← Chapters

တာအိုသခင်ကျိုးတီ၊ ရူလိုင်မန္တန်

Vol. 4 Ch. 53

တာအိုသခင်ကျိုးတီ၊ ရူလိုင်မန္တန်

Vol. 4 Ch. 53

အခန်း (၅၃) တာအိုသခင်ကျိုးတီ၊ ရူလိုင်မန္တန်

သာယာတဲ့နေ့တစ်နေ့မှာတော့ တာဝန်ထမ်းဆောင်ရာက ပြန်လာတဲ့ ရန်ထျန်တုန်းဟာ ဟန်ကျွယ်ဆီ စိတ်လှုပ်ရှားခြင်းကြီးစွာနဲ့ ရောက်ရှိလာပါတယ် “ဘိုးဘေး... ဂိုဏ်းတည်ထောင်သူ ဘိုးဘေး ပြန်လာပြီ” ရန်ထျန်တုန်းဟာ ဟန်ကျွယ်ကို တွေ့တွေ့ချင်းပဲ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးတောင် ဖွင့်မကြည့်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းရဲ့ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။

[တာအိုသခင်ကျိုးတီ: ဟင်းလင်ပြင်ပေါင်းစပ်ခြင်း အဋ္ဌမအဆင့်၊ ယွီဂျင်ဂိုဏ်းတည်ထောင်သူ ဘိုးဘေး]

‘ဟင်းလင်ပြင်ပေါင်းစပ်ခြင်း အဋ္ဌအဆင့်! ကောင်းတယ်!’ ဟန်ကျွယ်ဟာ လုံခြုံမှုရှိတယ်လို့ ချက်ချင်း ခံစားလိုက်ရပါတယ်။ ဒီလိုအစွမ်းရှိတဲ့ ပုဂ္ဂိုလ်က ဂိုဏ်းကိုစောင့်ကြပ်နေမယ်ဆိုရင် နောက်ထပ် ကပ်ဘေးတွေ ကြုံတွေ့ရမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။

ဟန်ကျွယ်ဟာ သူ့တပည်ကို ပျော့ပျောင်းတဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ကောင်းကောင်းမွန်မွန် ကျင့်ကြံချည်” ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ အသွင်တူလက်ရည်စမ်းပွဲကို အသက်သွင်းပြီး တာအိုသခင်ကျိုးတီနဲ့ တိုက်ခိုက်ပါတယ်။

ရန်ထျန်တုန်းဟာ သူ့နှာခေါင်းကို ကသိကအောင် ပွတ်လိုက်ပါတယ်။ ရန်ထျန်တုန်းဟာ သူ့ဆရာသခင်ကို စကားအများကြီးပြောချင်ပေမဲ့လည်း သူ့ဆရာက နားထောင်ချင်ပုံ မပေါ်တဲ့အတွက် ဘေးနားကို လျှောက်သွားပြီး စတင်ကျင့်ကြံလိုက်ပါတယ်။

ပဋိပက္ခကောင်းကင်ခွေးဟာ ရန်ထျန်တုန်းကို စိုက်ကြည့်ပြီး ငရဲကြက်နက်ကို တီးတိုးပြောလိုက်ပါတယ် “အစ်ကိုကြက် သူ့ရောင်ဝါက တော်တော်လေး ဒေါသထွက်ချင်စရာကောင်းတယ်” ငရဲကြက်နက်ကလည်း သူ့မျက်လုံးအိမ်ကို ကျဉ်းလိုက်ပါတယ် “ဟုတ်တယ်၊ ငါလည်း အဲဒီလို ခံစားရတယ်”

ငရဲကြက်နဲ့ ပဋိပက္ခကောင်းကင်ခွေးရဲ့ စကားသံဟာ တိုးတိုးလေးဆိုပေမဲ့ ရန်ထျန်တုန်းဟာ သူတို့စကားတွေကို ရှင်းရှင်းလင်လင်း ကြားလိုက်ရတဲ့အတွက် ဆွံအသွားပါတယ် ‘ငါရဲ့မွန်းစတား သွေးတစ်ဝက်က သူတို့ကို ဒီလောက်တောင် ဒေါသထွက်စေတာလား?’ ရန်ထျန်တုန်းဟာ သူမတရားပြောခံရတယ်လို့ ခံစားလိုက်ရပေမဲ့ ဘာမှ မပြောရဲပါဘူး။

တစ်ခဏအကြာမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ် ‘ဒါက ဟင်းလင်ပြင်းပေါင်းစပ်ခြင်း ကျင်ကြံသူလား? မဆိုးဘူး!’ ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတီကို ရှုံးနိမ့်သွားပါတယ်။ ဟန်ကျွယ်ဟာ လေနတ်သိုင်းနဲ့ တိမ်ကျွမ်းထိုးကို အသုံးပြုတာတောင် မိနစ်အနည်းငယ်ပဲ အသက်ရှင်ခွင့် ရလိုက်ပါတယ်။

စိတ်ဝိညာဉ်ပြောင်းလဲခြင်း တတိယအဆင့်အနေနဲ့ ဟင်းလင်ပြင်ပေါင်းစပ်ခြင်း အဋ္ဌမအဆင့်ကို တိုက်ခိုက်နိုင်ဖို့ဆိုတာ အလွန်တရာ ခက်ခဲ့ပါတယ်။

ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ်။ အခုအချိန် ဟန်ကျွယ်မှာ ပန်းတိုင်တစ်ခု ရှိသွားပါပြီ။ အဲဒီပန်းတိုင်ကတော့ တာအိုသခင်ကျိုးတီကို အမြန်ဆုံး အနိုင်ယူဖို့ပဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာတော့ ယွီဂျင်ဂိုဏ်းဟာ တော်တော်လေး စည်ကားနေပါတယ်။ ဒီလိုစည်ကားနေရတာက အချက်နှစ်ချက်ကြောင့်ပါ။ ပထမအချက်က ယွီဂျင်ဂိုဏ်းရဲ့ နှစ်တစ်ထောင်ပွဲတော်ကို ကျင်းပတော့မှာမို့လို့ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ယွီဂျင်ဂိုဏ်း တည်ထောင်သူ ဘိုးဘေး ပြန်ရောက်လာလို့ပါပဲ။

တောင်ထိပ် ၁၈ ထိပ်မှာရှိတဲ့ အကြီးအကဲတွေရဲ့ ပြောဆိုမှုကြောင့် တာအိုသခင်ကျိုးတီနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီအမျိုးမျိုးဟာ ယွီဂျင်ဂိုဏ်းတစ်ခုလုံးကို တစ်ခဏချင်း ပျံ့နှံ့သွားပါတယ်။ နှစ်ပေါင်းတစ်ထောင်ကျော် အသက်ရှင်နေနိုင်တဲ့ ကျင့်ကြံသူဟာ ရန်နိုင်ငံ ကျင့်ကြံခြင်းလောကမှာ အလွန့်အလွန်ကို ရှားပါးပါတယ်။

ဟန်ကျွယ်ဟာ အပြင်မှာ ဘယ်လိုတွေပဲ ဖြစ်နေပါစေ၊ ဂူအောင်းကျင့်ကြံတုန်းဖြစ်ပြီး လိုဏ်ဂူအပြင်ဘက်ကို ခြေလှမ်းဝက်တောင် မထွက်ပါဘူး။ ဒီလိုနဲ့ လေးငါးခြောက်ရက် ကြာတဲ့အခါမှာတော့ လီချင်းဇဲ့တစ်ယောက် အလည်ရောက်လာပါတော့တယ်။ လီချင်းဇဲ့နဲ့အတူ တာအိုသခင်ကျိုးတီလည်း လိုက်ပါလာပါတယ်။ တာအိုသခင်ကျိုးတီဟာ ဆံပင်သာမက မုတ်ဆွေးမွေးပါ ဖြူဆွတ်နေပြီး မသေမျိုးလို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုသခင်ကျိုးတီကို ဦးညွှတ်လိုက်ပါတယ်။ ရန်ထျန်တုန်းလို သူ့ဆရာသခင်လို လိုက်လုပ်ပါတယ်။ ငရဲကြက်နက်နဲ့ ပဋိပက္ခကောင်းကင်ခွေးကတော့ မြေကြီးပေါ်မှာ ခြေပစ်လက်ပစ် လဲလျောင်းနေပြီး တာအိုသခင်ကျိုးတီကို အကဲခတ်နေပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲဝင်လာတဲ့ တာအိုသခင်ကျိုးတီဟာ ငရဲကြက်နက်နဲ့ ပဋိပက္ခကောင်းကင်ခွေးကို အရင်ဆုံးကြည့်လိုက်ပြီး တအံတဩ ဖြစ်သွားပါတယ် “ဒီသားရဲနှစ်ကောင်းက မရိုးရှင်းဘူးပဲ၊ မိတ်ဆွေလေး သူတို့ကို ဘယ်ကရလာတာလဲ?”

ယွီဂျင်ဂိုဏ်းက တစ်ခြားသူတွေဟာ သားရဲနှစ်ကောင်းရဲ့ ဇစ်မြစ်ကို မမြင်နိုင်ပေမဲ့ တာအိုသခင်ကျိုးတီကတော့ မြင်တာနဲ့ သာမန်မဟုတ်မှန်း တန်းသိလိုက်ပါတယ်။ တာအိုသခင်ကျိုးတီဟာ လောကအနှံ့ခြေဆန့်ခဲ့တဲ့အတွက် ဗဟုသုတအရမ်းကြွယ်ပါတယ်။

လီချင်းဇဲ့ဟာ လှည့်ကြည့်လိုက်တဲ့အခါမှာ ငရဲကြက်နက်ဘေးမှာ လဲလျောင်းနေတဲ့ ခွေးတစ်ကောင်ကို တွေ့လိုက်ရပါတယ် ‘ဘယ်တုန်းက ခွေးကို ထပ်မွေးလိုက်တာလဲ?’

ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတီရဲ့အမေးကို ပြုံးပြီး ပြန်ဖြေလိုက်ပါတယ် “ကျွန်တော်က တကူးတက လိုက်ရှာထားတာ မဟုတ်ပါဘူး၊ ဒီလိုပဲ တိုက်ဆိုင်ပြီး ရထားတာပါ”

တာအိုသခင်ကျိုးတီဟာ ပြုံးလိုက်ပြီး ထပ်မမေးတော့ပါဘူး။ သူဟာ ကုလားထိုင်တစ်လုံးဆီ လျှောက်သွားပြီး ထိုင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ကိုကြည့်ကာ ပြောလိုက်ပါတယ် “မိတ်ဆွေလေး... ယွီဂျင်ဂိုဏ်း အခုထိ တည်ရှိနေတာ မိတ်ဆွေလေးရဲ့ ကျေးဇူးကြောင့်ပါ၊ မိတ်ဆွေလေးကြောင့်သာ မဟုတ်ရင် ယွီဂျင်ဂိုဏ်းက ပျက်စီးသွားလောက်ပြီ၊ မိတ်ဆွေလေးဆီ ကျုပ်လာရတာက ကျေးဇူးတင်ကြောင်း ပြောဖို့အပြင် အခွင့်အရေးတစ်ခု ပေးချင်လို့ပါ”

‘အခွင့်အရေးလား?’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ် သိရသလောက် ကျင့်ကြံခြင်းလောကမှာရှိတဲ့ အခွင့်အရေးတွေက စွန့်စားမှုမလုပ်ရတာ ခပ်ရှားရှားပါ။ စွန့်စားမှုလုပ်ရမယ်ဆိုရင် ပြဿနာတက်ဖို့က ၉၉ ရာခိုင်နှုန်း ကျိန်းသေနေပါပြီ။

“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက ကျုပ်က ရန်ကျင့်ကြံခြင်းလောကကနေ ထွက်ခွာပြီး မသေမျိုးနယ်ပယ်ကိုရောက်ဖို့ ကြံဆခဲ့တယ်၊ ဒီလိုခရီးထွက်ရင်းနဲ့ ပင်လယ်ရပ်ခြားကို ကျုပ် ရောက်ခဲ့တယ်၊ အဲဒီပင်လယ်ရပ်ခြားက ဂိုဏ်းတစ်ဂိုဏ်းမှာ ကျုပ်က လက်‌ထောက်ဂိုဏ်းချုပ် ဖြစ်နေပြီ၊ ဒီတစ်ခါ ကျုပ် ပြန်လာတာ ပါရမီရှင်အချို့ကို အဲဒီမှာ ကျင့်ကြံအားထုတ်ဖို့အတွက် ခေါ်သွားချင်တာလည်း ပါတယ်၊ သူတို့တွေရဲ့ ကျင်ကြံခြင်းအဆင့် မြင့်မားလာရင် ယွီဂျင်ဂိုဏ်းကို ပြန်လွှတ်ပေးမယ်၊ မိတ်ဆွေလေးရော ကျုပ်နဲ့အတူ လိုက်ချင်လား?” တာအိုသခင်ကျိုးတီဟာ သူ့မုတ်ဆိတ်မွေးကို ညာလက်ဖြင့်သပ်ကာ ပြုံးလိုက်ပါတယ်။

‘ပင်လယ်ရပ်ခြားဂိုဏ်းက လက်ထောက်ဂိုဏ်းချုပ်?’ ဟန်ကျွယ်ဟာ ဆွံအသွားပါတယ် ‘ခင်ဗျားမွေးရပ်မြေက ပျောက်လုနီးဖြစ်နေတာတောင် ခင်‌ဗျားက တစ်ခြားဂိုဏ်းထဲဝင်ပြီး နာမည်ကြီးအောင် လုပ်နေသေးတာလား?’

ဟန်ကျွယ်ဟာ သူ့ဝသီအတိုင်း အသေးစိတ် မေးလိုက်ပါတယ် “ဘိုဘေးရဲ့ ပင်လယ်ရပ်ခြားဂိုဏ်းက ပြိုင်ဘက်ကင်းလား?”

“ပြိုင်ဘက်ကင်းဖို့က ခက်တယ်၊ ဒါပေမဲ့ အင်အားကြီးမားတဲ့ဂိုဏ်းထဲမှာတော့ ပါတယ်”

“အင်အာကြီးမားတဲ့ဂိုဏ်းလား? ဒါဆို ရန်သူတွေရှိလား?”

“ရှိတာပေါ၊ ဒါပေမဲ့ ဘာမှ ကြောက်စရာမရှိပါဘူး၊ ကျုပ်တို့ဂိုဏ်းမှာ ဟင်းလင်ပေါင်းစပ်ခြင်း ကျင့်ကြံသူတွေ အများကြီးရှိတယ်”

“အို... ဘိုးဘေးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့် မသွားပါရစေနဲ့” ဟန်ကျွယ်ဟာ ခေါင်းခါပြီး ငြင်းပယ်လိုက်ပါတယ်။ အပြင်လောကဟာ အရမ်းအန္တရာယ်များပါတယ်။ ပြိုင်ဘက်ကင်းတဲ့ဂိုဏ်းမဟုတ်ရင် အန္တရာယ်တွေကို ကျိန်းသေပေါက် ရင်ဆိုင်ရမှာပါ။ ရန်ကျင်ကြံခြင်းလောကမှာ ယွီဂျင်ဂိုဏ်းဟာ ပြိုင်ဘက်မရှိတော့ပါဘူး။ အင်အားအကြီးဆုံးဖြစ်တဲ့ မိုးကာဝတ်ရုံဂိုဏ်းတောင် ကျဆုံးတော့မှာပါ။

ဟန်ကျွယ်စကားကြောင့် တာအိုသခင်ကျိုးတီက ပြုံးလိုက်ပါတယ် “မိတ်ဆွေလေးက သတိအရမ်းကြီးတယ်လို့ ပြောကြတယ်၊ ပင်လယ်ရပ်ခြားကိုထွက်ရင် အန္တရာယ်ရှိမှာကို မိတ်ဆွေလေး စိုးရိမ်နေတာမလား? ဒါက အမှန်ပဲ၊ အရင်တုန်းက ကျုပ်လည်း အဲဒီလို တွေးခဲ့တာပဲ...”

တာအိုသခင်ကျိုးတီဟာ သူ့စွန်းစားခန်းတွေကို အားပါးတရ ဖောက်သည်ချပါတော့တယ်။ ဘယ်လောကကိုပဲ ‌ရောက်ရောက် အဘိုးကြီးတွေ စကားများတာက ပြောင်းလဲမသွားတဲ့ အမှန်တရားတစ်ခုပါ။ စကြာဝဠာအမှန်တရားလို့ ပြောမယ်ဆိုရင် မှားမှန်မထင်ပါဘူး။

ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတီပြောသမျှကို တိတ်ဆိတ်စွာ နားထောင်ပေးပါတယ်။

တာအိုသခင်ကျိုးတီ အချိန်အကြာကြီး စကားပြောပြီးတဲ့နောက်မှာတော့ လီချင်းဇဲ့ဟာ စကားပြောဖို့ အခွင့်အရေး ရလာပါတယ်။

“အကြီးအကဲဟန် မသွားချင်လည်း ဘာမှမဖြစ်ပါဘူး၊ ယွီဂျင်ဂိုဏ်းမှာ နေမယ်ဆိုလည်း မဆိုးပါဘူး၊ ဘိုးဘေးက ကျုပ်တို့ဂိုဏ်း အင်အားကြီးလာအောင် ကူညီပေးဖို့ စီစဉ်ထားတယ်၊ အဲဒီအချိန်ကျရင် ယွီဂျင်ဂိုဏ်းက ရန်ကျင့်ကြံခြင်းလောကမှာ ပြိုင်ဘက်ကင်းတဲ့ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာလိမ့်မယ်၊ အဲဒီအချိန်ကိုရောက်ရင် အကြီးအကဲဟန် လိုချင်သလို အေးအေးဆေးဆေး ကျင့်ကြံအားထုတ်လို့ရပြီမလား? ကျုပ်ကလည်း အကြီးအကဲဟန်အတွက် သဘာဝရတနာတွေ ကူရှာပေးပါ့မယ်၊ အခုအချိန်ကစပြီး ဒီတောင်တစ်တောင်လုံးကို အကြီးအကဲဟန် ပိုင်သွားပြီ၊ တစ်ခြားလိုဏ်ဂူက တပည့်တွေကိုလည်း ကျုပ်နေရာပြောင်းလိုက်မယ်” လီချင်းဇဲ့ဟာ ပြုံးလိုက်ပါတယ်။

လီချင်းဇဲ့ဟာ ဂိုဏ်းချုပ်ဖြစ်တဲ့အတွက် ဟန်ကျွယ်ထွက်သွားမှာကို မမြင်ချင်ပါဘူး။ တာအိုသခင်ကျိုးတီရဲ့ စကားက နားထောင်လို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ ပါရမီရှင်တွေက ပိုကောင်းတဲ့ဂိုဏ်းကနေ ယွီဂျင်ဂိုဏ်းကို ဘယ်လိုလုပ်ပြီး ပြန်လာကြမှာလဲ? သူတို့တွေ ပြဿနာတက်ပြီး နှိပ်ကွပ်ခံရရင်တော့ ပြန်လာကောင်းလာနိုင်ပါတယ်။ မဟုတ်လို့ကတော့ သူတို့ပြန်လာမှာကို မျှော်ရမှာထက် ကောင်းကင်ပေါ် လှေကားထောက်တက်တာက မျှော်လင့်ချက် ရှိပါသေးတယ်။ ဟန်ကျွယ် ထွက်သွားလို့ ယွီဂျင်ဂိုဏ်းက နောက်တစ်ခါ အန္တရာယ်ထပ်တွေ့ရင် ဘာဖြစ်မလဲဆိုတာ မတွေးရဲစရာပါ။

တာအိုသခင်ကျိုးတီက ပြုံးပြီး ပြောလိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် အချိန်ရှိပါတယ်၊ ပင်လယ်ရပ်ခြားကို ကျုပ်မပြန်ခင် ဒီမှာ နှစ်ငါးဆယ်လောက် နေအုန်းမှာ၊ ပထမဦးဆုံး ယွီဂျင်ဂိုဏ်းကို ရန်ကျင့်ကြံခြင်းလောကရဲ့ အထွတ်အထိပ်နယ်မြေဖြစ်အောင် ပြောင်းလဲဖြစ်ရမယ်၊ ဒီအချိန်အတောအတွင်းမှာ မိတ်ဆွေလေး သေချာစဉ်းစားပါ”

ဟန်ကျွယ်ရှေ့မှာ စာကြောင်းတွေ ပေါ်လာပါတယ်။

[သင်သည် တာအိုသခင်ကျိုးတီနှင့် လီချင်းဇဲ့၏ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ တာအိုသခင်ကျိုးတီ၏ ဖိတ်ခေါ်မှုကို လက်ခံ၍ ပင်လယ်ရပ်ခြားသို့ထွက်ပါ။ သင်သည် ကျင့်ကြံခြင်းဆေးလုံး တစ်ပုလင်း၊ အသုံးအဆောင်တစ်ခုနှင့် စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိမည်။]

[၂။ လီချင်းဇဲ့၏ ဖိတ်ခေါ်မှုကို လက်ခံ၍ ယွီဂျင်ဂိုဏ်း၌ ဆက်နေထိုင်ကာ ခပ်ကုပ်ကုပ်နေပြီး ဆက်လက်ကျင့်ကြံအားထုတ်ပါ။ သင်သည် ဆန်းကြယ်စွမ်းအားအမွေကို လက်ခံရရှိမည်။]

ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ဘိုးဘေးနဲ့ ဂိုဏ်းချုပ်ရဲ့ ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်က ယွီဂျင်ဂိုဏ်းမှာပဲ ဆက်နေထိုင်လိုတဲ့ဆန္ဒ ရှိပါတယ်”

ဟန်ကျွယ်ဟာ ဒုတိယရွေးချယ်မှုကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။ ရွေးချယ်မှုအရ ပြောရမယ်ဆိုရင် အရင်တုန်းကရွေးချယ်မှုတွေနဲ့ မတူဘဲ ဒီတစ်ခါမှာ ပထမရွေးချယ်မှုက ဒုတိယရွေးချယ်မှုထက် ပိုကောင်းနေပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သေချာတွေးကြည့်လိုက်တဲ့အခါမှာ ပင်လယ်ရပ်ခြားထွက်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် မရှိတာကို‌ တွေ့လိုက်ရပါတယ်။

ယွီဂျင်ဂိုဏ်းက ပင်လယ်ရပ်ခြားလောက် စိတ်ဝိညာဉ်ချီ မသိပ်သည်းပေမဲ့ ရန်သူမရှိတဲ့အတွက် စိတ်အေးချမ်းသာစွာ ကျင့်ကြံအားထုတ်နိုင်ပါတယ်။ ပင်လယ်ရပ်ခြားကို ထွက်မယ်ဆိုရင်တော့ ပြဿနာတက်ဖို့က ၉၀ ရာခိုင်နှုန်း ကျိန်းသေပါတယ်။ ဟန်ကျွယ်ဟာ သူ့မှာ ရန်သူတော်ကြီးတွေ မရှိတဲ့အတွက် ပင်လယ်ရပ်ခြားကို ထွက်သွားဖို့မလိုဘူးလို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ဒါ့အပြင် လီချင်းဇဲ့ပေးတဲ့ ကတိကဝတ်ကလည်း မဆိုးပါဘူး။ ဒီလိုဏ်ဂူလေးက ဟန်ကျွယ်အတွက် တကယ်ပဲ သေးငယ်လွန်းပါတယ်။ တောင်တစ်တောင်လုံးကမှ ဟန်ကျွယ်အတွက် အသင့်တော်ဆုံးပါ။ နေရာပြောင်းခံလိုက်ရတဲ့ တပည့်တွေအတွက်တော့ ဟန်ကျွယ်လည်း မတတ်နိုင်ပါဘူး။ ဒီကိစ္စကို လီချင်းဇဲ့က ကောင်းကောင်းမွန်မွန် ကိုင်တွယ်လိမ့်မယ်လို့လည်း ဟန်ကျွယ် ယုံကြည်ပါတယ်။

[သင်သည် ယွီဂျင်ဂိုဏ်း၌ နေထိုင်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် ဆန်းကြယ်စွမ်းအားကိုအမွေကို လက်ခံရရှိပါမည်။]

[ရူလိုင်မန္တန် ဆန်းကြယ်စွမ်းအားကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[ရူလိုင်မန္တန်: ရုလိုင်မန္တန်သည် မဟာယာနဂိုဏ်း၏ ဆန်းကြယ်စွမ်းအားဖြစ်သည်။ ဤဆန်းကြယ်စွမ်းအားသည် သရဲများကို နှိမ်နင်းနိုင်ပြီး မကောင်းဆိုးဝါးများကို ဖိနှိပ်နိုင်သည်။]

‘မဟာယာနဂိုဏ်းရဲ့ ဆန်းကြယ်စွမ်းအားလား? စိတ်ဝင်စားဖို့တော့ ကောင်းသား!’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။

သူတို့သုံးယောက်ဟာ စကားဆက်ပြောကြပါတယ်။

...

လီချင်းဇဲ့နဲ့ တာအိုသခင်ကျိုးတီတို့ ဟန်ကျွယ်ဆီ အလည်လာပြီး သုံးရက်ကြာတဲ့အခါမှာ တောင်မှာနေထိုင်ကြတဲ့ အခြားကျင့်ကြံသူ အကုန်လုံးဟာ နေရာပြောင်းသွားကြပါတယ်။ လီချင်းဇဲ့ရဲ့ စီစဉ်မှုအောက်မှာ သေမျိုးအစေခံအချို့ဟာ ရတနာသစ်ပင်တွေကို လာစိုက်ပျိုးကြပါတယ်။ ဒီရတနာတွေဟာ တာအိုသခင်ကျိုးတီနဲ့ ပါလာတာဖြစ်တဲ့အတွက် သူတို့ရဲ့အရည်အသွေးဟာ အရင်က ရတနာတွေထက် အများကြီးပိုကောင်းပါတယ်။

ဒါတင်မကသေးပါဘူး။ လီချင်းဇဲ့ဟာ တောင်ခြေကို ကိုယ်တိုင်ရောက်လာပြီး ဟန်ကျွယ်အတွက် အစီအရင်တစ်ခု စီရင်ပေးပါတယ်။ အတွင်းဂိုဏ်းထဲမှာ ဒီကိစ္စ ပျံ့နှံ့သွားတဲ့အခါ တပည့်တွေဟာ ဂိုဏ်းချုပ်က မြင်မြတ်တဲ့တောင်တစ်ခုကို ဖန်တီးချင်တယ်လို့ တွေးတောကြပါတယ်။ သူတို့မသိတာက ဒီတောင်ဟာ ဟန်ကျွယ်တစ်ယောက်တည်းအတွက် ဆိုတာပါပဲ။

ဟန်ကျွယ်ဟာ လိုဏ်ဂူအပြင်ဘက်က ကိစ္စတွေကို ဝင်စွက်ဖက်ခြင်းမပြုဘဲ စိတ်အေးလက်အေး ဆက်ကျင့်ကြံပါတယ်။ ငရဲကြက်နက်နဲ့ ပဋိပက္ခကောင်းကင်ခွေးကလည်း လေးလေးနက်နက် ကျင့်ကြံအားထုတ်ကြပါတယ်။

မကြာခင်မှာပဲ ရန်ထျန်တုန်းဟာ လိုဏ်ဂူထဲကနေ ထွက်ခွာသွားပါတယ်။ လီချင်းဇဲ့ဟာ ရန်ထျန်တုန်းကို မြေတောင်မြှောက်လိုပြီး ယွီဂျင်ဂိုဏ်းကို လွှဲအပ်ဖို့ စီစဉ်ထားပါတယ်။ လီချင်းဇဲ့ ဒီလိုစီစဉ်ရတာက ရန်ထျန်တုန်းရဲ့ အရည်အချင်းအပြင် ဟန်ကျွယ်ကိုပါ တစ်ပါတည်း ခေါ်ထားချင်လို့ ဖြစ်ပါတယ်။

ဒီလိုနဲ့ နှစ်ဝက်ဟာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားပါတယ်။

ဒီနေ့မှာတော့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို လာရှာပါတယ်။ တောင်ထိပ် ၁၈ ထိပ်က တပည့်တွေကို ဒီတောင်ဆီ မလာဖို့ တားမြစ်ထားပေမဲ့လည်း ရှင်းဟုန်ရွှမ်ဟာ တာအိုသခင်ကျင်းရှု နောက်ခံရှိတာကြောင့် ဟန်ကျွယ်ဆီ လာရဲတာ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို အထဲဝင်ခွင့် ပြုလိုက်ပါတယ်။

“ယောက်ျား... ကျွန်မ ရတနာတစ်ခု ရထားလို့ ယောက်ျားကို လာပေးတာ” ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဘေးမှာ ပြုံးပျော်ရွှင်စွာ ထိုင်လိုက်ပြီး ကလေးငယ်လက်သီးလောက်ရှိတဲ့ ပုလဲလုံးတစ်လုံးကို ထုတ်ယူလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပုလဲလုံးကို ယူလိုက်ပြီး သူ့အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါမှာ ချက်ချင်းဆိုသလို မျက်နှာပြောင်းသွားပါတယ်။

ရှင်းဟုန်ရွှမ်က စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “ဒီပုလဲက မိုးမြေမှာရှိတဲ့ စိတ်ဝိညာဉ်ချီကို အလိုလိုစုဆောင်းပြီး ချီစုဆောင်းခြင်းဆေးလုံးကို အလိုလို ဖန်တီးပေးနိုင်တယ်၊ တကယ့်ရတနာတစ်ပါးပဲ!”

All Chapters