အခန်း (၂၈၇)
Vol. 29 Ch. 287
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၈၇)
" ယန်ထင်မှာ လူသစ်စုဆောင်းတာ ဘယ်လိုရှိလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" လူသစ်စုဆောင်းမှုက အရင်အတိုင်း ဆက်သွားနေပါတယ်။ ဒါပေမယ့် အသက်အရွယ်ကိုတော့ ၁၂ နှစ်ကနေ ၁၀ နှစ်အထိ လျှော့ချလိုက်ပါတယ်။ ယန်ထင်က စွန့်ပစ်ထားတဲ့ ကလေးတွေကိုလည်း လက်ခံထားပါတယ်။ မိဘတွေက မကျွေးနိုင်လို့ ပေးခဲ့တဲ့ ကလေးတွေကိုလည်း ယန်ထင်ကပဲ မွေးစားထားပါတယ်။ ဒီကလေးတွေက အရှင်ကို သူတို့ရဲ့ မိဘလို့ပဲ မြင်ကြပါတယ်။ ဘယ်တောမှ သစ္စာဖောက်မှာမဟုတ်ပါဘူး။ " ယင်ပုက ရိုသေစွာ ပြောလိုက်သည်။
" ငါ တစ်ခု သတိပေးဦးမယ်။ သူတို့ကို ငယ်ငယ်ကတည်းက မွေးထားတာ ကောင်းတယ်။ ဒါပေမယ့် သူများကလေးကိုတော့ ဘယ်တော့မှမလုယူရဘူး။ ဘယ်သူမဆို ဒီအမိန့်ကို မလိုက်နာရင် သေဒဏ်ပေးလိုက်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ယင်ပုက ချက်ချင်း ခေါင်းညိမ့်လိုက်သည်။
ချင်မြို့တော် ရှန်းယန်။
ညီလာခံခန်းမအတွင်း။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက ဦးညွှတ်လိုက်ကြသည်။
" တင်ပြစရာရှိရင် တင်ပြပါ။ မဟုတ်ရင် ညီလာခံသိမ်းမယ်။ " ကျောက်ကောင်းက ကျယ်လောင်စွာ ပြောလိုက်သည်။
" အရှင်မင်းကြီး ယွင်ကျုံးမြို့က စစ်သေနာပတိကျောက်ဖုန်းဆီက စစ်ရေးအစီရင်ခံစာ ရောက်လာပါတယ်။ လက်နက်ချစစ်သည်တွေ စခန်းကို ရောက်လာပြီး နှစ်လကြာပြီးတဲ့နောက်မှာ ဝူအန်းစခန်းက အကြမ်းဖျင်း ဖွဲ့စည်းပြီးပါပြီ။ အခုတောင် ချင်ရဲ့ စစ်ဗျူဟာတွေနဲ့ ရင်းနှီးအောင် လုပ်နေပါတယ်။ စစ်သေနာပတိချုပ် ကျောက်ဖုန်းရဲ့ တင်ပြချက်အရ မကြာခင် သူတို့က တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်ပါလိမ့်မယ်။ " ယွီလျောင်က ကျယ်လောင်စွာ ပြောလိုက်သည်။
ကျောက်ဖုန်း၏ နာမည်ကို ကြားလိုက်ရချိန်တွင် ရင်ကျန့်၏ မျက်လုံးများထဲ၌ နူးညံ့သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ကျောက်ဖုန်း သူက ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးဆိုတာ ငါသိနေတယ်။ " ရင်ကျန့်က ပြုံး၍ ချီးကျူးလိုက်သည်။
" အခု ဝူအန်းစခန်းကို တည်ထောင်ပြီးသွားပြီဆိုတော့ ကျောက်နယ်မြေက လန်ထျန်းစခန်းကို ပြန်ခေါ်ဖို့ အချိန်ကျပါပြီ။ " ဝမ်ဝမ်က ကျယ်လောင်စွာ ပြောလိုက်သည်။
" လန်ထျန်းစခန်းက ကျောက်နယ်မြေကို ကာကွယ်နေတာ ကြာပါပြီ။ တကယ်ပဲ ပြန်လာရမယ့် အချိန်ကို ရောက်ပါပြီ။ " အခြားဝန်ကြီးတစ်ယောက်ကလည်း ထောက်ခံပြောဆိုလိုက်သည်။
" အပြင်ဘက်က စစ်စခန်းက စစ်ရေးကာလတွေမှာလို ရိက္ခါတွေ အများကြီး မကုန်ဆုံးပေမယ့် သူတို့ရဲ့ နေ့စဉ်သုံးစွဲမှုက စခန်းမှာ တပ်စွဲတာထက် ပိုများပါတယ်။ " ဟွိုက်ကျွမ်းကလည်း ပြောလိုက်သည်။
" အင်း တကယ်ပဲ အချိန်ကျပြီ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " ကျောက်နယ်မြေမှာ တပ်စွဲထားတဲ့ လန်ထျန်းစခန်းက စစ်သည်တွေ ဘယ်လောက်ရှိလဲ။ "
" အရှင်မင်းကြီး လက်ရှိ စစ်တပ်နှစ်ခု တပ်စွဲထားပါတယ်။ " ဝမ်ကျန့်က ပြန်ဖြေလိုက်သည်။ လန်ထျန်းစခန်းက ကျောက်နယ်မြေကို စောင့်ကြပ်နေသော်လည်း ဝမ်ကျန့်က ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
" စစ်သေနာပတိချုပ် ဝမ်ကျန့် ကျောက်နယ်မြေက စစ်တပ်တွေကို ပြန်ရုတ်သိမ်းသင့်ပြီလို့ ထင်လား။ " ရင်ကျန့်က ဝမ်ကျန့်ကို မေးလိုက်သည်။
" အရှင်မင်းကြီး ဝူအန်းစခန်းက တည်ထောင်ပြီးဖြစ်လို့ လန်ထျန်းစခန်းက ပြန်လာသင့်ပါတယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။
သူက ဘေးကင်းအောင် နေထိုင်တတ်သူဖြစ်သည်။ သူ၏ သမက်ဖြစ်သူမှာ ယွင်ကျုံးမြို့တွင် စစ်သည်သုံးသိန်းကို ကွပ်ကဲနေပြီး သူ၏ စစ်သည်နှစ်သိန်းကလည်း ကျောက်နယ်မြေတွင် ရှိနေသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို အာဏာအလွန်အကျွံ ဆုပ်ကိုင်ထားသည်ဟု စွပ်စွဲလာလျှင် သူ ဒုက္ခရောက်သွားနိုင်လေသည်။
" ဒါဆို စစ်သေနာပတိချုပ်ဝမ်ကျန့် အကြံပြုတဲ့အတိုင်း လန်ထျန်းစခန်းကို ပြန်ရုတ်သိမ်းဖို့ အမိန့်ပေးလိုက်ပါ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
" အရှင်မင်းကြီးက ပညာရှိလှပါတယ်။ " ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က ချက်ချင်း ပြောလိုက်ကြသည်။
" ဒီတစ်ခေါက် အရှင်မင်းကြီး မယ်တော်ကြီးဟွာယန်ဆီ သွားနေတုန်းမှာ မင်းသားဖုစုက နိုင်ငံရေးကိစ္စတွေကို ကိုင်တွယ်ရာမှာ ဝန်ကြီးတွေထက် သာလွန်တဲ့ ထူးခြားတဲ့ တိုးတက်မှုတွေ ပြသခဲ့ပါတယ်။ ဒီလို စီမံနိုင်မှုက ကြီးမားတဲ့ ဂုဏ်ပြုမှုနဲ့ ထိုက်တန်ပါတယ်။ " ဝမ်ဝမ်က ပြုံး၍ ပြောလိုက်သည်။
" မင်းသားဟူဟိုက်ကလည်း အမြော်အမြင်ရှိတဲ့ မူဝါဒတွေရှိပြီး အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ကူညီခဲ့ပါတယ်။ " ဝန်ကြီးတစ်ယောက်ကလည်း ထပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ဝန်ကြီးအများအပြားက ဖုစုနှင့် ဟူဟိုက်တို့ကို စတင်ချီးကျူးဂုဏ်ပြုကြတော့သည်။
ရင်ကျန့်က ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်ထဲမှ ပြုံးလိုက်သည်။ သူ၏ ဇနီးကို တွေ့ပြီး ကျောက်ဖုန်း၏ အရည်အချင်းများကို တွေ့မြင်ပြီးနောက် ရင်ကျန့်က အနာဂတ်အတွက် ပိုမိုသေချာသွားခဲ့သည်။ အရည်အချင်းမရှိသော ထိုသားနှစ်ယောက်ကိုတော့ သူက တော်ဝင်အာဏာကို အသုံးပြုရန်အတွက် ကိရိယာများအဖြစ်သာ သတ်မှတ်ထားသည်။
သူတို့ကို ထောက်ခံသော ဝန်ကြီးများ အချင်းချင်း တိုက်ခိုက်နေခြင်းဖြင့် ကျောက်ဖုန်းကို မည်သူမှာ ရှာတွေ့တော့မည်မဟုတ်ပေ။
ရင်ကျန့်က လက်မြှောက်လိုက်ပြီး ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ " ဖုစုနဲ့ ဟူဟိုက်ကို ပိုးထည်လိပ်တစ်ရာနဲ့ ကျောက်စိမ်းပစ္စည်းဆယ်ခု ချီးမြှင့်မယ်။ ပြီးတော့ သူတို့ကို ပုလဲသရဖူ တစ်ခုစီ ပေးမယ်။ "
ထိုအမိန့်တော်က သူတို့နှစ်ယောက်လုံးကို အဆင့်အတန်း အနိမ့်အမြင့် မခွဲခြားဘဲ တန်းတူဆက်ဆံကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။
" အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ " ဝန်ကြီးများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်သည်။
" ကောင်းပြီ။ အခြားကိစ္စတွေမရှိရင် ညီလာခံသိမ်းမယ်။ စစ်သေနာပတိချုပ် ဝမ်ကျန့်နဲ့ ယွီလျောင်တို့ ဆွေးနွေးဖို့ ကျန်းထိုင်နန်းဆောင်ကို လိုက်ခဲ့ကြ။ " ရင်ကျန့်က ခန်းမကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ထွက်ခွာသွားသည်။
မကြာမီ ကျန်းထိုင်နန်းဆောင်အတွင်း၌ ဝမ်ကျန့်နှင့် ယွီလျောင်တို့က ရပ်နေကြပြီး ရင်ကျန့်စကားပြောမည်ကို စောင့်နေကြသည်။
" ယွီလျောင် ဝမ်ကျန့်ကို ပြောပြလိုက်ပါ။ အခု အခြားသူတွေ မရှိတော့ဘူး။ " ရင်ကျန့်က ယွီလျောင်ကို ကြည့်ပြီး ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ယွီလျောင်က ဦးညွှတ်လိုက်သည်။
" အရှင်မင်းကြီးက လျို့ဝှက်တာဝန်တစ်ခုခုရှိလို့လား။ " ဝမ်ကျန့်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
" စစ်သေနာပတိချုပ်ဝမ်ကျန့် လန်ထျန်းစခန်းကို ရုတ်သိမ်းလို့မဖြစ်ဘူး။ " ယွီလျောင်က လေးနက်စွာ ပြောလိုက်သည်။
" မရုတ်သိမ်းရင် ဘာလုပ်ရမှာလဲ။ " ဝမ်ကျန့်က ချက်ချင်း မေးလိုက်သည်။
" ဒီဘက်ကို ကြွပါ။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
ရင်ကျန့်က ထရပ်ပြီး နောက်ခန်းမသို့ လျှောက်သွားသည်။ ဝမ်ကျန့်နှင့် ယွီလျောင်တို့ကလည်း နောက်မှ လိုက်ပါသွားကြသည်။
စားပွဲပေါ်တွင် ကြီးမားသော မြေပုံတစ်ခုကို ခင်းကျင်းထားသည်။ ချီ၊ ချူ၊ ယန်နှင့် ဝေနိုင်ငံတို့ ရှိနေသည်။ ကျောက်နှင့် ဟန်နယ်မြေတို့တွင် ချင်အလံများကို စိုက်ထူထားသည်။
" ဒီနေ့ အရှင်မင်းကြီးက လန်ထျန်းစခန်းကို ပြန်ဆုတ်ဖို့ အမိန့်ထုတ်ခဲ့တယ်။ စစ်သေနာပတိချုပ်က တပ်ပြန်ဆုတ်တဲ့အခါ လမ်းကြောင်းနည်းနည်းပြောင်းဖို့ လိုအပ်တယ်။ နေရာကို ယုစီမြို့ကို ရွှေ့ပြောင်းလိုက်ပါ။ " ယွီလျောင်က ကျောက်နယ်မြေနှင့် ချီနိုင်ငံတို့နှင့် ကပ်လျက်ရှိနေသော နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
" ချီနိုင်ငံကို ခြိမ်းခြောက်ဖို့လား။ " ဝမ်ကျန့်က ချက်ချင်း နားလည်သွားသည်။
" ကျောက်နယ်မြေမှာ စစ်သည်နှစ်သိန်းရှိတယ်။ စစ်သည်တစ်သိန်းကို ယုစီမြို့ကို စေလွှတ်ပြီး တစ်သိန်းကို စခန်းကို ပြန်လာခိုင်းရမယ်။ " ယွီလျောင်က ပြုံး၍ ရှင်းပြလိုက်သည်။
" အရှင်မင်းကြီးက ဝေကို လှုပ်ရှားတော့မှာလား။ " ဝမ်ကျန့်က သတိပြုမိသွားသည်။
" မှန်တယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " ကျောက်နယ်မြေကျဆုံးသွယးတာ တစ်နှစ်ကျော်ကြာခဲ့ပြီ။ ဝူအန်းစခန်းကိုလာ်း တည်ထောင်ပြီးသွားပြီ။ ဒီဝေနိုင်ငံက ငါတို့ ချင်ကို ထပ်ခါတလဲလဲ စော်ကားခဲ့တယ်။ ကျောက်နဲ့မဟာမိတ်ဖွဲ့ပြီး ငါတို့ ချင်ကို တိုက်ခိုက်ခဲ့တယ်။ "
" သူတို့ အဲ့ဒီတုန်းက လုပ်ခဲ့တာတွေကို ဆယ်ဆ ပြန်ပေးဆပ်ရမယ်။ " ရင်ကျန့်က အေးစက်စွာ ပြေလိုက်သည်။
" ဒီတာဝန်ကို ကျွန်တော်မျိုး လက်ခံဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် ဝေကို တိုက်ခိုက်ဖို့ ဘယ်စခန်းကို အသုံးပြုမှာလဲ။ " ဝမ်ကျန့်က ရိုသေစွာ မေးလိုက်သည်။
" အခုက ဝူအန်းကို တည်ထောင်ပြီးခါစပဲ။ ဘယ်လိုလုပ်သွေးမထွက်နေမှာလဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီး ဒါက မဖြစ်သင့်ပါဘူး။ " ဝမ်ကျန့်၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း ကန့်ကွက်လိုက်သည်။
" ဘာဖြစ်လို့လဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။ " ကျောက်ဖုန်းက နိုင်ငံနှစ်ခုကို ဆက်တိုက်အောင်နိုင်ခဲ့တယ်။ ပြီးတော့ ကျောက်ဖုန်းက အဲ့ဒီအောင်ပွဲနှစ်ခုကြောင့် စစ်သေနာပတိချုပ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရတယ်။ တကယ်လို့ ကျောက်ဖုန်းက နောက်ထပ်စစ်ဆင်ရေးတစ်ခုကို ဦးဆောင်ခဲ့မယ်ဆိုရင် မြောက်ဘက်နယ်စပ်နဲ့ ဟန်ကုခံတပ်တို့က စစ်သေနာပတိချုပ်တို့နှစ်ယောက်က သေချာပေါက် မကျေမနပ်ဖြစ်ကြပါလိမ့်မယ်။ " ဝမ်ကျန့်က ချက်ချင်း ပြောလိုက်သည်။
သူက ကျောက်ဖုန်း၏ အခြေအနေကို ထည့်သွင်းစဉ်းစားနေခြင်းဖြစ်သည်။ အကယ်၍ ကျောက်ဖုန်းက မုန့်ဝူနှင့် ဟွမ်ယိတို့၏ ပစ်မှတ်ထားခြင်းကို ခံရလျှင် ၎င်းက ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။ ရင်ကျန့်က ယခုအချိန်တွင် သူ၏ သမက်ကို မျက်နှာသာ ပေးနေသော်လည်း တစ်နေ့တွင် ကျောက်ဖုန်းက အမှားတစ်ခုခု လုပ်မိခဲ့လျှင် ရင်ကျန့်က စိတ်ပြောင်းသွားခဲ့လျှင် အားလုံး ပျက်စီးသွားနိုင်သည်။
" ကျောက်ဖုန်းက အခုမှ ရာထူးတိုးတာ။ အဲ့ဒီရာထူးကို ခိုင်မာစေဖို့အတွက် စစ်ရေးအောင်မြင်မှုတွေ လိုအပ်တယ်။ မင်းက ယောက္ခမတစ်ယောက်အနေနဲ့ မစဉ်းစားတတ်သေးဘူးပဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးတို့က ကျောင်ဖုန်းကို ဒီစစ်ဆင်ရေးကို ဦဆောင်ခဲ့ရင် စစ်သေနာပတိချုပ်တို့နှစ်ယောက်လုံးက မကျေမနပ်ဖြစ်ကြပါလိမ့်မယ်။ နန်းတွင်းမှာလည်း ဒါကို ကန့်ကွက်မယ့် ဝန်ကြီးတွေ ရှိလာပါလိမ့်မယ်။ " ဝမ်ကျန့်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။