← Chapters

မိုးကာဝတ်ရုံဂိုဏ်း၏ တိုက်ခိုက်မှု၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့်

Vol. 4 Ch. 50

မိုးကာဝတ်ရုံဂိုဏ်း၏ တိုက်ခိုက်မှု၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့်

Vol. 4 Ch. 50

အခန်း (၅၀) မိုးကာဝတ်ရုံဂိုဏ်း၏ တိုက်ခိုက်မှု၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့်

နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို ဘာပြောရမှန်းမသိတဲ့အတွက် ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။

‘ဒီကောင်လေးက လူတွေကို အမြဲတမ်း အံဩအောင် လုပ်တာပဲ’

“ဟမ်၊ မင်းက ငါ့အရူးဖြစ်တာကို မြင်ချင်နေတာလား? ကြည့်ရတာ မင်းက ငါ့ကို ဆရာသခင်အဖြစ် သဘောမထားဘူးနဲ့ တူတယ်၊ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ၊ ငါက မင်းကို ဘာတစ်ခုမှ မသင်ပေးခဲ့ဘူး” နတ်မိမယ်ရှီရွှမ်က ဟွန်းခနဲ အသံပြုလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပခုံးတွန့်ကာ ပြောလိုက်ပါတယ် “ဆရာသခင်က ရုတ်တရက်ကြီး မေးလိုက်တာကိုး၊ ကျွန်တော် ကြောင်သွားတာပေါ့၊ နောက်ပြီးတော့ ကောင်းကင်ကပ်ဘေး ဖြတ်ကျော်ဖို့ သင့်တော်မဲ့နေရာတစ်ခုကို ကျွန်တော် လာမေးခဲ့သေးတယ်လေ”

နတ်မိမယ်ရှီရွှမ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ ဒီလောက်အချိန်တိုလေးအတွင်းမှာ ဟန်ကျွယ်က စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဆင့်ကို ရောက်သွားလိမ့်မယ်လို့ နတ်မိမယ်ရှီရွှမ်ဟာ ထင်မထားခဲ့ပါဘူး။ နတ်မိမယ်ရှီရွှမ်ဟာ ကနဦးဝိညာဉ်အဆင့်မှာပဲ တန့်နေတာ အတော်ကြာခဲ့ပါပြီ။

အဲဒီနောက်မှာတော့ နတ်မိမယ်ရှီရွှမ်က ဆက်ပြောပါတယ် “မင်းလိုချင်တာရှိရင် ပြောလေ၊ မင်းက ဂိုဏ်းအတွက် အများကြီးလုပ်ပေးခဲ့ပြီးပြီ၊ အားနာစရာမလိုဘူး”

‘လိုအပ်တာလား?’ ဟန်ကျွယ်ဟာ တခဏတွေးတောလိုက်ပါတယ်။

“စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို တိုးတက်စေမဲ့ ဆေးလုံးတွေရှိလား?”

“မရှိဘူး”

“အဲဒါဆိုရင် ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူမှာ စိတ်ဝိညာဉ်ချီ ထူထပ်သိပ်သည်းလာအောင် လုပ်ပေးပါ”

“အင်း... ဘယ်လိုလုပ်ရမလဲဆိုတာ ငါစဉ်းစားလိုက်အုန်းမယ်”

ဟန်ကျွယ်ဟာ ကိုယ်ပိုင်ကျင့်စဉ်တွေနဲ့ တစ်ခြားပညာရပ်တွေကို စနစ်ဆီကနေ ရရှိနေတာ ဖြစ်တဲ့အတွက် ယွီဂျင်ဂိုဏ်းက ပညာရပ်တွေကို မလိုအပ်ပါဘူး။ ဟန်ကျွယ် ယွီဂျင်ဂိုဏ်းမှာ နေနေရတဲ့ အကြောင်းရင်းက သူ့မှာ တစ်ခြားသွားစရာ နေရာမရှိလို့ပါ။ ကျင့်ကြံခြင်းလောကမှာ လေလွင့်တာထက် ဒီယွီဂျင်ဂိုဏ်းမှာ အေးအေးဆေးဆေး ကျင့်ကြံတာက ပိုပြီးတော့ ကောင်းပါတယ်။

သာကြောင်းမာကြောင်း ပြောပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ထိုင်ရာကနေထပြီး တံခါးဝဆီ လျှောက်သွာပါတယ်။ နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်နောက်ကျောကို ကြည့်ကာ မေးလိုက်ပါတယ် “မင်း ယွီဂျင်ဂိုဏ်းမှာ ဘယ်လောက်ကြာကြာ နေမှာလဲ?”

ဟန်ကျွယ်ခြေလှမ်းတွေဟာ ရပ်တန့်သွားပြီး နတ်မိမယ်ရှီရွှမ်ကို ပြန်လှည့်ကြည့်လိုက်ပါတယ် “ဘာလို့ ဒီအကြောင်းကို မေးတာလဲ? ကျွန်တော်သာ ထွက်သွားချင်ရင် အစောကြီးကတည်းက ထွက်သွားပြီးပြီ”

နတ်မိမယ်ရှီရွှမ်ဟာ ခေါင်းခါရင်း ပြောလိုက်ပါတယ် “ငါက မင်းထွက်သွားမှာကို မစိုးရိမ်ပါဘူး၊ မင်းက ကြီးပြင်းလာတာ အရမ်းမြန်လွန်းတယ်၊ အချိန်ကျလာရင် ဒီနေရာကျဉ်းကျဉ်းလေးက အာနန္ဒာငါးလိုကြီးမားတဲ့ မင်းကို ဆွဲထားနိုင်မှာ မဟုတ်တော့ဘူး၊ ကျင့်ကြံခြင်းလောကမှာ ယွီဂျင်ဂိုဏ်းထက် အင်အားကြီးတဲ့ဂိုဏ်းတွေ တစ်ပုံကြီးပါ၊ မင်းလို ခြိုးခြုံစွာကျင့်ကြံတဲ့သူက ပိုကောင်းတာရဖို့အတွက် နေရာကောင်းကို ပြောင်းသင့်တယ်၊ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးကလည်း ဒီအကြောင်းနဲ့ ရန်နိုင်ငံကို ထွက်ခွာသွားခဲ့တာ” ဒီအကြောင်းတွေကို တွေးမိသွားတဲ့ နတ်မိမယ်ရှီရွှမ်ဟာ သက်ပြင်းချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပြုံးပြီး ပြောလိုက်ပါတယ် “တစ်နေကျရင်တော့ ထွက်သွားမှာပါ၊ အဲဒီအချိန်ကျရင် ဆရာသခင်ကို ကျွန်တော် ကြိုပြောပါ့မယ်” ဟန်ကျွယ်ဟာ စကားဆုံးတာနဲ့ ချာခနဲ လှည့်ထွက်သွားပါတယ်။

‘မြင့်မြတ်တဲ့တာအိုကို ရှာဖွေရမယ်ဟုတ်လား? စောက်အပိုတွေ! အထက်လောကမှာ အောက်ခြေဆုံး နေရမဲ့အစား ဒီကမ္ဘာရဲ့ ထိပ်ဆုံးမှာနေတာက ပိုကောင်းတယ်၊ ဘာပဲဖြစ်ဖြစ် ငါမှာရှိတာတွေ အကုန်လုံးကို ထိပ်တန်းတွေချည်းပဲ၊ ဘာလို့ စွန့်စွန့်စားစား လျှောက်သွားပြီး အခွင့်အရေးတွေကို ရှာဖွေရမှာလဲ?’

…

ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်သွားတဲ့ ဟန်ကျွယ်ဟာ တရားထိုင်လိုက်ပါတယ်။

ဒီအချိန်မှာ ငရဲကြက်က ရုတ်တရက် မေးလိုက်ပါတယ် “သခင်... တောင်အောက်က တစ်ခြားကြက်တွေရဲ့ ကျွန်တော်ကြားရတယ်၊ သူတို့အော်သံကို ကျွန်တော်ကြားတဲ့အခါမှာ ကျွန်တော်နှလုံးက တဒုတ်ဒုတ်ခုန်လာပြီး တောင်အောက်ကို ပြေးဆင်းချင်စိတ် ဖြစ်လာပါတယ်၊ ဘာလို့ဒီလိုဖြစ်ရတာလဲ? ဒီဟာက ဆရာသခင်ပြောနေတဲ့ လမ်းမှားလား?”

ဟန်ကျွယ်ဟာ ငရဲကြက်စကားကြောင့် မျက်ခုံးပင့်သွားပါတယ် “ဟုတ်တယ်၊ မင်း ဒီစိတ်ကို ထိန်းရမယ်၊ မင်း ဒီစိတ်အတိုင်း လျှောက်လုပ်မယ်ဆိုရင် ထာဝရကံဆိုးမိုးမှောင်ကျပြီး ဘယ်တော့မှ ဖီးနစ်ဖြစ်လာမှာ မဟုတ်ဘူး၊ ဒီဟာက ကောင်းကင်တာအိုရဲ့ စမ်းသပ်မှုတစ်ခုပဲ”

‘ဒီကောင်က အရွယ်ရောက်လာလို့ ကြက်မအော်သံကို ကြားရင် မနေနိုင်မထိုင်နိုင် ဖြစ်လာတာလား?’

ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့ ငရဲကြက်ဟာ အမွေးအမျှင်တွေ ထောင်သွားပြီး တိုက်ခိုက်ဖို့အသင့်ဖြစ်နေတဲ့ ကြက်ဖလို ဖြစ်သွားပါတယ် “သခင်ရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် လမ်းမှားရောက်တော့မလို့၊ ကျင့်ကြံခြင်းလမ်းက တကယ့်ကို အန္တရာယ်များတာပဲ” ငရဲကြက်ဟာ ညည်းညူလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တိတ်တခိုး ရယ်မောလိုက်ပါတယ် ‘ငါတောင် လူပျိုပဲ ရှိသေးတာ၊ မင်းလည် ပျော်ပါးဖို့ မစဉ်းစားနဲ့! တစ်သက်လုံး ကလေးလိုပဲနေ!’

အဲဒီနောက်မှာတော့ ဟန်ကျွယ်နဲ့ ငရဲကြက်ဟာ စတင်ကျင့်ကြံလိုက်ကြပါတယ်။ ဟန်ကျွယ်ဟာ အားလပ်တဲ့အချိန်ရှိရင် ကျင့်ကြံခြင်းက အရေးကြီးပြီး ကျန်တာက ဘာမှမဟုတ်ဘူးလို့ ငရဲကြက်ကို သင်ပေးပါတယ်။ ကျင့်ကြံသူတွေက ကျန်တဲ့လူတွေထက် အဆင့်အတန်းမြင့်မားတဲ့အတွက် ကျင့်ကြံတဲ့ကြက်ကလည်း ကျန်တဲ့ကြက်တွေထက် အဆင့်အတန်းမြင့်မားတယ်လို့ ငရဲကြက်ခေါင်းထဲ ရောက်အောင် ရိုက်သွင်းပါတယ်။

…

မျက်တောင်တစ်ခတ် အတွင်းမှာပဲ အချိန်နှစ်နှစ် ကုန်လွန်သွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ဒုတိယအဆင့်ကို မရောက်သေးပေမဲ့ အတော်လေးတော့ နီးစပ်သွားပါပြီ။ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းကို မရပ်ဘဲ အမြန်ဆုံးအဆင့်တက်အောင် အားကြိုးမာန်တက် ဆက်အားထုတ်ပါတယ်။

သာယာတဲ့နေ့တစ်နေ့မှာတော့ မိုးကာဝတ်ရုံဂိုဏ်းဟာ ယွီဂျင်ဂိုဏ်းဆီကို ရောက်လာပါတော့တယ်။ ယွီဂျင်ဂိုဏ်းကို လာတိုက်တဲ့ မိုးကာဝတ်ရုံဂိုဏ်းကလူတွေကတော့ ဂိုဏ်းချုပ် ဟွမ်ဇွမ်တျန်နဲ့ အကြီးအကဲတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီအကြီးအကဲက ဝိညာဉ်သခင်ရှန့်ခွေလို့ လူသိများကျော်ကြားပြီး စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဟွမ်ဇွမ်တျန်ဟာ တောင်ထိပ်မှာ ဆင်းသက်လိုက်ပြီး ယွီဂျင်ဂိုဏ်းရဲ့ တောင်ထိပ် ၁၈ ထိပ်ကို သတိကြီးစွာနဲ့ ကြည့်လိုက်ပါတယ်။ ဝိညာဉ်သခင်ရှန့်ခွေကတော့ မိုးကာဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးထုပ်အောက်က မျက်လုံးတွေဟာ ရေခဲပမာအေးစက်ကာ သတ်ဖြတ်ငွေ့တွေ လျှံထွက်နေပါတယ်။

“ဂိုဏ်းချုပ်၊ တိုက်ခိုက်ကြရအောင်!” ဝိညာဉ်သခင်ရှန့်ခွေက စက်ဆုပ်တဲ့အသံနဲ့ ပြောလိုက်ပါတယ်။

‘ဒါက ယွီဂျင်ဂိုဏ်းလား? အားနည်းလိုက်တာ! စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူ တစ်ယောက်တောင် မရှိဘူး! ကနဦးဝိညာဉ်ကျင့်ကြံသူကလည်း ဆယ်ယောက်တောင် မပြည့်ဘူး’

ဟွမ်ဇွမ်တျန်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် “အင်အားနည်းလွန်းနေတယ်၊ ဒါက ထောင်ချောက်တစ်ခုလား? ငါသာဆိုရင် ဒီလိုအခြေအနေမျိုးနဲ့ မိုးကာဝတ်ရုံဂိုဏ်းကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူး”

ဝိညာဉ်သခင်ရှန့်ခွေဟာ ဂိုဏ်းချုပ်ရဲ့စကားကြောင့် ဆွံအသွားပါတယ် “ဘာကြောက်စရာရှိလို့လဲ? သူတို့တွေက အားကုန်ထုတ်တိုက်လို့နေမှာပေါ့၊ ဒီလိုမှ မဟုတ်ရင်လည်း သူတို့ဂိုဏ်းက မကြာခင်မှာ ပျက်စီးတော့မှာပဲဟာကို”

ဟွမ်ဇွမ်တျန်ဟာ တိတ်ဆိတ်သွားပါတယ်။ ဝိညာဉ်သခင်ရှန့်ခွေဟာ ဂိုဏ်းချုပ်ရဲ့ သူရဲဘောကြောင့်မှုကြောင့် ဒေါသထွက်သွားပါတယ်။ ဟွမ်ဇွမ်တျန်ကို မနိုင်လို့သာ မဟုတ်ရင် ဂိုဏ်းချုပ်ရာထူးကို အစောကြီးကတည်းက လုယူပြီးပါပြီ။

“မဟုတ်သေးဘူး၊ ငါ့ခံစားချက် မကောင်းဘူး၊ တစ်ခုခုတော့ မှားနေပြီ” ဟွမ်ဇွမ်တျန်ဟာ မျက်မှောင်ကြုတ်လိုက်ပါတယ်။

ဝိညာဉ်သခင်ရှန့်ခွေက အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်! ဒီလိုအခွင့်အရေးမျိုးက ဘယ်တော့မှ ထပ်ရမှာ မဟုတ်ဘူး၊ မိုးကာဝတ်ရုံဂိုဏ်းသာ ကျုပ်တို့လက်ထဲမှာ ပျက်စီးသွားရင် အရင်ဂိုဏ်းချုပ်ကို ဘယ်လိုမျက်နှာပြကြမလဲ?”

ဝိညာဉ်သခင်ရှန့်ခွေရဲ့ စကားကြောင့် ဟွမ်ဇွမ်တျန်ရဲ့ မျက်မှောင်ဟာ ပိုလို့ပင် မည်းမှောင်သွားပါတယ်။

…

ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း၌။

[မိုးကာဝတ်ရုံဂိုဏ်းသည် ယွီဂျင်ဂိုဏ်းအာ ကျူးကျော် တိုက်ခိုက်တော့မည်။]

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အသန်မာဆုံးလူကို ချက်ချင်း ရှာဖွေလိုက်ပါတယ်။

[ဟွမ်ဇွမ်တျန်: စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့်၊ မိုးကာဝတ်ရုံဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦး ဖြစ်ကာ အလွန်တရာ သတိကြီး၍ သတ်ဖြတ်ခြင်းကို မနှစ်သက်ချေ။]

‘မိုးကာဝတ်ရုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင် ရောက်လာတာလား? အရမ်းသတိကြီးတယ်? လူသတ်တာကို မကြိုက်ဘူး?’ ဟန်ကျွယ်ဟာ သူများ အမြင်မှားသလားလို့ မျက်တောင်ခတ်ကာ သေသေချာချာ ကြည့်လိုက်ပါတယ်။

‘မိုးကာဝတ်ရုံဂိုဏ်းက တကယ်ပဲ လက်ဝဲဂိုဏ်း မဟုတ်ဘူးလား?’

ဟန်ကျွယ်ဟာ ဒီအကြောင်းကို ဆက်မတွေးတော့ဘဲ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဟွမ်ဇွမ်တျန်နဲ့ တိုက်ခိုက်လိုက်ပါတယ်။ အသက်ရှူရှိုက်ချိန် သုံးကြိမ်ကြာပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ရဲ့ မျက်လုံးတွေ ပွင့်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ထိုင်ရာကနေထပြီး လိုဏ်ဂူထဲက ထွက်ခွာဖို့ ပြင်လိုက်ပါတယ်။

ဒီအချိန်မှာ ငရဲကြက်က ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ် “သခင် ထွက်ပြေးတော့မလို့လား?” ငရဲကြက်ဟာ ပြောပြောဆိုဆို ထွက်ပြေးဖို့ ပြင်လိုက်ပါတယ်။

ဟန်ကျွယ်က ဒေါသတကြီး ပြောလိုက်ပါတယ် “ငါသူ့ကို မနိုင်မှ ထွက်ပြေးမှာ၊ မင်းဘယ်မှ လျှောက်မသွားနဲ့၊ ဒီမှာပဲစောင့်နေ!” ဟန်ကျွယ်ဟာ ငရဲကြက်ကို ပြောဆိုပြီးတာနဲ့ လေအလျင်လို ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်သွားပါတယ်။

မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်နဲ့ ဝိညာဉ်သခင်ရှန့်ခွေကို ရှာတွေ့သွားပါတယ်။ ဒီလူနှစ်ဦးဟာ စကားများနေကြပါတယ်။ ဝိညာဉ်သခင်ရှန့်ခွေဟာ ဟွမ်ဇွမ်တျန်ကို ကြိုးကြိုးစားစား ဖျောင်းဖျနေပြီး ဟွမ်ဇွမ်တျန်ကလည်း မတိုက်ခိုက်ဖို့ အခိုင်အမာ ငြင်းဆိုပါတယ်။

ဟန်ကျွယ် ပျံသန်းလာတာကို တွေ့လိုက်ရတဲ့အတွက် ဟွမ်ဇွမ်တျန်နဲ့ ဝိညာဉ်သခင်ရှန့်ခွေဟာ စကားပြောချက်ချင်းရပ်ပြီး သူ့ကို ဂရုတစိုက် ကြည့်လိုက်ကြပါတယ်။ ဟန်ကျွယ်ဟာ သူတို့နဲ့ ပေတစ်ရာအကွာခန့်မှာ ရပ်တန့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘေးဘီပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။

“မင်းတို့နှစ်ယောက်တည်း လာတာလား?”

ဒီစကားကြောင့် ဟွမ်ဇွမ်တျန်ဟာ ရင်တဒိတ်ဒိတ် ခုန်သွားပါတယ် ‘ဒီလေသံက... ကျိန်းသေပေါက် ထောင်ချောက်ပဲ!’

ဝိညာဉ်သခင်ရှန့်ခွေဟာ တစ်ခြားလူက အခြေခံအဆင့် နဝမတန်းပဲ ရှိပေမဲ့ ဒီလိုထွက်လာပြီး ဒီလိုရဲတင်းတဲ့စကားကို ဆိုရဲတဲ့အတွက် နတ်သတ်အကြီးအကဲမှန်း တန်းသိလိုက်ပါတယ်။ ဒါပေမဲ့ နတ်သတ်အကြီးအကဲ သတ်လိုက်တဲ့ တွမ့်ထုံးထျန်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ထဲ ရောက်ရုံသာရှိသေးတာဖြစ်တဲ့အတွက် သူလို့နှစ်ချို့လူနဲ့ လုံးဝနှိုင်းယှဉ်လို့ မရပါဘူး။

ဝိညာဉ်သခင်ရှန့်ခွေက အသံတိုးတိုးနဲ့ မေးလိုက်ပါတယ် “ငါတို့နှစ်ယောက်နဲ့ မလုံလောက်ဘူးလား? တာအိုရောင်းရင်းက ဒီလောက်တောင် ဘဝမြင့်နေမှတော့ လက်ရည်စမ်းကြည့်ကြတာပေါ့!”

ဟန်ကျွယ်ဟာ ဝိညာဉ်သခင်ရှန့်ခွေကို လျစ်လျူရှုပြီး ဟွမ်ဇွမ်တျန်ကို ကြည့်လိုက်ပါတယ် ‘ဒီလူက မိုးကာဝတ်ရုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား? တော်တော်လေး ဟိတ်ဟန်ရှိတာပဲ! ဒါပေမဲ့ သူ့အကြည့်တွေက ကြောက်နေသလိုပဲ’

“ဂိုဏ်းချုပ်... ကျုပ်ကြားတာတော့ မိုးကာဝတ်ရုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်က လူသတ်တာကို မနှစ်သက်ဘူးတဲ့၊ ဘာလို့ ကျုပ်တို့ယွီဂျင်ဂိုဏ်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေရတာလဲ?”

ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်အမေးကို ပြန်ဖြေဖို့ တုံ့ဆိုင်းနေတုန်းမှာပဲ ဝိညာဉ်သခင်ရှန့်ခွေက ဒေါသတကြီး အော်ပြောလိုက်ပါတယ် “အပိုတွေ ပြောမနေနဲ့!” ပြောပြောဆိုဆို ဝိညာဉ်သခင်ရှန့်ခွေဟာ ငွေရောင်ဓားမြောင်တစ်လက်ကို ဟန်ကျွယ်ဆီ ရုတ်တရက် ပစ်လွှတ်လိုက်ပါတယ်။

အေးစက်တဲ့အလင်းတန်းတစ်ခု လက်ခနဲ ထွက်ပေါ်လာပြီး ဒင်ခနဲ မြည်သွားပါတယ်။ ဟန်ကျွယ်ကို ထိမှန်နီးဖြစ်သွားတဲ့ ငွေရောင်ဓားမြောင်ဟာ မမြင်နိုင်တဲ့အရံအတားကို ထိမိပြီး ကန်ထွက်သွားပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဝိညာဉ်သခင်ရှန့်ကွေရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားပါတယ်။ ဝိညာဉ်သခင် ရှန့်ခွေဟာ ချက်ချင်းပဲ နောက်တစ်မျိုးနဲ့ တိုက်ခိုက်ဖို့ ပြင်လိုက်ပါတယ်။

ဒီအချိန်မှာ ဟန်ကျွယ်ဟာ လက်မြှောက်လိုက်ပါတယ်။ အရိပ်ဓားသုံးချောင်ဟာ လေထဲကနေ ထွက်ပေါ်လာပြီး ဝိညာဉ်သခင်ရှန့်ခွေဆီ လျှပ်စီးလိုအလျင်နဲ့ ပျံသန်းသွားပါတယ်။ ဝိညာဉ်သခင်ရှန့်ကွေဟာ ရှောင်တိမ်းဖို့ကြိုးစားလိုက်ပေမဲ့ သူ့ထက်ပိုမြန်တဲ့ အရိပ်ဓားသုံးချောင်းကို လွတ်အောင် မရှောင်နိုင်ခဲ့ပါဘူး။

“ဝုန်း!”

ဝိညာဉ်သခင်ရှန့်ခွေဟာ တစ်ချက်တည်း အသတ်ခံလိုက်ရပြီး သူ့ရုပ်ခန္ဓာကလည်း သွေးအမှုန်အမွှားတွေ ဖြစ်သွားပါတယ်။

မျက်တောင်တစ်ခတ်အတွင်း ဖြစ်သွားတဲ့ အဖြစ်အပျက်ကြောင့် ဟွမ်ဇွမ်တျန်ရဲ့ မျက်လုံးအစုံဟာ ပြူးကျယ်ထွက်သွားပါတယ်။

All Chapters