← Chapters

နတ်ဆိုးသခင်၏လက်ဆောင်

Vol. 4 Ch. 48

နတ်ဆိုးသခင်၏လက်ဆောင်

Vol. 4 Ch. 48

အခန်း (၄၈) နတ်ဆိုးသခင်၏လက်ဆောင်

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၁၅၈/၃၀၀၇]

[မျိုးနွယ်စု: မော်တယ်]

[ကျင့်ကြံခြင်း: စိတ်ဝိညာဉ်ပြောင်းလဲခြင်း ပထမအဆင့်]

[ကျင့်စဉ်: ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်(အမွေဆက်ခံရရှိသည်)]

[မှော်ပညာပညာ: ပြိုင်ဘက်ကင်း ဓားလက်ချောင်း၊ ပုံရိပ်ယောင်ခြေခုနစ်လှမ်း၊ ပြိုင်ဘက်ကင်း ဓားအရိပ်သုံးပါး၊ သရဲနှင်နဂါးကိုကောင်တံဆိပ်၊ မိုးကြိုးမုန်တိုင်းကြီး၊ လေနတ်သားသိုင်း]

[ဆန်းကြယ်စွမ်းအား: လမ်းခြောက်သွယ်စုပ်ယူခြင်း၊ ကောင်းကင်ဒဏ်ပေး တစ္ဆေဓား၊ မိုးနှင့်မြေ၊ တိမ်ကျွမ်းထိုး၊ ဓားတစ်သောင်း(အမွေဆက်ခံရရှိသည်)]

[အသုံးအဆောင်: ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံ(စိတ်ဝိညာည်ရတနာ-သတ္တမအဆင့်)၊ စကြာဝဠာခါးပတ်ငယ်၊ ချီလင်ဓား၊ မွန်းစတားချည်ကြိုး၊ မိစ္ဆာမီးခေါင်းလောင်း(စိတ်ဝိညာဉ်ရတနာ-ဆဋ္ဌမအဆင့်)]

[ကျင့်ကြံခြင်းစွမ်းရည် : စိတ်ဝိဉာဉ်ခြောက်သွယ် ခန္ဓာကိုယ်၊ ထိပ်တန်း မီး, ရေ, လေ, မြေ, သစ်သား, မိုးကြိုး ကျင့်ကြံခြင်းစွမ်းရည်၊ ကံတရားကို အနည်းငယ် ကောင်းစေသည်]

[ကံတရားများမှာ အောက်ပါအတိုင်း ဖြစ်သည်]

[ပြိုင်ဘက်ကင်း စစ်သည်တော် : အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်းဆွဲဆောင်မှု]

[ကံကြမ္မာဓါးရူး : ထိပ်တန်း ဓားပညာပါရမီ၊ ထိပ်တန်း ဓားပညာနားလည်မှု]

[ရွေ့လျားခြင်း : ထိပ်တန်း ‌ရွေ့လျားခြင်းသိုင်း ပါရမီ]

[အမတဧကရာဇ် မျိုးဆက် : ဂိမ်းကို စတင်ပြီး၍ ပြိုင်ဘက်ကင်းကျင့်စဉ်နှင့် အဆင့်မြင့် စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင် ရရှိပြီး ဖြစ်သည်။]

[လူမှုဆက်ဆံရေးကို စစ်ဆေးမည်]

…

စိတ်ဝိညာဉ်ပြောင်းလဲခြင်း ပထမအဆင့်! သက်တမ်းသုံး‌ထောင်!

ဟန်ကျွယ်ဟာ ကျေနပ်အားရသွားပါတယ်။ ကနဦးဝိညာဉ်အဆင့်မှာ သူ့သက်တမ်းက တစ်ထောင်ပဲ ရှိပေမဲ့ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်မှာတော့ သူ့သက်တမ်းက သုံးထောင်ဖြစ်သွားပါပြီ။

‘အရမ်းကောင်းတယ်!’ ဟန်ကျွယ်ဟာ မီးမိစ္ဆာခေါင်းလောင်းကို ထုတ်ယူလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်လိုက်ပါတယ်။ ပြီးမှ သူ့ကျင့်ကြံခြင်းအဆင့်ကို တည်တံ့ခိုင်မြဲအောင် ဆက်လုပ်ပါတယ်။

ဒီလိုနဲ့နှစ်ရက်ကြာတဲ့အခါမှာ ဟန်ကျွယ်ဟာ ဓားတစ်သောင်းဆန်ကြယ်စွမ်းအားကို စတင်အမွေဆက်ခံပါတယ်။ ဓားတစ်သောင်းပညာဟာ လူပေါင်းများစွာကို အလွယ်တကူ သတ်ပစ်နိုင်တဲ့  ပညာတစ်ခု ဖြစ်ပါတယ်။ ကောင်းကင်ဒဏ်ပေး တစ္ဆေဓားလို မျဉ်းဖြောင့်အတိုင်း တိုက်ခိုက်တာ မဟုတ်ပါဘူး။ နှစ်ခုစလုံးမှာ သူတို့အားသာချက်ကိုယ်စီ ရှိကြပါတယ်။

ဟန်ကျွယ်ဟာ ထိပ်တန်းဓားပညာပါရမီနဲ့ ထိပ်တန်းဓားပညာ နားလည်မှုရှိတာကြောင့် ဓားတစ်သောင်း ဆန်းကြယ်စွမ်းအားကို နေ့ဝက်အတွင်းမှာ သင်ယူတတ်မြောက်သွားပါတယ်။

အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ ကိစ္စပြီးပြီဖြစ်လို့ မတ်တတ်ရပ်ကာ အဲဒီနေရာကနေ ထွက်ခွာလာခဲ့ပါတယ်။ ပေါ်တယ်ဆီရောက်တဲ့အခါမှာတော့ အဲဒီမှာစောင့်ကြပ်နေတဲ့ တပည့်တွေဟာ ဟန်ကျွယ်ကို အလွန်လေးစားတဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်ကြပါတယ်။ ကြောက်ဖက်ဖွယ်ကောင်းတဲ့ ကောင်းကင်ကပ်ဘေးကို တွေ့လိုက်ရတာကြောင့် ဒီတပည့်တွေဟာ နတ်သတ်အကြီးအကဲကို ချက်ချင်းပဲ တွေးမိလိုက်ကြပါတယ်။

ဒီလိုနဲ့ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ပြန်ရောက်တယ်ဆိုရင်ပဲ ငရဲကြက်ဟာ ဟန်ကျွယ်ဆီ အပြေးရောက်လာပါတယ် “သခင်... နောက်ဆုံးတော့ ပြန်လာပြီပေါ့! ကျွန်တော်က သခင် ဟိုမိန်းမစားတာ ခံနေရပြီလို့ တွေးနေတာ!”

ဟန်ကျွယ်ဟာ ငရဲကြက်ကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်ပါတယ် “မင်းရဲ့ ကြက်ဦးနှောက်နဲ့ တစ်နေ့ကုန် ဘာတွေလျှောက်တွေးနေတာလဲ?”

“သခင်... ကျွန်တော်က ဖီးနစ်မဟုတ်ဘူးလား?”

“ဒါပေမဲ့ မင်းက အခုကြက်လေ၊ ဖီးနစ်ဖြစ်ဖို့ ကျင့်ကြံအားထုတ်ရအုန်းမယ်၊ ကောင်းကောင်း ကျင့်ကြံချည်”

ငရဲကြက်ဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် ‘ကောင်းကောင်းလေ့ကျင့်ရမှာလား? ဘယ်လောက်ကြာတဲ့အထိ လေ့ကျင့်ရမှာလဲ?’

ဟန်ကျွယ်ဟာ အိပ်ရာပေါ်မှာထိုင်ပြီး ဆက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ချီကို စုပ်ယူနေရင်းကနေ အသွင်တူလက်ရည်စမ်းပွဲကို ဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဂျိဟောင်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့်အဖြစ် သတ်မှတ်လိုက်ပါတယ်။

တစ်ချက်တည်းပွဲသိမ်း! ဟန်ကျွယ်ဟာ ဒီရလဒ်ကို ကျေနပ်အားရသွားပါတယ် ‘နောက်ဆုံးတော့ ဘာမှ ကြောက်စရာ မရှိတော့ဘူး၊ ဒီအချိန်မှာ မိုးကာဝတ်ရုံဂိုဏ်း ရောက်လာလို့ကတော့ သူတို့ကို သင်ခန်းစာကောင်းကောင်း ပေးပစ်ရမယ်!’

ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောလိုက်ပြီးနောက် ဟွမ်ဂျိဟောင်ရဲ့ ကျင့်ကြံခြင်းကို ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ပထမအဆင့်အထိ တိုးမြှင့်လိုက်ပါတယ်။ အဲဒီအချိန်မှာတော့ ဟန်ကျွယ်ဟာ ဟွမ်ဂျိဟောင်ကို သတ်ပစ်ဖို့ ငါးမိနစ် အချိန်ယူလိုက်ရပါတယ်။ ဒီရလဒ်ကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

‘မဟုတ်‌သေးဘူး! ဒီဟာက အရမ်းကြာလွန်းတယ်! ငါ ဆက်ပြီး ကျင့်ကြံရမယ်!’

ဟန်ကျွယ်ရဲ့ စိတ်လှုပ်ရှားမှုဟာ ပျောက်ဆုံးသွားပြီး အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်အနေနဲ့ ရန်သူကို တစ်ချက်တည်း ပွဲမသိမ်းနိုင်ရင် ရန်သူမှာ အခြေအနေ ပြောင်းလဲနိုင်တဲ့ အခွင့်အ‌ရေးတစ်ခု ရှိသွားပါလိမ့်မယ်။

…

မြေအောက်နန်းတော်၏ အမှောင်ထုတစ်နေရာ။

ကျိုးဖန်နဲ့ ရန်ထျန်တုန်းဟာ ထောင့်မှာ ထိုင်နေကြပါတယ်။ မိုးကာဝတ်ရုံဂိုဏ်းသားတွေရဲ့ အခြေအနေကို အကဲခတ်ပြီး ကျိုးဖန်းက မေးလိုက်ပါတယ် “သူတို့တွေ ဘာလို့ ဒီလောက်ထိ နည်းသွားရတာလဲ?”

ရန်ထျန်တုန်းဟာ ကျိုးဖန်စကားကို ကြားလိုက်ရတဲ့အခါမှာ မျက်လုံးဖွင့်လိုက်ပြီး အသံတိုးတိုးနဲ့ ပြန်ပြောလိုက်ပါတယ် “တစ်ခုခုဖြစ်လို့ နေမှာပေါ့” အဲဒီနောက် ရန်ထျန်တုန်းဟာ စိတ်လှုပ်ရှားသွားပါတယ် ‘ဆရာသခင်က ငါ့ကို လာကယ်ပြီလား?’

ကျိုးဖန်၏ သူ့မျက်စိပေါက်တွေကို ကျဉ်းလိုက်ပြီး တီးတိုးပြောလိုက်ပါတယ် “ညီလေး... မင်  ထပ်ပြီးထွက်ပြေးဖို့ ကြံနေတာလား?”

ရန်ထျန်တုန်းဟာ ကျိုးဖန်စကားကြောင့် ကြက်သီးမွေးညင်း ထသွားပါတယ် “စီနီယာ၊ ဒီကိစ္စကို ထားလိုက်ပါတော့၊ ကျွန်တော်တို့တွေ ဂိုဏ်းက လာကယ်တာကိုပဲ စောင့်ရအောင်”

“အသုံးကိုမကျဘူး!”

“ကျွန်တော် ထပ်ပြီး အရိုက်မခံချင်တော့ဘူး...”

“ငါတို့က ကျင့်ကြံသူတွေလဲ၊ နာကျင်မှုကို ကြောက်နေလို့မရဘူး၊ မဟုတ်ရင် မင်းတာအိုနှလုံးသားက ဘယ်လိုလုပ်ပြီး တည်တံ့ခိုင်မြဲမှာလဲ? ဘယ်လိုလုပ်ပြီး ထာဝရအသက်ကို ရနိုင်မှာလဲ?”

“ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ အဲဒီရိုက်ချက်တွေက အရမ်းနာတာ...”

ရန်ထျန်တုန်းဟာ အရိုက်ခံခဲ့ရတုန်းက အကြောင်းတွေကို ပြန်စဉ်းစားမိပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားပါတယ်။ ကျိုးဖန်ဟာ စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ရန်ထျန်တုန်းက အသုံးမကျဘူးလို့ ခံစားလိုက်ရပါတယ်။

“ဝုန်း...!” မြေအောက်နန်းတော် တစ်ခုလုံး ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားပါတယ်။ အဲဒီနောက်မှာတော့ လီချင်းဇဲ့ရဲ့အသံ ထွက်ပေါ်လာပါတယ်။

“ယွီဂျင်ဂိုဏ်းတပည့်အားလုံး ခုခံဖို့အသင့်ပြင်၊ ရန်သူကို သတ်ဖြတ်ပြီး မိုးကာဝတ်ရုံဂိုဏ်းကို ချေမှုန်းကြ!”

ဒီအသံကြောင့် ကျိုးဖန်နဲ့ ရန်ထျန်တုန်းဟာ ဝမ်းသာအားရ ဖြစ်သွားပါတယ်။ နောက်ဆုံးတော့ သူတို့မျှော်လင့်ထားတဲ့နေ့ကို ရောက်လာခဲ့ပါပြီ။

…

စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိပြီးတဲ့နောက် တစ်နှစ်တာအချိန်ဟာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံနေတုန်း ဖြစ်ပြီး သူ့လူမှုဆက်ဆံရေးကနေ ယွီဂျင်ဂိုဏ်းနဲ့ မိုးကာဝတ်ရုံဂိုဏ်း စစ်ဖြစ်နေတာကို သိလိုက်ပါတယ်။

ကွမ်းယိုကုန်းနဲ့ လီချင်းဇဲ့ဟာ ပြင်းထန်တဲ့ဒဏ်ရာ ထပ်ရထားပါတယ်။ သူတို့နှစ်ယောက်က တော်တော်လေး ကံဆိုးရှာပါတယ်။ ဟန်ကျွယ်တပည့် ရန်ထျန်တုန်းကလည်း မိုးကာဝတ်ရုံဂိုဏ်း တိုက်ခိုက်တာကို ခံနေရပါတယ်။ ကြည့်ရတာ သူက အဓိကအင်အားစုနဲ့ ပေါင်းစည်းမိသွားပုံပါပဲ။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ အားပေးလိုက်ပါတယ်။ အခုအချိန်မှာ ယွီဂျင်ဂိုဏ်းကို ကာကွယ်ဖို့က သူ့အတွက် အရေးကြီးတဲ့တာဝန်တစ်ခု ဖြစ်လာပါပြီ။ ဟန်ကျွယ်ဟာ မိုးကာဝတ်ရုံဂိုဏ်းက အလစ်တိုက်ခိုက်မှာကို စိုးရိမ်ခြင်းမရှိဘဲ အဝေးမှာရှိတဲ့ ရန်သူတွေကိုသာ စိုးရိမ်ပူပန်နေပါတယ်။

ဒီအတောအတွင်းမှာ ငရဲကြက်ရဲ့ ကျင့်ကြံခြင်းကလည်း အခြေခံအဆင့်ကျင့်ကြံသူနဲ့ ညီမျှတဲ့အဆင့်ကို ရောက်ရှိလာပါပြီ။ ငရဲကြက်ရဲ့ ကျင့်ကြံခြင်းဟာ တစ်နေ့တစ်ခြား ဒီရေလို တိုးတက်လာပါတယ်။ ငရဲကြက်ဟာ ထောင့်တစ်ထောင့်မှာ ဆင်တစ်ကောင်လို လဲလျောင်းနေပြီး သူ့အမွေးတောင်တွေက တော်တော်လေး ကြည့်ကောင်းလှပါတယ်။ ဒီကောင်က ကြက်ဆိုပေမဲ့ နတ်ကြက်လို ရောင်ဝါမျိုး ရှိနေပါတဘ်။

ဟန်ကျွယ်ဟာ ငရဲကြက်ကို အားရစွာ ကြည့်နေတုန်းမှာပဲ ရွှမ်ချင်းကျွင်းတစ်ယောက် ရုတ်တရက်ကြီး ရောက်ချလာပါတယ်။ သူ့ကို မြင်လိုက်ရတဲ့ ဟန်ကျွယ်မျက်နှာဟာ ပုံမှန်မဟုတ်တော့ပါဘူး။ ရွှမ်ချင်းကျွင်းဟာ အခြေခံအဆင့် ကျင့်ကြံသူဆိုပေမဲ့ သူ့ဝိညာဉ်ထဲမှာ ပုန်းအောင်းနေတဲ့ နတ်ဆိုးသခင်ကြောင့် ဟန်ကျွယ်ဟာ သူ့ကို ရန်မစရဲပါဘူး။

“ကျွန်မတို့ရဲ့ နတ်သတ်အကြီးအကဲက နတ်ဆိုးတစ်သောင်းနယ်မြေမှာ အဆင့်တက်သွားတယ်လို့ ကျွန်မကြားထားတယ်” ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ဘေးမှာထိုင်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်က ဆရာကြီးတစ်ယောက် နတ်ဆိုးတစ်သောင်းနယ်မြေမှာ ကောင်းကင်ကပ်ဘေး ကျော်ဖြတ်တယ်လို့ ‌ကောလဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ ကနဦးဝိညာဉ်အကြီးအကဲတွေတောင် အနားမကပ်ရဲတဲ့အတွက် အဲဒီဆရာကြီးက လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်သတ်အကြီးအကဲ ဖြစ်လိမ့်မယ်လို့ ယွီဂျင်ဂိုဏ်းတပည့်တွေက ခန့်မှန်းကြပါတယ်။

ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ အနည်းငယ် တောင့်တင်းသွားပါတယ်။ ဟန်ကျွယ်ဟာ တည်ငြိမ်ဟန်ဆောင်ပြီး မေးလိုက်ပါတယ် “မင်း ဘာလို့ ငါ့ကို လာရှာတာလဲ?”

‘သူ စတော့မှာလား... သနားစရာကောင်းတဲ့ ငါရဲ့လူပျိုဘဝလေး’ ဟန်ကျွယ်ဟာ အလန့်တကြား ဖြစ်သွားပါတယ်။

“ကျွန်မ သွားတော့မှာမို့လို့ ရှင့်ကို လာနှုတ်ဆက်တာ” ရွှမ်ချင်းကျွင်းက ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘ထွက်သွားတော့မှာလား?’

“ကျွန်မ မထွက်သွားခင် ရှင်ဘာလိုချင်လဲ? ရှင်လိုချင်တာကို ကျွန်မအကောင်းဆုံး ဖြည့်ဆည်းပေးမယ်၊ ကျွန်မတို့တွေ ဘယ်တော့မှ ထပ်တွေ့ရမလဲဆိုတာ ဘယ်သူမှမသိဘူး”

“မင်းက ဒီအတိုင်းထွက်သွားတော့မှာလား? မင်း...”

ရွှမ်ချင်းကျွင်းရဲ့ မျက်လုံးတွေဟာ ပင့်တက်သွားပြီး ဟွန်းခနဲ နှာခေါင်းရှုံ့လိုက်ပါတယ် “ရှင်က အဲဒါလုပ်ရမှာကို စိတ်လှုပ်ရှားနေတာလား၊ အိပ်မက်မက်မနေနဲ့၊ ရှင့်ကို ကျွန်မ မလိုသေးဘူး၊ ကျွန်မက ရှင်နဲ့ နေ့တိုင်းနေလိမ့်မယ်လို့ တွေးမထားနဲ့၊ အချိန်လည်း မကျသေးဘူး”

‘အဲဒါဆို တော်သေးတာပေါ့၊ ငါရဲ့ လူပျိုဘဝလေးကို ဆုံးရှုံးခါနီးပဲ!’ ဟန်ကျွယ်ဟာ သက်ပြင်းတစ်ချက်ချပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။

“စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူအတွက် ကျင့်ကြံခြင်းကို တိုးတက်စေတဲ့ ဆေးလုံးတွေ ရှိလား?”

ရွှမ်ချင်းကျွင်းဟာ ပုလင်းလေးလုံးကို သူ့အင်္ကျီလက်စထဲကနေ ထုတ်ယူလိုက်ပါတယ် “ဒါတွေက စိတ်ဝိညာဉ်ပြောင်းလဲခြင်းကို တိုးတက်စေတဲ့ ဆေးလုံးတွေပဲ၊ ကျွန်မမှာလည်း ‌လေးပုလင်းပဲရှိတယ်၊ ဒီလေးပုလင်းလုံးကို အကုန်ပေးခဲ့မယ်”

ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။

ရွှမ်ချင်းကျွင်းဟာ သူ့မေးစေ့ကို သူလက်ချောင်းလေးတွေနဲ့ မလိုက်ပြီးနောက် ပြုံးလိုက်ပါတယ်။

“ကျွန်မ ရှင့်ကို ဒီလောက်နှစ်အများကြီး မမြင်ရမှာကို တကယ်မခံစားနိုင်ဘူး၊ ဒါပေမဲ့ ရှင့်ကို ခေါ်သွားဖို့ကလည်း အဆင်မပြေဘူး၊ နောင်ကျရင် ရှင် ယွီဂျင်ဂိုဏ်းမှာပဲနေပြီး ကောင်းကောင်းမွန်မွန် ကျင့်ကြံအားထုတ်ချည်၊ အပြင်ဘက်ကို လျှောက်မသွားနဲ့၊ ကျင့်ကြံခြင်လောကက အရမ်းအန္တရာယ်များတယ်၊ ရှင်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ရောက်နေပြီဆိုပေမဲ့ ပြိုင်ဘက်ကင်း မဟုတ်သေးဘူး”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ကို စနောက်ပြီးတာနဲ့ ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ သူ့နဖူးပေါ်က ချွေးစတွေကို သုတ်လိုက်ပါတယ်။ နတ်ဆိုးသခင်ရဲ့ ဖိအားက တော်တော်လေး ကြီးမားပါတယ်။ အခုအခြေအနေကို ကြည့်ရတ နတ်ဆိုးသခင်ဟာ ယွီဂျင်ဂိုဏ်းကို ဖြတ်သွားဖြတ်လာ ဝင်လာတာဖြစ်ပြီး တစ်ခြားဘာအကြံမှရှိပုံ မပေါ်ပါဘူး။ သူက နေရာစုံကိုသွားပြီး ဘဝမျိုးစုံနဲ့ တာအိုကို နားလည်အောင် ကြိုစားအားထုတ်နေပုံပါပဲ။

‘ဟင်း... ငါရဲ့ ပြိုင်ဘက်ကင်းတဲ့ ဆွဲဆောင်မှုကို နတ်ဆိုးသခင်တောင် မခုခံနိုင်ပါ့လား’

‘ရနံ့လေးက မွှေးပျံ့သင်းကြိုင်နေတာပဲ!’

ဟန်ကျွယ်ဟာ သူ့ဘေးနားက စိတ်ဝိညာဉ်ပြောင်းလဲခြင်းကို တိုးတက်စေတဲ့ ဆေးပုလင်းလေးပုလင်းကို ဝမ်းသာအားရ ကြည့်လိုက်ပါတယ်။

ရွှမ်ချင်းကျွင်း ထွက်သွားတဲ့အခါမှာ ငရဲကြက်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “ဂုဏ်ယူပါတယ် သခင်၊ သခင်အနေနဲ့ သူလာစားမှာကို စိုးရိမ်နေစရာ မလိုတော့ဘူး”

ဟန်ကျွယ်ဟာ ငရဲကြက်ကို ဂရုမစိုက်ဘဲ ဆက်ပြီးကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ ဆေးလုံးတွေကို သောက်မမြိုခင်မှာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ ပဥ္စမအဆင့်ကို တက်ကျွမ်းအောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

All Chapters