← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အပိုင်း ၇

သမဝါယမဆိုင်သို့ သွားရာလမ်းတွင် အဒေါ်မာက ရုတ်တရက် မေးလိုက်သည်။ "နင့်ဒေါ်လေးရော ဘယ်မှာလဲ။ ပုံမှန်ဆို သူပဲ အပြင်ထွက်ပြီး ပစ္စည်းဝယ်နေကျ မဟုတ်လား။"

"သူမက မကြာခင်က အလုပ်တွေ အရမ်းလုပ်လိုက်ရလို့ ခါးနာနေတယ်တဲ့၊ ဒါကြောင့် သမီးကိုပဲ အပြင်ထွက်ခိုင်းလိုက်တာပါ။" ထျဲလန်ယန်သည် ပြင်ပလူများကို ပြောရန် ဆင်ခြေတစ်ခု ကြိုတင်စဉ်းစားထားပြီးသား ဖြစ်သည်။

"ဩော်... အဲလိုလား" အဒေါ်မာက ထျဲလန်ယန်ကို တစ်ချက်ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "နင့်ဒေါ်လေးဆီက ကြားတာတော့ နင် မကြာခင်က နည်းနည်း စိတ်မူမမှန်ဖြစ်နေတယ်ဆိုလို့၊ သနားစရာကွယ်... အခုရော သက်သာရဲ့လား။"

ကျန်းချွေ့ကြောင့်သာ ဖြစ်သည်။ အပြင်လူအားလုံးက မူလပိုင်ရှင် အရူးဖြစ်သွားပြီဟု ပြောနေကြရာ အဒေါ်မာ၏ စကားမှာ အတော်ပင် ထိန်းပြောထားခြင်း ဖြစ်သည်။

ထျဲလန်ယန်၏ စိတ်ထဲတွင် အနည်းငယ် နွေးထွေးသွားရသည်။ သူမ ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ "သမီး အများကြီး သက်သာသွားပါပြီ၊ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် အဒေါ်။"

အဒေါ်မာ၏ မျက်နှာမှာ ကြည်လင်သွားခဲ့သည်။ "အေး... အဲဒါဆိုလည်း ကောင်းတာပေါ့၊ နင် အပြင်ထွက်ပြီး လမ်းလျှောက်ချင်သေးလား။ ချန်ကျန်းကို နင့်ကို လိုက်ပို့ခိုင်းလိုက်မယ်လေ။"

ချန်ကျန်းမှာ အဒေါ်မာ၏ သားဖြစ်ပြီး ထျဲလန်ယန်ထက် သိပ်မကြီးပေ။ သူက အထည်ချုပ်စက်ရုံတွင် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။

ထျဲလန်ယန် - "ရပါတယ် အဒေါ်၊ သမီး ဒီရက်ပိုင်း အလုပ်လေးတွေ ရှိလို့ပါ။"

သူမတွင် ကျန်းချွေ့တို့ မိသားစုကို ကိုင်တွယ်ရန် ရှိသလို ပစ္စည်းစုဆောင်းရန်နှင့် ငွေရှာရန်လည်း ရှိနေသဖြင့် အချိန်မရှိသည်မှာ အမှန်ပင် ဖြစ်သည်။ ထို့ပြင် ချန်ကျန်းနှင့် အတူသွားပါက အပျိုနှင့် လူပျိုဖြစ်သဖြင့် အတင်းအဖျင်း အပြောခံရနိုင်သည်။

အဒေါ်မာ၏ မျက်နှာတွင် အနည်းငယ် စိတ်ပျက်သွားဟန် ပေါ်သွားသည်။ "အေးလေ... အဲဒါဆိုလည်း နင်အားမှပဲ ပြောကြတာပေါ့။"

သမဝါယမဆိုင်မှာ ထျဲအိမ်နှင့် သိပ်မဝေးဘဲ ခြေလျင်လျှောက်လျှင် မိနစ် ၄၀ ခန့်သာ ကြာသည်။ ဆိုင်သို့ရောက်၍ ပစ္စည်းဝယ်ရန် ပြင်သောအခါမှ ထျဲလန်ယန် ကြောင်သွားရသည်။

ဤခေတ်ကာလတွင် ပစ္စည်းဝယ်ရန် ရိက္ခာကူပွန်များ လိုအပ်သည်ကို သူမ မေ့သွားခြင်း ဖြစ်သည်။ အိမ်ရှိ ကူပွန်များကိုလည်း ကျန်းချွေ့က သုံးပစ်လိုက်သဖြင့် တစ်ခုမှ မကျန်တော့ပေ။

ဘေးမှ အဒေါ်မာက သူမတွင် ကူပွန်မရှိသည်ကို သိသဖြင့် ဦးဆောင်၍ ပြောလာသည်။ "ငါ့ဆီမှာ ကူပွန်အပို အနည်းငယ် ရှိတယ်၊ နင် ဘာဝယ်ချင်လို့လဲ။ ငါ အရင်ချေးပေးမယ်၊ ပြီးမှ နင်က ပိုက်ဆံနဲ့ ပြန်ပေးပေါ့။"

ထျဲလန်ယန်၏ မျက်နှာမှာ ဝင်းခနဲ ဖြစ်သွားသည်။ "ဒါဆို ကျေးဇူးတင်ပါတယ် အဒေါ်။" ဤခေတ်တွင် ကုန်စျေးနှုန်းများမှာ အလွန်ပင် သက်သာလှသည်။

ဆန်ကြမ်း တစ်ပေါင်လျှင် ၁၂ ဆင့်သာ ရှိပြီး ဆန်ချောနှင့် ဂျုံမှုန့်မှာ တစ်ပေါင်လျှင် ၂၀ ဆင့် ဖြစ်သော်လည်း ဆန်ရိက္ခာကူပွန် လိုအပ်သည်။ ပဲဆီမှာ တစ်ပေါင်လျှင် ၅၀ ဆင့်ဖြစ်ပြီး ဆီကူပွန် လိုအပ်သည်။

သကြားညို တစ်ပေါင်လျှင် ၅၀ ဆင့်၊ သကြားဖြူမှာ ၈၀ ဆင့် ဖြစ်ပြီး သကြားကူပွန် လိုအပ်သည်။ ဝက်သားမှာ တစ်ပေါင်လျှင် ၉၀ ဆင့်ဖြစ်ပြီး ကြက်သားနှင့် ဘဲသားမှာ ၁ ယွမ် ဖြစ်ကာ အသားကူပွန်များ လိုအပ်သည်။

ကြက်ဥများအတွက်လည်း ကြက်ဥကူပွန် လိုအပ်ပြီး တစ်လုံးလျှင် ၉ ဆင့် ရှိသည်။ အိမ်မွေးကြက်ဥများဖြစ်သဖြင့် သေးငယ်သော်လည်း ၁၁ လုံးလျှင် တစ်ပေါင်ခန့်ရှိကာ ၁ ယွမ်ခန့် ကျသင့်သည်။

နောက်ဆုံးတွင် ဟင်းသီးဟင်းရွက်များမှာ အလွန်စျေးပေါပြီး တစ်စည်းလျှင် ၅ ဆင့်သာ ရှိသည်။ ၎င်းတို့အတွက် ကူပွန်မလိုဘဲ မြို့စွန် သို့မဟုတ် ကျေးလက်မှ တောင်သူများ လာရောက်ရောင်းချခြင်း ဖြစ်သည်။

အဒေါ်မာတွင် ၅ ကျင်းတန် ဆန်ကူပွန်၊ ၁ ကျင်းတန် အသားကူပွန်၊ ၅ ကျင်းတန် ကြက်ဥကူပွန်နှင့် ၂ ကျင်းတန် သကြားကူပွန်များ ရှိရာ ထျဲလန်ယန်က အားလုံးကို ချေးယူလိုက်သည်။

သူမသည် ဂျုံမှုန့်ဖြူ ၅ ကျင်း၊ ဝက်သား ၁ ကျင်း၊ ကြက်ဥ ၅ ကျင်းနှင့် သကြားဖြူ ၂ ကျင်းတို့ကို ဝယ်ယူခဲ့ရာ စုစုပေါင်း ၈ ယွမ် ၅၀ ဆင့် ကျသင့်သည်။ ကူပွန်များမှာ ငွေထက်ပင် ပို၍ တန်ဖိုးရှိသည်။

ထျဲလန်ယန်သည် အဒေါ်မာကို ၁၀ ယွမ်တန် တစ်ရွက် ပေးလိုက်သည်။ အဒေါ်မာကလည်း မငြင်းဘဲ လက်ခံလိုက်ပြီး သတိပေးခဲ့သည်။ "လန်ယန်... နင် သုံးတာဖြုန်းတာ နည်းနည်း များနေတယ်နော်၊ နောက် အိမ်ထောင်ကျရင် ချွေတာရဦးမှာ၊ အခုလို မသုံးနဲ့ဦး။"

ထျဲလန်ယန်ကမူ ထိုစကားကို စိတ်ထဲမထားဘဲ ခေါင်းညိတ်ပြလိုက်ရုံသာ လုပ်လိုက်သည်။ သူမသည် ကိုယ်အလေးချိန် ပေါင် ၃၀ တက်အောင် လုပ်ရမည်ဖြစ်ရာ အများကြီး စားဖို့ လိုအပ်သည် မဟုတ်ပါလား။ ထို့ပြင် ငွေဆိုသည်မှာ သုံးရန်ဖြစ်ပြီး ကုန်သွားလျှင် ပြန်ရှာ၍ ရသည်။

မပြန်မီ ထျဲလန်ယန်သည် ၁၀ ဆင့်သုံးကာ ပဲတောင့်ရှည် နှစ်စည်း ဝယ်လိုက်သည်။ ဤပဲတောင့်များမှာ အလွန်လတ်ဆတ်ပြီး အရသာရှိသည်။

၎င်းတို့ကို နည်းမျိုးစုံဖြင့် ချက်ပြုတ်နိုင်ရာ ပဲတောင့်ရှည် ခေါက်ဆွဲဆီပြန်၊ ပဲတောင့်ရှည် ခေါက်ဆွဲကြော်နှင့် ဝက်နံရိုး ပဲတောင့်ရှည် ထမင်းပေါင်း စသည်ဖြင့် ရှိသည်။ ထျဲလန်ယန်သည် ယနေ့ညစာအတွက် ပဲတောင့်ရှည် ထမင်းပေါင်းကို ချက်စားရန် ဆုံးဖြတ်လိုက်သည်။

အဒေါ်မာကို နှုတ်ဆက်ပြီးနောက် ထျဲလန်ယန် အိမ်သို့ တန်းမပြန်ဘဲ ဆေးရုံသို့ သွားသည်။ ဝိညာဉ်ကူးပြောင်းခြင်း ဝတ္ထုများထဲတွင် ဖတ်ဖူးသည့် မှောင်ခိုစျေးကွက်ကို သူမ ရှာဖွေလိုခြင်း ဖြစ်သည်။

သူမ၏ စားနိုင်စွမ်းမှာ ကြီးမားလှသလို အာဟာရပြည့်ဝသော အစားအစာများလည်း လိုအပ်သည်။ ယနေ့ ဝယ်လာသမျှမှာ သုံးလေးရက်အတွင်း ကုန်သွားနိုင်သဖြင့် သူများဆီမှ ကူပွန်များ အမြဲချေးနေ၍ မဖြစ်ပေ။

မှောင်ခိုစျေးကွက်မှာ အကောင်းဆုံး နေရာပင် ဖြစ်သော်လည်း သူမသည် နေရာအတိအကျကို မသိသလို အဒေါ်မာကိုလည်း တိုက်ရိုက် မမေးရဲပေ။

ပြုပြင်ပြောင်းလဲရေး မတိုင်မီက ပုဂ္ဂလိက အရောင်းအဝယ်မှာ ခွင့်မပြုထားဘဲ မှောင်ခိုလုပ်ငန်းဟု သတ်မှတ်ထားသည်။ မိသွားပါက ဒဏ်ရိုက်ခြင်းမှသည် အဆိုးဆုံး သေဒဏ်အထိ ခံရနိုင်သည်။

ထို့ကြောင့် လူတိုင်းက ထိုစျေးအကြောင်းကို မပြောရဲကြဘဲ တိတ်တဆိတ်သာ သွားလာကြခြင်း ဖြစ်သည်။

ထျဲလန်ယန်သည် ဆေးရုံအနီးသို့ သွားရခြင်းမှာ ဆေးရုံရှိ လူနာများမှာ အာဟာရများ အရေးတကြီး လိုအပ်သဖြင့် ၎င်းအနီးအနားတွင် ရဲရဲဝံ့ဝံ့ လာရောက်ရောင်းချသူများ ရှိနိုင်မည်ဟု တွေးမိသောကြောင့် ဖြစ်သည်။

ဤနည်းလမ်းမှာလည်း ဝတ္ထုများထဲမှ ရလာခြင်း ဖြစ်သည်။ ကမ္ဘာပျက်ကပ် မတိုင်မီက သူမသည် စာအလွန်ဖတ်သော စာကြမ်းပိုးတစ်ယောက် ဖြစ်ခဲ့သည်။ ဤအချက်မှာ တစ်နေ့တွင် အသုံးဝင်လာမည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

ထျဲလန်ယန်သည် ပြည်သူ့ဆေးရုံကြီး အနီးအနားတွင် နှစ်ပတ်ခန့် ပတ်ကြည့်လိုက်သည်။ သံသယဖြစ်ဖွယ် လူအချို့ကို ဖယ်ထုတ်ပြီးနောက် လူဝကြီး တစ်ယောက်ကို သူမ သတိထားမိသွားသည်။

ထိုလူဝကြီးမှာ အဝတ်အစား သေသပ်စွာ ဝတ်ဆင်ထားပြီး သစ်ပင်ကြီးတစ်ပင်အောက်တွင် ကျောပိုးအိတ်တစ်လုံးနှင့် ရပ်နေကာ ဘေးဘီကို ဝေ့ဝဲကြည့်နေသည်။

ထျဲလန်ယန်သည် အနားသို့ တိုးသွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "ရဲဘော်... ဟိုဘက်မှာ စကားပြောရအောင်လား။"

ကျောပိုးအိတ်မှာ အဝတ်ဖြင့် တင်းကျပ်စွာ ထုပ်ပိုးထားသဖြင့် အထဲတွင် ကောင်းမွန်သော ပစ္စည်းများ ရှိနေမည်မှာ သေချာလှသည်။ ထိုလူဝကြီးသည် ထိုစကားကို ကြားသောအခါ ယခင်က စိုးရိမ်နေသော ပုံစံမှာ ပျောက်ကွယ်သွားပြီး ချက်ချင်း ပြုံးရွှင်သွားကာ ပြောလိုက်သည်။ "သွားကြစို့... သွားကြစို့၊ ဟိုဘက် လမ်းကြားထဲမှာ စကားပြောရအောင်။"

သူတို့နှစ်ဦးမှာ မဝေးသော လမ်းကြားလေးထဲသို့ တစ်ယောက်နောက် တစ်ယောက် လိုက်သွားကြသည်။ နေရာသို့ ရောက်သောအခါ နှစ်ဦးလုံးက တစ်ချိန်တည်းမှာပင် မေးလိုက်ကြသည်မှာ…

"ဘာကောင်းတာတွေ ပါလဲ။"

"ပစ္စည်းရော ကောင်းရဲ့လား။"

ထိုစကားများ ထွက်လာပြီးနောက် နှစ်ဦးသား ကြောင်သွားကြတော့သည်။ နှစ်ဦးလုံးမှာ ပစ္စည်းဝယ်ရန် ရောင်းသူကို ရှာနေကြသူများ ဖြစ်နေပါလား။ တကယ့်ကို အနေခက်စရာပင်။

နျိုတပင်း - "အဟမ်း... အစ်မကြီး၊ ကျွန်တော်တို့ နှစ်ယောက်လုံး မှားသွားကြတာပဲ။"

နျိုတပင်း - "ဒါက ကျွန်တော့်အဘွား ပန်းခြံထဲကနေ တူးလာတဲ့ မြေကြီးတွေပါ။ သူက သူ့အိမ်က မြေထက် ဒီမြေက ပိုကောင်းတယ်ဆိုပြီး ဟင်းသီးဟင်းရွက် စိုက်ဖို့ သယ်သွားချင်နေတာ။"

"ဒါပေမယ့် ဒီကိုလာတဲ့လမ်းမှာ သူက ခါးလွဲသွားလို့ အခု ဆေးရုံတက်နေရတယ်။ သူက ကျွန်တော် ဒီမြေကြီးတွေကို လွှင့်ပစ်လိုက်မှာ စိုးလို့ နေ့တိုင်း ဒီကို သယ်လာခိုင်းပြီး သူ့ကို ပြခိုင်းနေတာလေ။"

ထျဲလန်ယန် - …

ဒီအဘွားကြီးက တကယ့်ကို ဒုက္ခပေးတာပဲ။ မြေကြီးတစ်အိတ်က မြေးဖြစ်သူထက် ပိုအရေးကြီးနေတာလား၊ မြေးဖြစ်သူပါ ခါးလွဲသွားမှာကို မစိုးရိမ်ဘူးလား။

ထျဲလန်ယန်မှာ ပြောစရာစကားတောင် မရှိပေ။ "ပစ္စည်းကောင်းလို့ ထင်နေတာ... အသေအချာကို ထုပ်ပိုးထားတာဆိုတော့။"

"သူများ လှောင်မှာ စိုးလို့ပါ" နျိုတပင်းက သူ့ခေါင်းကို အနေခက်စွာ ပွတ်ရင်း ပြောလိုက်သည်။ "တကယ်တော့ ကျွန်တော်က ပစ္စည်းပြန်ရောင်းတဲ့လူ တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ့် သူငယ်ချင်းကို စောင့်နေတာပါ။ အဘွားကျန်းမာရေးအတွက် အမဲရိုးတွေ ဝယ်မလို့လေ။ အခုလို အစ်မနဲ့ တိုးမယ်လို့ မထင်ထားဘူး... တောင်းပန်ပါတယ်။"

ထျဲလန်ယန်သည် ထိုစကားကို ကြားသည်နှင့် မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။ "ရပါတယ် အစ်ကိုကြီးရယ်၊ ဒါက တိုက်ဆိုင်မှုပဲလေ။ အစ်ကိုကြီးကို ကြည့်ရတာ ခင်ဖို့ကောင်းပါတယ်၊ ကျွန်မတို့ သူငယ်ချင်း လုပ်ကြရအောင်၊ ဟိုပစ္စည်းရောင်းတဲ့လူနဲ့ ကျွန်မကိုပါ မိတ်ဆက်ပေးလို့ ရမလား။"

နျိုတပင်းမှာ ပါးစပ်လေး တွန့်သွားရသည်။ ဝါး... မျက်နှာက ချက်ချင်းကို ပြောင်းသွားတာပဲ။ သူငယ်ချင်းလုပ်ချင်တာက အကြောင်းပြချက် ဖြစ်ပြီး ပစ္စည်းရောင်းသူကို သိချင်တာက အဓိက ဖြစ်ပေလိမ့်မည်။

သို့သော် သူက စိတ်မရှိသည့်အပြင် ပျော်ပင် ပျော်နေသေးသည်။ ဒီအစ်မကြီးက တကယ့်ကို ပါးနပ်တာပဲ၊ သူနှင့်လည်း စရိုက်ချင်း တူသဖြင့် သူငယ်ချင်းတစ်ယောက် ရသွားသည်မှာ မဆိုးလှပေ။

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၈

နျိုတပင်းက တဟားဟား ရယ်မောလိုက်သည်။ "ကောင်းပါပြီ။ ကျွန်တော်က နျိုတပင်းပါ။ အစ်မကြီး နာမည်ကရော ဘယ်လိုခေါ်လဲ။"

ထျဲလန်ယန် - "ကျွန်မ နာမည်က ထျဲလန်ယန်ပါ။ ထျဲ က ပန်းပဲသမားရဲ့ ထျဲ၊ လန်က သစ်ခွပန်းရဲ့ လန်၊ ယန် ကတော့ ပျံလွှားငှက်ရဲ့ ယန် ပါ။"

နျိုတပင်းက သူမကို လက်မထောင်ပြလိုက်သည်။ "နာမည်က ကောင်းလိုက်တာ၊ ကြားရတာကလည်း သိပ်ကို ယဉ်ကျေးသိမ်မွေ့နေတာပဲ။ အစ်မရဲ့ ပုံစံနဲ့လည်း လိုက်ဖက်တယ်။"

ထျဲလန်ယန် - .....

သူသာ ငါ့ကို သံအိုးကြီးနဲ့ လူတွေကို လိုက်ရိုက်နေတဲ့ မိန်းမမှန်း သိသွားရင် ကြောက်ပြီး ထွက်ပြေးသွားမလား မသိဘူး။

ထျဲလန်ယန်က ရှက်သွေးဖြာဟန်ဖြင့် ပြောလိုက်သည်။ "ဟိဟိ... မြှောက်ပင့်လွန်းနေပါပြီ။" သူမ၏ ပင်ကိုယ်စရိုက် အစစ်အမှန်ကို မပြမီတွင် အနည်းငယ်တော့ ဟန်ဆောင်ရပေဦးမည်၊ မဟုတ်ပါက လူတွေ ကြောက်ပြီး ထွက်ပြေးကုန်ကြလိမ့်မည်။

စကားပြောနေစဉ်မှာပင် အဝေးမှ ဦးထုပ်အမည်း ဆောင်းထားသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူတစ်ယောက် လမ်းလျှောက်လာခဲ့သည်။ သူက ဘေးဘီကို သတိထားကြည့်နေပြီး နျိုတပင်းကို မြင်သည်နှင့် အနားသို့ အမြန်လျှောက်လာခဲ့သည်။

"မင်းက နျိုတပင်း မဟုတ်လား။"

"ဟုတ်ကဲ့... ဟုတ်ကဲ့၊ ကျွန်တော်ပါပဲ" နျိုတပင်းက အမြန်ခေါင်းညိတ်ပြပြီး ပြုံးလိုက်သည်။ "ခင်ဗျား တော်တာပဲ၊ ကျွန်တော့်ကို ချက်ချင်း ရှာတွေ့တာပဲ။"

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလူ - "မင်းသူငယ်ချင်းက ပြောတယ်လေ၊ မင်းက ဝက်တစ်ကောင်လို ဝတာဆိုတော့ ရှာရတာ လွယ်တာပေါ့။"

နျိုတပင်းမှာ ဆွံ့အသွားရသည်။

ဒါကတော့ နည်းနည်း ရိုင်းသလိုပဲ အစ်ကိုရာ။

ထျဲလန်ယန်မှာ ရယ်ချင်စိတ်ကို အောင့်ထားရသဖြင့် သူမ၏ နှုတ်ခမ်းမှာ ဒေါ်နယ်ဘဲ၏ နှုတ်သီးကဲ့သို့ပင် ဖြစ်နေတော့သည်။

နျိုတပင်းသည် ပစ္စည်းပြန်ရောင်းသူနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ထျဲလန်ယန်နှင့် မိတ်ဆက်ပေးလိုက်သည်။ "ဒါက ကျွန်တော် သိတဲ့ အစ်မကြီး ထျဲလန်ယန်ပါ။ သူက တကယ့်ကို ရိုးသားတဲ့သူပါ၊ ခင်ဗျားဆီက ပစ္စည်းအချို့ ဝယ်ချင်လို့တဲ့။"

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူက သူမကို ခေါင်းညိတ်ပြလိုက်ပြီး "မင်္ဂလာပါ" မိမိဆီသို့ ကိုယ်တိုင်လာသော စျေးဝယ်သူကို သူက ငြင်းပယ်စရာ အကြောင်းမရှိပေ။

"မင်္ဂလာပါ" ထျဲလန်ယန် ပြုံးပြီး ပြန်နှုတ်ဆက်လိုက်သည်။ ထို့နောက် ထျဲလန်ယန်နှင့် နျိုတပင်းတို့သည် ထိုသူ၏နောက်သို့ လိုက်ကာ မြို့စွန်ရှိ ကုန်လှောင်ရုံတစ်ခုသို့ ရောက်သွားကြသည်။

ထိုသူသည် အမဲသားများကို အဓိက ပြန်လည်ရောင်းချသူ ဖြစ်သည်။ နျိုတပင်းက အဘွားဖြစ်သူ ကျန်းမာရေးအတွက် အမဲရိုးစွပ်ပြုတ် ချက်တိုက်ရန် အမဲရိုးများ ဝယ်ချင်နေခြင်း ဖြစ်သည်။

သို့သော် ကုန်ပစ္စည်း အရောင်းဆိုင်များတွင် အမဲသားကို တစ်လမှ တစ်ကြိမ်သာ တင်သဖြင့် ဝယ်ရန်မလွယ်ကူရာ မှောင်ခိုရောင်းသူထံမှသာ ဝယ်ယူရခြင်း ဖြစ်သည်။

အမဲသားမှာ ရှားပါးသော အသားဖြစ်ပြီး အမဲရိုးများမှာ သာမန်အသားထက်ပင် စျေးကြီးကာ တစ်ကျင်းလျှင် ၁ ယွမ် ၃၀ ဆင့် ရှိသည့်အပြင် ကူပွန်များလည်း လိုအပ်သည်။

မှောင်ခိုစျေးတွင်မူ ကူပွန်မလိုသော်လည်း စျေးနှုန်းမှာ သာမန်ဆိုင်များထက် သုံးလေးဆခန့် ပိုကြီးသည်။ ထို့ကြောင့် ရောင်းသူက တစ်ကျင်းလျှင် ၄ ယွမ်ဖြင့် ရောင်းသည်။

နျိုတပင်းသည် ငွေကို တွန့်တိုသူမဟုတ်သဖြင့် အမဲရိုး ၅ ကျင်းကို တန်းဝယ်လိုက်သည်။ ထို့ပြင် ထျဲလန်ယန်ကိုလည်း တိုက်တွန်းခဲ့သည်။ "အစ်မကြီး... ဒီအမဲသားတွေ ကြည့်ရတာ လတ်ဆတ်နေတာပဲ၊ အခုလေးတင် သတ်ထားတာ ထင်တယ်၊ အစ်မရော ဝယ်ဦးမလား။"

ထျဲလန်ယန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့... ကျွန်မလည်း အမဲရိုး စားရတာ ဝါသနာပါပါတယ်" အမဲရိုးမှာ ပရိုတင်းဓာတ် ကြွယ်ဝရုံသာမက ခန္ဓာကိုယ်ကိုလည်း အားဖြစ်စေသည်။ ၎င်းနှင့် ချက်သော ဟင်းများမှာလည်း အလွန်ပင် မွှေးကြိုင်လှသည်။

ထျဲလန်ယန်၏ ခေါင်းထဲတွင် အမဲရိုးဖြင့် ချက်နိုင်သော ဟင်းလျာမျိုးစုံ ပေါ်လာတော့သည်။ အမဲရိုး မုန်လာဥဖြူဟင်း၊ အမဲရိုး စွပ်ပြုတ်ခေါက်ဆွဲ၊ အမဲရိုးကင်၊ အမဲရိုး ဆီပြန်ဟင်းနှင့် အမဲရိုး ဆန်ပြုတ် စသည်တို့ ဖြစ်သည်။

တွေးမိလေ စိတ်လှုပ်ရှားလေဖြစ်ပြီး သူမ သွားရည်ပင် ကျချင်လာသည်။ ထျဲလန်ယန်သည် အမဲသားနှင့် အမဲရိုး စုစုပေါင်း ၃၀ ကျင်းကို တစ်ခါတည်း ဝယ်ချင်ဇောဖြင့် ဝယ်ယူလိုက်တော့သည်။

ဘာပဲဖြစ်ဖြစ် သူမ၏ နေရာလွတ်ထဲတွင် ပစ္စည်းများမှာ လတ်ဆတ်နေမည်ဖြစ်ရာ မည်မျှကြာကြာ သိမ်းထားပါစေ ပုပ်သိုးသွားမည် မဟုတ်ပေ။ ဤကဲ့သို့ ရက်ရက်ရောရော ဝယ်ယူလိုက်သော သူမ၏ ပုံစံမှာ နျိုတပင်းကို အံ့အားသင့်သွားစေသည်။

"ဝါး... အစ်မကြီးက တကယ့်ကို သူဌေးမလေးပဲ၊ ကျွန်တော့်ထက်တောင် အသုံးအစွဲ ပိုကြီးသေးတယ်။"

ထျဲလန်ယန် ရယ်မောလိုက်သည်။ "အစ်ကိုကြီးလည်း မဆိုးပါဘူး။" နျိုတပင်းသည် အမဲရိုးများ ဝယ်ပြီးနောက် အဘွားအတွက် စွပ်ပြုတ်ချက်ပေးရန် အလျင်အမြန် ထွက်သွားသည်။

ထျဲလန်ယန်ကမူ မပြန်သေးဘဲ မေးလိုက်သည်။ "အစ်ကို... ကျွန်မ တခြားပစ္စည်းတွေလည်း ဝယ်ချင်သေးတယ်၊ တခြား လမ်းကြောင်းတွေရော ရှိဦးမလား။"

"ရှိတာပေါ့... ဘာဝယ်ချင်လို့လဲ" ဤကဲ့သို့သော ဖောက်သည်ကြီးကို ရောင်းသူကလည်း လက်မလွှတ်ချင်ဘဲ မိတ်ဆွေဖွဲ့လိုနေသည်။

ထျဲလန်ယန်မှာ ဝမ်းသာသွားရသည်။ "ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်။"

လူရင်းတစ်ယောက်၏ လမ်းညွှန်မှုဖြင့် မှောင်ခိုစျေးသို့ သွားရမည်ဖြစ်ရာ အန္တရာယ်ဖြစ်မည်ကို မစိုးရိမ်ရသလို အလိမ်ခံရမည်ကိုလည်း မကြောက်ရတော့ပေ။

တစ်နာရီကြာပြီးနောက် အရှေ့ဘက် မှောင်ခိုစျေး တံခါးဝသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် လူသန်ကြီး နှစ်ယောက်က စောင့်ကြပ်နေပြီး ဝင်သမျှလူတိုင်းကို စစ်ဆေးကာ ဝင်ကြေး ၂၀ ဆင့် ပေးဆောင်ရသည်။

ရောင်းသူ၏ သူငယ်ချင်းမှာ ထိုနေရာတွင် စောင့်နေသူဖြစ်သဖြင့် ထျဲလန်ယန်မှာ ဝင်ကြေးပေးစရာမလိုဘဲ အလွယ်တကူ ဝင်ခွင့်ရခဲ့သည်။

ရောင်းသူမှာ အလုပ်ရှိသဖြင့် အရင်ထွက်သွားရသဖြင့် ထျဲလန်ယန်ကို သူ၏သူငယ်ချင်း အစ်ကိုဖန့်နှင့် ထားရစ်ခဲ့သည်။ "အစ်ကိုဖန့်... ဒီညီမလေးက ငယ်ပေမယ့် အသုံးအစွဲ တကယ်ရက်ရောတာ၊ သူ့ကို သေသေချာချာ စောင့်ရှောက်ပေးလိုက်ပါဦး။"

အစ်ကိုဖန့်သည် ထိုစကားကို ကြားသောအခါ စိတ်ဝင်စားသွားသည်။ လူရင်းများကို မှောင်ခိုစျေးထဲ လိုက်ပို့ပေးပြီး ပစ္စည်းများများ ဝယ်ပါက သူလည်း ကော်မရှင်ခ ရနိုင်သည် မဟုတ်ပါလား။

လမ်းတစ်လျှောက်တွင် အစ်ကိုဖန့်သည် အထဲရှိ အခြေအနေများကို အသေအချာ ရှင်းပြပေးသည်။ "အစ်မကြီး... ဒါက အစ်မအတွက် ပထမဆုံးအကြိမ်ဆိုတော့ မကြောက်ပါနဲ့၊ ရဲရဲသာဝယ်၊ ကျွန်တော်တို့ နောက်ကွယ်မှာ လူရှိပါတယ်။"

ယခုမှာ ၁၉၇၅ ခုနှစ်ဖြစ်ရာ ပုဂ္ဂလိက အရောင်းအဝယ်အပေါ် ထိန်းချုပ်မှုမှာ ယခင်ကလောက် မတင်းကျပ်တော့ဘဲ စစ်ဆေးသူလည်း နည်းပါးသွားပြီ ဖြစ်သည်။ ထျဲလန်ယန်မှာ ပို၍ စိတ်အေးသွားရသည်။

သူမသည် နေရာလွတ်ထဲတွင် အပင်အချို့ စိုက်ပျိုးပြီး ပြန်လည်ရောင်းချရန်လည်း စီစဉ်နေသည်။ နေရာလွတ်ထဲတွင် နေ့အချိန်သာရှိပြီး ညမရှိသလို အချိန်စီးဆင်းမှုမှာလည်း အပြင်လောကထက် နှစ်ဆ ပိုမြန်သည်။

ဆိုလိုသည်မှာ အထဲတွင် ၂ နာရီကြာလျှင် အပြင်တွင် ၁ နာရီသာ ကုန်ဆုံးမည် ဖြစ်သည်။ ထိုကဲ့သို့ ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် မြေဆီလွှာကောင်းများ ရှိနေသဖြင့် ကောက်ပဲသီးနှံများ စိုက်ပျိုးရန် အလွန်သင့်တော်လှသည်။

မျိုးစေ့များဝယ်ရန် ကူပွန်မလိုသော်လည်း ယနေ့တွင် အဒေါ်မာ ပါလာသဖြင့် ထျဲလန်ယန်က မဝယ်ဖြစ်ခဲ့ပေ။ မဟုတ်ပါက သူမကို မေးမြန်းလာလျှင် ဖြေရှင်းရန် ခက်ခဲပေလိမ့်မည်။

ထျဲလန်ယန်သည် မနက်ဖြန်တွင် ဆိုင်သို့ တစ်ခေါက် ထပ်သွားရန် စီစဉ်လိုက်သည်။ သူမ ကြက်ဝယ်ချင်ကြောင်း ပြောသောအခါ အစ်ကိုဖန့်က ဆိုင်တစ်ဆိုင်သို့ ချက်ချင်း ခေါ်သွားပေးသည်။

"ဒီအဘွားကြီး မွေးထားတဲ့ ကြက်တွေက တော်တော် ၀ဖြိုးနေတာပဲ၊ စျေးလည်း မဆိုးဘူး။"

ထျဲလန်ယန်က စျေးမေးကြည့်ရာ ကြက်မတစ်ကောင်လျှင် ၄ ကျင်းခန့် ရှိပြီး ၁၅.၅ ယွမ် ကျသင့်ကာ ကူပွန်မလိုပေ။ ၎င်းမှာ တစ်ကျင်းလျှင် ၃ ယွမ် ၈၀ ဆင့်ခန့် ကျသင့်ခြင်း ဖြစ်သည်။

သာမန်ဆိုင်တွင် ကြက်သား တစ်ကျင်းလျှင် ၁ ယွမ်သာရှိပြီး ကူပွန်လိုအပ်သဖြင့် မှောင်ခိုစျေးမှာ သုံးဆခန့် ပိုကြီးနေခြင်း ဖြစ်သည်။

"ကလေးမလေး... ဒီကြက်မကြီးက စွပ်ပြုတ်ချက်ရင် သိပ်အရသာရှိတာ၊ သူက ဥမဥတော့လို့သာ အဘွားက ရောင်းရတာပါ၊ မဟုတ်ရင် နှမြောစရာကြီး။"

အဘွားကြီးက ပြောရင်းနှင့် ဝါးတောင်းထဲမှ ကြက်ကလေး နှစ်ကောင်ကို ဆွဲထုတ်လိုက်သည်။ "သမီးက ဒီကြက်မကြီးကို ဝယ်မယ်ဆိုရင် အဘွားက ဒီကြက်ကလေး နှစ်ကောင်ကို အလကား ပေးလိုက်မယ်။"

ဝါဂွမ်းဖတ်လေးကဲ့သို့ အဝါရောင် ကြက်ကလေးများမှာ လက်ဖဝါးခန့်သာ ရှိပြီး တောင်ပံလေးများ တဖျတ်ဖျတ်ခတ်နေသည်မှာ အလွန်ပင် ချစ်စရာကောင်းလှသည်။ ထျဲလန်ယန်မှာ ၎င်းတို့ကို ကြည့်ပြီး အလွန်ပင် သဘောကျသွားရသည်။

"ကျွန်မ အဘွားကို ၂၀ ယွမ် ပေးပါ့မယ်၊ ပိုတဲ့ ပိုက်ဆံတွေကို ကြက်ကလေးတွေ ထပ်ရောင်းပေးပါဦး။"

"ကောင်မလေး၊ ဒီကြက်ကလေးတွေ မွေးမြူရတာ ခက်ခဲတယ်၊ သူတို့က အလွယ်တကူ သေကြတယ်၊ မင်းပိုက်ဆံတွေ အလဟဿ ဖြုန်းတီးစရာ မလိုဘူး။"

အဘွားကြီးက အရမ်းရိုးသားတယ်ဆိုတာ ထင်ရှားသည်။

ထျဲလန်ယန် - "ရပါတယ်၊ ကျွန်မအိမ်မှာ ဒါတွေကို မွေးတတ်တဲ့လူ ရှိပါတယ်။"

သူမ၏ နေရာလွတ်ထဲတွင် မြက်ခင်းပြင်ကြီး ရှိနေသဖြင့် ကြက်ကလေးများ မွေးမြူရန် အလွန်ပင် သင့်တော်လှသည်။

ကြက်ကလေးများမှာ ကြက်ဥထက် စျေးကြီးကာ တစ်ကောင်လျှင် ၃၅ ဆင့် ရှိသည်။ အဖွားကြီးက ၁၃ ကောင် ပေးပြီး လက်ဆောင် ၂ ကောင်နှင့်ပေါင်းပါက စုစုပေါင်း ၁၅ ကောင် ရရှိခဲ့သည်။

ထျဲလန်ယန်သည် ၂၀ ယွမ် သုံးလိုက်ပြီး ကြက်မကြီး တစ်ကောင်နှင့် တစာစာအော်နေသော ကြက်ကလေး တစ်သိုက်ကို ရရှိခဲ့သည်။ ကြက်မကြီးကို ကြိုးဖြင့် ချည်ထားသဖြင့် သယ်ရလွယ်သော်လည်း ကြက်ကလေးများကိုမူ သယ်ရခက်နေသည်။

အဘွားကြီးတွင် ဝါးတောင်းတစ်လုံးသာ ရှိပြီး အထဲတွင် ရောင်းရန်ကျန်သော ကြက်များ ရှိနေသဖြင့် တောင်းကို ပေး၍ မရပေ။ ထျဲလန်ယန်ကလည်း လူရှေ့သူရှေ့တွင် နေရာလွတ်ထဲသို့ ထည့်၍ မရသဖြင့် အနည်းငယ် အခက်တွေ့နေတော့သည်။

All Chapters