← Chapters

အခန်း (၂၈၄)

Vol. 29 Ch. 284

အခန်း (၂၈၄)

Vol. 29 Ch. 284

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၈၄)

အိမ်တော်ထိန်းက နောက်တံခါးသို့ ရောက်လာပြီး ဦးဆောင်လာသူကို မြင်လိုက်ရသောအခါ သူက ထိတ်လန့်သွားသည်။ " ခေါင်းဆောင်ကိုယ်တိုင် ရောက်လာတာပဲ။ "

ဟေးပင်းထိုင်၏ လျို့ဝှက်အစောင့်တစ်ယောက်အနေဖြင့် သွမ်လောကို ချက်ချင်း မှတ်မိလိုက်သည်။

" ခေါင်းဆောင်ကိုယ်တိုင် ဘာလို့ရောက်လာတာလဲ။ " အိမ်တော်ထိန်းက မေးလိုက်သည်။

" ကျောက်ကတော်အတွက် လျို့ဝှက်အစီရင်ခံစာတစ်ခု ရှိတယ်။ လမ်ပြပါ။ " သွမ်လောက ချက်ချင်း ပြောလိုက်သည်။

" ခေါင်းဆောင်မှာ တံဆိပ်ပါလား။ " အိမ်တော်ထိန်းက ထပ်မေးလိုက်သည်။

သွမ်လောက တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏ ရင်ဘတ်ထဲမှ တံဆိပ်တစ်ခုကို ထုတ်ပေးလိုက်သည်။

အိမ်တော်ထိန်းက တံဆိပ်ကို စစ်ဆေးလိုက်သည်။ " အိမ်ထဲကို ကြွပါ။ ကျွန်တော် သခင်မကို အကြောင်းကြားလိုက်ပါမယ်။ "

အိမ်တော်ထိန်းက အိမ်ထဲသို့ ဝင်သွားပြီး သွမ်လောက နောက်မှ လိုက်ပါသွားသည်။ သွမ်လော၏ နောက်တွင် ရင်ကျန့်က ‌ဟေးပင်းထိုင်၏ လျို့ဝှက်အစောင့်များနှင့် အတူ အိမ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏ စိတ်ထဲတွင် မျှော်လင့်ချက်များ၊ စိုးရိမ်မှုများဖြင့် ရောထွေးနေသည်။

" တုန်အာ မင်း ငါ့ကို မတွေ့ချင်ဘူးဆိုတာ သိပေမယ့် ငါကတော့ မင်းကို တွေ့ရမယ်၊ မင်းကို ရှင်းပြချက်တစ်ခု ပေးရမယ်။ "

စံအိမ်အတွင်းရှိ အိမ်ငယ်လေးထဲတွင်။

" သခင်မ သခင်မကို တွေ့ချင်တဲ့ နန်းတော်က လူတွေ ရောက်နေပါတယ်။ " အိမ်တော်ထိန်းက ရိုသေစွာ ပြောလိုက်သည်။

" သူတို့က ဘာလို့ ညဘက်ကြီး လာရတာလဲ။ အရေးကြီးကိစ္စတစ်ခုခု ဖြစ်လို့လား။ " ကျောက်ကတော်က နားမလည်နိုင်စွာဖြင့် မေးလိုက်ပြီး အခန်းထဲမှ ထွက်လာသည်။

ထိုအချိန်တွင် သွမ်လောက ရှေ့သို့ ထွက်လာပြီး အိမ်တော်ထိန်းကို ကြည့်လိုက်သည်။ " နောက်ဆုတ်ပေးပါ။ "

" အားလုံးထွက်သွားကြ။ " အိမ်တော်ထိန်းက အစောင့်များနှင့် အစေခံများကို ထွက်သွားရန် အချက်ပြလိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ကျောက်ကတော်၏ အမူအရာက ပြောင်းလဲသွားသည်။ သူမ၏ စိတ်ထဲတွင် မလုံခြုံသော ခံစားချက်တစ်ခု ပေါ်လာသည်။

" ရှင်တို့က ဘယ်သူတွေလဲ။ "

" သခင်မ မလန့်ပါနဲ့။ " သွမ်လောက ဦးညွှတ်ပြီး ပြောလိုက်သည်။ သူက လက်ဝေ့ရမ်းလိုက်သည်နှင့် လျို့ဝှက်အစောင့်များက အပြင်သို့ ထွက်သွားကြပြီး သူကိုယ်တိုင်လည်း လိုက်ပါသွားသည်။

ထိုအချိန်တွင် ရင်ကျန့်က ခြံဝင်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ သူကို မြင်သောအခါ ကျောက်ကတော်၏ အမူအရာက ပြောင်းလဲသွားပြီး သူမ၏ စိတ်ထဲတွင် အံ့အားသင့်မှု၊ တုန်လှုပ်မှုနှင့် နားမလည်နိုင်မှုတို့က ပြည့်နှက်သွားသည်။ သို့သော် သူမက ချက်ချင်း အခန်းထဲသို့ ပြန်ဝင်ရန် လှည့်လိုက်သည်။

" တုန်အာ...." ရင်ကျန့်က ပျော်ရွှင်မှုများနှင့်အတူ စိုးရိမ်မှု အနည်းငယ်ဖြင့် ခေါ်လိုက်သည်။

ကျောက်ကတော်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူမ၏ ခြေလှမ်းများက အလိုလို ရပ်တန့်သွားသည်။

" ရှင် ရှင် လူမှားနေပါပြီ။ " ကျောက်ကတော်က တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။

" တုန်အာ ငါ မင်းကို မှားနိုင်မယ်ထင်နေတာလား။ ငါသာ မင်းကို မှားခဲ့ရင် ငါ ဟန်တန်မှာကတည်းက သေသွားသင့်တယ်။ " ရင်ကျန့်က ဝမ်းနည်းစွာ ပြောလိုက်သည်။

" ရှင် မလာသင့်ဘူး။ ကျွန်မ ဒီမှာရှိနေတာကို ရှင်သိကတည်းက ကျွန်မ ရှင့်ကို မတွေချင်ဘူးဆိုတာလည်း ရှင်သိသင့်ပါတယ်။ " ကျောက်ကတော်က သူမ၏ နှလုံးသားထဲမှ နာကျင်မှုကို ထိန်းချုပ်ပြီး ပြောလိုက်သည်။

" မင်းငါ့ကို မတွေ့ချင်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ငါမင်းကို တွေ့မှဖြစ်မယ်။ ငါမင်းကို တောင်းပန်ပါတယ်။ အဲ့ဒီတုန်းက ငါမင်းကို မကာကွယ်နိုင်ခဲ့ဘူး။ " ရင်ကျန့်က ဖြည်းညင်းစွာ လျှောက်သွားသည်။

" ကျွန်မ နောက်အိမ်ထောင်ပြုပြီးသွားပြီ။ အတိတ်နဲ့လည်း ဘာပက်သက်မှုမှ မရှိတော့ဘူး။ ရှင်ပြန်သွားပါတော့။ ဒါက ရှင့်အပေါ် ကျွန်မရဲ့ တောင်းပန်မှုလို့ပဲ မှတ်ယူလိုက်ပါ။ " ကျောက်ကတော်က အံကျိတ်ပြီး တုန်ယင်စွာ ပြောလိုက်သည်။

သို့သော် ရင်ကျန့်က ရှေ့သို့ ဆက်တိုးလာပြီး ကျောက်ကတော်ကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

" တုန်အာ ငါ့ကို ထပ်ပြီး မလိမ်ပါနဲ့တော့။ မင်းနောက်အိမ်ထောင်မပြုခဲ့ဘူး။ ငါ အကုန်စုံစမ်းပြီးပြီ။ မင်းက အခြားသူရဲ့ နာမည်ကို ယူထားတာပဲ။ ကျောက်ဝူက ဒီရွာကဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူဇနီးက မင်းမဟုတ်ဘူး။ ပြီးတော့ သူဇနီးက အခြားရွာမှာ ကောင်းကောင်းမွန်မွန် ရှိနေတုန်းပဲ။ ကျောက်ဖုန်းနဲ့ ကျောက်ရင်တို့က ငါ့သားသမီးတွေပဲ။ " ရင်ကျန့်က နူးညံ့စွာ ပြောလိုက်သည်။

ကျောက်ကတော်က သူမ၏ နောက်မှ ရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ရပြီး မလှုပ်မယှက် ရပ်နေမိသည်။

" ကျွန်မ ဖုန်းအာကို နောက်တစ်ကြိမ် ဒုက္ခမရောက်စေချင်ဘူး။ ကျွန်မ အဲ့ဒီနေ‌ရာကို ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။ " ကျောက်ကတော်က တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

" အခုချိန်ထိ ငါမင်းကို မကာကွယ်ပေးနိုင်သေးဘူးလို့ မင်းထင်နေတုန်းလား။ " ရင်ကျန့်က တိုးညှင်းစွာ ပြောလိုက်သည်။

" မဟုတ်ပါဘူး။ " ကျောက်ကတော်က ခေါင်းခါလိုက်သည်။ " တကယ်လို့ ကျွန်မက တစ်ယောက်တည်းဆိုရင် ရှင်နောက်ကို လိုက်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မက သေရမှာမကြောက်လို့ပဲ။ ဒါပေမယ့် အခု ဖုန်းအာနဲ့ ရင်အာ ရှိနေပြီ။ ပြီးတော့ မြေးလေးနှစ်ယောက်လည်း ရှိသေးတယ်။ သူတို့ကို အန္တရာယ်ထဲ အရောက်မခံနိုင်ဘူး။ "

" အခု ဖုန်းအာရောက်နေတဲ့ အဆင့်က လုံလောက်နေပါပြီ။ တကယ်လို့ ကျွန်မသာ ပြန်လာခဲ့ရင် လူအများရဲ့ အာရုံစိုက်မှုကို ခံရလိမ့်မယ်။ ပြီးတော့ သူတို့က ဖုန်းအာကို ပစ်မှတ်ထားကြလိမ့်မယ်။ အတိတ်က အဖြစ်အပျက်တွေအတိုင်း ပြန်လုပ်ကြလိမ့်မယ်။ ရှင် ရှန်းယန်မြို့က အဲ့ဒီညကို မှတ်မိသေးလား။ အဲ့ဒီနေရာအတွက် သူတို့က အစွမ်းကုန်ကြိုးစားခဲ့ကြတာ။ ကျွန်မ အဲ့ဒါတွေကို နောက်တစ်ကြိမ် မရင်ဆိုင်ချင်တော့ဘူး။ " ကျောက်ကတော်က ဝမ်းနည်းစွာ ပြောလိုက်သည်။

" အခု ရှန်းယန်က အရင်လို မဟုတ်တော့ဘူး။ ချင်ကလည်း အရင်လိုမဟုတ်တော့ဘူး။ သူတို့ ခေါင်းဖော်လာရဲရင် သူတို့မိသားစုတစ်ခုလုံးကို ကွပ်မျက်ပစ်မယ်။ မင်းငါ့ကို မယုံ​ဘူးလား။ ပြီးတော့..." ရင်ကျန့်က ကျောက်ကတော်ကို ကြည့်ပြီး ပြုံးလိုက်သည်။ " ငါ ဒီကိုလာတာ မင်းကို အတင်းအကျပ် ခေါ်သွားဖို့ မဟုတ်ပါဘူး။ ဒါက တကယ်မင်းလားဆိုတာ အတည်ပြုဖို့ပါပဲ။ "

" ရှင်ဘယ်လိုသိခဲ့တာလဲ။ " ရှတုန်အာက ရင်ကျန့်ကို ကြည့်လိုက်သည်။

" ဒီစံအိမ်မှာရှိတဲ့ ဟေးပင်းထိုင်က လျို့ဝှက်အစောင့်က မင်းရဲ့ ပုံတူပန်းချီတစ်ခုကို ဆွဲပေးခဲ့တယ်။ မင်းဘယ်လိုပဲဖြစ်နေပါစေ ငါမင်းကို မှတ်မိပါတယ်။ " ရင်ကျန့်က နူးညံ့စွာ ပြောလိုက်သည်။

" အကိုကျန့် ရှင် ကျွန်မထက် သာတဲ့သူကို ရှာနိုင်ပါတယ်။ ကျွန်မက သာမန်ဆေးကုသပေးသူတစ်ယောက်ပါပဲ။ " ရှတုန်အာက ခေါင်းခါလိုက်သည်။

" မဟုတ်ဘူး။ မင်းက တစ်ယောက်တည်းသော သူပဲ။ အဲ့ဒီတုန်းက ဟန်တန်မှာ ငါတို့ ကောင်းကင်နဲ့ မြေကြီးကို တိုင်တည်ပြီး ဂါရဝပြုခဲ့ပြီးပြီ။ မင်းက ငါ့ရဲ့ တစ်ဦးတည်းသော ဇနီးပဲ။ ပြီးတော့ ငါ့ရဲ့ အနာဂတ် မိဖုရားခေါင်ကြီးပဲ။ အဲ့ဒီနေရာက မင်းအတွက်ပဲ။ " ရင်ကျန့်က ပြောလိုက်သည်။

ရှတုန်အာက ခေါင်းခါလိုက်သည်။

" တုန်အာ... စိတ်ချပါ။ ငါ ဖုန်းအာတို့ကို အန္တရာယ်ထဲ အရောက်မခံပါဘူး။ ဒါပေမယ့် အနာဂတ် အိမ်ရှေ့စံနေရာက သေချာပေါက် ဖုန်းအာအတွက်ပဲ။ ဘယ်သူမှ ဒါကို လုမယူစေရဘူး။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" မရဘူး။ " ရှတုန်အာက ငြင်းဆိုရန် ပြင်လိုက်သည်။

" ငြင်းဖို့ မစဉ်းစားပါနဲ့။ ငါ ဖုန်းအာကို အိမ်ရှေ့စံဖြစ်စေချင်တာက ငါတို့ရဲ့ သားဖြစ်နေလို့တင်မဟုတ်ဘူး။ သူကလွဲရင် အခြားသင့်တော်တဲ့သူ မရှိလို့လည်း ပါတယ်။ ငါမင်းကို ကတိပေးတယ်။ မင်းကို အန္တရာယ်ထဲ မကျရောက်စေရဘူး။ ပြီးတော့ အဲ့ဒီလူတွေအကြောင်းကိုလည်း ငါသိထားတယ်။ ဒါကြောင့် ဖုန်းအာကို တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းစေမယ်။ ဒါမှ သူ အဲ့ဒီနေရာ ရောက်သွားတာကို ဘယ်သူမှ တားဆီးလို့မရမှာ။ " ရင်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။

" ဒါပေမယ့်...." ရှတုန်အာက စိုးရိမ်နေဆဲ ဖြစ်သည်။ ဖြစ်နိုင်လျှင် သူမက သူမ၏ သားကို ထိုနေရာသို့ မရောက်စေချင်ပေ။

" မပြောနဲ့တော့။ သူက ငါ့သားပဲ။ ချင်တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက်ပဲ။ ပြီးတော့ သူက အကြီးဆုံးသားဖြစ်သလို မင်းရဲ့သား​လည်း ဖြစ်နေတယ်။ သူက တရားဝင်ဆက်ခံသူပဲ။ အရာအားလုံးက နည်းလမ်းတကျပဲ ဘယ်သူမှ ကန့်ကွက်လို့မရဘူး။ "

" ပြီးတော့ တုန်အာ..." ရင်ကျန့်က ရှတုန်အာကို စိုက်ကြည့်လိုက်သည်။ " ဖုန်းအာက ကြီးနေပြီ။ သူ့အတွက် အရာအားလုံးကို မင်းဆုံးဖြတ်ပေးလို့ မကတော့ဘူးလေ။ သူ မလိုလားဘူးလို့ မင်းဘယ်လိုသိနိုင်မှာလဲ။ ဖြစ်နိုင်တာ သူက ငါ့သားဆိုတာ သိသွားတဲ့အခါ ချင်တော်ဝင်မိသားစုရဲ့ အကြီးဆုံးသားဆိုတာ သိသွားတဲ့အခါ သူကိုယ်တိုင်လည်း အဲ့ဒီနေရာကို စိတ်ဝင်စားနိုင်တာပဲ။ "

" ငါမင်းကို ကတိပေးပါတယ်။ အနာဝတ်မှာ အဲ့လို ဖြစ်လာရင်တောင် ငါ သူ့ရဲ့ သဘောထားကို မေးပါမယ်။ သူသာ မလိုချင်ဘူးဆိုရင် ငါ အတင်းအကျပ် မလုပ်ပါဘူး။ ဟုတ်ပြီလား။ " ရင်ကျန့်က ရှတုန်အာကို နူးညံ့စွာ ကြည့်လိုက်သည်။

သူမက သူမ၏ ကလေးနှစ်ယောက်ကို ကာကွယ်ရန်အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး ရှကျေးရွာတွင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအောင် ပုန်းအောင်းနေခဲ့သည်။ သူမ၏ ဖခင်ကို မတွေ့ခဲ့ပေ။ အားလုံးက ကျောက်ဖုန်းနှင့် ကျောက်ရင်တို့ကို ကာကွယ်ရန်အတွက်သာ ဖြစ်သည်။

ထိုအချိန်တုန်းက ရှန်းယန်တွင် ရှတုန်အာက အသက်အန္တရာယ်မှ လွတ်မြောက်အောင် ရုန်းကန်ခဲ့ရသည်။ ထို့ကြောင့်လည်း ရင်ကျန့်က သူမကို ရှန်းယန်သို့ အတင်းအကျပ် မခေါ်ခြင်း ဖြစ်သည်။

ယခု သူပြောခဲ့သော စကားများက အတိတ်မှ ကတိကို တည်စေရန်နှင့် ချင်၏ အနာဂတ်အတွက် ဖြစ်သည်။ ဖုစု၊ ဟူဟိုက်နှင့် အခြားသားတော်များက ထိုမျှ ကျယ်​ပြောလှသော အင်ပါယာကြီးကို ဆက်ခံရန် အရည်အချင်းမရှိပေ။ ကျောက်ဖုန်းတစ်ယောက်သာ ထိုသို့သော အရည်အချင်းရှိနေသည်။ ကျောက်ဖုန်းက သူ၏ သားဖြစ်မှန်းသိလိုက်ရချိန်တွင် ရင်ကျန့်က ကောင်းကင်ဘုံကို အလွန်ကျေးဇူးတင်ခဲ့သည်။

ရှတုန်အာက သူမ၏ ရှေ့မှ ရင်ကျန့်ကို ကြည့်ပြီး ငြင်းဆန်ချင်သော်လည်း မည်သို့ ငြင်းဆန်ရမည်ကို မသိတော့ပေ။

All Chapters