← Chapters

စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဋ္ဌမအဆင့်၊ ကြမ္မာဆိုးစာအုပ်

Vol. 4 Ch. 58

စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဋ္ဌမအဆင့်၊ ကြမ္မာဆိုးစာအုပ်

Vol. 4 Ch. 58

အခန်း (၅၈) စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဋ္ဌမအဆင့်၊ ကြမ္မာဆိုးစာအုပ်

‘လီချန်းလုံ? အဆိပ်ဘုရင်ရဲ့ ဆက်ခံသူ?’ ဟန်ကျွယ်ဟာ နည်းနည်းထူးဆန်းသွားပြီး ဒီနာမည်ကို ကြားဖူးသလို ရှိနေတယ်လို့ ခံစားလိုက်ရပါတယ် ‘ငါ ဒီနာမည်ကို တစ်နေရာရာမှာ ကြားဖူးသလိုပဲ၊ ဟုတ်ပြီ... သတိရပြီ၊ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက မော့ကျူ ငါ့ကို ပြောခဲ့တာပဲ’

ဟန်ကျွယ်ဟာ ဒီလောက်နှစ်တွေကြာမှ လီချန်းလုံက ယွီဂျင်ဂိုဏ်းကို ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး! နောက်ပြီး စိတ်ဝိညာဉ်ပြောင်းလဲခြင်း ပဥ္စမဆင့်က ရန်ကျင့်ကြံခြင်းလောကမှာ အရမ်းကိုမြင့်မားတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်။ သူသာ ပေါ်ပေါ်ထင်ထင် ပြန်လာခဲ့ရင် ကျိန်းသေပေါက် ပွက်လောရိုက်သွားမှာပါ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီကိစ္စကို လုံးဝမကြားရပါဘူး။ ရန်ထျန်တုန်း၊ ချန်ယွီအာနဲ့ ရှင်းဟုန်ရွှမ်တို့ဟာ သူ့ဆီကို မကြာခဏ လာလည်ကြပေမဲ့ ဒီလိုကိစ္စကိုတော့ တစ်ယောက်မှ မပြောခဲ့ကြပါဘူး။ ဒါက ဘာကိုဆိုလိုလည်းဆိုတော့ လီချန်းလုံက ယွီဂျင်ဂိုဏ်းထဲကို တိတ်တဆိတ် ဝင်ရောက်လာတာကို ပြနေပါတယ်။ ဟန်ကျွယ်ဟာ လီချန်းလုံရဲ့ တည်နေရာကို ချက်ချင်းရှာဖွေလိုက်တဲ့အခါမှာ အဓိကတောင်ထိပ်မှာ ရှိနေတာကို တွေ့လိုက်ရပါတဘ်။

အဲဒီအချိန်မှာ တာအိုသခင်ကျင်းရှုဟာ အဓိကတောင်ထိပ်က တပည့်တွေအားလုံးကို ဆင့်ခေါ်ထားပါတယ်။ ရှင်းဟုန်ရွှမ်လည်း အဲဒီမှာ ရှိနေပါတယ်။

လီချန်းလုံဟာ သာမန်ရုပ်ရုပ်ရည်ရှိပြီး သူ့ရောင်ဝါကို ရွှေဓာတ်လုံး ပထမအဆင့်ရောက်အောင် ဖိနှိပ်ထားပါတယ်။ ရိုးရိုးသားသား အမူအရာရှိတာကြောင့် သူ့ကို အဆိပ်ဘုရင်ရဲ့ ဆက်ခံသူလို့ ဘယ်သူကမှ တွေးမိမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ သူ့နတ်အာရုံကို အဓိကတောင်ထိပ်ဆီ မစေလွှတ်ပါဘူး။ ရန်သူက ချောက်မိသလိုမျိုး ဖြစ်သွားမှာစိုးလို့ပါ။

တာအိုသခင်ကျင်းရှု တပည့်တွေကို ဆင့်ခေါ်ရတဲ့ အကြောင်းရင်းက တာအိုသခင်ကျိုးတီ ပင်လယ်ရပ်ခြားကို ပြန်ထွက်သွားတဲ့သတင်းကို ပြောကြားချင်လို့ပဲ ဖြစ်ပါတယ်။ လီချန်းလုံဟာ ဒီသတင်းကို ကြားတဲ့အခါမှာ ဝမ်းသာအားရ ဖြစ်သွားပေမဲ့ မျက်နှာအမူအရာ တစ်စက်ကလေးတောင် ပြောင်းမသွားပါဘူး။

နောက်ဆုံးမှာတော့ သူ့အတွက် အခွင့်အရေး ရှိလာခဲ့ပါပြီ။ အရင်တုန်းက တာအိုသခင်ကျိုးတီ ရှိနေတာကြောင့် လီချန်းလုံဟာ စိတ်ထင်သလို မလှုပ်ရှားရဲပါဘူး။ အခုတာအိုသခင်ကျိုးတီ ထွက်ခွာသွားပြီ ဖြစ်တဲ့အတွက် တိမ်မည်းတွေကြားကနေ နေထွက်လာပြီလို့ ခံစားလိုက်ရပါတယ်။

‘စိတ်ထိန်းစမ်း! ငါ့အတွက် နောက်ထပ် ရန်သူတစ်ယောက် ရှိနေသေးတယ်’ လီချန်လုံးဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။

ယွီဂျင်ဂိုဏ်းရဲ့ အဆန်းကြယ်ဆုံးနဲ့ အလျှို့ဝှက်ဆုံးပုဂ္ဂိုလ်! နတ်သတ်အကြီးအကဲ!

လီချန်လုံးဟာ မိုးကာဝတ်ရုံဂိုဏ်း ရှုံးနိမ့်သွားရတာရဲ့ အဓိအကြောင်းအရင်းက ယွီဂျင်ဂိုဏ်းကို သွားဖျက်ဆီးတဲ့ သူတို့ဂိုဏ်းချုပ် အစအနရှာမရအောင် ပျောက်ဆုံးသွားလိုဆိုပြီး ကြားထားပါတယ်။ အဲဒီအချိန်တုန်းက တာအိုသခင်ကျိုးတီ ပြန်မရောက်သေးပါဘူး။ ဆိုလိုချင်တာကတော့ နတ်သတ်အကြီးအကဲဟာ မိုးကာဝတ်ရုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သတ်နိုင်တဲ့အထိ ကြောက်မက်ဖွယ်ကောင်းတဲ့ အစွမ်းရှိနေပါတယ်။

လီချန်းလုံဟာ သူ့အစီအစဉ်ကို အကောင်အထည်ကို မဖော်ခင်မှာ နတ်သတ်အကြီးအကဲကို ဖြေရှင်းဖို့ အရင်စဉ်းစားရပါမယ်။ ဒါပေမဲ့ လီချန်းလုံဟာ အခုအချိန်ထိ နတ်သတ်အကြီးအကဲက ဘယ်သူလဲဆိုတာကို ရှာမတွေ့သေးပါဘူး။ နတ်သတ်အကြီးအကဲက ကျောက်အေးတောင်ထိပ်က လာတယ်လို့ပဲ သိထားပါတယ်။

ကျောက်အေးတောင်ထိပ်

လီချန်းလုံဟာ ကျောက်အေးတောင်ထိပ်က လူတစ်ယောက်ကို တွေးမိလိုက်တဲ့အခါမှာ ခါးသီးသွားပါတယ်။

…

ဟန်ကျွယ်ဟာ လီချန်းလုံကို ရှာတွေ့ပြီးကတည်းက ကျင့်ကြံနေရင်းနဲ့ မကြာခဏ စောင့်ကြည့်ပါတယ်။ လီချန်းလုံက ယွီဂျင်ဂိုဏ်းကို ဒုက္ခမပေးဘူးဆိုရင် ဟန်ကျွယ်အနေနဲ့ သူ့ကိုသတ်ဖို့ မလိုပါဘူး။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို အသံလွှင့်ပြီးမေးကြည့်တဲ့အခါမှာ ယွီဂျင်ဂိုဏ်းရဲ့ အတွင်းစည်းကာ အလွန်အေးချမ်းနေပြီး ဘာပြဿနာမှ မရှိဘူးဆိုတာ သိလိုက်ရပါတယ်။

ဒီလိုနဲ့ နောက်ထပ်ငါးနှစ် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း သတ္တမအဆင့်ကို ရောက်ရှိသွားပြီး ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဆင့်နဲ့ ခြေတစ်လှမ်း နီးကပ်သွားပါတယ်။ ဒီအတွက် ဟန်ကျွယ်ဟာ အရမ်းကို ပျော်သွားပါတယ်။

ဟန်ကျွယ်ဟာ လီချန်းလုံရဲ့ တည်နေရာကို စစ်ဆေးလိုက်တဲ့အခါမှာ ယွီဂျင်ဂိုဏ်းထဲမှာ ရှိမနေတော့တာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စကို စိတ်ထဲမထားပါဘူး။ လီချန်းလုံ ပြဿနာမရှာရင် သူ့ဘာသာ ဘာပဲလုပ်လုပ် ကိစ္စမရှိပါဘူး။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင်၏ တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် ဘဝကို ရှုထောင့်အမျိုးမျိုးမှ တွေ့ကြုံခံစားရပြီး ဆန်းကြယ်စွမ်းအားတစ်မျိုးကို နားလည်သဘောပေါက်သွား၏။]

[သင်၏ မိတ်ဆွေကောင်း မော့ဖူချိုသည် နတ်ဆိုးလမ်းစဉ်သို့ ကျဆင်းသွားပြီ ဖြစ်သည်။]

[သင်၏ နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် သူ၏ မွေးရာပါ ဆန်းကြယ်စွမ်းအားကို နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။]

[သင်၏ မိတ်ဆွေကောင်း တာအိုသခင်ကျိုးတီသည် နတ်ဆိုးဘုရင်၏ တိုက်ခိုက်မှုကိုခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွား၏။]

[သင်၏ မိတ်ဆွေကောင်း တာအိုသခင်ကျိုးတီသည် ဒေါသထွက်လွန်းသောကြောင့် တာအိုနှလုံးသား ထိခိုက်သွား၏။]

[သင်၏ မိတ်ဆွေကောင်း ကျိုးဖန်သည် မိုးမြေကို တုန်လှုပ်စေနိုင်သော ထုံချီခန္ဓာကိုယ်ကို ရရှိခဲ့သည်။]

ဟန်ကျွယ်ဟာ အံဩမှင်သက်သွားပါတယ် ‘ခွီးတဲ့မှပဲ... ဒီငါးနှစ်မှာ ကိစ္စအများကြီး ဖြစ်ပျက်သွားခဲ့တာပဲ၊ မော့ဖူချိုက နတ်ဆိုးလမ်းစဉ်ကို ကျသွားတယ်၊ သူ့ဆီမှာ ဘာတွေဖြစ်ပျက်ခဲ့လို့ အခုလို ဖြစ်သွားရတာလဲ? ဟိုခွေးစုတ်ကလည်း မွေးရာပါ ဆန်းကြယ်စွမ်းအား နားလည်သွားတာကို ငါ့ကို တစ်စက်ကလေးတောင် မပြောဘူး! တာအိုသခင်ကျိုးတီကတော့ တော်တော်လေး သနားဖို့ကောင်းတယ်၊ စုချီနဲ့ တစ်ကြိမ်ပဲ စကားပြောရသေးတယ်၊ အခုလို ကံဆိုးနေပြီ၊ စုချီကိုသာ တပည့်အဖြစ် လက်ခံလိုက်လို့ကတော့ ဒေါသထွက်ပြီး သေမလား မသိဘူး၊ ကျိုးဖန်ဆိုတဲ့ ကောင်ကလည်း ဝတ္ထုထဲကဇာတ်လိုက်လို တကယ်ကံကောင်းတာပဲ’

ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ သက်သောင့်သက်သာ နေလို့မရသေးဘူးလို့ ခံစားလိုက်ရပါတယ်။ သူ့ကျင့်ကြံခြင်းက ရန်ကျင့်ကြံချင်းလောကမှာ ထိပ်ဆုံးကို ရောက်ရှိနေပေမဲ့ အနာဂတ်မှာ ဒီအတိုင်းဆက်ဖြစ်နေမယ်လို့ ပြောလို့မရပါဘူး။

‘ငါ ကျင့်ကြံခြင်းကို အာရုံစိုက်ရမယ်! ကျိုးဖန်လိုလူမျိုးက ‌လောကကြီးကို ပြောင်းလဲနိုင်တယ်’

နှစ်ပေါင်းများစွာကြာပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်နေထိုင်ရတောင်မှာ စိုက်ပျိုးထားတဲ့ သဘာဝရတနာတွေဟာ အရွယ်ရောက်လာကြပါပြီ။ အဲဒါကြောင့် ဟန်ကျွယ်တောင်ရဲ့ စိတ်ဝိညာဉ်ချီ ထူထပ်သိပ်သည်းမှုဟာ အလွန်တရာ တိုးတက်လာပါတယ်။

ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်ကို ‌ရောက်ရှိဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

…

မျက်စိတ်တစ်မှိတ်အတွင်းမှာပဲ နောက်ထပ်ဆယ်နှစ်တာ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဋ္ဌမအဆင့်ကို ရောက်ရှိသွားပြီး နဝမအဆင့်နဲ့ သိပ်မဝေးတော့ပါဘူး။ ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဆင့်ကို‌ တွေးလိုက်တာနဲ့ စိတ်လှုပ်ရှားလာပါတယ်။

သာယာတဲ့နေ့တစ်နေ့မှာတော့ လီချင်းဇဲ့ဟာ ဟန်ကျွယ်ဆီ အလည်ရောက်လာပါတယ်။ စုချီနဲ့တွေ့ရင် လီချင်းဇဲ့ ကံဆိုးမှာစိုးတဲ့အတွက် ဟန်ကျွယ်ဟာ လီချင်းဇဲ့ကို လိုဏ်ဂူအပြင်ထွက်ပြီး တွေ့ဆုံပါတယ်။

“အကြီးအကဲဟန်... မတွေ့တာတောင် အတော်ကြာပြီ၊ ကျင့်ကြံရတာ ဘယ်လိုနေလဲ?” လီချင်းဇဲ့ဟာ နွေးထွေးစွာ မေးလိုက်ပါတယ်။

လီချင်းဇဲ့ဟာ ဒီအချိန်မှာ အရမ်းပဲထင်ပေါ် ကျော်ကြားနေပါတယ်။ တာအိုသခင်ကျိုးတီရဲ့ ကူညီမှုနဲ့ လီချင်းဇဲ့ဟာ ကနဦးဝိညာဉ် နဝမအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လီချင်းဇဲ့ဟာ ရန်ကျင့်ကြံခြင်းလောကမှာရှိတဲ့ လက်ယာဂိုဏ်းတွေရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီနှစ်တွေမှာ ဟန်ကျွယ်ဟာ လီချင်းဇဲ့ တိုက်ခိုက်ခဲ့ရတယ်လို့ မကြားမိပါဘူး။

“မဆိုးပါဘူး၊ ဒါနဲ့ ဂိုဏ်းချုပ်က ကျွန်တော့်ကို လာရှာတာ ဘာကိစ္စရှိလို့လဲ?” ဟန်ကျွယ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ်။

“လက်ယာဂိုဏ်းတွေရဲ့ ညီလာခံက စခါနီးနေပြီ၊ အကြီးအကဲဟန် ညီလာခံတက်ဖို့ စိတ်ကူးမရှိဘူးလား? ဒီညီလာခံက ရန်နိုင်ငံတော်ရဲ့ ဧကရာဇ်မြို့တော်မှာ ကျင်းပမှာ၊ ဒီညီလာခံကို တက်ရောက်မယ်ဆိုရင် လူသားမျိုးနွယ်စုရဲ့ ကံကောင်းခြင်းကို ရရှိနိုင်တယ်၊ ဒီကံကောင်းခြင်းက ကျင့်ကြံခြင်းကို အများကြီး အထောက်အကူပြုတယ်”

ချက်ချင်းဆိုသလို ဟန်ကျွယ်ရှေ့မှာ စာကြောင်းတွေ ပေါ်လာပါတယ်။

[ဂိုဏ်းချုပ် လီချင်းဇဲ့သည် လက်ယာဂိုဏ်းများ ညီလာခံသို့ တက်ရောက်ရန် သင့်အား ဖိတ်ခေါ်၏။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ငြင်းပယ်ပြီး ဆက်လက် ကျင့်ကြံအားထုတ်ပါ။ စိတ်ဝိညဉ်ရတနာတစ်ပါးကို ရရှိမည်။]

[၂။ လက်ခံပါ။ ဂိုဏ်းချုပ်နှင့် ယွီဂျင်ဂိုဏ်းမှ ထွက်ခွာလျှင် အကောင်းစား စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ရရှိမည်။]

ဒီရွေးချယ်မှုနှစ်ခုရဲ့ ဆုတွေက တော်တော်လေးကို ကွာခြားလွန်းပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီလိုကိစ္စမျိုး ရိုးနေပါပြီ။ ဒီကိစ္စဟာ စနစ်က သူ့ကို ရွေးချယ်မှုတစ်ခုတည်းလုပ်အောင် ဖိအားပေးတာ မဟုတ်ပါဘူး။ ကုပ်ကုပ်လေးနေပြီး ကျင့်ကြံတဲ့လမ်းစဉ်ကို ဟန်ကျွယ်ကိုယ်တိုင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ စနစ်က ဟန်ကျွယ်ရှေ့ရေးကို အစီအစဉ်ဆွဲပေးရုံတင်ပါ။

ဟန်ကျွယ်ဟာ နံပါတ်တစ်ကို ရွေးချယ်လိုက်ပါတယ်။ ကျင့်ကြံခြင်းညီလာခံမှာ ဘာမဆိုဖြစ်ပျက်နိုင်ပါတယ်။ အသက်အန္တရာယ်မရှိဘူးဆိုရင်တောင် ခပ်ကုပ်ကုပ်လေးနေဖို့က မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ်။

“ထားလိုက်ပါတော့... ကျွန်တော် မသွားတော့ဘူး၊ ဒီညီလာခံကို ဂိုဏ်းချုပ်သွားရင် ဂရုစိုက်တာ အကောင်းဆုံးပဲ၊ ဒီနှစ်တွေမှာ ယွီဂျင်ဂိုဏ်းက အဆင်ပြေချောမွေ့နေတယ်ဆိုပေမဲ့ ဘိုးဘေးထွက်ခွာသွားတာကို တစ်ခြားဂိုဏ်းတွေက ကျိန်းသေပေါက် သိနေပြီးလောက်ပြီ”

လီချင်းဇဲ့ဟာ သက်ပြင်းချလိုက်ပါတယ် ‘ဒီအကြီးအကဲဟန်က တော်တော်လေး အသည်းငယ်တာပဲ! ငါသာ သူ့လိုမျိုး စွမ်းအားရှိရင် လောကကြီးရဲ့ ပျော်ရွှင်ဖွယ်ရာတွေကို  တစ်ဝကြီး ခံစားပစ်လိုက်မှာ’

[သင်သည် ဂိုဏ်းချုပ်၏ ဖိတ်ကြားမှုကို ငြင်းပယ်ခဲ့သည့်အတွက် စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိမည်။]

[အကောင်းစား စိတ်ဝိညာဉ်ရတနာ၊ ကြမ္မာဆိုးစာအုပ်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[ကြမ္မာဆိုးစာအုပ်: ပြိုင်ဘက်ကင်း စိတ်ဝိညာဉ်ရတနာ။ သက်ရှိမှန်သမျှအား ကျိန်စာတိုက်နိုင်ပြီး ကြမ္မာဆိုများ ယူဆောင်ပေးနိုင်သည်။ တစ်ချိန်တည်း၌ ကျိန်စာတိုက်ခံရသူသည် ကျိန်စာတိုက်ခံရမှန်း သိရှိမည် မဟုတ်ချေ။]

‘ဟာ? ကြမ္မာဆိုးစာအုပ်? ကျိန်စာတိုက်တာလား?’ ဟန်ကျွယ်ဟာ စိတ်ဝင်စားသွားပါတယ်။ ဒါပေမဲ့ သူ့ရှေ့မှာ လီချင်းဇဲ့ ရှိနေတာကြောင့် အပြင်ဘက်ကို ထုတ်ယူခြင်း မပြုပါဘူး။

“ဂိုဏ်းချုပ်... လီချန်းလုံကို ဘယ်လိုလူစားမျိုးလဲ?” ဟန်ကျွယ်က ရုတ်တရက် မေးလိုက်ပါတယ်။ လီချင်းဇဲ့ ဂိုဏ်းကထွက်ခွာသွားတဲ့ အချိန်မှာ လီချန်းလုံပြန်လာပြီး ပြဿနာရှာရင် သတ်ရမလား မသတ်ရဘူးလားဆိုတာကို သိချင်တဲ့အတွက် ဟန်ကျွယ်ဟာ ဒီမေးခွန်းကို မေးလိုက်ရခြင်း ဖြစ်ပါတယ်။

လီချင်းဇဲ့ဟာ ဟန်ကျွယ်စကားကြောင့် မျက်နှာပျက်သွားပါတယ် “အကြီးအကဲဟန်... ဘာလို့ ဒီမေးခွန်း မေးရတာလဲ?”

“တစ်မျိုးမထင်ပါနဲ့ အကြီးအကဲဟန်၊ ဒီလူက ကျုပ်ရဲ့ ဂျူနီယာ ဖြစ်ခဲ့ဖူးတယ်၊ သူ့အရည်အချင်းက ပြိုင်ဘက်ကင်းတယ်၊ သူနဲ့ ကွမ်းယိုကုန်းက နတ်မိမယ်ရှီရွှမ်ကို တစ်ပြိုင်တည်း ချစ်ကြိုက်ခဲ့ကြလို့ သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြတာ ကျုပ်ဆရာသခင်ကိုယ်တိုင် ဝင်ပါရတဲ့အထိပဲ၊ ဒါပေမဲ့ လီချန်းလုံက ဒါကို မကျေနပ်ဘဲ ကျုပ်ရဲ့ဆရာသခင်ကို တိုက်ခိုက်ခဲ့လို့ အကျဉ်းချခံခဲ့ရတယ်၊ ဒါပေမဲ့ မကြာခင်မှာပဲ ထောင်ဖောက်ပြီး ထွက်ပြေးသွားတယ်၊ သူထွက်မပြေးသွားခင်မှာ သူ နောက်တစ်ခေါက် ပြန်လာရင် ယွီဂျင်ဂိုဏ်းကို ဖျက်ဆီးမယ်လို့ စာချန်ထားခဲ့တယ်”

လီချင်းဇဲ့ဟာ ဒီအကြောင်းကို ပြန်ပြောတဲ့အခါမှာ မကျေမချမ်း ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ မျက်တောင်ခတ်လိုက်ပါတယ် ‘ဒီလိုတွေ ဖြစ်ခဲ့လို နတ်မိမယ်ရှီရွှမ်က သူ့တပည့်တွေကို ချစ်ကြိုက်ခွင့် မပြုတာကိုး’

ဟန်ကျွယ်ဟာ လေသံအေးနဲ့ ပြောလိုက်ပါတယ် “လီချန်းလုံက ပြန်လာပြီ၊ ဒါပေမဲ့ မကြာသေးခင်ကပဲ ပြန်ထွက်သွားတယ်၊ သူက သူ့ကိုယ်သူ ရုပ်ဖျက်ပြီး အဓိကတောင်ထိပ်ထဲကို ရောဝင်နေတယ်”

လီချင်းဇဲ့ဟာ မျက်လုံးပြူးသွားပြီး ဒေါသကြောင့် တုန်တက်သွားပါတယ်။ လီချင်းဇဲ့ဟာ ဟန်ကျွယ့်လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်ပါတယ် “အကြီးအကဲဟန်... ဒီကောင် နောက်တစ်ခါ ပြန်လာရင် သူ့ကို ဖမ်းထားလိုက်ပါ၊ ဒါပေမဲ့ သူ့ကိုတော့ မသတ်ပါနဲ့၊ အားသုံးတာများသွားလို့ ဒီကောင်ကို မတော်တဆ မသေပါစေနဲ့!”

All Chapters