင်နိုင်ငံတစ်ခုသာ ရှိသည်။
" အရှင် တိုက်ခိုက်တဲ့ လူတွေက အသေခံစစ်သည်တွေပါပဲ။ ကျွန်တော်တို့ အချို့ကို ဖမ်းမိခဲ့ပေမယ့် သူတို့ ပါးစပ်ထဲက အဆိပ်အိတ်တွေကို ကိုက်ဖောက်ပြီး အဆုံးစီရင်သွားကြပါတယ်။ " ယင်ပုက ပြောလိုက်သည်။ " ဒီကမ္ဘာမှာ ကျွန်တော်တို့ အင်မော်တယ်ဝိုင်ခန်းမရဲ့ နေရာသုံးနေရာကို တစ်ပြိုင်နက် တိုက်ခိုက်နိုင်စွမ်းရှိတာ ချင်နိုင်ငံတစ်ခုတည်းပါပဲ။ ပြီးတော့ အဲ့ဒါက ချင်ရဲ့ အသန်မာဆုံး အဖွဲ့အစည်းဖြစ်တဲ့ ဟေးပင်းထိုင်ဖြစ်နိုင်ပါတယ်။ "
" ငါထင်တဲ့အတိုင်းပဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
" အရှင် ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ပြန်တိုက်ခိုက်ရမလား။ " ယင်ပုက ဘာလုပ်ရမှန်းမသိဘဲ မေးလိုက်သည်။
" ငါ့ရဲ့ အင်မော်တယ်ဝိုင်ခန်းမက တစ်ကမ္ဘာလုံး ပျံ့နေပြီ။ ပြီးတော့ ရုတ်တရက် ပေါ်လာတာဆိုတော့ ချင်ဘုရင်အတွက်တော့ ဒါက အရမ်းထူးဆန်းနေတယ်။ ဒါကြောင့် သူစုံစမ်းချင်တာပဲ။ ပြီးတော့ အင်မော်တယ်ဝိုင်ခန်းမရဲ့ အမြတ်က အရမ်းများတယ်။ တကယ်လို့ သူတို့သာ ဖော်စပ်နည်းကို သိသွားရင် ဒါက ငွေရှာတဲ့ လက်နက်တစ်ခု ဖြစ်လာမှာပဲ။ ချင်ဘုရင်က မလိုချင်ရင်တောင် သူ့လက်အောက်က မြေခွေးအိုကြီးတွေက လိုချင်ကြမှာပဲ။ " ကျောက်ဖုန်းက ရယ်လိုက်သည်။
" ဒါဆို အရှင်က ဟေးပင်းထိုင်ကို လှုပ်ရှားဖို့ အစီအစဉ်မရှိဘူးလား။ ယန်ထင်ကလည်း ဟေးပင်းထိုင်ရဲ့ အခြေစိုက်စခန်းအချို့ကို ဖော်ထုတ်ထားပြီးပြီ။ အရှင်အမိန့်ပေးလိုက်ရင် ယန်ထင်က သူတို့ကို ချက်ချင်း ဖျက်ဆီးပစ်လို့ရတယ်။ " ယင်ပုက မျှော်လင့်ချက်များနှင့် ပြောလိုက်သည်။ သူက ဟေးပင်းထိုင်ကို ပြန်လည်တိုက်ခိုက်ချင်နေသည်မှာ ထင်ရှားသည်။
သို့သော် သူ၏ စကားဆုံးသည်နှင့် ကျောက်ဖုန်းက သူ့ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
" အရှင် ကျွန်တော် စည်းကျော်သွားပါတယ်။ " ယင်ပုက ချက်ချင်း တောင်းပန်လိုက်သည်။
" နောက်ဆုံးမှာ ငါက ချင်ရဲ့ စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်နေတုန်းပဲ။ ချင်ဘုရင်က ငါ့အပေါ် အရမ်းကြင်နာတယ်။ ဟေးပင်းထိုင်က ချင်ဘုရင်ရဲ့ တိုက်ရိုက်အမိန့်အောက်မှာ ရှိနေတာပဲ။ ဟေးပင်းထိုင်ကို ဆန့်ကျင်တာက ချင်ဘုရင်ကို ဆန့်ကျင်တာပဲ။ ငါက အဲ့ဒီလောက်ထိ ကျေးဇူးကန်းတဲ့သူမဟုတ်ဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ယင်ပုက ခေါင်းညိမ့်လိုက်သည်။
" အဲ့ဒီကိစ္စကို ထားလိုက်။ ဘာပဲဖြစ်ဖြစ် ငါ့တို့က ဘာဆုံးရှုံမှုမှ မရှ်ခဲ့ဘူး။ ပြီးတော့ ငါတို့ရဲ့ အင်အားကို စမ်းသပ်ပေးတဲ့အတွက် ဟေးပင်းထိုင်ကို ကျေးဇူးတင်ရမယ်။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" တကယ်လို့ ဟေးပင်းထိုင်က ထပ်ပြီး တိုက်ခိုက်လာရင် ဘာလုပ်ရမလဲ။ " ယင်ပုက ရိုသေစွာဖြင့် မေးလိုက်သည်။
" ယန်ထင်က ဟေးပင်းထိုင်ကို စပြီး မတိုက်ခိုက်ရဘူး။ ဒါပေမယ့် သူတို့က ထပ်ပြီး တိုက်ခိုက်ရဲတယ်ဆိုရင်တော့ ညှတာမှုမရှိ သတ်ပစ်။ " ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ယင်ပုက စိတ်ထဲမှ ဝမ်းသာသွားသည်။
ဟေးပင်းထိုင်ကို စပြီး မတိုက်ခိုက်ခြင်းက ချင်ဘုရင်ကို ရိုသေမှုကြောင့် ဖြစ်သော်လည်း ကျောက်ဖုန်းက သူတို့ကို အင်မော်တယ်ဝိုင်ခန်းမအား စုံစမ်းခွင့်ပေးမည်ဟု မဆိုလိုပေ။ ယန်ထင်မှ ဝူချန်တို့ကိုလည်း အလျှော့ပေးခိုင်းမည်မဟုတ်ပေ။
ရှန်းယန်မြို့၊ ကျန်းထိုင်နန်းဆောင်။
ညဉ့်နက်နေပြီဖြစ်သော်လည်း ရင်ကျန့်က အစီရင်ခံစာများကို စစ်ဆေးနေပြီး နောက်ဆုံးတွင် အားလုံး ပြီးဆုံးသွားခဲ့သည်။
" နောက်ဆုံးတော့ ပြီးသွားပြီ။ ဒါတွေကို ပြန်စစ်ပြီးရင် မနက်ဖြန် အလုပ်အများကြီး နည်းသွားလိမ့်မယ်။ " ရင်ကျန့်၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်အချို့ ပေါ်လာသည်။
" အရှင်မင်းကြီး " သွမ်လောက အတွင်းခန်းမှ ထွက်လာသည်။
" အားလုံး စီစဉ်ပြီးပြီလား။ " ရင်ကျန့်က ချက်ချင်း မေးလိုက်သည်။
" အရှင်မင်းကြီး လျို့ဝှက်အစောင့်အားလုံးကို စီစဉ်ပြီးပါပြီ။ အရှင်မင်းကြီး ထွက်ခွာတာနဲ့ သူတို့ လိုက်လာပါလိမ့်မယ်။ " သွမ်လောက ချက်ချင်း ပြန်ဖြေလိုက်သည်။
" အဲ့ဒါ ကောင်းတာပေါ့။ မနက်ဖြန်ညီလာခံပြီးရင် ယုံမြို့ကို ထွက်ခွာမယ့်အကြောင်း ငါကြေညာမယ်။ မင်းကိုယ်တိုင် လျို့ဝှက်အစောင့်တွေကို ဦးဆောင်ပြီး နောက်ကလိုက်ခဲ့ပါ။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ ဒါပေမယ့် ကျွန်တော်မျိုးမှာ နောက်ထပ် ကိစ္စတစ်ခုလည်း ရှိပါသေးတယ်။ ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ်။ " သွမ်လောက စိုးရိမ်စွာ ပြောလိုက်သည်။
" ဘာလို့လဲ။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး သွမ်လောကို ကြည့်လိုက်သည်။
" ကျွန်တော်မျိုး အင်မော်တယ်ဝိုင်ခန်းမကို စုံစမ်းဖို့ လူတွေ ထပ်လွှတ်ခဲ့ပါတယ်။ ရှန်းယန်တစ်ခုတည်းမဟုတ်ဘဲ ဟန်တန်နဲ့ ဝေမြို့တို့ရော ပါပါတယ်။ အင်မော်တယ်ဝိုင်ခန်းမရဲ့ လျို့ဝှက်ချက်ကို စုံစမ်းဖို့ပတွက် လျို့ဝှက်အစောင့်တွေကို ညဘက်မှာ တိုက်ခိုက်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်မျိုးရဲ့ လျို့ဝှက်အစောင့်တွေက အင်မော်တယ်ဝိုင်ခန်းမထဲ ဝင်သွားတာနဲ့ ဘယ်သူမှ ပြန်မလွတ်လာတော့ပါဘူး။ " သွမ်လောက ရိုသေစွာ ပြောလိုက်သည်။
" မင်းဘာပြောတယ်။ " ရင်ကျန့်၏ အမူအရာက ပြောင်းလဲသွားသည်။ " အင်မော်တယ်ဝိုင်ခန်းမထဲ ဝင်သွားပြီး ဘယ်သူမှပြန်မလာတော့ဘူးလား။ မင်း လူဘယ်နှစ်ယောက် လွှတ်ခဲ့တာလဲ။ "
" ရှန်းယန်မှာ လျို့ဝှက်အစောင့် တစ်ရာ၊ ဟန်တန်မှာ ခြောက်ဆယ်၊ ဝေမြို့မှာ ခြောက်ဆယ် စေလွှတ်ခဲ့ပါတယ။ အားလုံးက အတွေ့အကြုံရှိတဲ့ လျို့ဝှက်အစောင့်တွေပါပဲ။ " သွမ်လောက ခါးသီးစွာ ပြောလိုက်သည်။
" တစ်ယောက်မှ မရှင်ဘူးလား။ "
" တစ်ယောက်မှ မရှင်ပါဘူး။ "
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ရင်ကျန့်၏ အမူအရာက လေးနက်သွားသည်။
ဟေးပင်းထိုင်က သူကိုယ်တိုင်ဖန်တီးခဲ့ခြင်းမဟုတ်ဘဲ သူ၏ ဘိုးဘေးများ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ရာစုနှစ်ကြာအောင် နက်ရှိုင်းသော အခြေခံအုတ်မြစ်ဖြင့် သူတို့က တစ်ကမ္ဘာလုံး ပျံ့နှံ့နေသည်။ နိုင်ငံအမျိုးမျိုးမှ လျို့ဝှက်ချက်များကို သိရခြင်းမှာ ဟေးပင်းထိုင်၏ ကြိုးစားမှုများကြောင့် ဖြစ်သည်။ သို့သော် ယခု ဟေးပင်းထိုင်၏ စံချိန်ကို ချိုးဖျက်သွားခဲ့သည်။ တစ်ယောက်မှ ပြန်မလွတ်လာခြင်းဖြစ်သည်။
" အင်မော်တယ်ဝိုင်ခန်းမရဲ့ နောက်ကွယ်ကလူက အရမ်းလျို့ဝှက်လွန်းတယ်။ ပြီးတော့ သူတို့ရဲ့ အင်အားစုက အရမ်းသန်မာတယ်။ တကယ်လို့ အပြတ်အသတ် နှိမ်နင်းခြင်းသာ မခံရဘူးဆိုရင် ကျွန်တော်မျိုးရဲ့ လူတွေ ပြန်မလွတ်လာဘဲ မနေပါဘူး။ " သွမ်လောက လေးနက်စွာ ပြောလိုက်သည်။ သူက ယခုမျိုးဆက်၏ ဟေးပင်းထိုင် ခေါင်းဆောင်ဖြစ်သဖြင့် သူ၏ လျို့ဝှက်အစောင့်များ မည်မျှအင်အားကြီးသည်ကို အသိဆုံး ဖြစ်သည်။
ရင်ကျန့်က လေးနက်စွာ စဉ်းစားနေသည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးက အင်မော်တယ်ဝိုင်ခန်းမကို တပ်ဖွဲ့တွေ စေလွှတ်ပြီး တိုက်ရိုက်ဝန်းရံဖို့ အဆိုပြုချင်ပါတယ်။ ဒါမှ အင်မော်တယ်ဝိုင်ခန်းမရဲ့ ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်မှာပါ။ " သွမ်လောက ရိုသေစွာ ပြောလိုက်သည်။
" အင်မော်တယ်ဝိုင်ခန်းမက ဘယ်ဥပဒေကိုမှ မချိုးဖောက်သေးဘူး။ ငါက ဘာအကြောင်းပြချက်နဲ့ တပ်တွေဖြန့်ရမှာလဲ။ " ရင်ကျန့်က ခေါင်းခါလိုက်သည်။
" အင်မော်တယ်ဝိုင်ခန်းမက ချင်ကို ဝင်ရောက်လာကတည်းက အခွန်ငွေအမြောက်အများကို ပေးဆောင်ခဲ့သလို ဥပဒေကိုလည်း လိုက်နာခဲ့တယ်။ ပြီးတော့ ဟေးပင်းထိုင်ရဲ့ စုံစမ်းမှုတွေကလည်း လျို့ဝှက်လုပ်ဆောင်ခဲ့တာပဲ။ တကယ်လို့ ငါက လှုပ်ရှားလိုက်လို့ သူတို့က အခြားနိုင်ငံကို ထွက်သွားရင် ဒါက ကြီးမားတဲ့ အခွန်ငွေဆုံးရှုံးမှု ဖြစ်သွားလိမ့်မယ်။ "
ဘုရင်အာဏာက အမြင့်ဆုံးဖြစ်ပြီး ဆန့်ကျင်၍ မရပေ။ သို့သော ဘုရင်အာဏာကလည်း အဆင့်ဆင့်ဖွဲ့စည်းပုံဖြင့် ထိန်းချုပ်ထားပြီး ဥပဒေက အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အကယ်၍ ဘုရင်ကိုယ်တိုင်က ဥပဒေကို လျစ်လျူရှုပြီး အကြောင်းမဲ့လုပ်ဆောင်မည်ဆိုလျှင် သူ၏ အာဏာစက်ကို ထိခိုက်စေပေလိမ့်မည်။
ချင်နိုင်ငံတွင် ဥပဒေက အရာအားလုံးကို ထိန်းကျောင်းနေသည်။ တရားရေးဝန်းကြီးဌာနက ဥပဒေကို ကျင့်သုံးရန်နှင့် အာဏာသက်ရောက်စေရန် တည်ရှိသည်။
" အင်မော်တယ်ဝိုင်ခန်းမက အရမ်းလျို့ဝှက်လွန်းတယ်။ တကယ်လို့ သေချာမစုံစမ်းနိုင်ရင် ကျွန်တော်မျိုး စိတ်မအေးနိုင်ပါဘူး။ " သွမ်လောက ခါးသီးစွာ ပြောလိုက်သည်။
ဟေးပင်းထိုင်က တစ်ကမ္ဘာလုံး ပျံ့နှံ့နေပြီး မည်သည့်နိုင်ငံမှ ၎င်း၏ စုံစမ်းစစ်ဆေးမှုကို မရှောင်လွှဲနိုင်ပေ။ သို့သော် ယခုအခါ သူတို့၏ နှာဖျားအောက်တွင် အင်အားစုတစ်ခုရှိနေသော်လည်း ဟေးပင်းထိုင်က ဘာမှမလုပ်နိုင်ဖြစ်နေသောကြောင့် ၎င်းက သွမ်လောအတွက် စိတ်ပျက်စရာဖြစ်နေသည်။
" အင်း ငါတို့က ပိုတိကျတဲ့ အစီအစဉ်တစ်ခုနဲ့ အင်မော်တယ်ဝိုင်ခန်းမကို သေချာပေါက် စုံစမ်းရမယ်။ တကယ်လို့ အင်မော်တယ်ဝိုင်ခန်းမက အခြားနိုင်ငံက သူလျိုဆိုတာ အတည်ပြုနိုင်တဲ့ သက်သေရရင် အဲ့ဒါကို ချက်ချင်း တင်ပြပါ။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " သွမ်လောက ပြောပြီး ထွက်ခွာသွားသည်။
" အင်မော်တယ်ဝိုင်ခန်းမ ဒီအင်အားစု ရုတ်တရက် ထွက်ပေါ်လာတာက အရမ်းထူးဆန်းနေတယ်။ တကယ်လို့ ဒါက ချင်ကို စုံစမ်းထောက်လှမ်းဖို့ ကြိုးစားနေတာဆိုရင် ငါတပ်ဖွဲ့တွေ လွှတ်ပြီး ဖျက်ဆီးပစ်ရုံပဲ ရှိတော့မယ်။ တကယ်လို့ အကြောင်းပြချက်မရှိရင်လည်း အပြစ်တစ်ခုခုကို ဖန်တီးလိုက်မယ်။ " ရင်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။