← Chapters

တာအိုလက်တွဲဖော်၊ တိမ်ကျွမ်းထိုး

Vol. 4 Ch. 46

တာအိုလက်တွဲဖော်၊ တိမ်ကျွမ်းထိုး

Vol. 4 Ch. 46

အခန်း (၄၆) တာအိုလက်တွဲဖော်၊ တိမ်ကျွမ်းထိုး

မိုးကာဝတ်ရုံဂိုဏ်းရဲ့ ဖိအားကြောင့် ဟန်ကျွယ်ဟာ ပိုပြီးတော့ ကြိုးကြိုးစားကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ လိုဏ်ဂူထဲက စိတ်ဝိညာဉ်ချီကို သူ့ခန္ဓာကိုယ်ထဲရောက်အောင် အကောင်းဆုံး စုပ်ယူတဲ့အခါမှာ ငရဲကြက်စုပ်ယူတဲ့ စိတ်ဝိညာဉ်ချီကို ဖိနှိပ်ပစ်လိုက်ပါတယ်။ သနားစရာကောင်းလှတဲ့ ငရဲကြက်ခဗျာ တိတ်တဆိတ် ခံစားရပါတော့တယ်။

ခုနစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကနဦးဝိညာဉ် အဋ္ဌမအဆင့်ကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ အချိန်မလောက်ဘူးလို့ ခံစားလိုက်ရပါတယ်။ မိုးကာဝတ်ရုံဂိုဏ်း တိုက်ခိုက်တဲ့အချိန်မှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို သူရောက်နေမယ်ဆိုရင် ပိုပြီးတော့ ယုံကြည်မှုရှိမှာပါ။ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ချီကို စုပ်ယူရင်း လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ကျိုးဖန်သည် မိုးကာဝတ်ရုံဂိုဏ်း၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။] x87

[သင့်တပည် ရန်ထျန်တုန်းသည် မိုးကာဝတ်ရုံဂိုဏ်း၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။] x87

[သင့်မိတ်ဆွေ မော့ကျူသည် တာအိုရောင်းရင်းတစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ လီချင်းဇဲ့သည် ဂိုဏ်းသားတစ်ဦး၏ တိုက်ခိုက်မှုကို ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

…

‘ဟင်? လီချင်းဇဲ့က ဘယ်လိုလုပ်ပြီး ကိုယ့်ဂိုဏ်းသားတိုက်ခိုက်တာကို ခံရတာလဲ?’ ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘နောက်ထပ် သူလျှိုတစ်ယောက် ရှိနေတာလား?’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ယွီဂျင်ဂိုဏ်းမှာရှိတဲ့ ကနဦးဝိညာဉ်ကျင့်ကြံသူတွေကို စစ်ဆေးလိုက်တဲ့အခါ သူလျှိုတစ်ယောက်မှ မဟုတ်တာကို တွေ့လိုက်ရပါတယ်။

‘နေအုန်း... ကွမ်းယိုကုန်းများလား?’

ဟန်ကျွယ်တွေးတာ မှန်ပါတယ်။ လီချင်းဇဲ့ကို တိုက်ခိုက်တာက ကွမ်းယိုကုန်းပါ။ ကွမ်းယိုကုန်းဟာ နတ်သတ်အကြီးအကဲကို စိန်မခေါ်ရဲတာကြောင့် ဂိုဏ်းချုပ်နေရာကို လက်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီအတိုင်းမခံနိုင်တဲ့အတွက် လီချင်းဇဲ့ကို ရှာဖွေပြီး သူ့ဒေါသကို ဖြေဖျောက်ပါတယ်။

ယွီဂျင်ဂိုဏ်းအကြီးအကဲတွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကွမ်းယိုကုန်းကို တော်တော်လေး မကျေနပ်ကြပါဘူး။ ယွီဂျင်ဂိုဏ်းက အန္တရာယ်တော်ထဲ ‌ရောက်နေတာတောင် ကွမ်းယိုကုန်းက ပြဿနာရှာလို့ ကောင်းတုန်းပါပဲ။ ဒီလိုအခြေအနေမှာ ကွမ်းယိုကုန်း ဂိုဏ်းချုပ်ဖြစ်ဖို့ ဘယ်သူမှ သဘောတူကြမှာ မဟုတ်ပါဘူး။ ကွမ်းယိုကုန်းဟာ အကြီးအကဲတွေရဲ့ ဆူပူကြိမ်းမောင်းမှုကြောင့် ယမ်းပုံမီးကျဖြစ်ပြီး ဂူအောင်းသွားပါတယ်။ သူ့စိတ်ထဲမှာ ယွီဂျင်ဂိုဏ်းက အရေးပါနေတုန်းပါပဲ။

ဟန်ကျွယ်ဟာ ဒီအကြောင်းတွေကို မသိပါဘူး။ သူ့စာတွေကိုပဲ ဆက်စစ်ပါတယ်။

နတ်မိမယ်ရှီရွှမ်၊ ချန်ယွီအာနဲ့ ရှင်းဟုန်ရွှမ်တို့က ဘာမှမဖြစ်ကြပါဘူး။ တစ်ခြားမိတ်ဆွေတွေကလည်း သိပ်ပြီး မတိုက်ခိုက်ကြပါဘူး။ ဒီလိုမတိုက်ခိုက်တဲ့အထဲမှာ ရွှမ်ချင်းကျွင်းလဲ ပါဝင်ပါတယ်။ ရွှမ်ချင်းကျွင်းရဲ့ ကျင့်ကြံခြင်းက အခြေခံအဆင့် တတိယတန်းမှာပဲ ရှိနေပါသေးတယ်။ သူက မကျင့်ကြံဘဲ သူများတွေကို လျှောက်လေ့လာနေတာ ဖြစ်ရမယ်လို့ ဟန်ကျွယ် ကောက်ချက်ချလိုက်ပါတယ်။

ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ လူတစ်ယောက် ရောက်လာတာကို အာရုံခံမိလိုက်ပါတယ်။ ဒီလူက တစ်ခြားသူမဟုတ်ပါဘူး။ ရွှမ်ချင်းကျွင်းပဲ ဖြစ်ပါတယ် ‘သူက ဒီကို ဘာလာလုပ်တာလဲ?’

“အထဲမှာ တာအိုရောင်းရင်းရှိလား? ကျွန်မ အလည်လာလို့ရမလား?”

ရွှမ်ချင်းကျွင်းရဲ့ အသံကြောင့် ဟန်ကျွယ်ဟာ ရင်ထိတ်သွားပါတယ်။ ဟန်ကျွယ်ဟာ သေချာစဉ်းစားလိုက်ပါတယ် ‘သူက ငါဒီမှာရှိနေတာ သိပြီးပြီဆိုတော့ ငါအတွေ့မခံရင် ငါ့အပါ်မှာရှိတဲ့ အကောင်းမြင်စိတ်တွေ ပျောက်သွားလိမ့်မယ်၊ သူက နတ်ဆိုးသခင်၊ မုန်းတီးမှုထက်စာရင် မျက်နှာသာပေးမှုရှိတာ ပိုကောင်းပါတယ်လေ!’

ဒီလိုတွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ ကျောက်တုံးတံခါးကို ဖွင့်ပေးလိုက်ပါတယ်။ ရွှမ်ချင်းကျွင်းဟာ လမ်းလျှောက်ပြီး လိုဏ်ဂူထဲ ဝင်လာပါတယ်။ ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ကို မြင်တဲ့အခါမှာ ပြုံးပြလိုက်ပါတယ်။ ဟန်ကျွယ်လည်း ဘာမှမတက်နိုင်ဘဲ ပြန်ပြုံးပြလိုက်ရပါတယ်။

ငရဲကြက်ဟာ ရွှမ်ချင်းကျွင်းရဲ့ ‌ရောင်ဝါကို မှတ်မိတဲ့အတွက် ကြောက်လန့်တကြား ထအော်ပါတယ် “ကျေးဇူးပြုပြီး ကျွန်တော့်သခင်ကို မစားပါနဲ့!”

ငရဲကြက်ရဲ့အော်သံကြောင့် ရွှမ်ချင်းကျွင်းဟာ ခေါင်းရှုပ်သွားပါတယ်။

ဟန်ကျွယ်လည်း အနေရခက်သွားပါတယ်။ ဟန်ကျွယ်ဟာ ငရဲကြက်ကို စိုက်ကြည့်လိုက်တဲ့အခါမှာတော့ ငရဲကြက်ဟာ ထပ်ပြီးမအော်ရဲတော့ပါဘူး။

ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ရှေ့ကို လျှောက်သွားပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ကျွန်မက ကျောက်စိမ်းဝါးတောင်ထိပ်က ရွှမ်ချင်းကျွင်းပါ၊ လွန်ခဲ့တဲ့လေးငါးနှစ်ကို ကျွန်မ ရှင့်ကို အတွင်းဂိုဏ်းထဲမှာ တွေ့ခဲ့တယ်၊ အဲဒီအချိန်ကစလို့ ကျွန်မစိတ်ထဲမှာ ရှင့်ပုံရိပ်ကိုဖျောက်လို့မရဘူး၊ ဒါကြောင့် အခုလို အလျင်စလို လာတွေ့ရတာပါ၊ ကျွန်မကို အပြစ်မတင်ပါနဲ့”

ဟန်ကျွယ်ဟာ ပွင့်ပွင့်လင်းလင်း တန်းပြောလိုက်တဲ့ ရွှမ်ချင်းကျွင်းရဲ့ စကားကြောင့် အနေခက်သွားပြီး ဘာပြန်ပြောလို့ ပြန်ပြောရမှန်း မသိတော့ပါဘူး။

“စီနီယာရဲ့ ချောမောလာတဲ့ ရုပ်ရည်က လောကကြီးမှာ ရှားပါးပါတယ်၊ ပြောရမယ်ဆိုရင် ပြိုင်ဘက်ကင်းတဲ့ ရုပ်ရည်မျိုးပါ၊ ဂျူနီယာက စီနီယာအတွက် ရတနာတစ်ချို့ ပြင်ဆင်ထားပါတယ်၊ စီနီယာအစ်ကိုက ကျွန်မကို မငြင်းပယ်ပါနဲ့”

ရွှမ်ချင်းကျွင်းဟာ ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းလိုက်တဲ့အခါမှာ ကျောက်စိမ်း အပိုင်းအစတစ်ခု ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ သိချင်တာကြောင့် မေးမြန်းလိုက်ပါတယ် “အဲတာ ဘာဲ?”

“ဒါက အင်မော်တယ်ဗိမာန်ထိုကင်ပဲ၊ အင်မော်တယ်ဗိမာန်ဆိုတာက ကျင့်ကြံခြင်းလောကရဲ့ မြင့်မြတ်တဲ့ နယ်မြေတစ်ခု၊ ဒီအင်မော်တယ်ဗိမာန်ထိုကင်ကိုရောက်မှာ အဲဒီမှာ လေ့ကျင့်နိုင်တယ်၊ အဲဒီမှာလေ့ကျင့်မယ်ဆိုရင် ကနဦးဝိညာဉ်ကို အသာလေး ရောက်သွားလိမ့်မယ်”

ရွှမ်ချင်းကျွင်းဟာ ပြုံးပြီး ရှင်းပြလိုက်ပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဟွန်းခနဲ နှာခေါင်းရှုံလိုက်ပါတယ် ‘မင်း စိတ်မဝင်စားဘူးဆိုတာ ငါမယုံဘူး၊ ကောင်စုတ်လေး... မင်းရုပ်က ချောလို့နော်၊ မဟုတ်ရင် ငါက လှည့်တောင်မကြည့်ဘူး’

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြန်ပြောလိုက်ပါတယ် “ဂျူနီယာရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ စီနီယာက ယွီဂျင်ဂိုဏ်းကနေ ထွက်မသွားချင်သေးဘူး၊ ဒီဂိုဏ်းမှာပဲ ထာဝရကျင့်ကြံသွားဖို့ ဆုံးဖြတ်ထားတယ်”

ရွှမ်ချင်းကျွင်းရဲ့ အပြုံးဟာ နေရာမှာတင် ခဲသွားပါတယ်။ သူဟာ ရတနာတစ်မျိုးပြောင်းပြီး ပြောလိုက်ပါတယ် “ဒါက မြေစိတ်ဝိညာဉ်ဓားပဲ၊ ရွှေဓာတ်လုံးကျင့်ကြံသူကို အသာလေး သတ်နိုင်တယ်”

“အင်း...”

“မရသေးဘူးလား? ကျွန်မ စီနီယာကို ‌ရွှေဓာတ်လုံးအဆင့်ကို ထိုးဖောက်နိုင်တဲ့ ဆေးလုံးတွေ ပေးမယ်!”

“အင်း...”

“နောက်ထပ် ခန္ဓာကိုယ်ကျင့်စဉ်တစ်မျိုး ပေးမယ်ဆိုရင်ရော၊ ဒါ့အပြင် သိုင်းပညာသုံးမျိုးလည်း ထပ်ပေးမယ်!”

‘သေစမ်း၊ ဒီ‌ကောင်မက တော်တော်လေး ကြွယ်ဝတာပဲ!’ လွန်ခဲ့တဲ့နှစ်တစ်ရာကဆိုရင် ဟန်ကျွယ် လုံးဝငြင်းနိုင်မှာ မဟုတ်ပါဘူး။ အဲဒီအချိန်တုန်းက  သူဟာ ပင်ပန်းတဲ့အလုပ်တွေကို ထပ်ပြီး မလုပ်ချင်တော့ပါဘူး။

ဟန်ကျွယ်ဟာ ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်ပါတယ် “တကယ်တော့ ကျုပ်က ကနဦးဝိညာဉ်အဆင့်ကို ရောက်နေပြီ” ဟန်ကျွယ်ဟာ ပြောပြောဆိုဆို သူ့ကျင့်ကြံခြင်း အစစ်အမှန်ကို ပြသလိုက်ပြီး ပြန်ဖုံးကွယ်ထားလိုက်ပါတယ်။

ရွှမ်ချင်းကျွင်းဟာ အံအားသင့်သွားပြီးနောက် အမှန်တရားကို ချက်ချင်း ခန့်မှန်းမိလိုက်ပါတယ် “ရှင်... ရှင်က နတ်သတ်အကြီးအကဲလား?”

ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြလိုက်ပါတယ်။ တစ်ခြားသူက နတ်ဆိုးသခင်ဖြစ်နေတဲ့အတွက် သူ့ကို ပစ်မှတ်ထားနေတဲ့ ကိစ္စကို ဘယ်လိုမှတားဆီးလို့ရမှာ မဟုတ်ပါဘူး။

ရွှမ်ချင်းကျွင်းဟာ ပိုလို့တောင် ဝမ်းသာအားရ ဖြစ်သွားပါတယ်။ သူ့အကဲဖြတ်ချက်က ဒီလောက်ထိကောင်းမွန်ပြီး ယွီဂျင်ဂိုဏ်းက အလျှိုဝှက်ဆုံး အဆန်းကြယ်ဆုံး နတ်သတ်အကြီးအကဲဆီကို ပို့ပေးလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။

[ရွှမ်ချင်းကျွင်းသည် သင့်အပေါ် အကောင်းမြင်စိတ် တိုးလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]

ရွှမ်ချင်းကျွင်းဟာ အင်္ကျီလက်စထဲကနေ နောက်ထပ်ဆေးတစ်ပုလင်းကို ထုတ်ယူလိုက်ပါတယ် “ဒီဟာက ပထမတန်းစား ကနဦးဝိညာဉ်ဆေးလုံးပဲ၊ ရှင့်ရဲ့ ကျင့်ကြံခြင်းအလျင်ကို တိုးတက်အောင် ကူညီပေးနိုင်တယ်”

“တစ်ပုလင်းနဲ့ မလောက်ဘူးဆိုရင် ကျွန်မ နောက်တစ်ပုလင်း ထပ်ပေးမယ်!” ရွှမ်ချင်းကျွင်းဟာ ပြောပြောဆိုဆို နောက်ထပ် ကနဦးဝိညာဉ်ဆေးတစ်ပုလင်းကို ထုတ်ယူလိုက်ပါတယ်။

ဒီအကြိမ်မှာတော့ ဟန်ကျွယ်ဟာ ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘဲ့ မေးလိုက်ပါတယ် “ဂျူနီယာ မင်းက ဘယ်သူလဲ?”

ရွှမ်ချင်းကျွင်းဟာ နောက်ဆုံးမှာတော့ သူ ပေါ်သွားပြီဖြစ်ကြောင့် သတိထားမိသွားပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီဟာက ကိစ္စမရှိတော့ပါဘူး။

“ကျွန်မ ဘယ်သူဘယ်ဝါဆိုတာက အရေးမကြီးပါဘူး၊ ကျွန်မ ရှင်နဲ့ တာအိုလက်တွဲဖော် ဖြစ်ချင်တယ်၊ စီနီယာအစ်ကို ဘယ်လိုသဘောရလဲ?” ရွှမ်ချင်းကျွင်းက အပြုံးနဲ့ မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “မင်းမှာ ဒီလောက် ရတနာအများကြီးရှိနေတာ သာမန်လူမဖြစ်နိုင်ဘူး၊ မိုးကာဝတ်ရုံဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ ငါတို့ကို ကူညီနိုင်မလား?”

ရွှမ်ချင်းကျွင်းဟာ ခေါင်းခါလိုက်ပါတယ် “မရဘူး၊ ကျွန်မက ယွီဂျင်ဂိုဏ်းကို ဂရုမစိုက်ဘူး ရှင့်ကိုပဲ ဂရုစိုက်တာ၊ ရှင် ဒီလို ကျင့်ကြံအားထုတ်နေတာက ဂိုဏ်းအတွက်လား ရှင့်အတွက်လား?

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ် ‘နတ်ဆိုးသခင်ကို ခိုင်းဖို့က တကယ့်ကို မလွယ်ဘူးပဲ’ ဒါပေမဲ့ ကနဦးဝိညာဉ်ဆေးပုလင်းတွေရဲ့ ရနံ့ဟာ တော်တော်လေး မွှေးကြိုင်နေတဲ့အတွက် ဟန်ကျွယ်ဟာ ငြင်းဖို့ ခက်နေပါတယ်။

“ငါ မင်းကို ကတိပေးလိုက်ရင်၊ ငါ့ဘက်က ဘာပြန်ပေးရမှာလဲ?” ဟန်ကျွယ်ဟာ ဂရုတစိုက် မေးလိုက်ပါတယ်။

ရွှမ်ချင်းကျွင်းဟာ သူ့ပါးစပ်ကို လက်ဝါးဖြင့်အုပ်၍ ရယ်မောလိုက်ပါတယ် “ကျွန်မက ရှင့်ကို ကိုက်မစားပါဘူး၊ ကျွန်မတို့တွေ အတူတူ ကျင့်ကြံရုံပါပဲ၊ ရှင်အတွက် ပိုပြီးအစွမ်းထက်လာဖို့ပဲ ရှိတယ်၊ ဒါက ရှင့်အတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား!”

[ရွှမ်ချင်းကျွင်းသည် သင်၏ တာအိုလက်တွဲဖော် ဖြစ်ချင်နေသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ငြင်းဆယ်ပါ။ ယောက်ျားတစ်ယောက်သည် မိန်းမတစ်ယောက်၏ ခြိမ်းခြောက်မှုကို ငြိမ်မခံသင့်ပေ။ သင်သည် နတ်ဆိုးသခင်၏ မုန်းတီးမှုနဲ့ ဆန်းကြယ်သော ဓားတာအိုအမွေကို ဆက်ခံရရှိမည်။]

[၂။ လက်ခံပါ။ သင်တို့နှစ်ဦးသည် တာအိုလက်တွဲဖော်များ ဖြစ်လာကြမည်။ သင်၏ ကံကြမ္မာနှင့် ကံတရားများအပေါ် သက်ရောက်မှု ရှိလာလိမ့်မယ်။ သင်သည် နတ်ဆိုးသခင်၏ မျက်နှာသာပေးမှုနှင့် ဆန်းကြယ်စွမ်းအား အမွေတစ်ခုကို လက်ခံရရှိမည်။]

‘ငါ ရွှမ်ချင်းကျွင်းကို ငြင်းလိုက်ရင် ဘာဖြစ်သွားမလဲ? နတ်ဆိုးသခင် ပေါ်လာမလား? ဒီကောင်က အထက်တက်ခါနီး အကောင်အကြီးစားကြီးပဲ’

ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် “ဒီလိုဆိုရင် ငါ မင်းနဲ့ တာအိုလက်တွဲဖော် ဖြစ်ပေးမယ်”

[သင်သည် ရွှမ်ချင်းကျွင်း၏ တာအိုလက်တွဲဖော် ဖြစ်သွားပါပြီ။ သင်သည် ဆန်းကြယ်စွမ်းအား အမွေတစ်ခုကို ဆက်ခံရရှိလိုက်သည်။]

[တိမ်ကျွမ်းထိုး ဆန်းကြွယ်စွမ်းအားကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[တိမ်ကျွမ်းထိုး: ကိုယ်ဖော့ပညာရပ် ဆန်းကြယ်စွမ်းအား။ ကျွမ်းတစ်ခါထိုးလျှင် မိုင်တစ်သိန်း ခရီးနှင်နိုင်သည်။]

[ရွှမ်ချင်းကျွင်းသည် သင့်အပေါ် အကောင်းမြင်စိတ် တိုးလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်ခွဲ။]

‘တိမ်ကျွမ်းထိုး? အံဖွယ်စွမ်းအားပဲ!’ ဟန်ကျွယ် မျက်လုံးတွေဟာ လင်းလက် တောက်ပသွားပါတယ် ‘ဒါနဲ့ဆိုရင် ထွက်ပြေးလို့ မလွတ်မြောက်မှာ မပူရတော့ဘူး! ဟားဟားဟား... နတ်ဆိုးသခင်က ငါ့ကို တစ်ခုခုလုပ်ချင်ရင်တောင် ဒီဟာသုံးပြီး ထွက်ပြေးလို့ရတယ်’

ရွှမ်ချင်းကျွင်းဟာ ပြုံးလိုက်ပြီး သူ့လက်ထဲက ကနဦးဝိညာဉ်ဆေးပုလင်း နှစ်ပုလင်းကို အောက်ချလိုက်ပါတယ် “အခုအချိန်ကစပြီး ရှင် ကျွန်မရဲ့ တာအိုလက်တွဲဖော်ပဲ၊ ကောင်းကောင်းလေ့ကျင့်ချည်၊ ကျွန်မလိုအပ်ရင် ရှင့်ဆီ ထပ်လာခဲ့မယ်” ရွှမ်ချင်းကျွင်းဟာ ပြောဆိုပြီးတာနဲ့ လှည့်ထွက်သွားပါတယ်။

ဟန်ကျွယ်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ငါ့အပြင် မင်းမှာ နောက်ထပ် တာအိုလက်တွဲဖော်တွေ ရှိသေးလား?”

ရွှမ်ချင်းကျွင်းရဲ့ ခြေလှမ်းတုံ့ခနဲ ရပ်သွားပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ! ကျွန်မက မော်တယ်တွေကို မကြိုက်ဘူး၊ ကျွန်မက တာအိုလက်တွဲ‌ဖော် လိုနေတာရယ် ရှင်ကလည်း အရမ်းချောနေတာကြောင့် ရှင့်ကို ရွေးလိုက်တာ” ပြောဆိုပြီးတာနဲ့ ရွှမ်ချင်းကျွင်းဟာ ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ သူ့အိပ်ရာဘေးက ကနဦးဝိညာဉ်ဆေးပုလင်း နှစ်ပုလင်းကို စိတ်ပျက်အားငယ်စွာ ကြည့်လိုက်ပြီး အတန်ကြာအောင် တိတ်ဆိတ်သွားပါတယ်။

ငရဲကြက်က တွန့်ဆုတ် တွန့်ဆုတ်နဲ့ မေးလိုက်ပါတယ် “သခင်... သူက သခင့်ကို စားအုန်းမှာလား?”

All Chapters