← Chapters

အခန်း (၂၈၅)

Vol. 29 Ch. 285

အခန်း (၂၈၅)

Vol. 29 Ch. 285

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၈၅)

" မင်း ကန့်ကွက်မှာမဟုတ်ဘူးဆိုတာ ငါသိနေတယ်။ " ရင်ကျန့်က ရှတုန်အာကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။ သူ၏ မျက်နှာတွင် တစ်ခါမှ မရှိခဲ့ဖူးသော နွေးထွေးသော အပြုံးတစ်ခု ရှိနေသည်။

သူ့အတွက် နန်းတွင်းမှ ကိုယ်လုပ်တော်များက သွေးသားဆက်ခံသူရရှိရန်နှင့် မျိုးဆက်ပြန့်ပွားရန်အတွက် အသုံးချမည့် အရာများသာ ဖြစ်သည်။ သူတို့က ရင်ကျန့်၏ စစ်မှန်သော မေတ္တာကို ရရှိရန် အခွင့်အရေး မရှိခဲ့ပေ။

" တကယ်တော့ ငါမလာခင်က မင်းမဟုတ်မှာကို ငါ တကယ်စိုးရိမ်နေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီလယ်ကွင်းထဲမှာ မင်းကို​ မြင်လိုက်ရတဲ့အချိန်မှာ ငါ့နှလုံးသားက အေးချမ်းသွားခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် ငါမင်းကို ဘယ်လိုလုပ်မမှတ်မိဘဲ နေမှာလဲ။ "

" တုန်အာ အသက်ရှင်နေပေးလို့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ငါ့အတွက် ကလေးနှစ်ယောက်မွေးပေးခဲ့လို့ ပိုပြီး ကျေးဇူးတင်ပါတယ်။ " ရင်ကျန့်က သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။

ရှတုန်အာက ခေါင်းမော့ပြီး ရင်ကျန့်ကို နူးညံ့စွာ ကြည့်လိုက်သည်။ ရင်ကျန့်က သူမကို လွမ်းနေသကဲ့သို့ သူမကရော သူ့က်ု မလွမ်းပဲ နေပါ့မလား။ သူမက လက်မြှောက်ပြီး ရင်ကျန့်၏ မျက်နှာပေါ်သို့ တင်လိုက်သည်။

" ဒီနှစ်တွေတစ်လျှောက်လုံး ရှင်ပင်ပန်းနေခဲ့မှာပဲ။ " ရှတုန်အာက တိုးညှင်းစွာ ပြောလိုက်သည်။

" မင်းရဲ့ ပင်ပန်းမှုတွေနဲ့ ယှဉ်ရင် ငါက ဘာမှမဟုတ်ပါဘူး။ ကိုယ်ဝန်ကြီးနဲ့ မိုင်ပေါင်များစွာကို ဖြတ်ကျော်ပြီး ရှချူးကို လာခဲ့ရတယ်။ ပြီးတော့ ဖုန်းအာတို့ မောင်နှမတွေကို တစ်ယောက်တည်း ပျိုးထောင်ခဲ့ရတယ်။ ငါကိုယ်တိုင်မမြင်ခဲ့ရပေမယ့် မင်းဘယ်လောက်တောင် ပင်ပန်းခဲ့ရတယ်ဆိုတာ ငါခန့်မှန်းလို့ရပါတယ်။ "

" တုန်အာ... ဒီနှစ်တွေမှာ ငါမင်းကို မစောက်ရှောက်ပေးခဲ့ရဘူး။ ခင်ပွန်းတစ်ယောက်ရဲ့ ဖခင်တစ်ယောက်ရဲ့ တာဝန်ကို မကျေပွန်ခဲ့ဘူး။ " ရင်ကျန့်က နောင်တများဖြင့် ပြောလိုက်သည်။ ရှတုန်အာအတွက် ကျောက်ဖုန်းတို့မောင်နှမအတွက် သူ အပြစ်မကင်းသလို ခံစားနေရသည်။

" ဒါက ရှင့်အမှားမဟုတ်ပါဘူး။ ကျွန်မရှင့်ကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ဘူး။ " ရှတုန်အာက နူးညံ့စွာ ပြောလိုက်သည်။

ရှတုန်အာ၏ နူးညံ့သော မျက်လုံးများကို ခံစားလိုက်ရချိန်တွင် ရင်ကျန့်၏ နောင်တစိတ်က ပိုမိုနက်ရှိုင်းလာခဲ့သည်။ အကယ်၍ ရှတုန်အာသာ ရှန်းယန်ကို လာခဲ့လျှင် သူမက မိဖုရားခေါင်ကြီးဖြစ်ရုံသာမက ကျောက်ဖုန်းကလည်း အိမ်ရှေ့စံမင်းသား ဖြစ်လာပေလိမ့်မည်။ သို့သော် အခြားကိုယ်လုပ်တော်များ အသည်းအသန် လိုချင်နေသော နေရာကို သူ၏ လက်တစ်ကမ်းတွင် ရှိနေခဲ့သော်လည်း သူမက အိပ်မက်ပင်မမက်ခဲ့ပေ။

" စိတ်ချပါ။ အတိတ်က ကိစ္စနွေအတွက် ငါ ပြန်လည်ရှင်းလင်းပေးပါမယ်။ နောက်လာမယ့်ကိစ္စတွေအတွက်လည်း ငါ တာဝန်ယူပေးမယ်လို့ ကတိပေးပါတယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" ကျွန်​မရှင့်ဆီက ဘာရှင်းပြချက်မှ မတောင်းဆိုပါဘူး။ ကျွန်မတို့ မိသားစု အေးအေးချမ်းချမ်း နေသွားဖို့ပဲ တောင်းဆိုချင်တာပါ။ " ရှတုန်အာက ရင်ကျန့်ကို ကြည့်ပြီး ပြောလိုက်သည်။

ရင်ကျန့်အတွက်မူ ယနေ့ခေတ် ချင်နိုင်ငံက ပြောင်းလဲသွားပြီဖြစ်သည်။ သူက အတိတ်နှင့်မတူဘဲ အင်အားတစ်သန်းရှိသော စစ်တပ်ကို အမိန့်ပေးနေသူဖြစ်သည်။ သို့သော် ရှတုန်အာအတွက်မူ အတိတ်က သွေးချောင်းစီးခဲ့သော မြင်ကွင်းများ၊ သွေးစွန်းခဲ့သော ရှန်းယန်မြို့၊ သွေးစွန်းနေသော တော်ဝင်နန်းတော်နှင့် သူမကို လိုက်လံဖမ်းဆီးခဲ့သူများကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။

" အဲ့ဒီတုန်းက ဘယ်သူက စတင်ခဲ့တာလဲ။ ဖန်ယွီချီက ဘ်သူ့အမိန့်နဲ့ လုပ်ဆောင်ခဲ့တာလဲ။ " ရင်ကျန့်က တိုးညှင်းစွာ မေးလိုက်သည်။

နှစ်ပေါင်းများစွာ စုံစမ်းစစ်ဆေးခဲ့သော်လည်း ထူးခြားမလာခဲ့ပေ။ ဖန်ယွီချီက တုန်အာကို လိုက်လံဖမ်းဆီးရာတွင် ဦးဆောင်သူသာ ဖြစ်ပြီး အမိန့်ပေးခဲ့သူမှာ ယခုထိ မသိခဲ့ရသေးပေ။ ထိုစဉ်က ပါဝင်ပက်သက်ခဲ့သူများကို ရင်ကျန့်က ကွပ်မျက်ခဲ့သော်လည်း တရားခံအစစ်အမှန်က လွတ်မြောက်နေဆဲ ဖြစ်သည်ဟု သူခံစားနေရသည်။

ရင်ကျန့်၏ မေးခွန်းကို ကြားလိုက်ရချိန်တွင် ရှတုန်အာ၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားသည်။

" ကျွန်မ မသိဘူး။ ဒါတွေအားလုံးက အတိတ်က ကိစ္စတွေပဲ။ အကိုကျန့် အများကြီး မတွေးပါနဲ့။ "

" သူ့ကြာင့်ပဲ ငါတို့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအောင် ဝေးကွာနေခဲ့ရတယ်။ ငါ ဒါကို ဘယ်လိုလုပ် ခွင့်လွှတ်နိုင်ပါ့မလဲ။ " ရင်ကျန့်က ခေါင်းခါလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်လာသည်။

" ဖန်ယွီချီကတော့ ထွက်ပြေးသွားခဲ့တယ်။ ဒါပေမယ့် တစ်နေ့ကျရင် ငါ သူ့ကို ဖမ်းမိစေရမယ်။ သူ အတိတ်က လုပ်ခဲ့တဲ့အရာတွေအတွက် ပြန်ပေးဆပ်ရမယ်။ "

ရှတုန်အာက ဘာပြောရမှန်းမသိဖြစ်သွားသည်။ နောက်ကွယ်က ကြိုးကိုင်သူကို သူမ ဘယ်လိုလုပ်မသိဘဲ နေမလဲ။ သို့သော် ၎င်းကို ထုတ်ပြောလိုက်သည်နှင့် ရင်ကျန့်က ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

" ဒါနဲ့တုန်အာ အဲ့ဒီတုန်းက မင်း ရှန်းယန်ကနေ ဘယ်လိုလုပ် လွတ်မြောက်ခဲ့တာလဲ။ တစ်ယောက်ယောက် မင်းကို ကူညီခဲ့တာလား ငါ့ကို ပြောပြပါ။ ငါ သူတို့ကို ကျေးဇူးပြန်ဆပ်ရမယ်။ " ရင်ကျန့်က ထပ်မေးလိုက်သည်။

ထိုအချိန်က ရှန်းယန်တွင် ဖရိုဖရဲဖြစ်နေခဲ့ပြီး နန်းတော်ထဲတွင် သတ်ဖြတ်မှုများ​ဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ရှတုန်အာကဲ့သို့သော အမျိုးသမီးတစ်ယောက်တည်း လွတ်မြောက်နိုင်ရန် ခဲယဉ်းလှသည်။

" အဲ့ဒါ ကျုံးဖုပဲ။ " ရှတုန်အာက ပြန်ဖြေလိုက်သည်။

ကျုံးဖုဟူသော နာမည်ကို ကြားလိုက်ရသောအခါ ရင်ကျန့်၏ မျက်လုံးများက တောက်ပသွားသည်။ " တကယ်ကျုံးဖုပဲ။ နန်းတွင်းမှာ ငါ့ကို ကူညီရဲတာဆိုလို့ သူတစ်ယောက်ပဲရှိတယ်။ "

ကျုံးဖုဆိုသည်မှာ အခြားသူမဟုတ်ဘဲ ချင်၏ ဝန်ကြီးချုပ် လွီပုဝေပင်ဖြစ်သည်။

" ကျုံးဖု နေကောင်းရဲ့လား။ သူက သေအောင် ဖိအားပေးခံလိုက်ရတယ်လို့ ကြားတယ်။ အဲ့ဒါ တကယ်ပဲလား။ " ရှတုန်အာက စိုးရိမ်တကြီး မေးလိုက်သည်။

" တုန်အာ ငါ ကျုံးဖုကို သေဒဏ်ပေးရလောက်တဲ့အထိ နှလုံးသားမဲ့မယ်လို့ မင်းထင်နေတာလား။ " ရင်ကျန့်က ပြုံးလိုက်ပြီး ငယ်စဉ်ကအတိုင်း ရှတုန်အာ၏ နဖူးကို အသာအယာ ပုတ်လိုက်သည်။

" ဒါဆို ကောလဟာလတွေ ဘာလို့ထွက်နေတာလဲ။ " ရှတုန်အာက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" အဲ့ဒါက ကျုံးဖုကို ကာကွယ်ဖို့ပါ။ " ရင်ကျန့်က ပြုံး၍ ရှင်းပြလိုက်သည်။ " ကျုံးဖု အနားယူသွားတုန်းက နိုင်ငံခြောက်ခုက လူတွေလွှတ်ပြီး သူ့ကို သူတို့ ဝန်ကြီးချုပ်လုပ်ဖို့ ဖိတ်ခေါ်ခဲ့ကြတယ်။ အဲ့ဒါက တော်တော်လေး ဂယက်ရိုက်သွားခဲ့တာ။ သူတို့က သွေးထိုးဖို့ လူတွေတောင် လွှတ်ခဲ့သေးတယ်။ ပြီးတော့ နန်းတွင်းမှာလည်း ကျုံးဖုကို ရာထူးကနေ ဖယ်ရှားဖို့ စွဲချက်တွေ အများကြီး ရှိခဲ့တယ်။ "

" ကျုံးဖုကို ကာကွယ်ဖို့အတွက် သူ့ရဲ့ နယ်မြေဖြစ်တဲ့ လျိုယိကို ပြန်ဖို့ ငါအမိန့်ပေးခဲ့တယ်။ သူက ငါ့အပေါ် သက်ရောက်မှုမရှိစေဖို့အတွက် သူ့ကိုသူ သတ်သေဖို့ စိတ်ကူးရှိခဲ့တာ်။ ဒါကြောင့် ငါ သူ့ကို သေဒဏ်ပေးလိုက်ပြီဆိုတဲ့ ကောလဟာလတွေ ဖြန့်ခဲ့တာပဲ။ ကျုံးဖုက အခုလျိုယိမှာ အေးအေးချမ်းချမ်းနဲ့ နေထိုင်နေပါတယ်။ "

" ဒါက အကောင်းဆုံးပါပဲ။ " ရှတုန်အာက စိတ်သက်သာရာရသွားပြီး ခေါင်းညိမ့်လိုက်သည်။ " ကျုံးဖုက ကျွန်မရဲ့ အသက်ကို ကယ်ခဲ့တာပဲ။ သူသာမရှိရင် ကျွန်မ ရှန်းယန်မှာ သေသွားလောက်ပြီ။ ပြီးတော့ ဖုန်းအာတို့ မောင်နှမ နှစ်ယောက်ကလည်း လူလောကထဲ ရောက်လာမှာမဟုတ်ဘူး။ "

" ကျုံးဖု " ရင်ကျန့်က စိတ်လှုပ်ရှားသွားခဲ့သည်။ သူက လွီပုဝေအပေါ် ပို၍ ကျေးဇူးတင်မိလေသည်။

" မင်းက ယောက္ခမနဲ့ တွေ့ပြီးပြီလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" အင်း " ရှတုန်အာက ပြန်ဖြေလိုက်သည်။

" အော် ယောက္ခမကြီး ယောက္ခမကြီး သူသာ ရှန်းယန်ကို ပြန်လာရင်က တစ်ခုခုမှားနေတယ်ဆိုတာ ငါသတိထားမိသွားမှာကို သူသိတယ်။ ဒါပေမယ့် သူပြန်မလာတာက ငါ့ကို ပိုပြီး သံသယဝင်စေတယ်ဆိုတာကို သူမသိရှာဘူး။ ဒါနဲ့ ယောက္ခမကြီးက မင်းရှချူးမှာ ရှိနေတယ်ဆိုတာ ဘယ်လိုလုပ် ရုတ်တရက် သိသွားတာလဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" ယန်အာကြောင့်ပဲ။ ကျွန်မ အမေ ချန်ခဲ့တဲ့ လက်ကောက်ကို သူမကို ပေးခဲ့တာ။ အဖေက ရှန်းယန်မှာ သူမကို သွေးခုန်နှုန်းစစ်ဆေးပေးရင်းနဲ့ အဲ့ဒါကို မတော်တဆ တွေ့သွားခဲ့တာပဲ။ "ရှတုန်အာက ပြောလိုက်သည်။

" အဲ့ဒါကြောင့်ကိုး။ " ရင်ကျန့်က နားလည်သွားသည်။ " ဒါက တကယ်ကို တိုက်ဆိုင်မှုတစ်ခုပဲ။ ဒီလိုတိုက်ဆိုင်မှုသာ မရှိခဲ့ရင် ငါမင်းကို ရှာတွေ့မှာမဟုတ်ဘူး။ တုန်အာ ငါရော ဘယ်လိုရှာတွေ့သွားလဲဆိုတာ သိလား။ "

ရှတုန်အာက စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။

" ငါ ငါတို့ သမီးကို တွေ့ခဲ့တယ်။ သူမက မင်းငယ်ငယ်တုန်းကနဲ့ အရမ်းတူတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အရင်ကမင်းကို ပြန်မြင်လိုက်ရသလိုပဲ။ ပြီးတော့ ရင်အာက အရမ်းသတိကြီးတယ်။ ငါသူမကို စကားပြောဖို့ ခေါ်တာကို ငါ သူမအပေါ် တစ်ခုခုကြံစည်နေတယ်ထင်ပြီး ကြောက်နေခဲ့တယ်။ " ရင်ကျန့်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

" ဒါက ကံကြမ္မာပဲနေမှာပါ။ ကျွန်​မ ဘယ်လောက်ပဲပုန်းပုန်း ရှင်ကတော့ ရှာတွေ့သွားတာပဲ။ " ရှတုန်အာက အလျှော့ပေးသည့် လေသံဖြင့် ပြောလိုက်သည်။

ရင်ကျန့်က ရှတုန်အာ၏ လက်ကို ဆုပ်ကိုင်ပြီး ညင်သာစွာ ပြောလိုက်သည်။ " တုန်အာ အခု ထွက်ပြေးဖို့ မကြိုးစားပါနဲ့တော့။ မင်းစိုးရိမ်နေတာ မှန်ပါတယ်။ အဲ့ဒီလူတွေက ဘာမဆိုလုပ်နိုင်ကြတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် တစ်လောကလုံးကို စုစည်းပြီးတာနဲ့ ငါမင်းကို ဂုဏ်သက္ခါရှိရှိနဲ့ ရှန်းယန်ကို ပြန်ခေါ်မယ်လို့ ကတိပေးတယ်။ "

" ဟန်တန်မှာတုန်းက ငါမင်းကို ကတိပေးခဲ့တယ်။ ငါက ကမ္ဘာကြီးမှာ စစ်ပွဲမရှိအောင် နယ်မြေတစ်ခုလုံးကို စုစည်းချင်တယ်ယ ပြီးတော့ မင်းကို တစ်လောကလုံးရဲ့ မိဖုရားခေါင်ကြီး ဖြစ်စေချင်ခဲ့တယ်။ ငါ အဲ့ဒါကို ဘယ်တော့မှ မမေ့ခဲ့ဘူး။ "

" ရှင်ရှန်းယန်မှာ ရှိနေရမှာမဟုတ်လား။ ဘာလို့ရုတ်တရက် ရောက်လာတာလဲ။ တကယ်လို့ အဲ့ဒီဝန်ကြီးတွေသာ သိသွားရင် ကျွန်မအကြောင်းလည်း သိသွားမှာမဟုတ်လား။ " ရှတုန်အာက စိုးရိမ်တကြီး မေးလိုက်သည်။

" မစိုးရိမ်နဲ့။ ငါ လျို့ဝှက်လာခဲ့တာ ဘယ်သူမှ မသိဘူး။ ဖုန်းအာတို့ မောင်နှမ ပစ်မှတ်ထားခံရမှာကို မင်းစိုးရိမ်နေတာ ငါသိပါတယ်။ အဲ့ဒီလို မဖြစ်စေရဘူး။ " ရင်ကျန့်က ပြောလိုက်သည်။

သူကလည်း ရှတုန်အာကဲ့သို့ စိုးရိမ်ပေသည်။ ဘုရင်တစ်ပါးအနေဖြင့် နန်းတွင်းကို အာဏာဖြင့် ထိန်းကျောင်းနိုင်သော်လည်း ဝန်ကြီးများ၏ စိတ်ကိုမူ အာဏာဖြင့် မထိန်းချုပ်နိုင်ပေ။ အာဏာအတွက် မိသားစုအကျိုးစီးပွားအတွက် သူတို့က ဘာမဆို လုပ်နိုင်ကြသည်။

" ဒါဆို ရှင်ဒီမှာ နေဦးမှာမဟုတ်လား။ " ရှတုန်အာက မျှော်လင့်ချက်အချို့ဖြင့် မေးလိုက်သည်။

" ဘာဖြစ်လို့လဲ။ အစောကတင် ငါ့ကို မတွေ့ချင်ဘူးပြောပြီး အခု မခွဲနိုင်တော့ဘူးလား။ " ရင်ကျန့်က စနောက်လိုက်သည်။

ရှတုန်အာက ရှက်ရွံ့သွားသည်။ သူမက မိခင်​တစ်ယောက်ဖြစ်သကဲ့သို့ အဖွားတစ်ယောက် ဖြစ်နေသော်လည်း သူမက အသက်သုံးဆယ်ကျော်သာ ရှိသေးသည်။ သို့သော် ရင်ကျန့်၏ ရှေ့တွင်မူ သူမက မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ ရှက်ရွံ့နေဆဲ ဖြစ်သည်။

" မစိုးရိမ်ပါနဲ့။ ငါ မနက်ဖြန်ညကမှ ပြန်မှာပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အင်း။ " ရှတုန်အာက ခေါင်းညိမ့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေသည်။

All Chapters