အခန်း (၃-၄)
Vol. 1 Ch. 3-4
အပိုင်း ၃
မူလပိုင်ရှင်ကို နှုတ်ဆက်ပြီးနောက် ထျဲလန်ယန်သည် စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေရှာသည်။
သူမ ဝမ်းနည်းနေစဉ်မှာပင် နေရာလွတ်ထဲရှိ ခေါက်ဆွဲများကို သတိရသွားသည်။ "အင်း... ငါ့ခေါက်ဆွဲတွေ... နောက်တစ်ခါ ပြန်စားခွင့်မရတော့တာ နှမြောစရာပဲ..."
နောက်တစ်စက္ကန့်တွင်မူ အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲတစ်ပန်းကန်မှာ ထျဲလန်ယန်၏ လက်ထဲသို့ ရောက်ရှိလာတော့သည်။
ထျဲလန်ယန်သည် အလန့်တကြား ခုန်ထလိုက်မိရာ ပန်းကန်ပင် မှောက်တော့မလို ဖြစ်သွားသည်။ 'အလိုလေး... နေရာလွတ်က တကယ်ပဲ သူမနဲ့အတူ ပါလာတာလား။'
ထို့ပြင် ၎င်းက ပစ္စည်းများကိုပင် အလိုအလျောက် ပို့ဆောင်ပေးနိုင်သေးသည်။ ယခင်ကဆိုလျှင် သူမသည် နေရာလွတ်ထဲသို့ ကိုယ်တိုင်ဝင်ပြီးမှသာ ပစ္စည်းများကို ယူဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထျဲလန်ယန်သည် နေရာလွတ်ထဲသို့ အမြန်ဝင်ကြည့်လိုက်သည်။ သူမ ရောက်သွားသည်နှင့် တပြိုင်နက် မှင်တက်သွားရတော့သည်။
ခြောက်ကပ်နေခဲ့ဖူးသော နေရာလွတ်မှာ လုံးဝကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဝါးတောခြံဝင်းရှေ့ရှိ မြေပြင်မှာ ကြည်လင်တောက်ပသော မြစ်တစ်စင်း ဖြစ်နေလေပြီ။
အဝေးတစ်နေရာတွင် စိမ်းလန်းစိုပြည်သော တောင်တန်းကြီးများ ရှိနေပြီး ငှက်ကလေးများ၏ တေးဆိုသံကိုလည်း သဲ့သဲ့လေး ကြားနေရသည်။ မြစ်လည်း ရှိပြီ၊ မြက်ခင်းလည်း ရှိပြီ၊ သစ်တောလည်း ရှိနေပြီ ဖြစ်သည်။
ခေတ်အကူးအပြောင်းတ္ထုများထဲမှ စံပြအထူးစွမ်းရည်မျိုး အားလုံးမှာ ဤနေရာတွင် ရှိနေပြီ။
ထျဲလန်ယန်သည် စိတ်လှုပ်ရှားစွာဖြင့် ဝါးတောခြံဝင်းထဲသို့ ပြေးဝင်သွားသည်။ ယခင်က ဘာမှမရှိသော ခြံဝင်းထဲတွင် အရောင်အသွေးစုံလင်သော ပန်းများ ပွင့်လန်းနေသည်။
သူမကို အံ့အားသင့်ဆုံးဖြစ်စေသည်မှာ သူမ မသေဆုံးမီက ဆွတ်ခူးခဲ့သော နှစ်တစ်ထောင်သက်တမ်းရှိ လင်ဇီးမှိုမှာလည်း ခြံဝင်းထဲတွင် စိုက်ပျိုးလျက်သား ရှိနေခြင်းပင် ဖြစ်သည်။
ဤသည်မှာ အလွန်တန်ဖိုးကြီးသော ဆေးဖက်ဝင်အပင်ဖြစ်ရာ ၎င်း၏ တန်ဖိုးမှာ ဖြတ်မရနိုင်အောင်ပင် ဖြစ်သည်။ ဟားဟား... တစ်ခါလောက်တော့ သေရကျိုးနပ်သည်။
ငွေမက်သူလေး ထျဲလန်ယန်သည် သူမ၏ ဖြူဖွေးသော သွားကြီးများကို ပေါ်အောင် ဖြီးပြလျက် တဟီးဟီး ရယ်မောနေတော့သည်။
သူမသည် လင်ဇီးမှိုကို ထိကြည့်ရန် လက်လှမ်းလိုက်သော်လည်း သူမ၏ လက်ထဲတွင် ခေါက်ဆွဲပန်းကန်ကို ကိုင်ထားဆဲဖြစ်ကြောင်း သတိရသွားသည်။
'ခေါက်ဆွဲတွေ ပွကုန်တော့မှာပဲ။ မြန်မြန်စားမှ' ထျဲလန်ယန်သည် ခေါက်ဆွဲများကို တရှူးရှူးတရှဲရှဲဖြင့် စားသောက်လိုက်သည်။
သူမ အကြာကြီး တောင့်တခဲ့ရသော ခေါက်ဆွဲများမှာ နောက်ဆုံးတွင် သူမ၏ ဗိုက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထျဲလန်ယန်သည် အလွန်ပင် ပျော်ရွှင်သွားရသည်။
သူမ စိတ်လှုပ်ရှားလွန်းသဖြင့် လက်ထဲမှ တူများကိုပင် ချိုးပစ်လိုက်မိသည်။ ထျဲလန်ယန်၏ မျက်လုံးသူငယ်အိမ်များမှာ ကျုံ့သွားရသည်။
သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း သူမနှင့်အတူ ပါလာခဲ့ပါလား။ အို... ဘုရားရေ... သူမ တကယ်ကို ကံကောင်းလှပေသည်။ အလွန်လည်း ပျော်စရာကောင်းလှသည်။
ထျဲလန်ယန်သည် နေရာလွတ်ထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ကခုန်နေတော့သည်။ လည်ပတ်ခြင်း၊ ခုန်ပေါက်ခြင်းနှင့် မျက်လုံးမှိတ်ထားခြင်းများပင် ပြုလုပ်နေသည်။
"ဘုန်း။" ပျော်လွန်း၍ သတိလက်လွတ်ဖြစ်သွားခြင်း၏ အကျိုးဆက်မှာ သူမ မှောက်လျက်လဲကျသွားခြင်းပင် ဖြစ်သည်။
ထျဲလန်ယန်သည် ပါးစပ်ထဲမှ မြက်များကို နှစ်ကြိမ်မျှ ထွေးထုတ်လိုက်ရသည်။
မူလပိုင်ရှင်မှာ တစ်လခန့် ဖျားနာနေခဲ့သဖြင့် သူမ၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းနေခဲ့ရာ ဤကဲ့သို့ လှုပ်ရှားမှုများကို မခံနိုင်သေးပေ။
သူမတွင် လူဆယ်ယောက်ကို တိုက်ခိုက်နိုင်သော စွမ်းရည်ရှိသော်လည်း ခန္ဓာကိုယ်က လက်မခံသဖြင့် အဆင်မပြေနိုင်သေးပေ။
ခဏမျှသာ လှုပ်ရှားလိုက်ရသော်လည်း ထျဲလန်ယန်မှာ အလွန်အမင်း မောပန်းသွားရသည်။
သူမ၏ မိဘများ ကွယ်လွန်ခဲ့သည့် လွန်ခဲ့သော လဝက်ခန့်အတွင်း မူလပိုင်ရှင်မှာ တစ်ညမှ ကောင်းကောင်းမအိပ်ခဲ့ရပေ။
ထျဲလန်ယန်သည် မဆိုင်းမတွပင် အရင်ဆုံး တစ်ရေးလောက် အိပ်လိုက်မည် ဟု ဆုံးဖြတ်လိုက်သည်။
စိတ်ချရစေရန်အတွက်မူ သူမသည် နေရာလွတ်၏ အပြင်ဘက်တွင်သာ အိပ်စက်ရန် ဆုံးဖြတ်လိုက်သည်။
မူလပိုင်ရှင်ကို ပိတ်လှောင်ထားသည့် စတိုခန်းထဲတွင် သစ်သားကုတင်တစ်ခုသာရှိပြီး စောင်တစ်ထည်ပင် မရှိပေ။
ကံကောင်းသည်မှာ နွေရာသီဖြစ်နေသဖြင့်သာဖြစ်ပြီး မဟုတ်ပါက သူမ အေးခဲနေပေလိမ့်မည်။
သစ်သားကုတင်မှာ အလွန်မာကျောလှပြီး တစ်ဖက်သို့ လှည့်လိုက်တိုင်း အသံများ မြည်နေသော်လည်း ထျဲလန်ယန်ကမူ ဂရုမစိုက်ပေ။
ယခင် ကမ္ဘာသစ်တွင်လည်း သူမသည် မိဘမဲ့တစ်ဦးအဖြစ် ဒုက္ခမျိုးစုံ ခံစားခဲ့ရဖူးသည်။ နောက်ပိုင်းတွင် ကြောက်မက်ဖွယ် ကမ္ဘာပျက်ကပ်ကိုပင် ကြုံတွေ့ခဲ့ရရာ စိုးရိမ်ကြောင့်ကြမှု မရှိသောနေ့ဟူ၍ တစ်ရက်မျှ မရှိခဲ့ပေ။
ယခု ဤခေတ်ကာလသို့ ရောက်ရှိလာပြီး အေးချမ်းသော ပတ်ဝန်းကျင်ကို ရရှိလိုက်သည်မှာ အလွန်ပင် ပျော်ရွှင်စရာ ကောင်းလှသည်။
ထျဲလန်ယန်သည် အလွန်ပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။ ကျန်းချွေ့က တံခါးကို အကြိမ်ကြိမ် အကျယ်ကြီး လာခေါက်နေသော်လည်း သူမ နိုးမလာခဲ့ပေ။
သူမ ပြန်နိုးလာသောအခါ အပြင်ဘက်တွင် မှောင်နေပြီဖြစ်ပြီး ည ၇ နာရီပင် ရှိနေပြီပင်။
သူမသည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဝိညာဉ်ကူးပြောင်းလာခဲ့ပြီး မွန်းတည့် ၁၂ နာရီတွင် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် သူမသည် ခုနစ်နာရီ ဆက်တိုက် အိပ်စက်ခဲ့ခြင်း ဖြစ်သည်။
ထျဲလန်ယန်သည် သူမ၏ လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး ကျေနပ်အားရသော မျက်နှာထားဖြင့် ရှိနေသည်။ ဤတစ်ရေးအိပ်လိုက်ရခြင်းမှာ အလွန်ပင် လန်းဆန်းစေခဲ့သည်။
ထိုစဉ်မှာပင် တံခါးမှာ ဝုန်းခနဲ ပွင့်သွားသည်။ ကျန်းချွေ့သည် အခန်းထဲသို့ ဒေါသတကြီး ဝင်လာပြီး အပြင်သို့ အော်ဟစ်လိုက်သည်။
"ထျဲလန်ယန် နင် အထဲမှာ ဘာလုပ်နေတာလဲ။ တံခါးကိုတောင် သော့ခတ်ထားသေးတယ်။"
"နင် ငါ့ဆီက ခေါက်ဆွဲတစ်အိုးလုံးနဲ့ ပေါက်စီအကြီးကြီး နှစ်လုံးကို စားထားတာနော်။ နင်သာ ကတိဖျက်ရဲတယ်ဆိုရင်တော့ ငါ့အကြောင်း သိစေရမယ်။"
ထိုစကားကို ကြားလိုက်ရသောအခါ ထျဲလန်ယန်သည် ဒေါသထွက်ထွက်နှင့်ပင် ရယ်မောလိုက်မိသည်။ ဤမိန်းမမှာ တကယ်ပင် အရှက်မရှိပါလား။
ဤအရာများမှာ မူလပိုင်ရှင် မိသားစု၏ ပစ္စည်းများဖြစ်ကြောင်း ထင်ရှားနေပါလျက်နှင့် သူမကိုယ်တိုင် သိမ်းပိုက်ထားသည်ကို မပြောဘဲ ပိုင်ရှင်တစ်ဦးကဲ့သို့ သူမကို ဆူပူနေခြင်းမှာ ဘယ်လို သတ္တိမျိုးပါလိမ့်။
ထျဲလန်ယန်သည် သူမ၏ လက်ကောက်ဝတ်များကို လှုပ်ရှားလိုက်ပြီး အေးစက်သော အကြည့်များဖြင့် ရှိနေသည်။ သူမ၏ ခန္ဓာကိုယ်မှာ အပြည့်အဝ ပြန်မကောင်းမွန်သေးသော်လည်း အားနည်းသော လူအချို့ကို ကိုင်တွယ်ရန်မှာ သူမအတွက် အလွန်လွယ်ကူလှသည်။
သူမ အပြင်ထွက်ပြီး သူတို့ကို ပညာပေးတော့မည် ဖြစ်သည်။
"ဒုန်း ဒုန်း ဒုန်း။" ကျန်းချွေ့သည် တံခါးကို ကျယ်လောင်စွာ ခေါက်နေဆဲဖြစ်ပြီး ခေါက်ရင်းနှင့်ပင် အော်ဟစ်နေသည်။
"ထျဲလန်ယန်... နင် သောက်ကလေး၊ တံခါးကို အမြန်ဖွင့်စမ်း။ အထဲမှာ ပုန်းနေရင် ငါ ဘာမှမလုပ်နိုင်ဘူးလို့ မထင်နဲ့။"
"နင်သာ တံခါးမဖွင့်ရင် ငါ ဓားနဲ့ တံခါးကို ခုတ်ချပစ်မယ်၊ အဲ့အခါကြရင် နင် ဘယ်မှာ ပုန်းမလဲ ကြည့်ကြသေးတာပေါ့။"
ထျဲလန်ယန်သည် တံခါးကို ရုတ်တရက် ဆွဲဖွင့်လိုက်သည်။ ကျန်းချွေ့မှာ တံခါးကို မှီပြီး အော်ဟစ်နေချိန်ဖြစ်ရာ အချိန်မီ မတုံ့ပြန်နိုင်ဘဲ မြေပြင်ပေါ်သို့ မှောက်လျက် လဲကျသွားတော့သည်။
"အား... ငါ့ခါး။" ကျန်းချွေ့သည် နာကျင်စွာဖြင့် သူမ၏ ခါးကို ဆုပ်ကိုင်လိုက်ပြီး ထျဲလန်ယန်ကို လှည့်၍ ဟောက်လိုက်သည်။
"နင် သောက်ကလေး၊ နင်ကတော့ သေချင်နေပြီနဲ့တူတယ်။ ငါ့ကိုတောင် ချောင်းတိုက်ရဲတယ်ပေါ့။"
ထျဲလန်ယန်ကမူ ရိုးသားဟန်ဖြင့် ပြောလိုက်သည်။ "မဟုတ်ပါဘူး၊ ကျွန်မက တံခါးဖွင့်ရုံပဲ ဖွင့်လိုက်တာလေ။"
"နင်က ပြန်ပြောနေသေးတယ်၊ နေနှင့်ဦးပေါ့။" ကျန်းချွေ့သည် မြေပြင်မှ ထလိုက်ပြီး သူမရှိရာသို့ ခြိမ်းခြောက်ဟန်ဖြင့် လျှောက်လာခဲ့သည်။
"အို... ကြောက်စရာကြီး~" ထျဲလန်ယန်သည် ကြောက်သလိုဟန်ဆောင်လိုက်ပြီး ရုတ်တရက် သူမ၏ ခြေထောက်ကို ဆန့်ထုတ်လိုက်သည်။
ကျန်းချွေ့သည် ခလုတ်တိုက်ပြီး ရှေ့သို့ ငိုက်ကျသွားကာ မူလပိုင်ရှင်၏ အညစ်အကြေးအိုးထဲသို့ တည့်တည့်ကြီး ကျသွားတော့သည်။
ထိုအိုးထဲတွင် မူလပိုင်ရှင်၏ သုံးရက်စာ အညစ်အကြေးများ ရှိနေပြီး အများကြီးမဟုတ်သော်လည်း ကျန်းချွေ့ကိုမူ ရွံသွားစေရန် လုံလောက်လှပေသည်။
"အားးးးး" ကျန်းချွေ့သည် ဝက်တစ်ကောင် အော်သကဲ့သို့ အသံကုန် အော်ဟစ်လိုက်သည်။
ဧည့်ခန်းထဲရှိ ဟူကျူးဇီနှင့် ဟူရှောင်လျန်တို့သည်လည်း အလန့်တကြား ပြေးလာကြသည်။ "ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ။"
ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦးလုံး မှင်တက်သွားကြသည်။ ဟူကျူးဇီနှင့် ဟူရှောင်လျန်တို့သည် ကျန်းချွေ့ကို အမြန်ဆွဲထူလိုက်ကြသည်။
ကျန်းချွေ့ ထလာသည်နှင့် တပြိုင်နက် ဖော်ပြ၍မရသော အနံ့ဆိုးကြီးမှာ နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။ ဟူကျူးဇီနှင့် ဟူရှောင်လျန်တို့မှာ ပါးစပ်များကို ပိတ်ကာ ရွံရှာစွာဖြင့် နောက်သို့ ဆုတ်လိုက်ကြသည်။
ဟူကျူးဇီ - "မိန်းမ... မင်း လမ်းလျှောက်တာ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ဂရုမစိုက်ရတာလဲ၊ နံလိုက်တာ။"
ယခုအခါ ကျန်းချွေ့၏ တစ်ကိုယ်လုံးတွင် ဆီးများ ပေကျံနေပြီး သူမသည် အလွန်အမင်း ရူးသွပ်လုမတတ် ဖြစ်နေသည်။ "ဒီသောက်ကလေးက ငါ့ကို တမင်သက်သက် ခလုတ်တိုက်အောင် လုပ်လိုက်တာ။"
"ဘာ။" ဟူကျူးဇီနှင့် ဟူရှောင်လျန်တို့သည် အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ထျဲလန်ယန်ကဲ့သို့ ကြောက်တတ်သူက အမှန်တကယ်ပင် ပြန်လည်ခုခံရဲသည်လား။ သူမသည် အတော်ပင် ရဲတင်းလှပေသည်။
"နင် သေချင်နေပြီပဲ၊ ငါ့အမေကိုတောင် အနိုင်ကျင့်ရဲတယ်ပေါ့။" ဟူရှောင်လျန်သည် ချက်ချင်း ပါးရိုက်ရန် လက်ရွယ်လိုက်သည်။
"ကျွန်မကို မရိုက်ပါနဲ့၊ ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး။" ထျဲလန်ယန်က လက်ကာပြလိုက်ရင်း မြေပြင်ပေါ်ရှိ သံအိုးကို ကောက်ယူကာ ကာကွယ်လိုက်သည်။
"ဖြောင်း။" ဟူရှောင်လျန်၏ လက်ဝါးမှာ သံအိုးပေါ်သို့ ပြင်းထန်စွာ ရိုက်မိသွားသည်။
ဟူရှောင်လျန်သည် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ နာကျင်စွာဖြင့် အော်ဟစ်တော့သည်။ "အားးး... ငါ့လက်ကောက်ဝတ် ကျိုးသွားပြီထင်တယ်၊ နာလိုက်တာ။"
သူ၏ အဖိုးတန်သမီးလေး အနိုင်ကျင့်ခံရသည်ကို မြင်သောအခါ ဟူကျူးဇီမှာ သည်းမခံနိုင်တော့ပေ။ သူသည် ထျဲလန်ယန်ကို လက်သီးဖြင့် လွှဲရိုက်လိုက်ပြီး ဟောက်လိုက်သည်။ "နင် သောက်ကလေး... သေချင်နေပြီလား။"
ထျဲလန်ယန်မှာမူ မည်သည့် ခံစားချက်မျှ မပြဘဲ သံအိုးဖြင့် သူ၏ ခေါင်းကို ရိုက်ချလိုက်တော့သည်။
"ဘန်း။" ဟူကျူးဇီသည် မြေပြင်ပေါ်သို့ တည့်တည့်ကြီး လဲကျသွားသည်။
ထျဲလန်ယန်မှာမူ အားမရသေးပေ။ သူမသည် သံအိုးကို ကိုင်ကာ သူ၏ ခေါင်းကို ထပ်မံထုရိုက်လိုက်သည်။ "ဘန်း ဘန်း ဘန်း။"
ခဏလေးအတွင်းမှာပင် ဟူကျူးဇီ၏ ခေါင်းမှ သွေးများ ထွက်လာတော့သည်။ ကျန်းချွေ့နှင့် ဟူရှောင်လျန်တို့မှာလည်း အလွန်ပင် ကြောက်လန့်သွားကြသည်။
ထျဲလန်ယန်သည် သူမ၏ နှုတ်ခမ်းကို တွန့်လိုက်ပြီး သူတို့ဘက်သို့ လှည့်ကာ အသာ ပြုံးပြလိုက်သည်။ "ကျွန်မ ပြောခဲ့သားပဲ၊ မရည်ရွယ်ပါဘူးလို့... ကျွန်မက တမင်လုပ်တာလေ။"
"အပြင်မှာတော့ ငါ စိတ်ရူးပေါက်နေတယ်လို့ နင်တို့ ပြောခဲ့ကြတယ် မဟုတ်လား၊ ကောင်းပြီလေ... ငါ နင်တို့အတွက် တကယ် ရူးပြရမှာပေါ့၊ ဟုတ်ပြီလား။"
ကျန်းချွေ့နှင့် ဟူရှောင်လျန်တို့မှာ ကျောချမ်းသွားကာ လှည့်၍ ထွက်ပြေးကြသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူတို့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ထျဲလန်ယန်သည် သူတို့၏ ဆံပင်များကို ဆွဲကိုင်လိုက်ပြီး တဟီးဟီး ရယ်မောလိုက်သည်။ "ပြေးလို့မရဘူးလေ၊ ပြေးရဲရင်တော့ နင်တို့ ခြေထောက်တွေကို ငါ ရိုက်ချိုးပစ်မယ်။"
ကျန်းချွေ့မှာ ကြက်သီးမွေးညင်းများပင် ထသွားရသည်။ ဤစကားများမှာ ရင်းနှီးနေသလိုပင် ရှိသည်။ သူမကိုယ်တိုင်လည်း ထျဲလန်ယန်ကို ထိုသို့သော စကားမျိုး ပြောခဲ့ဖူးသည် မဟုတ်ပါလား။
ဤသောက်ကလေးမှာ တကယ်ပင် အငြိုးအတေးကြီးလှသည်။
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၄
ကျန်းချွေ့သည် အနည်းငယ် ထိတ်လန့်သွားရသည်။ ဒီကောင်မလေး တကယ်ပဲ ရူးသွားပြီလား။
"အမေ... သမီးတို့က သူ့ကို ဘာလို့ ကြောက်နေရမှာလဲ။ သူက မိဘမဲ့တစ်ယောက်ပဲဟာ၊ ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်နိုင်မှာကြလို့။"
သမီးဖြစ်သူ ဟူရှောင်လျန်၏ စကားကြောင့် ကျန်းချွေ့ သတိဝင်လာခဲ့သည်။
ဟုတ်ပေသည်။ ယခင်က သူတို့ အချိန်မီ မတုံ့ပြန်နိုင်ခဲ့သဖြင့်သာ ထိုသောက်ကလေး၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။ ယခုမူ သူတို့ နှစ်ယောက်တောင် ရှိနေပြီပဲ၊ သူမကို မနှိမ်နင်းနိုင်ဘဲ နေပါ့မလား။
ထိုသောက်ကလေးသည် နောက်ဘက်မှနေ၍ သူတို့၏ ဆံပင်များကို ဆွဲထားသဖြင့် မလှုပ်ရှားနိုင်အောင် ဖြစ်နေရသည်။ ထိုသို့ဆိုလျှင် သူမ၏ မျက်နှာကိုသာ လှမ်းဖမ်းလိုက်မည်၊ အသေအချာ ကုတ်ဖဲ့ပစ်မည်ဟု ကြံစည်သည်။
ကျန်းချွေ့၏ မျက်လုံးများ တင်းမာသွားပြီး နောက်သို့ လှည့်ကာ ရမ်းသမ်း၍ ဆွဲကုတ်လေတော့သည်။ ရုတ်တရက် သူမ၏ နားထဲသို့ အော်ဟစ်သံတစ်ခု တိုးဝင်လာခဲ့သည်။ "အမေ... ဘာလို့ သမီးမျက်နှာကို ကုတ်နေတာလဲ၊ သွေးတွေတောင် ထွက်ကုန်ပြီ။"
ကျန်းချွေ့ ခေါင်းလှည့်ကြည့်လိုက်သောအခါ သမီးဖြစ်သူ၏ မျက်နှာပေါ်တွင် ကုတ်ရာများစွာကို ထင်ရှားစွာ မြင်လိုက်ရသည်။
ကျန်းချွေ့သည် ချက်ချင်း ဒေါသအိုး ပေါက်ကွဲသွားတော့သည်။ "နင်... သောက်ကလေး၊ ငါ့သမီးကို ငါတောင် မရိုက်ရက်ဘူး။ နင်က သူ့ကို ဒိုင်းသဖွယ်သုံးပြီး ဒုက္ခပေးရုံတင်မက မျက်နှာကိုပါ ပျက်စီးအောင် လုပ်တယ်ပေါ့၊ နင်နဲ့ငါ ဒီနေ့တော့ အသေအကျေပဲ ချကြတာပေါ့။"
ထျဲလန်ယန်က သူမ၏ ပါးကို ဖြတ်ခနဲ ရိုက်လိုက်သည်။ "တိုက်ခိုက်မယ် ဟုတ်လား။ ဘာနဲ့ တိုက်မှာလဲ။ နင့်ရဲ့ သေခါနီး ကိုယ်ခန္ဓာကြီးနဲ့လား၊ ပြန်သွားပြီး အခေါင်းသာ ကြိုဝယ်ထားလိုက်တော့။"
မူလပိုင်ရှင် သေဆုံးရခြင်း၏ အဓိကတရားခံမှာ ကျန်းချွေ့ပင် ဖြစ်ရာ ထျဲလန်ယန်သည် သူမကို လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ပေ။ သူမသည် ကျန်းချွေ့ကို ကန်ထုတ်ပြီး ကိုယ်ပေါ်သို့ တက်ခွကာ တရစပ် ထိုးကြိတ်ခဲ့သည်။
ကျန်းချွေ့မှာ တစ်ကိုယ်လုံး ညိုမဲစွဲအောင် အရိုက်ခံရသဖြင့် နာကျင်စွာ အော်ဟစ်နေရသည်။ "ရှောင်လျန်၊ ငါ့ကို လာကယ်ပါဦး၊ ဒီအရူးမက ငါ့ကို သတ်တော့မယ်။"
ဟူရှောင်လျန်မှာမူ ထောင့်တစ်နေရာတွင် ပုန်းနေပြီး ကြောက်လန့်တုန်ရီနေသည်။ သူမ မိခင်၏ အကူအညီတောင်းသံကို ကြားသော်လည်း သွားရောက်ကူညီရန် စိတ်ကူးပင် မရှိပေ။
ထျဲလန်ယန်၏ အရူးအင်အားနှင့်ဆိုလျှင် သူမသွားပါက အလကားနေရင်း အထိနာမည်သာ ဖြစ်သည်။ ဘာကြောင့်များ သွားပြီး အရှုပ်ထဲ ပါဝင်နေရမည်နည်း။
သွေးအိုင်ထဲတွင် လဲနေသော ဟူကျူးဇီသည် ဆူညံသံများကြောင့် နိုးလာခဲ့သည်။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် တပြိုင်နက် ထျဲလန်ယန်က သူ၏ မိန်းမကို အညှာအတာမဲ့ ထိုးကြိတ်နေသည်ကို မြင်လိုက်ရသည်။
ဟူကျူးဇီ၏ မျက်လုံးသူငယ်အိမ်များ ကျယ်သွားရသည်။ သူသည် အပြင်သို့ ထွက်ရန် အမြန်ပင် တွားသွားတော့သည်။ မဖြစ်ဘူး။ ဤအချိန်တွင် မိမိအသက်ကို ကယ်တင်ဖို့ကသာ အရေးကြီးဆုံး မဟုတ်ပါလား။
သူ့မိန်းမနှင့် သမီးကိုမူ သူတို့ဘာသာသူတို့ ကြည့်ရှင်းကြပါစေတော့။
ဟူကျူးဇီသည် သူ၏ လှုပ်ရှားမှုလေးများကို မည်သူမှ သတိမထားမိဟု ထင်မှတ်နေခဲ့သည်။ သူ တိတ်တဆိတ် ဝမ်းသာနေစဉ်မှာပင် လေထဲမှ သံအိုးတစ်လုံး ပျံဝဲလာခဲ့သည်။
"ဘန်း။" ဟူကျူးဇီ၏ ခေါင်းကို ထိမှန်သွားပြီး မျက်စိထဲတွင် ကြယ်များ လွင့်စင်သွားကာ ပြန်၍မေ့လဲသွားပြန်သည်။
ဟူရှောင်လျန်သည် ဤမြင်ကွင်းကို မြင်သောအခါ အလွန်ကြောက်လန့်သွားပြီး ခေါင်းလေးကို ပုဝင်သွားရသည်။ အမှန်တကယ်မှာ သူမ ထွက်ပြေးရန် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူမဖခင်၏ သနားစရာကောင်းသော အခြေအနေကို မြင်လိုက်ရသဖြင့် သူမ၏ စိတ်ထဲတွင် အခြားသော အတွေးများပင် မပေါ်ရဲတော့ပေ။
သူမမိခင်၏ နာကျင်စွာ အော်ဟစ်သံများကို မြင်တွေ့ရသောအခါ ဟူရှောင်လျန်သည် သူမ၏ နှုတ်ခမ်းကို ကိုက်ကာ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်လေသည်။
'စိတ်မကောင်းပါဘူး အမေရယ်၊ ဘာပဲဖြစ်ဖြစ် အမေက သမီးကို အချစ်ဆုံးပဲ မဟုတ်လား၊ ဒါကြောင့် အမေပဲ အထိုးခံလိုက်ပါတော့၊ အဲဒါမှ ဟိုအရူးမက သမီးကို သတိမထားမိမှာ။'
ထျဲလန်ယန်သည် ကျန်းချွေ့ကို သတိလစ်သွားသည်အထိနှင့် ဝက်ခေါင်းကဲ့သို့ ဖူးရောင်သွားသည်အထိ တိုက်ရိုက် ထိုးကြိတ်လိုက်သည်။
သူမသာ တတ်နိုင်လျှင် ဓားဖြင့်ပင် သတ်ပစ်ချင်မိသည်။ ဝမ်းနည်းစရာမှာ ဤသည်မှာ ကမ္ဘာပျက်ကပ် မဟုတ်သဖြင့် လူသတ်ခြင်းမှာ ဥပဒေနှင့် ငြိစွန်းပေသည်။
မူလပိုင်ရှင်ကိုလည်း ကောင်းကောင်းမွန်မွန် နေထိုင်ပါမည်ဟု ကတိပေးထားခဲ့သလို ဤခန္ဓာကိုယ်နှင့် ဘဝသစ်ကို စတင်လိုသဖြင့် သူမကိုယ်သူမ ဒုက္ခရောက်စေမည့် အရာမျိုးကို မလုပ်ဆောင်လိုပေ။
လက်စားချေရန် နည်းလမ်းများစွာ ရှိပေသည်။ သေခြင်းတရားနှင့် နှိုင်းယှဉ်လျှင် ပို၍ နှိပ်စက်ညှင်းပန်းနိုင်သော နည်းလမ်းများ ရှိသေးသည် မဟုတ်ပါလား။
ထျဲလန်ယန်သည် ကျန်းချွေ့နှင့် သူမ၏ မိသားစုကို စတိုခန်းထဲတွင် တိုက်ရိုက် ပိတ်လှောင်လိုက်သည်။ သူတို့သည် မူလပိုင်ရှင်ကို အစာရေစာ မကျွေးဘဲ သုံးရက်တိုင်တိုင် ပိတ်လှောင်ထားခဲ့သဖြင့် သူမသည်လည်း သူတို့ကို သုံးရက်တိုင်တိုင် အရင်ဆုံး ပိတ်လှောင်ထားမည် ဖြစ်သည်။
ထျဲမိသားစု၏ အိမ်မှာ ဝင်ပေါက်တစ်ခုတည်းသာရှိသော ခြံဝင်းငယ်လေး ဖြစ်သည်။ စတိုခန်းမှာ နောက်ဘက်တွင် ရှိပြီး အတွင်း၌ ပြတင်းပေါက်များ မရှိပေ။
ဤမိသားစုသည် လည်ချောင်းကွဲမတတ် အော်ဟစ်နေကြလျှင်တောင်မှ မည်သူမျှ လာရောက် ကယ်တင်မည် မဟုတ်ပေ။
ထိုမိသားစုကို ကိုင်တွယ်ပြီးနောက် ထျဲလန်ယန်သည် မီးဖိုချောင်သို့ သွားသည်။ မွန်းတည့်က စားထားသော အစားအစာများမှာလည်း ကြေညက်သွားပြီဖြစ်ပြီး ယခုတင် လူရိုက်ထားရသဖြင့် အားကစားလုပ်ထားသကဲ့သို့ ဖြစ်ကာ အလွန်ပင် ဗိုက်ဆာနေပြီ ဖြစ်သည်။
ဗီရိုကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ထျဲလန်ယန်၏ မျက်လုံးများမှာ တောက်ပသွားရသည်။ အထဲတွင် ကောင်းမွန်သော ပစ္စည်းများစွာ ရှိနေပါလား။
ဆန်၊ ဂျုံမှုန့်ဖြူ၊ သကြားညိုနှင့် ကြက်ဥတစ်တောင်း ရှိနေပေသည်။ ကမ္ဘာပျက်ကပ်အတွင်းက တန်ဖိုးကြီးလှသော ဤအစားအစာများမှာ ယခုအခါ လက်တစ်ကမ်းတွင် ရှိနေလေပြီ။
နောက်တစ်ကြိမ်တွင်လည်း သူမသည် ကျေးဇူးတင်စွာဖြင့် သက်ပြင်းချလိုက်မိသည်။ "ကျေးဇူးတင်ပါတယ် ကောင်းကင်ဘုံကြီးရယ်။"
ပါဝင်ပစ္စည်းများကို ကြည့်ပြီးနောက် ထျဲလန်ယန်သည် သကြားညို ကြက်ဥပြုတ် တစ်အိုး ချက်ရန် ဆုံးဖြတ်လိုက်သည်။
သူမသည် သကြားညိုရည် သောက်ရခြင်းနှင့် ကြက်ဥပြုတ် စားရခြင်းကို နှစ်သက်ပြီး ၎င်းနှစ်ခုကို ပေါင်းစပ်လိုက်ခြင်းမှာ သူမ၏ ခန္ဓာကိုယ်အတွက်လည်း ကောင်းမွန်လှပေသည်။
ဤခေတ်ကာလတွင် မြို့ပြ၌ ချက်ပြုတ်ခြင်းကို မီးသွေးခဲများဖြင့် ပြုလုပ်ကြသည်။ အထူးပြုလုပ်ထားသော မီးဖိုများရှိပြီး အပေါ်တွင် သံအိုးတင်ကာ ကြော်လှော်ချက်ပြုတ်နိုင်သည်။
ပြောရဦးမည်ဆိုလျှင် ဤခေတ်မှ သံအိုးများသည် အရည်အသွေး အလွန်ကောင်းမွန်လှသည်။ သူမ အကြိမ်ကြိမ် ရိုက်နှက်ခဲ့သော်လည်း အက်ရာတစ်ခုပင် မထင်ခဲ့ပေ။
ထျဲလန်ယန်သည် သံအိုးပေါ်ရှိ သွေးများကို ဆေးကြောသန့်စင်ပြီး ပိုးသတ်ရန်အတွက် အရင်ဆုံး ရေတစ်အိုး တည်လိုက်သည်။ ထို့နောက် နောက်ထပ် ရေတစ်အိုး ထပ်တည်ပြီး ရေဆူလာသောအခါ သကြားညိုများကို ထည့်လိုက်သည်။
သကြားညိုများ အိုးထဲသို့ ရောက်သွားသည်နှင့် တပြိုင်နက် ချိုမြိန်စေးကပ်သော အနံ့မှာ လျင်မြန်စွာ ပျံ့လွင့်လာခဲ့သည်။
ထျဲလန်ယန်သည် သွားရည်များကို မြိုချလိုက်ပြီး ကြက်ဥများကို အိုးထဲသို့ လျင်မြန်စွာ ခွဲထည့်လိုက်သည်။ စုစုပေါင်း ကြက်ဥ ၁၅ လုံးတိတိ ခွဲထည့်လိုက်ခြင်း ဖြစ်သည်။
ဤသည်မှာ သူမ၏ ခန္ဓာကိုယ်ကို အားပြန်ဖြည့်ရန်အတွက် ဖြစ်ရာ ပါဝင်ပစ္စည်းများမှာ လုံလောက်စွာ ရှိရပေမည်။
မကြာမီမှာပင် ကြက်ဥပြုတ်လေးများမှာ ပုံစံပေါ်လာပြီး ဖြူဖွေးနုနယ်သော အလုံးလေးများ ဖြစ်လာကြသည်။
Tie Lanyan didn't cook them for long. She liked to eat runny poached eggs, with the yolk half-cooked was the best.
ထျဲလန်ယန်သည် ၎င်းတို့ကို အကြာကြီး မချက်ပေ။ သူမသည် ကြက်ဥအနှစ် မကျက်တကျက် အနေအထားကို စားရခြင်းကို နှစ်သက်သဖြင့် ထိုသို့သော အနေအထားမှာ အကောင်းဆုံးပင် ဖြစ်သည်။
သကြားညို ကြက်ဥပြုတ်တစ်အိုးမှာ မိနစ်အနည်းငယ်အတွင်း ပြီးစီးသွားခဲ့သည်။ ထျဲလန်ယန်သည် အရင်ဆုံး သကြားညိုရည်ကို တစ်ငုံသောက်လိုက်သည်။
နွေးထွေးပြီး ချိုမြိန်သော သကြားညိုရည်မှာ လည်ချောင်းထဲသို့ စီးဝင်သွားရာ သူမကို စိတ်ကြည်လင်သွားစေသည်။
ထျဲလန်ယန်သည် မကျက်တကျက် ကြက်ဥပြုတ်လေးကို မစောင့်နိုင်တော့ဘဲ ကောက်ယူလိုက်သည်။ သူမ ကိုက်လိုက်သောအခါ ကြက်ဥအနှစ်မှာ ပါးစပ်ထဲတွင် ပေါက်ထွက်သွားတော့သည်။
ဝါး။ တကယ်ကို အရသာရှိတယ်။ ထျဲလန်ယန်သည် ကျေနပ်စွာ ခေါင်းညိတ်ရင်း စားသောက်နေပြီး အထူးပင် ပျော်ရွှင်နေသည်။
မှန်ကန်သော ဆိုရိုးစကားတစ်ခု ရှိသည်မဟုတ်ပါလား၊ အရသာရှိသော အစားအစာကိုသာ လက်လွှတ်မခံသင့်ပေ။ နောင်တွင်လည်း အရသာရှိသော အစားအစာများကို ပိုစားသောက်နိုင်ရန် နည်းလမ်းရှာရဦးမည်။
သကြားညို ကြက်ဥပြုတ်များကို စားပြီးနောက် ထျဲလန်ယန်သည် ရေချိုးရန် ဆုံးဖြတ်လိုက်သည်။
မူလပိုင်ရှင်မှာ စတိုခန်းထဲတွင် ရက်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီး ရေမချိုးရသဖြင့် သူမ၏ ကိုယ်ခန္ဓာမှာ နံစော်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
ထျဲမိသားစုတွင် ရေချိုးခန်းလေး တစ်ခုရှိသော်လည်း ရေကို ပုံးနှင့် တစ်ပုံးချင်း သယ်ယူရသဖြင့် အဆင်မပြေလှပေ။
ထျဲလန်ယန်သည် နေရာလွတ်ထဲတွင်သာ ရေချိုးရန် ဆုံးဖြတ်လိုက်သည်။ ဝါးအိမ်တံခါးဝတွင် မြစ်ငယ်လေးတစ်ခု ရှိနေသဖြင့် သူမ ရေပင် ကူးနိုင်သေးသည် မဟုတ်ပါလား။
ထျဲလန်ယန်သည် အရင်ဆုံး မူလပိုင်ရှင်၏ အခန်းသို့ သွားခဲ့သည်။ သူမသည် ဟူရှောင်လျန်၏ ပစ္စည်းအားလုံးကို ထောင့်တစ်နေရာသို့ ပစ်ချကာ အမြန်ပင် ရှင်းလင်းလိုက်သည်။
ဗီရိုထဲတွင် နွေရာသီဝတ် အင်္ကျီများ၊ အပြာရောင် ဂါဝန်များ၊ ပန်းပွင့်ဂါဝန်ရှည်များ၊ ဒါကရွန် ရှပ်အင်္ကျီဖြူများ၊ ဘောင်းဘီအနက်များနှင့် အခြားအရာများ ချိတ်ဆွဲထားသည်။
ဤအရာများမှာ မူလပိုင်ရှင်၏ ပစ္စည်းများဖြစ်ပြီး ဟူရှောင်လျန်သည် ၎င်းတို့ကို လှသည်ဟု ထင်မှတ်ကာ ဝတ်ဆင်ရန် ကြံစည်နေသဖြင့် သိပ်မထိရသေးခြင်း ဖြစ်နိုင်သည်။
ထျဲလန်ယန်သည် အပြာရောင် ဂါဝန်ကို ယူလိုက်ပြီး အတွင်းခံများ၊ ဘောင်းဘီနှင့် ခြေအိတ်များကိုလည်း ရွေးချယ်လိုက်သည်။
သူမသည် မူလပိုင်ရှင်၏ အတွင်းခံများကိုလည်း ရွံရှာနေမည် မဟုတ်ပေ။ ကမ္ဘာပျက်ကပ်အတွင်းကဆိုလျှင် ဇွန်ဘီများနှင့် တစ်နေကုန် လုံးထွေးနေရသဖြင့် အမြဲတမ်း နံစော်နေခဲ့ရရာ သန့်ရှင်းသော အဝတ်အစားတစ်စုံ ရရှိဖို့ပင် မလွယ်ကူခဲ့ပေ။
ထျဲလန်ယန်သည် အလွန်ပင် ကျေနပ်နေတော့သည်။ ယခုအခါ နေရာလွတ်၏ အဝင်အထွက် ကန့်သတ်ချက်များ မရှိတော့သဖြင့် အလွန်ပင် အဆင်ပြေလှသည်။
ထျဲလန်ယန်သည် သူမ၏ အဝတ်အစားများ၊ တဘက်နှင့် ဆပ်ပြာတို့ကို ယူကာ တံခါးကို လော့ခ်ခတ်ပြီး နေရာလွတ်ထဲသို့ ဝင်လိုက်သည်။
နေရာလွတ်ထဲတွင်မူ အမြဲတမ်း နေ့ဘက်ဖြစ်နေပြီး အပူချိန်မှာလည်း သင့်တော်ကာ မြစ်ရေမှာလည်း အလွန်ပင် နွေးထွေးလှသည်။
"ဟိဟိ မြစ်လေးရေ၊ ငါ လာပြီနော်။"
ထျဲလန်ယန်သည် သူမ၏ အဝတ်များကို ချွတ်ပြီး မြစ်ထဲသို့ ဝုန်းခနဲ ခုန်ချလိုက်သည်။
သူမသည် အရင်ဆုံး ဆပ်ပြာဖြင့် တစ်ကိုယ်လုံးကို သုံးကြိမ်တိုင်တိုင် တိုက်ချွတ်ဆေးကြောပြီး အညစ်အကြေးများကို ဖယ်ရှားလိုက်သည်။ ထို့နောက် စီးဆင်းနေသော မြစ်ထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ရေကူးတော့သည်။
ဝါးတောခြံဝင်းထဲသို့ လေပြေများ တိုးဝှေ့တိုက်ခတ်လာပြီး မြက်ခင်းစိမ်းလေးများပေါ်သို့ ဖြတ်သန်းသွားသည်။ လှိုင်းထနေသော မြစ်ရေမှာ အဝေးဆီသို့ စီးဆင်းသွားပြီး အဝေးရှိ တောင်တန်းကြီးများမှာလည်း စိမ်းလန်းစိုပြည်စွာ တည်ရှိနေကြသည်။
"ဝူးဟူး~~~" ပျော်ရွှင်နေသော လူသားလေး တစ်ယောက်လည်း ရှိနေသည်။
သူမသည် ငါးတစ်ကောင်ကဲ့သို့ပင် လွတ်လပ်ပေါ့ပါးစွာဖြင့် ကြည်လင်သော မြစ်ရေထဲတွင် ကူးခတ်နေတော့သည်။
ဤမြင်ကွင်းမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ပင် လှပနေသည်…