← Chapters

စိတ်ဝိညာဉ်ပြောင်းလဲခြင်းသို့ ရောက်ရှိခြင်း၊ ဓားတစ်သောင်း

Vol. 4 Ch. 47

စိတ်ဝိညာဉ်ပြောင်းလဲခြင်းသို့ ရောက်ရှိခြင်း၊ ဓားတစ်သောင်း

Vol. 4 Ch. 47

အခန်း (၄၇) စိတ်ဝိညာဉ်ပြောင်းလဲခြင်းသို့ ရောက်ရှိခြင်း၊ ဓားတစ်သောင်း

ရွှမ်ချင်းကျွင်းထွက်ခွာသွားတဲ့အခါမှာ ဟန်ကျွယ်ဟာ ဆေးတစ်ပုလင်းကို ဖွင့်ကြည့်လိုက်ပါတယ်။ အထဲမှာ ဆေးလုံးဆယ့်နှစ်လုံး ရှိနေတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ သူ့စိတ်ဝိညာဉ်ချီနဲ့ ဆေးလုံးတွေကို စမ်းသပ်လိုက်ပါတယ်။ အဆိပ်မရှိတာ သေချာပြီဆိုမှာ ဆေးလုံးတစ်လုံးကို မြိုချလိုက်ပါတယ်။

မကြာခင်မှာပဲ ဒီဆေးလုံးရဲ့အစွမ်းက အလွန်အားကောင်းနေတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။ ဒီဆေးလုံးဟာ ရဲ့စန်းလောင်ဆီကရတဲ့ ဆေးလုံးထက် နှစ်ဆကျော် ပိုအားကောင်းနေပါတယ်။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံခြင်းထဲကို စိတ်နှစ်လိုက်ပါတယ်။

…

မြေအောက်နန်းတော်တစ်နေရာ။

“ဝှစ်...! ဝှစ်...! ဝှစ်...!” ကြာပွတ်ရိုက်သံဟာ ဆူညံစွာ ထွက်ပေါ်နေပါတယ်။

ရန်ထျန်တုန်းနဲ့ ကျိုးဖန်ဟာ တိုင်နှစ်တိုင်မှာ အချည်ခံထားရပါတယ်။ မိုးကာဝတ်ရုံဂိုဏ်းသား နှစ်ယောက်ဟာ သူတို့နှစ်ယောက်ကို ကြာပွတ်နဲ့ အသားကုန် ရိုက်နှိက်တာကြောင့် သွေးစသွေးနတွေဟာ ကြမ်းပြင်‌ပေါ်မှာ မြင်မကောင်းအောင် ဖြစ်နေပါတယ်။

အဝေးမှာ ကျင့်ကြံနေကြတဲ့ ကျင့်ကြံသတွေဟာ ဒီမြင်ကွင်းကိုကြည့်ပြီး ကရုဏာသက်သွားကြပါတယ်။

“ဟင်း၊ ဒီယွီဂျင်ဂိုဏ်းသား နှစ်ကောင်က တော်တော်လေး ခေါင်းမာတာပဲ!”

“ဟုတ်တယ်၊ သူတို့နှစ်ယောက် နှစ်တိုင်းထွက်ပြေးတာ တစ်ခါမှမလွတ်ဘူး၊ ပြန်အဖမ်းခံရပြီး အရိုက်ခံရတာပဲ၊ ဒါတောင် အခုအချိန်ထိ လက်မလျှော့သေးဘူး”

“တော်တော်လေး သနားဖို့ကောင်းတာပဲ”

“ဂိုဏ်းက သူတို့ကို ဘာလို့မသတ်တာလဲ?”

“ငါတို့တွေက သူတို့ကို သတ်လိုက်ရင် သူတို့စိတ်ကို ဘယ်လိုလုပ်ပြီး ရတော့မလဲ?”

“တကယ်တော့ မိုးကာဝတ်ရုံဂိုဏ်းသား ဖြစ်ရတာကလည်း မဆိုးပါဘူး”

တစ်ခဏအကြာမှာတော့ ရန်ထျန်တုန်းကို ကျိုးဖန်ကို အောက်ချလိုက်ပါတယ်။ တစ်ယောက်က မွန်းစတားသွေးစည်းရှိပြီး တစ်ယောက်က တန်ခိုးကြီးမားတဲ့ ကျင့်ကြံသူတစ်ဦး ပြန်ဝင်စားတာပါ။ ဒါပေမဲ့ ဒီအချိန်မှာတော့ သူတို့နှစ်ယောက်လုံးသာ အသက်ပါးပါးပဲ ကျန်ရှိပါတော့တယ်။

မိုးကာဝတ်ရုံဂိုဏ်းသားတွေရဲ့ ကြာပွတ်တွေက သာမန်ကြာပွတ်တွေ မဟုတ်ပါဘူး။ နတ်ဆိုးသားရဲတွေရဲ့  အကြောတွေနဲ့ ပြုလုပ်ထားတာ ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ရိုက်မိရင် အရေခွံသာမက အသားတွေပါ ဆုတ်သွားပါတယ်။

ရန်ထျန်တျန်းဟာ နာကျင်မှုကို ခါးစည်းခံရင်း အံကြိတ်ကာ ပြောလိုက်ပါတယ် “ဒါက မင်းပြောတဲ့ အစီအစဉ်လား? ငါတို့တွေ အပြင်တောင်မရောက်လိုက်ဘူး၊ ပြန်အဖမ်းခံလိုက်ရတယ်!”

ကျိုးဖန်ဟာလည်း အတော်ကို မကျေမနပ် ဖြစ်နေပြီး သူ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလောက်နှစ်တွေအကြာကြီး ကြိုးစားတာတောင် သူတို့ဟာ လွတ်အောင် မပြေးနိုင်သေးပါဘူး ‘သေစမ်း၊ ငါ ဒီကနေ လွတ်မြောက်သွားရင် မင်းတို့ဂိုဏ်းကို ဒီထက်အဆတစ်ထောင် ဒုက္ခပြန်ပေးပြမယ်’

“ငါတို့တွေ ကြိုးစားရုန်းကန်နေတာကို ရပ်ပြီး ဆရာသခင် လာကယ်တာကို စောင့်သင့်တယ်” ရန်ထျန်တုန်းဟာ သက်ပြင်းချလိုက်ပါတယ် ‘ဆရာသခင်... ဆရာသခင်! ဘာလို့ ကျွန်တော်ကို လာမကယ်သေးတာလဲ?’

လွန်ခဲ့တဲ့ဆယ်နှစ်က လီချင်းဇဲ့ ရောက်လာပြီး သူတို့ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ လီချင်းဇဲ့ဟာ မထွက်သွားခင်မှာ အသံလွှင့်ပြီး သတင်းစကားပါးခဲ့ပါတယ်။ အဲဒါကတော့ မကြာခင်မှာ သူတို့ကို နတ်သတ်အကြီးအကဲ လာကယ်မှာဖြစ်တဲ့အတွက် စိတ်ရှည်ရှည်နဲ့ စောင့်မျှော်ဖို့ပါ။

ဒီသတင်းစကားကြောင့် ရန်ထျန်တုန်းဟာ အခုအချိန်အထိ တောင့်ခံနေနိုင်တာ ဖြစ်ပါတယ်။

ကျိုးဖန်က ဒေါကတကြီး ပြောလိုက်ပါတယ် “မင်းဆရာသခင်က ဒီလောက်ကြောက်တာ၊ ငါတို့ကို လာကယ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး” ကျိုးဖန်ဟာ နတ်သတ်အကြီးအကဲက ဟန်ကျွယ်ဆိုတာကို သိပြီးပါပြီ။ သူဟာ အံဩတကြီး ဖြစ်သွားပေမဲ့ ဟန်ကျွယ်က ဘယ်လိုလူလဲဆိုတာကို သူကောင်းကောင်း နားလည်ပါတယ်။

ဟန်ကျွယ်ရဲ့ အရည်အချင်းဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထက်မြက်ပေမဲ့ သူက သေမှာကို အလွန်ကြောက်ပါတယ်။ သေမှာကြောက်တဲ့လူတစ်ယောက်က သူတို့ကို လာကယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူသာ ကယ်တင်ချင်ရင် အစောကြီးကတည်းက လာကယ်ပြီးလောက်ပါပြီ။

ရန်ထျန်တုန်းက အံကြိတ်ပြီး ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ငါ့ဆရာသခင်က ကျိန်းသေပေါက် လာကယ်မှာ၊ သူက ငါရဲ့ တာအိုနှလုံးသားကို စမ်းသပ်နေတာ”

ကျိုးဖန် မျက်လုံးတွေဟာ ဝိုင်းစက်သွားပြီး ရန်ထျန်တုန်းတစ်ယောက် ရူးသွားပြီလို့ ကောက်ချက်ချလိုက်ပါတယ်။ ရန်ထျန်တုန်းတင် မဟုတ်ပါဘူး။ ဒီပုံစံအတိုင်း ဆက်သွားရင် သူလည်း မကြာခင်ရူးသွားမှာ ကျိန်းသေပါပဲ။

…

နှစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကနဦးဝိညာဉ် နဝမအဆင့်ကို အားသုံးပြီး ထိုးဖောက်လိုက်ပါတယ်။ ဒီလိုလုပ်နိုင်တာကလည်း နတ်ဆိုးသခင်ရဲ့ ဆေးလုံးတွေကြောင့်ပါ။ ဟန်ကျွယ်ဟာ နတ်ဆိုးသခင်နဲ့ နောက်တစ်ခါ ထပ်တွေ့ရင် ပိုတောင်းရမယ်လို့ တွေးလိုက်ပါတယ်။

ပထမတော့ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းက သူ့ကို ခဏခဏ လာရှာမှာကို စိုးရိမ်နေပါသေးတယ်။ ဒါပေမဲ့ ဒီနှစ်တွေမှာ ရွှမ်ချင်းကျွင်းရဲ့ အရိပ်အယောင်ကို မမြင်ရတာကြောင့် တဖြည်းဖြည်း စိတ်သက်သာရာ ရသွားပါတယ်။ ကြည့်ရတာ ရွှမ်ချင်းကျွင်းက ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ကို သိပ်ပြီး လောဘမကြီးသလိုပါပဲ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ နတ်ဆိုးသခင်ကို အပြည့်အဝကြီး မယုံကြည်ပါဘူး။ ဒါကြောင့် သူ့ကျင့်ကြံခြင်းကို ရတဲ့နည်းနဲ့ မြှင့်တင်ပါတယ်။ မျက်နှာသာပေးမှု ကြယ်လေးပွင့်ခွဲက ရွှမ်ချင်းကျွင်းက သူ့ကို ဒုက္ခမပေးဘူးလို့ မဆိုလိုပါဘူး။

‘အချစ်ကြောင့် အသက်ဆုံးရတဲ့သူတွေကို ရေတွက်မယ်ဆိုရင် ကုန်နိုင်မှာ မဟုတ်ဘူး! ငါ့အရင်ဘဝကလည်း ဒီလိုအဖြစ်မျိုးတွေကို ဇာတ်ကားတွေထဲမှာ မြင်ပေါင်းများလှပြီ’

ဟန်ကျွယ်ဟာ တိမ်ကျွမ်းထိုးက ဆက်ခံလိုက်ပါတယ်။ တိမ်ကျွမ်းထိုး ကိုယ်ဖော့သိုင်းဟာ သူ့ကိုသုံးတဲ့ စိတ်ဝိညာဉ်ချီအပေါ် မူတည်ပြီး အကွာအဝေးတွေ ပြောင်းလဲသွားပါတယ်။ ပုံသေသတ်မှတ်ထားတဲ့ အကွာအဝေး မရှိပါဘူး။

ဟန်ကျွယ်ဟာ တိမ်ကျွမ်းထိုးကို ဆက်ခံပြီးတဲ့အခါမှာ ယွီဂျင်ဂိုဏ်းကို စစ်ဆေးလိုက်ပါတယ်။ ယွီဂျင်ဂိုဏ်းထဲမှာ အစွမ်းဆုံးလူက ကွမ်းယိုကုန်းဖြစ်ပြီး စိတ်ဝိညာဉ်ပြောင်းလဲခြင်း ဒုတိယအဆင့်မှာပါ။ ကျန်တဲ့ကနဦးဝိညာဉ် ကျင့်ကြံသူတွေထဲမှာလည်း မိုးကာဝတ်ရုံဂိုဏ်းက သူလျှိုကို ရှာမတွေ့တာကြောင့် ဟန်ကျွယ်ဟာ သက်သာရာ ရသွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို တက်နိုင်သလောက် မြန်မြန်ရောက်ဖို့ ကြိုးစားကျင့်ကြံပါတော့တယ်။ ဒီလိုနဲ့ တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဆီကို လီချင်းဇဲ့တစ်ယောက် ပေါက်ချလာပါတော့တယ်။

ဟန်ကျွယ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “မိုးကာဝတ်ရုံဂိုဏ်း ရောက်လာပြီလား?” ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်နဲ့ တော်တော်လေး နီးကပ်နေပါပြီ။ ဒီအချိန်ကျမှ ရန်သူရောက်လာတာဟာ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာပါ။

“မလာသေးပါဘူး၊ ဟင်္သာဓားဂိုဏ်းက ဟွမ်ဂျိဟောင်က မိုးကာဝတ်ရုံဂိုဏ်းကို အလစ်တိုက်ခိုက်တာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ရတယ်၊ ဟင်္သာဓားဂိုဏ်းက ဒီကိစ္စကြောင့် ယမ်းပုံမီးကျဖြစ်ပြီး မိုးကာဝတ်ရုံဂိုဏ်းကို တိုက်ခိုက်ဖို့ ငါတို့နဲ့ ပူးပေါင်းလာတယ်၊ အခြေအနေက လုံးဝ ပြောင်းလဲသွားတာပဲ” လီချင်းဇဲ့ဟာ ပြောဆိုရင်း စိတ်လှုပ်ရှားလာပါတယ်။

‘ဒီဟွမ်ဂျိဟောင်က ချစ်စရာကောင်းသားပဲ၊ အချိန်ကိုက် ပြဿနာတက်အောင် လုပ်တက်တယ်’

ဟန်ကျွယ်လည်း လီချင်းဇဲ့စကားကြောင့် မျက်ခုံးပင့်တက်သွားပါတယ် ‘ငါ့ဟွမ်ဂျိဟောင်လေးက မဆိုးဘူးပဲ’

“ဒါဆိုရင်လည်း ခင်ဗျားတို့တွေ သွားကြပေါ့၊ ယွီဂျင်ဂိုဏ်းကို ကျုပ်စောင့်ကြပ်ပေးမယ်၊ ဂိုဏ်းထဲမှာရှိတဲ့ ကနဦးဝိညာဉ် ကျင့်ကြံသူတွေကို အကုန်ခေါ်သွားလို့ရတယ်၊ ဒီမှာက ကျုပ်တစ်ယောက်တည်းနဲ့ လုံလောက်တယ်” ဟန်ကျွယ်ဟာ လေးလေးနက်နက် ပြောလိုက်ပါတယ်။

ဟန်ကျွယ်စကားကြောင့် လီချင်းဇဲ့မျက်နှာဟာ ရှုံ့မဲ့သွားပါတယ် ‘မင်းက ခပ်ကုပ်ကုပ်ပဲ နေချင်တာလား ဒါမှမဟုတ် သေမှာကြောက်နေတာလား?’

ဟန်ကျွယ်က အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “ကျုပ်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းကို ရောက်တော့မှာ၊ ဒီအချိန်မှာ အလိုအပ်ဆုံးက အချိန်ပဲ”

ဒီစကားကြောင့် လီချင်းဇဲ့ဟာ ပျော်လွန်အားကြီးပြီး တစ်ကိုယ်လုံး တုန်တက်သွားပါတယ်။ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူက ကနဦးဝိညာဉ်အဆင့်နဲ့ သတ်ဖြတ်နိုင်ခဲ့တဲ့သူပါ။ အခုသူက စိတ်ဝိညာပြောင်းလဲခြင်းအဆင့်ကို ရောက်တော့မှာဆိုတာ အဲဒီအဓိပ္ပာယ်က...။

လီချင်းဇဲ့ ဟန်ကျွယ်အစွမ်း ဘယ်‌လောက်ရှိမယ်ဆိုတာကို မခန့်မှန်းရဲပါဘူး! အဲဒီနောက် လီချင်းဇဲ့ဟာ စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “ကောင်းပြီ! ဒီလိုဆိုတော့ အကြီးအကဲဟန်က ဂိုဏ်းမှာနေခဲ့ပြီး အဆင့်တက်ပါ၊ ကျန်တဲ့ကိစ္စတွေကို ကျုပ်နဲ့ တစ်ခြားအကြီးအကဲတွေဆီ အပ်ထားလိုက်ပါတယ်၊ ဒီတစ်ခါ ဟင်္သာဓားဂိုဏ်းအပြင် တစ်ခြားလက်ယာဂိုဏ်းတွေကလည်း ကျုပ်တို့နဲ့ ပူးပေါင်းထားတယ်”

“ဒါဆိုရင် ဂိုဏ်းချုပ်တို့ အောင်မြင်စေဖို့ ဆုတောင်းပေးပါတယ်”

သူတို့နှစ်ဦးဟာ သိပ်ကြာကြာ စကားမပြောဖြစ်ပါဘူး။ တစ်အောင့်ကြာတဲ့အခါမှာ လီချင်းဇဲ့ဟာ စိတ်လှုပ်ရှားစွာ ထွက်ခွာသွားပါတယ်။ လီချင်းဇဲ့ဟာ လိုဏ်ဂူထဲက မထွက်ခွာခင်မှာ ငရဲကြက်နဲ့ ဆော့သွားပါသေးတယ်။ စိတ်အနှောင့်အယှက် ဖြစ်သွားတဲ့ ငရဲကြက်ဟာ ရလာတဲ့အခွင့်အရေးကို လက်လွှတ်မခံဘဲ လီချင်းဇဲ့တင်ပါးကို ဆိတ်ထုတ်ပစ်လိုက်ပါတယ်။

လီချင်းဇဲ့ဟာ ဒေါသထွက်သွားပေမဲ့ ဟန်ကျွယ်ရဲ့အကြည့်ကို ခံစားမိတာကြောင့် ခပ်သုတ်သုတ် ထွက်သွားပါတယ်။ ဟန်ကျွယ်ဟာ ခေါင်းခါရင်း ရယ်မောလိုက်ပါတယ် “ဒီပိုးဟပ်က ကလေးကျနေတာပဲ” ပိုးဟပ်ဆိုတာက လီချင်းဇဲ့ကို ဟန်ကျွယ်ပေးထားတဲ့ နာမည်ပြောင်ပါ။

…

နှစ်ဝက်ကြာတဲ့အခါမှာတော့ လီချင်းဇဲ့နဲ့ ကွမ်းယိုကုန်းဟာ ကနဦးဝိညာဉ်ကျင့်ကြံသူ အကြီးအကဲတွေ၊ အဓိကတပည့်တွေနဲ့ လက်‌ရွေးစင်တပည့်တွေကို ဦးဆောင်ပြီး ထွက်ခွာသွားပါတယ်။ ဒီကိစ္စက အတွင်းဂိုဏ်းထဲမှာ တော်တော်လေး ပွတ်လောရိုက်သွားပါတယ်။ ကျင့်ကြံခြင်းလောကမှာ ကိစ္စကြီးတစ်ခု ဖြစ်တော့မယ်ဆိုတာကကို လူတိုင်း သိလိုက်ကြပါတယ်။

တစ်ခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ သားရဲအဆောင်ကို ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ သူ့ရဲ့ အကြီးအကဲထိုကင်ကို ထုတ်ပြပြီး နတ်ဆိုးတစ်သောင်းနယ်မြေထဲ ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီနယ်မြေထဲမှာ ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ဖို့ စီစဉ်ထားပါတယ်။

စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရဲ့ ကောင်းကင်ကပ်ဘေးဟာ တောင်ကြီးတစ်တောင်ကို အသာလေး အမှုန့်ချေပစ်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံခြင်းလိုဏ်ဂူလေး ပျက်စီးသွားမှာကို စိုးရိမ်တဲ့အတွက် ဒီနတ်ဆိုးတစ်သောင်းနယ်မြေမှာ ကောင်းကင်ကပ်ဘေး လာဖြတ်ကျော်ရခြင်း ဖြစ်ပါတယ်။ ဒီကိုမလာခင်မှာ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ဆီက အကြံတောင်းခံခဲ့ပါတယ်။ နတ်မိမယ်ရှီရွှမ်ကလည်း ဒီနတ်ဆိုးတစ်သောင်းနယ်မြေကိုပဲ လမ်းညွှန်လိုက်ပါတယ်။ ဂိုဏ်းအပြင်မှာ ကပ်ဘေးကို ဖြတ်ကျော်လို့ ရန်သူနဲ့ ထိပ်တိုက်တိုးမိရင် ကျိန်းသေပေါက် ပြဿနာကြီးကြီးမားမား တက်မှာပါ။

နတ်ဆိုးတစ်သေင်းနယ်မြေထဲကို ဝင်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ လွင်ပြင်တစ်ခုရှာပြီး တရားထိုင်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ပထမတန်းစား ကနဦးဝိညာဉ်ဆေးလုံးကို သောက်မြိုလိုက်ပါတယ်။

ဒီလိုနဲ့ နှစ်ဝက်ကြာသွားပါတယ်။

ဟန်ကျွယ်ဟာ ဆေးလုံးကိုအမှီပြုပြီး ထိုးဖောက်နိုင်တဲ့အဆင့်ကို ‌ခပ်မြန်မြန် ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ်။ ကောင်းကင်ကပ်ဘေးကို မဖြတ်ကျော်ခင် ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။ လီချင်းဇဲ့နဲ့ ကျန်တဲ့လူတွေဟာ အသက်ရှင်နေကြပါသေးတယ်။

ဒါပေမဲ့ အကြီးအကဲတစ်ချို့ ပျောက်သွားတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဘယ်သူတွေလဲ ဆိုတာကိုတော့ ဟန်ကျွယ် မပြောနိုင်ပါဘူး။ ဟန်ကျွယ် တွမ့်ထုံးထျန်ကို သတ်လိုက်ကတည်းက အကြီးအကဲအများစုဟာ ဟန်ကျွယ်အ‌ပေါ်မှာ အကောင်းမြင်စိတ် ရှိကြပါတယ်။

လောလောဆယ်အခြေအနေမှာ ကိစ္စကြီးကြီးမားမား မဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ခန္ဓာကိုယ်ထဲကို မိုးမြေတစ်ခွင်က စိတ်ဝိညာဉ်ချီတွေ စုရုံးလာတဲ့အခါမှာ တိမ်တိုက်တွေဟာလည်း စတင်စုစည်းလာပါတယ်။ နတ်ဆိုးတစ်သောင်းနယ်မြေက သားရဲတွေအားလုံးဟာ မသက်မသာ ခံစားလိုက်ကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြောက်မယ်ဖွယ်ကောင်းတဲ့ ကောင်းကင်အရှိန်အဝါက ဒီလောကငယ်လေးကို လွှမ်းခြုံသွားလို့ပါပဲ။

ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံနဲ့ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ကပ်ဘေးကို လွယ်လွယ်ကူကူပဲ ဖြတ်ကျော်ပါတယ်။ ပြောစရာတစ်ခုကတော့ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရဲ့ ကောင်းကင်ကပ်ဘေးက ကနဦးဝိညာဉ်အဆင့်ရဲ့ ကောင်းကင်ကပ်ဘေးထက် အများကြီး ပိုကြောက်ဖို့ကောင်းတယ်ဆိုတာပါပဲ။ ဟန်ကျွယ် ကံကောင်းသွားတာက သူ့ရဲ့ လမ်းခြောက်သွယ်စိတ်ဝိညာဉ်ချီက အရမ်းအင်အားကြီးမားလို့ပါပဲ။

ဟန်ကျွယ်ဟာ မိစ္ဆာမီးခေါင်းလောင်းကို ဒီနေရာမှာ အသုံးမပြုပါဘူး။ ဘာဖြစ်လို့လဲဆိုတာ့ သူ့အစွမ်းနဲ့သူ ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ချင်လို့ပဲ ဖြစ်ပါတယ်။

များသောအားဖြင့် ကျင့်ကြံသူအများစုက ကပ်ဘေးဖြတ်ကျော်စဉ်မှာ သေကျေပျက်စီးကုန်ကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ သူ့ရဲပြိုင်ဘက်ကင်းကျင့်စဉ်နဲ့ ထိပ်တန်းအရည်အချင်းတွေကြောင့် ကပ်ဘေးမှာ ကျဆုံးတယ်ဆိုတာ လုံးဝမရှိပါဘူး။

ဒီလိုနဲ့ ရက်အတန်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိသွားပါတယ်။

[သင်သည် စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားသည့်အတွက် ဓားတာအို ဆန်းကြယ်စွမ်းအားအမွေကို ရရှိပါသည်။]

[ဓားတစ်သောင်း ဆန်းကြယ်စွမ်းအားကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။]

[ဓားတစ်သောင်း: ဓားချီကိုအသုံးပြု၍ သမိုင်းထဲရှိ ရှေးဟောင်းဓားများဟ အရိပ်များကို ဆင့်ခေါ်နိုင်သည်။ ဆင့်ခေါ်နိုင်သည့် ဓားအရိပ် အရေအတွက်သည် အသုံးပြုသူ၏ စိတ်ဝိညာဉ်စွမ်းအား အပေါ် မူတည်သည်။]

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်ထဲက လမ်းခြောက်သွယ် စိတ်ဝိညာဉ်ချီဟာ တဖြည်းဖြည်း တိုးလာပါတယ်။ စမ်းချောင်းကနေ မြစ်ဖြစ်လာပြီး မြစ်ကနေ ပင်လယ် ဖြစ်လာသလိုပါပဲ။ အဲဒီအချိန်မှာ ဟန်ကျွယ်ခေါင်းပေါ်ကနေ အရိပ်တစ်ခု ထွက်လာပါတယ်။ ဒီအရိပ်က ဟန်ကျွယ်နဲ့ တစ်ထေရာတည်းပါပဲ။ ဒီအရိပ်ဟာ ဟန်ကျွယ်ရဲ့ ဝိညာဉ်နှစ်ပဲ ဖြစ်ပါတယ်။

All Chapters