← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉)

ကြီးကျယ်လှသော ရုတ်ရုတ်သည်းသည်း ဖြစ်ရပ်

ထိုစကားများကို ကြားသောအခါ လျန်ထျန်းသည် မျက်မှောင်ကို အထပ်ထပ် ကြုတ်လိုက်ပြီး ၊

"ခင်ဗျားတို့ ပုံစံကိုလည်း ကြည့်ပါဦး...။ အိမ်ပိုင်ရှင်တွေကို ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေနဲ့ တစ်စက်ကလေးမှ မတူဘူး...။ လူမိုက်တစ်သိုက်နဲ့ပဲ တူနေတယ်...။"

ပါးစပ်တွင် စီးကရက် ခဲထားသော ဝဝဖိုင့်ဖိုင့် အမျိုးသားက အားရပါးရ ရယ်မောလိုက်လေသည်။

"ငါ အရင်က ဘာလုပ်ခဲ့သလဲဆိုတာ မင်းက ဘယ်လို သိမှာလဲ...။ ဒီနယ်ပယ်မှာ အတွေ့အကြုံ မရှိဘဲနဲ့ စီမံခန့်ခွဲရေး အလုပ်ကို ဘယ်သူက ကိုင်တွယ်နိုင်မှာလဲ...။"

"ဒီအဆင့်မြင့် ရပ်ကွက်မှာ နေထိုင်တဲ့ ဂုဏ်သရေရှိ လူကပ်ကြီး အတော်များများနဲ့ ငါက အရင်ကတည်း က ရင်းနှီးပြီးသားပဲ...။"

"ကျန်တဲ့သူတွေကတော့ မင်းတို့လို အရေးမပါတဲ့ လူပို တွေပဲလေ...။ ငါ စိတ်ကြိုက် လုပ်လို့ ရတယ်...။"

"မင်းက အစားအသောက် ပို့တဲ့ ကောင်တစ်ယောက်ကို ကူညီချင်လို့ ငါ့တူကို သွားပြီး စော်ကားမိတယ် ဟုတ်လား...။"

"ဟက်...၊ တကယ့် ငတုံးပဲ...။"

လျန်ထျန်း၏ မျက်မှောင်များမှာ ပို၍ပင် ကျုံ့သွားကာ ဒေါသများမှာ သိသိသာသာ၏ ထွက်ပေါ်လာ လေတော့သည်။

"ဒီရပ်ကွက်မှာ နေထိုင်တဲ့သူတွေကို အဆင့်အတန်း ခွဲခြားပြီး ဆက်ဆံလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ ဘူး...။"

"ဒါပေမဲ့ ခင်ဗျား မသိနိုင်တဲ့၊ ခင်ဗျား ဆက်သွယ်ဖို့တောင် အဆင့်မမီတဲ့ ပိုပြီး အာဏာရှိတဲ့ အိမ်ပိုင်ရှင် တွေ ရှိနေမှာကိုရော မကြောက်ဘူးလား...။"

"မာကျောတဲ့ ကျောက်ဆောင်ကို ကန်မိသွားမှာကို မစိုးရိမ်မိဘူးလား...။"

စီးကရက် ခဲထားသော အမျိုးသားက ထပ်မံ၍ လှောင်ရယ် ရယ်လိုက်ပြန်သည်။

"ဒါက အဆင့်မြင့် လူနေရပ်ကွက် ဆိုပေမဲ့ ငါနဲ့ တွေ့ဖို့တောင် အဆင့်မမီတဲ့သူမျိုးတော့ ဒီမှာ မရှိပါ ဘူး...။"

"အဲ့ဒီလို အရေးကြီးတဲ့ ပုဂ္ဂိုလ်မျိုးတွေက ဗီလာတွေမှာပဲ နေကြတာလေ...။ ဘယ်သူက ဒီလိုနေရာမှာ လာနေမှာလဲ...။"

"စကားတွေ အများကြီး ပြောမနေနဲ့တော့...။ မင်း ဘယ်တိုက်၊ ဘယ်အခန်းမှာ နေလဲဆိုတာပဲ ပြော စမ်း...။"

"အခု မင်းမှာ ရှိတဲ့ တစ်ခုတည်းသော လမ်းစက အိမ်ကို ငါ့ဆီ ဈေးတစ်ဝက်နဲ့ ရောင်းဖို့ပဲ...။ မဟုတ်ရင် တော့ ဒီရပ်ကွက်မှာ မင်း ကောင်းကောင်း နေရမှာ မဟုတ်ဘူးလို့သာ မှတ်လိုက်...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ ဒေါသများမှာ ပြေလျော့သွားပြီး ရယ်မောလိုက်လေသည်။

စီးကရက် ခဲထားသော အမျိုးသားက မျက်လုံးပြူးကာ ကြည့်လိုက်ပြီး၊

"ဘာလို့ ရယ်နေတာလဲ...။"

လျန်ထျန်းက လက်ကို ဝေ့ယမ်းလျက် အနည်းငယ် ရယ်မောကာ ၊

"ငါ ရယ်နေတာက...။ ငါ့အိမ်ကို ခင်ဗျားဆီ ဈေးတစ်ဝက်နဲ့ ရောင်းလိုက်ရင်တောင် ခင်ဗျားအနေနဲ့ အငမ်းမရ ဖြစ်ပြီး ဝယ်နိုင်မှာ မဟုတ်ဘူး...။ ခင်ဗျားမှာ အဲ့ဒီလောက် အစာအိမ် အင်အား မရှိပါဘူး..."

ထိုအမျိုးသား၏ မျက်လုံးများမှာ ပို၍ ပြူးကျယ်သွားတော့သည်။

"ကောင်လေး... မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ကြီးကျယ်တယ် ထင်နေလို့လဲ...။ ငါက ဒီက စီမံခန့်ခွဲရေး မန်နေဂျာပဲ...။ ငါ့ဆီမှာလည်း ပိုက်ဆံ အနည်းအကျဉ်း ရှိတာပေါ့...။"

"ဒီရပ်ကွက်မှာ အကျယ်ဆုံးဖြစ်တဲ့ စတုရန်းမီတာ (၃၀၀) ရှိတဲ့ အိမ်တောင်မှ တစ်လကို (၁၀) ယွမ် တောင် မရှိဘူး...။ ဈေးတစ်ဝက်နဲ့ ဆိုရင် ငါ မဝယ်နိုင်စရာ ဘာရှိလို့လဲ...။"

"ငါ သတိပေးလိုက်မယ်...။ မဟုတ်တာတွေ လာမလုပ်နဲ့...၊ အခုချက်ချင်း အိမ်ကို ဈေးတစ်ဝက်နဲ့ ရောင်း မလား...။ မရောင်းရင်တော့ ဒီည ဒီရပ်ကွက်ထဲကနေ မင်း ထွက်သွားနိုင်မှာ မဟုတ်ဘူး...။"

လျန်ထျန်း၏ အပြုံးများ ပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်သွားလေသည်။

"ခင်ဗျား ပြောခဲ့သမျှကို မှတ်ထားပါ...။ ငါ အကုန်လုံး အသံဖမ်းထားတယ်...။ ပြီးတော့ ဘေးက ကင်မရာတွေကလည်း အကုန် မှတ်တမ်းတင်ထားတယ်...။"

"ခင်ဗျား အခု လုပ်နေတာတွေက တကယ့်ကို လွန်လွန်းတယ်...။ နောက်ဆုံးကျရင် ခင်ဗျား အကြီး အကျယ် ပေးဆပ်ရလိမ့်မယ်...။"

ယခုတစ်ကြိမ်တွင်မူ စီးကရက် ခဲထားသော ဦးလေးဖြစ်သူက ဘာမျှ မပြောရသေးမီ လုံခြုံရေး ဝန်ထမ်းလေးက ကြားဖြတ်ကာ အော်ဟစ်တော့သည်။

"အသံဖမ်းထားတယ် ဟုတ်လား...။ ငါ့ဦးလေးက မင်း အဲ့ဒီ ဗီဒီယိုကို လူမှုကွန်ရက်ပေါ် တင်ခွင့်ရအောင် အသက်ချန်ထားပေးမယ် ထင်နေတာလား...။"

"ပြီးတော့ ငါ ပြောပြီးပြီလေ... ။ ဒီက ဗီဒီယို မှတ်တမ်းတွေကို ငါ ကိုင်ထားတာပါလို့...၊ ငါ အခုပဲ ဒီည ဗီဒီယိုတွေကို ဖျက်ပစ်လိုက်ရင် ဘာသက်သေ ကျန်ဦးမလဲ...။"

"ရဲတွေ လာပြီး စစ်ဆေးရင်တောင် ဒီည ကင်မရာ ပျက်နေလို့ ဘာမှ မရိုက်ထားမိဘူးလို့ ပြောလိုက်ရုံပဲ... ။ ငါ လွတ်မြောက်သွားမှာ အသေအချာပဲ...။"

"ငါတို့က မင်းကို ငြိမ်ငြိမ်နေဖို့ ပြောထားတာကို မင်းက နားမထောင်ဘူး...။ ငါတို့ ဒေါသထွက်အောင် ထပ်လုပ်ဦးမယ်ဆိုရင်တော့ မင်းမှာ သက်သေပြစရာ ဘာမှ ရှိတော့မှာ မဟုတ်ဘူး...။"

ထိုစဉ်မှာပင် စီးကရက် ခဲထားသော အမျိုးသားသည် စီးကရက်ကို ကုန်အောင် သောက်ပြီးနောက် မြေပြင်ပေါ်သို့ ပစ်ချကာ ခြေထောက်ဖြင့် နင်းခြေလိုက်လေသည်။ ချက်ချင်းပင် ဘေးရှိ လူတစ်ဦးက နောက်ထပ် စီးကရက် တစ်လိပ်ကို ကမ်းပေးပြီး မီးညှိပေးလိုက်ပြန်သည်။

ထိုဝဝဖိုင့်ဖိုင့် အမျိုးသားမှာ စီးကရက်ကို ဖွာထုတ်ရင်း လျန်ထျန်းကို ရက်စက်သော အပြုံးဖြင့် စိုက်ကြည့်လိုက်လေသည်။

"ကောင်လေး...၊ ငါ့တူက မင်းကို ခြောက်လှန့်နေတာ မဟုတ်ဘူးနော်...။ ငါသာ တကယ် လုပ်ချင်ရင် အဲ့ဒီထက်မက လုပ်နိုင်တယ်...။"

"မင်းကို နောက်ဆုံး အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းက မယူခဲ့ဘူး...၊ နောင်ခါကျရင်တော့ ဉာဏ်ရှိစမ်းပါ...။"

ပြောပြီးသည်နှင့် သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ လူ ဆယ်ဂဏန်းကျော်မှာ လျန်ထျန်းတို့ နှစ်ဦးကို ဝိုင်းရံထားရာမှ အဝိုင်းကို ပို၍ ကျဉ်းလိုက်ကြတော့သည်။

သန်းခေါင်ယံ အချိန် ဖြစ်သဖြင့် ရပ်ကွက် ဂိတ်ဝ၌ မည်သူမျှ မရှိဘဲ အကူအညီ တောင်းရန်လည်း လမ်းစ မရှိပေ။ လျန်ထျန်း၏ ဘေးရှိ ပို့ဆောင်သူလေးမှာ ကြောက်လန့်တုန်ရီနေသော်လည်း သူ၏ နောက်ဆုံး သတ္တိကို စုစည်းကာ အော်ဟစ်လိုက်လေတော့သည်။

"ညီလေး...၊ အစ်ကိုတို့... တောင်းပန်ပါတယ်...။ ဒီလိုမျိုး မလုပ်ကြပါနဲ့...၊ အားလုံးက ကျွန်တော့်အပြစ် ပါ...။ ကျွန်တော်က စည်းကမ်းကို အရင် ချိုးဖောက်မိတာပါ...။ ဒဏ်ငွေကို အခုပဲ ပေးပါ့မယ်...။"

လုံခြုံရေး ဝန်ထမ်းလေးက မောက်မာစွာ နှာခေါင်းရှုံ့လိုက်လေသည်။

"အစတုန်းကတော့ ငါက မင်းဆီက ပိုက်ဆံလေး နည်းနည်းယူပြီး အရက်နဲ့ စီးကရက် ဝယ်သောက်မ လို့ပဲ...။"

"ဒါပေမဲ့ အခုတော့ ငါ့ဦးလေးအထိ ပါလာပြီလေ...။ အဲ့ဒီ ပိုက်ဆံလေးနဲ့ ပြီးသွားမယ် ထင်နေတာလား...။ အဝေးကြီးပဲ...။"

"ဒီနေ့ အဲ့ဒီ ပြဿနာရှာတဲ့ကောင် ဆီကနေ အိမ်တစ်ဝက်စာ ပိုက်ဆံ ထွက်မလာသရွေ့ ဒီကိစ္စက မပြီး ဘူး...။ သူက မပေးချင်ဘူးဆိုရင်တော့ နောက်ဘဝကျမှ နောင်တရဖို့သာ ပြင်ထားလိုက်တော့...၊ ဟားဟား...။"

ထိုစကားကို ကြားသောအခါ ပို့ဆောင်သူလေးသည် လျန်ထျန်းကို အလျင်အမြန် ဖျောင်းဖျတော့သည်။

"ညီလေး... မင်းကို အစ်ကိုက ဒုက္ခပေးမိပြီ...။ မင်း ဘယ်လောက်ပဲ မကျေနပ် ဖြစ်ဖြစ် အသက်က ပိုအရေးကြီးတယ်လေ...။"

"သူပြောတဲ့အတိုင်း အိမ်ကို ဈေးတစ်ဝက်နဲ့ ရောင်းဖို့ သဘောတူလိုက်ပါ...။ မင်း ဆုံးရှုံးသွားတဲ့ ပိုက်ဆံ တွေအတွက် အစ်ကို အကြွေးစာချုပ် ရေးပေးပါ့မယ်...။ အစ်ကို သေအောင် လုပ်ပြီး ပြန်ဆပ်ပါ့မယ်...။"

ပို့ဆောင်သူလေးမှာ အမှန်တကယ်ပင် ကြောက်လန့်နေရှာသည်။ သူ၏ နောက်ကွယ်၌ ပြုစုရမည့် ဇနီး သည်၊ သားသမီးနှင့် မိသားစုဝင်များ ရှိနေသဖြင့် သူ့အနေဖြင့် ဤနေရာတွင် တစ်စုံတစ်ခု ဖြစ်သွား၍ မဖြစ်ပေ။ သို့သော်လည်း လျန်ထျန်းကမူ မည်သို့မျှ တုန်လှုပ်ခြင်း မရှိဘဲ တစ်ဦးတည်း ရေရွတ်နေလေ သည်။

"မကြာခင် ရောက်တော့မှာပါ...၊ ရောက်တော့မှာပါ...။"

လူ ဆယ်ဂဏန်းကျော်မှာ သူတို့နှစ်ဦးထံသို့ ပို၍ တိုးကပ်လာစဉ်မှာပင်...၊

"ဝူး... ဝူး... ဝူး..."

ရုတ်တရက် အဝေးဆီမှ ရဲဥဩသံများ ထွက်ပေါ်လာပြီး ကင်းလှည့်ကားများ တစ်စီးပြီး တစ်စီး ဆိုက် ရောက်လာတော့သည်။ လျင်မြန်စွာ ရောက်ရှိလာသော ရဲယာဉ်တန်းကို မြင်သောအခါ စီးကရက် ခဲထားသော အမျိုးသားမှာ အနည်းငယ် ပျာယာခတ်သွားပြီး သူ၏ လူများကို အမြန် အမိန့်ပေးလိုက် လေသည်။

"ဘာတွေ ကြည့်နေတာလဲ...။ သူ့ဖုန်းကို အမြန်လုပြီး အသံဖမ်းထားတာတွေကို​ဖျောက်ပစ်လိုက် ကြစမ်း...။"

သူသည် ဘေးရှိ သူ၏တူဖြစ်သူ လုံခြုံရေး ဝန်ထမ်းလေးကိုလည်း ဒေါသတကြီး အော်လိုက်လေသည်။

"သူ ဘယ်အချိန်မှာ ရဲခေါ်လိုက်တာလဲ...။ မင်း ဘာလို့ ငါ့ကို မပြောတာလဲ...။"

လုံခြုံရေး ဝန်ထမ်းလေးမှာလည်း ထိတ်လန့်လာတော့သည်။

"သူ... သူ ခုနက ဖုန်းဆက်တယ်ဆိုတာတော့ သိပါတယ်...။ ဒါပေမဲ့ သူက တစ်ယောက်ယောက်ရဲ့ နာမည် ကို ခေါ်နေတာဆိုတော့ သူ့လူတွေကို ခေါ်နေတာပဲ ထင်လိုက်တာ...။ ရဲခေါ်နေမှန်း မသိခဲ့လို့ပါ....။"

စီးကရက် ခဲထားသော အမျိုးသားမှာ သူနှင့် စကားများနေရန် အချိန်မရှိသဖြင့် ချက်ချင်းပင် ထပ်မံ အမိန့်ပေးပြန်လေသည်။

"အခုချက်ချင်း သွားပြီး ဒီည မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတွေ အကုန် ဖျက်ပစ်လိုက်...။ တစ်စက် ကလေးတောင် မကျန်စေနဲ့...။"

ထိုစကားကြောင့် လုံခြုံရေး ဝန်ထမ်းလေးမှာ အပြေးအလွှား ထွက်သွားတော့သည်။ ထိုအချိန်တွင် သူ၏ လူများမှာလည်း လျန်ထျန်း၏ ဖုန်းကို လုယူကာ ရိုက်ခွဲပစ်လိုက်ကြလေသည်။ ဖုန်းမှာ ပျက်စီးသွားပြီး လုံခြုံရေး ဝန်ထမ်းလေးမှာလည်း ဂိတ်ထဲမှ ပြန်ထွက်လာကာ အားလုံး အဆင်ပြေကြောင်း လက်ဟန် ခြေဟန် ပြလိုက်သဖြင့် စီးကရက် ခဲထားသော အမျိုးသားမှာ သက်ပြင်းချနိုင်တော့သည်။

တစ်ချိန်တည်းမှာပင် ရဲယာဉ်တန်းမှာ ဆိုက်ရောက်လာတော့သည်။ ရဲကား ဆယ်ဂဏန်းကျော်မှာ လူနေ ရပ်ကွက်၏ ဂိတ်ဝကို ဝိုင်းရံထားလိုက်သဖြင့် ကြီးကျယ်သော ဖြစ်ရပ်တစ်ခု ဖြစ်ပွားနေသည့်အလား ထင်မှတ်ရပေသည်။ ကံကောင်းသည်မှာ သန်းခေါင်ယံ အချိန် ဖြစ်သဖြင့် မည်သူမျှ အနှောင့်အယှက် မဖြစ်ခြင်းပင်။

သို့သော် ရဲကားများ ရပ်လိုက်သည်နှင့် တံခါးများ ပွင့်လာပြီး ရဲအရာရှိ အမြောက်အမြားမှာ ကားပေါ်မှ ဆင်းလာကြသဖြင့် အခြေအနေမှာ အလွန်ပင် တင်းမာသွားတော့သည်။ လူ ဆယ်ဂဏန်းကျော် ပါဝင် သော ထိုအဖွဲ့ကို ပုခုံးပေါ်တွင် ကြယ်သုံးပွင့် တပ်ဆင်ထားသော ညွှန်ကြားရေးမှူး တန် က ဦးဆောင်လာ ခြင်း ဖြစ်ပေသည်။

စီးကရက် ခဲထားသော အမျိုးသားမှာ ပါးစပ်မှ စီးကရက်ကို အမြန် ထွေးထုတ်လိုက်ပြီး သူ၏ ဝဝဖိုင့်ဖိုင့် မျက်နှာတွင် ဖားသည့် အပြုံးတစ်ခုကို ဖန်တီးလျက် ရှေ့သို့ လျှောက်သွားလိုက်လေသည်။

"ဘယ်က ရဲစခန်းက ညီအစ်ကိုတွေ များလဲ မသိဘူး...။ ကျွန်တော့်မှာ အယ်လ်မြို့တော် အနောက် ဆင်ခြေဖုံး ဌာနခွဲက ဒုတိယ အဖွဲ့ခေါင်းဆောင် သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက် ရှိပါတယ်...။"

"အားလုံးက မိသားစုတွေပါပဲ...၊ အေးအေးဆေးဆေး စကားပြောကြစို့...။"

သို့သော် ထိုအမျိုးသား စကားပင် မဆုံးသေးမီ ညွှန်ကြားရေးမှူး တန် က ခန့်ညားသော အသံဖြင့် ဖြတ်ပြောလိုက်လေသည်။

"ဘယ်သူက မင်းနဲ့ အမျိုးတော်လို့လဲ...။ ငါတို့က အယ်လ်မြို့တော် ရဲဌာနချုပ်ကပဲ...။ ငါက ညွှန်ကြားရေးမှူး တန်ကော်ဟွာ ပဲ...။"

အခန်း (၁၄၀)

ဟုတ်ပါရဲ့လား

ထိုအရာရှိမှာ ရဲဌာနချုပ်မှ ဖြစ်ပြီး ရှေ့မှလူမှာ ညွှန်ကြားရေးမှူး ကိုယ်တိုင် ဖြစ်ကြောင်း သိလိုက်ရသော အခါ စီးကရက်ခဲထားသော ဝဝဖိုင့်ဖိုင့် အမျိုးသား၏ ​မောက်မာမှုများမှာ ချက်ချင်းပင် အရည်ပျော် ကျသွားတောလေသည်...။

"ဩော်... ဘုရား... ဘုရား...။ ညွှန်ကြားရေးမှူးတန် ကိုယ်တိုင် ဘာကိစ္စများ ရှိလို့ ဒီနေရာအထိ ကြွလာရ တာလဲ ခင်ဗျာ...။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ကြီးကျယ်တဲ့ ပြဿနာတစ်ခုခု ဖြစ်လို့လား...။"

စီးကရက် ခဲထားသော အမျိုးသားမှာ အလွန်ပင် ဂယောက်ဂယက် ဖြစ်နေရှာလေသည်...။

ရဲဌာနချုပ်မှ ရဲအရာရှိများမှာ သူတို့၏ ကိစ္စရပ်များကို ဝင်ရောက် စွက်ဖက်ရန် ရောက်ရှိလာခြင်း မဟုတ် ပါစေနှင့်ဟုသာ သူ ဆုတောင်းနေမိတော့သည်...။ သို့သော်လည်း သူ၏ မျှော်လင့်ချက်မှာ နောက်တစ် စက္ကန့်တွင်ပင် ရိုက်ချိုးခြင်း ခံလိုက်ရလေတော့သည်...။

လျန်ထျန်း၏ အသံမှာ သူ၏ ကျောဘက်မှ ထွက်ပေါ်လာခဲ့လေသည်...။

"ဦးလေးတန်... ခင်ဗျားကလည်း အရမ်းနှေးတာပဲ...။ ကျွန်တော်တော့ ဒီလူတွေရဲ့ နှိပ်စက်တာကို ခံလိုက် ရတော့မလို့...။ ကြည့်ဦး... ကျွန်တော့်ဖုန်းကိုတောင် ရိုက်ခွဲပစ်ကြတာ...။"

လျန်ထျန်း၏ စကားကို ကြားသောအခါ အမြဲတမ်း တည်ကြည်လေးနက်သော ခေါင်းဆောင်တစ်ဦး၏ အငွေ့အသက်ကို ဆောင်ထားသော တန်ကော်ဟွာ သည် သူ၏ ဟန်ပန်များကို ဘေးဖယ်ထားကာ ပြုံး လျက် နှုတ်ဆက်လိုက်လေသည်...။

"မစ္စတာလျန်... ခင်ဗျား ပြောတဲ့အတိုင်း လူအင်အား ပိုခေါ်လာလို့ နည်းနည်း အချိန်ယူလိုက်ရတာပါ...။ ဖုန်းကိစ္စကတော့ စိတ်မပူပါနဲ့...။ ဒီလူတွေကိုပဲ အသစ်ပြန်လျော်ခိုင်းလိုက်ပါ့မယ်...။"

"ဒါပေမဲ့ မစ္စတာလျန်က အမြဲတမ်း အလုပ်ရှုပ်နေတဲ့သူဆိုတော့ ဖုန်းမရှိဘဲ တစ်စက္ကန့်တောင် နေလို့ ရမှာ မဟုတ်ဘူး...။ ရှောင်ကျောက်...၊ မင်းရဲ့ဖုန်းကို မစ္စတာလျန် သုံးဖို့အတွက် ခဏ အမြန်ပေးလိုက်စမ်း...။"

တန်ကော်ဟွာ ၏ အမိန့်အဆုံးတွင် ပုခုံးပေါ်၌ ကြယ်နှစ်ပွင့် တပ်ဆင်ထားသော ရဲအရာရှိလေးတစ်ဦးမှာ အပြေးအလွှား ရောက်လာပြီး သူ၏ဖုန်းထဲမှ ဆင်းကတ်ကို အမြန်ထုတ်ကာ လျန်ထျန်းထံသို့ လက်နှစ် ဖက်ဖြင့် ရိုသေစွာ ကမ်းပေးလိုက်လေသည်...။

ဤရဲအရာရှိမှာ ရဲဌာနချုပ်၏ အဖွဲ့ခေါင်းဆောင်တစ်ဦး အနည်းဆုံး ဖြစ်ပေလိမ့်မည်...။ လျန်ထျန်း သည် လည်း အားမနာဘဲ ဖုန်းကို ယူလိုက်ပြီး မြေပြင်ပေါ်ရှိ ပျက်စီးသွားသော ဖုန်းထဲမှ သူ၏ ဆင်းကတ်ကို ထုတ်ကာ ဖုန်းအသစ်ထဲသို့ ထည့်လိုက်လေသည်...။

စီးကရက် ခဲထားသော အမျိုးသားနှင့် လုံခြုံရေး ဝန်ထမ်းလေးတို့မှာ ဤမြင်ကွင်းကို ကြည့်ကာ မှင်တက် နေကြတော့သည်...။ လူအူကြောင်ကြောင် တစ်ဦးပင်လျှင် လျန်ထျန်းသည် ဤရဲအရာရှိများကို ခေါ်ယူခဲ့ သူ ဖြစ်ကြောင်းနှင့် ညွှန်ကြားရေးမှူးတန် သည် လျန်ထျန်းအပေါ် အလွန်ပင် ရိုသေလေးစားနေကြောင်း သိရှိနိုင်ပေသည်...။

စီးကရက် ခဲထားသော အမျိုးသားမှာ မြို့တော်အဆင့် ရဲအရာရှိကြီးတစ်ဦးကို အမိန့်ပေးနိုင်သောသူမှာ မည်မျှအထိ အရှိန်အဝါ ကြီးမားမည်ကိုပင် မခန့်မှန်းနိုင်တော့ပေ...။ ထိုသို့သော အဆင့်အတန်းရှိသူများ နှင့် သူသည် မည်သို့မျှ မပတ်သက်ဖူးသကဲ့သို့ မသိကျွမ်းဖူးပေ...။

ထိုအချိန်တွင် လျန်ထျန်း ယခင်က ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သူ ပြန်လည် သတိရသွားခဲ့လေ သည်...။

'ခင်ဗျား မသိနိုင်တဲ့၊ ခင်ဗျား ဆက်သွယ်ဖို့တောင် အဆင့်မမီတဲ့ ပိုပြီး အာဏာရှိတဲ့ အိမ်ပိုင်ရှင်တွေ ရှိနေမှာကိုရော မကြောက်ဘူးလား...'

'မာကျောတဲ့ ကျောက်ဆောင်ကို ကန်မိသွားမှာကို မစိုးရိမ်ဘူးလား...။'

ဤသည်ကို တွေးမိသောအခါ ထိုအမျိုးသားမှာ တစ်ကိုယ်လုံး တုန်ရီလာတော့သည်...။

"မင်း... မင်းက တကယ်ပဲ ဒီရပ်ကွက်က အိမ်ပိုင်ရှင် တစ်ယောက်လား...။ ဒါပေမဲ့... ကျွန်တော် ခင်ဗျား ကို တစ်ခါမှ မမြင်ဖူးပါဘူး...။"

ယခုတစ်ကြိမ်တွင်မူ ထိုအမျိုးသား၏ လေသံမှာ အလွန်ပင် ယဉ်ကျေးပျူငှာ သွားတော့လေသည်...။ လျန်ထျန်းက သူ့ကို လှည့်ကြည့်ကာ ရယ်မောလိုက်ပြီး ၊

"ဒါပေါ့...၊ ငါ့မှာ ဒီရပ်ကွက်ထဲမှာ အိမ်တစ်လုံးတည်း ရှိတာ မဟုတ်ဘူး...။ စတုရန်းမီတာ (၃၀၀) ရှိတဲ့ အိမ်ကြီး (၁၀) လုံးတောင် ရှိတာ...။"

ထိုစကားကို ကြားသောအခါ စီးကရက် ခဲထားသော အမျိုးသားမှာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အော်ဟစ်လိုက်သည်...။

"ခင်ဗျား... ခင်ဗျားက တစ်ခါတည်းနဲ့ အိမ် (၁၀) လုံး ဝယ်ပြီး (၉) လုံးကို ငှားထားတဲ့...။ တစ်ခါမှ လူကိုယ် တိုင် ပေါ်မလာဖူးတဲ့ အိမ်ပိုင်ရှင် မစ္စတာလျန်ထျန်း လား...။"

သူ၏ နောက်ဆုံး စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး အချိန်အတော်ကြာသည်အထိ စကားပင် မဟနိုင်တော့ပေ...။ လျန်ထျန်းက ဆက်၍ ပြောလိုက်လေသည်...။

"ဒါနဲ့... ခုနက ငါ့အိမ်တွေကို ဈေးတစ်ဝက်နဲ့ ဝယ်ချင်တယ်လို့ ပြောခဲ့တယ် မလား...။ တစ်လုံးကို (၁၀) ယွမ်တန်တဲ့ အိမ် (၁၀) လုံးကို ဈေးတစ်ဝက်နဲ့ ဆိုရင် (၅၀) ယွမ် ကျသင့်မှာနော်...။"

"အခုရော... ဝယ်ချင်သေးလား...။"

"ဂလု...။"

စီးကရက် ခဲထားသော အမျိုးသားသည် တံတွေးကို မနည်းမြိုချလိုက်ပြီး ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်လေသည်...။

"မစ္စတာလျန်...၊ ကျွန်တော် ခင်ဗျားမှန်း တကယ် မသိခဲ့လို့ပါ...။ အမှန်တော့ ကျွန်တော် ခင်ဗျားဆီကို လာရောက် နှုတ်ဆက်ဖို့ စဉ်းစားနေတာ ကြာပါပြီ...။ ဒါပေမဲ့ ခင်ဗျားက ရပ်ကွက်ထဲကို တစ်ခါမှ မလာခဲ့တော့...။"

လျန်ထျန်းက ခေါင်းငြိမ့်လိုက်ပြီး၊

"ငါက အရမ်း အလုပ်ရှုပ်နေတာလေ...၊ ဒီနေရာက ငါ အမြဲနေတဲ့ နေရာလည်း မဟုတ်ဘူး...။ ဒီနေ့မှ အလုပ် နောက်ကျသွားလို့ အနားမှာ ရှိတဲ့ ဒီအိမ်ကို လာတာ...။ ဒါပေမဲ့ ဒီရပ်ကွက်ရဲ့ စီမံခန့်ခွဲရေးကို မင်းတို့လို လူမိုက်တစ်သိုက်က ကိုင်တွယ်နေလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး...။"

"မင်းတို့ ဒီနေရာမှာ ရှိမနေသင့်တော့ဘူး...။ အထဲကို ဝင်ပြီး ကောင်းကောင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ် ထင်တယ်...။"

ဤမျှအထိ ပြောလိုက်သောအခါ စီးကရက် ခဲထားသော အမျိုးသားမှာ ကြောက်လန့်တုန်ရီနေခဲ့လေ ပြီ...။

သူသည် နောက်တစ်စက္ကန့်တွင် ဘေးရှိ သူ၏တူဖြစ်သူ လုံခြုံရေး ဝန်ထမ်းလေး၏ ပါးကို ဖြန်းခနဲ ရိုက်လိုက်တော့သည်...။

"ဖြန်း…"

ကျယ်လောင်လှသော ပါးရိုက်သံနှင့်အတူ လုံခြုံရေး ဝန်ထမ်းလေးမှာ မြေပြင်ပေါ်သို့ လဲကျသွားတော့ သည်...။ ထိုအမျိုးသားက သူ၏တူကို လက်ညှိုးထိုးကာ ဆဲဆိုတော့သည်...။

"မင်းက တကယ့်ကို မျက်စိမရှိတဲ့ ငတုံးပဲ...။ ငါတို့ရဲ့ အိမ်ပိုင်ရှင်ကြီး မစ္စတာလျန်ကိုမှ သွားပြီး စော်ကား ရဲတယ်ပေါ့...။"

"မစ္စတာလျန်ရဲ့ အိမ် (၁၀) လုံးကနေ ရတဲ့ စီမံခန့်ခွဲခတွေက ငါတို့ ကုမ္ပဏီအတွက် တစ်နှစ်စာ ဘယ် လောက်တောင် ရှိသလဲဆိုတာ မင်း သိလား...။ မင်း ရဲ့ ပိုင်ဆိုင်မှုတွေ အကုန်ရောင်းရင်တောင် အဲ့ဒီ ပိုက်ဆံကို မမီဘူး...။"

ထို့နောက် သူသည် လျန်ထျန်းကို ဖားသည့် အပြုံးဖြင့် ပြောလိုက်လေသည်...။

"မစ္စတာလျန်... ဒါတွေက အထင်မှားမှုတွေပါ...။ အားလုံးက အထင်မှားတာပါ...။ လူကြီးမင်းက ဒီလောက် ဂုဏ်သရေရှိတဲ့ အိမ်ပိုင်ရှင်ကြီးမှန်း သိရင် လူကြီးမင်း ခိုင်းသမျှကို ကျွန်တော်တို့ ဖြည့်ဆည်း ပေးမှာပါ...။"

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို နောက်ထပ် အခွင့်အရေး တစ်ခုလောက် ပေးပါဦး...။ နောင်ကျရင် ကျွန်တော်တို့ ဘယ်လို နေထိုင်ရမလဲဆိုတာ လူကြီးမင်း စိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ်...။"

လျန်ထျန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ မြေပြင်ပေါ်တွင် မျက်နှာကို အုပ်လျက် လဲနေ သော လုံခြုံရေး ဝန်ထမ်းလေးကို ညွှန်ပြလိုက်လေသည်......။

"ကောင်းပြီလေ... ဒါဆိုရင် သူ မလျော်ရသေးတဲ့ ကိစ္စတွေကို အရင်ဆုံး လျော်ခိုင်းလိုက်ပါ...။ ဥပမာအား ဖြင့် သူ ကန်ထုတ်လိုက်တဲ့ အစားအသောက် အော်ဒါပေါ့...။"

အစားအသောက် အော်ဒါတစ်ခုသာ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ဝဝဖိုင့်ဖိုင့် အမျိုးသားမှာ သက်ပြင်းချနိုင်တော့သည်...။ သူသည် သူ၏တူကို အမြန် ဆွဲထူလိုက်ပြီး အော်ဟစ်လိုက်သည်...။

"မြန်မြန်... မစ္စတာလျန်ကို ကျေးဇူးတင်စကား ပြောလိုက်စမ်း...။ ပြီးတော့ အဲ့ဒီ အစားအသောက် အော်ဒါအတွက် အမြန် ပြန်လျော်လိုက်...။"

သို့သော်လည်း လုံခြုံရေး ဝန်ထမ်းလေးမှာ မျက်နှာကို အုပ်လျက် အခက်တွေ့နေဟန်ဖြင့် ပြောလိုက် လေသည်...။

"ဦးလေး... ဦးလေး မသိလို့ပါ...။ သူက ကျွန်တော့်ဆီကနေ မတရား ငွေညှစ်နေတာ...၊ အစားအသောက် အော်ဒါ တစ်ခုတည်းကို (၄)ကျောင် တောင်းနေတာလေ...။"

"ကျွန်တော့်ရဲ့ တစ်လစာ လစာက ရက်ဝက်အတွင်းမှာတင် ကုန်သွားပြီ...။ ဒီလောက်များတဲ့ ပိုက်ဆံကို ကျွန်တော် ဘယ်က ရှာပြီး ပေးရမှာလဲ...။"

သူ၏တူ ပြောစကားကြောင့် စီးကရက် ခဲထားသော အမျိုးသားမှာလည်း အလွန်ပင် အံ့အားသင့်သွားရ လေသည်...။

"ဘာ... ဘာပြောတယ်...။ အစားအသောက် အော်ဒါ တစ်ခုက (၄) ကျောင်တန်တယ် ဟုတ်လား...။ ပြီးတော့ မင်းကရော... ငါက မင်းကို တစ်လကို (၁)ကျောင် တောင် ပေးထားတာကို ဘယ်လိုတွေ သုံးပစ်လိုက်လို့ ပိုက်ဆံ မရှိရတာလဲ...။"

လျန်ထျန်းက ထိုစကားကို ကြားကာ ရယ်မောလိုက်ပြီး သူ၏ ဖုန်းထဲမှ ငွေလွှဲမှတ်တမ်းကို ပြလိုက်လေ သည်...။

"ခင်ဗျားတို့ ဘာသာ ကြည့်ကြပါ... ငါ သူ့ကို (၄) ကျောင် လျော်ခိုင်းတာက အကြောင်းရှိတယ်...။ ဘာလို့ လဲဆိုတော့ ငါ ကိုယ်တိုင်လည်း အဲ့ဒီ အစားအသောက်ကို (၄) ကျောင် ပေးပြီး ဝယ်လိုက်လို့ပဲ...။ ဟုတ် တယ်မလား...။"

ထိုအချိန်တွင် လုံခြုံရေး ဝန်ထမ်းလေးက စူးစူးဝါးဝါး အော်ဟစ်လေတော့သည်...။

"ဟုတ်တယ်... အဲ့ဒီ အစားအသောက်က (၄) ဖန်ပဲ တန်တာကို ခင်ဗျားက တမင်တကာ (၄) ကျောင် ပေးပြီး ဝယ်လိုက်တာလေ...။ ပြီးတော့ ကျွန်တော့်ကို အဲ့ဒီ ဈေးအတိုင်း ပြန်လျော်ခိုင်းတာ...။ ဒါက ငွေညှစ်တာ မဟုတ်ဘူးလား...။"

ထို့နောက် သူသည် တန်ကော်ဟွာ ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်......။

"ဦးလေးက ရဲအရာရှိ တစ်ယောက်ပဲ...။ ဒါက တရားမျှတမှု ရှိရဲ့လား...။ သူ ကျွန်တော့်ကို ငွေညှစ်နေ တာလေ...။ သူ့ကို ဖမ်းပေးပါဦး...။"

စီးကရက် ခဲထားသော အမျိုးသားသည်လည်း မျက်လုံးများ ပြူးကျယ်သွားပြီး ၊

"ဟုတ်ပါရဲ့လား...။ ဟားဟား...၊ အခုတော့ ငါတို့ဘက်က မှန်နေတာပေါ့...။ ဒီလိုမျိုး ကိုယ့်ဘက်က မှန်တဲ့ အခြေအနေမျိုးက ကြုံခဲလို့ ငါတောင် မေ့နေမိတယ်...။"

ယခုအခါ ထိုဝဝဖိုင့်ဖိုင့် အမျိုးသားမှာ ကြောက်စိတ်များ ပြေလျော့သွားပြီး စီးကရက်ကို ​ေပြန်လည် မီးညှိကာ ပါးစပ်တွင် ခဲထားလိုက်ပြလေသည်...။

"ညွှန်ကြားရေးမှူးတန် ခင်ဗျာ...။ အစားအသောက် အော်ဒါ တစ်ခုအတွက် (၄) ကျောင် တောင်းတာက အတိအကျ ငွေညှစ်တာပဲ မဟုတ်လား...။"

"ခင်ဗျားက ဘယ်လောက်ပဲ သူ့ဘက်က ပါပါ...။ ဥပဒေကိုတော့ မျက်ကွယ်ပြုလို့ မရဘူးလေ... ။ ကျွန်တော်တို့ကို ရှင်းပြပေးရပါလိမ့်မယ်...။"

ထိုစကားကို ကြားသောအခါ တန်ကော်ဟွာ ဘာမျှ မပြောရသေးမီမှာပင် လျန်ထျန်းက အားရပါးရ ရယ်မောလိုက်လေတော့သည်...။

"ခင်ဗျားတို့ကများ ငါ့ကို ငွေညှစ်တယ်လို့ ပြောရဲသေးတယ်ပေါ့...။"

လျန်ထျန်းသည် လုံခြုံရေး ဝန်ထမ်းလေးကို စိုက်ကြည့်ကာ၊

"အစတုန်းက ဒီပို့ဆောင်သူလေးက သူ့ စကူတာ ဘီးနဲ့ မျဉ်းကို နည်းနည်းလေး နင်းမိရုံပဲ ရှိသေးတယ်...၊ ရပ်ကွက်ထဲကိုတောင် မဝင်ရသေးဘူး...။ အဲ့ဒါကို မင်းက (၅) ဖန် ဒဏ်ရိုက်တာကော ဘယ်လို ယုတ္တိမျိုး လဲ...။"

ထို့နောက် လျန်ထျန်းသည် စီးကရက် ခဲထားသော အမျိုးသားကို ကြည့်ကာ ဆက်ပြောလိုက်လေသည်..။

"ပြီးတော့ ခင်ဗျားကရော...။ ငါ့ရဲ့ အိမ်တွေကို ဈေးတစ်ဝက်နဲ့ ရောင်းခိုင်းပြီး ငါ့ကို ခြိမ်းခြောက်တာကော ဘယ်လို လူစားမျိုး လုပ်ရပ်လဲ...။"

"ငွေညှစ်တာကို အရင်ဆုံး စခဲ့တာက ခင်ဗျားတို့ပဲလေ...။ ငါကတော့ ခင်ဗျားတို့ လုပ်ခဲ့တဲ့အတိုင်း ခင်ဗျားတို့ကို ပြန်ပြီး သင်ခန်းစာ ပေးရုံသက်သက်ပဲ...။"

All Chapters