အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
အခန်း (၁၃၃)
တက္ကသိုလ်ကျောင်းသူလေး၏ ဘဝအလှည့်အပြောင်း
ဖြစ်ပျက်သမျှ အခြေအနေကို သဘောပေါက်သွားပြီးနောက် လျန်ထျန်း၏ စိတ်ထဲ၌ ဆန်းသစ်သော အတွေး တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့လေသည်။
သူသည် ဖုန်းထဲမှ ထွက်ပေါ်နေဆဲ ဖြစ်သော ဆဲဆိုသံများကို ဂရုမစိုက်ဘဲ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုဆင်မြန်းလျက် တည်ငြိမ်စွာ ပြောလိုက်လေသည်။
"မင်း စာရိုက်တာ အရမ်း မြန်သွားလို့လား...။ ဖုန်းမျက်နှာပြင်ပေါ်က နာမည်ကိုရော သေချာ ကြည့်မိ ရဲ့လား...။"
ထိုစကားကို ကြားသောအခါ တက္ကသိုလ်ကျောင်းသူလေးမှာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လှောင်ပြုံး ပြုံးလိုက်လေသည်။
"ဘာလို့ နာမည်ကို ကြည့်ရမှာလဲ...။ နင်က အစားအသောက် ပို့တဲ့ကောင်ပဲလေ...၊ ငါတို့ကြားမှာ ဘာပတ်သက်မှု ရှိလို့လဲ...။ နင်က ငါနဲ့ သိသလိုလို ဘာလိုလိုနဲ့ ရင်းနှီးအောင် လုပ်ချင်နေတာလား...။"
"နင်လို ပို့ဆောင်သူ ခွေးမိုက်...။ ငါ ပြောလိုက်မယ်...၊ နင် ဒီနေ့ ဘာတွေပဲ ပြောပြော၊ ဘယ်လို နည်းလမ်း တွေပဲ သုံးသုံး...၊ နင်တော့ သေဖို့သာ ပြင်ထားလိုက်တော့...။"
လျန်ထျန်း၏ နှုတ်ခမ်းထောင့်များမှာ ပို၍ ကွေးညွှတ်သွားပြီး အစီအစဉ်တကျ ဆက်၍ ပြောလိုက်သည်။
"စကားကို အစောကြီး မပြောပါနဲ့ဦး...။ ငါ့ရဲ့ နာမည်ကို တစ်ချက်လောက် ပြန်စစ်ကြည့်ပါဦး...။ မင်း ငါ့ဆီကို ပထမဆုံးအကြိမ် ဖုန်းဆက်တာ မှန်ပေမဲ့ ငါ့နံပါတ်ကိုတော့ မင်း အရင်ကတည်းက မှတ်ထား ပြီးသား ဖြစ်မှာပါ...။"
ထိုစကားကြောင့် ကျောင်းသူလေးမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီး စပ်စုလိုစိတ်ဖြင့် နာမည်ကို ကြည့်လိုက်ပုံ ရလေသည်။ နောက်တစ်စက္ကန့်တွင်မူ သူမသည် အလွန်အမင်း ထိတ်လန့်သွားသည့်အလား ဖုန်းထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေတော့သည်။
ထို့နောက်တွင်မူ သူမ၏ လေသံမှာ ( ၁၈၀ ) ဒီဂရီ ပြောင်းလဲသွားပြီး ယခင်ကကဲ့သို့ မောက်မာရိုင်းစိုင်း ခြင်း မရှိတော့ဘဲ ချွဲနွဲ့တုန်ရီသော အသံဖြင့် ပြောလာတော့လေသည်။
"တောင်းပန်ပါတယ် မစ္စတာလျန်...။ ကျွန်မ အလျင်လိုနေလို့ နံပါတ် မှားနှိပ်မိတာ ဖြစ်မှာပါ...၊ နာမည် ကို သေချာ မကြည့်မိလိုက်လို့ပါ...။"
"ခုနက ကျွန်မ ဆဲနေတာက မစ္စတာလျန်ကို မဟုတ်ပါဘူး...။ အစားအသောက် လာပို့တဲ့ တစ်ယောက် ကိုပါ...။ သူက တကယ်ကို ယုတ်မာလွန်းလို့ ကျွန်မက...။"
လျန်ထျန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူမ၏ စကားကို ဖြတ်ပြောလိုက်လေသည်။
"နံပါတ် မှားနှိပ်တာ မဟုတ်ပါဘူး...။ ခုနက မင်းဆီ အစားအသောက် လာပို့တဲ့သူက ငါပဲ...၊ မင်း ပြောနေ တဲ့ မစ္စတာလျန် ဆိုတာလည်း ငါပဲ...။"
သူ၏ စကားအဆုံးတွင် ဖုန်းထဲမှ အသံမှာ လုံးဝ တိတ်ဆိတ်သွားတော့သည်။ အတော်ကြာမှပင် ကျောင်းသူလေး၏ အားနာတုန်ရီနေသော အသံ ထွက်ပေါ်လာလေသည်။
"မဖြစ်... မဖြစ်နိုင်တာ...။ မစ္စတာလျန်...၊ ရှင်လို အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဘယ်လိုလုပ် အစားအသောက် လာပို့နေမှာလဲ...။"
"ဩော်... သိပြီ... ကျွန်မကို နောက်နေတာ မလား...။ ဟီးဟီး...၊ တကယ် ရယ်ရတာပဲ...၊ မစ္စတာလျန်က တကယ်ကို ဟာသညဏ် ပါတာပဲနော်...။"
လျန်ထျန်းက ဒုတိယအကြိမ် ဖြတ်ပြောလိုက်ပြန်လေသည်။ ယခုတစ်ကြိမ်တွင်မူ သူ၏ အသံမှာ တည်ကြည်လေးနက်နေလေသည်။
"ငါ ထပ်ပြောမယ်...၊ ငါက အစားအသောက် ပို့ဆောင်သူပဲ...။ ကျင်းတ အိမ်ခြံမြေရဲ့ ရှယ်ယာရှင်ကြီးက အစားအသောက် မပို့ရဘူးလို့ ဘယ်သူ ပြဋ္ဌာန်းထားလို့လဲ...။ ငါက ဝါသနာအရ အလုပ်လုပ်တာလေ...။"
"ပြီးတော့ ဘယ်သူက မင်းကို နောက်နေလို့လဲ...။ မင်း ဒီကို အလုပ်လာလုပ်တာ မဟုတ်လား...။ ခေါင်းငုံ့ ခံနေရမှာ မဟုတ်ဘူးလား...။ ရယ်မော နောက်ပြောင်မနေနဲ့...။"
ရင်းနှီးနေသော ထိုနောက်ဆုံး စကားလုံးများကို ကြားလိုက်ရသောအခါ ကျောင်းသူလေးမှာ လုံးဝ ဆွံ့အ သွားလေတော့သည်။ သူမသည် သုံးစက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ငိုသံဖြင့် ပြောလိုက်လေသည်။
"မစ္စတာလျန်... ကျွန်မ မှားသွားတယ်ရှင်...။ ရှင်က ဝါသနာအရ အစားအသောက် ပို့နေမှန်း ကျွန်မ မသိခဲ့လို့ပါ...။ ခုနက ကျွန်မဆီ လာပို့တာ ရှင်မှန်းလည်း လုံးဝ မသိခဲ့လို့ပါ...။"
"ဒီအလုပ်က ကျွန်မအတွက် တကယ်ကို အရေးကြီးပါတယ်...။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...၊ ကျွန်မ ကို အခွင့်အရေး တစ်ခုလောက် ထပ်ပေးပါနော်...။"
လျန်ထျန်းက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်လေသည်။
"တစ်လကို တစ်ကျောင် ရတဲ့ အလုပ်ကို ဘယ်သူက ဂရုမစိုက်ဘဲ နေမှာလဲ...။"
မှန်ပေသည်။ အစ်ကိုလုသည် လျန်ထျန်းအတွက် အတွင်းရေးမှူး ခန့်ထားရန် စီစဉ်စဉ်က လစာကို တစ်လလျှင် တစ်ကျောင်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း ကျဆင်းနေသော ဤခေတ်တွင် တစ်လလျှင် တစ်ကျောင်ဆိုသည်မှာ ယခင်ခေတ်က တစ်လလျှင် တစ်သိန်း နှင့် ညီမျှလေသည်။ ထိုမျှ မြင့်မားသော လစာကို မည်သူက လက်လွှတ်လိုပါမည်နည်း။
ကျောင်းသူလေးမှာလည်း ထိုဆွဲဆောင်မှုရှိသော လစာကြောင့်ပင် အရှက်ကို ဘေးဖယ်ထားကာ သနားစ ဖွယ် အသံဖြင့် ပြောလိုက်ပြန်လေသည်။
"အကြီးအကဲလျန်... ကျွန်မက ဘွဲ့ရခါစ ကျောင်းသူလေးပါ...။ အရပ်က (၁၇၀) စင်တီမီတာ၊ ကိုယ်အ လေးချိန်က ကီလို (၉၀) ရှိပြီး၊ ကိုယ်တိုင်းကလည်း (၃၈/၂၆/၃၈) ပါ...။ ကျွန်မကို အခွင့်အရေး တစ်ခု လောက် ထပ်ပေးပါနော်...။"
"ကျွန်မ အမှားကို သိပါပြီ...။ အကြီးအကဲလျန်ကို လူကိုယ်တိုင် လာပြီး တောင်းပန်ဖို့ ပြောရင်လည်း ရပါတယ်...။ အကြီးအကဲလျန် စိတ်ကျေနပ်အောင် ကျွန်မ လုပ်ပေးနိုင်ပါတယ်...။"
ထိုစကားများကို ကြားသောအခါ လျန်ထျန်း၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာလေတော့သည်။
*ဘုရား... ဘုရား... ဒါက တောင်းပန်တာ မဟုတ်ဘူး...။ ဒါကတော့... အစ်ကိုလုကို တကယ်ပဲ ချီးကျူးမိ ပါတယ်...။ ဘယ်လိုလူမျိုးတွေကို ရှာလာတာလဲ မသိဘူး...။*
သို့သော်လည်း လျန်ထျန်းသည် ရွံရှာစိတ်ကို ထိန်းချုပ်ကာ ပြောလိုက်လေသည်။
"မင်းကို နောက်ထပ် အခွင့်အရေး တစ်ခု ပေးလို့ မရတာတော့ မဟုတ်ဘူး...။ မင်းမှာ ငါ့ကို တိုင်ထားတဲ့ တိုင်ကြားစာကို ပြန်ရုပ်သိမ်းဖို့ ငါးမိနစ် အချိန်ရှိတယ်...။"
"ငါးမိနစ်အတွင်း တိုင်ကြားစာ ပြန်မကျသွားဘူးဆိုရင်တော့ မင်း ကံဆိုးပြီလို့သာ မှတ်လိုက်...။ ကြား လား...။"
တိုင်ကြားစာ၏ ဒဏ်ငွေမှာ ယွမ်တစ်ရာကျော် ဖြစ်လေသည်။ ယခုအခါ လျန်ထျန်း ခိုင်းသမျှကို ကျောင်းသူလေးက ငြင်းဆန်ရဲတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူ ပထမဆုံး ခိုင်းလိုက်သည့် အလုပ်မှာ ဒဏ်ငွေ ပြန်ရရန် တိုင်ကြားစာကို ရုပ်သိမ်းခိုင်းခြင်း ပင် ဖြစ်လေသည်။
ကျောင်းသူလေးမှာ ဝမ်းသာအားရဖြင့် ချက်ချင်း သဘောတူလိုက်လေသည်။
"ဟုတ်ကဲ့ပါ မစ္စတာလျန်...၊ ကျွန်မ အခုချက်ချင်း ဝန်ဆောင်မှုဌာနကို ဖုန်းဆက်ပြီး တိုင်ကြားစာကို ပြန်ရုပ်သိမ်းလိုက်ပါ့မယ်...။"
"ပြီးတော့ ရှင့်ကို အကောင်းဆုံး မှတ်ချက် ပေးဖို့ကိုလည်း အသေအချာ ပြောလိုက်ပါ့မယ်...။ သူတို့က သာ နည်းနည်းလေး ငြင်းဆန်ကြည့်ပါစေ...။ ကျွန်မက တိုင်ကြားစာနဲ့ပဲ ပြန်ခြိမ်းခြောက်လိုက်ပါ့မယ်...။"
ထိုစကားကို ကြားမှပင် ကျောင်းသူလေးသည် သူ၏ ဖုန်းနံပါတ်ကို ဝန်ဆောင်မှုဌာနထံမှ မည်သို့ ရရှိခဲ့ သည်ကို လျန်ထျန်း သဘောပေါက်သွားခဲ့တော့သည်။
တိုင်ကြားစာဖြင့် ခဏခဏ ခြိမ်းခြောက်နေသော သူမကဲ့သို့ လူမျိုးကို မည်သူက ခံနိုင်ရည် ရှိပါမည် နည်း။ သို့သော်လည်း သူမ၏ ထိုမောက်မာမှုကပင် အလုပ်ကို ပိုမို မြန်ဆန်စေခဲ့လေသည်။
ငါးမိနစ်ပင် မကြာလိုက်ဘဲ နှစ်မိနစ်အတွင်းမှာပင် လျန်ထျန်း၏ ဖုန်းထဲသို့ တိုင်ကြားစာ ရုပ်သိမ်းကြောင်း သတင်းစကား ရောက်ရှိလာတော့သည်။ ထို့အပြင် ပယ်ဖျက်ထားသော အမှာစာမှာလည်း အကောင်း မြင် မှတ်ချက် ရရှိသွားသည်မှာ အံ့ဩစရာပင် ဖြစ်ချေသည်။
ဖုန်းလက်ခံခဲ့သော ဝန်ဆောင်မှု ဝန်ထမ်းခမျာမှာမူ မည်မျှအထိ စိတ်ပျက်အားငယ်နေမည်ကို ခန့်မှန်း၍ ပင် မရနိုင်တော့ပေ။
ဒဏ်ငွေများ ပြန်လည် ရရှိပြီးနောက် ကျောင်းသူလေးထံမှ ဖုန်း ပြန်ဝင်လာခဲ့လေသည်။
"အကြီးအကဲလျန်...၊ တိုင်ကြားစာ ရုပ်သိမ်းလိုက်တဲ့ သတင်းကို ရပြီမလား...။ ကျွန်မ အလုပ်လုပ်တာ တော်တယ် မဟုတ်လား...။"
"ဒါတင်မကသေးဘူးနော်...။ ကျွန်မက တခြားအရာတွေမှာလည်း အရမ်း တော်တာပါ...။ ကျွန်မတို့ ဒီည တွေ့ကြမလားဟင်...၊ ရိုမန်းတစ် ဆန်တဲ့ ဆိုင်တစ်ဆိုင် ကျွန်မ သိပါတယ်...။"
လျန်ထျန်းက သူမ၏ စကားကို အမြန် ဖြတ်ပြောလိုက်လေသည်။
"ကောင်းပြီ...၊ မင်း ဘာကို လိုချင်နေမှန်း ငါ သိတယ်...။ တစ်လ တစ်ကျောင်ရတဲ့ ဒီအလုပ်ကို မင်း လိုချင် နေတာ မဟုတ်လား...။"
"မင်းက အလုပ်လုပ်တာ မြန်ဆန်တဲ့အတွက် ဒီရာထူးကို ငါ ပေးမယ်...။ ဒါပေမဲ့ ကတိတစ်ခုတော့ ရှိ တယ်...။"
လျန်ထျန်းက စကားကို ခေတ္တမျှ ရပ်လိုက်သည်။ ရာထူးရပြီဟု ကြားသောအခါ ကျောင်းသူလေးမှာ အလွန်ပင် စိတ်လှုပ်ရှားသွားပြီး အသံများ တုန်ရီနေတော့သည်။
"စိတ်ချပါ မစ္စတာလျန်...။ ဒီရာထူးကိုသာ ပေးမယ်ဆိုရင် ရှင့်ရဲ့ ကတိတွေကို တစ်ခုမကပါဘူး...၊ တစ်သောင်းဆိုရင်တောင်မှ ကျွန်မ တည်ပါ့မယ်ရှင်...။"
လျန်ထျန်းက ပြုံးလျက် ပြောလိုက်လေသည်။
"ကောင်းပြီ... ဒါဆိုရင် မင်း ဒီနေ့ကစပြီး ငါ့လိုပဲ အစားအသောက် လိုက်ပို့ရမယ်...။ တစ်နေ့ကို အမှာစာ အနည်းဆုံး ရှစ်ဆယ် ပို့ရမယ်...။"
"မှတ်ထားနော်... ။ မင်း ကိုယ်တိုင် ပို့ရမှာနော်...၊ ငါ့ကို လိမ်ဖို့ မကြိုးစားနဲ့...။ ညတိုင်း (၁၂) နာရီ မတိုင်ခင် တစ်နေ့လုံး ပို့ခဲ့တဲ့ အမှာစာ စာရင်းကို ငါ့ဆီ ပို့ရမယ်...။"
"ပြီးတော့ မင်း လိမ်တာကို ကာကွယ်ဖို့အတွက် အမှာစာ တစ်ခု ပို့ပြီးတိုင်း ဖောက်သည်ရဲ့ လိပ်စာ ဒါမှ မဟုတ် ပါဆယ်ဗီရိုနဲ့အတူ မင်းရဲ့ မျက်နှာပါအောင် ဓာတ်ပုံရိုက်ပြီး ငါ့ဆီ ပို့ရမယ်...။"
"နောက်ဆုံး စည်းကမ်းကတော့...၊ အဆိုးမြင် တိုင်ကြားစာ တစ်ခု ရတိုင်း လစာထဲက တစ်ဖန် ဖြတ်မယ် ...။ တစ်လကို တိုင်ကြားစာ ဆယ်စောင်ထက် ကျော်သွားရင်တော့ မင်း တစ်လစာ လစာ ဆုံးရှုံးမယ် လို့သာ မှတ်လိုက်တော့...။"
ထိုစကားကို ကြားသောအခါ တစ်ဖက်မှ ကျောင်းသူလေးမှာ မှင်တက်သွားရလေသည်။ အတော်ကြာ မှပင် သူမ၏ အသံ တုန်တုန်ရီရီဖြင့် ထွက်ပေါ်လာလေသည်။
"မစ္စတာလျန်... ရှင်... ရှင် ကျွန်မကို နောက်နေပြန်ပြီ မလား...။"
"ဟီးဟီး...၊ မစ္စတာလျန်က တကယ် နောက်တတ်တာပဲ...။ တစ်လ တစ်ကျောင်တောင် ပေးပြီး ကျွန်မကို အစားအသောက် ပို့ခိုင်းရတာလဲ...။"
"အစားအသောက် ပို့ခိုင်းမယ် ဆိုရင်တောင် ရှင့်အတွက်ပဲ သီးသန့် လာပို့ပေးပါ့မယ်...။ ရှင် စိတ်ကြိုက် စားနိုင်အောင်လို့လေ...။"
လျန်ထျန်းက အသံကို တင်းမာလိုက်ပြီး ပြောလိုက်လေသည်။
"မင်းက အလုပ်ရှင်လား...၊ ငါက အလုပ်ရှင်လား...။ မင်း အလုပ်ကောလုပ်တတ်ရဲ့လား...။ ငါ ခိုင်းတာကို ပဲ မင်း လုပ်ရမယ်...။"
"အတွင်းရေးမှူး ဆိုတာ ဘာလုပ်ရတာလဲ...။ အလုပ်ရှင်ကို ပြုစုရတာလေ...၊ အခုတော့ မင်းက ငါ့ကို ပြန်ပြီး နောက်ပြောင်နေတာလား...။"
"ဒါမှမဟုတ် တစ်လ တစ်ကျောင်ရတဲ့ ဒီအလုပ်ကို မင်း မလိုချင်တော့ဘူးလား...။"
ကျောင်းသူလေးမှာ ငိုသံဖြင့် အမြန် ပြန်ပြောလိုက်လေသည်။
"လိုချင်ပါတယ်... လိုချင်ပါတယ်...။ ဟုတ်ကဲ့ပါ အကြီးအကဲလျန်...၊ ရှင် ခိုင်းသမျှ ကျွန်မ လုပ်ပါ့မယ်...။ အစားအသောက် လိုက်ပို့ပါ့မယ်...။"
ယခုမှပင် လျန်ထျန်း စိတ်ကျေနပ်သွားပြီး ပြုံးလိုက်လေသည်။
"ဒါမှပေါ့..."
"စိတ်မပူပါနဲ့...။ ငါ ပြောတဲ့အတိုင်း တစ်နေ့ကို အမှာစာ ရှစ်ဆယ် ပြည့်အောင် ပို့နိုင်ပြီး တိုင်ကြားစာ မရှိဘူးဆိုရင်တော့ လစာကို ငါ အပြည့် ပေးမှာပါ...။"
"ကဲ... သွားတော့...။ နေ့တစ်ဝက် ကုန်သွားပြီဆိုတော့ ဒီနေ့အတွက်တော့ အမှာစာ လေးဆယ်ပဲ ပို့ခိုင်း ပါ့မယ်...။"
တစ်ဖက်မှ ကျောင်းသူလေးမှာ ရှိုက်ကြီးတငင် ငိုရင်း နောက်ဆုံးအကြိမ် ကြိုးစားကြည့်ပြန်လေသည်။
"အကြီးအကဲ...။ ရှင်...၊ ရှင့်အနေနဲ့ ကျွန်မကို လူကိုယ်တိုင် တစ်ခါလောက် မကြည့်ချင်ဘူးလား...။ အစား အသောက် ပို့တာအပြင် ကျွန်မမှာ တခြား အသုံးဝင်တဲ့ အချက်တွေ အများကြီး ရှိပါသေးတယ်...။"
လျန်ထျန်း၏ လေသံမှာ ပြတ်သားသွားတော့သည်။
"မြန်မြန် သွားပို့စမ်း...။ နောက်ထပ် တစ်ခွန်း ထပ်ပြောရင်တော့ နင့်ကို ငါ ဆဲမိတော့မှာ...။ အဲ့ဒီအခါ ကျရင်တော့ နင်က ပြုံးပြီး ခံနေရမှာနော်...။"
ကျောင်းသူလေးမှာ နောက်ထပ် မပြောရဲတော့ဘဲ ဖုန်းကို ချကာ အစားအသောက် ပို့ရန် ထွက်ခွာသွား တော့လေသည်။ လျန်ထျန်းသည် ဖုန်းကို အိတ်ထဲ ထည့်လိုက်ပြီး အားရပါးရ ပြုံးလိုက်လေသည်။
"ပျော်စရာ ကောင်းလိုက်တာ...။"
"သူက ပို့ဆောင်သူတွေနဲ့ အောက်ခြေလူတန်းစားတွေကို အထင်သေးနေမှတော့ ဒီအလုပ်ရဲ့ ပင်ပန်း ဆင်းရဲမှုကို သူကိုယ်တိုင် သိအောင် လုပ်ပေးရသေးတာပေါ့...။"
"ဒီလောကရဲ့ လက်တွေ့ဘဝကို သူ သိသွားတဲ့အခါမှ ဒီလို စကားမျိုးတွေ ပြောနိုင်ဦးမလား ကြည့်ရသေး တာပေါ့...။ လူ့အဖွဲ့အစည်း ကိုယ်စား ငါက သူ့ကို သင်ခန်းစာ ပေးလိုက်တာပဲ...။"
"ဩော်... ဒါနဲ့ အတွင်းရေးမှူး ရပြီဖြစ်ကြောင်း အစ်ကိုလုကို ပြောလိုက်ဦးမှ...။ သူ နောက်ထပ် ဒုက္ခ မပေးအောင်လို့...။"
"အစ်ကိုလုက အိတ်ချ်မြို့တော်မှာ စီးပွားရေးတွေ အောင်မြင်နေလို့ တော်တော်လေး စိတ်လှုပ်ရှားနေပုံ ပဲ....။ ဒါဆိုရင် ဒီနှစ်အတွက် ငါ့ရဲ့ အမြတ်ဝေစုတွေက ပိုပြီး များလာမှာပေါ့...။"
ထိုသို့ ပြောနေပြီးနောက် လျန်ထျန်း၏ မျက်နှာမှာ ပြန်လည် တည်ကြည်သွားပြီး တစ်ဦးတည်း ရေရွတ်နေမိတော့သည်။
"ပိုက်ဆံတွေ အများကြီး ရှာနိုင်မှ ဒီအဝါရောင်သားပိုက်ကောင် ကုမ္ပဏီ တစ်ခုလုံးကို ဝယ်နိုင်မှာ...။ ဖောက်သည်က တိုင်တာနဲ့ အခြေအနေကို သေချာ မစစ်ဆေးဘဲ ပို့ဆောင်သူတွေကို ဒဏ်ရိုက်နေတာက တကယ်ကို မတရားဘူး...။"
"ဒီလို ဖြစ်ရပ်မျိုးက တစ်ခါနှစ်ခါတင် မဟုတ်ဘူး...။ ငါတစ်ယောက်တည်း ကြုံရတာလည်း မဟုတ် ဘူး...။"
"ဒါကြောင့် ဒီစနစ်ဆိုးကြီးကို ပြင်ဆင်ဖို့ဆိုရင် ဒီအဝါရောင်သားပိုက်ကောင် ကုမ္ပဏီတစ်ခုလုံးကို ငါ့လက်အောက်ထဲ ထည့်ထားနိုင်မှ ဖြစ်မယ်...။ အကောင်းဆုံးနည်းလမ်းကတော့ အကုန်လုံးကို ဝယ်ပစ်ဖို့ပဲ...။"
"အရင်ကဆိုရင် ဒါကို ငါ အိပ်မက်တောင် မမက်ရဲခဲ့ဘူး...။ ဒါပေမဲ့ အခုတော့ ငါ့မှာ မျှော်လင့်ချက် ရှိနေ ပြီ...။"
အခန်း (၁၃၄)
အမှိုက်များကို စွန့်ပစ်ခြင်း
လျန်ထျန်းသည် အဝါရောင်သားပိုက်ကောင် ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူပစ်ရန် ရည်မှန်းချက် ထားရှိ ထားသဖြင့် ပိုက်ဆံရှာနိုင်ရန်အတွက် ယခင်ကထက် ပိုမို ကြိုးပမ်းလာခဲ့လေသည်။
ထိုနေ့၌ သူသည် အထပ်မြင့်အဆောက်အအုံတစ်ခုသို့ အစားအသောက် သွားရောက် ပို့ဆောင်စဉ် အခြားသော ပို့ဆောင်သူတစ်ဦးနှင့် ဆုံတွေ့ခဲ့လေသည်။ သူတို့နှစ်ဦးသည် တစ်ထပ်တည်း၌ပင် ဓာတ်လှေကားအတွင်းမှ အတူတကွ ဆင်းလာခဲ့ကြခြင်း ဖြစ်လေသည်။
ထိုအထပ်၌ အခန်းပေါင်း ဆယ်ဂဏန်းကျော် ရှိသော်လည်း ဤကဲ့သို့ ဆုံတွေ့ရသည်မှာ တိုက်ဆိုင်လှ သဖြင့် သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ပြုံးပြလိုက်ကြလေသည်။ ထိုမျှသာ ပြုံးပြလိုက်ကြပြီး စကားအများကြီး မပြောဖြစ်ကြပေ။
အဘယ်ကြောင့်ဆိုသော် ပို့ဆောင်သူများမှာ အချိန်နှင့်အမျှ အလုပ်ရှုပ်နေကြသူများ ဖြစ်သဖြင့် စကား ပြောရန် အချိန်မရှိကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဓာတ်လှေကားအတွင်းမှ ထွက်လာပြီးနောက် သူတို့နှ စ်ဦးသည် တစ်ဦးက ဘယ်ဘက်၊ တစ်ဦးက ညာဘက်သို့ လမ်းခွဲထွက်ခွာသွားကြလေတော့သည်။
သို့သော်လည်း လျန်ထျန်းသည် အစားအသောက် ပို့ဆောင်ပြီးစီး၍ ပြန်လည် ထွက်ခွာရန် ပြင်လိုက်စဉ် စင်္ကြံလမ်း၏ အခြားတစ်ဖက်ဆီမှ ဆူညံသံများကို ရုတ်တရက် ကြားလိုက်ရလေသည်။ ထိုအသံမှာ ရှည်လျားလှသော စင်္ကြံလမ်းတစ်လျှောက် ပဲ့တင်ထပ်နေပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး တို့၏ အော်ဟစ်ငြင်းခုံနေသံများ ဖြစ်သည်ကို ခွဲခြား သိရှိနိုင်လေသည်။
လျန်ထျန်းသည် ထိုအချိန်တွင် လက်ထဲ၌ အခြားအမှာစာများ မရှိသေးသကဲ့သို့ ဓာတ်လှေကားမှာလည်း အပေါ်ထပ်၌ ရောက်ရှိနေသဖြင့် ထိုဆူညံသံများ ထွက်ပေါ်ရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။ သူ သေချာကြည့်လိုက်သောအခါ ခုနက သူနှင့်အတူ လိုက်ပါလာသော ပို့ဆောင်သူသည် အခန်းတစ်ခု၏ ရှေ့ ၌ ရပ်ကာ အခက်တွေ့နေသည်ကို တွေ့လိုက်ရလေသည်။
ထိုအခန်းအတွင်းမှ အမျိုးသမီး၏ အော်ဟစ်သံများ ထွက်ပေါ်နေခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ လျန်ထျန်းသည် ထိုအမျိုးသမီး ပြောနေသည်များကို ပိုမို ရှင်းလင်းစွာ ကြားလိုက်ရလေတော့သည်။
"လမ်းကြုံလို့ အမှိုက်လေး ယူသွားပေးပါဆိုတာကို ဘာတွေ ဖွဲ့နွံ့နေတာလဲ...။ ဒါ နင့်အလုပ် မဟုတ်ဘူး လား...။ မြန်မြန် ယူသွားစမ်း...။"
ထို့နောက် ပို့ဆောင်သူ၏ အားနာတုန်ရီနေသော အသံ ထွက်ပေါ်လာလေသည်။
"ကျွန်တော် မကူညီချင်တာ မဟုတ်ပါဘူး...။ အပေါ်ထပ်က ဖောက်သည်တွေဆီကို အမြန်သွားပို့ရဦးမှာ မို့လို့ပါ...။ နောက်ကျရင် အဆူခံရမှာစိုးလို့ပါ...။ ပြီးတော့ ဒီအမှိုက်က အနံ့ကလည်း တကယ်ကို ဆိုးလွန်း လို့ပါ...။"
"ခုနက အစ်မ ခိုင်းတုန်းကလည်း ကျွန်တော် ချက်ချင်း ယူပေးဖို့ ကြိုးစားခဲ့သားပဲ...။ လမ်းကြုံ အမှိုက် ပစ်ပေးတာက ကိစ္စမရှိပေမဲ့ အခုက အနံ့က အရမ်း ပြင်းနေလို့ပါ...။ ဒီအမှိုက်အိတ်ကို ကိုင်ပြီး အပေါ် ထပ်မှာ အစားအသောက် သွားပို့ရင် ကျွန်တော် တိုင်ခံရမှာ သေချာပါတယ်...။"
"တိုင်ကြားစာ တစ်စောင် တက်သွားရင် ကျွန်တော် ရက်ပေါင်းများစွာ အလုပ်လုပ်ထားတာတွေ အလကား ဖြစ်သွားမှာမို့လို့ပါ...။"
ပို့ဆောင်သူ စကားပင် မဆုံးသေးမီ အမျိုးသမီး၏ စူးစူးဝါးဝါး အော်သံ ထပ်မံ ထွက်ပေါ်လာပြန်လေ သည်။
"ငါ ဂရုမစိုက်ဘူး...။ နင် အစားအသောက် ပို့တာ မပို့တာ ငါနဲ့ ဘာဆိုင်လဲ...၊ နင် သွားရင် ဒီအမှိုက်ကိုပါ တစ်ခါတည်း ယူသွားရမယ်...။"
"တိုင်ကြားခံရမှာ ကြောက်တယ် ဟုတ်လား...။ နင် အခုချက်ချင်းသာ ဒီအမှိုက်ကို ယူမသွားရင် တခြား သူတွေ တိုင်တာကို စောင့်မနေနဲ့...။ ငါကိုယ်တိုင် အခုပဲ နင့်ကို တိုင်ပစ်မယ်...။"
တိုင်ကြားခံရမည်ဟု ကြားသောအခါ ပို့ဆောင်သူမှာ ထိတ်လန့်သွားပြီး အသနားခံလေတော့သည်။
"မမလေး... ကျေးဇူးပြုပြီး မတိုင်ပါနဲ့...၊ မတိုင်ပါနဲ့နော်...။ ကျွန်တော် အပေါ်ထပ်က အော်ဒါတွေကို အရင်သွားပို့လိုက်ပါ့မယ်...။ ပြီးမှ ပြန်ဆင်းလာရင် ဒီအမှိုက်တွေကို ယူသွားပေးပါမယ်...။ ဟုတ်ပြီ လား...။"
သာမန်လူဆိုလျှင် ဤမျှဆိုပါက သဘောတူပေလိမ့်မည်။ သို့သော် ဤအမျိုးသမီးမှာမူ သာမန်လူစားမျိုး မဟုတ်ပေ။ သူမသည် ဆက်၍ အော်ဟစ်နေတော့သည်။
"နင် လူစကား နားမလည်ဘူးလား...။ ငါ ပြောပြီးပြီလေ...၊ နင် အလုပ်ရှိတာ မရှိတာ ငါ့ကိစ္စ မဟုတ် ဘူး...။"
"နင် အခုချက်ချင်း ယူသွားမလား...။ မယူသွားရင်တော့ ငါ အခုပဲ တိုင်ကြားစာ ပို့မယ်...၊ အဆိုးမြင် မှတ်ချက်လည်း ပေးမယ်...။ ကြားလား...။"
ပြောပြောဆိုဆိုနှင့်ပင် ထိုအမျိုးသမီးသည် ဖုန်းကို ထုတ်ကာ ပို့ဆောင်သူ၏ ရှေ့မှောက်မှာပင် တိုင်ကြား ရန် ပြင်လေတော့သည်။ ထိုအခြေအနေကို ကြည့်နေသော လျန်ထျန်းသည် ဆက်၍ သည်းမခံနိုင်တော့ ဘဲ ထိုနေရာသို့ အလျင်အမြန် လျှောက်သွားလိုက်လေသည်။
သူသည် အခန်းဝသို့ ရောက်သောအခါ ထိုအမျိုးသမီးကို တွေ့လိုက်ရသည်။ သူမသည် အသက် (၃၀) ခန့် ရှိသော်လည်း အိုမင်းရင့်ရော်သော အငွေ့အသက်များ ထွက်ပေါ်နေကာ ဆံပင်မှာလည်း ကောက်ကောက် ကွေးကွေးနှင့် ဖြစ်နေလေသည်။ သူမ၏ မျက်နှာကို ကြည့်ရုံနှင့်ပင် စိတ်ပုပ်သူ ဖြစ်ကြောင်း သိသာလှပေ သည်။
လျန်ထျန်းသည် ထိုနေရာသို့ ရောက်သည်နှင့် ပြတ်သားစွာ ပြောလိုက်လေသည်။
"ကျွန်တော်တို့ ပို့ဆောင်သူတွေရဲ့ အလုပ်က အစားအသောက် ပို့ဆောင်ဖို့ပါပဲ...။ ခင်ဗျားရဲ့ အမှိုက်တွေ ကို လိုက်သိမ်းပေးဖို့ မဟုတ်ပါဘူး...။"
"တစ်ခါတလေ ဖောက်သည်တွေကို ကူညီတဲ့အနေနဲ့ အမှိုက်ပစ်ပေးတာမျိုး ရှိပေမဲ့ အဲ့ဒါက ကျွန်တော် တို့ရဲ့ စေတနာအရ လုပ်ပေးတာပါ...။"
"ကျွန်တော်တို့ မလုပ်ပေးနိုင်ဘူးဆိုရင်လည်း အဲ့ဒါက ကျွန်တော်တို့ရဲ့ တာဝန်ကို ကျေပွန်နေတာပဲ...။ မဆိုင်တဲ့ ကိစ္စတွေကို အတင်းအကျပ် ခိုင်းစေပြီး အခွင့်အရေး မယူပါနဲ့...။"
ထိုအမျိုးသမီးသည် လျန်ထျန်း ရုတ်တရက် ပေါ်လာသဖြင့် ခေတ္တမျှ ကြောင်သွားရသည်။ သို့သော် လျန်ထျန်း ဝတ်ဆင်ထားသော ပို့ဆောင်သူ ယူနီဖောင်းကို မြင်လိုက်ရသောအခါ သူမသည် နှာခေါင်းတစ် ချက် ရှုံ့လိုက်ပြီး မောက်မာစွာ ပြောလိုက်လေသည်။
"ဘယ်က လူကြီးလူကောင်းများ ရောက်လာသလဲလို့...။ နောက်ထပ် အစားအသောက် ပို့တဲ့ ခွေးတစ် ကောင်ပါလား...။ နင့်ကို ခိုင်းတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ လာပြီး ဝင်ရှုပ်နေတာလဲ...။"
"ပြီးတော့ နင်တို့ ပို့ဆောင်သူတွေက ဝန်ဆောင်မှု ပေးရတဲ့သူတွေ မဟုတ်ဘူးလား...။ သူက ငါ့ဆီ အစား အသောက် လာပို့တာပဲ...၊ အမှိုက်လေး ယူသွားပေးပါဆိုတာ ဘာမှားလို့လဲ...။"
"နင်တို့လို စိတ်ဓာတ်မျိုးနဲ့ ဒီအလုပ်ကို ဘယ်လို ကောင်းကောင်း လုပ်မလဲ...။ လုပ်နိုင်ရင်လုပ်...၊ မလုပ် နိုင်ရင် ထွက်သွားကြ...။ အခုပဲ နင့်ကိုပါ အဆိုးမြင် မှတ်ချက် ပေးပြီး တိုင်ပစ်မယ်...။"
ထိုအမျိုးသမီးက တိုင်ကြားရန် ပြင်နေသဖြင့် ပို့ဆောင်သူမှာ ငိုချင်စိတ်ပင် ပေါက်သွားရလေသည်။ သူ သည် ထိတ်လန့်တကြားဖြင့် တံခါးဝရှိ အနက်ရောင် အမှိုက်အိတ်ကို ကောက်ယူရန် ပြင်လိုက်လေ သည်။
ထိုအမှိုက်အိတ်မှာ စည်းထားသော်လည်း အနံ့မှာ အလွန်ပင် ပြင်းလှသဖြင့် လျန်ထျန်းပင် မီတာအနည်း ငယ် အကွာမှ ရရှိနေရလေသည်။ အထဲတွင် ဘာတွေ ရှိနေသည် မသိသော်လည်း ရေဆိုးမြောင်းထက် ပင် ပို၍ နံစော်နေလေသည်။
ဤသို့သော အနံ့မျိုးနှင့် အခြားဖောက်သည်များထံ သွားပို့ပါက အဆူခံရမည်မှာ မြေကြီးလက်ခတ် မလွဲ ပင်။ သို့သော် ထိုပို့ဆောင်သူမှာမူ တိုင်ကြားခံရမည်ကို ကြောက်သဖြင့် ဘာမျှ မစဉ်းစားနိုင်တော့ပေ။ သူ အမှိုက်အိတ်ကို ကောက်ယူရန် ပြင်စဉ်မှာပင် လျန်ထျန်းက ဦးအောင် ကောက်ယူလိုက်ပြီး ထိုအမျိုးသမီး ကို ပြောလိုက်လေသည်။
"ကောင်းပြီ...၊ ကျွန်တော် သူ့ကိုယ်စား အမှိုက်ကို သွားပစ်ပေးမယ်...။ ဒါပေမဲ့ ကတိတစ်ခုတော့ ရှိတယ် ...။ ခင်ဗျား သူ့ကို အခုချက်ချင်း ကြယ်ငါးပွင့် မှတ်ချက် ပေးရမယ်...။"
တစ်စုံတစ်ဦးက အမှိုက်ပစ်ပေးမည်ဟု ကြားသောအခါ ထိုအမျိုးသမီး၏ လေသံမှာ အနည်းငယ် ပျော့ ပြောင်းသွားခဲ့လေသည်။ သို့သော်လည်း သူမသည် မှတ်ချက် ပေးနေစဉ်မှာပင် ဆက်၍ ဆဲဆိုနေသေး သည်။
"ဒါမှပေါ့... အစကတည်းက ဒီလို လုပ်ရမှာ...။ ဘာလို့ ဒီလောက် အချိန်ဖြုန်းနေတာလဲ...၊ နင်တို့ ပို့ဆောင် သူတွေ အလုပ်ရှုပ်တယ်ဆိုတာ လိမ်တာပဲ ဖြစ်မှာပါ...။ အားနေလို့ လျှောက်သွားနေကြတာ မဟုတ် လား...။"
"ကြည့်စမ်း... ကြယ်ငါးပွင့် ပေးလိုက်ပြီ...။ မြန်မြန် ဒီအမှိုက်တွေကို ယူသွားစမ်း...၊ တံခါးပိတ်ထားတာ တောင် အနံ့က နံနေတုန်းပဲ...။"
ကြယ်ငါးပွင့် မှတ်ချက် ရသွားသည်ကို မြင်သောအခါ ပို့ဆောင်သူမှာ သက်ပြင်းချနိုင်တော့သည်။ သူ သည် လျန်ထျန်းကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောလိုက်လေသည်။ လျန်ထျန်းက သူ့ကို ပြုံးပြလျက် ပြောလိုက်လေသည်။
"ရပါတယ် အစ်ကို...။ ပို့စရာတွေ ရှိသေးတယ် မဟုတ်လား...၊ မြန်မြန်သွားပါ...။ နောက်ကျနေပါဦး မယ်...။"
ပို့ဆောင်သူ ထွက်ခွာသွားပြီးနောက် လျန်ထျန်းသည် အမှိုက်အိတ်ကို ကိုင်ထားလိုက်လေသည်။ အနီး ကပ် ကြည့်လိုက်သောအခါမှ ထိုအမှိုက်အိတ်၏ ပြင်းအားကို သူ သဘောပေါက်တော့သည်။
ဤအမျိုးသမီးသည် အိတ်ထဲသို့ အညစ်အကြေးများ ထည့်ထားသလားဟုပင် သူ သံသယ ဝင်မိလေ သည်။
ကိစ္စမှာ ဤမျှနှင့် ပြီးဆုံးသင့်သော်လည်း ထိုအမျိုးသမီးမှာ လျန်ထျန်းကို ဆက်၍ ရန်စပြန်လေသည်။
"နေဦး... နင်တို့ ပို့ဆောင်သူတွေက အမှိုက်ပစ်ပေးရမှာ တာဝန်ပဲလေ...။ ဘာလို့ ငါ့ကို ကြယ်ငါးပွင့် အတင်း ပေးခိုင်းရတာလဲ...။"
"ဒါ နင့်ကြောင့်ပဲ... မဆိုင်တာတွေ လာဝင်ရှုပ်လို့ ငါ့ရဲ့ အတွေးတွေ ပျက်ကုန်ပြီ...။"
"အခုချက်ချင်း ပြန်လာပြီး အဲ့ဒီ ကြယ်ငါးပွင့် မှတ်ချက်ကို ပြန်ဖြုတ်ပေးစမ်း...။ အမှိုက်ပစ်ပေးတာက နင်တို့ လုပ်ရမယ့် အလုပ်ပဲ...။ ငါက ဘာလို့ ကြယ်ငါးပွင့် ပေးရမှာလဲ...။"
"ငါ အခုထိ ဘယ်ပို့ဆောင်သူကိုမှ အကောင်းမြင် မှတ်ချက် မပေးဖူးသေးဘူး...။ နင်တို့ ပို့ဆောင်သူ တွေက ဝန်ဆောင်မှု ပိုကောင်းအောင် ကြိုးစားဖို့ လိုသေးတယ်...။"
"နင်တို့ကို အလိုလိုက်လို့ မဖြစ်ဘူး...။ နင်တို့ရဲ့ အဆင့်အတန်းက ဘာလဲဆိုတာ သိအောင် လုပ်ပေးရ မယ်...။"
ထိုစကားများကို ကြားသောအခါ လျန်ထျန်းသည် အလွန်ပင် ဒေါသထွက်သွားရလေတော့သည်။
နောက်တစ်စက္ကန့်တွင်မူ သူသည် ထိုအမျိုးသမီး၏ စကားကို နားမထောင်တော့ဘဲ လက်ထဲရှိ အမှိုက် အိတ်ကို အမျိုးသမီး၏ ခြေရင်းသို့ ပစ်ချလိုက်လေတော့သည်။
"ဘုတ်... ။"
အမှိုက်အိတ်မှာ အမျိုးသမီး၏ ခြေရင်းသို့ ကျသွားပြီး ပါးလွှာသော အိတ်မှာ ချက်ချင်းပင် ပေါက်ထွက် သွားတော့သည်။ အထဲမှ ပုပ်စော်နံလှသော အညစ်အကြေးများနှင့် စေးကပ်နေသော အမှိုက်များမှာ အမျိုးသမီး၏ အခန်းကြမ်းပြင်ပေါ်သို့ အကုန်လုံး ဖိတ်စင်သွားတော့သည်။
ထိုအမျိုးသမီးမှာ မှင်တက်သွားပြီးနောက် စူးစူးဝါးဝါး အော်ဟစ်လေတော့သည်။
"အား...။ နင်... နင် ရူးနေတာလား...။"
"ငါက အမှိုက်သွားပစ်ခိုင်းတာလေ...။ ဒီမှာ ပစ်ခိုင်းတာ မဟုတ်ဘူး...။"
လျန်ထျန်းက အေးစက်စွာ ဆိုလိုက်သည်။
"ခင်ဗျားရဲ့ အမှိုက်တွေကို ခင်ဗျားဆီပဲ ပြန်ပေးလိုက်တာပါ...။ ကျွန်တော်တို့က လူတွေကို ဝန်ဆောင်မှု ပေးတာပါ...။ ဒါပေမဲ့ ခင်ဗျားကတော့...၊ လူနဲ့တူတဲ့ စိတ်ဓာတ်မျိုး တစ်စက်ကလေးမှ မရှိဘူး...။"
ထိုသို့ ပြောပြီးနောက် လျန်ထျန်းသည် ကျောခိုင်းကာ ထွက်ခွာသွားလေတော့သည်။
ထိုအမျိုးသမီးကမူ ဤမျှနှင့် မကျေနပ်နိုင်ဘဲ လျန်ထျန်း၏ နောက်သို့ လိုက်၍ ဆဲဆိုရန် ပြင်လေသည်။ သို့သော် သူမ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကြမ်းပြင်ပေါ်ရှိ ချွဲကျိနေသော အမှိုက်များကို နင်းမိ ကာ ဖင်ထိုင်လျက် လဲကျသွားလေတော့သည်။
သူမ၏ ဆဲဆိုသံများမှာ အော်ဟစ်ညည်းတွားသံများအဖြစ် ပြောင်းလဲသွားလေတော့သည်။
"ဒီ ပို့ဆောင်သူ ခွေးမိုက်...။ ငါ တိုင်ပစ်မယ်...၊ နင့်ကို ဒဏ်ငွေ ရိုက်အောင် လုပ်မယ်...၊ နင်တော့...။"
သို့သော် ထိုအချိန်တွင် လျန်ထျန်းသည် ရုတ်တရက် လှည့်ပြန်လာလေသည်။ သူသည် ပုပ်စော်နံနေသော အမှိုက်များကြားတွင် လဲနေသည့် အမျိုးသမီးနှင့် အတော်လေး ဝေးဝေးမှ ရပ်ကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်လေသည်။
"ငါ ဘယ်သူလဲဆိုတာ မင်း သိလား...။"
ထိုအမျိုးသမီးသည် လျန်ထျန်း၏ ခန့်ညားသော အရှိန်အဝါကြောင့် အနည်းငယ် ကြောက်လန့်သွားပြီး မေးလိုက်လေသည်။
"နင်... နင်က ဘယ်သူလဲ...။"
လျန်ထျန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ၊
"မှန်တယ်...။ မင်း ငါ့ကို မသိဘူးလေ...၊ အဲ့ဒါဆိုရင် မင်းက ဘယ်သူ့ကို သွားတိုင်မှာလဲ...။ ဘယ်သူ့ကို အဆိုးမြင် မှတ်ချက် ပေးမှာလဲ...။"
"ပြီးတော့ ခုနက အမှာစာကလည်း ကြယ်ငါးပွင့် ရသွားပြီဆိုတော့ မင်း ဘယ်လိုမှ ပြင်လို့ မရတော့ ဘူး...။"
"နောက်ပြီး... မင်းရဲ့ အစားအသောက်ကို ပို့ပေးခဲ့တာက ငါ မဟုတ်ဘူးလေ...။ အဲ့ဒါကြောင့် မင်း ဘယ် လောက်ပဲ တိုင်တိုင် ငါ့ကို ဘာမှ လုပ်လို့ မရဘူး...။"
"ဘယ်လိုလဲ... အခု မင်း ဒေါသထွက်နေပြီ မလား...။"
"မင်းမှာ လူလို စဉ်းစားတတ်တဲ့ စိတ်ဓာတ် ရှိသေးရင် နောက်ဆုံးအနေနဲ့ အကြံပေးပါရစေ...။ နောင်ကျ ရင် လူလို ကျင့်စမ်းပါ...။ မဟုတ်ရင်တော့ ငါ့ထက် ပိုပြီး ရက်စက်တဲ့သူတွေနဲ့ မင်း တွေ့ရလိမ့်မယ်...။"
ထိုသို့ ပြောပြီးနောက် လျန်ထျန်းသည် အမှန်တကယ်ပင် ထွက်ခွာသွားတော့သည်။
ထိုအမျိုးသမီးမှာမူ ကြောင်အလျက် ကျန်ရစ်ခဲ့ရလေသည်။ သူမ သတိဝင်လာသောအခါ လျန်ထျန်းမှာ မရှိတော့ဘဲ နံစော်နေသော အမှိုက်များကြားတွင် သူမ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေတော့သည်။
လျန်ထျန်းသည် အဆောက်အအုံပြင်ပသို့ ရောက်သောအခါ လေကောင်းလေသန့်ကို ဝအောင် ရှူလိုက် လေသည်။
"မတရား နှိပ်စက်ခံနေရတဲ့ ပို့ဆောင်သူတွေ ပိုပြီး များလာပြီ...။"
"လူနဲ့တူပေမဲ့ ပို့ဆောင်သူတွေရဲ့ စေတနာကို အခွင့်အရေးယူနေတဲ့သူတွေ အမြဲတမ်း ရှိနေတာပဲ...။"
"ငါ ပိုပြီး ကြိုးစားရမယ်...။ အဝါရောင်သားပိုက်ကောင် ကုမ္ပဏီကို အမြန်ဆုံး ဝယ်ယူနိုင်အောင် လုပ်ရ မယ်...။"
"ပို့ဆောင်သူတွေအနေနဲ့ အဆိုးမြင် မှတ်ချက်တွေ၊ တိုင်ကြားစာတွေနဲ့ ခြိမ်းခြောက်မှုတွေအောက်မှာ ခေါင်းမဖော်နိုင်အောင် ဖြစ်နေရတဲ့ အဖြစ်ဆိုးကနေ လွတ်မြောက်အောင် ငါ လုပ်ပေးရမယ်...။"