← Chapters

ပြဿနာကောင်နှင့်အတူ

Vol. 27 Ch. 279

ပြဿနာကောင်နှင့်အတူ

Vol. 27 Ch. 279

နောက်တစ်နေ့တွင် စုန့်ဝမ်လည်း ကိစ္စအထွေအထူး မရှိသဖြင့် ကျင့်ကြံခြင်းဂူအတွင်း တရားထိုင်နေသည်။ သွေးဝိညာဉ်ဆေးလုံး သောက်သုံးလိုက်ပြီး ဆေးစွမ်းအားကို သန့်စင်ရန်အတွက် အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ ကျင့်ကြံရင်း ယင်နတ်ဆိုးနှင်းရည်ကိုလည်း ရံဖန်ရံခါ မျိုချသည်။

အချိန်ကြာလာသည်နှင့်အမျှ ဖန်မြို့တော်ရှိ နေရာအနှံ့တွင် လေ့လာစုံစမ်းမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် စုန့်ဝမ်သည် ဝိညာဉ်ဆေးပင်ဆိုင်ရာ အချက်အလက် အပြည့်အစုံကို ရရှိထားပြီ ဖြစ်သည်။ ထျန်းယွမ်တိုက်ကြီးနှင့် အဆုံးမဲ့ပင်လယ်ကြားရှိ တူညီသော ဆေးပင်များ၏ ကွဲပြားသော အမည်များကို သူ ကျွမ်းကျင်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သွေးဝိညာဉ်ဆေးလုံးနှင့် သားရဲသန့်စင်ဆေးများ ဖော်စပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ အားလုံးကို စုဆောင်းနိုင်ခဲ့သည်။ ဤသို့ဖြင့် ကူပိုးကောင်များကို အစာကျွေးရန်ကိစ္စနှင့် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ် ပြဿနာများ ပြေလည်သွားတော့သည်။

စုန့်ဝမ် အခြေတည်အဆင့်၌ ရှိစဉ်က သွေးဝိညာဉ်ဆေးလုံးကို သောက်သုံးတိုင်း ပြင်းထန်သော ဝမ်းဗိုက်နာကျင်မှုကို ခံစားရလေ့ရှိသည်။ ထိုဆေးလုံး၏ သက်ရောက်မှုဒဏ် ပြင်းထန်လွန်းသဖြင့် သုံးရက်မှ တစ်လုံးသာ သောက်သုံးနိုင်သည်။ သို့သော် ရွှေအမြုတေအဆင့်သို့ တက်လှမ်းပြီးနောက်တွင် ထိုသို့သော ပြဿနာများ မရှိတော့ပေ။ သို့သော် သွေးဝိညာဉ်ဆေးလုံး၏ ကျင့်ကြံမှု တိုးတက်ခြင်းအပေါ် သက်ရောက်မှုမှာလည်း အခြေတည်အဆင့်တွင် ရှိစဉ်ကလောက် မသိသာတော့ပေ။

အဆုံးမဲ့ပင်လယ်တွင် လမ်းမှန်နှင့် နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများ၏ ဆက်ဆံရေးမှာ သဟဇာတ ဖြစ်လှသည်။ ရှင်းမိသားစုမှာ လမ်းမှန်အဖွဲ့အစည်း ဖြစ်သော်လည်း ဖန်မြို့တော်အတွင်း နတ်ဆိုးကျင့်ကြံသူများကို မြင်တွေ့ရသည်မှာ ပုံမှန်သာ ဖြစ်သည်။ ထို့ကြောင့် စုန့်ဝမ်၏ အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းကျင့်စဉ် ကျင့်ကြံခြင်းမှာ လူအများ၏ အာရုံစိုက်မှုကို မခံရပေ။ ထို့ပြင် ဂူအိမ်ကိုလည်း အစီအရင်များစွာဖြင့် ကာကွယ်ထားသဖြင့် ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦးက တမင်တကာ စစ်ဆေးခြင်း မပြုလျှင် ဂူအတွင်းမှ အလောင်းစွမ်းအင်ကို မည်သူမျှ သိရှိနိုင်မည် မဟုတ်ပေ။

ကျင့်ကြံနေစဥ် စုန့်ဝမ်သည် သိုလှောင်လက်စွပ်တွင်းမှ လှုပ်ရှားမှုတစ်ခုကို အာရုံရလိုက်သည်။ သတင်းပို့ ကျောက်စိမ်းပြားတစ်ခု တုန်ခါနေခြင်းပင်။ စုန့်ဝမ်လည်း ကျင့်ကြံမှုကို ဖြည်းဖြည်းချင်း အဆုံးသတ်ပြီးနောက် ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ ၎င်းမှာ ရှင်းချန်ထံမှ သတင်းစကား ဖြစ်ပြီး လေညင်းရိပ်သာတွင် တွေ့ဆုံရန် ဖိတ်ကြားထားခြင်း ဖြစ်သည်။ သတင်းထဲတွင် တွေ့ဆုံရမည့် အကြောင်းရင်းကို ဖော်ပြထားခြင်း မရှိပေ။

မကြာမီမှာပင် စုန့်ဝမ် လေညင်းရိပ်သာသို့ ရောက်ရှိလာပြီး ခြံဝင်းငယ်တစ်ခုအတွင်း၌ စုချန်းနှင့် တွေ့ဆုံခဲ့သည်။

"သခင်လေးရှင်း... ကျွန်တော့်ကို ခေါ်ထားတာ ဘာကိစ္စများ ရှိလို့လဲ"

ရှင်းချန်က တိုက်ရိုက် ပြန်မဖြေဘဲ မျက်မှောင်ကြုတ်လိုက်ပြီး ပြစ်တင်ဝေဖန်သော လေသံဖြင့် ပြောလာသည်။

"ဝေ့တင်း... ငါ ဒီမှာ စောင့်နေတာ နာရီဝက်ရှိပြီ။ နောက်ခါ ဒီလိုမျိုး ထပ်မဖြစ်စေနဲ့"

စုန့်ဝမ်လည်း အလျင်အမြန် တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် သခင်လေးရှင်း။ ခုနက ကိစ္စတချို့ ရှိနေလို့ ကြန့်ကြာသွားတာပါ။ နောင်ကို ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် သခင်လေး စောင့်မနေစေရတော့ပါဘူး"

ရှင်းချန်က ကျေနပ်သွားပုံရကာ ခေါင်းညိတ်ပြသည်။

"ဒီတစ်ခါ မင်းကို ခေါ်လိုက်တာက ငါ့ကို မိုးကြိုးလျှပ်စီးပညာ သင်ပေးဖို့ပဲ"

ရှင်းချန်ပုံစံက တောင်းဆိုသည့် ပုံစံမျိုး မဟုတ်ဘဲ အခွင့်အရေးပေးသည့် ပုံစံဖြင့် ပြောနေခြင်း ဖြစ်သည်။

စုန့်ဝမ်က နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။

"ကျွန်တော့်မှာ လျှပ်စီးနည်းစနစ် ကောင်းကောင်းမရှိသလို၊ အဲဒီပညာရပ်တွေရဲ့ စွမ်းအားကလည်း သာမန်ပါပဲ။ သခင်လေးရှင်းကို သင်ပေးဖို့ အရည်အချင်း မမီမှာကို စိုးရိမ်မိပါတယ်"

ရှင်းချန်က မောက်မာစွာဖြင့် "မင်းရဲ့ အရည်အချင်းက သာမန်ဖြစ်ပေမဲ့ ငါ့ပါရမီက ထူးခြားတယ်။ အရင်တုန်းက ငါ လျှပ်စီးပညာရပ်ကို အာရုံမစိုက်ခဲ့လို့ အခြေခံကိုတောင် မသိသေးတာ" ဟု ဆိုသည်။

"သခင်လေးရှင်းက ထူးခြားတဲ့ ပါရမီရှိတာကြောင့် လမ်းညွှန်ပေးမယ့် ဆရာတစ်ယောက်ကို ရှာသင့်ပါတယ်။ ကျွန်တော် သင်ပေးတာက သခင်လေးရှင်းရဲ့ တိုးတက်မှုကို နှောင့်နှေးစေနိုင်ပါတယ်" ဟု စုန့်ဝမ်က အကြံပြုသည်။

"ပုံမှန်အခြေအနေမျိုးဆိုရင် မင်းလို အပျော်တမ်းသမားဆီက ငါ သင်ယူမှာ မဟုတ်ဘူး။ ဒါပေမဲ့ မှော်ပညာစုဝေးပွဲက နီးလာပြီ၊ ငါတို့ ရှင်းမိသားစုဝင်တွေလည်း သူတို့ရဲ့ အရည်အချင်းကို ထုတ်ပြဖို့ စိတ်အားထက်သန်နေကြတယ်။ ဖန်မြို့တော်မှာရှိတဲ့ နာမည်ကျော် ဆရာတွေအားလုံးက လူအပြည့် ဖြစ်နေပြီ။ ငါက မြို့ပြင်မှာ ကျင့်ကြံနေလို့ ဆရာတစ်ယောက်ကို ဖိတ်ဖို့ အခွင့်အရေး လွတ်သွားတာ။ ငါ့အမေက တခြားနေရာမှာ ဆရာရှာဖို့ လူတွေ လွှတ်ထားတယ်၊ သူတို့ လူရှာတွေ့ပြီဆိုရင်တော့ မင်း ငါ့ကို သင်ပေးစရာ မလိုတော့ပါဘူး"

ဤစကားကို ကြားသောအခါ စုန့်ဝမ်၏ စူးစမ်းလိုစိတ်မှာ နိုးကြားလာသည်။

"မှော်ပညာစုဝေးပွဲ။ အဲဒါကို ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး"

ရှင်းချန်က ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ပြောလိုက်သည်။

"မင်း မကြားဖူးတာ မဆန်းပါဘူး။ မှော်ပညာစုဝေးပွဲကို ငါ့အစ်ကိုကြီး ရှင်းလီရန်က ပထမဆုံးအကြိမ် ကျင်းပတာ။ သူက အဆုံးမဲ့ပင်လယ်က ကျင့်ကြံသူတွေကို ဖိတ်ခေါ်ပြီး မှော်ပညာရဲ့ လျှို့ဝှက်ချက်တွေကို လေ့လာဖို့ စီစဉ်ထားတာ။ ကျင့်ကြံသူတွေကို သူတို့ရဲ့ အဆင့်နဲ့ မှော်အတတ် အမျိုးအစားတွေအပေါ် မူတည်ပြီး အုပ်စုခွဲထားမယ်။ အဆင့်တိုင်းမှာ အစွမ်းထက်ဆုံးသူကို ရွေးချယ်ယှဉ်ပြိုင်စေမှာဖြစ်ပြီး အနိုင်ရသူတွေအတွက် ကြီးကျယ်တဲ့ ဆုလာဘ်တွေ ရှိတယ်"

ရှင်းချန်က အာခြောက်သွားဟန်ဖြင့် လက်ဖက်ရည်တစ်ခွက် မော့သောက်ပြီးမှ ဆက်ပြောလာသည်။

"ငါ့အစ်ကိုကြီး ဒီပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်က နှစ်ခုရှိတယ်။ ကျင့်ကြံသူတွေကြားမှာ အပြန်အလှန် ဖလှယ်မှုတွေ ရှိလာဖို့နဲ့ ရှင်းမိသားစုရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့ပဲ။ အချိန်တန်ရင် အဖွဲ့အစည်း အမျိုးမျိုးက ကျင့်ကြံသူတွေနဲ့ လေလွင့်ကျင့်ကြံသူတွေ ဖန်မြို့တော်ကို စုပြုံရောက်လာကြလိမ့်မယ်။ မြို့တော်ကလည်း သေချာပေါက် စည်ကားနေမှာဖြစ်ပြီး တစ်ခါမှ မမြင်ဖူးတဲ့ ကြီးကျယ်တဲ့ မြင်ကွင်းမျိုး ဖြစ်လာလိမ့်မယ်"

ရှင်းချန်၏ မျက်နှာမှာ ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေပြီး ဤစုဝေးပွဲ တစ်ခုလုံးကို သူကိုယ်တိုင် စီစဉ်ထားသည့်အလား ခံစားနေပုံရသည်။

မှော်ပညာစုဝေးပွဲဆို၍ ကျင့်ကြံသူများ တံမြက်စည်းပျံ စီးနင်းပြီး ပျံသန်းတိုက်ခိုက်နေသော မြင်ကွင်းကို မြင်ယောင်မိနေသော စုန့်ဝမ်မှာ ယခုမှ သဘောပေါက်သွားသည်။ ဝိညာဥ်စွမ်းအင်သုံး ပညာရပ်များ ပြသဖလှယ်ခြင်းပင်။ အဆုံးမဲ့ပင်လယ်တွင် ဝိညာဥ်စွမ်းအင်ကို မှော်စွမ်းအင်ဟုလည်း ခေါ်ဝေါ်ပုံ ရသည်။

"မင်း စိတ်ဝင်စားတယ်ဆိုရင် မှော်ပညာစုဝေးပွဲမှာ ပါဝင်လို့ရပါတယ်၊ ဒါပေမဲ့ မင်းရဲ့ မိုးကြိုးလျှပ်စီးပညာရပ် နားလည်မှုနဲ့ဆိုရင်တော့ ထူးထူးခြားခြား ဖြစ်လာမယ်လို့ ငါမထင်ဘူး" ဟု ရှင်းချန်က စုန့်ဝမ်ကို အထင်အမြင်သေးသော အကြည့်၊ ကဲ့ရဲ့သော လေသံတို့ဖြင့် ပြောလိုက်သည်။ စုန့်ဝမ်က လျှပ်စီးပညာရပ်ကို အသုံးပြု၍ သူ့အသက်ကို ကယ်တင်ခဲ့ဖူးသည်ကိုပင် လုံးဝ မေ့လျော့နေပုံရသည်။

စုန့်ဝမ်က "လူကြားထဲမှာ အရှက်မကွဲရအောင် ကျွန်တော် မပါတော့ပါဘူး" ဟု ပြန်ဖြေလိုက်သည်။

ရှင်းချန်က ပြုံးစစဖြင့် "အနည်းဆုံးတော့ မင်းမှာ အသိတရား ရှိသေးတာပဲ။ ကဲ... ငါ့ကို လျှပ်စီးပညာရပ် သင်ပေးဖို့ကိစ္စ ဘယ်လို ဆုံးဖြတ်လိုက်လဲ။ စိတ်မပူပါနဲ့၊ မင်းကို လက်ဗလာနဲ့တော့ မပြန်စေရပါဘူး" ဟု ဆိုသည်။ ထိုသို့ပြောရင်း ရှင်းချန်က အဝတ်အိတ်ငယ်တစ်ခုကို စုန့်ဝမ်ထံ ပစ်ပေးလိုက်သည်။ "ဒီမှာ ဝိညာဉ်ကျောက်တုံး တစ်ထောင်ရှိတယ်၊ ဒါကို မင်းရဲ့ သင်ကြားခလို့ မှတ်လိုက်ပါ" ဟု ဆိုသည်။

အိတ်ကို ကိုင်ထားရင်း စုန့်ဝမ်၏ နှုတ်ခမ်းမှာ အလိုအလျောက် တွန့်သွားသည်။ သူ၏ ဟန်ဆောင်ထားသော ကျင့်ကြံမှုအဆင့်မှာပင် အခြေတည်အဆင့် နှောင်းပိုင်း၌ ရှိနေသည်။ သာမန် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ထောင်တည်းနှင့် လျှပ်စီးပညာရပ်ကို သင်ကြားခိုင်းသည်လား။ လျှပ်စီးပညာရပ်မှာ မည်သည့်အချိန်က ဤမျှ တန်ဖိုးမရှိ ဖြစ်သွားသနည်း။

အကယ်၍ ရှင်းချန်မှတဆင့် ဝိညာဉ်ထိုးဖောက်နည်းစနစ်ကို ရယူရန် မလိုအပ်ပါက စုန့်ဝမ်သည် သူ့ကို ထိုနေရာ၌ပင် ရိုက်သတ်မိပေလိမ့်မည်။

ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီးနောက် စုန့်ဝမ်က "သခင်လေးကို အလုပ်အကျွေးပြုခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကျွန်တော် သိချင်တာက... မှော်အတတ်ပညာ စုဝေးပွဲအတွက် ဘာလို့ လျှပ်စီးပညာရပ်ကို ရွေးချယ်ခဲ့တာလဲ" ဟု မေးလိုက်သည်။

"လျှပ်စီးပညာရပ် ပါရမီရှိတဲ့ ကျင့်ကြံသူက အရမ်းရှားတယ်။ ငါသာ စုဝေးပွဲမှာ လျှပ်စီးပညာရပ်နဲ့ ယှဉ်ပြိုင်မယ်ဆိုရင် သေချာပေါက် ထင်ပေါ်နေမှာလေ။ အဆင့်ကောင်းကောင်း ရဖို့ဆိုတာ အလွယ်လေးပဲ"

စုန့်ဝမ်က သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။

"ဒါဆို ဘယ်လျှပ်စီးပညာရပ်ကနေ စချင်လဲ"

"သေချာတာပေါ့... လျှပ်စီးလက်ဝါးကနေပဲ စမယ်" ဟု စုချန်းက ဖြေသည်။ လျှပ်စီးလက်ဝါးမှာ အခြေခံအကျဆုံး မိုးကြိုးလျှပ်စီးပညာရပ်ဖြစ်ပြီး ချီစုစည်းခြင်း အလယ်အဆင့်တည်းက လေ့ကျင့်နိုင်သည်။

"သခင်လေးရှင်းက လျှပ်စီးလက်ဝါးကိုတောင် မလေ့ကျင့်ရသေးဘူးလား" ဟု စုန့်ဝမ်က အံ့အားသင့်စွာ မေးလိုက်သည်။

"မလေ့ကျင့်ရသေးဘူး" ဟု ရှင်းချန်က ဝန်ခံသည်။

"ဒါဆို သခင်လေးရှင်းရဲ့ မိုးကြိုးလျှပ်စီးပါရမီက ထူးခြားတယ်လို့ ဘယ်လို ဆုံးဖြတ်လိုက်တာလဲ"

"ငါ့အဖေ ရှင်းကောင်းဟန်က လျှပ်စီးပညာရပ်မှာ ထူးချွန်တယ်ဆိုတာ လူတိုင်းသိကြတာပဲ၊ ငါ့မောင်နှမတွေလည်း လျှပ်စီးပညာရပ်ကိုပဲ အဓိက လေ့ကျင့်ကြတာ။ ငါ့အရည်အချင်းက ဘယ်လိုလုပ် သူတို့ထက် နိမ့်ကျနိုင်မှာလဲ"

ရှင်းချန်၏ ယုံကြည်ချက်မှာ အသိဉာဏ်ကင်းမဲ့မှု သက်သက်သာ ဖြစ်သည်။ ဤကဲ့သို့သော လူမိုက်တစ်ယောက် ရက်စက်လှသော ကျင့်ကြံခြင်းလောကတွင် အသက်ရှင်နေနိုင်ရုံသာမက အခြေတည်အဆင့် နှောင်းပိုင်းသို့ပင် ရောက်ရှိနေခြင်းမှာ အံ့သြစရာပင်။ ၎င်းမှာ အစွမ်းထက်သော ဖခင်နှင့် အင်အားကြီးသော မိသားစုရှိခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

"သခင်လေးရှင်းဆီမှာ လျှပ်စီးလက်ဝါးရဲ့ မန္တန်ရှိလား" ဟု စုန့်ဝမ်က မေးသည်။

"ရှိတာပေါ့။ မင်းကို ဒီခေါ်လိုက်တာက ငါလေ့ကျင့်တဲ့အခါ အမှားအယွင်းရှိရင် ပြင်ပေးဖို့ပဲ"

"လျှပ်စီးပညာရပ်တွေက စွမ်းအားကြီးသလို ထိန်းချုပ်ဖို့လည်း ခက်ခဲပါတယ်။ မြို့ပြင်ထွက်ပြီး လေ့ကျင့်ကြမလား" ဟု စုန့်ဝမ်က အကြံပြုသည်။

ရှင်းချန်က အဆက်မပြတ် ခေါင်းခါလျက် "မရဘူး၊ ငါ မြို့ပြင်ထွက်လို့ မရဘူး။ ပြီးခဲ့တဲ့အကြိမ် မြို့ပြင်မှာ အသက်ဘေးနဲ့ ကြုံခဲ့ပြီးကတည်းက ငါ့အမေက ငါ့ကို အပြင်ထွက်ခွင့် ပိတ်ထားတာ" ဟု ဆိုသည်။

စုန့်ဝမ် စိတ်ထဲတွင် သက်ပြင်းချမိသည်။ ဤလူမှာ အခုထိ အမေချော့မှ အိပ်ရမည့်ကလေး အဆင့်သာ ရှိသေးသည်။

"ဒါဆိုရင်လည်း ဒီဝင်းခြံထဲမှာပဲ လေ့ကျင့်ကြတာပေါ့"

………

တစ်နာရီအကြာတွင်...

"သခင်လေးရှင်းက တကယ်ကို ပါရမီရှင်တစ်ယောက်ပဲ" ဟု စုန့်ဝမ်က ရှင်းချန်၏ လက်ဝါးထဲတွင် လျှပ်စီးများ လက်ခနဲ ဖြစ်သွားသည်ကို ကြည့်ကာ အံသြဟန်ဆောင်လျက် ချီးကျူးစကား ဆိုလိုက်သည်။ အံ့သြစရာကောင်းသည်မှာ ရှင်းချန်ပြောသကဲ့သို့ သူ၏ လျှပ်စီးပညာပါရမီမှာ မဆိုးလှပေ။ သို့သော် "မဆိုးဘူး" ဆိုသော အဆင့်သာဖြစ်သည်။

ရှင်းချန်က လက်ကို မြှောက်ကာ လျှပ်စီးကို ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။ လျှပ်စီးတန်းမှာ ပေရာချီ မြင့်တက်သွားပြီးနောက် ရုတ်တရက် ပေါက်ကွဲကာ လှပသော မီးပွားများအဖြစ် ပြန့်နှံ့သွားသည်။ ထိုမြင်ကွင်းက လေညင်းရိပ်သာအတွင်းရှိ ကျင့်ကြံသူများစွာ၏ အာရုံကို ဆွဲဆောင်သွားသည်။

ရှင်းချန် ကိုယ့်ကိုယ်ကိုယ် အတော်ပင် ကျေနပ်နေသည်။

"လျှပ်စီးပါရမီက ရှားပါးတယ်၊ လျှပ်စီးပညာရပ်ကို လေ့ကျင့်ဖို့က ကောင်းကင်ကို တက်ရသလို ခက်ခဲတယ်လို့ သူတို့က ပြောကြတာပဲ။ ဒါပေမဲ့ ငါ့အတွက်တော့ ဘာမှမဟုတ်ပါဘူး"

ထိုစဉ်မှာပင်... ဝင်းခြံတံခါးကို အပြင်မှ ခေါက်သံ ထွက်ပေါ်လာပြီး "လေးစားရတဲ့ ဧည့်သည်တော်... လေညင်းရိပ်သာဆိုတာ ငြိမ်သက်အေးချမ်းတဲ့ နေရာတစ်ခုပါ။ ကျေးဇူးပြုပြီး ဒီဝင်းခြံအတွင်းမှာ မှော်အတတ်တွေကို အသုံးမပြုပါနဲ့" ဟု ကြည်လင်သာယာသော အမျိုးသမီးအသံ အပြင်မှ ထွက်ပေါ်လာသည်။

အသက် ၂၀ ခန့်ရှိပြီး နုနယ်ချောမောသော ဝန်ထမ်းအမျိုးသမီးလေးတစ်ဦး ဝင်းခြံတံခါးအပြင်ဘက်တွင် ငြိမ်သက်စွာ ရပ်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။

ရှင်းချန်၏ မျက်နှာမှာ ရုတ်တရက် ညိုမှောင်သွားပြီး သူ့အကြည့်များမှာ အေးစက်သွားသည်။

"မင်းလို နိမ့်ကျတဲ့ ဝန်ထမ်းမလေးက ငါ့ကိစ္စကို ဝင်စွက်ဖက်ရဲတယ်ပေါ့"

ပြောပြောဆိုဆို ပန်းကန်လုံးခန့်ရှိသော လျှပ်စီးလုံးကြီးတစ်ခု ရှင်းချန်လက်ဝါးတွင် ပေါ်လာပြီး လက်ကို ဝှေ့ယမ်းကာ ထိုလျှပ်စီးလုံးကို အပြင်သို့ ပစ်လွှတ်လိုက်သည်။

"ဝုန်း"

လျှပ်စီးမှာ သစ်သားတံခါးကို ထိမှန်သွားသည်။ အခြေတည်အဆင့် နှောင်းပိုင်း ကျင့်ကြံသူတစ်ဦး၏ လျှပ်စီးစွမ်းအားကို မခံနိုင်သော သစ်သားတံခါးမှာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်သွားပြီး သစ်သားစများက အပြင်သို့ လွင့်ထွက်သွားတော့သည်။

သနားစရာကောင်းသော ဝန်ထမ်းမလေးမှာ ထိုသစ်သားစများကို ခုခံနိုင်စွမ်း မရှိပေ။ သွေးများနှင့် အသားစများ နေရာအနှံ့ လွင့်စင်သွားတော့သည်။ ပေါက်ကွဲမှု ပြီးဆုံးသွားသောအခါ ဝန်ထမ်းမလေး၏ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အသားစများကသာ ခုနက လှပသော အမျိုးသမီးလေး တစ်ယောက် ရှိခဲ့ဖူးကြောင်း သက်သေပြနေတော့သည်။

"ဟွန့်.. ငါ့ကိစ္စကို လာစွက်ဖက်တဲ့သူမှန်သမျှ ဒီလိုပဲ ဖြစ်ရမယ်" ဟု ရှင်းချန်က မောက်မာစွာ ကြွေးကြော်လိုက်သည်။

ထိုသတ်ဖြတ်မှုကြောင့် ဖြစ်ပေါ်လာသော ဆူညံသံက လေညင်းရိပ်သာအတွင်းရှိ ကျင့်ကြံသူများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။

ရုတ်တရက် အသက် ၃၀ ခန့်ရှိသော အမျိုးသမီးတစ်ဦး ဝင်းခြံအပြင်ဘက်တွင် ပေါ်လာသည်။ ထိုအမျိုးသမီးမှာ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး အဝတ်အစား ခပ်ပါးပါးသာ ဝတ်ဆင်ထားသည်။ သူမသည် မြေပြင်ပေါ်ရှိ သွေးပျက်ဖွယ် မြင်ကွင်းကို ကြည့်လိုက်ရာ မျက်ဝန်းများမှာ နှင်းခဲကဲ့သို့ အေးစက်သွားပြီးနောက် ဝင်းခြံအတွင်းရှိ ရှင်းချန်ကို စိုက်ကြည့်လိုက်သည်။

"သခင်လေးရှင်း... ရှင် ကျွန်မတို့ လေညင်းရိပ်သာက ဝန်ထမ်းတစ်ယောက်ကို သတ်လိုက်ပြီ။ ရှင် ကျွန်မကို ရှင်းပြချက်တစ်ခု ပေးရမယ်"

ရှင်းချန်က အထင်အမြင်သေးစွာဖြင့် "ပိုင်မန့်… မင်းက ဘာမို့လို့လဲ။ ငါက မင်းကို ရှင်းပြရမယ် ဟုတ်လား။ ငါ မင်းကို လေးစားရင် မင်းက လေညင်းရိပ်သာရဲ့ တာဝန်ခံပဲ၊ ငါ မလေးစားရင်တော့ မင်းက ဘယ်သူနဲ့မဆို အိပ်မဲ့ နိမ့်ကျတဲ့ မိန်းမပျက်တစ်ယောက်ပဲ" ဟု ဆိုသည်။

ပိုင်မန့်က ရှင်းချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"သခင်လေးရှင်း... ရှင်က ရှင်းမိသားစု ခေါင်းဆောင်ရဲ့ သားသမီးဆိုတော့ လေလွင့်ကျင့်ကြံသူဖြစ်တဲ့ ကျွန်မက ရှင့်ကို မစော်ကားရဲပါဘူး။ ဒါပေမဲ့ လေညင်းရိပ်သာက သခင်ငယ်ရဲ့ ပိုင်ဆိုင်မှုပါ။ သူသာ ဒီနေ့ကိစ္စကို သိသွားရင် ဘယ်လို တုံ့ပြန်မလဲဆိုတာ ကျွန်မ သိချင်မိတယ်"

……..

All Chapters