အခန်း (၂၈၂)
Vol. 29 Ch. 282
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၈၂)
နောက်တစ်နေ့ ညီလာခံတွင်။
" ဝန်ကြီးယွီ ယွင်ကျုံးအတွက် ရိက္ခါနဲ့ ထောက်ပံ့ရေးကိစ္စတွေ ပြင်ဆင်ပြီးပြီလား။ " ရင်ကျန့်က ယွီလျောင်ကို မေးလိုက်သည်။
" စိတ်ချပါ အရှင်မင်းကြီး။ ဒီကိစ္စကို ကျွန်တော်မျိုးကိုယ်တိုင် ကြီးကြပ်ထားပါတယ်။ လိုအပ်တဲ့ ရိက္ခါတွေကို ကျောက်နယ်မြေကနေ ပို့ဆောင်ပေးမှာ ဖြစ်ပြီး တကယ်လို့ မလုံလောက်ခဲ့ရင်လည်း ကွမ်ကျုံးမြို့ကနေ ပို့ပေးမှာပါ။ "
" ပြီးတေည့ စစ်သည်သစ်တွေအတွက် လိုပ်တဲ့ စစ်ဝတ်စုံနဲ့ ချပ်ဝတ်တွေကို ရှောက်ဖူက အစွမ်းကုန် ကြိုးစားနေပါတယ်။ အားလုံးကို ခြောက်လအတွင်း ယွင်ကျုံးမြို့ကို အရောက်ပို့ပေးမှာပါ။ " ယွီလျောင်က ပြန်ဖြေလိုက်သည်။
ဝန်ကြီးကိုးယောက်ထဲတွင် ယွီလျောင်က အရေးကြီးဆုံး ရာထူးကို ကိုင်ဆောင်ထားသည်။ စစ်ရေးစွမ်းဆောင်မှုများသာမက ထောက်ပံ့ရေးနှင့် ရိက္ခါများအတွက်လည်း ရှောက်ဖူက တာဝန်ယူထားသည်။
" ဝန်ကြီးယွီ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ဝူအန်းစခန်းက အသစ်တည်ထောင်ထားတာဖြစ်လို့ ကိုင်တွယ်ရမယ့် ကိစ္စတွေ အများကြီး ရှိနေတယ်။ ဝန်ကြီးယွီအနေနဲ့ စစ်ရေးနဲ့ ပက်သက်တဲ့ ကိစ္စရပ်အားလုံးကို ကိုယ်တိုင်ကြီးကြပ်ပေးရမယ်။ " ရင်ကျန့်က ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။
" စိတ်ချပါ အရှင်မင်းကြီး။ ကျွန်တော်မျိုးက စစ်သေနာပတိချုပ် ကျောက်ဖုန်းနဲ့ အမြဲတမ်း အဆက်အသွယ်ရှိပါတယ်။ ဝူအန်းစခန်းမှာ ပြဿနာတစ်ခုခုရှိရင် သူက သေချာပေါက် အသိပေးပါလိမ့်မယ်။ အသေးအဖွဲကိစ္စတွေကို ကျွန်တော်မျိုးကိုင်တွယ်ပြီး အရေးကြီးရင် အရှင်မင်းကြီးကို တိုက်ရိုက် အစီရင်ခံပါမယ်။ "ယွီလျောင်က ပြောလိုက်သည်။
" ကဲ ဆွေးနွေးပွဲကို ဆက်ကြစို့။ " ရင်ကျန့်က ဆက်ပြောလိုက်သည်။
အချိန်အတော်ကြာပြီးနောက် မည်သည့်ဝန်ကြီးကမှ တင်ပြစရာမရှိတော့ပေ။
" နောက်တစ်လကြာရင် မယ်တော်ကြီးဟွာယန်ရဲ့ မွေးနေ့ပဲ။ ငါ ယုံမြို့ကို မသွားရတာ နှစ်နှစ်ရှိပြီ။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။ " ဒါကြောင့် ညီလာခံပြီးရင် ငါ ယုံမြို့ကို ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီ။ "
ထိုစကားများက ဝန်ကြီးအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။
" အရှင်မင်းကြီးက ယုံမြို့မှာ တစ်လလောက် ရှိနေမယ်ဆိုရင် အုပ်ချုပ်ရေး ကိစ္စတွေကို ဘယ်လိုဆုံးဖြတ်မှာပါလဲ။ " ဝမ်ဝမ်က မေးလိုက်သည်။
" ဝန်ကြီးချုပ်အနေနဲ့ အုပ်ချုပ်ရေးကိစ္စတွေအတွက် စိုးရိမ်စရာမလိုပါဘူး။ ခမည်းတော်က ယုံမြို့ကို သွားဖို့ ဆုံးဖြတ်ထားကတည်းက အားလုံးကို စီစဉ်ပြီးသား ဖြစ်မှာပါ။ " ဟူဟိုက်က ဝမ်ဝမ်ကို ပြောလိုက်သည်။
ရင်ကျန့်၏ ဘေးတွင် ရှိနေသော ကျောက်ကောင်းက ထိုအခြေအနေကို ကျေနပ်စွာ ကြည့်နေသည်။ သူက အနီးကပ်အစေခံတစ်ယောက်အနေဖြင့် သတင်းကို အရင်ဆုံးရရှိထားပြီး ဟူဟိုက်ကို လက်ဦးမှုရယူရန် ပြင်ဆင်ပေးထားခဲ့သည်။
အကယ်၍ ရင်ကျန့်က နန်းတော်မှ ထွက်သွားခဲ့လျှင် တိုင်းပြည်ကို ကြီးကြပ်ကွပ်ကဲရန် နေရာတစ်ခု ရှိလာမည်ဖြစ်ပြီး ၎င်းအတွက် မယှဉ်ပြိုင်ခြင်းက မိုက်မဲရာကျပေလိမ့်မည်။ မည်သည့်မင်းသားမဆို တိုင်းပြည်ကို ကြီးကြပ်ရမည့်ရာထူးကို ရရှိခဲ့လျှင် ၎င်းက သူတို့၏ အနာဂတ်ရပ်တည်ချက်ကို ကြေညာလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
" မင်းသားဟူဟိုက်ရဲ့ စကားက လွန်သွားပါပြီ။ " ဝမ်ဝမ်က အားမနာဘဲ ပြောလိုက်သည်။ " ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အရှင်မင်းကြီးက နန်းတော်က ထွက်မသွားခင် အရာအားလုံး စီစဉ်ပြီးပြီးဆိုတာ ကျုပ်သိပါတယ်။ ဒါပေမယ့် ချင်နိုင်ငံရဲ့ တည်ငြိမ်ရေးအတွက် အစီအစဉ်တွေကို မေးမြန်းတာက သဘာဝကျပါတယ်။ "
" ခမည်းတော်တောင် ဘာမှမပြောရသေးဘူး။ ဝန်ကြီးချုပ်က အရမ်းစိုးရိမ်နေတာပဲ။ " ဟူဟိုက်က ရယ်လိုက်သည်။ " ဝန်ကြီးချုပ်က ခမည်းတော်ရဲ့ ရည်ရွယ်ချက်တွေကို စွက်ဖက်ချင်နေတာလား။ "
ဝမ်ဝမ်က မျက်နှာပျက်သွားသည်။ " ဟူဟိုက်က ဒီလောက်စကားမတတ်ပါဘူး။ ဒါက ကျောက်ကောင်းသင်ပေးထားတာထင်တယ်။ "
ထိုအချိန်တွင် ရင်ကျန့်က လက်မြှောက်လိုက်သည်။ " ငါ မြို့တော်က ထွက်သွားတာနဲ့ ဝန်ကြီးယွီက ဦးဆောင်ပြီး ဝန်ကြီးချုပ်ဝမ်၊ ဟွိုက်ကျွမ်းနဲ့ တရားရေးဝန်ကြီးတို့က နိုင်ငံတော် ကိစ္စရပ်တွေကို စီမံခန့်ခွဲရမယ်။ တကယ်လို့ ဖြေရှင်းလို့မရတဲ့ ကိစ္စဆိုရင် ယုံမြို့ကို ပို့လိုက်ပါ။ အသေးအဖွဲကိစ္စတွေကိုတော့ ဝန်ကြီးယွီက မင်းတို့ရဲ့ အကူအညီနဲ့ ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။ "
၎င်းကို ကြားသောအခါ ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က စိတ်ပျက်သွားကြသည်။ ရှေ့ဆုံးတွင် ရပ်နေသော ဖုစုကလည်း အလားတူပင်ဖြစ်သည်။
တစ်ဖက်တွင် ဟူဟိုက်က စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်သည်။ " ဖုစုအတွက် တိုင်းပြည်ကြီးကြပ်မယ့် နေရာကို ယူပေးချင်တာလား။ အိပ်မက်မက်နေတာပဲ။ ငါ့ဆရာက ငါ့ကို ညွှန်ကြားထားပြီးသား ဖုစုက တိုင်းပြည်ကြီးကြပ်ခွင့်ရမှာမဟုတ်ဘူး။ "
" အရှင်မင်းကြီး မင်းသားဖုစုက နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ဆောက်ရွက်နေတာ ကြာပါပြီ။ ဒါကြောင့် ညီလာခံကိစ္စတွေမှာလည်း စီမံခန့်ခွဲသင့်တယ်လို့ ထင်ပါတယ်။ မင်းသားဖုစုအနေနဲ့ အစိုးရအဖွဲ့မှာ ပါဝင်ဆောင်ရွက်လို့ ရနိုင်မလား။ " ဝမ်ဝမ်က မေးလိုက်သည်။
" အင်း ဝန်ကြီးချုပ်ပြောတာ ကျိုးကြောင်းဆီလျော်တယ်။ " ရင်ကျန့်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ဝမ်ဝမ်က စိတ်လှုပ်ရှားသွားသည်။
" ခမည်းတော်က ငါ့ကို ပျိုးထောင်ဖို့ ရည်ရွယ်ချက်ရှိသေးတာပဲ။ " ဖုစုက စိတ်ထဲမှ တွေးလိုက်သည်။
တစ်ချိန်တွင် ဟူဟိုက်နှင့် ကျောက်ကောင်းတို့က ထိတ်လန့်သွားကြသည်။ ညီလာခံမှ ဝန်ကြီးများကလည်း ဖုစုကို ကြည့်လိုက်ကြပြီး ဟူဟိုက်ကို ထောက်ခံနေသော ဝန်ကြီးများကလည်း စိုးရမ်သော အမူအရာများ ပေါ်လာကြသည်။
" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ အခုဆိုရင် မင်းသားဟူဟိုက်ကလည်း နိုင်ငံရေးကိစ္စတွေမှာ နားလည်မှုရှိနေပါပြီ။ မင်းသားဟူဟိုက်ကိုလည်း နိုင်ငံရေးကိစ္စတွေ ဆွေးနွေးရာမှာ ပါဝင်ခွင့်ပြုဖို့ တောင်းဆိုပါတယ်။ " ဟူဟိုက်ကို ထောက်ခံသော ဝန်ကြီးတစ်ယောက်က ပြောလိုက်သည်။
" ကျွန်တော်မျိုး ကန့်ကွက်ပါတယ်။ မင်းဟားဟူဟိုက်က ညီလာခံကို တက်ရောက်တာ မကြေားသေးတဲ့အပြင် မင်းသားဖုစုလောက် အတွေ့အကြုံမရှိသေးပါဘူး။ အုပ်ချုပ်ရေးမှာ ကူညီဖို့ အကြီးဆုံးမင်းသားတစ်ပါးတည်းနဲ့တင် လုံလောက်ပါတယ်။ " ဖုစုကို ထောက်ခံသော ဝန်ကြီးတစ်စုက ကန့်ကွက်လိုက်ကြသည်။
ညီလာခံတွင် တစ်ဖက်က ဖုစု တစ်ယောက်တည်း နိုင်ငံရေးကိစ္စများ ကိုင်တွယ်မည်ကို မလိုလားကြားသလို အခြားတစ်ဖက်တွင်လည်း ဟူဟိုက် ပါဝင်ပက်သက်လာမည်ကိုလည်း မလိုလားကြပေ။
ညီလာခံက ဆူညံပွက်နေသော်လည်း တည်ငြိမ်နေသော လူများလည်း ရှိနေသည်။ သူတို့က ဝမ်ကျန့်၊ ဟွမ်ယိ၊ ယွီလျောင်နှင့် လီစီတို့ ဖြစ်သည်။ သူတို့က ထိုပြိုင်ပွဲကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
" ပြိုင်ကြစမ်း အကုန်လုံး ပြိုင်ကြစမ်း။ ငါဒီမှာ ရှိနေတာတောင် သူတို့က ဒီလိုတိုက်ခိုက်နေတာ ငါသာမရှိရင် သူတို့ ဘယ်လောက်ထိ ဖြစ်သွားမလဲ။ ဖုစုနဲ့ ဟူဟိုက် မင်းတို့ ကြိုက်သလောက် တိုက်ကြစမ်း။ ငါ့စိတ်ထဲမှာ ပိုသင့်တော်တဲ့လူရှိနေပြီ။ " ရင်ကျန့်က သူ၏ ရှေ့မှ မြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေသည်။
ကျောက်ဖုန်း၏ မိခင်က သူနှစ်ပေါင်းများစွာ ရှာနေသော သူ၏ ဇနီးဖြစ်ပြီး ကျောက်ဖုန်းနှင့် ကျောက်ရင်တို့ကလည်း သူ၏ သားသမီးများဖြစ်ကြသည်မှာ သေချာနေပြီဖြစ်သည်။
ကျောက်ဖုန်း၏ ထူးချွန်မှုများကို တစ်ကမ္ဘာလုံးက မြင်တွေ့ခဲ့ပြီဖြစ်သည်။ ထိိုသို့သော သားမျိုးက တစ်နေ့တွင် အိမ်ရှေ့စံဖြစ်လာခဲ့လျှင် ရင်ကျန့်၏ ဆန္ဒကို သေချာပေါက် ဆက်ခံနိုင်ပြီး ချင်ကို သာယာဝပြောအောင် ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
" တော်ပြီ။ " ရင်ကျန့်က ပြောလိုက်သည်နှင့် ညီလာခံတစ်ခုလုံးက လျင်မြန်စွာ တိတ်ဆိတ်သွားသည်။
" ဖုစုနဲ့ ဟူဟိုက် နှစ်ယောက်လုံး နိုင်ငံရေးကိစ္စတွေ ဆွေးနွေးရာမှာ ပါဝင်ရမယ်။ ဒါပေမယ့် အဆိုပြုခွင့်ပဲရှိပြီး ဆုံးဖြတ်ပိုင်ခွင့်က ဝန်ကြီးယွီဆီမှာပဲ ရှိနေလိမ့်မယ်။ ညီလာခံသိမ်းမယ်။ " ရင်ကျန့်က နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်ပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။
အချိန်များ ကုန်လွန်သွားခဲ့သည်။ ချင်နိုင်ငံ ယုံမြို့၏ နန်းတော်အတွင်း၌ ရင်ကျန့်နှင့် မယ်တော်ကြီးဟွာယန်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
" အဘွား မြေးတော် အဘွားဆီလာမတွေ့ဖြစ်တာ အတော်ကြာသွားပြီး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကျန်အာ အခုဆိုရင် မင်းက နိုင်ငံတစ်ခုရဲ့ ဘုရင်ဖြစ်နေပြီလေ။ အရင်ကနဲ့တော့ ဘယ်တူပါ့မလဲ။ အဘွားက ဒီမှာနေလာတာ နှစ်ပေါင်းများစွာကြာပြီဆိုတော့ နေသားကျနေပါပြီ။ " မယ်တော်ကြီးဟွာယန်က ကြင်နာစွာ ပြုံးလိုက်သည်။
" အဘွား အခုတလော ဘယ်လိုနေသေးလဲ။ " ရင်ကျန့်က စိုးရိမ်သော အမူအရာဖြင့် မေးလိုက်သည်။
" အရင်လိုပါပဲ။ ဆိုးဆိုးရွားရွား အော်လိုက် ငြိမ်သက်နေလိုက်ပဲ။ သူ့ရဲ့ စိတ်အခြေအနေက ကုသလို့ မရတော့ဘူး။ " မယ်တော်ကြီးဟွာယန်က ပြောလိုက်သည်။
" အဲ့ဒီတုန်းက ကိစ္စတွေအတွက် သူမက အခုထိ ကျွန်တော်ကို မုန်းနေတုန်းပဲ။ " ရင်ကျန့်က ခါးသီးစွာ ပြုံးလိုက်သည်။
" သူ့အပြစ်နဲ့သူ ခံရတာပဲ။ တကယ်လို့ သူမက မင်းရဲ့ မယ်တော်သာ မဟုတ်ခဲ့ရင် အဲ့ဒီတုန်းကတည်းက တစ်စစီဆွဲဖြဲခံလိုက်ရပြီ။ သူမက လောင်အိုက်ကို ထောက်ပံ့ပေးနိုင်တာ သူမရဲ့ အရည်အချင်းကြောင့်လို့ ထင်နေခဲ့တာ။ တကယ်တော့ မင်းရှိနေခို့ မယ်တော်ကြီးဆိုတဲ့ အာဏာကြောင့်ဆိုတာ သူမ မသိခဲ့ဘူး။ သူမရဲ့ လင်ကောင်မပေါ်တဲ့ ကလေးနှစ်ယောက်ကတောင် ချင်ရဲ့ ထီးနန်းကို ဆက်ခံနိုင်မယ်လို့ ထင်ခဲ့သေးတယ်။ " မယ်တော်ကြီးဟွာယန်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" သူမအကြောင်း မပြောပါတော့နဲ့။ ဒီနှစ်တွေအတွင်း ယုံမြို့မှာ နေထိုင်ရတာ မယ်တော်ကြီးမှာ ဘာများတောင်းဆိုစရာရှိသေးလဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
" မင်းရဲ့ အဘွားက အိုနေပြီ။ ဘာများတောင်းဆိုစရာရှိဦးမှာလဲ။ ငါက အေးချမ်းတဲ့ အနာဂတ်တစ်ခုပဲ လိုချင်တယ်။ ကျန့်အာ မင်း ဒီလောကကြီးကို စုစည်းတာကို အဘွား မြင်ချင်သေးတယ်။ အဲ့ဒါက ချင်ဘိုးဘေးတွေရဲ့ မပြီးဆုံးသေးတဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်တာပဲ။ " မယ်တော်ကြီးဟွာယန်က ပြုံးပြီး ပြောလိုက်သည်။
" အဘွား သေချာပေါက် မြင်တွေ့ရမှာပါ။ အခုဆိုရင် နိုင်ငံလေးခုပဲ ကျန်တော့တယ်။ ဒီနှစ်လယ်လောက်မှာ ကျွန်တော် ဝေနိုင်ငံကို စတင်သိမ်းပိုက်တော့မယ်။ ဝေနိုင်ငံကို ဖျက်ဆီးဖို့က မခက်ခဲပါဘူး။ " ရင်ကျန့်က ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။
" ကျန့်အာ ဖုစုက မင်းရဲ့ မျှော်လင့်ချက်တွေနဲ့ မကိုက်ညီဘူးလား။ " မယ်တော်ကြီးဟွာယန်က မေးလိုက်သည်။
" အဘွားက ဘာလို့အဲ့ဒါကို မေးတာလဲ။ " ရင်ကျန့်က ပြန်မေးလိုက်သည်။
" အဘွားက ဒီယုံမြို့မှာနေတာ နိုင်ငံရေးကိစ္စတွေကို စိတ်မဝင်စားဘူး။ ဒါပေမယ့် အဘွားက နားမထောင်ရင်တောင် သတင်းစကားတွေက ကြားနေရတာပဲ။ " မယ်တော်ကြီး ဟွာယန်က သက်ပြင်းချလိုက်သည်။