← Chapters

ကောင်းကင်ရုံးတော်မှ ကြမ္မာဆိုးအင်မော်တယ်

Vol. 4 Ch. 54

ကောင်းကင်ရုံးတော်မှ ကြမ္မာဆိုးအင်မော်တယ်

Vol. 4 Ch. 54

အခန်း (၅၄) ကောင်းကင်ရုံးတော်မှ ကြမ္မာဆိုးအင်မော်တယ်

ရှင်းဟုန်ရွှမ်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ ပိုပြီးတော့ ထူးဆန်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ ပုလဲလုံးထဲမှာ ပုန်းအောင်းနေတဲ့ ဝိညာဉ်တစ်ခုကို တွေ့သွားလို့ပဲ ဖြစ်ပါတယ်။ ဒီဝိညာဉ်ကနေ ယုတ်မာရက်စက်တဲ့ အငွေ့အသက်တွေ ထွက်နေတဲ့အတွက် ကောင်းတဲ့အရာ မဟုတ်မှန်း ဟန်ကျွယ် ချက်ချင်း သိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို မေးလိုက်ပါတယ် “မင်း ဒီပုလဲလုံးကို ဘယ်ကနေ ရှာတွေ့လာတာလဲ?” အဲဒီနောက် ဟန်ကျွယ်ဟာ ပုလဲလုံးထဲမှာ ပုန်းအောင်းနေတဲ့ ဝိညာဉ်ယုတ်အကြောင်းကို ရှင်းပြလိုက်ပါတယ်။ ဟန်ကျွယ်စကားကြောင့် ရှင်းဟုန်ရွှမ်ဟာ မျက်လုံးပြူးသွားပါတယ်။

အဲဒီနောက် ရှင်းဟုန်ရွှမ်ဟာ မျက်မှောင်ကြုတ်သွားပြီး အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “ကျွန်မ ဒီပုလဲကို ကျင့်ကြံခြင်းဈေးတစ်ခုက လေလံပွဲကနေ ရလာတာ၊ ဒါပေမဲ့ လူတစ်ယောက်က ကျွန်မနောက်လိုက်ပြီး ဒီရတနာကို လုယူဖို့ ကြိုးစားသေးတယ်၊ ဒါပေမဲ့ သူက ကျွန်မကို မနိုင်တော့ မရဏလမ်းကို မြန်းသွားရရှာတယ်၊ ကျွန်မကို အဖော်ပြုပေးတဲ့  တာအိုရောင်းရင်း ပြောတာကတော့ ဒီပုလဲက သဘာဝပုလဲလုံးမို့ အရမ်းရှားတယ်တဲ့၊ ကျင့်ကြံခြင်းကိုလည်း အများကြီး အထောက်အကူပြုတယ်ဆိုလို့ ယောက်ျားဆီ ကျွန်မယူလာတာ”

ဟန်ကျွယ်ဟာ တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဘာမှားနေလဲဆိုတာကို စဉ်းစားလို့မရပါဘူး။ ဟန်ကျွယ်ဟာ လမ်းခြောက်သွယ် စုပ်ယူခြင်းကို အသုံးပြုပြီး ပုလဲလုံးထဲက ဝိညာဉ်ယုတ်ကို သုတ်သင်လိုက်ပါတယ်။ ပြီးတော့မှ ရှင်းဟုန်ရွှမ်ကို ပြန်ပေးကာ ပြောလိုက်ပါတယ်။

“ဒီဟာကို မင်း ယူထားချည်၊ ဒီထဲက မကောင်းဆိုးဝါးဝိညာဉ်ကို ငါရှင်းထုတ်ပြီးပြီ၊ ဒီရတနာက ငါ့ကို သိပ်ပြီး မကူညီနိုင်တော့ဘူး၊ ဒါပေမဲ့ ရွှေဓာတ်လုံးအဆင့်ကို ထိုးဖောက်တော့မဲ့ မင်းအတွက်တော့ အရမ်းအသုံးဝင်တယ်” ဟန်ကျွယ်ဟာ လေးလေးနက်နက် ပြောလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ငြင်းဆန်ဖို့ ပြင်လိုက်ပေမဲ့ ဟန်ကျွယ်က ဆက်ပြောပါတယ် “မင်းကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့်လွန်းတယ်၊ ဒီလိုသာဆက်သွားနေမယ်ဆိုရင် ငါက မင်းယောက်ျားဖြစ်နိုင်ချေ လျော့နည်းသွားလိမ့်မယ်၊ အခုအချိန်မှာ ကျင့်ကြံခြင်းကို ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုတာ မင်း စဉ်းစားသင့်နေပြီ” ရှင်းဟုန်ရွှမ်ရဲ့ အပြုံးဟာ မဲ့ရွဲ့သွားပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်မျက်နှာ ဒီလိုဖြစ်သွားတာကို မကြည့်ရက်ပါဘူး။ နောက်ပြီး ဒီအမျိုးသမီးက သူ့အပေါ်မှာ မျက်နှာသာပေးမှု အမြင့်ဆုံးရှိတဲ့သူပါ။ ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းလိုက်တဲ့အခါမှာ ဆေးပုလင်းတွေ ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဆေးပုလင်းတွေကို ရှင်းဟုန်ရွှမ်ဆီ ကမ်းပေးလိုက်ပါတယ်။ ဒီဆေးလုံးတွေဟာ ရွှေဓာတ်လုံးအဆင့်ကို ထိုးဖောက်ဖို့အတွက် ကူညီတဲ့ဆေးလုံးတွေ ဖြစ်ပါတယ်။

“အရင်တုန်းက မင်းငါ့ကို ဆေးလုံးတွေပေးပြီး ကူညီခဲ့တယ်၊ အခုငါ့အကူအညီကို မင်းလက်ခံရမဲ့ အလှည့်ရောက်ပြီ၊ နောက်ပြီး ဒီတောင်အနောက်မှာ လိုဏ်ဂူတစ်ဂူ ဖန်တီးပြီး လာကျင့်ကြံချည်”

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ စကားကြောင့် အံအားသင့်သွားပြီး ချိုသာစွာ ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ချိုသာတဲ့အပြုံးကို မြင်တဲ့အခါမှာ ဘာကြောင့်မှန်းမသိ အထိတ်တလန့် ဖြစ်သွားတာကြောင့် လေးလေးနက်နက် ပြောလိုက်ပါတယ် “ငါတို့က လင်မယားတွေ မဟုတ်သေးဘူး၊ မင်းအနေနဲ့ ကျင့်ကြံခြင်းကို အာရုံစိုက်ဖို့ပဲ ငါပြောချင်တယ်၊ နောက်ပြီး ငါတို့ရဲ့ဆက်ဆံရေးကို သူများတွေသိအောင် လျှောက်မပြောနဲ့၊ ငါက ယွီဂျင်ဂိုဏ်းအတွက် အစွမ်းထက်တဲ့ရန်သူတွေကို ရှင်းပစ်ခဲ့တာ၊ သူတို့သာ ဒီအကြောင်းကိုသိသွားရင် မင်းက ငါရဲ့ အားနည်းချက် ဖြစ်လာလိမ့်မယ်၊ ငါ့ကို မင်းနဲ့ အကြပ်ကိုင်ပြီး ခြိမ်းခြောက်ကြလိမ့်မယ်၊ ငါပြောတာကို မင်းနားလည်လား?”

ရှင်းဟုန်ရွှမ်ဟာ စကားနားထောင်မဲ့အကြောင်း ခေါင်းညိတ်ပြပါတယ် ‘ဟမ်... လူဆိုးလေး၊ ရှင်က ကျွန်မကို ဂရုစိုက်သေးတယ်ပေါ့၊ ကျွန်မက ရှင့်အားနည်ချက်ဖြစ်လာမှာကို ကြောက်နေတယ်တဲ့လား၊ ကျွန်မလုံခြုံရေးကို စိုးရိမ်နေတာ အသိသာကြီး’

ရှင်းဟုန်ရွှမ်ဟာ ပိုတွေးလေလေ ရင်ထဲမှာ ပိုချိုမြိန်လေလေ ဖြစ်သွားပါတယ်။ ရှန်ဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို စတွေ့ခဲ့တဲ့အချိန်တွေကို ပြန်တွေးလိုက်ပါတယ်။ ဒီအဖြစ်အပျက်တွေက မနေ့တစ်နေ့ကလို ရှင်းဟုန်ရွှမ် မှတ်ဉာဏ်ထဲမှာ စွဲမြဲနေတုန်းပါပဲ။ မော်တယ်တစ်ယောက်ကနေ နှစ်တစ်ရာအတွင်း ယွီဂျင်ဂိုဏ်းရဲ့ အစွမ်းထက်တဲ့ နတ်သတ်အကြီးအကဲဖြစ်လာတာဟာ တကယ့်ကို အံမခန်းပါပဲ။ ရှင်းဟုန်ရွှမ်ဟာ ဒီလိုအရည်အချင်းမျိုးကို ကျင့်ကြံခြင်းလောကမှာ တစ်ခါမှ မကြားဖူးပါဘူး။

ရှင်းဟုန်ရွှမ်ဟာ ဒီထက်ပိုပြီး ကြိုးစားကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် သူဟာ ဟန်ကျွယ်နဲ့ မထိုက်တန်တဲ့ လူတစ်ယောက် ဖြစ်သွားမှာပါ။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဆီမှာ အချိန်အတန်ကြာ ဆက်နေပါတယ်။ သူဟာ ဟန်ကျွယ်နဲ့ နီးစပ်မဲ့ အခွင့်အရေးမှန်သမျှကို လုံးဝလက်လွှတ်မှာ မဟုတ်ပါဘူး။

ငရဲကြက်နက်နဲ့ ပဋိပက္ခကောင်းကောင်ခွေးဟာ ရှင်းဟုန်ရွှမ်ကို မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်နေတာကြောင့် ရှင်းဟုန်ရွှမ်ဟာ အနေရခက်သွားပါတယ်။

…

တစ်နှစ်ခွဲကြာတဲ့အခါမှာတော့ ဟန်ကျွယ်နေထိုင်ရာတောင်ရဲ့ စိတ်ဝိညာဉ်ချီဟာ အရင်ကထက် အများကြီး ထူထပ်သိပ်သည်းသွားပါတယ်။ ဟန်ကျွယ်နေထိုင်ရာတောင်မှာ စိတ်ဝိညာဉ်ချီစုဆောင်းတဲ့ အစီအရင်အပြင် အကာအကွယ် အစီအရင်ကိုလည်း လီချင်းဇဲ့က စီရင်ပေးပါတယ်။ ဟန်ကျွယ်ရဲ့ ညွှန်ကြားမှုအောက်မှာ ရှင်းဟုန်ရွှမ်ဟာ တောင်အနောက်ကို ရွှေ့ပြောင်းလာပြီး အလွန်များပြားလှတဲ့ စိတ်ဝိညာဉ်ချီတွေကို ခံစားပါတယ်။

ယွီဂျင်ဂိုဏ်းရဲ့ နှစ်တစ်ထောင်ပွဲတော်ဟာ စတင်တော့မှာမို့ ရန်ကျင့်ကြံခြင်းလောကမှာရှိတဲ့ လက်ယာဂိုဏ်းမှန်သမျှဟာ ဝမ်းသာစကားပြောဖို့ သူတို့လူတွေကို စေလွှတ်လိုက်ပါတယ်။ အဲဒါကြောင့် ယွီဂျင်ဂိုဏ်းဟာ ဧည့်သည်တွေနဲ့ စည်ကားနေပါတယ်။

မိုးကာဝတ်ရုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ ယွီဂျင်ဂိုဏ်းကို ထွက်သွားပြီးနောက် လုံးဝသတင်းမကြားရတော့ပါဘူး။ ဆိုလိုတာက မိုးကာဝတ်ရုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ ယွီဂျင်ဂိုဏ်းမှာ သေသွားတာ ဖြစ်နိုင်ပါတယ်။ ဒီအချက်ကြောင့် ရန်ကျင့်ကြံခြင်းလောကမှာ ယွီဂျင်ဂိုဏ်းရဲ့ အဆင့်အတန်းဟာ တစ်ယောက်မှ မရိုမသေ မပြုရဲတဲ့အထိ ထိုးတက်သွားပါတယ်။

တာအိုသခင်းကျိုးတီကလည်း ယွီဂျင်ဂိုဏ်းကို ကိုယ်တိုင်ကိုယ်ကျ ပြုပြင်ပါတယ်။ တောင်ထိပ် ၁၈ ထိပ်ရဲ့ စိတ်ဝိညာဉ်ချီဟာ အရင်ကထက် အများကြီးတိုးတက်သွားပါတယ်။ ဒီလိုတိုးတက်မှုဟာ ဟန်ကျွယ်တောင်ကို မယှဉ်နိုင်ပေမဲ့ အရင်ကထက် လေးငါးဆ ပိုမိုသိပ်သည်းသွားပါတယ်။ ဒါတင် မကသေးပါဘူး။ တာအိုသခင်ကျိုးတီဟာ ကနဦးဝိညာဉ်အဆင့်ရှိတဲ့ နတ်ဆိုးတွေကို ဖမ်းဆီးပြီး နတ်ဆိုးတစ်သောင်းနယ်မြေမှာ အကျဉ်းချထားလိုက်ပါတယ်။

ဒါကြောင့် ယွီဂျင်ဂိုဏ်းဟာ တစ်နေ့တစ်ခြား တိုးတက်လာပါတယ်။

ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းရဲ့ နှစ်တစ်ထောင်ပွဲတော်ကို စိတ်မဝင်စားတာကြောင့် တက်ရောက်ခြင်းမပြုဘဲ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက ငရဲကြက်နက်နဲ့ ပဋိပက္ခကောင်းကင်ခွေးပါ။ ဒီသားရဲနှစ်ကောင်ဟာ တဖြည်းဖြည်း ကြီးမားလာတာကြောင့် ဟန်ကျွယ်ရဲ့ လိုဏ်ဂူငယ်လေးဟာ သူတို့ကို မဆံ့တော့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သားရဲနှစ်ကောင်ကို သူ့ဂူထဲကနေ မောင်းထုတ်လိုက်ပါတယ်။

ငရဲကြက်နက်နဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ သူတို့လိုဏ်ဂူကို သူတို့ဘာသာ လုပ်ရပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ငရဲကြက်နက်နဲ့ ပဋိပက္ခကောင်းကင်ခွေးကို တောင်ကနေ မထွက်သွားဖို့ တင်းကြပ်စွာ တားမြစ်ထားပါတယ်။

ငရဲကြက်နက်ဟာ ငယ်ငယ်ကတည်းက ဟန်ကျွယ်ရဲ့ သင်ကြားမှုကို ရခဲ့တာကြောင့် အခုအချိန်မှာ အရမ်းအကြောက်လွန်... အရမ်းသတိကြီးတဲ့ ကြက်တစ်ကောင် ဖြစ်နေပါပြီ။ ငရဲကြက်နက်ဟာ ပဋိပက္ခကောင်းကင်ခွေးကိုလည်း သူ့လိုဖြစ်အောင် သင်ကြားပါတယ်။ ဒါပေမဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ နဂိုကတည်းက ဘဝင်မြင့်သူမို့ ငရဲကြက်နက်စကားကို နားမထောင်ပါဘူး။

ပဋိပက္ခကောင်းကင်ခွေးက ငြင်းဆန်ပေမဲ့လည်း ငရဲကြက်နက်ဟာ အားသုံးပြီး သင်ကြားပါတယ်။ ငရဲကြက်နက်ဟာ ဒီကောင်းကင်ခွေးကို သူ့သားတစ်ယောက် သူ့ညီတစ်ယောက် အဖြစ် သတ်မှတ်ထားပါတယ်။

သာယာတဲ့နေ့တစ်နေ့မှာတော့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတွေ ရုတ်တရက် ပေါ်လာပါတယ်။

[ကံတရားအထောက်အပံ့ပါသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်ကို စစ်ဆေးနေသည်။]

‘နောက်ထပ်မွေးရာပါ ကံတရားပါသူလား?’

ကံတရားအထောက်အပံ့ပါသူဆိုတာ သာမန်မဟုတ်တဲ့ ကံတရားတွေနဲ့ မွေးဖွားလာသူတွေကို ပြောတာ ဖြစ်ပါတယ်။ ကံကောင်းသူဖြစ်နိုင်သလို ကံဆိုးသူလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကံဆိုးသူကို အခုအချိန်အထိ မတွေ့ရသေးပါဘူး။ ဒါကြောင့် ကံတရားအထောက်အပံ့ ရှိတယ်ဆိုတိုင်း အစွမ်းထက်တာတော့ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ အဲဒီလူရဲ့ သရုပ်မှန်ကို စစ်ဆေးလိုက်ပါတယ်။

[စုချီ: ကောင်းကင်ရုံးတော်မှ ကြမ္မာဆိုးအင်မော်တယ် ဝင်စားခြင်းဖြစ်သည်။ သူသည် ကံဆိုးခြင်းနှင့် မွေးဖွားလာသူ ဖြစ်သောကြောင့် သူ့ဘေးနားရှိလူများကို ကပ်ဘေးယူဆောင်လာလိမ့်မည်။ သူ့တွင် အလွန်အင်အားကြီးမားသော ကံကြမ္မာရှိသောကြောင့် သူ့ဘေးနားရှိလူများသည် ကြမ္မာငင်၍ သေဆုံးကုန်ကြလိမ့်မည်။ သူကိုယ်တိုင်ကမူ မည်မျှပင် အခြေအနေဆိုးပါစေ အသက်ဆက်ရှင်မည် ဖြစ်သည်။ သူသည် ယွီဂျင်ဂိုဏ်းက ရန်ကျင့်ကြံခြင်းလောကတွင် အင်အားအကြီးဆုံးဂိုဏ်းဟု ကြားသိခဲ့ရ၍ ယွီဂျင်ဂိုဏ်းထဲသို့ ဝင်ရောက်ပြီး လက်ယာပညာကို သင်ကြားလို၏။

အရိပ်အမြွက်: သင်သည် မသေမျိုးဧကရာဇ်၏ ကံတရားထောက်ပံ့မှု ရှိသောကြောင့် ကံဆိုးမှုသည် သင့်အ‌ပေါ်တွင် သက်ရောက်မှုမရှိပါ။ သို့သော် သင်သည် ဤကြမ္မာဆိုး အင်မော်တယ် ဝင်စားသူအား သတ်ဖြတ်ခွင့်မရှိပေ။ ထိုသို့မဟုတ်ဘဲ သတ်ဖြတ်ခဲ့လျှင် ထိုသူခံစားရမည့် ကံဆိုးမှုများကို သင်ခံစားရမည် ဖြစ်သည်။ မသေမျိုးဧကရာဇ်၏ ကံတရား‌ထောက်ပံ့မှုသည်လည်း သင့်ကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။]

‘ဘာကြီးလဲဟ? ကြမ္မာဆိုးအင်မော်တယ် လူဝင်စားတာလား?’ ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။

သူ့မှာ မသေမျိုးဧကရာဇ်ရဲ့ ဆက်ခံသူတစ်ယောက်အနေနဲ့ ကံတရားထောက်ပံ့မှုရှိနေတာကြောင့် ကြမ္မာဆိုးတွေကို ရှောင်ရှားနိုင်ပါတယ်။ ဒါပေမဲ့ ယွီဂျင်ဂိုဏ်းကတော့ ရှောင်နိုင်မှာ မဟုတ်ပါဘူး!

ဟန်ကျွယ်ဟာ ချက်ချင်းပဲ သူ့အာရုံကို ဖြန့်ကျက်လိုက်တဲ့အခါ သူ့တောင်ဆီကို လျှောက်လာနေတဲ့ စုချီကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီးမှာ ဒီကြမ္မာဆိုး သယ်ဆောင်သူနဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

…

လူငယ်တစ်ယောက်ဟာ တောင်ခြေက ကျောက်တုံးကြီးပေါ်မှ ထိုင်နေပြီး သူ့နဖူးပေါ်က ချွေးစချွေးနတွေကို လက်ဖြင့် သုတ်နေပါတယ်။ ဒီလူငယ်ဟာ ချောမောတဲ့ရုပ်ရည် မရှိပေမဲ့ သူ့မျက်လုံးတွေကတော့ ဝင်းလက်တောက်ပနေပါတယ်။ သူဟာ တောင်ထိပ် ၁၈ ထိပ်ကို ဝင်းလက်တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။

“မင်းလို သေမျိုးတစ်ယောက်က ဒီနားမှာ ဘာလုပ်နေတာလဲ?” ဟန်ကျွယ်အသံဟာ လေထဲကနေ ထွက်ပေါ်လာပြီး စုချီရှေ့မှာ ဟန်ကျွယ်ကိုယ်တိုင် ပေါ်လာပါတယ်။

စုချီဟာ ကြောက်လန့်တကြား ဖြစ်သွားပြီး ဟန်ကျွယ်ရှေ့မှာ ချက်ချင်း ဒူးထောက်လိုက်ပါတယ်။ စုချီဟာ သူရဲ့စိတ်လှုပ်ရှားမှုကို အတက်နိုင်ဆုံး ထိန်းသိမ်းကာ ပြောလိုက်ပါတယ် “ကျွန်တော့်နာမည်က စုချီပါ၊ ကျင့်ကြံအားထုတ်လိုတဲ့အတွက် ဒီနေရာကို ရောက်လာရတာပါ၊ ကျင့်ကြံခြင်းဂိုဏ်းတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ အရည်အချင်းကြောင့် ခြွင်းချက်အနေနဲ့ ယွီဂျင်ဂိုဏ်းရဲ့ အပြင်စည်းကိုကျော်ပြီး အတွင်းစည်းထဲ ထည့်ပေးလို့ရမလား?”

ဟန်ကျွယ်ဟာ စုချီရဲ့စကားကြောင့် ပြောစရာစကားမရှိအောင် ဖြစ်သွားပါတယ် ‘တော်တော်လေး ဘဝင်မြင့်တဲကောင်ပဲ၊ ဒီလိုလေသံများကို ငါ ဘယ်လိုဖြစ်ပြီး တရင်းတနှီးရှိနေရတာလဲ?’ ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြန်ပြောလိုက်ပါတယ် “မင်းက အသက်ကြီးနေပြီ၊ ကျင့်ကြံဖို့အကောင်းဆုံးအချိန်ကို လွန်သွားပြီ” ဟန်ကျွယ်ဟာ ‌ယွီဂျင်ဂိုဏ်း အေးအေးဆေးဆေး ဆက်ရှိနေဖို့အတွက် စုချီကို မောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

“မဖြစ်နိုင်ဘူး...  ကျွန်တော် အရည်အချင်းက ဒီလောကမှာ ပြိုင်ဘက်ကင်းတယ်!”

“ဒါဆိုရင်လည်း ငါ မင်းကို စိတ်ဝိညာဉ်ချီ ဘယ်လိုစုဆောင်းရမလဲဆိုတာ သင်ပေးမယ်၊ မင်းဘာသာ နေရာတစ်ခုရှာပြီး သွားလေ့ကျင့်ချည်၊ ယွီဂျင်ဂိုဏ်းထဲကိုတော့ မဝင်နဲ့”

“မရဘူး၊ ကျွန်တော် ယွီဂျင်ဂိုဏ်းထဲ ဝင်ရမှဖြစ်မှာ၊ တာအိုရောင်းရင်းက ယွီဂျင်ဂိုဏ်းသား မဟုတ်လား? ယွီဂျင်ဂိုဏ်းက နှစ်တစ်ထောင်ပွဲတော်ကျင်းပပြီး ကျင့်ကြံခြင်းလောကက ဂိုဏ်းတွေအကုန်လုံးကို ဖိတ်ထားတယ်ဆို” စုချီဟာ ဟန်ကျွယ်ကို ဂရုတစိုက် ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပဟေဠိဖြစ်သွားပါတယ် ‘ဒီသေမျိုးက ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး သိနေရတာလဲ?’

“မင်းတကယ်ပဲ ထွက်မသွားဘူးလား?”

“မသွားဘူး!”

“ဒါဆိုလည်း ကောင်းပြီလေ” ဟန်ကျွယ်ဟာ စုချီကို ကုပ်ကနေဆွဲမပြီး သူ့ကျင့်ကြံခြင်းလိုဏ်ဂူထဲ ခေါ်သွားကာ မြေကြီးပေါ် ပစ်ချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အိပ်ရာပေါ်မှာထိုင်ကာ ပြောလိုက်ပါတယ် “အခုအချိန်ကစပြီး မင်း ဒီနေရာမှာပဲ နေရမယ်၊ ဒီတစ်သက် အပြင်ထွက်ဖို့ကို စိတ်တောင်မကူးနဲ့!”

ဟန်ကျွယ်ဟာ စုချီရဲ့ ကံဆိုးမှုက သူ့ကို သက်ရောက်မှုမရှိတဲ့အတွက် လုံးဝ မကြောက်ပါဘူး။ ဟန်ကျွယ်ဟာ စုချီကို မသတ်ရတဲ့ အကြောင်းအရင်းက များပြားလှတဲ့ကံဆိုးမှုတွေကို သူ မခံနိုင်မှာစိုးလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ဟာ စုချီကို သတ်လိုက်လို့ စုချီက ကောင်းကင်ရုံးတော်ရဲ့ မသေမျိုး ပြန်ဖြစ်သွားရင် သူ့ကိုလာပြီး ပြဿနာရှာမှာကိုလည်း စိုးရိမ်လို့ပါ။

သတိဆိုတာ ပိုတယ်မရှိပါဘူး!

All Chapters