အခန်း (၂၈၉)
Vol. 29 Ch. 289
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၈၉)
" ငါ့ရဲ့ မြေးနှစ်ယောက်။ တုန်အာ... မင်းက ဖုန်းအာတို့ ထိလိုက်မှာစိုးလို့ ဒီကို လိုက်မလာပေမယ့် ငါတို့ရဲ့မြေးလေးနှစ်ယောက်က ရှန်းယန်မှာ ရှိနေတာပဲ။ ငါ သူတို့ကို ကောင်းကောင်းစောင့်ရှောက်မှာပါ။ "
သူ၏ မြေးနှစ်ယောက်နှင့် တွေရြမည့် ဖြစ်သောကြောင့် ရင်ကျန့်၏ မျက်နှာတွင် ချစ်ခင် ကြင်နာမှုများဖြင့် ပြည့်နှက်နေသည်။
" သစ်သီးအချို့နဲ့ ကလေးတွေ ကြိုက်မယ့် စားစရာအချို့ သွားပြင်ဆင်လိုက်ပါ။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" ဟမ် " ကျောက်ကောင်းက နားမလည်နိုင်စွာဖြင့် ရင်ကျန့်ကို ကြည့်လိုက်သည်။
ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး ကျောက်ကောင်းကို ကြည့်လိုက်သည်။
" ကျွန်တော်မျိုး အခု သွားပြင်ဆင်လိုက်ပါမယ်။ " ကျောက်ကောင်းက ထိတ်လန့်စွာဖြင့် ပြန်ပြောလိုက်သည်။
ဝမ်စံအိမ်ယာ
" အဖေ အရှင်မင်းကြီးက ကျွန်မတို့ကို ခေါ်တာ ရင်အာနဲ့အတူ စားဖို့သက်သက်ပဲလား။ " ဝမ်ယန်က အံ့ဩစွာဖြင့် ပြောလိုက်သည်။
" မှန်တယ်။ ချီအာနဲ့ လင်းအာကို နန်းတော်ထဲ ခေါ်သွားလိုက်ပါ။ ငါ အိမ်တော်အပြင်ဘက်မှာ ရထားလုံးတစ်ခု ပြင်ဆင်ထားတယ်။ ဒါက မကောင်းတဲ့အရာ မဟုတ်ပါဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဟုတ်ကဲ့ " ဝမ်ယန်က ခေါင်းညိမ့်လိုက်သည်။ "ချီအာ၊ လင်းအာ သွားကြမယ်။ မင်းတို့ရဲ့ အဒေါ်နဲ့ ဝမ်းကွဲအကိုကို နှုတ်ဆက်လိုက်ဦး။ "
" ဟုတ်ကဲ့။ " ကြည်လင်သော အသံလေနှစ်ခုက ထွက်ပေါ်လာသည်။ " နှုတ်ဆက်ပါတယ် အဒေါ်၊ နှုတ်ဆက်ပါတယ် အကို။ "
ထိုနေရာတွင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ထိုင်နေပြီး သူမ၏ ဘေးတွင် ကောင်လေးတစ်ယောက်ရှိနေသည်။ သူမက ဝမ်ပင်းနှင့် လက်ထပ်ထားသော မင်းသမီးလီယန်နှင့် ကောင်လေးက ဝမ်လီတို့ ဖြစ်သည်။
" ချီအာ၊ လင်းအာ ဖြည်းဖြည်းသွား။ " လီယန်က ကလေးနှစ်ယောက်ကို ဂရုတစိုက် ကြည့်နေသည်။
၎င်းက ကျောက်ဖုန်း သိထားသော ကမ္ဘာမဟုတ်သလို လီယန်ကလည်း စိတ်ကူးယဉ်ဆန်သော အမျိုးသမီးမဟုတ်ပေ။ ဤကမ္ဘာမှ လီယန်က အတော်လေး တည်ငြိမ်နေသည်။
ကလေးနှစ်ယောက်က ပြေးသွားပြီး အပြင်ဘက်ခန်းမသို့ ရောက်လာသည်။
" အဘိုးကို နှုတ်ဆက်ပါတယ်။ "ကလေးနှစ်ယောက်က ဝမ်ကျန့်ကို ရိုသေစွာ ပြောလိုက်သည်။
" သွားကြ။ မင်းတို့အမေကို တိုက်မိဦးမယ်။ " ဝမ်ကျန့်က ကြင်နာစွာ ပြောလိုက်သည်။ " ယန်အာ ကိုယ်ဝန်ကို သေချာဂရုစိုက်ပါ။ "
" အဖေ စိတ်မပူပါနဲ့။ " ဝမ်ယန်က ပြုံး၍ ခေါင်းညိမ့်လိုက်သည်။
ကျန်းထိုင်နန်းဆောင်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " သမားတော်ချန်က ဦးညွှတ်လိုက်သည်။
" ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ကျောက်ရင်ကလည်း ဦးညွှတ်လိုက်သည်။
" ကျောက်ရင် ဆေးပညာခန်းမမှာ မင်းရဲ့ လေ့လာမှုက ဘယ်လိုလဲ။ " ရင်ကျန့်က နူးညံ့စွာ မေးလိုက်သည်။
" အရှင်မင်းကြီး ကျွန်မ အကုန်လုံးနီးပါးကို သင်ယူပြီးပါပြီ။ အစ်ကိုဆီကို သွားလို့ရပါပြီ။ " ကျောက်ရင်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" အရှင်မင်းကြီး ကျောက်ရင်ရဲ့ ပါရမီက တကယ်ကောင်းပါတယ်။ ဆေးပညာခန်းမမှာ လေ့ကျင့်ပြီးတဲ့နောက်မှာ သူမက သမားတော်အချို့ထက်တောင် သာလွန်နေပါပြီ။ " သမားတော်ချန်က ပြုံး၍ ပြောလိုက်သည်။
" သူမက နောက်ဆုံးတော့ တုန်အာနဲ့ ငါ့ရဲ့ သမီးပဲ။ ဖုန်းအာက ငါ့ရဲ့ စစ်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ရင်အာကတော့ သူ့အမေရဲ့ ဆေးပညာပါရမီကို ပိုင်ဆိုင်ထားတယ်။ " ရင်ကျန့်က ဂုဏ်ယူစွာ တွေးလိုက်သည်။
" ကျောက်ရင် စစ်တပ်ထဲကို တကယ်ပဲ သွားချင်တာလား။ အဲ့ဒါက ခက်ခဲကြမ်းတမ်းတဲ့နေရာပဲ။ တကယ်တော့ မင်းမသွားဘဲ ရှန်းယန်မှာ နေလို့ရပါတယ်။ " ရင်ကျန့်က စိတ်ထဲမှ ကျောက်ရင်ကို စိုးရိမ်သွားပြီး မေးလိုက်သည်။
သူက သူသမီးကို စစ်တပ်ထဲတွင် ဒုက္ခမရောက်စေချင်ပေ။ သူ၏ သမီးက ချင်၏ မင်းသမီးတစ်ပါးဖြစ်သည်။ သူ၏ သမီးက ဘာကိုလိုချင်သည်ဖြစ်စေ သူဖြည့်ဆည်းပေးနိုင်သည်။
" အရှင်မင်းကြီး ကျွန်မ ငယ်ငယ်ကတည်းက အမေသင်ပေးခဲ့တာက သမားတော်တစ်ယောက်က လူနာတွေကို ကုသပေးဖို့နဲ့ အသက်တွေကို ကယ်တင်ဖို့ပါ။ စစ်တပ်ထဲမှာဆို ပိုပြီးတော့ ကယ်တင်နိုင်ပါလိမ့်မယ်။ " ကျောက်ရင်က ပြန်ဖြေလိုက်သည်။
ကျောက်ရင်၏ ပြတ်သားမှုကို မြင်သောအခါ ရင်ကျန့်က ငယ်ငယ်က ရှတုန်အာကို ပြန်မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
" အဖေ သမီး အကိုကျန့်အပေါ်မှာ စိတ်ရောကိုယ်ပါ ပုံအပ်ထားတယ်။ ဆေးပညာလမ်းစဉ်က လူတွေကို ကုသဖို့နဲ့ အသက်တွေကို ကယ်တင်ဖို့မဟုတ်လား။ အကိုကျန့်ကို ရှန်းယန်ကို ပြန်လာနိုင်အောင် ကူညီပေးပြီး အနာဂတ်မှာ သူ ဘုရင်ဖြစ်လာတဲ့အခါ ကမ္ဘာကြီးကို စုစည်းပြီး စစ်ပွဲတွေမရှိတော့ရင် ဒါက မရေတွက်နိုင်တဲ့ လူတွေကို ကယ်တင်နိုင်တာပဲ။ " ငယ်ရွယ်သော ရှတုန်အာက သူမ၏ ဖခင် ရှဝူချယ်ကို ပြောလိုက်သည်။
ထိုအချိန်က ရှဝူချယ်ကလည်း ထိုစကားကြောင့် မှင်သက်သွားသည်ယ
" ကမ္ဘာကြီးကို စစ်ပွဲတွေ မဖြစ်အောင် တားဆီးပြီး လူတွေကို ကယ်တင်ဖို့လား။ "
ထိုစကားလေးတစ်ခွန်းကပင် အတော်ဆုံး သမားတော်ကြီး ရှဝူချယ်ကို ရင်ကျန့်နှင့်အတူ လိုက်လာစေခဲ့ပြီး ချင်၏ သမားတော်ကြီး ဖြစ်လာစေခဲ့သည်။
" ဒီကောင်မလေးက တကယ် သူ့အမေ စိတ်ဓာတ်မျိုးရှိတာပဲ။ သူမ တစ်ခုခုကို စိတ်ပိုင်ဖြတ်ပြီးရင် ပြန်ပြင်လို့ မရတော့ဘူး။ " ရင်ကျန့်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
" ဒါဆိုလည်း ထားလိုက်တော့။ မင်းသဘောအတိုင်းသွားပါ။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ မင်းယွင်ကျုံးကို သွားရင် နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ကို မင်းကို လိုက်ပို့ခိုင်းလိုက်မယ်။ " ရင်ကျန့်က ပြောလိုက်သည်။
ကျောက်ရင်က ရင်ကျန့်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ " အရှင်မင်းကြီး ကျွန်မက သာမန်မိန်းကလေးတစ်ယောက်ပါ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့က လိုက်ပို့ပေးဖို့ မလိုပါဘူး။ "
" မင်းရဲ့ အစ်ကိုက မင်းကို ဆေးပညာသင်ဖို့ နန်းတော်ကို ပို့ထားတာ။ လမ်းမှာ တစ်ခုခုဖြစ်ခဲ့ရင် သူငါ့ကို အပြစ်တင်လိမ့်မယ်။ ချင်ရဲ့ ဥပဒေတွေက တင်းကျပ်ပေမယ့် တောပုန်းဓားပြတွေကို ရှိနေသေးတယ်။ ပြီးတော့ မင်းက ကျောက်ဖုန်းရဲ့ ညီမပဲ။ အခြားနိုင်ငံတွေက မင်းမှာ အကာအကွယ်မရှိတာ သိသွားရင် သူတို့အားလုံး လှုပ်ရှားလာနိုင်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ သူက ကျောက်ရင်ကို ညှိနှိုင်းရန် အခွင့်အရေးမပေးပေ။
" ကျေးဇူးတင်ပါတယ်။ " ကျောက်ရင်က ဘာမှမတတ်နိုင်တော့ဘဲ ခေါင်းညိမ့်လိုက်သည်။
" မင်း ဘယ်တော့ခရီးထွက်ဖို့ စီစဉ်ထားလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" အရှင်မင်းကြီး ကျောက်ရင်က မနက်ဖြန် ထွက်သွားမှာပါ။ " သမားတော်ချန်က ပြန်ဖြေလိုက်သည်။
" ဒီလောက်တောင် စောတာလား။ " ရင်ကျန့်က အနည်းငယ် အံ့ဩသွားသည်။
" ကျွန်မက ဝူအန်းစခန်းရဲ့ စစ်ဘက်ဆိုင်ရာ သမားတော်အဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်လို့ အရင်ဆုံး ရင်းနှီးအောင် လုပ်ဖို့လိုပါတယ်။ " ကျောက်ရင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
" ကောင်းပြီလေ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ်ကတော်က အပြင်မှာ စောင့်နေပါတယ်။ " နန်းတွင်းအရာရှိတစ်ယောက်က ရိုသေစွာ ပြောလိုက်သည်။
" သမားတော်ချန် မင်းအခု သွားလို့ရပြီ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ မိသားစုဆုံတွေ့ချိန်တွင် ရင်ကျန့်က အပြင်လူများကို မတွေ့လိုပေ။
" ဟုတ်ကဲ့။ " သမားတော်ချန်က ခေါင်းညိမ့်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
" ဒါနဲ့ ကျောက်ရင်က ယွင်ကျုံးကို သွားမှာဆိုတော့ သူမကို ကူညီဖို့ အမျိုးသမီးသမားတော်အချို့ သေချာရွေးချယ်ပြီး စေလွှတ်လိုက်ပါ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့။ " သမားတော်ချန်က ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
ခဏကြာသောအခါ ဝမ်ယန်က ကလေးနှစ်ယောက်နှင့်အတူ ခန်းမထဲသို့ ဝင်ရောက်လာသည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ဝမ်ယန်က ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။ သူမ၏ ဘေးမှ ကလေးနှစ်ယောက်က ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြပြီး ဝမ်ယန်က သူတို့၏ ခေါင်းလေးများကို ပုတ်လိုက်သည်။
" အခုလေးတင် အမေသင်ပေးထားတာကို မေ့သွားပြီလား။ မြန်မြန် ဂါရဝပြုလိုက်။ "
" အ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ကလေးနှစ်ယောက်က ချက်ချင်း ဦးညွှတ်လိုက်ကြသည်။
" ဒေါ်လေး " အနီးမှ ကျောက်ရင်ကို မြင်လိုက်ရသောအခါ ကလေးနှစ်ယောက် မထိန်းနိုင်တော့ဘဲ ကျောက်ရင်ကို ပြေးဖက်လိုက်ကြသည်။
" ဟေ့.." ကျောက်ရင်က ရင်ကျန့် စိတ်အနှောက်အယှက်ဖြစ်သွားမည်ကို စိုးရိမ်သွားသည်။ " ချီအာ၊ လင်းအာ ဒါက အိမ်မဟုတ်ဘူး။ ငြိမ်ငြိမ်နေနော်။ "
ကျောက်ရင်က ရင်ကျန့်ကို ခိုးကြည့်လိုက်သော်လည်း ရင်ကျန့်က ဒေါသမထွက်ဘဲ ကြင်နာစွာ ပြုံးပြီး ကြည့်နေခဲ့သည်။
" ငါ့မြေးလေးတွေ..." ရင်ကျန့်၏ စိတ်ထဲတွင် အလွန်ပျော်ရွှင်နေခဲ့သည်။ ထိုမြေးနှစ်ယောက်ကို ကြည့်ရင်း ရင်ကျန့်က ကျောက်ဖုန်းနှင့် ကျောက်ရင်တို့၏ ငယ်ဘဝကို ပြန်တွေးမိပြီး အပြစ်ရှိသကဲသို့ ခံစားလိုက်ရသည်။
" မင်းတို့အားလုံး ကျန်းထိုင်နန်းဆောင်ထဲမှာ ဒီလောက်ထိန်းချုပ်နေစရာမလိုဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ဝမ်ယန်က လေးနက်စွာ ပြောလိုက်သည်။ သူမက ဝမ်ကျန့်၏ လွှမ်းမိုးမှုကို ခံနေရပြီး တော်ဝင်အာဏာအပေါ် အလွန်ရိုသေလေးစားလေသည်။
ကျောက်ရင်၏ နောက်ကွယ်မှ ကလေးနှစ်ယောက်ကို ကြည့်ပြီး ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်။ ကျောက်ကောင်းက ချက်ချင်း နားလည်သွားပြီး အစောင့်အချို့ကို ခေါ်လိုက်သည်။ ခဏအတွင်း စားပွဲတစ်ခုကို ခန်းမထဲသို့ သယ်ဆောင်လာပြီး ၎င်းအပေါ်တွင် အစားအသောက်များ၊ သစ်သီးများနှင့် မုန့်များတင်ထားသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ထိုအရာကို မြင်လိုက်ရသောအခါ ကျောက်ချီနှင့် ကျောက်လုံးတို့က မျက်လုံးများ တောက်ပသွားကြသည်။ အကယ်၍ သူတို့အဒေါ်က သူတို့ကို ဆွဲထားခြင်းမရှိလျှင် သူတို့က တိုက်ရိုက် ပြေးသွားကြပေလိမ့်မည်။ နောက်ဆုံးတော့ သူတို့က သုံးနှစ်သာရှိသေးပြီး ကျင့်ဝတ်များအကြောင်း မသိကြသေးပေ။
" မင်းတို့ ထွက်သွားလို့ရပြီ။ ထမင်းစားချိန်ရောက်ရင် အစားအသောက်တွေ ယူလာခဲ့။ " ရင်ကျန့်က ကျောက်ကောင်းကို အမိန့်ပေးလိုက်သည်။
" ကျွန်တော်မျိုးတို့ကို ခွင့်ပြုပါဦး။ " ကျောက်ကောင်းက ရိုသေစွာ ဦးညွှတ်ပြီး အစောင့်များနှင့်အတူ ခန်းမထဲမှ ထွက်ခွာသွားကြသည်။