← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အပိုင်း ၃၁

နောက်တစ်နေ့ မွန်းတည့်ချိန်တွင်…

ထျဲလန်ယန်တစ်ယောက် ကျေးလက်သို့ဆင်းမည့် ရထားပေါ်သို့ ချောချောမောမောပင် တက်နိုင်ခဲ့သည်။

အားလပ်ရက်လည်း မဟုတ်၊ ကျေးလက်ဆင်းမည့်သူများ များပြားသည့် ရာသီလည်း မဟုတ်သဖြင့် သူမ ထင်ထားသလောက် လူမကျပ်လှပေ။

ထို့အပြင် ထိုင်ခုံနေရာများမှာလည်း ရောနှောနေပြီး သူမစီးသည့် တွဲထဲတွင် လူပေါင်းစုံ၊ အလွှာပေါင်းစုံ ပါဝင်နေသည်။

ထျဲလန်ယန်၏ ဘေးတွင်တော့ အတင်းအဖျင်းပြောရသည်ကို ဝါသနာပါသော အဒေါ်ကြီးအချို့ ထိုင်နေကြသည်။

ထိုသူများမှာ လမ်းတစ်လျှောက်လုံးတွင် လက်ဟန်ခြေဟန် အားရပါးရဖြင့် အတင်းများကို တဖွဲဖွဲ ပြောနေကြတော့သည်။

အတင်းအဖျင်း နားထောင်ရသည်ကို ဝါသနာပါသော ထျဲလန်ယန်ကတော့ သူတို့နှင့် ပူးပေါင်းရန် သဘာဝအတိုင်းပင် ရွေးချယ်လိုက်သည်။

"ရော့... အဒေါ်တို့၊ ဒါလေးတွေ ဝါးရင်း ပြောကြတာပေါ့။"

"အို... မိန်းကလေးက ယဉ်ကျေးလိုက်တာ၊ လာပါ... လာ... ငါတို့နဲ့အတူ ပြောကြတာပေါ့။"

ဖရဲစေ့ လက်တစ်ဆုပ်စာကြောင့်ပင် ထျဲလန်ယန်သည် အဒေါ်ကြီးများ၏ အတင်းအဖျင်းဝိုင်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

သူမသည် အလွန်ပင် ထူးဆန်းအံ့သြဖွယ်ကောင်းသော ပုံပြင်များကိုလည်း ကြားခဲ့ရသည်။

ဥပမာအားဖြင့်... ယောက်ျားဖြစ်သူ ဆုံးပါးသွားပြီးနောက် ညီဖြစ်သူက မရီးဖြစ်သူနှင့် ငြိစွန်းသွားကာ မိသားစုတစ်ခုလုံး၏ နှင်ထုတ်ခြင်းကို ခံလိုက်ရသည့် ဝမ်းနည်းစရာ ဇာတ်လမ်းမျိုး ဖြစ်သည်။

နောက်ထပ် ဇာတ်လမ်းတစ်ခုမှာလည်း နှစ်အတော်ကြာ လက်ထပ်ထားသော ဇနီးမောင်နှံတွင် ယောက္ခမဖြစ်သူက သားနှင့် ချွေးမကြားထဲတွင် ဝင်အိပ်ချင်နေပြီး ချွေးမဖြစ်သူကိုလည်း "ဥ မ ဥနိုင်ရကောင်းလား" ဟု နေ့တိုင်း ဆဲဆိုနေသည့် အဖြစ်မျိုးပင် ဖြစ်သည်။

ထျဲလန်ယန်မှာ ဆွံ့အသွားရသည်၊ အတူမအိပ်ဘဲနဲ့ ကလေးက ဘယ်လိုရမှာလဲ၊ ပါးစပ်နဲ့ မွေးမှာမို့လို့လား။

ထျဲလန်ယန် - .......

ကောင်းမွန်တဲ့ မိသားစုလေး တစ်ခုကတော့ ဒီလိုနဲ့ ပျက်စီးသွားရတာ တကယ်ပဲ ရယ်စရာကောင်းလှသည်။

ကိုယ်ဝန်ဆောင် ချွေးမကို အညစ်အကြေးများစားခိုင်းသဖြင့် သွေးလွန်ကာ ဗိုက်ထဲတွင် ကလေးသေသွားသည့် ယောက္ခမများအကြောင်းလည်း ပါသေးသည်။

ဤအရာအားလုံးမှာ မိသားစုရေးရာ အတင်းအဖျင်းများဖြစ်ပြီး အိမ်တွင်းရေး ဒရာမာ ဝတ္ထုတစ်ပုဒ်အဖြစ်ပင် ရေးသားနိုင်သည်။

ထျဲလန်ယန်သည် လမ်းတစ်လျှောက်လုံး ဖရဲစေ့များကို ဝါးနေရင်း အလွန်ပင် ပျော်ရွှင်နေမိသည်။

သူမကိုယ်သူမ ကံကောင်းသည်ဟုလည်း ခံစားမိသည်။

ခေတ်ဟောင်းဝတ္ထုများထဲကလို မြေး၀ဝကောင်လေးကို ခေါ်လာပြီး ဗိုလ်ကျတတ်သည့် အဘွားကြီးမျိုးနှင့်လည်း မဆုံသလို ပြုံးပြုံးလေးနှင့် လူကုန်ကူးတတ်သည့် မြေခွေးအိုကြီးမျိုးနှင့်လည်း မတွေ့ခဲ့ပေ။

အတိုချုပ်ပြောရလျှင် သုံးရက်နှင့် သုံးည ခရီးစဉ်အတွင်း အိပ်ရေးမဝသဖြင့် ခါးနာ၊ တင်ပါးနာသည်မှအပ အခြား အခက်အခဲ မရှိခဲ့ပေ။

ထျဲလန်ယန်သည် ထိုအဒေါ်ကြီးများထက် အရင် ရထားပေါ်မှ ဆင်းခဲ့ရသည်။

ရထား ဘူတာသို့ ဆိုက်ခါနီးအချိန်တွင် အဒေါ်ကြီးတစ်ဦးက ပေါက်ကွဲစေတတ်သော အတင်းအဖျင်းတစ်ခုကို ထပ်ပြောလိုက်ပြန်သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က သူမတို့ အိမ်နီးချင်းရွာတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

သားဖြစ်သူက သူ၏ ၅ နှစ်အရွယ် ကလေးမှာ သူနှင့် လုံးဝမတူကြောင်း သိသွားပြီး ဆေးရုံတွင် သွေးစစ်ကြည့်သောအခါ သွေးအမျိုးအစား မတူညီကြောင်း တွေ့ရှိခဲ့ရသည်။

သူက ဒေါသတကြီးဖြင့် ကလေးကို လည်ပင်းညှစ်သတ်ရန် ကြိုးစားစဉ် ဘေးနားရှိ သူ၏ ဖခင်ဖြစ်သူက ပြေးထွက်လာကာ ကလေးမှာ သူ၏ကလေးဖြစ်ကြောင်း ပြော၍ တားဆီးခဲ့သည်။

ချွေးမဖြစ်သူမှာလည်း ပါးစပ်ကို ပိတ်ကာ အပြစ်ရှိသလို ငိုကြွေးနေတော့သည်။

အမေဖြစ်သူမှာလည်း တုန်လှုပ်သွားသော်လည်း အနည်းငယ် ပျာယာခတ်နေကာ ဘေးရှိ ဦးလေးကြီးတစ်ဦးကို ခိုးကြည့်နေပြန်သည်။

သားဖြစ်သူမှာ ဒေါသထိပ်သို့ ရောက်သွားပြီး ဓားကိုကောက်ကိုင်ကာ သူ့အဖေကို သတ်ရန် ပြင်တော့သည်။

ထိုအချိန်တွင် အဘွားဖြစ်သူက ပြန်ပြေးထွက်လာပြီး တားမြစ်ပြန်သည်မှာ…

"မခုတ်ပါနဲ့၊ ငါ့ကိုပဲ ခုတ်လိုက်ပါတော့၊ ငါလည်း အသက်မရှင်ချင်တော့ဘူး။"

အဘိုးဖြစ်သူက နှာခေါင်းရှုံ့ကာ "အားလုံးက အယုတ်တမာတွေချည်းပဲ၊ အကုန်သေသင့်တယ်။"

လူအုပ်ထဲတွင် ရှိနေသော အဘိုး၏ တူဖြစ်သူမှာလည်း မျက်နှာလွှဲကာ ထွက်ပြေးသွားတော့သည်။

ဒါဆိုရင် အဖေ၊ သားနဲ့ ကလေးက ဘယ်သူ့ကလေးတွေလဲ၊ သူတို့ရဲ့ ပတ်သက်မှုက ဘာလဲ။

ထျဲလန်ယန်မှာ လုံးဝကို ဇဝေဇဝါ ဖြစ်သွားရသည်။

ရထား ဘူတာဆိုက်သည်အထိ သူမ စဉ်းစားမရခဲ့ပေ။ (မည်သူမဆို သိလျှင် ကျွန်ုပ်အား တိုးတိုးလေး ပြောပြပေးပါ၊ ကျွန်ုပ်က လန်ယန်လေးကို ပြန်ပြောပြပေးပါမည်။)

အဓိကက ထိုအတင်းအဖျင်းတွင် နောက်ဆက်တွဲ ရှိနေခြင်းပင် ဖြစ်သည်။

ထျဲလန်ယန်မှာ ဇာတ်သိမ်းကို မကြားလိုက်ရဘဲ ရထားပေါ်မှ ဆင်းခဲ့ရသည်။

နှမြောစရာကြီးပဲ။

…….

မြို့နယ် ဘူတာရုံ၏ ထွက်ပေါက်တွင်…

ထျဲလန်ယန်သည် လက်တစ်ဖက်တွင် ပိုက်အိတ်အကြီးကြီးကို ဆွဲထားပြီး အခြားလက်တစ်ဖက်တွင် လက်ဆွဲအိတ်ကို ကိုင်ထားသည်။

ခဏမျှ လမ်းလျှောက်ပြီးနောက် ဆိုင်းဘုတ်တစ်ခုကို ကိုင်ကာ အော်ဟစ်နေသော ရဲဘော်တစ်ဦးကို သူမ တွေ့လိုက်ရသည်။

"ကျေးလက်ဆင်းမယ့် ရဲဘော်တို့... ဒီဘက်ကို လာကြပါ၊ ကျွန်တော်က ယွင်ရွှေမြို့နယ် ပညာတတ်လူငယ်ရုံးကပါ၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ။"

အထုပ်အပိုးများ သယ်ဆောင်ထားသော အင်အားပြည့် လူငယ် ရာပေါင်းများစွာမှာ လူအုပ်ထဲမှနေ၍ သူ့ဆီသို့ ပြေးသွားကြသည်။

ထျဲလန်ယန်လည်း အမြန်ပင် လိုက်သွားခဲ့သည်။

လူစုပြီးနောက် လာကြိုသော ရဲဘော်က သတိထားရမည့် အချက်အချို့ကို ပြောပြကာ သူတို့ကို နားနေရန် ခေါ်သွားသည်။

ယခုအခါ မှောင်လုနီးပြီဖြစ်ပြီး မြို့သို့သွားမည့် ဘတ်စ်ကားလည်း မရှိတော့သဖြင့် အားလုံးကို တည်းခိုခန်း သို့မဟုတ် တခြားသူများ၏ အိမ်တွင် တည်းခိုရန် စီစဉ်ပေးလိုက်သည်။

ယွင်ရွှေမြို့နယ်တွင် မြို့နယ်ခွဲ ၂၀ ခန့်ရှိပြီး မြို့နယ်ခွဲတစ်ခုစီတွင် ရွာပေါင်း ၁၀ ရွာကျော် ရှိသည်။

ထျဲလန်ယန်နှင့် ရွာအတူတူ ကျေးလက်ဆင်းမည့်သူ သုံးဦးရှိရာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်သည်။

ထျဲလန်ယန်သည် ဟဲအိုက်လင်း အမည်ရှိ အမျိုးသမီးနှင့် အခန်းဖော် ဖြစ်သွားသည်။

ထျဲလန်ယန်၏ ရိုးရှင်းသော ဝတ်စားဆင်ယင်မှုနှင့် အေးဆေးတိတ်ဆိတ်သော ပုံစံကို မြင်သောအခါ…

ဟဲအိုက်လင်းသည် အမြဲတမ်းပင် အထက်စီးမှ ပြောဆိုတော့သည်။

သူမသည် အထုပ်အပိုးများကို ချလိုက်သည်နှင့် ထျဲလန်ယန်ကို စတင် အမိန့်ပေးတော့သည်။

"ရဲဘော် ထျဲလန်ယန်... ပြီးရင် မျက်နှာသစ်ဖို့ ရေနွေး သွားခပ်ဦး၊ ကျွန်မအတွက်ပါ တစ်ခါတည်း ခပ်ခဲ့ပေးနော်၊ ကျွန်မကတော့ လှုပ်တောင် မလှုပ်ချင်တော့ဘူး။"

မြို့နယ်လေးရှိ တည်းခိုခန်းမှာ မြို့ကြီးများကဲ့သို့ မဟုတ်ဘဲ ရေနွေးခပ်ရန် ကိုယ်ပိုင် ရေနွေးအိုးဖြင့် ကိုယ်တိုင် သွားခပ်ရခြင်း ဖြစ်သည်။

ထျဲလန်ယန်သည် အထုပ်ပြင်ရန် ငုံ့နေရင်း ထိုစကားကို ကြားသောအခါ မော့ပင်မကြည့်ဘဲ ပြောလိုက်သည်။

"ရေနွေး လိုချင်ရင် ကိုယ့်ဘာသာ သွားခပ်၊ ငါ မကူညီနိုင်ဘူး။"

အကယ်၍ တစ်ဖက်လူက ကောင်းကောင်းမွန်မွန် တောင်းဆိုခဲ့လျှင် သူမ ကူညီကောင်း ကူညီမိလိမ့်မည်။

သို့သော် ဟဲအိုက်လင်းက အမိန့်ပေးသည့် လေသံမျိုး သုံးခဲ့သဖြင့် ထျဲလန်ယန်ကတော့ သည်းခံမည် မဟုတ်ပေ။

ဟဲအိုက်လင်းသည် ထိုစကားကို ကြားသောအခါ တကယ်ပင် ဒေါသထွက်သွားခဲ့သည်။

"နင်က တကယ့်ကို ပျင်းစရာကောင်းတာပဲ၊ ဒါလေး ကူညီတာကိုပဲ သူတစ်ပါးကို ကူညီချင်စိတ် မရှိဘူးလား။"

ထျဲလန်ယန် ပြုံးလိုက်သည်။ "နင်တစ်ယောက်ပဲ ကူညီချင်စိတ် ရှိနေတာ၊ ဘာလို့ တည်းခိုခန်းထဲက ရဲဘော်တွေအားလုံးအတွက် ရေနွေး သွားမခပ်ပေးတာလဲ။"

"အဲလိုသာ လုပ်နိုင်ရင်တော့ ငါ နင့်ကို လက်မထောင်ပြီး ချီးကျူးလိုက်မယ်။"

ဟဲအိုက်လင်းက ခြေဆောင့်ကာ ပြောလိုက်သည်။ "နင်ကတော့ အဓိပ္ပာယ်မရှိတာပဲ။ နင် ငါ့ကို နှိပ်စက်တယ်လို့ ကျန်းစန်တို့ကို သွားပြောပြမယ်။"

ကျန်းစန်နှင့် လီစီမှာ ဘေးခန်းရှိ အမျိုးသား နှစ်ဦး၏ အမည်များ ဖြစ်သည်။

ဟဲအိုက်လင်းသည် သူတို့နှင့် ရထားအတူတူ စီးလာခဲ့သဖြင့် ပို၍ ရင်းနှီးနေခြင်း ဖြစ်သည်။

ထျဲလန်ယန် မျက်ခုံးပင့်လိုက်သည်။

ကျေးလက်ကို ရောက်သည့် ပထမဆုံးနေ့မှာတင် ထူးဆန်းသည့်လူနှင့် တွေ့ရနေပြီ။

ဟဲအိုက်လင်း ဝတ်ထားသည့် အရောင်လွင့်နေသော ပန်းပွင့်ရှပ်အင်္ကျီကြောင့်သာ မဟုတ်လျှင် သူမကို အလိုလိုက်ခံထားရသည့် သူဌေးသမီးဟုပင် ထင်မိလိမ့်မည်။

ဒါနဲ့... သူမက ဘာလို့ ထျဲလန်ယန်ကို အနိုင်ကျင့်ရလွယ်မယ်လို့ ထင်နေရတာလဲ။

"နင် ဘာမှ မပြောတော့ဘူးလား၊ ကြောက်သွားတာလား။ ဟွန်း။"

ဟဲအိုက်လင်းက လက်ပိုက်ကာ သူမကို မောက်မာစွာ ကြည့်လိုက်သည်။

"ရဲဘော် ထျဲလန်ယန်... နင့်ပုံစံက အလွန်ကို ရိုးလွန်းတယ်၊ ကျေးလက်မှာ နင့်ကို ဘယ်သူမှ ကူညီမှာ မဟုတ်ဘူး၊ ငါ့ကို မျက်နှာချိုသွေးဖို့ အချိန်ရှိပါသေးတယ်။"

"ငါက ကျန်းစန်တို့နဲ့ ရင်းနှီးတယ်၊ နင့်ရဲ့ အလုပ်ကြမ်းတွေကို သူတို့ကို ကူညီခိုင်းလို့ ရတယ်၊ မဟုတ်ရင်တော့ နင် တစ်ယောက်တည်း အသက်ရှင်ဖို့ မလွယ်ဘူး။"

ဩော်... သူမက အရမ်း ရိုးရိုးရှင်းရှင်း ဝတ်ထားလို့ အထင်သေးခံနေရတာကိုး။

သူမက ထျဲလန်ယန်ကို အခိုင်းအစေ လုပ်ခိုင်းချင်နေပြီး ဆင်ခြေအကောင်းစားတွေ ပေးနေတာက တကယ်ပဲ ရယ်စရာကောင်းလှသည်။

"ဟဲအိုက်လင်း... နင်က ဘယ်က ယုံကြည်ချက်တွေ ရနေတာလဲ။ နင့်ရဲ့ ဖိနပ်ပုံစံ မျက်နှာပေါက်နဲ့ နင်ကိုယ်နင် နတ်သမီးလို့ ထင်နေတာလား။"

ထျဲလန်ယန်က သနားညှာတာခြင်းမရှိဘဲ ပြန်တုံ့ပြန်လိုက်သည်။

ဟဲအိုင်းလင်းရဲ့ မျက်နှာက ဒေါသကြောင့် နီရဲသွားခဲ့သည်။ "နင်...နင် ခဏစောင့်!"

ထျဲလန်ယန်က ပခုံးတွန့်ပြလိုက်သည်။ "ကောင်းပြီလေ၊ ငါ စောင့်နေမယ်။"

ဟဲအိုက်လင်းကတော့ သူမအတွက် အသေးအဖွဲလေးသာဖြစ်ပြီး လက်တစ်ဖက်တည်းနှင့်ပင် ချေမှုန်းပစ်နိုင်သည်။

ကျေးလက်က ဘဝကတော့ ပျင်းစရာကောင်းမှာ မဟုတ်တော့ဘူးထင်ပါရဲ့။

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၃၂

နောက်တစ်နေ့နံနက်တွင်…

ထျဲလန်ယန် နိုးလာသောအခါ ဟဲအိုက်လင်း မရှိတော့သည်ကို တွေ့လိုက်ရသည်။

သူမသည် ဘေးခန်းမှ အမျိုးသားနှစ်ဦးနှင့်အတူ တိတ်တဆိတ် ထွက်သွားခဲ့ခြင်း ဖြစ်သည်။

ထျဲလန်ယန်ကတော့ ဂရုမစိုက်ဘဲ ကွေ့ရွှေမြို့သို့ ဘတ်စ်ကားစီး၍ သွားခဲ့သည်။

သူမ ထိုနေရာသို့ ရောက်သောအခါ ပညာတတ်လူငယ်များကို လာကြိုသည့် နွားလှည်းမှာ ရွာသို့ ပြန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

ဘေးနားရှိ အဘိုးကြီးတစ်ဦးက အံ့သြတကြီးဖြင့် ပြောလိုက်သည်။ "ပညာတတ်လူငယ် သုံးယောက်ပဲ ရှိတယ်လို့ ပြောထားတာ မဟုတ်လား။ ဘာလို့ နောက်တစ်ယောက် ပိုနေရတာလဲ။"

"ကွေ့ဟွာရွာက ရွာလူကြီး လီကတော့ တကယ်ကို ဝေခွဲမရဖြစ်နေပြီပဲ၊ လူဦးရေကိုတောင် သေချာမစစ်ဘဲ ပြန်သွားတာကိုး။"

"ဒီရက်ပိုင်း လယ်ကွင်းထဲမှာ အလုပ်အရမ်းများနေတာ၊ နွားအိုကြီးကိုလည်း လယ်ထွန်ဖို့ သုံးရဦးမယ်၊ သူ ဒီနေ့ မြို့ကို ပြန်လာမှာ မဟုတ်ဘူး။"

"မိန်းကလေး... နင်တော့ ဒုက္ခရောက်ပြီ၊ ရွာအထိ ခြေကျင်ပဲ လျှောက်သွားရတော့မယ်၊ သုံးနာရီလောက်တော့ လျှောက်ရလိမ့်မယ်။"

ထျဲလန်ယန် - .......

ဒါက ဘာလို့ သူတစ်ပါး ဘေးဒုက္ခရောက်တာကို ဝမ်းသာနေတဲ့ အသံမျိုး ဖြစ်နေရတာလဲ။

ဒါဆိုရင် ဒါက သူမရဲ့ အခိုင်းအစေ မလုပ်ခဲ့လို့ ဟဲအိုက်လင်းရဲ့ လက်စားချေမှုပေါ့လေ။

ဟမ့်.. ဒီလို ကလေးကလား လက်စားချေမှုမျိုးကိုတော့ သူမ ဂရုမစိုက်ပါဘူး။

အကယ်၍ အခြားသူသာဆိုလျှင် အခုလောက်ဆို ငိုယိုနေလောက်ပြီ ဖြစ်သည်။

သို့သော် ထျဲလန်ယန်ကတော့ စိုးရိမ်ပူပန်ခြင်း မရှိပေ။

ဘာပဲဖြစ်ဖြစ်... ဒီစက်ဘီးက ဘယ်ကရောက်လာမှန်း ဘယ်သူမှ သိမှာမဟုတ်ဘူး။

အကယ်၍ တစ်ယောက်ယောက်က တွေ့သွားရင်လည်း ပေကျင်းကနေ ကုန်တင်ကားမောင်းတဲ့ သူငယ်ချင်းတစ်ယောက်က ကြုံလို့ ပို့ပေးသွားတာလို့ပဲ ပြောလိုက်မည်။

မရှိတဲ့လူကို ရှိသယောင် ဖန်တီးလိုက်တာမို့ ဘယ်သူမှလည်း လိုက်ရှာလို့ ရမှာမဟုတ်ချေ။

ဟေး... ငါကတော့ တကယ်ကို တော်တာပဲ။

နွားလှည်းနဲ့ဆို ၂ နာရီလောက် သွားရမှာကို စက်ဘီးနဲ့ဆို ၁ နာရီကျော်ပဲ ကြာမှာဆိုတော့ ပိုတောင် မြန်သေးသည်။

စဉ်းစားကြည့်ရင်တော့ ဟဲအိုက်လင်းကိုတောင် ကျေးဇူးတင်ရဦးမယ်။

ထျဲလန်ယန်သည် ထိုအဘိုးကြီးကို ကွေ့ဟွာရွာသို့ သွားသည့်လမ်းအကြောင်း မေးမြန်းလိုက်သည်။

ကံကောင်းစွာဖြင့် လမ်းကြောင်းက သိပ်မရှုပ်ထွေးလှသဖြင့် အဘိုးကြီးပြောပြသည်ကို သူမ ခန့်မှန်းခြေ မှတ်သားထားလိုက်သည်။

အဘိုးကြီးကို နှုတ်ဆက်ပြီးနောက် ထျဲလန်ယန်သည် လူသူကင်းဝေးသော နေရာတစ်ခုသို့ သွားကာ သူမ၏ ခိုပျံ စက်ဘီးကို ထုတ်လိုက်သည်။

သူမသည် ပိုက်အိတ်နှင့် လက်ဆွဲအိတ်ကို စက်ဘီးနောက်ခုံတွင် ကြိုးဖြင့် သေချာချည်နှောင်လိုက်သည်။

ထျဲလန်ယန်သည် ပေါ့ပေါ့ပါးပါးပင် စတင်ထွက်ခွာခဲ့တော့သည်။

ဒါက သူမအတွက် ခိုပျံ စက်ဘီးကို ပထမဆုံးစီးဖူးခြင်းဖြစ်ရာ အနည်းငယ် အသားမကျသေးပေ။

စက်ဘီးလက်ကိုင်က အရမ်းလေးနေပြီး သူမ၏ ခြေထောက်ကလည်း အနည်းငယ်တိုနေသဖြင့် နင်းတံကို အမီနင်းရန် ခြေဖျားထောက်နေရသည်။

ထျဲလန်ယန်သည် အကြိမ်အနည်းငယ် ကြိုးစားကြည့်ပြီးနောက်မှသာ အဆင်ပြေပြေ စီးနိုင်သွားသည်။

လမ်းပေါ်တွင် ခဏမျှ စီးလာပြီးနောက် ရုတ်တရက် ကလေးတစ်ယောက် ဘယ်ကမှန်းမသိ ပြေးထွက်လာခဲ့သည်။

"အား။"

ထျဲလန်ယန်သည် ခေါင်းကိုစောင်းလိုက်ရာ လမ်းဘေးပလက်ဖောင်းကို တိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။

ဒုက္ခပေးသည့် ကလေးမလေးမှာမူ အဝေးသို့ ပြေးထွက်သွားပြီဖြစ်သည်။

ထျဲလန်ယန်မှာ မိမိကိုယ်ကိုယ်သာ အပြစ်တင်ရင်း ယိုင်တိယိုင်တိုင်ဖြင့် စက်ဘီးကို ဆက်စီးလာခဲ့တော့သည်။

……

တစ်ချိန်တည်းမှာပင်…

ကွေ့ရွှေမြို့နှင့် ကျေးလက်အထွက် လမ်းဆုံရှိ သစ်တောအုပ်လေးတစ်ခုအတွင်း၌…

ဓားပြသုံးဦးသည် လုယက်ရန်အတွက် ချုံခိုစောင့်ဆိုင်းနေကြသည်။

"ဘော့စ်... ကျွန်တော်တို့ တကယ်ပဲ လုမှာလား။"

ခေါင်းတွင် အမာရွတ်များ ပြည့်နေသော မျောက်ကဲ့သို့ ပိန်လှီလှီ လူတစ်ယောက်က တွန့်ဆုတ်စွာ မေးလိုက်သည်။

သူ့အမည်မှာ မျောက်ပျင်း ဖြစ်ပြီး ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ကာ လှည့်လည်သွားလာရင်း ခိုးယူစားသောက် အသက်မွေးခဲ့သူဖြစ်သည်။

နောက်ဆုံးအကြိမ် ညသန်းခေါင်တွင် ခိုးယူစဉ် အဖမ်းခံရကာ အရိုက်ခံရပြီး ရဲစခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ ထောင်ထဲတွင် ၆ လကြာခဲ့ပြီး ယခုမှ ပြန်လွတ်လာခြင်း ဖြစ်သည်။

သူ "ဘော့စ်" ဟု ခေါ်သူမှာ "အမာရွတ် လျို" ဖြစ်ပြီး ကြည့်ရသည်မှာ ကြမ်းတမ်းသော်လည်း စိတ်ရင်းကောင်းသူ တစ်ဦးဖြစ်သည်။

သူသည် မတော်တဆ အိမ်ကို မီးရှို့မိရာမှ သူ၏ဇနီးနှင့် ဇနီး၏ရည်းစားတို့ သေဆုံးသွားခဲ့သဖြင့် ထောင်ဒဏ် နှစ်အတော်ကြာ ကျခံခဲ့ရသူဟု ဆိုကြသည်။

ထောင်ထဲတွင် မျောက်ပျင်း အနိုင်ကျင့်ခံရစဉ် အမာရွတ်လျိုက ကူညီပေးခဲ့သဖြင့် ထိုအချိန်မှစ၍ မျောက်ပျင်းသည် သူ့နောက်သို့ လိုက်နေခြင်းဖြစ်သည်။

"လုမှာပေါ့... ငါ ပေါက်စီအကြီးကြီးတွေ စားချင်တယ်... ဟဲဟဲ..."

ဘေးနားတွင် ရပ်နေသော ငတုံးဥ ဟုခေါ်သည့် လူတုံးကြီးမှာ မျှော်လင့်ချက်အပြည့်ဖြင့် သွားရည်များ ကျနေရှာသည်။

သူသည်လည်း ထိုဓားပြသုံးဦးအဖွဲ့ဝင်တစ်ဦးပင် ဖြစ်သည်။

သူသည် အလုပ်သမားဝင်းအပြင်ဘက်တွင် လှန်းထားသော အသားခြောက်များကို ခိုးယူစဉ် အဖမ်းခံရပြီး ထောင်ထဲတွင် တစ်လမပြည့်မီ ပြန်လွတ်လာသူဖြစ်သည်။

အကြောင်းရင်းကတော့ ရိုးရှင်းပါသည်၊ သူက အစားအရမ်းစားနိုင်လွန်းသဖြင့် အစားအစာ မလုံလောက်ပါက သူတစ်ပါးထံမှ ခိုးယူတတ်သောကြောင့် ဖြစ်သည်။

ထောင်ကလည်း သူ့ကို ကျွေးရသည်မှာ မတန်သလို ပြဿနာရှာမည်ကိုလည်း စိုးရိမ်သဖြင့် စောစီးစွာ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဤသုံးဦးစလုံး တစ်ယောက်နောက်တစ်ယောက် ထောင်မှ လွတ်လာပြီး ဆုံတွေ့မိကြခြင်းမှာ တိုက်ဆိုင်မှုတစ်ခုပင် ဖြစ်သည်။

အမာရွတ်လျိုသည် ယခင်က မုဆိုးတစ်ဦးဖြစ်ခဲ့သဖြင့် ခွန်အားဗလ ကောင်းမွန်ပြီး ကိုယ့်ဘာသာ အသက်မွေးနိုင်သူဖြစ်သည်။

သို့သော် သူနှင့်အတူ စားသောက်ရန် လိုအပ်နေသော ညီအစ်ကိုနှစ်ဦး ရှိနေသည်ကို သူ လက်မလွှတ်ရက်ခဲ့ပေ။

အထူးသဖြင့် ငတုံးဥဆိုလျှင် ဆန် ၁၀ ပေါင် ပေးလိုက်လျှင်ပင် တစ်နပ်တည်းနှင့် အကုန်စားနိုင်သူ ဖြစ်သည်။

သူသည် ဤပြဿနာကောင် နှစ်ယောက်ကို ခေါ်လာသဖြင့် ရွာများက လက်မခံကြသလို ယခင်က သူ့အပေါ် ကောင်းခဲ့သော အဖွဲ့ခေါင်းဆောင်ကပင် သူ့ကို ဖယ်ခိုင်းခဲ့သည်။

အမာရွတ်လျိုသည် အခြားရွေးချယ်စရာမရှိဘဲ သူတို့နှစ်ဦးကို ခေါ်ကာ အနီးနားရှိ တောင်ပေါ်တောအုပ်ထဲမှ ဂူတစ်ခုတွင် နေထိုင်ခဲ့ရသည်။

ထောင်မှ လွတ်လာပြီး တစ်လမပြည့်မီမှာပင် တောထဲရှိ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များမှာ အကုန်ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

အမာရွတ်လျိုသည် အကြံကုန်သွားသဖြင့် သူ၏ အတတ်ဟောင်းဖြစ်သော လုယက်ခြင်းကို သတိရသွားတော့သည်။

"ကဲ... ဒီအဝတ်တွေနဲ့ မျက်နှာကို အုပ်ထားကြ၊ ဘယ်သူမှ ငါတို့ကို မှတ်မိမှာ မဟုတ်ဘူး။"

သူသည် အိတ်ကပ်ထဲမှ မြက်ကြိုးများ ချည်ထားသော လက်ဖဝါးခန့်ရှိ အဝတ်စ ၃ ခုကို ထုတ်ပေးလိုက်သည်။

မျောက်ပျင်းသည် ထိုအဝတ်ကို မျက်နှာပေါ် အုပ်လိုက်သည်နှင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဘော့စ်... ဘာလို့ ဒီအဝတ်က ချဉ်စော်နံနေတာလဲ။ ဒါကို ဘယ်က ရလာတာလဲ။"

ငတုံးဥကလည်း အနံ့ကို ရှူကြည့်လိုက်သည်။ "နံလိုက်တာ။"

အမာရွတ်လျိုက ရှက်ကိုးရှက်ကန်း ပြုံးကာ ပြောလိုက်သည်။"ငါ့ရဲ့ အတွင်းခံကို သုံးထားတာ။"

အခြားနည်းလမ်း မရှိတော့ပေ၊ အဝတ်စ လုံလောက်အောင် မရှိသဖြင့် အတွင်းခံကိုသာ သုံးလိုက်ရခြင်းဖြစ်သည်။

မျောက်ပျင်းမှာ ရွံရှာသွားပြီး မျက်နှာပေါ်က အဝတ်ကို လွှင့်ပစ်ချင်နေသည်။ ငတုံးဥကလည်း လက်ကို အကြိမ်ကြိမ် ခါပြနေတော့သည်။

အမာရွတ်လျို၏ မျက်နှာမှာ တင်းမာသွားခဲ့သည်။ "တပ်ထားစမ်း။ လုတဲ့အခါ မျက်နှာမအုပ်ရင် လူတွေက ငါတို့မျက်နှာကို မြင်ရင် ငါတို့ ပြန်အဖမ်းခံရမှာပေါ့။"

ငတုံးဥ၏ မျက်လုံးများက တောက်ပသွားခဲ့သည်။ "ဒါဆိုလည်း အဖမ်းခံရတာပေါ့၊ ထမင်းဝအောင် စားရတာပေါ့။"

မျောက်ပျင်းက ခုန်တက်ကာ သူ့ခေါင်းကို ရိုက်လိုက်သည်။

"ငတုံးဥ... မင်းကတော့ တကယ်ကို တုံးတာပဲ၊ ထောင်ထဲမှာ ဘာကောင်းလို့လဲ၊ လွတ်လပ်ခွင့်လည်း မရှိဘူး၊ မွန်းကျပ်စရာကောင်းလွန်းတယ်။"

"ဒါပေမယ့် မင်းပြောတာလည်း မှန်ပါတယ်... ဝအောင် စားရတာတော့ ကောင်းသား... ဒါမှမဟုတ် ဟဲဟဲ..."

"မရဘူး" အမာရွတ်လျိုက သူ့ကို စိုက်ကြည့်လိုက်သည်။

"ငါတို့က ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲပြီးသားလူတွေ၊ ပြန်မဝင်နိုင်ဘူး၊ မဟုတ်ရင် လူတွေက ငါတို့ကို အထင်သေးလိမ့်မယ်။"

မျောက်ပျင်းက ပါးစပ်ကို ရွဲ့လိုက်သည်။ "လုယက်ရင်လည်း အထင်သေးခံရမှာပဲ မဟုတ်ဘူးလား။"

"ဒါက မတူဘူး" အမာရွတ်လျိုက သူ့ဘာသာ သီအိုရီတစ်ခု ထုတ်လိုက်သည်။

"ငါတို့က ချမ်းသာပုံပေါက်တဲ့လူတွေကိုပဲ လုမှာ၊ ဆင်းရဲသားတွေကို မထိဘူး။ ဒါကို ချမ်းသာတဲ့လူဆီကလုပြီး ဆင်းရဲသားကို ကူညီတာလို့ ခေါ်တယ်၊ သိလား။"

မျောက်ပျင်းကတော့ အမာရွတ်လျိုတစ်ယောက် သိုင်းဝတ္ထုတွေ ဖတ်လွန်းလို့ ရူးသွားပြီဟု ထင်နေတော့သည်။

ဒီတောင်ပေါ်ရွာလေးမှာ ဘယ်သူက ချမ်းသာမှာလဲ။

ထိုအတွေး ဝင်လာစဉ်မှာပင် အမာရွတ်လျိုက အလောတကြီး တိုက်တွန်းလိုက်သည်။

"မြန်မြန်... မြန်မြန်... မျက်နှာတွေကို အဝတ်နဲ့ အုပ်လိုက်ကြတော့။"

…..

ထျဲလန်ယန်သည် ယနေ့ သူမအတွက် ကံမကောင်းသောနေ့ဟု ခံစားနေရသည်။

မနက်ပိုင်းတွင် ဟဲအိုက်လင်း၏ လှည့်စားခြင်းကို ခံလိုက်ရသည်။

စက်ဘီးစီးလာစဉ် ကလေးတစ်ယောက် ရုတ်တရက် ပြေးထွက်လာသဖြင့် လဲကျလုနီးပါး ဖြစ်ခဲ့သည်။

ယခုတော့ တောအုပ်ကို ဖြတ်လာစဉ် ကျွမ်းကျင်မှုမရှိသော ဓားပြသုံးဦး၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရပြန်သည်။

အလယ်က လူလတ်ပိုင်းအရွယ် အမျိုးသားသည် ပုဆိန်ကို ကိုင်ကာ တည်တည်တံ့တံ့ဖြင့် အော်လိုက်သည်။

"ဒီတောင်က ငါပိုင်တယ်၊ ဒီလမ်းက ငါပိုင်တယ်၊ ဒီလမ်းက ဖြတ်ချင်ရင် လမ်းခွန် ပေးခဲ့။"

သူ့ဘေးက မျောက်နှင့်တူသော ပိန်လှီလှီ လူတစ်ယောက်ကလည်း တုတ်ကို ဝေ့ယမ်းနေသည်။

အခြား အရပ်ရှည်ရှည် လူတစ်ယောက်ကလည်း ဖုန်များ ထသွားအောင် ခြေထောက်ကို ပြင်းပြင်းထန်ထန် ဆောင့်ပြလိုက်သည်။

ဤဓားပြအဖွဲ့မှာ ကြည့်ရသည်မှာတော့ အတော်လေး ဟန်ကျနေသည်။

သူတို့၏ စုတ်ပြတ်နေသော အဝတ်အစားများ၊ ဖာထေးထားသော မျက်နှာဖုံးများနှင့် တုန်ယင်နေသော ခြေထောက်များကိုသာ ထည့်မတွက်လျှင်ပေါ့။

သူတို့က ဓားပြတွေလား။ အတွေ့အကြုံမရှိတဲ့ ငတုံးတွေနဲ့ ပိုတူနေတယ်။

ထျဲလန်ယန်မှာ ရယ်ချင်သွားသော်လည်း ဟန်မပျက်ပင် ဆက်သရုပ်ဆောင်လိုက်သည်။

"ရှင်တို့... ဘာလုပ်မလို့လဲ... အနားမကပ်နဲ့နော်။"

ထျဲလန်ယန်သည် စိုးရိမ်ပူပန်နေသည့်ပုံစံဖြင့် စက်ဘီးပေါ်မှ ဆင်းလိုက်သည်။

အမာရွတ်လျိုက ချက်ချင်း အော်ပြောလိုက်သည်။ "ငါတို့ မင်းကို ဘာမှမလုပ်ပါဘူး၊ စက်ဘီးနဲ့ အထုတ်အပိုးတွေကို ထားခဲ့ရုံပဲ။"

မျောက်ပျင်းက တိုးတိုးလေး ပြောလိုက်သည်။ "ဘောစ့် ဒီမိန်းကလေးက အရမ်းငယ်ပုံရတယ်၊ သူက ကျေးလက်ဆင်းမယ့် ပညာတတ်လူငယ် ဖြစ်နိုင်မလား။"

"သူ့ဆီက အကုန်ယူလိုက်ရင် သူ ဘယ်လိုလုပ်မလဲ။ သူ့အတွက် နည်းနည်းလောက် ချန်ထားပေးရင် မကောင်းဘူးလား။"

အမာရွတ်လျိုကလည်း ထိုစကားမှာ အဓိပ္ပာယ်ရှိသည်ဟု ထင်သဖြင့် သူ၏ ဆုံးဖြတ်ချက်ကို ချက်ချင်းပင် ပြောင်းလိုက်သည်။

"နင့်မှာ အထုတ် နှစ်ထုတ် ပါတာ ငါမြင်တယ်၊ တစ်ထုတ်ကို ယူသွား၊ ကျန်တာကို ထားခဲ့။"

သူတို့၏ စကားပြောသံမှာ တိုးသော်လည်း ထျဲလန်ယန်၏ အကြားအာရုံက ထက်မြက်သဖြင့် အကုန်ကြားလိုက်ရသည်။

သူမ မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ "ကောင်းပြီလေ၊ ဒါဆိုရင်လည်း လာယူကြပေါ့။"

All Chapters