← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အပိုင်း ၂၉

နျိုတပင်း ထွက်သွားပြီးနောက် ထျဲလန်ယန်လည်း အပြင်ထွက်ရန် ပြင်ဆင်တော့သည်။

မွန်းတည့်ချိန်တွင် ကိုယ်တိုင်ချက်ပြုတ်စားသောက်ရန် စိတ်မပါတော့ပေ။

ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ အတန်ကြာပြီဖြစ်သော်လည်း နိုင်ငံပိုင် စားသောက်ဆိုင်တွင် တစ်ခါမျှ မစားဖူးသေးပေ။

မနက်ဖြန် ကျေးလက်သို့ ဆင်းရတော့မည်ဖြစ်ရာ ယနေ့တွင်တော့ အနည်းငယ် ခမ်းနားစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ဧည့်ခံကျွေးမွေးရန် ဆုံးဖြတ်လိုက်သည်။

၇၀ ခုနှစ်ဝန်းကျင်ရှိ အိမ်အများစုမှာ အုတ်နှင့် အုတ်ကြွပ်များဖြင့် ဆောက်လုပ်ထားပြီး ကြည့်လိုက်လျှင် ဖုန်တက်နေသည့် ပုံစံမျိုးသာ ဖြစ်သည်။

သို့သော် နိုင်ငံတော်ပိုင် စားသောက်ဆိုင်မှာမူ အစိုးရလုပ်ငန်းဖြစ်သဖြင့် အပြင်အဆင်မှာ သိသိသာသာ ကွဲပြားလှသည်။

အပြာရောင်အုတ်ခဲများ၊ အဖြူရောင် ကြွေပြားများ၊ အလံနီလေးများနှင့် အပေါ်ဆုံးတွင် ထွင်းထုထားသော ကြယ်ငါးပွင့်ပုံရိပ်တို့ဖြင့် အလွန်ပင် ခံ့ညားလှပေသည်။

အလယ်ဗဟိုတွင် "နိုင်ငံတော်ပိုင် စားသောက်ဆိုင်" ဟု စာလုံးကြီးလေးလုံးဖြင့် ခံ့ထည်စွာ ရေးသားထားပြီး ဘေးတစ်ဖက်တစ်ချက်တွင် "မိမိကိုယ်ကိုယ် အားကိုးခြင်း" နှင့် "ကြိုးစားအားထုတ်ခြင်း" ဟူသော ဆောင်ပုဒ်များကို ရေးထိုးထားသည်။

အလွန်ပင် ခံ့ညားထည်ဝါလှသည်။

ဝင်ပေါက်တွင်လည်း ယနေ့အတွက် ရရှိနိုင်သော ဟင်းလျာများကို ကျောက်သင်ပုန်းလေးပေါ်တွင် စာရင်းပေးထားသည်။

ဟင်းလျာများ - ဝက်သားနီချက်၊ ခွန်ပေါင်ကြက်၊ ဘဲကင်၊ အာလူးချောင်းကြော်၊ ဂေါ်ဖီပဲကြာဆံဟင်း။

အဓိကအစားအစာများ - ထမင်း၊ ခေါက်ဆွဲ၊ ပေါက်စီ၊ ဝမ်တန်။

ဟင်းမှာယူရမည့် ပြတင်းပေါက်မှာ ဝင်ပေါက်နားတွင်ပင် ရှိသဖြင့် အလွန်အဆင်ပြေလှသည်။

"ရဲဘော် ကျွန်မကို ဝက်သားနီချက် တစ်ပွဲ၊ ခွန်ပေါင်ကြက်တစ်ပွဲ၊ အာလူးချောင်းကြော် တစ်ပွဲနဲ့ ခေါက်ဆွဲ နှစ်ပွဲ ပေးပါ။"

စားပွဲထိုးမှာ လူငယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး မျက်နှာထားမှာ တင်းမာခက်ထန်ကာ မာန်တက်နေသည်။

အစိုးရအလုပ် အခိုင်အမာရထားသည့် သူများပီပီ သူတစ်ပါးကို အထင်သေးချင်ကြသည်မှာ ထုံးစံပင် ဖြစ်သည်။

သူမသည် ပိုက်ဆံနှင့် လက်မှတ်များကို ချက်ချင်းမယူဘဲ ထျဲလန်ယန်ကို မကျေမနပ် ကြည့်လိုက်ကာ ပြောခဲ့သည်။

"ရဲဘော်... တစ်ယောက်တည်း ဟင်းသုံးပွဲတောင် မှာနေတာ၊ အကုန်ကုန်အောင် စားနိုင်လို့လား။"

ထျဲလန်ယန် - "ကျွန်မ ကုန်အောင် စားနိုင်တယ်။"

ခေတ်ဟောင်းနောက်ခံ ဝတ္ထုများကို ဖတ်ဖူးသူတိုင်း နိုင်ငံတော်ပိုင် စားသောက်ဆိုင်များ၏ ဟင်းပမာဏမှာ အလွန်များပြားကြောင်း သိကြသည်။ စတီးဇလုံများဖြင့် ထည့်ပေးလေ့ရှိပြီး သာမန်ဟင်းပွဲများထက် နှစ်ဆ၊ သုံးဆခန့် ပိုများလေသည်။

ထျဲလန်ယန်သည် အစားကောင်းကောင်း စားနိုင်သူဖြစ်သဖြင့် ဟင်းသုံးပွဲမှာ သူမအတွက် မခဲယဉ်းပေ။

သို့သော် စားပွဲထိုးအမျိုးသမီးက မယုံကြည်သလိုဖြင့် ပြောလိုက်သည်။ "ငါတို့မှာ တစ်နေ့စာ သတ်မှတ်ထားတာရှိတယ်၊ နင်က အများကြီးမှာနေရင် တခြားသူတွေ စားဖို့ မကျန်တော့ဘူး ဖြစ်မှာပေါ့။"

ထျဲလန်ယန်မှာ ဆွံ့အသွားရသည်၊ စားပွဲထိုး၏ စကားမှာ သူမကပင် အခွင့်အရေးယူနေသယောင် ဖြစ်နေသည်။

"ကျွန်မပြောမယ် ရဲဘော်... ရှင် ပြောတာကြီးက ရယ်စရာကြီးပဲ။ ဒီဆိုင်က ဈေးရောင်းဖို့ ဖွင့်ထားတာ၊ ကျွန်မက ပိုက်ဆံပေးပြီး စားတာပဲလေ၊ ဒါက သဘာဝမကျဘူးလား။"

"ရှင်က ကျွန်မ အကုန်မှာလိုက်လို့ ရှင့်သူငယ်ချင်းတွေ နောက်မှလာရင် စားဖို့ မကျန်မှာ စိုးရိမ်နေတာလား။"

ထျဲလန်ယန်၏ အပြောက ကွက်တိမှန်သွားသဖြင့် စားပွဲထိုးမှာ ချက်ချင်းပင် ရှက်ရမ်းရမ်းကာ ဒေါသထွက်သွားခဲ့သည်။

"လျှောက်မပြောနဲ့၊ အစားအစာ ဖြုန်းတီးတာက ရှက်စရာကောင်းတယ်၊ ငါက စေတနာနဲ့ သတိပေးနေတာ။"

ထျဲလန်ယန် နှာခေါင်းရှုံ့လိုက်သည်။ "မဖြုန်းတီးပါဘူး၊ ဗိုက်ပေါက်ထွက်သွားရင်တောင် အကုန်စားမှာပဲ။ ဟုတ်ပြီလား။"

"နင်... နင်။"

စားပွဲထိုးအမျိုးသမီး၏ မျက်နှာမှာ ဒေါသကြောင့် နီရဲတက်လာခဲ့သည်။

ထျဲလန်ယန်က ပိုက်ဆံနှင့် လက်မှတ်များကို ကောင်တာပေါ် ပစ်တင်လိုက်သည်။ "ကောင်းပြီ မီးဖိုချောင်ကို သွားပြောလိုက်တော့၊ ဟင်းတွေ မြန်မြန်မထွက်လာရင် ရှင့်ကို တိုင်ပစ်မယ်။"

ဟမ့် ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ။

"တိုင်မယ်" ဆိုသည့် စကားကို ကြားလိုက်ရချိန်တွင် စားပွဲထိုးအမျိုးသမီးမှာ ချက်ချင်းပင် ငြိမ်ကျသွားခဲ့သည်။ "ဒါဆိုရင်လည်း ခဏစောင့်။"

ထျဲလန်ယန် မျက်ခုံးပင့်လိုက်သည်။

"ဒီဟာလေးကတော့... နင့်ကို သင်ခန်းစာ ပေးရဦးမယ်။"

ထျဲလန်ယန်သည် လွတ်နေသော နေရာတစ်ခုတွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်သည်။

မွန်းတည့်ချိန်ဖြစ်သော်လည်း နိုင်ငံပိုင် စားသောက်ဆိုင်အတွင်း စားသောက်သူ သိပ်မရှိလှပေ။

အလုပ်လုပ်ရက်ဖြစ်သဖြင့် လူအများစုမှာ စက်ရုံ သို့မဟုတ် အိမ်တွင်သာ စားကြလေ့ရှိရာ အပြင်ထွက်စားနိုင်လောက်အောင် ငွေကြေးတတ်နိုင်သူ ရှားပါးလှသည်။

မကြာမီမှာပင် ဟင်းများ ရောက်ရှိလာကြောင်း ပြတင်းပေါက်မှ အချက်ပေးခဲ့သည်။

ထျဲလန်ယန် ဟင်းသွားယူချိန်တွင် စားပွဲထိုးအမျိုးသမီးမှာ သူမကို မော့ပင် မကြည့်ရဲတော့ပေ။

အားနည်းသူကို နိုင်စားချင်သော်လည်း အားသန်သူတွေ့မှ ကျုံ့သွားသည့် လူစားမျိုးပင်။

တကယ်ပင် ဟင်းပမာဏမှာ များပြားလှသည်ဟု ဆိုရမည်။

ဝက်သားနီချက်မှာ နှစ်ပေါင်ခန့်ရှိပြီး ကြက်သွန်မြိတ်၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ဖြင့်သာ သေချာချက်ထားခြင်း ဖြစ်ကာ အခြားမလိုအပ်သည့် အရာများ မပါဝင်ပေ။

နောက်ပိုင်းခေတ်များကဲ့သို့ အသားဟင်းမှာလျှင် ငရုတ်ပွတွေချည်းပါပြီး အသားက ဟိုတစ်စ ဒီတစ်စ ပါသည့် ပုံစံမျိုး မဟုတ်ပေ။

အဓိကက အရောင်အဆင်းမှာ နီရဲတောက်ပပြီး မြင်ရုံနှင့်တင် သွားရည်ကျစရာ ကောင်းလှကာ ရနံ့မှာလည်း မွှေးကြိုင်လှသည်။

ခွန်ပေါင်ကြက်မှာလည်း ချိုချို၊ ချဉ်ချဉ်၊ စပ်စပ်ဖြင့် အရသာရှိလှပြီး တစ်လုတ်ချင်းစီက စိတ်ကျေနပ်မှုကို ပေးစွမ်းသည်။

အာလူးချောင်းကြော်မှာလည်း နူးညံ့လတ်ဆတ်ပြီး စားလို့ကောင်းလှသည်။

ခေါက်ဆွဲမှာလည်း ရိုးရိုးပြုတ်ထားရုံတင်မဟုတ်ဘဲ နှမ်းဆီလေးဖြင့် ဆမ်းထားသဖြင့် အနံ့မွှေးကြိုင်နေသည်။

ဤခရီးမှာ တကယ်ပင် တန်လှသည်။

ထျဲလန်ယန်သည် ဗိုက်ပြည့်သည်အထိ အားရပါးရ စားသောက်လိုက်သည်။

ပမာဏများလွန်းသဖြင့် ကုန်အောင်ပင် မနည်းစားလိုက်ရသည်။

သို့သော် နောက်ဆုံးတွင်တော့ အကုန်လုံး ကုန်စင်အောင် အတင်းစားလိုက်သည်။

သူမ ပြောထားသည့်စကားရှိသဖြင့် အရှက်မကွဲစေရန် ထိုသို့ စားလိုက်ခြင်း ဖြစ်သည်။

ထျဲလန်ယန် ဟင်းရည်နောက်ဆုံးတစ်စက်ကို သောက်ပြီးချိန်တွင် အရပ်ရှည်ရှည် လူတစ်ယောက် အပြင်မှ လမ်းလျှောက်ဝင်လာခဲ့သည်။

ထိုလူမှာ အလွန်ပင် ထူးဆန်းလှသည်၊ နွေရာသီကြီးတွင် အနက်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးမှာလည်း ဖုန်မှုန့်များနှင့် ပေပွနေသည်။

ဆံပင်များမှာ ငှက်သိုက်ကဲ့သို့ ဖရိုဖရဲဖြစ်နေကာ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများဖြင့် ကြည့်ရဆိုးလှသည်။

စားပွဲထိုးအမျိုးသမီးမှာ ထျဲလန်ယန်ကို ဒေါသထွက်ထားရသဖြင့် သူမ၏ ဒေါသကို ပုံချရန် ဓားစာခံ ရှာနေစဉ်ဖြစ်သည်။

သူဖုန်းစားကဲ့သို့ ပုံစံမျိုးရှိသော ထိုသူကို မြင်သည်နှင့် သူမက ရွံရှာစွာဖြင့် ပြောလိုက်သည်။

"ရဲဘော်... ဒီမှာက ထမင်းစားတဲ့နေရာ၊ ခိုလှုံရေးစခန်း မဟုတ်ဘူး၊ လာပြီး ညစ်ပတ်အောင် မလုပ်မိစေနဲ့။"

ထိုလူက ခေတ္တရပ်လိုက်ပြီး အက်ကွဲကွဲအသံဖြင့် ပြောခဲ့သည်။ "ကျွန်တော် စားဖို့ လာတာပါ။"

စားပွဲထိုးက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ "စားဖို့ ပိုက်ဆံရော ရှိလို့လား။"

"ရှိပါတယ်။"

ထိုလူက အိတ်ကပ်ထဲမှ ပိုက်ဆံအချို့ကို ထုတ်ပေးလိုက်သည်။ "ကျွန်တော့်ကို ခေါက်ဆွဲ သုံးပွဲနဲ့ ဝက်သားနီချက် တစ်ပွဲ ပေးပါ။"

စားပွဲထိုးက မျက်စောင်းထိုးလိုက်သည်။ "စားသောက်ကုန်လက်မှတ်နဲ့ အသားလက်မှတ်တွေရော ဘယ်မှာလဲ။"

ထိုလူမှာ အခက်တွေ့သွားဟန်ဖြင့် ပြောလိုက်သည်။ "ကျွန်တော့်မှာ ပိုက်ဆံပဲ ပါလာလို့ပါ၊ လက်မှတ်တွေ ယူလာဖို့ မေ့သွားတယ်၊ ခဏချေးလို့ ရမလား။ ကျွန်တော် ပိုက်ဆံ ပိုပေးပါ့မယ်။"

သို့သော် စားပွဲထိုးက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ "မရဘူး၊ လကုန်ရင် ငါတို့ စာရင်းပြန်စစ်ရမှာ။"

"ဘယ်လောက်ကုန်တယ်၊ ပိုက်ဆံဘယ်လောက်ဝင်တယ်ဆိုတာ... "

"ငါတို့ဆီမှာ စားသောက်ကုန်လက်မှတ်တွေက အကန့်အသတ်ပဲရှိတာ၊ အားလုံးကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားတာမို့လို့ ငါ့သဘောနဲ့ငါ ဆုံးဖြတ်လို့မရဘူး။"

ထိုလူ -"ကျွန်တော်..."

"ဘာလဲ... လက်မှတ်မပါဘဲ စားချင်တာလား၊ အလကားစားချင်နေတာလား။"

စားပွဲထိုးက စိတ်မရှည်တော့ဘဲ တိုက်ရိုက်ပင် နှင်ထုတ်လေတော့သည်။

"ထွက်သွားတော့၊ နောက်က လူတွေကို အနှောင့်အယှက် မပေးနဲ့၊ မဟုတ်ရင် လူခေါ်လိုက်မှာနော်။"

ဤကဲ့သို့သော ဆက်ဆံရေးမျိုးမှာ အလွန်ပင် ဆိုးရွားလှသည်။

ထျဲလန်ယန်ပင် ဆက်ကြည့်မနေနိုင်တော့ပေ။

စားပွဲထိုးအမျိုးသမီး၏ အမူအရာကို သူမ တကယ်ပင် စိတ်ပျက်မိသည်။

ထို့ကြောင့် သူမသည် ရှေ့သို့ လှမ်းတိုးသွားကာ စားသောက်ကုန်လက်မှတ်နှင့် အသားလက်မှတ် တစ်စောင်စီကို ပစ်ပေးလိုက်သည်။

"ဒီရဲဘော်အတွက် လက်မှတ်တွေကို ကျွန်မ ပေးမယ်၊ မြန်မြန်သာ လုပ်ပေးလိုက်တော့၊ မဟုတ်ရင်တော့ ရှင့်ကို တိုင်ပစ်မယ်။"

စားပွဲထိုးမှာ ဆွံ့အသွားပြီး ထျဲလန်ယန်ကို ရန်သူတစ်ယောက်လို ကြည့်နေသည်။

"ကောင်းပြီလေ... စောင့်ဦး။"

နောက်ဆုံးတွင်တော့ သူမသည် အံကြိတ်လျက် ပြန်ပြောလိုက်ရရှာသည်။

"ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ပိုက်ဆံ ပြန်ပေးပါ့မယ်။"

ထိုလူက လှည့်၍ ထျဲလန်ယန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။

ထျဲလန်ယန် - "မလိုပါဘူး အဘိုး၊ ကျွန်မ ကျွေးတယ်လို့ပဲ သဘောထားလိုက်ပါ၊ ကုသိုလ်ရတာပေါ့။"

သူမ မနေ့ညက ပစ္စည်းတွေ အများကြီး ရထားသဖြင့် စိတ်ဓာတ်တက်ကြွနေကာ စားပွဲထိုးကိုလည်း အနိုင်ပိုင်းနိုင်ခဲ့သဖြင့် သူမ၏ စိတ်ထဲတွင် ကျေနပ်နေသည်။

ထျဲလန်ယန်မှာ နတ်သမီးလေးတစ်ပါးကဲ့သို့ပင် အလင်းရောင်များ တောက်ပနေသယောင် ခံစားနေရသည်။

ထိုစကားကို ပြောပြီးနောက် သူမသည် လှည့်ထွက်လာခဲ့တော့သည်။

သူမ၏ ကျောပြင်ကို ကြည့်ရင်း စုန့်ပိုင်ယွမ်မှာ ကြောင်အမ်းသွားရသည်။

သူ နားကြားမှားနေတာလား။

ထိုအမျိုးသမီးက သူ့ကို "အဘိုး" လို့ ခေါ်သွားတာလား။

သူသည် တာဝန်ဖြင့် ထွက်သွားခဲ့ရသည်မှာ လအနည်းငယ်ရှိပြီဖြစ်သဖြင့် မိမိကိုယ်ကိုယ် ဂရုမစိုက်နိုင်ခဲ့ပေ။ သူက အဲဒီလောက်တောင် အိုစာသွားလို့လား။

ခဏတာမျှ စုန့်ပိုင်ယွမ်တစ်ယောက် သူ့ကိုယ်သူ သံသယများစွာဖြင့် ကျန်ရစ်ခဲ့သည်။

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၃၀

နိုင်ငံပိုင် စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ထျဲလန်ယန်သည် အထည်အလိပ်စက်ရုံသို့ ဘတ်စ်ကားစီး၍ သွားခဲ့သည်။

သူမသည် ဖခင်ဖြစ်သူ၏ အလုပ်နေရာကို ရောင်းချရမည်ဖြစ်ပြီး ၎င်းမှာလည်း ဝင်ငွေရရှိမည့် လမ်းစတစ်ခုပင် ဖြစ်သည်။

ထျဲလန်ယန်သည် စက်ရုံခေါင်းဆောင်ထံ တိုက်ရိုက်သွားရောက်ကာ သူမ၏ ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။

စက်ရုံခေါင်းဆောင်မှာ အံ့အားသင့်သွားခဲ့သည်။ "ဒီအလုပ်ကို တကယ်ပဲ ရောင်းမှာလား။ မင်းက မိန်းကလေးတစ်ယောက်ပဲ၊ ဘဝက ခက်ခဲလိမ့်မယ်၊ အဲဒီအစား မင်းကို ရုံးပိုင်းဆိုင်ရာ အလုပ်တစ်ခုရအောင် ငါ ကူညီပေးရင် မကောင်းဘူးလား။"

ထျဲလန်ယန်က သူ၏ စေတနာကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီး သူမသည် မနက်ဖြန် ကျေးလက်သို့ ဆင်းတော့မည်ဖြစ်ရာ ဤအလုပ်မှာ သူမအတွက် မလိုအပ်တော့ကြောင်း ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ခေါင်းဆောင်မှာ စိတ်လှုပ်ရှားသွားခဲ့သည်။ "ရဲဘော် လန်ယန် ဘာလို့ ကျေးလက်ကို ဆင်းမှာလဲ။ တစ်ယောက်ယောက်က အတင်းအကျပ် ခိုင်းတာလား။ ငါ့ကိုပြောပြပါ၊ ငါ ကူညီပေးမယ်။"

ထျဲလန်ယန် - "စိတ်မပူပါနဲ့၊ ဒါက ကျွန်မကိုယ်တိုင် ဆုံးဖြတ်ချက်ချတာပါ။ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်လို့ပါ။"

သူမ၏ ရန်သူများကို သူမကိုယ်တိုင် ရှင်းလင်းပြီးပြီဖြစ်ရာ အခြားသူ၏ အကူအညီကို မလိုအပ်တော့ပေ။

ခေါင်းဆောင်က သူမကို ထပ်ဖျောင်းဖျချင်သေးသည်။ "လန်ယန်... မင်းအဖေက ငါ့သူငယ်ချင်းပဲ၊ မင်းမှာ အခက်အခဲရှိရင် ငါ့ကို ပြောပါ။"

ထျဲလန်ယန် ခေါင်းခါလိုက်သည်။ "ဦးလေး... တကယ်ပါ၊ ဘာမှမဖြစ်ပါဘူး၊ စိတ်မပူပါနဲ့။"

သူမက ထိုသို့ပြောသဖြင့် ခေါင်းဆောင်လည်း ထပ်မတိုက်တွန်းတော့ပေ။

"ကောင်းပြီလေ၊ မင်းအဖေရဲ့ အလုပ်နေရာက ပေါက်ဈေးအရ ယွမ် ၁၀၀၀ ရလိမ့်မယ်။ မင်း သဘောတူရင် ပိုက်ဆံကို အရင်ပေးလိုက်မယ်၊ ပြီးမှ တစ်ခြားတစ်ယောက်ကို စီစဉ်ပေးလိုက်မယ်။"

ထျဲလန်ယန်: "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်၊ ခေါင်းဆောင်။"

.....

အထည်အလိပ်စက်ရုံမှ ထွက်လာပြီးနောက် ထျဲလန်ယန် သမဝါယမဆိုင်သို့ သွားခဲ့သည်။

ကျေးလက်သို့ သွားရမည်ဖြစ်ရာ လိုအပ်သည်များကို ဝယ်ယူရန်မှာ သဘာဝပင် ဖြစ်သည်။

သမဝါယမဆိုင်မှာလည်း ခေတ်နှင့်အညီ ကျေးလက်သို့ဆင်းမည့်သူများအတွက် မရှိမဖြစ် ဆယ်မျိုးတွဲကို လက်မှတ်မလိုဘဲ ရောင်းချပေးနေသည်။

သို့သော် ဝယ်ယူသူများသည် ကျေးလက်သို့ဆင်းမည့် ထောက်ခံချက်ကို ပြသရမည်ဖြစ်သည်။

ဤသည်မှာ အခွင့်အရေးသမားများက အများအပြား ဝယ်ယူပြီး တကယ်လိုအပ်သူများ မရရှိမည်ကို ကာကွယ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ထိုမရှိမဖြစ် ဆယ်မျိုးမှာ နေ့စဉ်သုံးပစ္စည်းများဖြစ်ပြီး ပိုက်အိတ်အကြီးထဲတွင် ထည့်ပေးထားကာ ၎င်းတို့မှာ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ သဘက်၊ ကြွေခွက်၊ ရေနွေးအိုး၊ ကြွေဇလုံ၊ လက်နှိပ်ဓာတ်မီး၊ အပ်ချုပ်သေတ္တာနှင့် တစ်ရှူးတို့ ဖြစ်သည်။

ထျဲလန်ယန်၏ နေရာလွတ်ထဲတွင် ဤပစ္စည်းများ အများကြီး ရှိနှင့်ပြီးသားဖြစ်သည်။ သူမသည် အိမ်အတော်များများကို မွှေနှောက်သိမ်းပိုက်ခဲ့သည်မဟုတ်ပါလား။

သို့သော် ထျဲလန်ယန်သည် အရံအဖြစ် အသစ်စက်စက် တစ်စုံကို ဝယ်လိုက်သေးသည်။ ပိုက်ဆံကလည်း လိုတာထက် ပိုနေသည်မဟုတ်ပါလား။

ထျဲလန်ယန်သည် လစဉ်သုံး ဂွမ်းထုပ်အချို့ကိုလည်း ဝယ်ယူခဲ့သည်။

ထိုခေတ်က လစဉ်သုံးပစ္စည်းမှာ ဂွမ်းဖြင့် ပြုလုပ်ထားပြီး လျှော်ဖွပ်ကာ ပြန်သုံးရလေ့ရှိသည်။ ဟောင်းနွမ်းသွားမှသာ ပစ်ကြရခြင်းဖြစ်သည်။

ကျေးလက်တောရွာက အမျိုးသမီးတွေဟာ သူတို့ဘာသာသူတို့ အမျိုးသမီးသုံး လစဉ်သုံးပစ္စည်းများကို ကိုယ်တိုင်ချုပ်လုပ်ပြီး သွေးစုပ်ယူနိုင်ဖို့အတွက် အထဲတွင် ထင်းပြာများကို ထည့်သွင်းအသုံးပြုခဲ့ကြသည်။

ထျဲလန်ယန်မှာ ထိုအခြေအနေကို မခံစားနိုင်သဖြင့် ဂွမ်းထုပ်များကို အများအပြား ဝယ်ယူထားလိုက်သည်။

ဒုတိယညွှန်ကြားရေးမှူး ကျန်း၏ အိမ်မှလည်း အဝတ်စအလိပ်ပေါင်း ရာချီ ရထားသေးရာ ကုန်သွားလျှင် အသစ်ပြန်ချုပ်ရန် အခက်အခဲ မရှိပေ။

နေ့စဉ်သုံးပစ္စည်းများအပြင် ထျဲလန်ယန်သည် အသုံးများသော ကိရိယာအချို့ကိုလည်း ဝယ်ခဲ့သည်။

ပလာယာ၊ တူ၊ ဂွ၊ ဝက်အူလှည့်နှင့် ပေကြိုး စသည်တို့ကို ဝယ်ယူရန် စက်မှုလက်မှတ်များ လိုအပ်သည်။

ထျဲလန်ယန်တွင် လက်မှတ်များ အများကြီးရှိသဖြင့် တစ်မျိုးလျှင် တစ်ခုစီ ဝယ်လိုက်သည်။

ကောင်တာမှ အဘိုးကြီးက ဘာလို့ ဒီလောက်အများကြီး ဝယ်တာလဲဟု သိချင်စိတ်ဖြင့် မေးရာ ထျဲလန်ယန်က စက်ဘီးပြင်ရန် လိုအပ်၍ဖြစ်ကြောင်း မုသာဝါဒ အနည်းငယ် သုံးလိုက်သည်။

တကယ်တော့ ထိုကိရိယာများသည် လူသတ်ရန်အတွက် ပို၍ အသုံးဝင်ပုံပေါ်နေသည်...။

အဟမ်း... စကားမှားသွားပြီ၊ စကားမှားသွားပြီ။

၎င်းတို့သည် စက်ဘီးပြင်ရန်အတွက် အလွန်အသုံးဝင်ပြီး သူမ၏ နေရာလွတ်ထဲတွင်လည်း စက်ဘီးတစ်စီး ရှိနေသည်မဟုတ်ပါလား။

ထို့နောက် ထျဲလန်ယန်သည် စားစရာ အချို့ကို သွားဝယ်သည်။

ပွဲကြည့်ရင်း စားရန် မြေပဲနှင့် ဖရဲစေ့များမှာ မရှိမဖြစ်ပင် ဖြစ်သည်။ ၎င်းတို့သည် အတင်းအဖျင်းပြောရင်း စားရန် အကောင်းဆုံးပင် ဖြစ်နေသည်။

ယုန်ဖြူနို့ခဲသကြားလုံးများ၊ အသီးအရသာ ငုံဆေးသကြားလုံးများ၊ မုန့်ချိုခဲ၊ ပီကေနှင့် အခြား အချိုမုန့်များကိုလည်း ဝယ်ခဲ့သည်။

ထို့နောက် ကိတ်မုန့်များ၊ ပေါက်ပေါက်ဆုပ်၊ သကြားကိတ်များကို တစ်မျိုးလျှင် ပေါင် ၁၀ ခန့်စီ ဝယ်ယူထားလိုက်ရာ ဗိုက်ဆာသည့်အချိန်တိုင်း စားနိုင်မည်ဖြစ်သည်။

ကျန်းချွေ့၏ အိမ်မှ ယူလာသော မုယောနို့မှုန့်များ ကုန်လုနီးပါး ဖြစ်နေသဖြင့် ထျဲလန်ယန်သည် နောက်ထပ် ၅ ဘူး ထပ်ဝယ်လိုက်သည်။

၎င်းသည် အဟာရဖြစ်စေသော အားဆေးတစ်မျိုးဖြစ်ပြီး ချိုမြိန်မွှေးကြိုင်ကာ နို့ကဲ့သို့ပင် ဗိုက်ပြည့်စေသည်။

နောက်ဆုံးတွင်တော့ မီးဖိုချောင်သုံး အမွှေးအကြိုင်များဖြစ်သော ပဲငံပြာရည်၊ နှမ်းဆီ၊ ဆား၊ ငရုတ်သီးဆော့စ် စသည်တို့ကို ဝယ်ယူခဲ့သည်။

သမဝါယမဆိုင်သို့ သွားသည့် ဤခရီးတွင် ထျဲလန်ယန်သည် ယွမ် ၁၀၀ ခန့် အသုံးပြုခဲ့သည်။

အိမ်ပြန်ရောက်သောအခါ ထိုပစ္စည်းများကို နေရာလွတ်ထဲသို့ ထည့်လိုက်ပြီး သူမ၏ ပိုင်ဆိုင်မှုအားလုံးကို စာရင်းစစ်တော့သည်။

ယခုရက်ပိုင်း အသုံးပြုခဲ့သည်များကို ဖယ်လိုက်လျှင် အလုပ်နေရာရောင်းရငွေ ယွမ် ၁၀၀၀ အပါအဝင် သူမတွင် ယွမ် ၂၀၀၀၀ ခန့် ကျန်ရှိနေသည်။

၇၀ ခုနှစ်ဝန်းကျင်တွင် ယွမ်သောင်းချီ ချမ်းသာသည်မှာ အလွန်ပင် အံ့အားသင့်စရာကောင်းလှသည်။

သို့သော် ထျဲလန်ယန်ကတော့ ကျေနပ်ခြင်း မရှိသေးပေ။

ပြန်လာသည့်အခါ ခြံဝင်းနှင့် အိမ်အများအပြား ဝယ်ယူရန် သူမတွင် ပိုက်ဆံပို၍ လိုအပ်သေးသည်။

ထျဲလန်ယန်၏ မျက်လုံးများမှာ ခြံဝင်းအပြင်ဘက်ရှိ မြေနက်ပိုင်းဆီသို့ ကျရောက်သွားသည်။

ခဏလေးအတွင်းမှာပင် ထိုမြေနက်ပေါ်၌ စိုက်ပျိုးထားသော ကောက်ပဲသီးနှံများမှာ ကောင်းမွန်စွာ ရှင်သန်နေပြီး နောက်ထပ် တစ်လခွဲခန့်အကြာတွင် ရိတ်သိမ်းနိုင်တော့မည်ဖြစ်သည်။

ထိုအချိန်ရောက်လျှင် သူမသည် ကျေးလက်သို့ ရောက်ရှိနေလိမ့်မည်။

သူမသည် မြို့နယ်ရှိ မှောင်ခိုဈေးသို့ သွားကာ သီးနှံများကို ရောင်းချမည်ဖြစ်ရာ သူမ၏ ဘဏ္ဍာတိုက်လေးမှာ ပို၍ ပြည့်လျှံလာတော့မည်။

စားနပ်ရိက္ခာ - မှောင်ခိုဈေးမှ ဝယ်ထားသည့် ဆန်နှင့် အခြားမိသားစု သုံးစုထံမှ သိမ်းယူထားသည်များမှာ သူမအတွက် တစ်လစာ လုံလောက်သည်။

နေ့စဉ်သုံးပစ္စည်းများမှာလည်း အခက်အခဲမရှိပေ။ သမဝါယမဆိုင်မှ ဝယ်လာသည်များနှင့် နေရာလွတ်ထဲရှိ ပစ္စည်းများ ပေါင်းလိုက်လျှင် လအတော်ကြာ အသုံးခံလိမ့်မည်။

နောက်ဆုံးအနေဖြင့် သူမ၏ ရတနာသိုက်အိမ်ကြီး ရှိသေးသည်။

သူမ၏ နေရာလွတ်ထဲတွင် ရွှေ၊ ငွေ၊ ရတနာများ၊ ကျောက်စိမ်းများ၊ ရှေးဟောင်းပစ္စည်းများ၊ ကြွေထည်များ၊ ပန်းချီနှင့် လက်ရေးမူများ၊ ငွေစက္ကူများ၊ တံဆိပ်ခေါင်းများနှင့် မောင်းထိုင် အရက်များ အစရှိသဖြင့် စုံလင်လှစွာသော ရတနာများ ပြည့်နှက်နေသည်‌။ ထိုပစ္စည်းများမှာ သူမအနေဖြင့် မှောင်ခိုဈေးကွက်၊ အဟောင်းဆိုင်များ၊ ကုန်သွယ်မှုပြုခြင်းနှင့် ပြန်လည်သိမ်းဆည်းရယူခြင်းတို့မှတစ်ဆင့် စုဆောင်းရရှိထားခဲ့ခြင်း ဖြစ်သည်‌။

ထျဲလန်ယန်သည် အားသည့်အချိန်တိုင်း ထိုနေရာသို့ သွားကြည့်လေ့ရှိသည်။

ဤအရာများမှာ သူမ၏ အနာဂတ်အတွက် ဘီလီယံနှင့်ချီတန်သော အရင်းအနှီးများဖြစ်ရာ သူမ အလွန်ပင် ပျော်ရွှင်နေမိသည်။

အခွင့်အရေးရလျှင်တော့ နေရာလွတ် ပြည့်သည်အထိ ထပ်မံ စုဆောင်းဦးမည်ဖြစ်သည်။

ဘယ်သူမှ ပိုက်ဆံအများကြီးရှိတာကို ငြင်းပယ်မည်မဟုတ်ပေ။

ဆင်းရဲခဲ့ရသည်မှာ ကြာပြီဖြစ်သော သူမအတွက်တော့ ပို၍ပင် လောဘတက်မိနေသည်။

ထျဲလန်ယန်သည် နေရာလွတ်ကို ပြန်လည်ရှင်းလင်းရန် နှစ်နာရီခန့် အချိန်ပေးလိုက်သည်။

သူမသည် ပစ္စည်းများကို အမျိုးအစားအလိုက် ခွဲခြားပြီး ပရိဘောဂများကို သေချာနေရာချလိုက်ရာ အရာအားလုံးမှာ သပ်ရပ်ကာ နေချင်စဖွယ် ဖြစ်သွားတော့သည်။

ဤသည်များကို လုပ်ဆောင်ပြီးနောက် ထျဲလန်ယန်သည် မီးဖိုချောင်သို့ သွားကာ အသားပေါက်စီများ စတင်ပြုလုပ်တော့သည်။

သူမတွင် ဝက်သားများ အများကြီး ကျန်နေသေးသဖြင့် ၎င်းတို့ကို နုတ်နုတ်စင်းကာ အသားပေါက်စီများ လုပ်လိုက်ခြင်းဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် နေရာလွတ်ထဲတွင် ထည့်ထားလျှင် လတ်ဆတ်နေမည်ဖြစ်ရာ ဘယ်လောက်ကြာကြာ မပျက်စီးဘဲ စားချင်သည့်အခါမှ ပြန်နွေးစားရုံပင် ဖြစ်သည်။

ထျဲလန်ယန်သည် အသားပေါက်စီ အလုံး ၁၀၀ ခန့် ပြုလုပ်ခဲ့သည်။

အပြင်ဘက်တွင် မှောင်နေပြီဖြစ်ပြီး သူမလည်း ဗိုက်ဆာနေပြီဖြစ်ရာ ညစာအဖြစ် ပေါက်စီကိုသာ စားရန် ဆုံးဖြတ်လိုက်သည်။

ပေါက်စီမှာ အပြင်သားပါးပါးနှင့် အစာသွတ်အပြည့်ပါကာ တစ်လုပ်စားလိုက်လျှင်ပင် အသားအရသာမှာ စိမ့်ဝင်နေပြီး နူးညံ့လှသည်။

ထျဲလန်ယန်မှာ သူမကိုယ်သူမ မထိန်းနိုင်ဘဲ ပေါက်စီအကြီး ၅ လုံးတောင် စားပစ်လိုက်သည်။

စားပြီးနောက်တွင် မုယောနို့တစ်ခွက် သောက်လိုက်ရာ သူမ၏ စိတ်မှာ လန်းဆန်းသွားတော့သည်။

ခဏတာ အနားယူပြီးနောက် ထျဲလန်ယန်သည် ဆက်လက် အလုပ်လုပ်ပြန်သည်။

အမဲနံရိုးများကို ချက်ပြုတ်နေစဉ်တွင်လည်း သူမ အချိန်အလဟဿအကုန်မခံဘဲ ကျေးလက်သို့သွားမည့် ရထားခရီးစဉ်အတွက် အထုတ်အပိုးများကို ပြင်ဆင်နေခဲ့သည်။

ပိုက်အိတ်အကြီးထဲတွင် မရှိမဖြစ် ဆယ်မျိုးကို ထည့်ထားသည်မှာ အများအမြင်တွင် ပြသရန်ဖြစ်သည်။

သားရေလက်ဆွဲအိတ်ထဲတွင်တော့ အဝတ်အစားများနှင့် လိမ္မော်သီးစည်သွပ်ဘူး အချို့ကို ထည့်ထားသည်။

အလူမီနီယမ် ထမင်းချိုင့် နှစ်ခုရှိရာ တစ်ခုထဲတွင် ပေါက်စီ ၅ လုံးနှင့် အခြားတစ်ခုထဲတွင် ပြုတ်ထားသော ကြက်ဥ ၄ လုံးနှင့် ကိတ်မုန့်အချို့ ပါဝင်သည်။

ဤသည်မှာ ထျဲလန်ယန်၏ တစ်နေ့စာ အစားအစာဖြစ်သည်။

ရာသီဥတု ပူပြင်းနေသဖြင့် သူမ အခြားအရာများကို မသယ်ရဲပေ။

နောက်မှ နေရာလွတ်ထဲမှ ထုတ်စားနိုင်သလို ရထားပေါ်တွင်လည်း ထမင်းဘူး ဝယ်စားနိုင်သည်မဟုတ်ပါလား။

နောက်ဆုံးတွင်တော့ ထျဲလန်ယန်သည် ဆံပင်ရှေ့ဖျားကို ခပ်ထူထူညှပ်လိုက်ပြီး မှန်မပါသော မျက်မှန်အနက်ကြီးကို တပ်လိုက်သည်။

မှန်ထဲတွင်တော့ ဆံပင်ကျစ်ဆံမြီးကျစ်ထားပြီး အစိမ်းရောင်အိတ်ကို လွယ်ထားသော မိန်းကလေးတစ်ယောက် ပေါ်လာတော့သည်။

အင်း... မဆိုးပါဘူး။

သူမပုံမှာ ရိုးရိုးအေးဆေးလှပြီး မည်သူ့ကိုမှ ရန်မူမည့်ပုံ မပေါက်ပေ။

သူမမှာ ကိုယ်အလေးချိန် အနည်းငယ် တက်လာသဖြင့် ပို၍ လှလာသည်။

ကျေးလက်ရောက်သည့်အခါ အထူးတလည် ဆက်ဆံခံရမည်ကို မလိုလားသဖြင့် ခပ်အေးအေးသာ နေရန် ဆုံးဖြတ်လိုက်သည်။

နားမလည်သလို ဟန်ဆောင်ရင်း တိတ်တဆိတ် အောင်မြင်အောင် လုပ်ကြတာပေါ့၊ သွားစို့။

All Chapters