← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇) လူလိမ်ကို ဖော်ထုတ်ခြင်းနှင့် သူဌေးတစ်ဦးနှင့် မိတ်ဆွေဖြစ်ခြင်း

"အနောက်ကျိုးမင်းဆက်က ကြေးဝါတွေဆိုတာ နှစ်ထောင်ပေါင်းများစွာ ဓာတ်တိုးပြီးနောက်မှာ ရှေးဟောင်း ကြေးညှိအလွှာတစ်ထပ်နဲ့ အရောင်ရင့်ရင့် ရှိနေရမှာ..."

"ဒါပေမဲ့ ဒီဝိုင်ခွက်က အရောင်အရမ်း တောက်ပြောင်နေပြီး အသစ်စက်စက်လို ဖြစ်နေတယ်... ပြီးတော့ ထွင်းထုထားတဲ့ စာသားတွေက အနောက်ကျိုးမင်းဆက်ရဲ့ လက်ရေးစတိုင်ကို အတုခိုးထားပေမဲ့ သေချာကြည့်ရင် ခေတ်သစ်လက်ရာ အရမ်းဆန်နေပြီး ရှေးဟောင်းပစ္စည်းရဲ့ အငွေ့အသက်တွေ လုံးဝ မရှိဘူး..."

"အရေးအကြီးဆုံးက အနောက်ကျိုးမင်းဆက်ရဲ့ ကြေးဝါတွေမှာ အဲ့လောက်ကြီးမားတဲ့ ဝိုင်ခွက်တွေ ရှိခဲတယ်... ယေဘုယျအားဖြင့် သေးငယ်ပြီး သေသပ်လှပကြတယ်..."

"ဒါကြီးက ခေတ်သစ်က လုပ်ထားတဲ့ အတုဆိုတာ ရှင်းနေတာပဲ..."

လျူတုန်းလိုင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရာ သူ၏ ရယ်မောသံက ခန်းမတစ်ခုလုံးသို့ ပဲ့တင်ထပ်သွား၏။

"ချန်ဇီ... မင်းပြောတာ မှန်တယ်... ဒီကောင်လေး လှည့်စားခံလိုက်ရပြီ..."

အဘိုးကြီးလျူ၏ ပြတ်သားသော စကားကြောင့် လိမ်လည်သူများမှာ ဆက်မလုပ်ရဲတော့ဘဲ ဆီးနှင်းရိုက်ခံရသော ခရမ်းသီးများကဲ့သို့ ညှိုးနွမ်းသွားကြသည်။

ဘေးနားရှိ လူများမှာ အံ့အားသင့်သွားကြပြီး အချင်းချင်း တီးတိုး ပြောဆို ဆွေးနွေးလာကြ၏။

သူဌေးကြီးမှာ မျက်နှာ သွေးဆုတ်ဖြူရော်သွားပြီး သူ၏ ကျောပြင်၌ ချွေးအေးများ ပြန်လာသည်။

လဲ့ချန်သာ အချိန်မီ သတိမပေးခဲ့လျှင် သူ၏ ယွမ်တစ်သောင်းခွဲမှာ သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

ဖလှယ်ပွဲ ပြီးဆုံးသွားသောအခါ သူဌေးကြီးက လဲ့ချန်ထံသို့ တန်းတန်းမတ်မတ် လျှောက်လာပြီး ကျေးဇူးတင်စွာဖြင့် လက်ဆွဲနှုတ်ဆက်ကာ ပြောလိုက်၏။

"လူငယ်လေး... မင်းကို အရမ်း ကျေးဇူးတင်ပါတယ်ကွာ... မင်းသာမရှိရင် ဒီနေ့ ငါ အကြီးအကျယ် အရှုံးပေါ်တော့မှာ... ငါ့နာမည်က လင်ယိုချိုက်ပါ... ဒါက ငါ့ရဲ့ လိပ်စာကတ်ပါ... နောက်နောင် အကူအညီ လိုအပ်တာရှိရင် ငါ့ကိုသာ ပြောလိုက်ပါ..."

လဲ့ချန်က လိပ်စာကတ်ကို လက်ခံယူလိုက်သည်။

သူက ပြုံး၍ ပြောလိုက်၏။

"သူဌေးလင်... ခင်ဗျားက သိပ်သဘောကောင်းလွန်းပါတယ်... ဒါက ကိစ္စမရှိပါဘူး..."

အဘိုးကြီးလျူက လဲ့ချန်ကို အားကျလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဤကောင်လေးက အကဲဖြတ်နိုင်စွမ်း ကောင်းရုံသာမက တည်ငြိမ်၍ အေးဆေးကာ အလားအလာရှိသော လူရည်ချွန်တစ်ဦး ဖြစ်၏။

သို့သော်လည်း အရိပ်ထဲတွင် ရက်စက်ယုတ်မာသော မျက်လုံးတစ်စုံက လဲ့ချန်ထံသို့ စူးစိုက် ကြည့်ရှုနေ၏။

သူတို့ခန်းမဆောင်ထဲမှ ထွက်လာချိန်တွင် ကောင်းကင်ယံက မှောင်မိုက်နေပြီ ဖြစ်ပြီး အဝေးမှ လမ်းမီးတိုင်များက မှိန်ပျပျ လင်းလက်လာကာ စည်ကားနေသော မြို့လေးကို နွေးထွေးမှု တစ်ချို့ ပေါင်းထည့်ပေးနေသည်။

လူအုပ်ကြီး ပါးလျသွားသည်ကို မြင်သောအခါ လျူတုန်းလိုင်က လဲ့ချန်၏ ပခုံးကို ပုတ်၍ အဓိပ္ပာယ်ပါပါ ပြောလိုက်၏။

“ချန်ဇီ... ဒီနေ့ မင်း အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်... ဒါပေမဲ့ ငါ ရှင်းစရာ ကိစ္စလေးတွေ ကျန်နေသေးလို့... မင်း ချင်းချင်းကို အိမ်ကို သေချာပြန်ခေါ်သွားပြီး လမ်းမှာ ဂရုစိုက်သွားကြဦး..."

လဲ့ချန်က ခေါင်း အနည်းငယ် ညိတ်ပြလိုက်သည်။

“ကျွန်တော် နားလည်ပါတယ်... အဘိုးသွားစရာရှိတာ သွားပါ..."

လူအုပ်ထဲသို့ ပျောက်ကွယ်သွားသော အဘိုးကြီးလျူ၏ ကျောပြင်ကို ကြည့်ရင်း လဲ့ချန်က သူ့ဘေးတွင် ရပ်နေသော ညီမဖြစ်သူ လဲ့ချင်းဘက်သို့ လှည့်ကြည့်လိုက်ရာ မိန်းကလေး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်ရှိနေကြောင်း တွေ့လိုက်ရ၏။

"အစ်ကို... အစ်ကို... အစ်ကိုက သိပ်တော်တာပဲ... အခုလေးတင် အစ်ကို ခွဲခြမ်းစိတ်ဖြာပြသွားတာက တကယ့်ကို အံ့မခန်းပဲ..."

လဲ့ချင်းက လဲ့ချန်၏ ဘေးမှ လိုက်ပါလာရင်း စကားရေကာတာ ကျိုးသွားသကဲ့သို့ တတွတ်တွတ်နှင့် ပြောနေတော့သည်။

"ကြည့်လိုက်ဦး... ဟိုဝိုင်ခွက်ရောင်းတဲ့လူရဲ့ မျက်နှာကြီး ဖြူရော်သွားတာပဲ..."

"ပြီးတော့ ဟိုသူဌေးကြီး လင်ယိုချိုက်လေ... သူ့ကို ကြည့်ရတာ အစ်ကို့ကို ဒူးထောက်ပြီးတောင် ကျေးဇူးတင်ချင်နေတဲ့ ပုံပဲ... အစ်ကို ညီမကို အပြစ်မတင်နဲ့နော်... အစ်ကို့ရဲ့ အကဲဖြတ်နိုင်စွမ်းက မွေးရာပါလား... သိပ်အံ့သြစရာ ကောင်းတာပဲ..."

လဲ့ချန်က ပြုံး၍ လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။

"မွေးရာပါ ဟုတ်မဟုတ် ငါ ဘယ်လိုလုပ် သိမလဲ... ဒါပေမဲ့ ဒီခေတ်ကြီးမှာ ရှေးဟောင်းပစ္စည်း လောကဆိုတာ နက်နဲပြီး ရှုပ်ထွေးတဲ့ နေရာတစ်ခုပဲ... အကဲဖြတ် မှားယွင်းတဲ့သူတွေ အများကြီး ရှိသလို မှန်ကန်စွာ အကဲဖြတ်နိုင်သူတွေလည်း အများကြီးပဲ..."

"နင် နောင်တစ်ချိန်မှာ အဲ့တာတွေကို တကယ် သဘောကျလာမယ်ဆိုရင်တော့ မလိမ်ခံရအောင် သေချာဂရုစိုက်တာ ပိုကောင်းမယ်..."

"အိုး.. သိပါတယ်... သိပါတယ်... ညီမလည်း အခုကစပြီး အစ်ကို့လိုပဲ ဟိုလူလိမ်တွေကို အထူးကိုင်တွယ်ဖြေရှင်းတဲ့သူလုပ်ဖို့ စဉ်းစားထားတယ်..."

လဲ့ချင်းက လင်းလက်စွာ ပြုံးလိုက်ရာ သူမ၏ ပါးပြင်ပေါ်ရှိ ပါးချိုင့်လေးနှစ်ခုက ပေါ်လာ၏။

"အစ်ကို... ပျော်စရာကောင်းမယ် ထင်လား..."

"နင်ကလား... ကောင်းပါပြီလေ... ဟာသစရာတစ်ခုအနေနဲ့ပဲ မှတ်ထားလိုက်..."

လဲ့ချန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ သူက ဘေးနားရှိ ထူးဆန်းသော ညီမဖြစ်သူကို တစ်ချက် ကြည့်၍ သက်ပြင်းချကာ ခေါင်းယမ်းလိုက်၏။

"ဒါပေမဲ့ နင့်ရဲ့ စရိုက်နဲ့ဆိုရင်တော့ အဲ့အလုပ်နဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ... မဟုတ်ရင် အနှေးနဲ့အမြန် လိမ်ခံရပြီး ဘာမှကျန်တော့မှာ မဟုတ်ဘူး..."

"ဟွန်း အစ်ကို... ဘယ်လိုတွေ ပြောနေတာလဲ..."

လဲ့ချင်းက မကျေမနပ်ဖြင့် ခြေဆောင့်လိုက်သည်။

“ငါ လဲ့ချင်းက မွေးကတည်းက ဉာဏ်ရည် ထက်မြက်ပြီးသားပါ... ငါ့ကို လိမ်ရဲတဲ့သူရှိရင် ငါက..."

သူမ စကားမဆုံးမီမှာပင် ဘေးဘက်မှ စူးရှသော ဘရိတ်အုပ်သံတစ်ချက် ထွက်ပေါ်လာ၏။

လဲ့ချန်က တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ထက်မြက်စွာ အာရုံခံလိုက်မိပြီး လဲ့ချင်းကို သူ့အနောက်သို့ ဆွဲယူလိုက်ကာ ရှေ့မှ လှုပ်ရှားမှုကို အလျင်အမြန် စူးစိုက် ကြည့်လိုက်သည်။

အသစ်စက်စက် ဂျစ်ကားအချို့က လမ်းမပေါ်သို့ ဘယ်အချိန်ကတည်းက ရောက်လာမှန်း မသိဘဲ သူတို့၏ လမ်းကြောင်းကို လုံးဝ ပိတ်ဆို့ထား၏။

ဘေးပတ်ဝန်းကျင်ရှိ လူများက လှည့်ကြည့်ကြသော်လည်း မည်သူမျှ အနားသို့ မကပ်ရဲကြချေ။ သူတို့အားလုံးက တိတ်တဆိတ် လူစုခွဲကာ သူတို့အလုပ် သူတို့ ဆက်လုပ်ကြသည်။

ကားတံခါးများ ဘုန်းခနဲ ပိတ်သွားပြီး သပ်ရပ်သော ဝတ်စုံများ ဝတ်ဆင်ထားသည့် အမျိုးသားအချို့က ထွက်လာကြ၏။ ရှေ့ဆောင်လာသော အမျိုးသားမှာ ဖလှယ်ပွဲတွင် ကြေးဝါခွက်အတုကို ကိုင်ထားခဲ့သော ရောင်းသူပင် ဖြစ်သည်။

သူ့လက်ထဲတွင် ထို ခပ်လေးလေးကြေးဝါခွက်ကြီးကို ကိုင်ဆောင်ထားဆဲ ဖြစ်သည်။

"လူငယ်လေး..."

ဘေ့စ်ဘောဦးထုပ် အောက်မှ ထွက်ပေါ်နေသော အမျိုးသား၏ မျက်နှာပေါ်တွင် ဟန်ဆောင်အပြုံးတစ်ခု ရှိနေသော်လည်း သူ၏ လေသံက အေးစက်စက် နိုင်လှ၏။

သူက ဝိုင်ခွက်ကို ပုတ်၍ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အင်း... ဘယ်လိုပြောရမလဲ... ဒီနေ့ မင်းက ကိစ္စတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ... ဒါပေမဲ့ ငါက အကြမ်းပတမ်းထက် အနုနည်းကို ပိုသဘောကျတဲ့ လူစားမျိုးပါ..."

"ပထမအချက်... မင်းကို ငါ တကယ် လေးစားမိတယ်... ဒုတိယအချက်... ဟွန့်... ဒီနေ့ ဒီဝိုင်ခွက်ကို ပြန်ယူသွားပြီး သက်တောင့်သက်သာ ဖြစ်သွားအောင် ပြဿနာမရှာဘဲ နေမယ်ဆိုတာကို ငါ့စတိုင်မဟုတ်ဘူး..."

လဲ့ချန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဘာမှပြန်မပြောချေ။

သူက လက်ကို မြှောက်၍ လဲ့ချင်း၏ လက်ကောက်ဝတ်ကို ဖိကိုင်လိုက်ကာ အလောတကြီး မလှုပ်ရှားရန် အချက်ပြလိုက်၏။

"လာပါ... လာပါ... လူငယ်လေး... ငါက မင်းကို ဒုက္ခပေးဖို့ လာတာ မဟုတ်ဘူး... မင်းကို ဖိတ်ခေါ်ဖို့ လာတာပါ..."

လူအုပ်၏ ခေါင်းဆောင်က ပြောလိုက်သည်။

"မင်းလို အရည်အချင်းရှိတဲ့ လူတစ်ယောက်ကို ငါတို့ အလဟဿ မဖြစ်စေချင်ဘူး... မင်းရဲ့ အကဲဖြတ်နိုင်စွမ်းနဲ့ ငါတို့နဲ့ ပူးပေါင်းတာက ဟိုခွေးအိုကြီး လျူတုန်းလိုင်နဲ့ အလုပ်လုပ်တာထက် အများကြီး ပိုကောင်းတယ်... ဘယ်သူသိမလဲ... ငါတို့က တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ မြို့ရဲ့ ဘုရင်တွေတောင် ဖြစ်လာနိုင်တယ်..."

ဤစကားကို ကြားသောအခါ လဲ့ချန်က ကျိတ်ရယ်လိုက်ပြီး သူ့ရှေ့မှ လူကို အကဲခတ်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။

"ဒီတော့... ခင်ဗျားတို့က လူတွေဆီကနေ ငွေတွေ ပိုလိမ်နိုင်ဖို့အတွက် ခင်ဗျားတို့ကို ဒူးထောက်ပြီး အလုပ်အကျွေး ပြုခိုင်းချင်တာပေါ့လေ... ငါက စိတ်ဝင်စားမယ် ထင်နေတာလား..."

ထိုအမျိုးသား၏ မျက်နှာက လုံးဝ ပျက်ယွင်းသွားပြီး သူ၏ နှုတ်ခမ်းများက အကြိမ်အနည်းငယ် ပြင်းထန်စွာ တုန်ရီသွားသည်။

သူက ခေါင်းကို စောင်း၍ မီးခိုးငွေ့ တစ်ချက် မှုတ်ထုတ်လိုက်ရာ သူ၏ ဟန်ဆောင်မှုများက ရုတ်ခြည်း ပျောက်ကွယ်သွားပြီး ကြမ်းကြုတ်မှု တစ်ချို့ဖြင့် အစားထိုး ဝင်ရောက်လာ၏။

"ကောင်လေး... ကိုယ့်အဆင့်ကိုယ်သိပြီး အခြေအနေကို အကဲခတ်စမ်း..."

ဘေးတွင် ရပ်နေသော လဲ့ချင်းမှာ ဤမြင်ကွင်းကြောင့် ရှင်းလင်းစွာ ထိတ်လန့်သွား၏။ သူမ၏ မျက်နှာက ချက်ချင်း သွေးဆုတ်ဖြူရော်သွားပြီး အသံတုန်တုန်ဖြင့် မေးလိုက်သည်။

"အစ်ကို... ဘာ... ဘာတွေ ဖြစ်နေတာလဲ... သူတို့က ငါတို့ကို ရိုက်နှက်တော့မှာ မဟုတ်ဘူး မလား..."

သို့သော်လည်း လဲ့ချန်က တည်ငြိမ်နေပြီ ဖြစ်ပြီး သူ၏ မျက်လုံးများက အေးစက် ထက်မြက်နေကာ သူမကို ညင်သာစွာ နှစ်သိမ့်လိုက်၏။

"မကြောက်နဲ့... ငါ့အနောက်မှာ ပုန်းနေ... ပွဲကြည့်ရင် မြဲမြဲရပ်နေဖို့ မှတ်ထား..."

လဲ့ချင်း တုံ့ပြန်မှု မပေးနိုင်မီမှာပင် ဂျာကင်အင်္ကျီများ ဝတ်ဆင်ထားသော အမျိုးသားများက သူမကို ဝိုင်းရံလိုက်ကြသည်။

မျက်နှာတွင် အမာရွတ်နှင့် အမျိုးသား တစ်ဦးက သရော်လိုက်ပြီး သူ၏ အင်္ကျီလက်များကို ခေါက်တင်ကာ ရှေ့သို့ ထွက်လာ၏။

"မင်းလို ကောင်လေးကို ဒူးထောက် တောင်းပန်ဖို့နဲ့ ဒီနေ့ အရှုံးတွေအတွက် လျော်ကြေးပေးဖို့ ငါ သုံးစက္ကန့် အချိန်ပေးမယ်... မဟုတ်ရင်တော့..."

"မဟုတ်ရင် ဘာဖြစ်မှာလဲ..."

လဲ့ချန်က မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး သူ၏ လေသံတွင် လှောင်ပြောင်မှု တစ်ချို့ ပါဝင်နေ၏။

"မဟုတ်ရင်တော့ မင်း လှဲပြီး ပြန်သွားရလိမ့်မယ်..."

အမာရွတ်နှင့်လူက ခြိမ်းခြောက်သည့် ဟန်ပန် ပြုလုပ်လိုက်ပြီး ထိုစကားကို ကြားသည်နှင့် သူ၏ လူအချို့က ချက်ချင်း အော်ဟစ်လိုက်ကြသည်။

"ဟုတ်တယ်... ကောင်လေးကို အရမ်း မာနမကြီးရအောင် ပညာပေးလိုက်ကြစို့..."

လဲ့ချင်းမှာ ငိုလုမတတ် ဖြစ်နေပြီး သူမ၏ လက်များက တုန်ရီနေကာ လဲ့ချန်၏ အင်္ကျီကို ဆုပ်ကိုင်ထား၏။

"အစ်ကို... ပြေးတော့… ငါ... ငါ ရဲသွားရှာလိုက်မယ်..."

"ဘာလို့ ပြေးရမှာလဲ..."

လဲ့ချန်က ရုတ်တရက် ရယ်မောလိုက်ပြီး သူ၏ အပြုံးက အနည်းငယ် ပေါ့ပျက်ပျက် နိုင်လှ၏။

“ရှောင်ချင်း... နင့်အစ်ကိုက ဘယ်သူလဲ... နင် တကယ် ထွက်ပြေးသွားရင် လဲ့မိသားစုကို အရှက်ခွဲရာ မကျဘူးလား... လာပါ... ဗဟုသုတ တိုးသွားအောင် ငါ့မှာ ဘာတွေရှိလဲဆိုတာ ပြပေးမယ်..."

ဤစကားများက လဲ့ချင်းကို တစ်ခဏမျှ လန့်သွားစေပြီးနောက် သူမက သူမကို ဝိုင်းရံထားသော လူအုပ်ကြီးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူမ၏ ရင်များ တဒိတ်ဒိတ် ခုန်နေသော်လည်း မျက်တောင် တစ်ချက်မျှ မခတ်ရဲချေ။

အခန်း (၁၂၈) ခြိမ်းခြောက် စကားဆိုသော်လည်း လဲ့ချန်၏ မောင်းထုတ်ခြင်း ခံရမှု

ထိုဂျာကင်အင်္ကျီ ဝတ်ဆင်ထားသော အမျိုးသားများက လဲ့ချန်ကို လုံးဝ အလေးမထားကြောင်း ရှင်းလင်းစွာ တွေ့နေရ၏။ အမာရွတ်နှင့်လူက ရှေ့သို့ ပြေးထွက်လာပြီး လဲ့ချန်၏ မျက်နှာဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

သို့သော်လည်း သူ၏ လက်သီးက လဲ့ချန်ကို မထိမီမှာပင် လဲ့ချန်က ခြေတစ်ဖက်ကို နောက်သို့ဆုတ်၍ ကိုယ်ကို ကိုင်းညွှတ် ရှောင်တိမ်းလိုက်ကာ ထိုလူ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်၍ အောက်သို့ ဖိချလိုက်ရာ ဒေါက်ခနဲ အသံထွက်ပေါ်သွား၏။ အမာရွတ်နှင့်လူမှာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်သည်။

"ဝါး... စိတ်ဝင်စားစရာပဲ..."

လဲ့ချန်က သူ့ဘာသာ တီးတိုး ရေရွတ်လိုက်၏။

"ငါ ပြန်လည်ဝင်စားလာပြီးကတည်းက ခုလို အကြောလျှော့ရတာ ဒီတစ်ကြိမ်က ပထမဆုံးပဲ... ခံစားလို့ ကောင်းလိုက်တာ…”

သူ စကားပြော၍ မဆုံးမီမှာပင် အခြား အမျိုးသားတစ်ဦးက သစ်သားတုတ် တစ်ချောင်းကို ကောက်ကိုင်၍ လဲ့ချန်၏ ခေါင်းပေါ်သို့ ရိုက်ချလိုက်သည်။

လဲ့ချန်က နှာမှုတ်လိုက်ပြီး သူ၏ လက်ကောက်ဝတ်ကို ကျွမ်းကျင်စွာ လှည့်၍ အမာရွတ်နှင့်လူကို ပြင်းထန်စွာ ဆွဲယူလိုက်ရာ ထိုလူမှာ ယိုင်ထွက်သွားပြီး သစ်သားတုတ်၏ လမ်းကြောင်းတည့်တည့်သို့ ရောက်ရှိသွား၏။ ဘုန်းခနဲ အသံနှင့်အတူ တုတ်က အမာရွတ်နှင့်လူ၏ ကျောပြင်ပေါ်သို့ ကျရောက်သွားသည်။

"ခွေးကောင်..."

အမာရွတ်နှင့်လူ၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး အမှားလုပ်မိသော သူ၏ အပေါင်းအပါကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

သို့သော်လည်း လဲ့ချန်က သူတို့ကို အသက်ရှူပေါက် ပေးရန် အစီအစဉ် မရှိချေ။ သူက လှည့်၍ ဘေးတိုက်ကန်ချက် တစ်ချက် ကျွေးလိုက်ရာ လှုပ်ရှားမှုက မြန်ဆန် သပ်ရပ်လှပြီး သစ်သားတုတ်နှင့်လူကို မြေပြင်ပေါ်သို့ လဲကျသွားစေသည်။

ကျန်ရှိနေသော လူအနည်းငယ်မှာ ချက်ချင်းပင် ကစဉ့်ကလျား ဖြစ်သွားကြပြီး တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ ကြည့်လိုက်ကြ၏။

လဲ့ချန်က လက်ခုပ်တီးလိုက်သည်။

"ဘယ်သူ လာချင်သေးလဲ..."

"ဒါက... မလုပ်တော့ဘူး... ငါ မချတော့ဘူး..."

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ဗလုံးဗထွေး အော်ဟစ်လိုက်ပြီး အမာရွတ်နှင့်လူကို ဆွဲကာ နောက်ဆုတ်သွား၏။

ခေါင်းဆောင်ဖြစ်သူက သွားကြိတ်၍ လဲ့ချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ကောင်လေး... သတ္တိရှိရင် ဆက်ပြီး မာနကြီးနေလိုက်စမ်း... မင်းက ငါ့အစီအစဉ်တွေကို ဖျက်ဆီးရဲတယ်ပေါ့လေ... ငါ အနှေးနဲ့အမြန် ပြန်လာပြီး မင်းနဲ့ စာရင်းရှင်းမယ်..."

"ကောင်းပြီလေ... ငါက အချိန်မရွေး အဆင်သင့်ပဲ..."

လဲ့ချန်က ပခုံးတွန့်လိုက်၏။

ထိုလူစုမှာ အရှက်ရလွန်းသဖြင့် သူတို့၏ ကားထဲသို့ ပြန်ဝင်ကာ မောင်းနှင် ထွက်ပြေးသွားကြသည်။

လဲ့ချင်းမှာ နောက်ဆုံးတော့ သက်ပြင်းရှည်ကြီး တစ်ချက် ချနိုင်သွားပြီး သူမ၏ ခြေထောက်များ ခွေယိုင်သွားကာ လဲ့ချန်၏ အနောက်သို့ လဲကျသွားရင်း အော်ဟစ်လိုက်၏။

"အစ်ကို... အစ်ကို ရန်ဖြစ်တာ အရမ်းတော်တာပဲ..."

အဆော့မက်သော ညီမဖြစ်သူကို ကြည့်ရင်း လဲ့ချန် ပြုံးမနေဘဲ မနေနိုင်တော့ချေ။ သူက သူမ၏ ပခုံးပေါ်သို့ လက်ကို ညင်သာစွာ တင်၍ လေသံကို နှိမ့်ကာ ပြောလိုက်သည်။

"ကောင်းပြီ... ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကို နင့်ယောင်းမကို မပြောပြနဲ့ ကြားလား... ဒါမှ သူ စိတ်ပူမှာ မဟုတ်ဘူး..."

လဲ့ချင်းက ချက်ချင်း ခေါင်းမော့လာပြီး အားတက်သရော ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ... ဒါဆိုရင် ညီမှာလည်း စည်းကမ်းချက် ရှိတယ်... အစ်ကိုက လူငါးယောက်ကို တစ်ပြိုင်နက်တည်း အနိုင်ယူနိုင်ပြီး သိပ်ချောတာပဲလို့ ညီမ လူတွေကို ကြွားပြောမှာ..."

"ဟွန့်..."

လဲ့ချန်က မျက်လုံးလှန်ပြလိုက်သည်။

"ချင်းချင်း... နင် ပြောချင်တာသာပြော... အိမ်ပြန်ပြီး ဒီကိစ္စကို ဆက်မတွေးနဲ့တော့..."

မောင်နှမနှစ်ယောက် နွားလှည်းဖြင့် အိမ်အပြန်လမ်းတွင် လဲ့ချန်က သူ့ဘာသာ တွေးတောနေ၏။ ဤပြဿနာက သေးငယ်သော်လည်း ၎င်းက သတိပေးချက်တစ်ခုဖြစ်ပြီး ဒုက္ခမရောက်စေရန် သူ ပို၍ သတိထားနေထိုင်ရန် လိုအပ်ပေသည်။

...

အသစ်တည်ဆောက်ထားသော လဲ့မိသားစု၏ နှစ်ထပ်အိမ်ကြီးမှာ အထူးတလည် မျက်စိကျစရာ ကောင်းလှသည်။ စိမ်းလန်းသော ထင်းရှူးပင်များက ရွာအဝင်ဝတွင် ရပ်တည်နေပြီး တူညီသော အုတ်များနှင့် အုတ်ကြွပ်ပြားများက ရိုးရာတရုတ်အိမ်ကြီးတစ်လုံး၏ ခမ်းနား ထည်ဝါသော ဟန်ပန်ကို ဖော်ပြနေ၏။

ယနေ့တွင် ရွာသားများက အိမ်များကို အလုံးစုံ စိတ်မဝင်စားကြဘဲ လဲ့မိသားစု အိမ်သစ်ပြောင်းမည့် ကိစ္စကိုသာ ပို၍ စိတ်ဝင်စားနေကြသည်။

ဤပထမဆုံး ဝင်ရောက်နေထိုင်ခြင်းက အလွန်အရေးကြီးသော ကိစ္စဖြစ်သည်။ ရွာတွင် နံ့သာတိုင် စားပွဲတစ်ခု ခင်းကျင်း၍ စက္ကူငွေများ မီးရှို့ ပူဇော်သည့် ရိုးရာဓလေ့ တစ်ခု ရှိ၏။ ဤခမ်းနားသော အခမ်းအနားကို မပြုလုပ်ပါက ကံကြမ္မာ ကျဆင်းတတ်သည်ဟု ဆိုကြသည်။

လဲ့ချန်က ဤအရာများကို ဂရုမစိုက်သော်လည်း သူက လူအုပ်ကြီး၏ နောက်သို့ လိုက်၍ စိတ်ပျက်စရာ မဖြစ်ချင်ပေ။

တစ်ဖန် ပြန်လည် စဉ်းစားပြီးနောက် သူက လဲ့အားကော်ကို လှမ်းခေါ်၍ ပြောလိုက်သည်။

"သွားရအောင် ညီအစ်ကို... တောင်ပေါ်တက်ပြီး တောယုန် ဒါမှမဟုတ် ရစ်ငှက်တစ်ကောင်ကောင် သွားပစ်ကြစို့... အဲဒါက ရိုးသားမှုကို ပြသရာ ရောက်တယ်..."

တောင်ပေါ်သို့ အမဲလိုက် သွားမည်ဟု ကြားသောအခါ လဲ့အားကော်၏ မည်းနက်သော မျက်နှာပေါ်တွင် ချက်ချင်း အပြုံးများ ဝေဆာသွားပြီး မညီမညာ သွားများကို ပေါ်လာစေ၏။

"အစ်ကိုချန်... ကောင်းတယ်... ကျွန်တော် အမဲမလိုက်ရတာ အတော်ကြာနေပြီ... လက်တွေတောင် ယားနေပြီ..."

လဲ့ချန်က ကျိတ်ရယ်လိုက်ပြီး လဲ့အားကော်၏ ပခုံးကို ပုတ်လိုက်သည်။

"လာပါ... ဒီနေ့ မင်းရဲ့ အစ်ကိုချန် တကယ် ဘာစွမ်းဆောင်နိုင်လဲဆိုတာ ပြပေးမယ်..."

အမျိုးသားနှစ်ဦးက သူတို့၏ ကိရိယာများကို သယ်ဆောင်ကာ အနောက်ဘက်တောင်ဆီသို့ တစ်လမ်းလုံး ရယ်မော စကားပြောရင်း လျှောက်သွားကြ၏။

တောင်တန်းများက ပိုမို မြင့်မားလာပြီး သစ်တောများကလည်း ပိုမို နက်ရှိုင်းလာသည်။

လဲ့ချန်မှာ စိတ်လှုပ်ရှားလာပြီး လမ်းဘေးတွင် ချည်နှောင်ထားသော သစ်ကိုင်းခြောက် တစ်ခုကို လေထဲသို့ ပစ်မြှောက်လိုက်စဉ် ရုတ်တရက် သူ၏ ခြေလှမ်းများ ရပ်တန့်သွား၏။

ထိုအသံက မည်သည့်အသံဖြစ်ကြောင်း သူ တွေးလိုက်မိ၏။

သူက အားကော်၏ တတွတ်တွတ် ပြောဆိုနေမှုများကို တားဆီးရန် လက်တစ်ဖက်ကို အနောက်သို့ မြှောက်လိုက်သည်။

အားကော်က သူ၏ နောက်စေ့ကို ပွတ်၍ သူ့ဘာသာ ကြိတ်ရယ်နေစဉ်မှာပင် ရုတ်တရက် အေးခဲသွားပြီး သူ၏ ခန္ဓာကိုယ်က တုန်ရီသွားကာ နှုတ်ခမ်းများပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။

“အစ်ကို... ဘာလို့ ရှပ်ရှပ်မြည်နေတဲ့... အသံလိုမျိုး ကြားနေရတာလဲ..."

"အသံတိုးတိုး လုပ်စမ်း..."

လဲ့ချန်က ခပ်ဟောက်ဟောက် ပြောလိုက်ပြီးနောက် ခြေလှမ်းများကို နှေးလိုက်ကာ မြက်ပင်ပုများ ရှိရာသို့ ချဉ်းကပ်ရန် ကိုယ်ကို ကိုင်းညွှတ်လိုက်သည်။

ထိုမြက်ခင်းက တစ်စုံတစ်ခု ထူးဆန်းနေ၏။ တစ်ချက်ကြည့်လိုက်လျှင် ကျောက်တုံးများ အနောက်တွင် ရှင်သန်ကြီးထွားနေသော မြက်ရိုင်းများနှင့် တူသော်လည်း သေချာ နားထောင်ကြည့်ပါက ရှပ်ရှပ်မြည်နေသော အသံက တစ်စုံတစ်ခု တွားသွား လှုပ်ရှားနေကြောင်း ညွှန်ပြနေသကဲ့သို့ ရှိသည်။

သူတို့ အနားသို့ တိုးကပ်သွားသောအခါ မြက်ခင်းထဲမှ ထွက်ပေါ်နေသော မြွေအကြေးခွံများကို မြင်လိုက်ရပြီး ၎င်းတို့က နေရောင်ခြည်ကို အလင်းယိုင်စေကာ အေးစက်သော အလင်းတန်း တစ်လွှာဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေ၏။

"အစ်ကိုချန်..."

အားကော်၏ မျက်နှာက ချက်ချင်း သွေးဆုတ်ဖြူရော်သွားပြီး သူ၏ လေသံက ပြောင်းလဲသွားသည်။

"မဟုတ်ဘူး... မဟုတ်ဘူး... နေပါဦး... ဒီနေရာမှာ မြွေတွေ အများကြီးပဲ... ငါတို့ ဘာမှ မမြင်လိုက်သလို ဟန်ဆောင်ပြီး သွားကြရင် မကောင်းဘူးလား..."

ယင်းကို မြင်သောအခါ လဲ့ချန်က တည်ငြိမ်စွာ နေပြီး အားကော်၏ ပခုံးကို ဖိချကာ တိတ်တဆိတ် နေရန် အချက်ပြလိုက်၏။

"ရှူး... မြွေတွေကို မလန့်စေနဲ့... သူတို့အသိုက်ကို အနှောင့်အယှက် ပေးမိရင် ဒီနေ့ ငါတို့ ယဇ်ကောင်တွေ ဖြစ်သွားလိမ့်မယ်..."

ထိုစကားကို ကြားသောအခါ အားကော်မှာ အလွန်တရာ စိုးရိမ်ထိတ်လန့်သွားသော်လည်း အနည်းငယ်မျှပင် မလှုပ်ဝံ့တော့ချေ။

လဲ့ချန်က သူ၏ မေးစေ့ကို ပွတ်၍ ခေတ္တမျှ စောင့်ကြည့်လိုက်ပြီးနောက် ခါးမှ ဓားမကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ကာ ဝါးခြင်းတောင်းကို ထောင်ထားပြီး မြက်ခင်း၏ အနက်ရှိုင်းဆုံး နေရာဆီသို့ အကြည့်များကို စူးစိုက်လိုက်သည်။

မြွေတွင်းကြီးပင်ဖြစ်၏။

ဤအရာများက ဂူအပြင်ဘက်တွင် လှုပ်ရှားနေသော အဆိပ်ပြင်း မြွေတစ်အုပ်ဖြစ်ကြောင်း သူ အလျင်အမြန် ဆုံးဖြတ်လိုက်သည်။ သူတို့၏ အရွယ်အစားနှင့် အရောင်အသွေးကို ကြည့်ရသလောက် အကောင် တစ်ဒါဇင်ထက်မနည်းရှိပြီး သူတို့အနက်မှ အပြာရောင် ခေါင်းရှိသော မြွေနှစ်ကောင်က အလယ်ဗဟိုတွင် ရစ်ခွေနေကြ၏။

လဲ့အားကော်က လဲ့ချန်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ပြီး ချက်ချင်းပင် အသက်ရှူမှားသွားသည်။

"ဘုရားရေ... မြွေတွေ အများကြီးပဲ... အစ်ကိုချန်... သွားရအောင်... သိပ်အန္တရာယ် များတယ်..."

လဲ့ချန်က ခေါင်းယမ်းလိုက်၏။

"ဘာကို ကြောက်နေတာလဲ... မင်းရဲ့ အစ်ကိုချန်မှာ အစီအစဉ်ရှိတယ်... ငါ ဘယ်လို လုပ်လဲဆိုတာ သေချာကြည့်ပြီး သင်ထားစမ်းပါ..."

ထိုသို့ ပြောပြီးနောက် လဲ့ချန်က မြွေဖမ်းကိရိယာကို ယူ၍ မြွေတွင်းဆီသို့ သတိထားကာ ချဉ်းကပ်သွားသည်။

ပထမဦးစွာ သူက မြွေအနည်းငယ်ကို အပြင်ထွက်လာစေရန် သစ်ကိုင်းတစ်ကိုင်းဖြင့် လှည့်စားလိုက်ပြီးနောက် သူတို့၏ ခေါင်းများကို မြွေညှပ်ဖြင့် ချောမွေ့ ထိရောက်သော လှုပ်ရှားမှုတစ်ခုတည်းဖြင့် အလျင်အမြန် ညှပ်ဖမ်းလိုက်၏။

လဲ့အားကော်မှာ အံ့အားသင့်စွာဖြင့် တိတ်ဆိတ်စွာ ကြည့်နေပြီး မအော်ဟစ်ဘဲ မနေနိုင်တော့ချေ။

"အစ်ကိုချန်... အစ်ကိုက တကယ့်ကို အံ့မခန်းပဲ..."

အချိန်တိုအတွင်းမှာပင် လဲ့ချန်က မြွေကြီး သုံးကောင်ကို ဖမ်းမိသွားပြီး သူ၏ ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။

သူက လက်ခုပ်တီး၍ မေးလိုက်၏။

"ဘယ်လိုလဲ အားကော်... မင်း သင်ယူလိုက်ရလား..."

လဲ့အားကော်က ခေါင်းကုတ်၍ ရိုးရှင်းသော အပြုံးဖြင့် ပြောလိုက်သည်။

"အစ်ကိုချန်... ကျွန်တော်က အစ်ကို့ရဲ့ ကျွမ်းကျင်မှုတွေကို မသင်ယူနိုင်ပါဘူး... ကျွန်တော်က အစ်ကို့နောက်ကိုပဲ လိုက်ခဲ့တော့မယ်..."

လဲ့ချန်က လျှာထုတ်နေသော အခြား မြွေတစ်ကောင်ကို ဖမ်းရန် မြွေညှပ်ကို အသုံးပြုလိုက်ပြီး သူ၏ ခြင်းတောင်းထဲသို့ ပစ်ထည့်ကာ လဲ့အားကော်ကို ဝင့်ကြွားစွာ ပြောလိုက်၏။

"အဲဒါ မြင်လား... ဒါတွေနဲ့ ပတ်သက်ရင် မင်းက ရဲရင့်ပြီး သတိထားဖို့ လိုတယ်... မင်းက သူတို့ကို ယဉ်ကျေးနေရင်တောင် သူတို့က မင်းကို ယဉ်ကျေးမှာ မဟုတ်ဘူး..."

လဲ့အားကော်က တံတွေး မျိုချလိုက်ပြီး သူ၏ မျက်လုံးများက ပန်းကန်ပြားများကဲ့သို့ ပြူးကျယ်နေသည်။

“အစ်ကိုချန်... ကျွန်တော် တကယ် အထင်ကြီးသွားပြီ... ကျွန်တော်ဆိုရင် အဲ့မြွေကို လုံးဝ ထိရဲမှာ မဟုတ်ဘူး..."

"ဘာလို့ သတ္တိကြောင်နေတာလဲ... နောက်ကျရင် မင်း စမ်းကြည့်ရမှာပဲ... မြွေရေခွံက ချော်စိစိနဲ့ ဖမ်းရတာ တကယ်တော့ တော်တော် ပျော်ဖို့ ကောင်းတယ်..."

လဲ့ချန်က စကားပြောနေရင်းနှင့် ခြုံပုတ်များကို သစ်ကိုင်းငယ်ဖြင့် ထိုးဆွလိုက်၏။

"အနည်းငယ် ကျန်သေးတယ်... ငါတို့ ပြီးသွားရင် တောင်အောက် ဆင်းကြမယ်..."

လဲ့ချန်က ကိရိယာကို ကျွမ်းကျင်စွာ အသုံးပြုနေသည်ကို ကြည့်ရင်း လဲ့အားကော်မှာ ကိုယ်တိုင် စမ်းသပ်ကြည့်ရန် လက်ယားလာသော်လည်း ကြောက်ရွံ့နေဆဲ ဖြစ်သည်။ သူက အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် သတ္တိမွေး၍ ပြောလိုက်၏။

"အစ်ကိုချန်... ကျွန်တော်... ကျွန်တော် တစ်ချက်လောက် စမ်းကြည့်ရမလား..."

"ကောင်းပြီလေ... ရော့... ဒီညှပ်ကို ယူလိုက်... ပြီးတော့ မဖမ်းခင် သေချာချိန်ရွယ်ဖို့ မမေ့နဲ့နော်... မဟုတ်ရင် မင်း အကိုက်ခံရလိမ့်မယ်..."

လဲ့ချန်က မြွေဖမ်းကိရိယာကို လဲ့အားကော်ထံ ကမ်းပေးလိုက်ပြီး မည်သို့ အသုံးပြုရမည်ကို သေချာစွာ ညွှန်ကြားပြသလိုက်သည်။

လဲ့အားကော်က မြွေဖမ်းကိရိယာကို ကိုင်ထားရာ သူ၏ လက်များက သစ်ရွက်များကဲ့သို့ တုန်ရီနေ၏။ သူက အချိန်အတော်ကြာအောင် ချိန်ရွယ်ပြီးနောက် ရုတ်တရက် ပိတ်ညှပ်လိုက်သော်လည်း လွဲချော်သွားကာ သူကိုယ်တိုင်ပင် လဲကျမတတ် ဖြစ်သွားသည်။

All Chapters