← Chapters

အခန်း (၂၈၈)

Vol. 29 Ch. 288

အခန်း (၂၈၈)

Vol. 29 Ch. 288

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၈၈)

" မြောက်ဘက်နယ်ခြားစောင့်တပ်ရဲ့ တာဝန်က ပြင်ပမျိုးနွယ်စုတွေကို ခုခံကာကွယ်ဖို့ပဲ။ အခုဆို ကျောက်နိုင်ငံရဲ့ နယ်မြေတွေကလည်း ချင်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပြီ။ မြောက်ဘက်နယ်စပ်က ကျယ်ပြန့်သွားပြီဆိုတော့ မုန့်ဝူက ဒါကို လာယှဉ်ပြိုင်မှာ မဟုတ်ဘူး။ "

" ဟန်ကုခံတပ်က ဟွမ်ယိကတော့..." ရင်ကျန့်က အနည်းငယ် အတွေးနက်သွားသည်။

အကယ်၍ သူ၏ သားက ဝေဖန်မှုများ၏ ပစ်မှတ်ဖြစ်လာခြင်းက သူ မလိုချင်သော အရာတစ်ခုဖြစ်သည်။ သို့သော် နိုင်ငံတစ်ခုကို သိမ်းပိုက်နိုင်သော စွမ်းဆောင်မှုက ကျောက်ဖုန်း၏ စစ်သေနာပတိချုပ်ရာထူးကို ခိုင်မာစေရန်နှင့် နောက်ထပ်ရာထူးတိုးရန်အတွက် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။

" ငါ ဟန်ကုနဲ့ ဝူအန်းတို့ကို မျှတတဲ့ ပြိုင်ပွဲတစ်ခု လုပ်ခိုင်းမယ်။ " ရင်ကျန့်က ရယ်ပြီး ပြောလိုက်သည်။

" မျှတတဲ့ ပြိုင်ပွဲတစ်ခုလား။ " ဝမ်ကျန့်က စိတ်ဝင်စားသွားသည်။

" စစ်သေနာပတိချုပ် ဝေဝူကျိက တကယ်ကို လိမ္မာပါးနပ်တဲ့သူတစ်ယောက်ပဲ။ ဝေမြို့မှာ ရှုံးနိမ့်ပြီး သူ့နိုင်ငံကို ပြန်ရောက်ကတည်းက ကာကွယ်ရေးဗျူဟာတွေ တည်ဆောက်ထားခဲ့တယ်။ ဝေကို အောင်နိုင်ဖို့က ထင်သလောက် မလွယ်ပါဘူး။ "

" ဝေဝူကျိက တကယ် သတိကြီးတဲ့သူပဲ။ ကျောက်နိုင်ငံ ကျဆုံးပြီးကတည်းက သူက ချင်ဆီကို သံတမန်တွေ အကြိမ်ကြိမ် စေလွှတ်ခဲ့တယ်။ ဝေအပေါ် အရှင်မင်းကြီးရဲ့ ဒေါသ ပြောလျော့ဖို့ပဲ။ ဒါပေမယ့် အရှင်မင်းကြီးက ဘယ်တုန်းကမှ သူ့ကို မတွေ့ခဲ့ဘူး။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ဝေက ငါတို့ ချင်ကို အရင်ရန်စခဲ့တာ။ ဒါက စစ်ချီဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်ပဲ။ ဒါကို ငါဘယ်လိုလုပ်လက်လွှတ်ခံနိုင်ပါ့မလဲ။ " ရင်ကျန့်က ပြုံးလိုက်သည်။

" အရှင်မင်းကြီးက အမြော်အမြင်ကြီးလှပါတယ်။ " ဝမ်ကျန့်နှင့် ယွီလျောင်တို့က ပြောလိုက်ကြသည်။

" စစ်သေနာပတိချုပ် ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဝေဝူကျိက ထိုင်မနေဘူးဆိုတဲ့ သတင်းတွေပါ ရထားတယ်။ သူက သူရဲ့ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းခဲ့တဲ့အပြင် ဝေက သန်စွမ်းတဲ့ လူငယ်သုံးသိန်းကိုလည်း အတင်းအကျပ် စုဆောင်းခဲ့တယ်။ အခုဆိုရင် ဝေရဲ့ စစ်အင်အားက ခြောက်သိန်းနီးပါး ရှိနေပြီ။ " ယွီလျောင်က လေးနက်စွာ ပြောလိုက်သည်။

" ကြည့်ရတာ ဝေဝူကျိက ချင်ကို အဆုံးထိ ခုခံဖို့ ရည်ရွယ်ထားတဲ့ပုံပဲ။ ဒီလို စစ်သည်စုဆောင်းတာက သူရဲ့ ကိုယ်ပိုင်ထွက်ပေါက်ကို ပိတ်လိုက်တာပဲ။ ခရိုင်စစ်သည်တွေနဲ့ အတင်းအကျပ် စုဆောင်းထားတဲ့ လူငယ်တွေ အပါအဝင် စစ်သည်ခြောက်သိန်းက ကျွန်တော်မျိုးတို့ ချင်စစ်တပ်နဲ့ တွေ့ရင် တစ်ချက်တည်း ပြိုကွဲသွားမှာပဲ။ " ဝမ်ကျန့်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

" ဝေရဲ့ လူဦးရေက ငါတို့ချင်ထက်နည်းတယ်။ အခုလို စိုက်ပျိုးချိန်မှာ လူငယ်တွေကို စစ်တပ်ထဲ စုဆောင်းလိုက်တာက သူရဲ့ ထွက်ပေါက်ကို ပိတ်လိုက်တာပဲ။ ဒါပေမယ့် ဝေမှာ အခြားရွေးချယ်စရာ မရှိဘူး။ ငါ ဝေကို အနှေးနဲ့ အမြန် တိုက်ခိုက်တော့မယ်ဆိုတာ သူသိတယ်။ သူရဲ့ အင်အားကို ချဲ့ထွင်တာကလွဲရင် သူ့မှာ အခြားနည်းလမ်းမရှိဘူး။ " ရင်ကျန့်က မြေပုံကို ကြည့်ပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးပြောတာ မှန်ပါတယ်။ " ယွီလျောင်က ခေါင်းညိမ့်လိုက်သည်။ " အရင်တုန်းက ငါတို့ချင်က ကျောက်ကို တိုက်ခိုက်ဖို့ ယန်ရဲ့ အကူအညီတောင်းခံမှုကို အကြောင်းပြချက်အနေနဲ့ တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် ဝေကတော့ အကြောင်းပြချက်မရှိဘဲ ငါတို့ ယင်ချွမ်ကို တိုက်ခိုက်ခဲ့တယ်။ ငါတို့ ချင်က ဒီအကြောင်းပြချက်ကို သုံးရင် အခြားနိုင်ငံတွေက ဝေကို ထောက်ခံရဲမှာမဟုတ်ဘူး။ "

" မှန်တယ်။ ဒါပေမယ့် ချူကိုတော့ သတိထားရမယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " ချီ၊ ချူနဲ့ ယန် နိုင်ငံသုံးခုထဲမှာ ယန်ကတော့ ကျောက်စစ်ဆင်ရေးမှာ ကြောက်လန့်သွားလို့ ဘာမှမလုပ်ရဲလောက်ဘူး။ ပြီးတော့ သူတို့က ချင်ကို လျော်ကြေးပေးခဲ့ရလို့ သူတို့ရဲ့ နိုင်ငံအင်အားက အားနည်းသွားခဲ့တယ်။ ပြီးတော့ ချင်နဲ့ ချူက ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ "

" ချူပဲ ကျန်တယ်။ သူတို့က ဘယ်တော့မှ မဟာမိတ်စာချုပ်တွေ မရှိခဲ့ဘူး။ အမြဲတမ်း လူရိုင်းတွေလိုပဲ ပြုမူခဲ့တာ။ ကျွန်တော်မျိုးတို့ သူတို့ကို သတိထားရမယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

ချူနိုင်ငံ ကျဆုံးပြီးနောက် ဝမ်ကျန့်အတွက် တစ်ခုတည်းသော ခြိမ်းခြောက်မှုက ချူ ဖြစ်သည်။ အခြားနိုင်ငံသုံးခု၏ အင်အားက ချူကို မယှဉ်နိုင်ပေ။ ချင်က ကမ္ဘာကြီးကို စုစည်းရန်အတွက် အကြီးမားဆုံးအတားအဆီးက ကျောက်နိုင်ငံမှ ချူနိုင်ငံသို့ ပြောင်းလဲသွားခဲ့သည်။

" စိတ်ချပါ စစ်သေနာပတိချုပ်။ ကျုပ် အဲ့ဒီကိစ္စကို အရှင်မင်းကြီးနဲ့ ဆွေးနွေးပြီးပါပြီ။ အရှင်မင်းကြီးက မကြာခင် အမိန့်တော်တစ်ခု ထုတ်ပြန်လိမ့်မယ်။ ချန်ဖျင်ကျွင်းကို ခရိုင်စစ်သည်ငါးသောင်းကို ကွပ်ကဲပြီး ချန်ရင်ခရိုင်ကို သွားခိုင်ပါလိမ့်မယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။

" ချန်ဖျင်ကျွင်းက မီမိသားစုကဖြစ်ပြီး ချူတော်ဝင်မိသားစုက ဖြစ်လို့ ချူမှာ အတော်လေး အရှိန်အဝါကြီးတယ်။ သူ့ကို ချန်ရင်ခရိုင်ကို စောင့်ကြပ်ခိုင်းတာ ဖြစ်နိုင်ပါတယ်။ " ဝမ်ကျန့်က ခေါင်းညိမ့်လိုက်သည်။

နန်းတွင်းမှ မီမိသားစုက ချူတော်ဝင်မိသားစုမှ ဆင်းသက်လာခြင်းဖြစ်သည်။

" ဒါနဲ့ အရှင်မင်းကြီး အစောက ဟန်ကုနဲ့ ဝူအန်းကို ယှဉ်ပြိုင်ခိုင်းမယ်ဆိုတာ ဘာလဲ။ " ဝမ်ကျန့်က ရင်ကျန့်ကို ကြည့်ပြီး မေးလိုက်သည်။

" ဝူအန်းက ဝေရဲ့ မြောက်ဘက်မှာ ဟန်ကုက အနောက်ဘက်မှာ။ ဝေဝူကျိက စစ်သားတွေ စုဆောင်းပြီး လေ့ကျင့်နေတာကြောင့် သူတို့ကို စခန်းတစ်ခုတည်းနဲ့ အောင်နိုင်မှာ မဟုတ်ဘူး။ ငါ ဟွမ်ယိနဲ့ ကျောက်ဖုန်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ ဝေမြို့တော်ကို အရင်ဆုံး ထိုးဖောက်နိုင်တဲ့သူက ဒီတိုက်ပွဲရဲ့ အဓိကစွမ်းဆောင်မှုကို ရရှိမယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" နားလည်ပါပြီ။ " ဝမ်ကျန့်က ခဏစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။

" အရှင်မင်းကြီး အခု ဝေကို တိုက်ခိုက်ဖို့အတွက် စစ်ရေးဗျူဟယအပြင် ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးကိုလည်း ကိုင်တွယ်နိုင်ပါတယ်။ ကျွန်တော်မျိုးမှာ အစီအစဉ်တစ်ခု ရှိပါတယ်။ ပထမဆုံးအနေနဲ့ ချင်နဲ့ ဝေကြားက ကုန်သွယ်ရေးကို ဖြတ်တောက်ရပါမယ်။ နောက်တစ်ခုက ဝေနဲ့ အခြားနိုင်ငံတွေရဲ့ ကုန်သွယ်မှုဆက်ဆံရေးကို ဖြတ်တောက်ရပါမယ်။ "

" စစ်တပ်အတွက် လိုအပ်တဲ့ သီးနှံ၊ ကြေးနီနဲ့ သံ၊ သာရေနဲ့ အထည်အလိပ်၊ စစ်​မြင်းတွေနဲ့ အဲ့ဒီလိုအရာအားလုံးကို ချင်ရဲ့ နယ်စပ်ကို ဖြတ်ကျော်ခွင့် ပိတ်ပင်ရပါမယ်။ ဒီ​ဗျူဟာနဲ့ ဝေကို လအတော်ကြာ နှောက်ယှက်ပြီးတဲ့နောက်မှာ ထူးခြားတဲ့ ရလဒ်တွေ ထွက်လာပါလိမ့်မယ်။ ပြီးရင် ချင်က ဝေကို တိုက်ခိုက်တဲ့အခါ ကြီးမားတဲ့ အောင်မြင်မှုရမှာ သေချာပါတယ။ " ယွီလျေူင်က သူ၏ ဝတ်ရုံထဲမှ စာအုပ်ငယ်တစ်ခုကို ထုတ်ကာ ရင်ကျန့်ကို ပေးလိုက်သည်။

" အင်း " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " ဒီကိစ္စကို အကောင်ထည်ဖော်ဖို့ မင်းကို ငါ လွှဲအပ်လိုက်မယ်။ သက်ဆိုင်ရာဝန်ကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငါလုပ်ပေးမယ်။ "

" အရှင်မင်းကြီးရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ " ယွီလျောင်က ချက်ချင်း အမိန့်ကို လက်ခံလိုက်သည်။

" နောက်တစ်ခုရှိသေးတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ကျောက်ဖုန်း ယွင်ကျုံးကို ရောက်ပြီးတဲ့နောက်မှာ ယန်ဘုရင်က ဂုဏ်ပြုခဲ့ပြီး ယန်နိုင်ငံရဲ့ မင်းသမီးကို သူ့ဆီမှာ ကိုယ်လုပ်တော်အဖြစ် ထားဖို့ ကမ်းလှမ်းခဲ့တယ်။ ဝမ်ကျန့် မင်း ဘာပြောချင်လဲ။ "

" ယန်က မင်းသမီးတစ်ပါး ပို့ချင်တယ်ဆိုတော့ ချင်က ဘယ်လိုလုပ်ငြင်းပယ်နိုင်မှာလဲ။ " ဝမ်ကျန့်က ပြုံးလိုက်သည်။ " ဒါပေမယ့် သူတို့ရဲ့ နည်းလမ်းတွေက အရမ်းမိုက်မဲလွန်းတယ်။ ကျွန်တော်မျိုးရဲ့ သမက်က ကောက်ကျစ်တဲ့သူမဟုတ်ပေမယ့် သူက အတော်လေး ထက်မြက်ပါတယ်။ "

" ယန်ဘုရင်က ကျောက်ဖုန်းကို လက်ထပ်စေပြီး နန်းတွင်းကလူတွေ သူ့ကို ရာထူးကနေ ဖယ်ရှားဖို့ အဆိုတင်သွင်းလာအောင် လုပ်ဖို့ ရည်ရွယ်ထားတာလို့ ကျွန်တော်မျိုး သံသယဖြစ်မိပါတယ်။ အခုတော့ ဒါက အရှင်မင်းကြီး နားထဲကို ရောက်သွားပြီဆိုတော့ ယန်ရဲ့ အကြံအစည်က အလိုလို ပျက်စီးသွားပါပြီ။ "

ဤခေတ်တွင် တရားဝင်ဇနီးနှင့် နှိုင်းယှဉ်လျှင် ကိုယ်လုပ်တော်တစ်ယောက်က အဆင့်အတန်းမရှိပေ။ အရာအားလုံးက ခင်ပွန်းသည်ရဲ့ မျက်နှာသာပေးမှုအပေါ်တွင် မူတည်လေသည်။ သူ၏ သမီးနှင့်ပက်သက်၍ စိုးရိမ်စရာမရှိပေ။

" စစ်သေနာပတိချုပ်က သဘောတူပြီဆိုတော့ ငါလည်း ကန့်ကွက်မှာမဟုတ်ပါဘူး။ " ရင်ကျန့်က ရယ်မောလိုက်သည်။ " ကျောက်ဖုန်းကို ယန်မင်းသမီးနဲ့ လက်ထပ်ဖို့ ငါ အမိန့်ထုတ်ပြန်မယ်။ ယန်က ကစားချင်တယ်ဆိုမှတော့ ကျောက်ဖုန်းကို သူတို့နဲ့ အဖော်လုပ်ခိုင်းလိုက်မယ်။ "

သူက သူ၏ သားကို မိန်းမများများ ယူစေပြီး သားသမီးမြေးမြစ်များ ထွန်းကားရန် မျှော်လင့်နေမိသည်။ လက်ရှိတွင် ကျောက်ဖုန်းက တရားဝင်ဇနီးတစ်ယောက်သာ ဖြစ်ပြီး ဟန်မင်းသမီးနှင့် ကျောက်မင်းသမီးတို့မှာ ကိုယ်လုပ်တော်များ ဖြစ်ကြသည်။ ရင်ကျန့်အတွက်မူ မလုံလောက်သေးပေ။ သူက ကျောက်ဖုန်းကို နိုင်ငံခြောက်ခုမှ မင်းသမီးများ ပေးသနားရန် ရည်ရွယ်ထားသည်။

" အရှင်မင်းကြီးက ပညာရှိလှပါတယ်။ ဒီတစ်ခေါက် ယန်က အတော်လေး ခံရတော့မှာပဲ။ " ဝမ်ကျန့်က ပြုံးလိုက်သည်။

" ဒါနဲ့ စစ်သေနာပတိချုပ်ရဲ့ မြေးနှစ်ယောက် စံအိမ်မှာ ရှိလား။ " ရင်ကျန့်က ရုတ်တရက် မေးလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ သမီးက နေ့တိုင်း မြေးနှစ်ယောက်ကို စံအိမ်ကို ခေါ်လာတတ်ပါတယ်ယ ကျောက်ဖုန်း ယွင်ကျုံးကို ထွက်သွားတော့ သူမတစ်ယောက်တည်း ပျင်းနေလို့ပါ။ " ဝမ်ကျန့်က ပြန်ဖြေလိုက်သည်။

" ငါလည်း အဲ့ဒီကလေးနှစ်ယောက်ကို အတော်လေး သဘောကျတယ်။ ဒီနေ့နေ့လည်မှာ ငါ ကျောက်ဖုန်းရဲ့ ညီမအတွက် နှုတ်တက်ပွဲ ကျင်းပပေးဖို့ ရှိတယ်။ စစ်သေနာပတိချုပ် ပြန်ရောက်တဲ့အခါ ဝမ်ယန်ကို အဲ့ဒီကလေးနှစ်ယောက်နဲ့ နန်းတော်ထဲကို လာခိုင်းလိုက်ပါ။ "

" ကျွန်တော်မျိုး ပြန်သွားပြီး ကျွန်တော်မျိုးရဲ့ သမီးကို ပြောလိုက်ပါမယ်။ " ဝမ်ကျန့်က ချက်ချင်း ပြန်ဖြေလိုက်သည်။

" ကောင်းပြီ။ မင်း ပြန်လို့ရပြီ။ အဲ့ဒီကလေးနှစ်ယောက်ကို နန်းတော်ထဲကို မြန်မြန်လာခိုင်းလိုက်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

သူ၏ ဘေးမှ ယွီလျောင်က ၎င်းကို သတိပြု​မိပြီး စိတ်ထဲမှ အနည်းငယ် ထူးဆန်းသွားသည်။ " အရှင်မင်းကြီးက ပုံမှန်ဆိုရင် ကလေးတွေကို ဒီလောက်သဘောမကျပါဘူး။ ဒီနေ့ကျမှ ဘာလို့ ဝမ်ကျန့်ရဲ့ မြေးတွေကို ဒီလောက်စိတ်ဝင်စားနေရတာလဲ။ "

" ကျွန်တော်မျိုးတို့ နှုတ်ဆက်ပါတယ်။ " ဝမ်ကျန့်နှင့် ယွီလျောင်တို့က နှုတ်ဆက်ပြီး ကျန်း​ထိုင်နန်းဆောင်မှ ထွက်ခွာသွားကြသည်။

ရင်ကျန့်က အမိန့်တော်တစ်ခုကို ထုတ်ပြီး စာတစ်ကြောင်း ရေးသားလိုက်သည်။ ယန်နိုင်ငံနဲ့ ကျောက်ဖုန်းတို့ကြား လက်ထပ်ထိမ်းမြားမှုကို ခွင့်ပြုလိုက်သည်။ သူက ကျောက်ဖုန်း ယန်မင်းသမီးကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ရန် သဘောတူလိုက်သည်။

All Chapters