← Chapters

အခန်း (၁၁၀၃-၁၁၀၄)

Vol. 94 Ch. 1103-1104

အခန်း (၁၁၀၃-၁၁၀၄)

Vol. 94 Ch. 1103-1104

အခန်း ၁၁၀၃- လေဟာနယ်တံခါးအား စတင်သုတေသနပြုခြင်းနှင့် အလည်အပတ်ခရီးစဉ်

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“အခု ကျုပ်တို့ဆီမှာ လေဟာနယ်လမ်းကြောင်းတစ်ခုကို အပိုင်ဖမ်းမိထားပြီဆိုတော့ ဓာတ်ခွဲခန်းကပညာရှင်တွေကို အဲ့ဒါရဲ့ အလုပ်လုပ်ပုံအခြေခံသဘောတရားတွေကို လေ့လာခိုင်းလို့ရပြီ။ အဲ့ဒီ ဟင်းလင်းပြင်အက်ကွဲကြောင်း ဆိုတာကလည်း တကယ်တော့ ဧရာမလေဟာနယ်တံခါးကြီးတစ်ခုလိုပါပဲ။”

အားလုံးကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် ရှောင်းယီသည် ထမင်းကို အမြန်စားသောက်ပြီး အပြင်သို့ ထွက်လာခဲ့လိုက်သည်။ သူသည် ဓာတ်ခွဲခန်းသို့သွားကာ ဉာဏ်ရည်တုစက်ရုပ် ၁၀ ကောင်ကို ခေါ်ဆောင်၍ လေဟာနယ်တံခါးရှိရာသို့ ဦးဆောင်သွားခဲ့သည်။

လေဟာနယ်တံခါးသို့ ရောက်ရှိလာသောအခါ စက်ရုပ်များသည် ၎င်းတို့၏အလုပ်ကို စတင်လိုက်ကြတော့သည်။ ၎င်းတို့သည် ကိရိယာတန်ဆာပလာများနှင့် စက်ပစ္စည်းများစွာကို ယူဆောင်လာပြီး အမျိုးမျိုးသော ကန့်သတ်ချက်ဘောင်များကို စမ်းသပ်ခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ပြုလုပ်လိုက်ကြသည်။

အလုပ်ရှုပ်နေသော စက်ရုပ်များကို ကြည့်ရင်း ရှောင်းယီတစ်ယောက် “သူတို့ အမြန်ဆုံး ရလဒ်ကောင်းတွေ ထုတ်ပေးနိုင်ပါစေ” ဟု စိတ်ထဲမှ ဆုတောင်းနေမိသည်။ ရှောင်းယီ၏ အမြင်တွင် မသေမျိုးမျိုးနွယ်စု ပြဿနာကို အမြစ်ပြတ်ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ရင်းမြစ်ကို ဖြတ်တောက်လိုက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ထိုဟင်းလင်းပြင်အက်ကွဲကြောင်းကို မဖြစ်မနေ ပိတ်ပစ်ရမည် ဖြစ်သည်။

ရှောင်းယီ ဗီလာသို့ ပြန်ရောက်လာသောအခါ အန်းယွဲ့နှင့် အခြားသူများ ရှိနေသေးသည်ကို တွေ့လိုက်ရသဖြင့် မေးလိုက်သည်။

“ဦးလေးအန်း လော့လင်တန်တို့ ပြန်သွားကြပြီလား။”

“အင်း ပြန်သွားကြပြီ။ ရော်ဂျာတော့ ကျန်ခဲ့တယ်။ သူနေဖို့နေရာလည်း စီစဉ်ပေးထားပြီးပြီ။ အခုလောလောဆယ်တော့ သူက အခြေခံတန်းမှာ ငါတို့ရဲ့စာအရေးအသားနဲ့ တခြားအခြေခံဘာသာရပ်တွေကို သင်ယူလိမ့်မယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“လောလောဆယ်တော့ အဲ့အတိုင်းပဲ ထားလိုက်ရအောင်။ နောက်ပြီး မကြာသေးခင်က တိုပီဒို ဝယ်ယူမှုတွေ အများကြီးရှိသေးလား။”

“ဒီနေ့တော့ ပုံမှန်ထက် နည်းနည်းပိုများတယ်။”

ကျန်းရွှဲ့ ပြန်ဖြေလိုက်သည်။

တိုပီဒိုများသည် စစ်ဘက်ဆိုင်ရာရိက္ခာများဖြစ်သဖြင့် လက်ရှိတွင် စစ်တပ်က တိုက်ရိုက်စီမံခန့်ခွဲနေခြင်းဖြစ်သည်။

“SSS အဆင့် ရောက်တဲ့လူတွေ ပိုများလာတာ ဖြစ်မယ်။”

ရှောင်းယီက မှတ်ချက်ပေးလိုက်သည်။

လက်ရှိတွင် အဓိကခြိမ်းခြောက်မှုမှာ မသေမျိုးမျိုးနွယ်စုများပင် ဖြစ်နေသေးသည်။ အချို့သော ဒေသခံမျိုးနွယ်စုများမှာ ၎င်းတို့နှင့် ပူးပေါင်းနေကြသော်လည်း လူနည်းစုသာဖြစ်သည်။

အခြားမဟာမိတ်အဖွဲ့များ၏ သတင်းပေးပို့ချက်များအရ မသေမျိုးမျိုးနွယ်စု၏ သင်္ဘောအရေအတွက်မှာ တည်ငြိမ်နေဆဲပင်။ ကမ္ဘာ့စည်းမျဉ်းများက ၎င်းတို့အတွက် သင်္ဘောအရေအတွက် စုစုပေါင်းကို နေ့စဉ် ပုံသေသတ်မှတ်ပေးထားပုံရပြီး ရုတ်တရက် အရေအတွက် ထိုးတက်လာခြင်းမျိုး မရှိပေ။ ထို့ကြောင့် ဤပိုလျှံနေသော တိုပီဒိုဝယ်ယူမှုများသည် အခြေခံအားဖြင့် ရှေးဦး ဧရာမသားရဲကြီးများကို ကိုင်တွယ်ရန်အတွက်သာ ဖြစ်ပေလိမ့်မည်။

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ ရှောင်းယီသည် ကျန်းယွင်ထျန်းနှင့် ဒူခန်းကို ကြည့်ပြီး ပြုံးကာ မေးလိုက်သည်။

“မင်းတို့ နှစ်ယောက်ကော ဘာမှ မထူးသေးဘူးလား။”

ကျန်းယွင်ထျန်းနှင့် ဒူခန်းတို့မှာ ကူကယ်ရာမဲ့စွာဖြင့် ပခုံးသာ တွန့်ပြလိုက်ကြသည်။ ၎င်းတို့သည်လည်း SSS အဆင့်သို့ အမြန်ဆုံး ရောက်ရှိလိုကြသည်။ အဆင့်မြင့်ရိက္ခာများကိုလည်း နည်းနည်းလေးစားခဲ့သည်မဟုတ်သော်လည်း အဆင့်တက်ရန် ခြေတစ်လှမ်းအလိုတွင်သာ ရှိနေကြသေးသည်။

“ကောင်းပါပြီ...။ အားလုံးပဲ စောစောနားကြပါ။”

ထိုသို့ပြောကာ ရှောင်းယီသည် တတိယထပ်ရှိ သူ၏အခန်းသို့ တက်သွားခဲ့လိုက်တော့သည်။

အခန်းထဲသို့ ပြန်ရောက်သောအခါ ရှောင်းယီသည် ဖုန်းကို ထပ်ဖွင့်ကြည့်လိုက်သည်။

“တောက်... သူဌေး ပြောတာ အရမ်းမှန်တယ်။ သူတို့က ငါတို့ကို လုံးဝ ဂရုမစိုက်ဘူး။ ငါတို့ လေဟာနယ်တံခါးထဲကို တစ်ခါလောက် ထိုးဖောက်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ ပြန်အနှင်ထုတ်ခံလိုက်ရတယ်။”

“ငါတို့ဆီမှာလည်း အတူတူပဲ။ ငါတို့ သတင်းစကား ပို့လိုက်ပေမဲ့ ပင်လယ်ထဲ ကျောက်ခဲပစ်ချလိုက်သလိုပဲ ဘာထူးခြားမှုမှ မရှိဘူး။ ဘယ်သူမှ လှည့်မကြည့်ကြဘူး။”

“ထားလိုက်ပါတော့။ ငါတို့လည်း အပေါက်ဝမှာပဲ ရိုးရိုးသားသား ပိတ်ဆို့ထားလိုက်တော့မယ်။”

“အပေါက်ဝကိုတောင် မပိတ်နိုင်သေးတဲ့လူတွေဆိုရင် ဘာမှတောင် မပြောရဲကြဘူး။”

“ဟုတ်တယ်။ အပေါက်ဝတောင် မပိတ်နိုင်သေးတော့ အထဲကို ထိုးဖောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အပြင်မှာရှိတဲ့ မသေမျိုးတွေကို ကိုင်တွယ်ရတာနဲ့တင် အတော်လေး တိုင်ပတ်နေပြီ။”

“ဒါပေမဲ့ လေဟာနယ်တံခါးရဲ့ တခြားတစ်ဖက်က ကမ္ဘာကိုတော့ ငါ တော်တော်စိတ်ဝင်စားမိတယ်။ အဲ့ဒါကြောင့် သူဌေးတို့ဆီကို သွားပြီး တစ်ချက်လောက် ကြည့်ဖို့ စီစဉ်ထားတယ်။”

“ငါလည်း လိုက်မယ်။ ငါ့ကိုပါ ထည့်တွက်လိုက်။”

ရှောင်းယီက ထိုအချိန်တွင် ဝင်ပြောလိုက်သည်။

“ကျုပ်တို့ဘက်ကို လာမယ်ဆိုရင်တော့ ကျုပ်တို့ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာရပါမယ်။”

“စိတ်ချပါ သူဌေး။ ကျုပ်တို့ ယီရန်ပင်းရဲ့ စည်းမျဉ်းတွေအတိုင်း သေချာပေါက် လိုက်နာပါ့မယ်။”

“ဟုတ်တယ်...ကျွန်တော်တို့ အားလုံး သိပါတယ်။ သူဌေး ဘယ်နေရာမှာ လူစုရမလဲ။”

“အပန်းဖြေစခန်းရှိတဲ့ ပင်မကျွန်းကြီးပေါ်မှာပဲလား။ ဒါဆိုရင် ကျုပ်တို့ သွားလည်တဲ့အခါ အပန်းဖြေစခန်းမှာပါ တစ်ခါတည်း အပန်းဖြေလို့ရတာပေါ့။”

ရှောင်းယီက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။

“ပင်မကျွန်းကြီးပေါ်မှာပါပဲ။ အပန်းဖြေစခန်းမှာ လူစုပြီး စာရင်းပေးသွင်းကြပါ။ ခင်ဗျားတို့ကို ခေါ်သွားဖို့ လူစီစဉ်ပေးထားမယ်။ ကြည့်လို့ဝရင် အပန်းဖြေစခန်းကိုပဲ ပြန်ပို့ပေးပါ့မယ်။”

“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် သူဌေး။”

လူတိုင်းက တညီတညွတ်တည်း ပြန်ပြောလိုက်ကြသည်။

ထို့နောက် ရှောင်းယီက အန်းယွဲ့ထံသို့ သီးသန့်စာတစ်စောင် ပို့လိုက်သည်။

“ဦးလေးအန်း လေဟာနယ်တံခါးဆီ သွားချင်တဲ့လူတွေအတွက် စီစဉ်ပေးလိုက်ပါဦး။”

“ကောင်းပါပြီ။ ငါ အခုချက်ချင်း စီစဉ်လိုက်မယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

မကြာမီပင် စပ်စုချင်ကြသော လူအုပ်ကြီးမှာ ယီရန်ပင်း မဟာမိတ် အပန်းဖြေစခန်းရှိ ရင်ပြင်သို့ ရောက်ရှိလာကြပြီး အလွန်ထင်ရှားသော ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရသည်။

၎င်းတွင် ‘လေဟာနယ်တံခါးလေ့လာရေးခရီးစဉ်အတွက် စာရင်းပေးသွင်းရန်နေရာ’ ဟု ရေးသားထားသည်။

လူတိုင်း ချက်ချင်းပင် လျှောက်သွားလိုက်ကြသည်။ စာရင်းသွင်းပြီးနောက် သူတို့သည် မြို့ပြန်ကျောက်တုံးတစ်ခုစီ ရရှိခဲ့ကြသည်။ ထိုကျောက်တုံးကို အသုံးပြုခြင်းဖြင့် သူတို့သည် လေဟာနယ်တံခါးအနီးသို့ ရောက်ရှိသွားမည်ဖြစ်သည်။

အကွာအဝေးမှာ အတော်လှမ်းသဖြင့် ကားဖြင့်သွားလျှင် အနည်းဆုံး ငါးနာရီ သို့မဟုတ် ခြောက်နာရီခန့် ကြာမြင့်မည်ဖြစ်သည်။ ထို့ကြောင့် တည်နေရာကူးပြောင်းလိုက်ခြင်းက ပို၍ အဆင်ပြေပြီး တည်နေရာကူးပြောင်းခကို လာရောက်လည်ပတ်သူများကပင် ကုန်ကျခံရမည်ဖြစ်သည်။

ထိုလူများ ရောက်ရှိလာသောအခါ မြို့ရိုးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုစဉ် သူတို့ကို ဦးဆောင်လာသူက မိတ်ဆက်ပေးလိုက်သည်။

“ဒါက ဒီလေဟာနယ်တံခါးကို စောင့်ကြပ်ဖို့ ပိုလွယ်အောင် ကျုပ်တို့ တည်ဆောက်ထားတဲ့ မြို့ရိုးပါ။ အခု လေဟာနယ်တံခါးကို အပိုင်သိမ်းပြီးပြီဆိုတော့ ဒီမြို့ရိုးက သိပ်ပြီး အသုံးမလိုတော့ပါဘူး။ ကောင်းပြီ... ကျုပ်နောက် လိုက်ခဲ့ကြပါ။”

ထိုသူမှာ ဧည့်လမ်းညွှန်တစ်ယောက်ကဲ့သို့ပင် ပြုမူနေခဲ့သည်။

လူတိုင်းမှာလည်း ခရီးထွက်လာသည့်အတိုင်း ခံစားနေရသည်။ ထိုလူ၏နောက်မှ မြို့တံခါးကို ဖြတ်ကျော်ဝင်ရောက်လိုက်သောအခါ ဧရာမလေဟာနယ်တံခါးကြီးကို တွေ့လိုက်ကြရသည်။

သူတို့ အံ့အားသင့်သွားသည်မှာ လေဟာနယ်တံခါး၏ ရှေ့တွင် စက်ရုပ် ၁၀ ကောင်သည် ၎င်းတို့လက်ထဲရှိ ကိရိယာများကို အဆက်မပြတ် အသုံးပြု၍ အလုပ်လုပ်နေခြင်းဖြစ်သည်။

“သောက်ကျိုးနည်း... ငါ ဘာတွေ မြင်နေရတာလဲ။ စက်ရုပ်တွေလား။ သူဌေးရဲ့ ကျွန်းမှာ စက်ရုပ်တွေ တကယ်ရှိနေတာပဲ။”

“ဟဲ့... ဒါက အံ့သြစရာမှ မဟုတ်တာ။ အရင် ဗိုင်းရပ်စ်ပြဿနာတုန်းကလည်း သူဌေး ဆေးဘက်ဆိုင်ရာ စက်ရုပ်တွေကို စေလွှတ်ပေးခဲ့တာပဲလေ။”

“ဒါပေမဲ့ အရင်တစ်ခေါက်က တစ်ကောင်တည်းရှိတာ။ အခု ဒီမှာက ၁၀ ကောင်တောင်လေ။”

“မင်းတို့ကတော့ သေးသေးလေးကို အကြီးကြီးလုပ်နေတော့တာပဲ။ ယီရန်ပင်း မဟာမိတ် ဆေးရုံကို မရောက်ဖူးတာ သိသာတယ်။”

“ငါက ကျန်းမာရေး အကောင်းကြီး။ ဆေးရုံကို ဘာသွားလုပ်ရမှာလဲ။”

“အဲ့ဒါလည်း ဟုတ်တာပဲ။ ဒါပေမဲ့ ငါပြောချင်တာက မင်းသာ အဲ့ဒီဆေးရုံကို ရောက်ဖူးရင် အခုလောက် အံ့သြနေမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီဆေးရုံက ဆရာဝန်တွေ အားလုံးက စက်ရုပ်တွေချည်းပဲ။”

“ချီး... အဲ့ဒီလောက်တောင် သိပ္ပံစိတ်ကူးယဉ် ဆန်တာလား။ သူဌေးကတော့ တကယ်လန်းတာပဲ။”

ထိုစဉ် ဧည့်လမ်းညွှန်က ကြားဖြတ်ပြောလိုက်သည်။

“ကောင်းပြီ... အားလုံးပဲ ကျုပ်နောက်က လိုက်ခဲ့ကြပါ။ ဆက်သွားရအောင်။”

လူတိုင်းမှာ လေဟာနယ်တံခါးနှင့် အနီးကပ် ထိတွေ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် လေဟာနယ်တံခါး၏ နံရံကို စပ်စုချင်စိတ်ဖြင့် လိုက်စမ်းကြည့်လိုက်ကြသည်။ ထူးထူးခြားခြား ခံစားချက်တော့ မရှိဘဲ အနည်းငယ် မာကျောနေရုံသာဖြစ်သည်။

လေဟာနယ်တံခါးကို ဖြတ်ကျော်လိုက်သောအခါ မြင်ကွင်းမှာ ရုတ်တရက် ကျယ်ပြောသွားခဲ့သည်။ ညအချိန် ဖြစ်သဖြင့် ပတ်ဝန်းကျင် ရှုခင်းများကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

“ဒါကတော့ မသေမျိုးမျိုးနွယ်စုတွေကို တိုက်ခိုက်နေတဲ့ ရှေ့တန်းမျက်နှာစာပဲ။ ဟိုဘက်က သေနတ်သံတွေ ကြားနေရတဲ့ဘက်က ဒီနေ့ နေ့ခင်းကတင် ကျုပ်တို့ သိမ်းပိုက်လိုက်တဲ့ သရဲတံခါးတောင်ကြားပဲ။”

ဧည့်လမ်းညွှန်က ဆက်လက် ရှင်းပြလိုက်သည်။

“လာကြ...သရဲတံခါးတောင်ကြားဆီ သွားပြီး မသေမျိုး စစ်တပ်ကြီးက ဘယ်လိုပုံစံလဲဆိုတာ သွားကြည့်ရအောင်။”

အားလုံးက ဧည့်လမ်းညွှန်နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။ သရဲတံခါးတောင်ကြား၏ ရှုရပ်စင်ပေါ်သို့ တက်လိုက်သောအခါ အားလုံးမှာ အသက်ရှူမှားသွားကြသည်။

“အဲ့... အဲ့လောက်တောင် များတာလား။”

“ဒါကို ကြည့်ပြီဏ္ဌ ငါတို့ မဟာမိတ်တွေ ရင်ဆိုင်နေရတာက ဘာမှမဟုတ်သေးပါလားလို့တောင် ခံစားရလိုက်ရပြီ။”

“ငါတို့ လေဟာနယ်တံခါးထဲကို ဇွတ်ထိုးဝင်ဖို့ ကြိုးစားတာ မအောင်မြင်ခဲ့တာ ကံကောင်းတာပဲ။ တကယ်လို့သာ ဝင်လာမိရင် ဒီမှာတင် အသက်ပျောက်ကုန်ကြမှာ သေချာတယ်။”

“ဟုတ်တယ်။ ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲမျိုးကို ယီရန်ပင်း မဟာမိတ်အဖွဲ့ပဲ ခံနိုင်ရည်ရှိလိမ့်မယ်။”

“တော်ပြီ... ငါတော့ ကိုယ့်အိမ်ကိုယ်ပဲ ငြိမ်ငြိမ်လေး စောင့်ရှောက်တော့မယ်။ တန်ပြန်တိုက်စစ်ဆင်တာကိုတော့ သူဌေးဆီပဲ လွှဲပေးလိုက်တော့မယ်။”

သူတို့ရှေ့မှ သရဲတံခါးတောင်ကြား တိုက်ပွဲကို ကြည့်ရင်း ရှေ့တန်းမျက်နှာစာတွင် တိုက်ပွဲများ မည်မျှ ပြင်းထန်ကြောင်း အားလုံး သဘောပေါက်သွားခဲ့ကြသည်။

အခြားမဟာမိတ်အဖွဲ့များမှ အသက်ရှင်ကျန်ရစ်သူများ လေဟာနယ်တံခါး၏ တခြားတစ်ဖက်ရှိ ကမ္ဘာသို့ လည်ပတ်နေစဉ်အတွင်း ရှောင်းယီမှာမူ အိပ်ပျော်နေခဲ့ပြီဖြစ်သည်။

နောက်တစ်နေ့တွင် ရှောင်းယီ နိုးလာသောအခါ ချက်ချင်းပင် လက်မှတ်ထိုးဝင်လိုက်သည်။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် -...”

အခန်း ၁၁၀၄- ကာကွယ်ရေး ဝတ်စုံနှင့် လေဟာနယ်တံခါး၏တည်နေရာကို တစ်ကျော့ပြန်တွေ့ရှိခြင်း

“လေဟာနယ် အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ်- ကာကွယ်ရေးဝတ်စုံ ပုံစံခွက် (SSS အဆင့်) ၁။”

“ကာကွယ်ရေးဝတ်စုံ ဟုတ်လား။”

ရှောင်းယီမှာ အနည်းငယ် မှင်တက်သွားခဲ့သည်။

“ငါအခု ဝတ်ထားတဲ့ ကိုယ်ကျပ်ဝတ်စုံနဲ့ အမျိုးအစားအတူတူပဲလား။”

“စွမ်းဆောင်ရည်ကတော့ အနည်းငယ် ပိုအားနည်းပါတယ်။”

စနစ်က ရှောင်းယီကို ပြန်ဖြေလိုက်သည်။

“နည်းနည်း အားနည်းတာလား။ ဒါဆိုလည်း အဆင်ပြေပါတယ်။ အခုလို တိုက်ပွဲတွေ ခဏခဏဖြစ်နေတဲ့အချိန်မှာ ဒီဝတ်စုံကို ဝတ်ထားမယ်ဆိုရင် ငါတို့ မဟာမိတ်စစ်သည်တွေရဲ့ သေဆုံးဒဏ်ရာရနှုန်းကို သိသိသာသာ လျှော့ချပေးနိုင်လိမ့်မယ်။”

ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။

ထို့နောက် သူ ထရပ်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ထိုပုံစံခွက်ကို အသုံးပြုလိုက်တော့သည်။ ထုတ်လုပ်ရေးမျက်နှာပြင်ကို ကြည့်လိုက်သောအခါ ဤကာကွယ်ရေးဝတ်စုံမှာ ဦးထုပ်၊ အပေါ်အင်္ကျီ၊ လက်အိတ် စသည်ဖြင့် အပိုင်းလိုက် ခွဲခြားထားသည်ကို တွေ့လိုက်ရသည်။

၎င်းကို စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးပစ္စည်းများဟု ရိုးရိုးရှင်းရှင်း နားလည်နိုင်သော်လည်း အခြားသော အန္တရာယ်ရှိသည့် အလုပ်အကိုင်များတွင်လည်း အသုံးပြုနိုင်ပေသည်။

“ဒီဝတ်စုံက ငါ့ရဲ့ ကိုယ်ကျပ်ဝတ်စုံထက် ပိုအားနည်းရတဲ့အကြောင်းရင်းက ဒါက တစ်ဆက်တည်း မဟုတ်ဘဲ အပိုင်းပိုင်းခွဲထားလို့ မဟုတ်လား။”

ရှောင်းယီက သူ့ဘာသာ ရေရွတ်လိုက်သည်။

“ဟုတ်ပါတယ်။”

စနစ်၏ အဖြေကို ကြားလိုက်ရသောအခါ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် မျက်နှာသစ်သန့်စင်ပြီး နံနက်ခင်း လေ့ကျင့်ခန်းလုပ်ကာ နံနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

နံနက်စာ စားပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားပြီး ဝတ်စုံအတွက် လိုအပ်သော ကုန်ကြမ်းများကို စစ်ဆေးကြည့်လိုက်သည်။

“မော်လီကျူးအလေးချိန် အလွန်မြင့်မားသော ပိုလီအီသလင်း (Ultra-high-molecular-weight polyethylene) ဟုတ်လား။”

မဟာမိတ်အဖွဲ့တွင် အခြားသော ကုန်ကြမ်းများ အားလုံးရှိသော်လည်း ဤအရာနှင့် ပတ်သက်၍မူ ရှောင်းယီသည် ဓာတ်ခွဲခန်းသို့ မေးမြန်းရန် လိုအပ်သည်။

သူသည် ဖုန်းကို ကောက်ယူလိုက်ပြီး ဓာတ်ခွဲခန်းသို့ ဖုန်းဆက်လိုက်သည်။

“အခု ဓာတ်ခွဲခန်းကနေ ဒီပိုလီအီသလင်းကို ထုတ်လုပ်ပေးနိုင်ပြီလား။”

“ကျွန်းပိုင်ရှင်ကို အကြောင်းပြန်ပါတယ်။ ကျုပ်တို့ သေချာပေါက် ထုတ်လုပ်နိုင်ပါတယ်။”

ဓာတ်ခွဲခန်းရှိ ဉာဏ်ရည်တုစက်ရုပ်က ပြန်ဖြေလာခဲ့သည်။

“ငါ့အတွက် တစ်သုတ်လောက် အမြန်ဆုံး ထုတ်လုပ်ပေး။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ရှောင်းယီသည် ဘေးကင်းလုံခြုံရေးဝတ်စုံ အစုံပေါင်း တစ်ထောင်အတွက် လုံလောက်သော ကုန်ကြမ်းကို အရင်ဆုံး ထုတ်လုပ်ခိုင်းလိုက်သည်။

ထို့နောက် သူသည် လေဟာနယ်တံခါးကို ဖြတ်ကျော်ကာ မသေမျိုးမျိုးနွယ်စုများကို တိုက်ခိုက်နေသော ရှေ့တန်းမျက်နှာစာသို့ တိုက်ပွဲအခြေအနေကို စစ်ဆေးရန်နှင့် ထျန်းဝူထံမှ သတင်းထူးရှိ၊ မရှိ သိနိုင်ရန် ထွက်ခွာလာခဲ့ပြန်သည်။

......

ကောင်းကင်မိုးကြိုးအင်ပါယာသည် ၎င်းနှင့် အနီးဆုံးဖြစ်သော ရှီတုအင်ပါယာကို မနေ့ကတင် နှိမ်နင်းပြီးစီးသွားခဲ့ပြီဖြစ်သည်။

ကာဘိုင်ရိုင်ဖယ်များနှင့် စက်သေနတ်အပေါ့စားများမှ ကျည်ဆန်မိုးများအောက်တွင် ရှီတုအင်ပါယာသည် ၈ နာရီခန့်သာ ခုခံနိုင်ခဲ့ပြီး အရှုံးပေးသည့် အလံဖြူထောင်ခဲ့ရသည်။

ထိုသတင်းကို ကြားသောအခါ ကူတာအင်ပါယာနှင့် ဝမ်ကျိအင်ပါယာတို့သည် ချက်ချင်းပင် အချင်းချင်း ဆက်သွယ်လိုက်ကြသည်။

“ကောင်းကင်မိုးကြိုးအင်ပါယာက တကယ် ပြင်းထန်လွန်းတယ်။ ငါတို့ သူတို့ကို လုံးဝ တားနိုင်မှာ မဟုတ်ဘူး။ အခု အညံ့ခံလိုက်တာက ပိုမကောင်းဘူးလား။”

“မဖြစ်ဘူး...။ တိုက်ရိုက်အညံ့ခံလိုက်ရင် နောက်ပိုင်းမှာ ငါတို့ အရေးယူခံရဖို့ များတယ်။ ရှီတုအင်ပါယာရဲ့ စစ်တပ်တွေအားလုံး အဖမ်းခံလိုက်ရတယ်လို့ ငါကြားတယ်။”

“ဒါဆို ငါတို့ စင်းနန်အင်ပါယာဆီ သွားပြီး မဟာမိတ်ဖွဲ့ဖို့ ထပ်ဆွေးနွေးရင်ကော...။”

“ဒါဆိုရင်တော့ မြန်မြန်လုပ်မှဖြစ်မယ်။ မဟုတ်ရင် မဟာမိတ်ဖွဲ့ဖို့တောင် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး။”

ထိုအင်ပါယာနှစ်ခုလုံး စင်းနန်အင်ပါယာထံ သွားရန် ပြင်ဆင်နေစဉ်မှာပင် စင်းနန်အင်ပါယာမှ စေလွှတ်လိုက်သော သံတမန်တစ်ဦးမှာ ၎င်းတို့ထံသို့ အရင်ရောက်ရှိလာခဲ့သည်။

“ကျုပ်တို့ရဲ့ ဧကရာဇ်မင်းမြတ်က ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုတင်တွက်ဆထားပြီးသားပါ။ အဲ့ဒါကြောင့် ခင်ဗျားတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ အသေးစိတ်ဆွေးနွေးဖို့ ကျုပ်ကို စေလွှတ်လိုက်တာပဲ။”

သံတမန်က တည်ငြိမ်စွာ ပြောလိုက်သည်။ဧကရာဇ် ကူတာသည် သံတမန်ကို ကြည့်လိုက်သည်။

“ငါတို့ မဟာမိတ်ဖွဲ့လိုက်ရင်တောင် အနိုင်ရဖို့ အခွင့်အရေးက သိပ်မရှိဘူးလို့ ငါထင်တယ်။ စင်းနန်ဧကရာဇ်ဆီမှာ အောင်ပွဲကို အာမခံနိုင်မယ့် မှော်ရတနာ ရှိနေလို့လား။”

ဝမ်ကျိအင်ပါယာ၏ ဧကရာဇ်သည်လည်း မျှော်လင့်ချက်အပြည့်ဖြင့် စင်းနန်အင်ပါယာ သံတမန်ကို ကြည့်လိုက်သည်။

အကယ်၍ စင်းနန်အင်ပါယာတွင် ထူးခြားသော နည်းလမ်းများမရှိပါက ၎င်းတို့သုံးဦး ပူးပေါင်းလျှင်ပင် အားသာချက် အများကြီးရှိမည် မဟုတ်ပေ။ မျှော်လင့်ချက် ရောင်ခြည်လေးကို ရှာတွေ့နိုးဖြင့်သာ ရုန်းကန်ကြရပေလိမ့်မည်။

စင်းနန်အင်ပါယာ၏ သံတမန်က ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒါပေါ့...ရှိတာပေါ့။ ဒါကို ကြည့်လိုက်ပါ။”

သံတမန်သည် အနည်းငယ် ညှိုးခြောက်နေသော သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ဖြည်းညှင်းစွာ ဖွင့်ပြလိုက်သည်။

ဧကရာဇ်နှစ်ပါးစလုံးမှာ ထိုအရာက ဘာလဲဆိုသည်ကို သိလိုသဖြင့် သံတမန်၏လက်ဖဝါးကို စူးစိုက်ကြည့်လိုက်ကြ၏။

သံတမန်၏ လက်ဖဝါး အပြည့်အဝ ပွင့်သွားသောအခါ အထဲတွင် နက်မှောင်သော အရောင်ရှိပြီး အနုစိတ်ပုံစံများ ထွင်းထုထားသည့် ကျောက်တုံးတစ်တုံး ရှိနေသည်ကို တွေ့လိုက်ရသည်။

အကယ်၍ ရှောင်းယီသာ ဤနေရာတွင် ရှိနေပါက ဤအရာမှာ မသေမျိုးမျိုးနွယ်စု ၏ လေဟာနယ်တံခါး တည်နေရာပြ ကျောက်တုံးဖြစ်ကြောင်း ချက်ချင်း သိရှိပေလိမ့်မည်။

သို့သော် ကူတာအင်ပါယာနှင့် ဝမ်ကျိအင်ပါယာမှ ဧကရာဇ်နှစ်ပါးမှာမူ ဤအရာကို တစ်ခါမျှ မမြင်ဖူးကြပေ။ ၎င်းတို့က မျက်မှောင်ကြုတ်လျက် “ဒါက ဘာလဲ” ဟု မေးလိုက်ကြသည်။

သံတမန်က တဟားဟား ရယ်မောလိုက်ပြီးနောက် ၎င်းတို့ရှေ့ရှိ အနက်ရောင်ကျောက်တုံးမှာ ရုတ်တရက် ကွဲအက်သွားတော့သည်။

ဘေးနားရှိ ကိုယ်ရံတော်များမှာ ချက်ချင်းပင် ဧကရာဇ်နှစ်ပါး၏ ရှေ့တွင် ကာကွယ်ရန် ပြေးဝင်လာကြပြီး သံတမန်ကို သတိကြီးစွာဖြင့် စောင့်ကြည့်လိုက်ကြသည်။

ထို့နောက် ကွဲအက်သွားသော ကျောက်တုံးနေရာတွင် ဧရာမ လေဟာနယ်တံခါးကြီးတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာတော့သည်။ ကိုယ်ရံတော်များမှာ ဧကရာဇ်များကို အနောက်ဘက်သို့ အမြန် ဆွဲထုတ်သွားလိုက်ကြရသည်။

ခြောက်သွေ့နေသောသစ်ပင်ကဲ့သို့ အရေပြားရှိသော အနက်ရောင် လူသားသဏ္ဌာန် သတ္တဝါတစ်ကောင်မှာ လေဟာနယ်တံခါးအတွင်းမှ တွားသွား၍ ထွက်လာခဲ့သည်။ ၎င်းမှာ ရှောင်းယီ အရင်က သတ်ခဲ့ဖူးသော ဂူးလ်နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။

“ဒါက မသေမျိုးမျိုးနွယ်စုရဲ့ လေဟာနယ်တံခါးပဲ။ စစ်တပ်ကို ချက်ချင်း စုစည်းပြီး ဒီနေရာရာ ပိတ်ဆို့လိုက်ကြစမ်း။”

ဧကရာဇ် ကူတာတစ်ယောက် နောက်ဆုံးတွင် အခြေအနေကို သဘောပေါက်သွားတော့သည်။

ပတ်ဝန်းကျင်ရှိ အင်ပါယာစစ်သည်များမှာ ပြေးဝင်လာကြပြီး လေဟာနယ်တံခါးအတွင်းမှ ထွက်ပေါ်လာသော ဂူးလ်များကို ချက်ချင်းပင် ပစ်ခတ်ကြတော့သည်။

“ဒိုင်း... ဒိုင်း... ဒိုင်း...”

နန်းတွင်း ကိုယ်ရံတော်များ၏ လက်ထဲရှိ လက်နက်များမှာ ခြောက်လုံးပြူးများ ဖြစ်ကြသည်။ ၎င်းတို့သည် လေပြာအင်ပါယာထံမှ အတော်များများ ဝယ်ယူထားပုံရသည်။

ဤမျှနီးကပ်သော အကွာအဝေးတွင် ထိုဂူးလ်မှာ ငါးချက်ခန့် အပစ်ခံရပြီးမှ လဲကျသွားခဲ့သည်။

သို့သော် ဤဂူးလ်တစ်ကောင် ထွက်ပေါ်လာခြင်းမှာ မသေမျိုးမျိုးနွယ်စု၏ ထိုးစစ်ဆင်နွှဲမှု ခရုသင်းကို မှုတ်လိုက်သကဲ့သို့ပင် ဖြစ်သွားပြီး လေဟာနယ်တံခါးအတွင်းမှ ဂူးလ်များမှာ အဆက်မပြတ် အုံလိုက်ကျင်းလိုက် တိုးထွက်လာကြတော့သည်။

စစ်သည်များ၏ လက်ထဲရှိ ခြောက်လုံးပြူးများမှာ ကျည်ဆန် ၆ တောင့်ကိုသာ ဆက်တိုက် ပစ်နိုင်ပြီး ကျည်ပြန်ဖြည့်ရန် ရပ်နားကြရသည်။

လေဟာနယ်တံခါးအတွင်းရှိ ဂူးလ်အရေအတွက်မှာ များလွန်းလှသဖြင့် ၎င်းတို့သည် ကိုယ်ရံတော်များထံသို့ ရူးသွပ်စွာ ပြေးဝင်လာကြတော့သည်။ ဧကရာဇ်နှစ်ပါးမှာမူ ဘေးလွတ်ရာသို့ အလျင်အမြန် ပို့ဆောင်ခြင်း ခံလိုက်ရပြီဖြစ်သည်။

“ဒါတွေက ဘာတွေလဲ။ စင်းနန်အင်ပါယာကလည်း မသေမျိုးတွေရဲ့ ကျူးကျော်တာကို ခံလိုက်ရတာလား။”

“ကံကောင်းလို့ သူက အရင်ဖော်ပြလိုက်တာ။ ငါတို့သာ စင်းနန်အင်ပါယာကို သွားမိရင် ပြန်လာနိုင်မှာ မဟုတ်တော့ဘူး။”

“ဒါပေမဲ့ အခု ငါတို့ ဘာလုပ်ကြမလဲ။ ကောင်းကင်မိုးကြိုးအင်ပါယာက ငါတို့ကို တိုက်တော့မယ်။ အခုလည်း မသေမျိုးတွေ ပေါ်လာပြန်ပြီ။ ဒါက လုံးဝ အနိုင်မတိုက်နိုင်တဲ့ အနေအထားပဲ။”

“ဟူး... တခြားနည်းလမ်း မရှိတော့ဘူး။ ငါကတော့ အရင်ဦးဆုံး အညံ့ခံပြီး သက်ညှာပေးဖို့ တောင်းဆိုလိုက်တော့မယ်။”

ဝမ်ကျိဧကရာဇ်က အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်သည်။

“မင်းလည်း ငါနဲ့အတူ ကောင်းကင်မိုးကြိုးအင်ပါယာဆီ လိုက်ခဲ့ပြီး အညံ့ခံဖို့ အကြံပေးချင်တယ်။ ကောင်းကင်မိုးကြိုးအင်ပါယာက မင်းရဲ့ ဘိုးဘေးစဉ်ဆက် အမွေအနှစ်တွေကိုတောင် ကာကွယ်ပေးနိုင်ရင် ပေးနိုင်မှာပါ။”

“ဒါပေမဲ့ ဘုရင် လော့လင်တန်က ဒီမသေမျိုးတွေကို သုတ်သင်ဖို့ တကယ်ပဲ စစ်တပ်လွှတ်ပေးပါ့မလား။”

ဧကရာဇ် ကူတာက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“သူ လုပ်မှာပါ။ ဒါပေမဲ့ အခု မင်းမှာ တခြားရွေးချယ်စရာ ရှိလို့လား။”

ဝမ်ကျိဧကရာဇ်က ပြန်မေးလိုက်သည်။

“မြန်မြန်ဆုံးဖြတ်ပါ။ စောလေ ကောင်းလေပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီမသေမျိုးတွေက မင်းကို ထိုင်စောင့်နေမှာ မဟုတ်ဘူး။”

“ဟူး... သွားကြတာပေါ့။ အခုချက်ချင်း ကောင်းကင်မိုးကြိုးအင်ပါယာဆီကို သွားကြမယ်။”

ဧကရာဇ် ကူတာမှာ သက်ပြင်းချလျက် ပြတ်သားစွာ ဆုံးဖြတ်လိုက်တော့သည်။

မထွက်ခွာမီ ဧကရာဇ် ကူတာသည် မသေမျိုးများ နန်းတော်ထဲမှ ဖောက်ထွက်မလာနိုင်စေရန် နန်းတွင်းစောင့်တပ်များကို စစ်သားများ တတ်နိုင်သမျှ အမြန်ဆုံး စုစည်းရန် အမိန့်ပေးခဲ့သည်။

မကြာမီပင် ဧကရာဇ်နှစ်ပါးမှာ တည်နေရာကူးပြောင်းခြင်းအစီအရင်ဖြင့် ကောင်းကင်မိုးကြိုးအင်ပါယာဘက်သို့ ရောက်ရှိလာခဲ့ကြလေသည်။

အစီအရင်နေရာရှိ စစ်သည်များမှာ ၎င်းတို့နှစ်ဦးထံသို့ လက်နက်များဖြင့် ချက်ချင်း ချိန်ရွယ်လိုက်ကြသည်။ အကြောင်းမှာ ၎င်းတို့သည် အချင်းချင်း စစ်ကြေညာထားကြသူများ ဖြစ်သောကြောင့်ပင်။

“ငါတို့ ငြိမ်းချမ်းရေးအတွက် လာတာပါ။”

ဝမ်ကျိဧကရာဇ်က ဆိုသည်။

“ငါတို့ ဘုရင် လော့လင်တန်နဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်။”

“တားမြစ်ပစ္စည်းတွေ ပါ၊ မပါ ရှာဖွေလိုက်ကြ။”

ဘေးနားရှိ တပ်ကြပ်ကြီးက အမိန့်ပေးလိုက်ပြီးနောက် ဖုန်းကို ထုတ်ယူကာ အထက်လူကြီးများထံ ဆက်သွယ်လိုက်သည်။

“ဧကရာဇ် ကူတာနဲ့ ဝမ်ကျိဧကရာဇ် ရောက်နေပါတယ်။ သူတို့ ငြိမ်းချမ်းရေးအတွက် ရောက်လာတာပါ။ ဟုတ်ကဲ့... ဟုတ်ကဲ့...သူတို့ကို အဲ့ဒီဘက် ပို့ပေးဖို့ စီစဉ်လိုက်ပါ့မယ်။”

ဖုန်းဖြင့် အကြောင်းကြားပြီးနောက် တပ်ကြပ်ကြီးသည် ရှာဖွေစစ်ဆေးပြီးသားဖြစ်သော ဧကရာဇ်နှစ်ပါးကို ကြည့်ကာ ဆိုလိုက်သည်။

“ကျုပ်တို့ရဲ့ ဧကရာဇ်မင်းမြတ်က ခင်ဗျားတို့ကို ဖိတ်ကြားလိုက်ပါတယ်။ ကားပေါ်တက်ပါ။”

ထိုစဉ် စစ်သည်သယ်ယူပို့ဆောင်ရေး ကားတစ်စီး မောင်းနှင်လာခဲ့သည်။ ဤကားကို လော့လင်တန်က မနေ့ကတင် ယီရန်ပင်း မဟာမိတ်အဖွဲ့ထံမှ ဝယ်ယူထားခြင်း ဖြစ်သည်။

All Chapters