အခန်း (၂၈၆)
Vol. 29 Ch. 286
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၈၆)
ယွင်ကျုံးမြို့။
စစ်စခန်းအတွင်း၌ လက်နက်ချစစ်သည်နှစ်သိန်းကျော်က စုဝေးနေကြသည်။ သူတို့ကိ အထူးစစ်သည်များက ခေါ်ဆောင်လာပြီး ထောက်ပို့တပ်သားတစ်သောင်းကျော်က ဝန်းရံထားသည်။
" စစ်သေနာပတိချုပ် ကြွလာပါပြီ။ " စင်မြင့်ပေါ်တွင် ကျန်းဟန်က လေးနက်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ရဲ့ အမိန့်အရ လက်နက်ချစစ်သည်အားလုံး ထိုင်ကြ။ "
လေးကျင့်ရေးကွင်းတွင် မတ်တပ်ရပ်နေသော လက်နက်ချစစ်သည်များက မြေပြင်ပေါ်သို့ ထိုင်လိုက်ကြသည်။ သူတို့ကလည်း ယခင် ဟန်နိုင်ငံမှ လက်နက်ချစစ်သည်များကဲ့သို့ပင် သူတို့၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြသည်။ သို့သော် ယခုအချိန်တွင် သူတို့က အမိန့်ကို လိုက်နာရုံသာ ရှိကြသည်။
အကယ်၍ သူတို့ အမိန့်လိုက်နာလျှင် အသက်ရှင်ရန် အခွင့်အရေးရှိနိုင်သော်လည်း မလိုက်နာလျှင် ရလဒ်က သေခြင်းတရားသာ ဖြစ်ပေလိမ့်မည်။
လက်နက်ချစစ်သည်အားလုံး ထိုင်လိုက်သည်နှင့် ကျောက်ဖုန်း၏ ပုံရိပ်က စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ တက်လာသည်။
" ငါက စစ်သေနာပတိချုပ် ကျောက်ဖုန်းပဲ။ မင်းတို့ထဲက တော်တော်များများက ငါ့နာမည်ကို ကြားဖူးကြမှာပါ။ " ကျောက်ဖုန်းက ရှေ့တိုးပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ သူ၏ စွမ်းအားကို မထုတ်ဖော်ထားလျှင်တောင် သူထုတ်လွှတ်လိုက်သော အရှိန်အဝါက ထိတ်လန့်သွားစေရန် လုံလောက်ပေသည်။
" သတ်ဖြတ်ခြင်းနတ်ဘုရားကျောက်ဖုန်းပဲ။ ငါတို့က သူ့စစ်တပ်ထဲကို ရောက်လာတာလား။ "
" သူက ဘယ်တုန်းက စစ်သေနာပတိချုပ် ဖြစ်သွားတာလဲ။ "
" သွားပြီ။ ငါတို့ သူ့လက်ထဲရောက်လာပြီဆိုတော့ ငါတို့ သေချာပေါက် သွားပြီပဲ။ "
" ချင်လေးသည်တော်တွေက ဝိုင်းထားတာ ငါတို့ လွတ်အောင် ပြေးနိုင်မှာမဟုတ်ဘူး။ "
ကျောက်ဖုန်း၏ နာမည်ကို ကြားလိုက်ရုံနှင့် လက်နက်ချစစ်သည်များက ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ သူတို့အတွက် သူတို့အကြောက်ဆုံးလူကို ပြပါဆိုလျှင် ဝမ်ကျန့်မဟုတ်ဘဲ ကျောက်ဖုန်းသာ ဖြစ်သည်။
သတ်ဖြတ်ခြင်းနတ်ဘုရား.... ယခုအခါ လက်နက်ချစစ်သည်များက ကျောက်ဖုန်းကို ထိုဂုဏ်ပုဒ်အား ပေးအပ်လိုက်ကြပြီဖြစ်သည်။ လက်နက်ချစစ်သည်တိုင်းက ကျောက်ဖုန်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပျက်အားငယ်မှုကို ကြုံတွေ့ဖူးကြသည်။
" ဒီကိုရောက်လာတာနဲ့ မင်းတို့ တစ်ခုတော့ သိထားရမယ်။ ကျောက်နိုင်ငံဆိုတာ မရှိတော့ဘူး။ ကျောက်နယ်မြေက ချင်ထဲကို ပေါင်းစည်းသွားပြီ။ ကျောက်ပြည်သူတွေက ချင်ရဲ့ ပြည်သူတွေဖြစ်သွားပြီ။ အခုကစပြီး ချင်နဲ့ ကျောက်ဆိုတာ ခွဲခြားထားတာ မရှိတော့ဘူး။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ စစ်သည်များက သူ၏ စကားများကို ပြန်လည် အော်ဟစ်လိုက်ကြသည်။
၎င်းကို ကြားလိုက်ရချိန်တွင် လက်နက်ချစစ်သည်များ၏ အမူအရာများက ပြောင်းလဲသွားကြသည်။ သူတို့အားလုံးက ဟန်တန်မြို့ မကျဆုံးမီနှင့် ကျဆုံးပြီးနောက် ဖမ်းခံခဲ့ရသူများဖြစ်သည်။ ကျောက်ကျဆုံးသွားသည်ကို သူတို့ မသိကြပေ။ ကျောက်ဘုရင်က ထွက်ပြေးသွားခဲ့သည်။
ယခုအခါ သူတို့၏ ခံစားချက်များက အလွန်ရှုပ်ထွေးနေကြသည်။ သူတို့၏ အမိနိုင်ငံက ပျက်စီးသွားခဲ့ပြီး သူတို့၏ အမိမြေကလည်း မရှိတော့ပေ။ ၎င်းက သူတို့အတွက် ကြီးမားသော ရိုက်ခတ်မှုတစ်ခု ဖြစ်သည်။
" ဒီစခန်းကို ဝူအန်းစခန်းလို့ နာမည်ပေးထားတယ်။ ချင်ရဲ့ အသစ်တည်ထောင်ထားတဲ့ စစ်စခန်းပဲ။ ဝူအန်းစခန်းက စစ်တပ်သုံးခုနဲ့ တည်ထောင်သွားမှာဖြစ်ပြီး စစ်သည်အင်အား သုံးသိန်းရှိလိမ့်မယ်။ အစက စစ်သားအသစ်တွေ စုဆောင်းပြီး စခန်းသစ်တည်ထောင်ဖို့ အမိန့်ရှိခဲ့တယ်။ ဒါပေမယ့် ငါကိုယ်တိုင် အရှင်မင်းကြီးကို ပြောပြီး ကျောက်လက်နက်ချစစ်သည်တွေအတွကိ မျက်နှာသာတစ်ခုပေးဖို့ တောင်းဆိုခဲ့တယ်။ "
" အဲ့ဒါက အပြစ်သားတပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖို့ပဲ။ လက်နက်ချစစ်သည်တွေက အပြစ်သားတပ်ဖွဲ့ထဲမှာ ပါဝင်ပြီး ချင်အတွက် တိုက်ပွဲဝင်ဖို့ စခန်းမှာ ထည့်သွင်းပေးသွားမယ်။ ချင်အတွက် ရန်သူတွေကို သတ်ပေးရင် မင်းတို့ကို ကျွန်အဆင့်အတန်းက လွတ်မြောက်ခွင့်ပေးပြီး သာမန်စစ်သည်အဖြစ် တိုးမြှင့်ပေးမယ်။ ချင်အတွက် ရန်သူငါးယောက်သတ်ရင် ဘွဲ့ထူးတစ်ခု ချီးမြှင့်မယ်။ " ကျောက်ဖုန်းက အပြစ်သားတပ်ဖွဲ့အတွက် အစီအစဉ်များကို ချပြလိုက်သည်။
ယခင် ဟန်လက်နက်ချ စစ်သည်များကဲ့သို့ပင် ကျောက်လက်နက်ချစစ်သည်များကလည်း အံ့အားသင့်သွားကြသည်။ အပြစ်သားတပ်ဖွဲ့ဟူသော အမည်ကို သူတို့ကြားဖူးခဲ့သေည်လည်း ၎င်းကို နားမလည်ခဲ့ပေ။ ယခု သူတို့ကိုယ်တိုင် နားနှင့် ကြားလိုက်ရသည်။ အထူးသဖြင့် သူတို့၏ ကျွန်အဆင့်အတန်းမှ လွတ်မြောင်ခွင့်ရနိုင်သည်ဟူ ကြားလိုက်ရချိန်တွင် သူတို့၏ စိတ်ထဲတွင် မျှော်လင့်ချက်တစ်ခု ပေါ်လာခဲ့သည်။
" မင်းတို့ ပြန်လည်ဖွဲ့စည်းဖို့ ရွေးချယ်ပြီးမှ ပုန်ကန်ဖို့ ကြိုးစားရင် မင်းတို့ရော မင်းတို့ရဲ့ မိသားစုတစ်ခုလုံးကိုပါ သတ်ပစ်မယ်။ "
" စစ်သူကြီးကျန်း၊ စစ်သူကြီးတု၊ စစ်သူကြီးလီ ကျန်တာက မင်းတို့တာဝန်ပဲ။ စစ်သူကြီးကျန်းက မြင်းတပ်ဖွဲ့ကို ကွပ်ကဲရမယ်။ ကျန်တဲ့ စစ်သူကြီးနှစ်ယောက်က လေးသည်တော်တပ်ဖွဲ့နဲ့ ခြေလျင်တပ်ဖွဲ့ကို ကွပ်ကဲရမယ်။ မင်းတို့ရဲ့ တပ်မှူးတွေနဲ့အတူ အပြစ်သားတပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းပါ။ " ကျောက်ဖုန်းက စစ်သူကြီး သုံးယောက်ကို ကြည့်ပြီး ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " သူတို့ သုံးယောက်က ချက်ချင်း အမိန့်ကို လက်ခံလိုက်ကြသည်။
ထို့နောက် ကျောက်ဖုန်းက စင်မြင့်ပေါ်မှ ဆင်းသွားခဲ့သည်။ လက်နက်ချစစ်သည်များရှေ့တွင် တစ်ကြိမ် ထွက်ပြလိုက်ရုံနှင့် သူတို့ကို ခြိမ်းခြောက်ရန် လုံလောက်သွားပြီဖြစ်သည်။
" လက်နက်ချစစ်သည်တွေကို ပြန်လည်ဖွဲ့စည်းတာက ဆယ်ရက်အတွင်း ပြီးလိမ့်မယ်။ အဲ့ဒါပြီးရင်တော့ အလုပ်သိပ်မရှိတော့ပါဘူး။ စစ်သည်တွေကို လေ့ကျင့်တာနဲ့ ပေါင်းစည်းပေးတာပဲ ရှိလိမ့်မယ်။ " ခန်းမသို့ ပြန်ရောက်သောအခါ ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
" စစ်သည်သုံးသိန်းကို စုစည်းပြီး မင်းဆက်ရဲ့ ကံကြမ္မာအထောက်အပံ့နဲ့ဆိုရင် စစ်သေနာပတိချုပ်တံဆိပ်က အဆင့်မြှင့်ပြီးလောက်ပြီ။ "
" စုစည်းမယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ အမိန့်ပေးလိုက်သည်။
" စစ်သေနာပတိချုပ်တံဆိပ်ကို စုစည်းပြီးပါပြီ။ "
" စစ်သေနာပတိချုပ်တံဆိပ် - စစ်သည်တိုင်း၏ စိတ်ဓာတ်နဲ့ တိုက်ခိုက်ရေးစွမ်းအားကို သုံးဆတိုးမြှင့်ပေးနိုင်ပါတယ်။ စစ်သည်တွေ သတ်လိုက်တဲ့ ရန်သူတိုင်းအတွက် စွမ်းရည်တွေရဲ့ ၄၀ ရာခိုင်နှုန်းကို ရရှိပါမယ်။ "
" စိတ်ဓာတ်နဲ့ တိုက်ခိုက်ရေးစွမ်းရည် သုံးဆ။ ပြီးတော့ စွမ်းရည်ရရှိမှုက ၄၀ ရာခိုင်နှုန်း။ ကောင်းတယ်။ " ကျောက်ဖုန်းက တံဆိပ်၏ စွမ်းရည်များကို ကြည့်ပြီး ပြုံးလိုက်သည်။
ကျောက်နိုင်ငံ၏ လက်နက်ချစစ်သည်များက အစကတည်းက အထူးစစ်သည်များဖြစ်သောကြောင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က ပြဿနာမရှိပေ။ အဓိကမှာ သူတို့ကို ချင်၏ တိုက်ပွဲဝင်စစ်ကြောင်းနှင့် စစ်ဗျူဟာတို့ကို ကျွမ်းကျင်အောင် လုပ်ရန်သာ ဖြစ်သည်။
" မြင်းစီးတပ်ဖွဲ့ရဲ့ ရတနာသုံးပါး။ ဒါတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ ငါသိပေမယ့် အခုအချိန်မှာ ထုတ်မပြတာ ကောင်းပါတယ်။ ချင်ခေတ်ကုန်ခါနီးမှ ဒါကို လုပ်ကြတာပေါ့။ ဒါက မြင်းစီးတပ်ဖွဲ့ကို ပိုပြီး အစွမ်းထက်စေလိမ့်မယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
ယုံမြို့၊ တော်ဝင်နန်းတော်။
" ကျန့်အာ ပြီးခဲ့တဲ့ရက်တွေက စိတ်အပန်းဖြေနိုင်ခဲ့ရဲ့လား။ "
ရင်ကျန့်က ပြန်ရောက်လာပြီးနောက် မယ်တော်ကြီးဟွာယန်နှင့် တွေ့ဆုံခဲ့သည်။
" ဒီလို စိတ်လက်ပေါ့ပါးမှုမျိုး မကြုံတွေ့ရတာ ကြာပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" မင်းက နေ့တိုင်း နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ ကောင်းကောင်းအနားယူဖို့ လိုအပ်တာပေါ့။ နောက်ဆုံးတော့ မင်းမှာ ဝန်ကြီးတွေ အများကြီးရှိတာပဲ။ သူတို့က ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ကြတာပဲလေ။ " မယ်တော်ကြီးဟွာယန်က ပြောလိုက်သည်။
" အဘွားပြောတာ မှန်တယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " နောက်ထပ် ရက်အနည်းငယ်ကြာရင် အဘွားမွေးနေ့ရောက်ပြီ။ အဘွားမွေးနေ့ကို ဂုဏ်ပြုပြီးတာနဲ့ ကျွန်တော် ရှန်းယန်ကို ပြန်မယ်။ "
" ကျန့်အာ မင်းက တကယ်ကို သိတတ်တဲ့ကလေးပဲ။ " မယ်တော်ကြီးဟွာယန်က စိတ်လှုပ်ရှားသွားသည်။
အချိန်များ ကုန်လွန်လာခဲ့ပြီး မယ်တော်ကြီးဟွာယန်၏ မွေးနေ့ပြီးဆုံးပြီးနောက် ရင်ကျန့်က ရှန်းယန်ကို ပြန်သွားခဲ့သည်။ ထိုအချိန်အတွင်း သူက ရှချူးသို့ တစ်လောက်သွားခဲ့သည်။
သို့သော် အလွန်ဝေးကွာလှသော ယွင်ကျုံးတွင် ရှိသော ကျောက်ဖုန်းက သတင်းတစ်ခုကို ရရှိခဲ့သည်။
" ဟေးပင်းထိုင်ကလူတွေ အိမ်ကို လာခဲ့တာလား။ " ကျောက်ဖုန်းက ယင်ပုကို ကြည့်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။
" အရှင် ဒါက သခင်မကို စောင့်ရှောက်ပေးနေတဲ့ ဝူချန်ဆီက သတင်းရတာပါ။ " ယင်ပုက ချက်ချင်း ပြန်ဖြေလိုက်သည်။
" သူတို့က ဘာကိစ္စနဲ့လာတာလဲ မင်းသိလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ဟေးပင်းထိုင်က လူတွေက စံအိမ်မှာ တစ်ညတည်းခိုသွားပြီး ပြန်သွားကြတယ်။ နောက်နေ့ကျ သခင်မပြောတာက အဲ့ဒါ သမားတော်ရှနဲ့ ပက်သက်တဲ့ ကိစ္စလို့ ပြောပါတယ်။ " ယင်ပုက ဆက်လက်ရှင်းပြလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ဖုန်းက နားလည်သွားသည်။
" ဒါဆို အံ့ဩစရာမရှိပါဘူး။ သမားတော်ရှက ချင်ဘုရင်အတွက် အရေးပါတဲ့သူပဲ။ ချင်ဘုရင်က စံအိမ်ကို လူလွှတ်ပြီး စုံစမ်းတာ ဖြစ်သင့်ပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အရှင်ပြောတာ မှန်ပါတယ်။ ဟေးပင်းထိုင်က လူတွေက တစ်ညတည်းပြီး ပြန်သွားကြပါတယ်။ ဘယ်သူ့ကိုမှလည်း မချန်ခဲ့ပါဘူး။ ဒါပေမယ့် အိမ်တော်ထိန်းနဲ့ အချို့လူတွေက ဟေးပင်းထိုင်က ဖြစ်နိုင်ပါတယ်။ " ယင်ပုက ပြောလိုက်သည်။
" ဟေးပင်းထိုင်က နေရာတိုင်းမှာ ရှိနေတာပဲ။ သူတို့က နန်းတွင်းက ဝန်ကြီးတွေကိုလည်း စောင့်ကြည့်နေတာပဲ။ ငါကလည်း စစ်သည်သုံးသိန်းကို ကွပ်ကဲနေတဲ့ စစ်သေနာပတိချုပ်ဆိုတော့ ငါ့စံအိမ်မှာ ဟေးပင်းထိုင်က လူတွေရှိနေတာ မထူးဆန်းပါဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " စံအိမ်က ဟေးပင်းထိုင်ရဲ့လူတွေကို ဂရုစိုက်မနေနဲ့။ သူတို့ကို ဘာမှသွားမလုပ်နဲ့။ "
" နားလည်ပါပြီ။ " ယင်ပုက ခေါင်းညိမ့်လိုက်သည်။