← Chapters

အခန်း (၁၁၀၇-၁၁၀၈)

Vol. 94 Ch. 1107-1108

အခန်း (၁၁၀၇-၁၁၀၈)

Vol. 94 Ch. 1107-1108

အခန်း ၁၁၀၇- လေဟာနယ်တံခါးအထိ ပြန်လည်တွန်းထုတ်ခြင်းနှင့် ကာကွယ်ရေးဝတ်စုံ၏ စွမ်းပကား

ကိုယ်ရံတော်၏ အော်ဟစ်သံကို ကြားသောအခါ ရှောင်းယီနှင့် အခြားသူများမှာ နန်းတော်ဝင်းအတွင်းသို့ ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။ နန်းတော်ထဲမှ ဂူးလ်များသည် မသေမျိုး လေဟာနယ်တံခါးရှိရာသို့ အမှန်တကယ်ပင် ဆုတ်ခွာနေကြသည်။

အတိတ်ကာလတွင် မသေမျိုးများသည် ခံစစ်ကြောင်းများကို မဆင်မခြင် ဇွတ်အတည် တိုးဝှေ့တိုက်ခိုက်လေ့ရှိရာ ယခုကဲ့သို့ မိမိအလိုအလျောက် နောက်ဆုတ်သွားခြင်းမှာ အလွန်ပင် ထူးဆန်းလှသည်။

“သူတို့ကို သွားစမ်းကြည့်လိုက်။ သတိတော့ထား။”

ရှောင်းယီက လေသံနှိမ့်၍ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ...။”

ဂရိုးက တုံ့ပြန်လိုက်ပြီး သူ၏လက်အောက်ငယ်သားများကို ခေါ်ဆောင်ကာ မြို့ရိုးပေါ်မှခုန်ဆင်း၍ နန်းတော်ဝင်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။

၎င်းတို့ နန်းတော်ထဲသို့ ခြေချလိုက်သည်နှင့် ထိုဂူးလ်များသည် လေဟာနယ်တံခါးထဲမှ တစ်ကျော့ပြန် ပြေးထွက်လာကြပြန်သည်။ မြို့ရိုးပေါ်မှ ပစ်ကူပေးနေသော ပစ်အား၏ အကာအကွယ်အောက်တွင် ဂရိုးသည် နန်းတော်ထဲမှ တစ်ဖန် ပြန်လည် ဆုတ်ခွာလာခဲ့ရသည်။

“ကျွန်းပိုင်ရှင် အထဲကို ထိုးဖောက်လို့ မရဘူး။ မြို့ရိုးရဲ့ အကူအညီမပါဘဲနဲ့တော့ သူတို့ အရေအတွက်က များလွန်းတယ်။ စက်သေနတ်တွေ ပိုမရှိရင်တော့ ကျုပ်တို့ အနိုင်ရဖို့ အခွင့်အရေး မရှိဘူး။”

ဂရိုးက ပြန်လာပြီး အစီရင်ခံလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“တစ်ဖက်လူက မလောဘူးဆိုရင် ငါတို့လည်း လောနေစရာ မလိုဘူး။ လောလောဆယ် စစ်သားတွေကို အနားပေးလိုက်ဦး။”

“ဟုတ်ကဲ့ပါ...။”

ဂရိုးနှင့် ဧကရာဇ် ကူတာတို့က တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။

ထိုအချိန်တွင် ရှောင်းယီ စီစဉ်ထားသော စက်သေနတ် တစ်ထောင်မှာ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ စက်သေနတ်အပေါ့စားများကို ထုတ်လုပ်ရန်မှာ မြန်ဆန်သော်လည်း တည်နေရာကူးပြောင်းခြင်စအစီအရင်မှ နန်းတော်သို့ ရောက်ရန်မှာ အကွာအဝေးတစ်ခု ရှိနေဆဲပင်။

ဤအချိန်တွင် ကူတာအင်ပါယာ၏ တော်ဝင်မြို့တော်တစ်ခုလုံးမှာ စစ်အုပ်ချုပ်ရေး အောက်သို့ ရောက်ရှိသွားခဲ့သည်။ နန်းတော်ကို မသေမျိုးများ သိမ်းပိုက်ထားကြောင်း လူတိုင်းလည်း သိနေကြသဖြင့် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သို့သော် သေနတ်သံများ စဲသွားသည်နှင့်အမျှ လူများသည် အခြေအနေကို ကြည့်ရှုရန် ပြတင်းပေါက်များသို့ စုရုံးလာကြ၏။ နောက်ပိုင်းမှ ရောက်ရှိလာသော စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်များနှင့် စက်သေနတ်များကို မြင်သောအခါ သူတို့၏ စပ်စုချင်စိတ်မှာ ပိုမိုပြင်းထန်လာတော့သည်။

“အဲ့ဒါတွေက ဘာတွေလဲ။ အရမ်းမြန်တာပဲ။ အပေါ်က ဟာတွေက မီးခတ်သေနတ်တွေနဲ့ တူတယ်။”

“ငါတို့ အရင်က မြင်ဖူးတဲ့ မီးခတ်သေနတ်တွေထက်တော့ နည်းနည်း ပိုတိုသလိုပဲ။”

“ဘာပဲဖြစ်ဖြစ်ပါ။ အဲ့ဟာတွေက မသေမျိုးတွေကို မောင်းထုတ်ပေးနိုင်ရင် တော်ပါပြီ။ မသေမျိုးတွေက ကြောက်စရာကောင်းပြီး လူသားစားတယ်လို့ ငါကြားဖူးတယ်။”

“မင်းကြားတာက ကောင်းကင်မိုးကြိုးအင်ပါယာက ဟာတွေ ဖြစ်လိမ့်မယ်။ ငါတို့ နန်းတော်ထဲကဟာတွေက အဲ့ဒါတွေနဲ့ မတူဘူးလို့ ငါကြားတယ်။”

သူတို့ ဆွေးနွေးနေကြစဉ်မှာပင် နန်းတော်ဘက်မှ သေနတ်သံများ ပြန်လည် ပြင်းထန်လာပြန်သည်။ လူတိုင်းမှာ အပြင်တွင် စကားမပြောရဲတော့ဘဲ မိမိတို့အခန်းထဲသို့ ချက်ချင်း ပြန်ဝင်ပုန်းလိုက်ကြတော့သည်။

ထိုစက်သေနတ် တစ်ထောင်၏ အကူအညီဖြင့် ဂရိုးသည် သူ၏အဖွဲ့ကို နန်းတော်ထဲသို့ ချက်ချင်း ပြန်လည် ဦးဆောင်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ဂူးလ်များသည် ဂရိုး၏အဖွဲ့ကို မတားဆီးနိုင်တော့ပေ။ ၎င်းတို့သည် အဆက်မပြတ် နောက်သို့ တွန်းထုတ်ခြင်း ခံလိုက်ရပြီး မည်မျှပင် ထွက်လာပါစေ ကျည်ဆန်မိုးများအောက်တွင် လဲကျကုန်ကြတော့သည်။

စက်သေနတ်အပေါ့စားများ မနားတမ်း ပစ်ခတ်နေသည်ကို ကြည့်ရင်း ဧကရာဇ် ကူတာနှင့် ဝမ်ကျိဧကရာဇ်တို့မှာ မိမိတို့ကိုယ်မိမိ အလွန်ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ ကံကောင်းထောက်မစွာဖြင့် သူတို့ အညံ့ခံခဲ့သဖြင့်သာ။ မဟုတ်ပါက သူတို့မှာ အလွယ်တကူ ချေမှုန်းခံရပေလိမ့်မည်။

ထိုသို့သာဖြစ်ခဲ့လျှင် သူတို့၏ စစ်သည်များ အသက်ဆုံးရှုံးရရုံသာမက သာမန်ပြည်သူများ၏ အခြေအနေမှာလည်း ပို၍ပင် သနားစရာကောင်းနေပေလိမ့်မည်။

စစ်ပွဲဆိုသည်မှာ ရက်စက်လှပေသည်။ မည်သည့်အချိန်တွင် ဖြစ်ပွားသည်ဖြစ်စေ အမြဲတမ်း ဒုက္ခရောက်ရသူမှာ သာမန်ပြည်သူများသာ ဖြစ်သည်။ ကံကောင်းထောက်မစွာပင် ကူတာအင်ပါယာနှင့် ဝမ်ကျိအင်ပါယာတို့မှာ စစ်ပွဲဒဏ်ကို ထပ်မံ မခံစားရတော့ဘဲ လက်ရှိ အခြေအနေမှာလည်း အတော်လေး ကောင်းမွန်နေပုံရသည်။

ဤစက်သေနတ်အပေါ့စား တစ်ထောင်၏ ပံ့ပိုးမှုဖြင့် တစ်နာရီခန့်အကြာတွင် ဂရိုးသည် ဂူးလ်များကို လေဟာနယ်တံခါးရှိရာအထိ အောင်မြင်စွာ ပြန်လည်မောင်းထုတ်နိုင်ခဲ့ပြီး လေဟာနယ်တံခါးအနီးတွင် စက်သေနတ် ခံစစ်စခန်းများကို တည်ဆောက်နိုင်ခဲ့သည်။

ထို့နောက် ဂရိုးတစ်ယောက် ပြန်ရောက်လာပြီး အစီရင်ခံလိုက်သည်။

“ကျွန်းပိုင်ရှင်၊ အရှင်မင်းကြီး...ကျွန်တော်မျိုးတို့ ဂူးလ်တွေကို လေဟာနယ်တံခါးဆီအထိ ပြန်မောင်းထုတ်နိုင်ခဲ့ပါပြီ။”

ရှောင်းယီက ခေါင်းညိတ်လိုက်ပြီး ညွှန်ကြားလိုက်သည်။

“တော်ဝင်မြို့တော်က စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းလိုက်လို့ရပြီ။ နန်းတော်ထဲမှာ ကျန်နေတဲ့ မသေမျိုးတွေ ရှိ၊ မရှိ သေချာရှာဖွေပြီးရင် မဟာမိတ်အဖွဲ့ဆီကနေ ပိုးသတ်ဆေးရည်ရည်တွေဝယ်ပြီး နန်းတော်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်လိုက်ကြပါ။”

“ဟုတ်ကဲ့ပါ...။”

လော့လင်တန်က လက်ယှက် ဦးညွှတ်၍ တုံ့ပြန်လိုက်သည်။

ဘေးနားရှိ ဧကရာဇ် ကူတာနှင့် ဝမ်ကျိဧကရာဇ်တို့မှာမူ ဇဝေဇဝါ ဖြစ်နေကြသည်။ ၎င်းတို့သည် ‘ပိုးသတ်ခြင်း’၊ ‘သန့်စင်ခြင်း’ ဆိုသော စကားလုံးများကို နားမလည်ကြပေ။

ရှောင်းယီသည် ပို၍အသေးစိတ်ရှင်းပြရန် အားမထုတ်တော့ပေ။ အခွင့်အရေးရလျှင် လော့လင်တန်က သူတို့ကို ရှင်းပြလိမ့်မည် ဖြစ်သည်။

“ဒီမှာ အားလုံးအခြေကျပြီဆိုရင် စင်းနန်အင်ပါယာဆီကို တန်းတန်းမတ်မတ် ဦးတည်လိုက်တော့။”

ရှောင်းယီက တိုက်တွန်းလိုက်၏။

“သူတို့က မသေမျိုးတွေနဲ့ ပူးပေါင်းခဲ့မှတော့ အားနာနေစရာ မလိုတော့ဘူး။ သူတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ဖြိုခွင်းနိုင်ဖို့ မဟာမိတ်အဖွဲ့ဆီကနေ တိုက်လေယာဉ်အချို့ကို လွှတ်ပေးလိုက်မယ်။”

“ဟုတ်ကဲ့...။”

“နန်းတော်ထဲက ဂူးလ်တွေဆီမှာလည်း တပ်မှူးတစ်ယောက်ရှိလိမ့်မယ်။ ခုခံနေတဲ့အချိန်မှာ သတိထားကြပါ။ သူတို့နဲ့ စကားပြောနေစရာ မလိုဘူး။ ပေါ်လာတာနဲ့ ချက်ချင်း ပြန်မောင်းထုတ်လိုက်ကြ။”

ရှောင်းယီက သတိပေးလိုက်သည်။ ဧကရာဇ် ကူတာက ချက်ချင်းပင် သဘောတူလိုက်သည်။

လေဟာနယ်တံခါး၏ တခြားတစ်ဖက်တွင် တပ်မှူးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လေဟာနယ်တံခါးးကိုသာ ပိတ်ဆို့ထားနိုင်လျှင် မည်မျှပင် ထူးချွန်လှသော အစီအစဉ်များဖြစ်ပါစေ အကောင်အထည်ဖော်ရန် မဖြစ်နိုင်တော့ပေ။

ရှောင်းယီက ခေါင်းညိတ်ပြပြီးနောက် မဟာမိတ်အဖွဲ့ဆီသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။ ယခုအချိန်ဆိုလျှင် မော်လီကျူးအလေးချိန် အလွန်မြင့်မားသော ပိုလီအီသလင်းများ အတော်အတန် ထွက်ရှိနေလောက်ပြီဖြစ်သည်။

ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ မဟာမိတ်အဖွဲ့ဆီသို့ ချောမွေ့စွာ ပြန်ရောက်သွားပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ကာကွယ်ရေးဝတ်စုံများကို စတင်ထုတ်လုပ်လိုက်တော့သည်။

တစ်စုံ ထုတ်လုပ်ပြီးနောက် ရှောင်းယီ ကိုယ်တိုင် စမ်းဝတ်ကြည့်လိုက်သည်။ ၎င်းမှာ အလွန်ပေါ့ပါးပြီး ကိုယ်ကျပ်ဝတ်စုံထက်ပင် ပို၍ နေရထိုင်ရ ကောင်းမွန်သည်။ အကြောင်းမှာ ကိုယ်ကျပ်ဝတ်စုံမှာ ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်ပတ်လည် ဖုံးအုပ်ထားသော်လည်း ဤဝတ်စုံမှာမူ အစိတ်အပိုင်းများ ခွဲခြားထားသောကြောင့်ပင်။

သူသည် နောက်ထပ် ဝတ်စုံအချို့ကို ထပ်မံထုတ်လုပ်လိုက်ပြီး စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်သို့ တင်ကာ လေဟာနယ်တံခါးရှိရာသို့ မောင်းထွက်ခဲ့လိုက်သည်။

ရှေ့တန်းမှ တိုက်ပွဲမှာ ပြင်းထန်နေဆဲပင်။ ရှောင်းယီသည် ရှေ့တန်းမျက်နှာစာဆီသို့ တန်းတန်းမတ်မတ် မောင်းနှင်သွားလိုက်သည်။

တိုက်ပွဲ၏ ယမ်းခိုးများ စွဲကပ်နေသော ကျန်းယွင်ထျန်းသည် သရဲတံခါးတောင်ကြားပေါ်မှ ဆင်းလာပြီး မေးလိုက်သည်။

“ကျွန်းပိုင်ရှင် လော့လင်တန်တို့ဘက်က မသေမျိုးတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ။”

“အဆင်ပြေပါတယ်။ စက်သေနတ်အပေါ့စားတွေနဲ့ ပြန်မောင်းထုတ်နိုင်ခဲ့ပြီ။ သူတို့က ဂူးလ်တွေပဲ။”

ရှောင်းယီက ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။ ကျန်းယွင်ထျန်းတစ်ယောက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် ဂူးလ်တွေနဲ့ ပူးပေါင်းနေတဲ့ အသက်ရှင်ကျန်ရစ်သူတစ်ယောက်ကို ဖမ်းမိခဲ့သေးတယ်။ အခု ဂူးလ်စစ်တပ်ကြီးနဲ့ တိုးပြီလား။ နောက်ဆို လစ်ချ် (Liches - မသေမျိုးမှော်ဆရာများ) တွေနဲ့ပါ တိုးဦးမလား မသိဘူး။”

“ဖြစ်နိုင်တယ်။ ကောင်းပြီ... ငါ့ကို ပစ်ကြည့်စမ်း။”

ရှောင်းယီက သူ့ကိုယ်သူ လက်ညှိုးထိုးပြရင်း ရုတ်တရက် ပြောလိုက်သည်။

“ဟမ်...။”

ကျန်းယွင်ထျန်းက သူ နားကြားမှားသည်ဟု ထင်သွားသည်။

“မင်းကို ပစ်ရမှာလား။ မင်း ‘ရွှေခေါင်းလောင်း အကာအကွယ်’ လိုမျိုး ဒါမှမဟုတ် ‘သံမဏိအင်္ကျီ’ လို ကိုယ်ခံပညာမျိုးတွေ လေ့ကျင့်ထားလို့လား။”

“ဘာတွေ လျှောက်ပြောနေတာလဲ။ ငါ့ရဲ့ ကာကွယ်ရေးဝတ်စုံအသစ်ကို မင်း မမြင်ဘူးလား။”

ရှောင်းယီက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ ကျန်းယွင်ထျန်းက တန့်သွား၏။

“မင်း အခု ဝတ်ထားတဲ့ အဝတ်အစားတွေက ကာကွယ်ရေးဝတ်စုံလား။”

“ဟုတ်တယ်။ အခုလေးတင် ရလာတာ။ ငါ သူ့ရဲ့ ကာကွယ်နိုင်စွမ်းကို စမ်းသပ်ချင်လို့။”

ရှောင်းယီက ပြန်ဖြေသည်။

“ကဲ... စမ်းကြည့်စမ်းပါ။”

“ဒါက စမ်းသပ်တာဆိုရင်တောင်မှ မင်းကိုယ်ပေါ်မှာတော့ မလုပ်နိုင်ဘူး။ တခြား အပိုဝတ်စုံတွေ ပါသေးလား။”

ကျန်းယွင်ထျန်းက ဆိုသည်။

“ကားထဲမှာ ဝတ်စုံပေါင်း ဒါဇင်နဲ့ချီ ပါပါသေးတယ်ကွာ...။”

ရှောင်းယီက ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။

“ကိုယ်ရံတော်...။”

ကျန်းယွင်ထျန်းက လှမ်းခေါ်လိုက်၏။ ထိုအခါ ကိုယ်ရံတော်တစ်ဦး ချက်ချင်း ပြေးလာပြီး “ဟုတ်ကဲ့...။” ဟု ကျယ်လောင်စွာ တုံ့ပြန်လိုက်သည်။

“ဒီဝတ်စုံကို ဝတ်လိုက်။”

ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ကိုယ်ရံတော်သည် ဝတ်စုံကို အလျင်အမြန်ဝတ်ဆင်လိုက်သည်။

“သတိ..။”

ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သောအခါ ကိုယ်ရံတော်မှာ ချက်ချင်းပင် မတ်မတ်ရပ်လိုက်သည်။

ထို့နောက် ကျန်းယွင်ထျန်းသည် ဆယ်မီတာခန့် အနောက်သို့ ဆုတ်လိုက်ပြီး သူ၏ ကန္တာရလင်းယုန်ကို ဆွဲထုတ်ကာ ကိုယ်ရံတော်၏ ကိုယ်လုံးကို ပစ်လိုက်သည်။

ဒိုင်း

ကိုယ်ရံတော်မှာ ဇဝေဇဝါ ဖြစ်သွား၏။

“ငါ့ကို ကွပ်မျက်နေတာလား။”

သို့သော် နောက်တစ်ခဏတွင် သူ၏ ရင်ဘတ်ညာဘက်ခြမ်းကို တစ်ခုခုက ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်သလို ခံစားလိုက်ရသော်လည်း အားမှာ အလွန်အမင်း မပြင်းထန်လှပေ။

သူသည် မလဲကျအောင် ထိန်းရပ်လိုက်ပြီး အနည်းငယ် တုန်ခါသွားပြီးနောက် ပြန်လည် သတိဆွဲကာ ရပ်နေလိုက်သည်။

“ဒီလောက်တောင် အစွမ်းထက်တာလား။”

ကျန်းယွင်ထျန်းသည် ကိုယ်ရံတော်အနားသို့ လျှောက်သွားပြီး ကျည်ကာအင်္ကျီက တားဆီးထားသော ကျည်ဆန်ကို သေချာကြည့်ကာ အံ့သြစွာ ရေရွတ်လိုက်သည်။

ထို့နောက် သူသည် သူ၏ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး ကိုယ်ရံတော်ကို စတင် ထိုးနှက်တော့လေသည်။

အဝေးမှ ပြေးလာသော နဂါးလူသားမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူမှာမူ ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်း အချင်းချင်း ခိုက်ရန်ဖြစ်ပွားနေခြင်းလားဟု အံ့သြနေတော့သည်။

အခန်း ၁၁၀၈- နဂါးလူသားများအတွက် အဝတ်အစားများ ချုပ်လုပ်ပေးခြင်း

ကျန်းယွင်ထျန်းသည် အကြိမ်အနည်းငယ် စမ်းသပ်ကြည့်ပြီးနောက် ရှောင်းယီကို ပြောလိုက်သည်။

“ဒီကာကွယ်ရေးဝတ်စုံက တကယ် အစွမ်းထက်လွန်းတယ်။ ငါတို့ ဒါကို အများအပြား ထုတ်လုပ်လို့ရမလား။”

“ရတာပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ရှေ့တန်းက စစ်သည်တိုင်း ဒီဝတ်စုံကို မဖြစ်မနေ ဝတ်ထားရမယ်။”

“ဒါဆိုရင် အတော်ပဲ။ ဒီနည်းနဲ့ ငါတို့စစ်သည်တွေရဲ့ အသက်အန္တရာယ်ကို ပိုပြီး စိတ်ချရသွားပြီ။”

ကျန်းယွင်ထျန်းက ဝမ်းသာအားရ ပြောလိုက်သည်။

“ဝတ်စုံနဲ့ မလုံခြုံတဲ့ နေရာလပ်တွေကို သတိထားဖို့တော့ လိုလိမ့်မယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“လောလောဆယ် ကားထဲမှာ ပါတာတွေကို အရင်ဖြန့်ဝေလိုက်။ ကျန်တဲ့လူတွေအတွက်ကတော့ လူဦးရေစာရင်းကို အတည်ပြုပြီး မင်းဘာသာ အရင်ပြန်ပြီး ထုတ်လုပ်လိုက်ပါ။ ဒါပေမဲ့ ဓာတ်ခွဲခန်းကိုတော့ ကြိုပြီး အကြောင်းကြားထားဖို့ လိုလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီဘေးကင်းလုံခြုံရေးဝတ်စုံအတွက် လိုအပ်တဲ့ ပိုလီအီသလင်းက အဲ့ဒီမှာပဲ ထုတ်လုပ်နိုင်လို့ပဲ။”

“နားလည်ပါပြီ။”

ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ တုံ့ပြန်ပြီးနောက် သူ၏လက်အောက်ငယ်သားများကို ကားထဲမှ ဝတ်စုံများ သွားယူရန် အချက်ပြလိုက်သည်။

ထိုအချိန်တွင် ထျန်းဝူက လျှောက်လာပြီး သံသယဖြင့် မေးလိုက်သည်။

“မင်းတို့ ဘာလုပ်နေကြတာလဲ။ အဲ့ဒီစစ်သားက ဘာအမှားလုပ်မိလို့လဲ။”

ခုနလေးတင် ကျန်းယွင်ထျန်းက သေနတ်ဖြင့်လည်းပစ်၊ ဓားဖြင့်လည်းထိုးနေသည်ကို သူမြင်လိုက်ရသဖြင့် တစ်ဖက်လူကို သတ်ရန် ကြိုးစားနေသည်ဟု ထင်မှတ်နေခြင်းဖြစ်သည်။

ရှောင်းယီမှာ ထျန်းဝူ၏ မေးခွန်းကြောင့် ခေတ္တမှင်တက်သွားပြီးမှ ပြုံးကာ ပြောလိုက်သည်။

“ကျုပ်တို့ စမ်းသပ်မှုတစ်ခု လုပ်နေတာပါ။”

ထျန်းဝူ၏ နှုတ်ခမ်းမှာ တွန့်လိမ်သွားတော့သည်။

အသက်ရှိထင်ရှားရှိနေသော သေမျိုးတစ်ဦးပေါ်မှာ စမ်းသပ်မှုလုပ်နေကြတာလား။ ပြဿနာတက်မှာ မကြောက်ကြဘူးလား။

“ကျုပ်ကို ကိစ္စရှိလို့ လာရှာတာလား။”

ရှောင်းယီက ဆက်မေးလိုက်သည်။

ထျန်းဝူက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ ငါ တခြားမျိုးနွယ်စုတွေနဲ့ ဆက်သွယ်ကြည့်တော့ သူတို့အားလုံးက မကြာသေးခင်က မသေမျိုးတွေက အရမ်းဉာဏ်ကောင်းလာတယ်လို့ ပြောကြတယ်။ အရင်လို မဆင်မခြင် ဇွတ်တိုးတာမျိုး မလုပ်တော့ဘဲ အခုဆိုရင် စစ်ဗျူဟာတွေကို သုံးလာကြတယ်။”

ရှောင်းယီ မျက်မှောင်ကြုတ်လိုက်သည်။

“အရင်ကလည်း တပ်မှူးတွေ ရှိတာပဲမဟုတ်လား။ အဲ့ဒီတုန်းက သူတို့ ဗျူဟာတွေ မသုံးခဲ့ကြဘူးလား။”

“အရင်က တပ်မှူးတွေက အခြေအနေကို ထိန်းကျောင်းရုံလောက်ပဲ ရှိတာ။ သူတို့ရဲ့ မသေမျိုးနောက်လိုက်တွေကို ငါတို့ရဲ့ ခံစစ်ကြောင်းဆီ ဇွတ်တိုးခိုင်းတာပဲ ရှိတယ်။ ဒါပေမဲ့ အခုတော့ အခြေအနေက သိသိသာသာ ပြောင်းလဲသွားပြီ။”

ထျန်းဝူက ရှင်းပြလိုက်သည်။

“ဒီအပြောင်းအလဲက ငါရှေ့တန်းကို ရောက်လာလို့ ဖြစ်တာများလား။”

ရှောင်းယီတစ်ယောက် စိတ်ထဲမှ တွေးလိုက်မိသည်။

ရှောင်းယီ တွေဝေနေသည်ကို မြင်သောအခါ ထျန်းဝူက ဆက်ပြောလိုက်သည်။

“အခု အခြေအနေကြောင့် ခံစစ်ကြောင်းတွေအားလုံး အတော်လေး ရုန်းကန်နေရတယ်။ အဲ့ဒါကြောင့် ဒီမှာရှိတဲ့ နဂါးလူသားမျိုးနွယ်နဲ့ နတ်သူငယ်မျိုးနွယ်တွေကို သူတို့ဆီ သွားပြီး ကူညီခိုင်းချင်တယ်။”

ထျန်းဝူ ဆိုလိုသည်မှာ မူလကတည်းက ရှေ့တန်းတွင် ရှိနေသော နဂါးလူသားများနှင့် နတ်သူငယ်များကို ဆိုလိုခြင်းဖြစ်သည်။ ရွှမ်းချီနှင့် သူ၏အဖွဲ့မှာမူ ယီရန်ပင်းမဟာမိတ်အဖွဲ့ကို ကူညီရန် လာရောက်သော အဖွဲ့ဖြစ်သဖြင့် ထျန်းဝူက ထည့်မတွက်ထားပေ။

“ရပါတယ်။ ခင်ဗျားနဲ့ နတ်သူငယ်မျိုးနွယ်တွေ သွားလို့ရတယ်။ ဒီနေရာကိုတော့ ကျုပ်တို့ ထိန်းထားနိုင်ပါတယ်။”

ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“တကယ်လို့ အင်အားမလုံလောက်သေးရင် ရွှမ်းချီတို့ လူတွေကိုပါ ခေါ်သွားလိုက်ပါ။”

“ကျွန်းပိုင်ရှင်ရှောင်းက သူတို့ကိုပါ လွှတ်ပေးမယ်ဆိုရင် အကောင်းဆုံးပဲ။”

ထျန်းဝူက ဝမ်းသာအားရ ပြောလိုက်သည်။

“အင်း...သူတို့ကို သွားကူခိုင်းလိုက်ပါ။ ဒီနေရာက ခုခံရတာ အတော်လေး လွယ်ကူတယ်။ စစ်သားတွေ အများကြီး ဒီမှာ စုနေဖို့ မလိုပါဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်း။”

ထျန်းဝူ ပြန်ရန် ပြင်လိုက်စဉ်မှာပင် ရှောင်းယီက ရုတ်တရက် လှမ်းခေါ်လိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူ ခဏနေပါဦး။ ကျုပ်ဆီမှာ ကာကွယ်ရေးဝတ်စုံတစ်ခု ရှိတယ်။ ခင်ဗျားတို့လည်း ဝတ်လို့ရမလားဆိုတာ တစ်ချက်လောက် စမ်းကြည့်ရအောင်။”

ကာကွယ်ရေးဝတ်စုံ ထုတ်လုပ်သည့် ပုံစံခွက်မှာ အရွယ်အစားနှင့် အတိုင်းအတာများကို စိတ်ကြိုက် ချိန်ညှိနိုင်သည်။ ဤအရာကိုတော့ အန်းရန်၏ မိခင်ဖြစ်သူ လီယန်က ကိုင်တွယ်ရမည် ဖြစ်သည်။

အဝတ်အထည်နှင့် ပတ်သက်လာလျှင် လီယန်က ကျွမ်းကျင်ပညာရှင် ဖြစ်သည်။ ထျန်းဝူမှာ အနည်းငယ် မှင်တက်သွားပြီးမှ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ရွှမ်းချီနဲ့ တိုက်ရိုက် စမ်းကြည့်လိုက်ပါ။ သူ့နဲ့ တော်တယ်ဆိုရင် ငါတို့အားလုံးနဲ့ တော်မှာပါ။”

“ကောင်းပြီ။ ဒါဆို ကျုပ် အခု ပြန်ပြီး စမ်းကြည့်လိုက်မယ်။ ဒီမှာ ခဏလောက် စောင့်ပေးပါဦး။”

ရှောင်းယီသည် ရွှမ်းချီကို ခေါ်ဆောင်ကာ လေဟာနယ်တံခါးဆီသို့ လှည့်ထွက်သွားခဲ့သည်။

မဟာမိတ်ပင်မကျွန်းကြီးသို့ ပြန်ရောက်သောအခါ ရှောင်းယီသည် လီယန်ကို ဖုန်းဆက်၍ သူလိုအပ်သောအချက်များကို ရှင်းပြလိုက်သည်။

“ကောင်းပြီ။ အန်တီ လုပင်းအာကို အခုချက်ချင်း လွှတ်လိုက်ပါ့မယ်။ သူက လက်တွေ့အခြေအနေနဲ့ ကိုက်ညီတဲ့ ဝတ်စုံအတိုင်းအတာတွေကို ပြင်ဆင်ဖို့ ကူညီပေးပါလိမ့်မယ်။”

လီယန်က ချက်ချင်းပြောလိုက်သည်။

လုပင်းအာသည် မြို့ပြန်ကျောက်တုံးကို အသုံးပြု၍ ရှောင်းယီရှိရာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အနားသို့ ရောက်ရှိလာခဲ့သည်။

“လုပင်းအာ သူ့ရဲ့အရွယ်အစားကို တိုင်းတာပေးပါ။ ပြီးတော့ ငါတို့ရဲ့ ကာကွယ်ရေးဝတ်စုံကို သူနဲ့ ကွက်တိဖြစ်သွားအောင် အခုရှိနေတဲ့ ပုံစံခွက်ထဲက ဘယ်အချက်အလက်တွေကို ပြင်ရမလဲဆိုတာ ကြည့်ပေးဦး။”

ရှောင်းယီက ဘေးနားရှိ ရွှမ်းချီကို ညွှန်ပြရင်း ပြောလိုက်သည်။

လုပင်းအာက ခေါင်းညိတ်ပြပြီး ပေကြိုးကိုထုတ်ကာ ကိုယ်တိုင်းကို စတင် တိုင်းတာတော့သည်။ ထိုပေကြိုးတွင် မှတ်သားချက် အမှတ်အသားများ ပါရှိသည်။

ကိုယ်တိုင်းတိုင်းပြီးနောက် လုပင်းအာတစ်ယောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် စတင်ပြင်ဆင်လိုက်တော့သည်။

“ကျွန်းပိုင်ရှင်...အားလုံးပြီးပါပြီ။ ဒီအတိုင်းဆိုရင် အဆင်ပြေမှာပါ။”

လုပင်းအာက ဆိုသည်။ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ ကာကွယ်ရေးဝတ်စုံ နောက်ထပ်တစ်စုံကို ချက်ချင်းထုတ်လုပ်လိုက်ပြီးနောက် ပြောလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင် ရွှမ်းချီ...လာပြီး စမ်းဝတ်ကြည့်လိုက်ပါဦး။”

ရွှမ်းချီသည် စပ်စုချင်စိတ်ဖြင့် ပစ္စည်းကိရိယာအားလုံးကို ဝတ်ဆင်လိုက်သည်။ အစပိုင်းတွင် ဤအဝတ်အစားများကြောင့် သူ၏လှုပ်ရှားမှုများ ထိခိုက်နှေးကွေးသွားမည်ကို စိုးရိမ်ခဲ့သော်လည်း ဝတ်ဆင်ပြီးသောအခါ ဤဝတ်စုံမှာ အလွန်ပေါ့ပါးနူးညံ့ပြီး ရုန်းကန်အားလည်း အလွန်ကောင်းမွန်သဖြင့် သူ၏လှုပ်ရှားမှုများကို မည်သို့မျှ အနှောင့်အယှက်မဖြစ်စေကြောင်း တွေ့ရှိသွားခဲ့သည်။

“ဒီဝတ်စုံက ဘာကို...”

ရွှမ်းချီ စကားမဆုံးသေးမီမှာပင် ရှောင်းယီသည် ကန္တာရလင်းယုန်သေနတ်ကို ဆွဲထုတ်ကာ သူ့ကို စတင်ပစ်ခတ်တော့သည်။

ရွှမ်းချီမှာ အလွန်အမင်း ထိတ်လန့်သွား၏။ ဤမျှနီးကပ်သော အကွာအဝေးတွင် သူ၏လျှို့ဝှက်ပညာရပ်ကို အသုံးပြုရန် အချိန်မရတော့ပေ။

ဒိုင်း

တစ်ခုခုက သူ့ကို အသာအယာ ကလိထိုးလိုက်သလိုသာ ခံစားလိုက်ရသည်။

ဒါ ရှောင်းယီရဲ့ သေနတ်လား။

“ဘယ်လိုခံစားရလဲ။”

ရှောင်းယီက ပြုံးကာ သေနတ်ကို ပြန်သိမ်းရင်း မေးလိုက်သည်။

ရွှမ်းချီသည် သူခုနက ဝတ်လိုက်သည့် အင်္ကျီပေါ်တွင် မြုပ်နေသော ကန္တုရလင်းယုန်၏ ကျည်ဆန်ကို ကြည့်လိုက်သည်။

“ဒီဝတ်စုံက တကယ်ပဲ ကျည်ဆန်ကို တားဆီးနိုင်တာလား။”

ရွှမ်းချီက အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“ဒါပေါ့။ ဒါပေမဲ့ ဝတ်စုံနဲ့ မဖုံးထားတဲ့ နေရာတွေကိုတော့ ကာကွယ်မပေးနိုင်ဘူး။”

“ဒါက အံ့မခန်းပဲ။ ဒါရှိရင် ကျုပ်တို့ လျှို့ဝှက်ပညာရပ်တွေကို သုံးနေစရာမလိုဘဲ မသေမျိုးမျိုးနွယ်စုတွေထဲကို အကြာကြီး ဝင်တိုက်လို့ရပြီ။”

ရွှမ်းချီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“အတိအကျပဲ။ လျှို့ဝှက်ပညာတွေကို အရေးကြီးတဲ့ အခိုက်အတန့်တွေကျမှပဲ သုံးသင့်တယ်။ ဒီနည်းနဲ့ ခင်ဗျားတို့ရဲ့ တိုက်ပွဲဝင်နိုင်စွမ်းက ပိုပြီး ကြာရှည်လာမှာပါ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

ရွှမ်းချီက အလွန်အမင်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြီး ရဲဝံ့စွာ မေးလိုက်သည်။

“နဂါးလူသားတိုင်း တစ်စုံစီ ရမှာလား။”

“လူတိုင်း ရမှာပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ခင်ဗျားတို့က အနီးကပ် တိုက်ခိုက်ရသူတွေဖြစ်လို့ ခင်ဗျားတို့ကို ဦးစားပေးပြီး ထုတ်ပေးသွားမယ်။”

“အံ့သြစရာပဲ။ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

ရွှမ်းချီက ဝမ်းသာအားရ ဆိုသည်။

ရှောင်းယီသည် နဂါးလူသားမျိုးနွယ်များအတွက် ကယကွယ်ရေးဝတ်စုံ အရွယ်အစားအမျိုးမျိုးကို ချက်ချင်းထုတ်လုပ်လိုက်ပြီး ထျန်းဝူနှင့် သူ့လူများကို ဖြန့်ဝေပေးရန် ရွှမ်းချီကို ပေးလိုက်သည်။

ထိုစဉ် ဘေးတွင် ရပ်နေသော လုပင်းအာက မေးလိုက်သည်။

“ကျွန်းပိုင်ရှင် တခြား ခိုင်းစရာ ရှိသေးလား။”

“လောလောဆယ်တော့ မရှိသေးဘူး။ ပြန်သွားပြီး အန်တီလီနဲ့ တိုင်ပင်လိုက်ပါဦး။ ငါတို့ကျွန်းပေါ်က မျိုးနွယ်စုအားလုံးရဲ့ ကိုယ်တိုင်းတွေကို တိုင်းတာထားဖို့ပေါ့။ ဒါမှ နောက်ပိုင်း ပြင်ဆင်ရတာ ပိုလွယ်သွားလိမ့်မယ်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ။”

လုပင်းအာက တုံပြန်ပြီး ထွက်ခွာသွားခဲ့သည်။

ရွှမ်းချီသည် ရှောင်းယီ ထုတ်ပေးလိုက်သော ကာကွယ်ရေးဝတ်စုံများကို ထျန်းဝူထံ ယူဆောင်လာသောအခါ ထျန်းဝူက မျက်မှောင်ကြုတ်လိုက်သည်။

“ဒါတွေက ဘာတွေလဲ။”

ထျန်းဝူက မေးလိုက်သည်။ ရွှမ်းချီက ပြုံးလိုက်သည်။

“ကာကွယ်ရေး ဝတ်စုံတွေပါ။”

“ကာကွယ်ရေး ဟုတ်လား။”

ထျန်းဝူက ပို၍ မျက်မှောင်ကြုတ်လိုက်သည်။

“ငါတို့ နဂါးလူသားမျိုးနွယ်ရဲဘ ခုခံအား က ကောင်းပြီးသားပဲ။ အပေါ်ကနေ နောက်တစ်ထပ် ထပ်ဝတ်တာက ပိုနေသလို ဖြစ်မနေဘူးလား။ ဒီလို ကိရိယာတွေ အများကြီး ဝတ်ထားရင် ငါတို့ရဲ့ ခွန်အားကို အပြည့်အဝ သုံးနိုင်မှာ မဟုတ်တော့ဘူး။”

“မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူ ခင်ဗျား ဆိုလိုတာကို ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ ဒါကို တစ်ချက်လောက် ကြည့်လိုက်ပါဦး။”

ရွှမ်းချီက သူဝတ်ထားသော ကာကွယ်ရေးဝတ်စုံပေါ်က နေရာတစ်ခုကို ညွှန်ပြရင်း ပြောလိုက်သည်။

All Chapters