စနစ်၏ သဲလွန်စ
Vol. 81 Ch. 844
ကမ္ဘာ့အရှင်၏ ဒုတိယမြောက်လမ်းမှာ အလွန်တိုက်ရိုက်ကျပြီး ရိုးရှင်းလှသည်။
ငါးမွေးသူ ဆီ၌ တောင်းပန်ခြင်းပင်။
တကယ်လို့ ငါးမွေးသူသာ ဝင်ပါလာမည်ဆိုလျှင် ကမ္ဘာကြီး၏ မည်သည့်ပြဿနာမဆို ပြဿနာမဟုတ်တော့ပေ။
ဤဆုံးဖြတ်ချက်ကို မချမီအချိန်ထိ ငါးမွေးသူဆီက တုံ့ပြန်မှု တကယ်ရ၊ မရ ကမ္ဘာ့အရှင် ကိုယ်တိုင်လည်း မသိခဲ့ပေ။ သို့သော် သူကတော့ ထိုသို့လုပ်ရန် ရွေးချယ်ခဲ့သည်။
ကြားခံနယ် နှင့် ရိုးသားမှု။
ကမ္ဘာ့အရှင်က သူ့ကိုယ်သူ ယဇ်ပူဇော်ခြင်း ကို ရွေးချယ်ခဲ့သည်။
ဒါက ထန်ထျန်း မထင်မှတ်ထားသည့် ကိစ္စပင်။
"ခုနကပဲ မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်းအတ္တကြီးတဲ့သူလို့ ပြောခဲ့တယ် မဟုတ်လား"
"ကိုယ့်ကိုယ်ကိုယ် ယဇ်ပူဇော်တယ်ဆိုတာ အတ္တကြီးတဲ့သူတစ်ယောက် လုပ်မယ့်ကိစ္စမျိုး မဟုတ်ဘူးလေ"
ထန်ထျန်းက ပြောလိုက်သည်။
ကမ္ဘာ့အရှင်က လေးလေးပင်ပင် သက်ပြင်းချလိုက်၏။
"အရင်က ငါက တကယ်ပဲ အတ္တကြီးတဲ့သူပါ၊ ကိုယ့်အကြောင်းပဲ ကိုယ်စဉ်းစားပြီး ဘာတွေဖြစ်လာမလဲဆိုတဲ့ နောက်ဆက်တွဲ ရလဒ်တွေကို ဘယ်တော့မှ မတွေးခဲ့ဘူး"
"ဒါပေမဲ့ နောက်ပိုင်းမှာ ငါက ချင်းယီ နဲ့ သိကျွမ်းခဲ့တယ်..."
"သူက မူလ ဝိညာဉ် တစ်ဦးဆိုပေမဲ့ မူလ ဝိညာဉ်ထက် သာလွန်တဲ့ တည်ရှိမှုမျိုး၊ နေနတ်ဘုရားတို့လို မူလဝိညာဉ်တွေနဲ့ ဂုဏ် ချင်း တူတယ်"
"ဒါပေမဲ့ သူမက..."
ကမ္ဘာ့အရှင်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြုံးကာ ခေါင်းယမ်းလိုက်သည်။
"ငါလည်း ဘယ်လိုပြောရမှန်း မသိတော့ဘူး"
"ဒါပေမဲ့ ရလဒ်ကတော့ သူက ငါ့ကို ပြောင်းလဲပေးခဲ့တယ်"
"ဒါကြောင့် နောက်ဆုံးမှာ ငါက ဒီလို ဆုံးဖြတ်ချက်မျိုးကို ချခဲ့တာပဲ"
"ဒါမှမဟုတ် ငါတကယ်ပဲ အသက်ရှင်ရတာ ငြီးငွေ့သွားလို့လည်း ဖြစ်နိုင်တယ်၊ ဆက်ပြီး ရှင်သန်နေရတာကလည်း ထူးပြီး အဓိပ္ပာယ်ရှိလှတာ မဟုတ်တော့ဘူးလေ"
ထန်ထျန်း ဘာပြန်ပြောရမှန်းမသိ ဆွံ့အသွားရသည်။
အသက်ရှင်ရတာ ငြီးငွေ့သွားလို့ဆိုတဲ့ အကြောင်းပြချက်မျိုးလည်း ရှိသေးတာကိုး။
သို့သော် သူကတော့ သဘာဝမိခင်က ကမ္ဘာ့အရှင်၏ စိတ်ဓာတ်ကို ပြောင်းလဲပေးခဲ့သည်ဟု ပို၍ ယုံကြည်မိပါသည်။
မဟုတ်ပါက မူလကမ္ဘာ့အရှင်၏ စရိုက်နှင့်ဆိုလျှင် သဘာဝမိခင်က သူနှင့် ဤမျှနီးစပ်မည် မဟုတ်ပေ။
ချစ်သူရည်းစား ဆက်ဆံရေးမျိုးပေါ့။
"ဒါဆိုရင်..."
"ငါက ငါးမွေးသူရဲ့ တုံ့ပြန်မှု ဆိုတာကို မင်းက ဘယ်လိုလုပ်ပြီး အဆုံးအဖြတ် ပေးတာလဲ"
ထန်ထျန်းက ပင်မအကြောင်းအရာဆီသို့ ပြန်လှည့်လိုက်သည်။
ကမ္ဘာ့အရှင်က ဖြေ၏။ "ရိုးရှင်းပါတယ်"
"ဘာလို့လဲဆိုတော့ ငါက မင်းရဲ့ ဝိညာဉ်ကို မမြင်ရလို့ပဲ"
"ငါ့ရဲ့ အာရုံခံစားမှုထဲမှာ မင်းက စကြာဝဠာကြီးရဲ့ အော်ရာ တွေကို ခြုံထားတဲ့ အမည်မသိ အရာတစ်ခုပဲ"
"ငါ့အထင် မမှားဘူးဆိုရင် မင်းက ဒီကမ္ဘာက သက်ရှိတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အစားဝင်ယူထားတာ မဟုတ်လား"
ထန်ထျန်း ချက်ချင်း တိတ်ဆိတ်သွားသည်။ ကမ္ဘာ့အရှင်က ဤအချက်ကိုပင် မြင်နိုင်စွမ်း ရှိနေသည်လား။
ဒါဆို တခြားသူတွေ၊ ဥပမာ နေနတ်ဘုရားတို့က ဘာလို့ မသိကြတာလဲ။
ကမ္ဘာ့အရှင်က အဖြေကို ချက်ချင်းပင် ပေးလိုက်ပါသည်။
"ငါက ထာဝရနယ်ပယ်ထဲကို ခြေလှမ်း လှမ်းဖူးတယ်"
"အဲ့ဒီနေရာက စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ နေရာမျိုးပဲ၊ ကမ္ဘာကြီးရဲ့ အပြင်ဘက်ကို ရောက်နေသလိုမျိုးဆိုပေမဲ့ အရာအားလုံးကတော့ အရမ်းကို ရှင်းလင်းသွားတယ်"
"အရာရာတိုင်းရဲ့ အနှစ်သာရကို အထင်အရှား မြင်နိုင်တယ်"
"အဲ့ဒီအချိန်မှာ ကမ္ဘာကြီးနဲ့ မသက်ဆိုင်တဲ့ တည်ရှိမှုတစ်ခု ပေါ်လာတာနဲ့ သူ့ရဲ့ ထူးခြားမှုကို ချက်ချင်း သတိထားမိသွားတာပဲ"
"ဒါကြောင့် ငါက တစ်ချက်ကြည့်ရုံနဲ့ မင်းရဲ့ ကွဲပြားမှုကို မြင်နိုင်ခဲ့တာ"
"ပြီးတော့ မင်းဟာ ငါးမွေးသူဆီက ငါ့ကိုပေးတဲ့ တုံ့ပြန်မှု ဆိုတာကိုလည်း ငါ အကြွင်းမဲ့ ယုံကြည်တယ်၊ ငါ့ရဲ့ တောင်းပန်မှုက အောင်မြင်ခဲ့ပြီပေါ့"
ထန်ထျန်း သဘောပေါက်သွားသည်။ ဪ... ဒီလိုကိုး။
တကယ်တမ်း ထာဝရနယ်ပယ်ထဲ ရောက်ဖူးမှသာ သူ၏ အနှစ်သာရကို ထိုးဖောက်မြင်နိုင်ခြင်း ဖြစ်သည်။
ဒါဆိုလျှင် တစ်ကမ္ဘာလုံးတွင် ကမ္ဘာ့အရှင် တစ်ဦးတည်းသာ ဤသို့ လုပ်နိုင်ပေလိမ့်မည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ထျန်းက လေသံတိုးတိုးဖြင့် "ဒါဆိုရင်တော့... ငါက မင်းကို စိတ်ပျက်အောင် လုပ်မိတော့မယ် ထင်တယ်"
"ငါက ကမ္ဘာကြီးကို ကယ်တင်မယ့် နည်းလမ်းကို မသိဘူး"
"ပြီးတော့ အဲ့ဒီလိုမျိုး လုပ်နိုင်တဲ့ စွမ်းရည်လည်း ငါ့မှာ မရှိဘူး"
ဤစကားကို ကြားသောအခါ ကမ္ဘာ့အရှင်က ဖြည်းဖြည်းချင်း သက်ပြင်းချလိုက်သည်။
"အခြေအနေတွေက ငါထင်ထားတာနဲ့ နည်းနည်းတော့ ကွဲလွဲနေတာ အမှန်ပဲ"
"ကောင်းကင် ဝါးမြို နတ်ဆိုး ဆိုတာ ငါက ကျွင်းချန်ချင်း ထာဝရနယ်ပယ်ထဲ ဝင်ဖို့အတွက် ချန်ထားပေးခဲ့တာ"
"ဒါပေမဲ့ အဲ့ဒါက မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပေါ်လာတယ်"
"ပြီးတော့ ငါတို့ အရင်က တွက်ချက်ထားတာအရ ကောင်းကင် ဝါးမြို နတ်ဆိုးကို အားဖြည့်ပြီးရင်တောင် မူလစွမ်းအားတွေကို အပြီးသတ် စုပ်ယူဖို့ အနည်းဆုံး နှစ်သန်းပေါင်းများစွာ ကြာလိမ့်မယ်"
"ဒါပေမဲ့ မင်းကတော့... ဆယ်နှစ်တောင် မပြည့်သေးတဲ့ အချိန်အတွင်းမှာ အကုန်နီးပါး ပြီးစီးသွားခဲ့ပြီ"
"ဒါတွေက ငါ ကြိုတင် စီစဉ်ထားတဲ့ အချက်တွေ မဟုတ်ဘူး"
ထန်ထျန်း ဘာမှ ပြန်မပြောပေ။
ကမ္ဘာ့အရှင် ပြောပုံအရဆိုလျှင် ကြယ်နှလုံးသား၊ နေနှလုံးသား၊ လနှလုံးသား၊ သဘာဝမျိုးစေ့၊ လျိုလီကမ္ဘာ နှင့် ကောင်းကင် ဝါးမြို နတ်ဆိုး စသည့် အဓိကအရာအားလုံးက ကျွင်းချန်ချင်းအတွက် ဖြစ်သင့်သည်။
သို့သော် ကြယ်နှလုံးသားကလွဲလျှင် ကျန်အရာအားလုံးကို သူက ကြိုတင်ရရှိခဲ့သည်။
ယခုအချိန်ထိ အရာအများစုမှာ သူ့အပေါ်မှာပဲ ရှိနေဆဲ ဖြစ်သည်။
"ဒါကြောင့် မင်းရဲ့ အခြေအနေကို ငါလည်း အဆုံးအဖြတ် မပေးနိုင်ဘူး"
ကမ္ဘာ့အရှင်က ဆက်ပြောသည်။ "ဒီနှစ်သန်းပေါင်းများစွာအတွင်း ငါမသိတဲ့ တခြားကိစ္စတွေ ဖြစ်ပျက်ခဲ့တာလည်း ဖြစ်နိုင်သလို ဒါကပဲ ငါးမွေးသူရဲ့ အစီအစဉ်လည်း ဖြစ်နိုင်ပါတယ်"
"ဒါပေမဲ့ ငါးမွေးသူက ငါ့ကို တုံ့ပြန်ဖို့ ရွေးချယ်ခဲ့ပြီဆိုမှတော့ ဒါက အကြောင်းမဲ့တော့ မဟုတ်လောက်ဘူးလို့ ငါ ယုံကြည်တယ်"
"ဒါကြောင့် မင်းက ဒီကမ္ဘာကြီးကို သေချာပေါက် ကယ်တင်နိုင်ပြီး တကယ့် ကယ်တင်ရှင် ဖြစ်လာလိမ့်မယ်"
ထန်ထျန်း မနေနိုင်ဘဲ နားထင်ကို ဖိလိုက်မိသည်။
မရေမတွက်နိုင်တဲ့ အစွမ်းထက်သူတွေ နှစ်သန်းပေါင်းများစွာ ကြိုးစားခဲ့တာတောင် မအောင်မြင်တာကို သူက လုပ်နိုင်မှာတဲ့လား။
၎င်းမှာလည်း အခုလို အစွန်းရောက်နေတဲ့ အခြေအနေမျိုးမှာပေါ့။
ဒါပေမဲ့ အခု သူ့မှာ တကယ်ပဲ ဝှက်ဖဲတွေ မကျန်တော့ပေ။
စနစ် က အခု ဘယ်လိုပုံစံနဲ့ တည်ရှိနေမှန်း မသိသေးပေမဲ့ အခြေခံအားဖြင့်တော့ ၎င်းက ကောင်းကင် ဝါးမြို နတ်ဆိုး ဖြစ်နေတာ သေချာသလောက်ပါပင်။
ပြီးတော့ ဂျင်ဂိုကမ္ဘာ ကလည်း သေးငယ်လွန်းသေးသဖြင့် သက်ရှိအများကြီးကို လက်မခံနိုင်သေးပေ။ အများဆုံးရှိလှ သူ့ရဲ့ နီးစပ်သူတွေကိုပဲ ဘေးလွတ်ရာ ခေါ်ထားနိုင်မည် ဖြစ်သည်။
၎င်း ကြီးထွားလာဖို့ဆိုတာကလည်း နှစ်သန်းပေါင်းများစွာ အချိန်ယူရဦးမည်။
ကယ်တင်ရှင်တဲ့လား...
ဘယ်လို ကယ်တင်ရမှာလဲ။
"ငါ တကယ်ပဲ ဘယ်လိုလုပ်ရမလဲ မသိဘူး"
ထန်ထျန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
ကမ္ဘာ့အရှင်က ခပ်အေးအေး ပြုံးလိုက်၏။
"ဒါကတော့ မင်းဘာသာမင်း ရှာဖွေရမှာပဲ"
"ဒါပေမဲ့ မင်း လုပ်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်"
"ဘာလို့လဲဆိုတော့ မင်းဟာ ငါးမွေးသူက ငါ့တောင်းပန်မှုကို တုံ့ပြန်ပြီး ဒီကမ္ဘာထဲကို ကိုယ်တိုင် ထည့်ပေးလိုက်တဲ့ တည်ရှိမှု ဖြစ်နေလို့ပဲ"
"တကယ်လို့ ငါ့ဆီကနေ အကြံဉာဏ် တစ်ခုခု လိုချင်တယ်ဆိုရင်တော့..."
"ငါ့အထင် မင်း သိပ်ပြီး စိုးရိမ်မနေသင့်ဘူး၊ မင်းရဲ့ ကိုယ်ပိုင်ဆန္ဒအတိုင်းပဲ လုပ်သွားပါ"
"မင်းရဲ့ ဆန္ဒက တစ်နည်းအားဖြင့် ငါးမွေးသူရဲ့ ဆန္ဒကို ကိုယ်စားပြုနေတာပဲ ဖြစ်လိမ့်မယ်"
ထန်ထျန်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
သူက ငါးမွေးသူကို ကိုယ်စားပြုတာတဲ့လား။
ဖြစ်နိုင်ပါလိမ့်မည်။
ဒါပေမဲ့ ငါးမွေးသူက သူ့ကို ဒီကမ္ဘာထဲ ထည့်လိုက်တာက တကယ်ပဲ ဘယ်လို အခန်းကဏ္ဍမှာ ကစားခိုင်းတာလဲ။
အမှိုက်သိမ်းသမား လား။
ဒါမှမဟုတ် ငါးမန်း တစ်ကောင်လား။
ခေတ္တမျှ စဉ်းစားပြီးနောက် ထန်ထျန်းက လောလောဆယ်တော့ ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။
ကမ္ဘာ့အရှင် ပြောတာလည်း အကျိုးအကြောင်း ရှိပါသည်။
ဘာပဲဖြစ်ဖြစ် သူက ငါးမွေးသူနဲ့လည်း မထိတွေ့ဖူးသလို ငါးမွေးသူကလည်း သူ့ကို နှောင့်ယှက်တာ မရှိသေးပေ။
ဒါဆိုလျှင် ငါးမွေးသူ မရှိသလိုပဲ သဘောထားလိုက်တော့မည်။
သူ လုပ်ချင်တာကိုပဲ သူ လုပ်မည်။
တကယ်လို့ တစ်ချိန်ချိန်မှာ ငါးမွေးသူ တကယ် ပေါ်လာခဲ့ရင်တော့ အဲ့ဒီအချိန်ကျမှပဲ ရှင်းကြတာပေါ့။
စိတ်ကို လျှော့ချလိုက်ပြီးနောက် ထန်ထျန်း ရုတ်တရက် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
အခုဆိုရင် သံသယအများစုက ရှင်းလင်းသွားပြီ ဖြစ်သည်။
နောက်ဆုံးတစ်ခုသာ ကျန်တော့ပြီး ၎င်းမှာ ထန်ထျန်း အစိုးရိမ်ဆုံး ကိစ္စလည်း ဖြစ်သည်။
"ကောင်းကင် ဝါးမြို နတ်ဆိုး က တကယ်တော့ ဘာလဲ"
"အဲ့ဒါက ဘယ်လိုပုံစံနဲ့ တည်ရှိနေတာလဲ"
"ငါက ဘာလို့ အဲ့ဒါကို ရှာမတွေ့တာလဲ"
ထန်ထျန်းက အလေးအနက် မေးလိုက်သည်။
ကျင့်ကြံခြင်းလမ်းတစ်လျှောက် သူက စနစ်၏ သဲလွန်စကို အကြိမ်ကြိမ် ရှာဖွေခဲ့သော်လည်း ခန္ဓာကိုယ်၏ မည်သည့်နေရာမှာမှ ရှာမတွေ့ခဲ့ပေ။
၎င်းက တကယ်ပဲ သူ့ခန္ဓာကိုယ်မှာ ကပ်နေတဲ့ နတ်ဆိုးတစ်ကောင်လိုပင်။
တစ်ချိန်က သူ ရှာဖွေဖို့ လက်လျှော့ခဲ့ပြီး ၎င်းကို နားမလည်နိုင်တဲ့ တည်ရှိမှုတစ်ခုအဖြစ်ပဲ သတ်မှတ်ခဲ့သည်။
ဒါပေမဲ့ အခုတော့ ၎င်းက တကယ့် လက်တွေ့ရှိတဲ့ အရာတစ်ခု ဖြစ်နေပြီ။
ဒါကြောင့် အဲ့ဒါကို သေချာပေါက် ရှာတွေ့မှ ဖြစ်မည်။
ဤမေးခွန်းနှင့် ပတ်သက်၍ ကမ္ဘာ့အရှင်က တွန့်ဆုတ်မနေဘဲ ဖြေလိုက်သည်။
"ကောင်းကင် ဝါးမြို နတ်ဆိုး ကို..."
"ငါက ထာဝရ ထဲမှာ ထည့်ထားခဲ့တာ"