← Chapters

ကြယ်ကိုးစင်းဖိနပ်၊ ပဋိပက္ခကောင်းကင်ခွေး

Vol. 4 Ch. 52

ကြယ်ကိုးစင်းဖိနပ်၊ ပဋိပက္ခကောင်းကင်ခွေး

Vol. 4 Ch. 52

အခန်း (၅၂) ကြယ်ကိုးစင်းဖိနပ်၊ ပဋိပက္ခကောင်းကင်ခွေး

ယွီဂျင်ဂိုဏ်းကိုသွားတဲ့ ဂိုဏ်းချုပ်ဟွမ်ဇွမ်တျန်နဲ့ ဝိညာဉ်သခင်ရှန့်ခွေဟာ လေးငါးနှစ်ကြာတာတောင် ဘာသတင်းမှမကြားရပါဘူး။ ဒီကြားထဲ ယွီဂျင်ဂိုဏ်းနဲ့ ဟင်္သာဓားဂိုဏ်းရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် မိုးကာဝတ်ရုံဂိုဏ်းဟာ ကျီးလန့်စာစား ဖြစ်လာပါတယ်။

အထူးသဖြင့် အကြီးအကဲတွေက ပိုဆိုးပါတယ်။ သူတို့တွေဟာ ဂိုဏ်းချုပ်နဲ့ ဝိညာဉ်သခင်ရှန်ခွေရဲ့ အစွမ်းအစကို သိတဲ့အတွက် ဒီလောက်ထိ မကြာသင့်မှန်း သိကြပါတယ်။ အကြီးအကဲတွေဟာ ဟွမ်ဇွမ်တျန်ရဲ့ စိုးရိမ်မှုကို ပြန်တွေးမိပြီး ထိတ်လန့်လာကြပါတယ်။

အဲဒါကြောင့် အကြီးအကဲတွေဟာ ယွီဂျင်ဂိုဏ်းနဲ့ ဟင်္သာဓားဂိုဏ်းကို ခုခံဖို့အတွက် အပြင်စည်းတပည့်တွေ အကုန်လုံးကို အမြန်ပြန်ခေါ်ပါတယ်။ အရင်တုန်းက သူတို့တွေဟာ ဒီဂိုဏ်းနှစ်ဂိုဏ်းကို ခုခံရမှာ သိပ်ပြီးအလေးမထားပါဘူး။ ဂိုဏ်းမှာကျန်နေတဲ့သူတွေနဲ့ပဲ ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုအချိန်မှတော့ သူတို့တွေဟာ စကြောက်လာပါပြီ။ သူတို့တွေဟာ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ရန်သူက ရုတ်တရက်ကြီး ပေါ်လာမှာကို ကြောက်နေကြပါတယ်။

အချိန်အတန်ကြာ တိုက်ခဲ့ပြီးတဲ့နောက်မှာတော့ ယွီဂျင်ဂိုဏ်းနဲ့ ဟင်္သာဓားဂိုဏ်းဟာ မိုးကာဝတ်ရုံဂိုဏ်းဆီကနေ ငြိမ်ချမ်းရေးစာချွန်လွှာကို လက်ခံရရှိခဲ့ပါတယ်။ မိုးကာဝတ်ရုံဂိုဏ်းဟာ ဂိုဏ်းနှစ်ဂိုဏ်းက ဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးခဲ့ပါတယ်။ ဒီထဲမှာ ဟွမ်ဂျိဟောင်လည်း ပါပါတယ်။ ဒါကြောင့် ယွီဂျင်ဂိုဏ်းနဲ့ ဟင်္သာဓားဂိုဏ်းဟာလည်း ဆုတ်ခွာပြီး အိမ်ပြန်သွားကြပါတယ်။ နှစ်တွေအကြာကြီး တိုက်ခိုက်ခဲ့ရတဲ့အတွက် ဒီဂိုဏ်းသုံးဂိုဏ်းလုံးဟာ တော်တော်လေးကို အင်အားကုန်ခမ်းပြီး ပင်ပန်းနေကြပါပြီ။

…

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို အနိုင်ယူခဲ့တာ ငါးနှစ်တောင်ရှိသွားပါပြီ။

ဒီငါးနှစ်အတွင်းမှာ ဟန်ကျွယ်ဟာ ဆေးလုံးတွေကို အသုံးပြုပြီး စိဝိညာဉ်ပြောင်းလဲခြင်း တတိယအဆင့်ကို တက်လှမ်းသွားပါတယ်။ ဆေးလုံးတွေကလည်း ဟန်ကျွယ်သုံးလို့ ကုန်သွားပါတယ်။ စိတ်ဝိညာဉ်ပြောင်းလဲခြင်းဆေးလုံး မရှိတဲ့ခါမှာတော့ ကျင့်ကြံခြင်းလိုဏ်ဂူထဲက စိတ်ဝိညာဉ်ချီဟာ အရမ်းပါးလွှာနေတာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ ဒီစိတ်ဝိညာဉ်ချီနဲ့သာဆိုရင် ဟင်းလင်ပြင်‌ပေါင်းစပ်ခြင်းအဆင့်ကို ရောက်ဖို့ နှစ်အကြာကြီး အချိန်ယူရမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။

ကျင့်ကြံခြင်း ကျင့်စဉ်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ပတ်ဝန်းကျင်မှာရှိတဲ့ စိတ်ဝိညာဉ်ချီက ပါးလွှာနေရင် အလကားပါပဲ။ ဟန်ကျွယ် ပြဿနာတက်နေတုန်းမှာပဲ ရန်ထျန်တုန်းဟာ ရုတ်တရက် ပြန်ရောက်လာပါတယ်။

ရန်ထျန်တုန်းဟာ လိုဏ်ဂူထဲကို ပြန်ရောက်တယ်ဆိုရင်ပဲ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ချပြီး ငိုကြွေးပါတယ် “ဆရာသခင်! ဒီလောက်နှစ်တွေကြာမှပဲ ဆရာသခင်ကို ပြန်တွေ့ရတော့တယ်၊ ဒီနှစ်တွေမှာ ကျွန်တော်ဘယ်လောက်ထိ ခံစားခံရလဲဆိုတာ ဆရာသိလား? ဒီနှစ်တွေမှာ ကျွန်တော့်ကို ဆရာသခင် လာကယ်မှာပဲဆိုပြီး စိတ်အားတင်းခဲ့ရတာ၊ ဂိုဏ်းချုပ်က ကျွန်တော်ကို ပြောတယ်၊ ဆရာသခင်သာ ယွီဂျင်ဂိုဏ်းကို မစောင့်ကြပ်ရင် သူတို့တွေ ဂိုဏ်းကနေထွက်ပြီး ကျွန်တော်တို့ကို မကယ်ရဲဘူးတဲ့”

ရန်ထျန်တုန်းဟာ ပြောပြောဆိုဆို ကမ္ဘာပျက်လုနီးပါး ငိုကြွေးပါတယ်။ ငရဲကြက်နက်ဟာ ခေါင်းထောင်ပြီး အသည်းအသန် ငိုကြွေးနေတဲ့ လူထူးဆန်းကို စိုက်ကြည့်နေပါတယ်။

ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ရှက်သွားပါတယ်။ ရန်ထျန်တုန်းကို သူမကယ်တာက တစ်ခုခုဖြစ်မှာကို ကြောက်လို့ပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီအကြောင်းကို ထုတ်မပြောပါဘူး “တပည့်လေး၊ ဒီတစ်ခါ မင်းလုပ်ဆောင်တာ ကောင်းတယ်၊ ငါမင်းကို ပညာသင်ပေးမယ်”

[ရန်ထျန်တုန်းသည် သင့်အပါ် အကောင်းမြင်မှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

ရန်ထျန်တုန်းဟာ ဟန်ကျွယ်စကားကြောင့် အလွန်တရာခံစားသွားရပြီး မျက်ရည်များထွက်ကျလာကာ လေးငါးကြိမ် ရှိခိုးပါတယ်။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို ငရဲကြက်နက်နဲ့ မိတ်ဆက်ပေးပါတယ်။ ရန်ထျန်တုန်းဟာ ငရဲကြက်နက်ကို တွေ့ပေမဲ့ မေးဖို့အချိန်မရှိလို့ မမေးရသေးတာပါ။

“မင်းက သခင်ရဲ့တပည့်လား၊ အခုအချိန်ကစပြီး မင်းငါ့ကို အစ်ကိုကြက်လို ခေါ်နိုင်တယ်”

‘အစ်ကိုကြက်?’ ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။ ရန်ထျန်တုန်းဟာလည်း မှင်သက်သွားပါတယ်။

ငရဲကြက်နက်ဟာ ဟွန်းခနဲအသံပြုပြီး ဆက်ပြောပါတယ် “ငါက ဖီးနစ်၊ မကြာခင်မှာ သခင်နဲ့ ကောင်းကင်ကိုးထပ်ကို ပျံသန်းတော့မှာ!” အကြောင်းရင်းတစ်ချို့ကြောင့် ငရဲကြက်ဟာ ရန်ထျန်တုန်းကို မြင်မြင်ချင်း သိပ်မကြိုက်ပါဘူး။ ငရဲကြက်ဟာ ရန်ထျန်တုန်းရဲ့ ရောင်ဝါကို မနှစ်မြို့ခြင်းဖြစ်ပါတယ်။

ရန်ထျန်တုန်းဟာ ဒီလောက်ကြီးမားတဲ့ ကြက်ကို ပထမဆုံးမြင်ဖူးတာပါ။ ရန်ထျန်တုန်းဟာ မှားယွင်းတာတစ်ခုခု ပြောမိရင် ဟန်ကျွယ်ကို အပြစ်ပြုမိမှာစိုးတဲ့အတွက် ငရဲကြက်နက်ကို ဘာမှပြန်မပြောပါဘူး။

“ကောင်းပြီ၊ ဘေးနားမှာ သွားအားထုတ်တော့၊ တစ်ရက်နှစ်ရက်ကြာရင် မင်းကိုငါ ပညာသင်ပေးမယ်”

ရန်ထျန်တုန်းဟာ ဟန်ကျွယ်စကားကို ကြားတဲ့အခါမှာ ကျေနပ်သွားတဲ့အတွက် ခေါင်းညိတ်လိုက်ပြီး ဘေးနားတစ်နာရာကို လျှောက်သွားကာ တရားထိုင်လိုက်ပါတယ်။

‘ငါ့တပည့်တောင် ပြန်ရောက်လာပြီဆိုတော့ လီချင်းဇဲ့တို့လည်း ပြန်ရောက်လာလောက်ပြီ’ ဟန်ကျွယ်ဟာ ဆက်ပြီး ကျင့်ကြံအားထုတ်ပါတယ်။

နောက်နေ့မနက်မှာတော့ လီချင်းဇဲ့ဟာ ဟန်ကျွယ်ဆီ လာလည်ပါတယ်။

“ဟားဟားဟား... အကြီးအကဲဟန်၊ မိုးကာဝတ်ရုံဂိုဏ်းထဲ ကျုပ်ထည့်ထားတဲ့ သူလျှိုက သူတို့ဂိုဏ်းချုပ် ပျောက်ဆုံးနေတယ်လို့ ကျုပ်ကိုပြောတယ်၊ ယွီဂျင်ဂိုဏ်းကို သူ‌ ရောက်လာတာလား? အကြီးအကဲဟန် သူ့ကို သတ်လိုက်ပြီလား?” လီချင်းဇဲ့ဟာ စိတ်လှုပ်တရှား မေးလိုက်ပါတယ်။

ရန်ထျန်တုန်းဟာလည်း ဟန်ကျွယ်ကို မျှော်လင့်ခြင်းကြီးစွာနဲ့ ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အတန်ကြာတုံ့ဆိုင်းနေပြီးမှာ ခေါင်းညိတ်ပြလိုက်ပါတယ်။ ဟန်ကျွယ် ဒီလိုလုပ်လိုက်တာဟာ လီချင်းဇဲ့က သူ့ကျင့်ကြံတာကို လာလာနှောင့်ယှက်မှာစိုးလို့ပဲ ဖြစ်ပါတယ်။

“ထင်တဲ့အတိုင်းပဲ... အကြီးအကဲဟန်က ကျုပ်တို့ယွီဂျင်ဂိုဏ်းရဲ့ အကြီးမားဆုံး အကျိုးဆောင်သူပဲ၊ မိုးကာဝတ်ရုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သေသွားပြီဆိုတော့ သူတို့တွေ အချိန်တိုအတွင်းမှာ ထပ်ပြီးတော့ ပြဿနာရှာရဲမှာ မဟုတ်တော့ဘူး!”

လီချင်းဇဲ့ဟာ အလွန်ပျော်ရွှင်ပြီး စကားအဆက်မပြတ် ပြောပါတယ်။ အချိန်အများစုမှာ ဟန်ကျွယ်ဟာ ယဉ်ကျေးစွာနဲ့ ခေါင်းညိတ်ပြီး ပြန်တုံ့ပြန်ပါတယ်။

လီချင်းဇဲ့စကားပြောလို့ ပြီးသွားတဲ့အခါမှာ ဟန်ကျွယ်က ပြုံးပြီး ပြောလိုက်ပါတယ် “ယွီဂျင်ဂိုဏ်းအတွက် အေးအေးဆေးဆေး ကျင့်ကြံရမဲ့အချိန်ကို ရောက်ပြီ၊ ဂိုဏ်းချုပ် နေရာစုံ လျှောက်မသွားဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ပါ” ဟန်ကျွယ်ဟာ လီချင်းဇဲ့ရှုံးနိမ့်တာကို အချိန်တိုင်း မြင်နေရတဲ့အတွက် ဒီစကားကို ပြောလိုက်ခြင်း ဖြစ်ပါတယ်။

လီချင်းဇဲ့က ပြုံးပြီး ပြောလိုက်ပါတယ် “ပြောဖို့တစ်ခုကျန်သေးတယ်၊ အများဆုံး နှစ်ဝက်အတွင်း ဂိုဏ်းတည်ထောင်သူ ဘိုးဘေး ပြန်လာလိမ့်မယ်၊ နောက်ငါးနှစ်ဆိုရင် ယွီဂျင်ဂိုဏ်းရဲ့ နှစ်တစ်ထောင်ပြည့်ပွဲတော်ကို ကျင်းပမှာ၊ ဒီပွဲက ဂိုဏ်းအတွက် အရေးကြီးတဲ့ ပျော်ရွှင်ပွဲတစ်ခုပဲ၊ ဒီပွဲကို ကျင်းပဖို့ နည်းနည်း နောက်ကျသွားတယ်ဆိုပေမဲ့ သိပ်ပြီးတော့ ကိစ္စမရှိပါဘူး၊ အဲဒီအချိန်ကျရင် ဂိုဏ်းတွေအကုန်လုံးကို ဖိတ်ခေါ်ပြီး သူတို့နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ရလိမ့်မယ်၊ အဲဒီပွဲမှာ အကြီးအကဲဟန် ပါဝင်ဆင်နွှဲချင်လား? ယွီဂျင်ဂိုဏ်းရဲ့ အစွမ်းထက်ဆုံး နတ်သတ်အကြီးအကဲ အကြောင်းကို သူတို့သိအောင်ပြောပြလိုက်ရင် အကြီးအကဲဟန်ရဲ့နာမည်က ကျင့်ကြံခြင်းလောကကို တုန်ခါသွားစေလိမ့်မယ်”

ဟန်ကျွယ်က ချက်ချင်းပဲ ပြန်ပြောလိုက်ပါတယ် “မပါဘူး! မပါဘူး! မိုးကာဝတ်ရုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သတ်လိုက်တယ်လို့ လျှောက်ပြောလို့ မဖြစ်ဘူး၊ မသိချင်ယောင်ဆောင်နေတာ အကောင်းဆုံးပဲ၊ ကျုပ်လည်း ကျုပ်မျက်နှာကို မပြချင်ဘူး၊ ကျုပ်က အေးအေးဆေးဆေးပဲ ကျင့်ကြံအားထုတ်ချင်တာ၊ ဂိုဏ်းချုပ်က ကျုပ်ကျော်ကြားအောင် လုပ်နေတာဆိုရင် ကျုပ်ကို ဒုက္ခပေးနဲတာနဲ့အတူတူပဲ၊ ကျုပ်က ယွီဂျင်ဂိုဏ်းအတွက် ရန်သူတွေ အများကြီးကို သတ်ပစ်ခဲ့တာ၊ ဒီသတင်းသာ အပြင်လောကကို ပျံ့နှံ့သွားရင် ရန်သူတွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာလိမ့်မယ်၊ အဲဒီအချိန်ကျရင် ကျုပ် ထွက်ပြေးရလိမ့်မယ်”

လီချင်းဇဲ့ဟာ ဟန်ကျွယ်ရဲ့ ကျိုးကြောင်းဆီလျော်တဲ့ စကားကြောင့် ချက်ချင်း သဘောတူလိုက်ပါတယ်။

ဟန်ကျွယ်ဟာ လီချင်းဇဲ့ မပြန်ခင်မှာ သူ့ကျင့်ကြံခြင်းလိုဏ်ဂူရဲ့ စိတ်ဝိညာဉ်ချီကို သိပ်သည်းအောင် လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ လီချင်းဇဲ့ဟာ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။

လိုဏ်ဂူထဲက ထွက်လာတဲ့ လီချင်းဇဲ့ဟာ အကြံအိုက်သွားပါတယ် “ဒီထက် သိပ်သည်းအောင် ဘယ်လိုလုပ်ရမလဲ? ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဉ်ချီက ဂိုဏ်းတစ်ခုလုံးမှာ အသိပ်သည်းဆုံးပဲ... ဘိုးဘေးပြန်လာမှာပဲ သူ့ဆီ အပူကပ်ရတော့မယ်...”

လီချင်းဇဲ့ဟာ အကောင်းဆုံး သဘာဝရတနာတွေကို ဟန်ကျွယ်လိုဏ်ဂူမှာ စိုက်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်က မကျေနပ်နိုင်သေးပါဘူး။

‘ဒီလူရဲ့ ကျင့်ကြံခြင်းအလျင်က စောက်ရမ်းမြန်တယ်’

လီချင်းဇဲ့ထွက်သွားတာနဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတွေ ပေါ်လာပါတယ်။

[သင်သည် ယွီဂျင်ဂိုဏ်းအား ကာကွယ်နိုင်ခဲ့ပြီး မိုးကာဝတ်ရုံဂိုဏ်းအား အနိုင်ယူခဲ့သည်။ ထို့ကြောင့် သင်သည် စိတ်ဝိညာဉ်ရတနာ၊ ဓားသိုင်းကျမ်းနှင့် ကံတရားအထောက်အပံ့ကောင်းသည့် နတ်သားရဲဥကို ရရှိမည်။]

[စိတ်ဝိညာဉ်ရတနာ ပဥ္စမအဆင့် ကြယ်ကိုးစင်းဖိနပ်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[နှလုံးသားမဲ့ဓားကျမ်းကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[ပဋိပက္ခကောင်းကင်ခွေးကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[ကြယ်ကိုးစင်းဖိနပ်: စိတ်ဝိညာဉ်ရတနာ ပဥ္စမအဆင့်ဖြစ်ပြီး စီးနင်းနိုင်သလို စိတ်ဝိညာဉ်ချီအားလည်း စုပ်ယူနိုင်သည်။ အလွန်လျင်မြန်သော အလျင်ရှိပြီး ရွေ့လျားဆန်းကြယ်စွမ်းအားနှင့် ကိုယ်ဖော့သိုင်းများကို ပိုမိုအစွမ်းထက်စေသည်။]

[နှလုံးသားမဲ့ဓားသိုင်း: ခံစားချက်နည်းပါးစေသော ဓားသိုင်းဖြစ်သည်။ ဤဓားသိုင်းကို လေ့ကျင့်လျှင် လေ့ကျင့်သူ၏ ခံစားချက်များနှင့် ရာဂသည် လျော့ပါးသွားမည်ဖြစ်သည်။ ဤဓားသိုင်း၏ စူးရှထက်မြက်မှုသည် အလွန်တရာမြင့်မား၏။]

[ပဋိပက္ခကောင်းကင်ခွေး: ကံတရားအထောက်အပံ့ကောင်းသည့် ရှေးဟောင်းသားရဲတစ်ကောင်ဖြစ်ပြီး ဒဏ္ဍာရီအရ လကိုပင်မြိုချနိုင်သည်ဟု အဆိုရှိသည်။ လက်ရှိတွင် ဥအဖြစ်သာ ရှိသေးသည်။]

ဟန်ကျွယ်ဟာ မပြုံးဘဲ မနေနိုင်ပါဘူး။ူ

‘နောက်ဆုံးတော့ ဆုတွေရပြီပဲ၊ ဒီကြယ်ကိုးစင်ဖိနပ်ကာ ထွက်ပြေးဖို့ အရမ်းသင့်တော်တယ်! အရမ်းကောင်းတယ်!’

…

မျက်တောင်တစ်ခတ်အတွင်းမှာပဲ အချိန်သုံးနှစ် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း တတိယအဆင့်မှာပဲ ရှိပါသေးတယ်။ ဒီအတောအတွင်း အားလပ်တဲ့အချိန်တစ်ခုမှာ ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို နှလုံးသားမဲ့ဓားသိုင်း သင်ပေးလိုက်ပါတယ်။

ရန်ထျန်တုန်းဟာ ဒီဓားသိုင်းကို အရမ်းပဲနှစ်သက်ပါတယ်။ ရန်ထျန်တုန်းဟာ သူ့ရဲ့ ထူးချွန်တဲ့ပါရမီကြောင့် နှလုံးသားမဲ့ဓားသိုင်းကို သုံးနှစ်အတွက် ထူးချွန်စွာတက်မြောက်သွားပြီး ယွီဂျင်ဂိုဏ်းမှာ နာမည်တစ်ခု ရလာပါတယ်။ ဒီအပြင် လွန်ခဲ့တဲ့နှစ်ဝက်ကပဲ လက်ရွေးစင်တပည့် ဖြစ်သွားခဲ့ပါတယ်။ ဒီနှစ်တွေမှာ မရပ်မနား ကြိုးစားအားထုတ်မှုကြောင့် ရန်ထျန်တုန်းဟာ ရွှေဓာတ်လုံးအဆင့်ကို ရောက်ခါနီးနေပါပြီ။

ပဋိပက္ခကောင်းကင်ခွေးကလည်း အကောင်ပေါက်လာပါပြီ။ ငရဲကြက်နက်က ကောင်းကင်ခွေးကို ဥကောင်နေ အကောင်ပေါက်လာအောင် လုပ်ခဲ့တာဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို ဥကိုအကောင်ပေါက်အောင် ဘယ်လိုလုပ်ရမလဲ သင်ပေးလိုက်ပါတယ်။ ငရဲကြက်နက်ဟာ အပြင်လောကအကြောင်း မသိသူမို့ ငြင်းဆန်ခြင်းမရှိဘဲ ပဋိပက္ခကောင်းကင်ခွေးကို ဥကနေ အကောင်ပေါက်လာအောင် လုပ်ပြီး ဂရုစိုက်ပေးပါတယ်။

ပဋိပက္ခကောင်းကင်ခွေးဟာ နွားပေါက်စအရွယ်ရှိပြီး ငွေရောင်အမွေးအမျှင်တွေ ရှိတာကြောင့် ဝတုတ်တဲ့ဝံပုလွေတစ်ကောင်လိုပါပဲ။ ဒီခွေးက တော်တော်ကို ဝပါတယ်။ ဘာပဲဖြစ်ဖြစ် ဝတုတ်တဲ့ အိမ်မွေးတိရစ္ဆာန်တွေက ချစ်စရာကောင်းတာမို့ ဟန်ကျွယ်က ဘာမှမပြောပါဘူး။ ကောင်းကင်ခွေးရဲ့ ကျင့်ကြံခြင်းအဆင့်ဟာ သူ့ထက်နိမ့်ကျတဲ့အတွက် ဟန်ကျွယ်ဟာ သူ့ခွေးကို တိုက်ခိုက်ခိုင်းဖို့ စိတ်ကူးမရှိပါဘူး။

ဒီနေရာမှာ ပြောစရာရှိတာက ပဋိပက္ခကောင်းကင်ခွေးဟာ သူ့သဘာဝအရ မာနကြီးပါတယ်။ နှစ်နှစ်အရွယ်သာရှိသေးတဲ့ ကောင်းကင်ခွေးဟာ ငရဲကြက်နက်ကို စိန်ခေါ်ပါတယ်။ ဒါကြောင့် ငရဲကြက်နက်ဟာ ဒေါသထွက်ပြီး ပြန်တိုက်ခိုက်တဲ့အတွက် ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူဟာ မကြာခဏဆိုသလို ဖရိုဖရဲ ဖြစ်ပါတော့တယ်။

All Chapters