သတိပြန်လည်လာခြင်း
Vol. 81 Ch. 848
ကြယ် ကမ္ဘာ ထဲတွင်
ထန်ထျန်းက ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေပြီး ခြေထောက်အောက်က ကွဲအက်နေသည့် ကြယ်တစ်ဝက်ကို ငုံ့ကြည့်နေသည်။
အစွမ်းထက်ပြီး ရူးသွပ်မှုတွေ သိသိသာသာ ပါဝင်နေတဲ့ အော်ရာတစ်ခုက ကြယ်ရဲ့အတွင်းပိုင်းကနေ ပျံ့လွင့်ထွက်ပေါ်နေသည်။ အရူးကြီးကတော့ အခုအချိန်မှာ အဲ့ဒီကွဲအက်နေတဲ့ ကြယ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိနေတာပင်။
သူ့ကို ပထမဆုံးအကြိမ် တွေ့တုန်းကလည်း ကြယ်တစ်လုံးထဲကနေ ထွက်လာတာကို မှတ်မိနေသေးသည်။ ဘာကြောင့် ဒီလို ထူးဆန်းတဲ့ ဝါသနာမျိုး ရှိနေရတာလဲဆိုတာတော့ မသိပေ။
ထန်ထျန်းက ခဏလောက် စဉ်းစားပြီးနောက် လက်ညှိုးကို ဆန့်ထုတ်လိုက်ကာ အဲ့ဒီကြယ်ရဲ့ ပတ်ပတ်လည် ဟင်းလင်းပြင်တစ်ခုလုံးကို ချိပ်ပိတ်လိုက်သည်။
အရူးကြီးက ရူးနေတယ်ဆိုပေမဲ့ သူ့ရဲ့ ခွန်အားကတော့ တကယ်ကို အစွမ်းထက်လွန်းတာကြောင့် အစစအရာရာ ပြည့်စုံအောင် ပြင်ဆင်ထားဖို့ လိုအပ်သည်။
ဟင်းလင်းပြင်တစ်ခုလုံးကို ချိပ်ပိတ်ပြီးနောက်မှာတော့ ထန်ထျန်းက ကြယ်ရဲ့အထက်ကို ရောက်ရှိလာခဲ့သည်။
"စီနီယာ"
သူက စမ်းပြီး ခေါ်ကြည့်လိုက်သည်။
ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရှိပေ။ အရူးကြီးက သူ့ရဲ့ ခေါ်သံကို လုံးဝ ဂရုမစိုက်တာပဲ ဖြစ်သည်။
"စီနီယာ... ကျေးဇူးပြုပြီး ထွက်လာပြီး တွေ့ပါဦး"
ထန်ထျန်းက အသံကို မြှင့်လိုက်ပြီး ကျင့်ကြံခြင်း စွမ်းအားကိုပါ ထည့်သွင်းလိုက်သည်။ ဟိန်းထွက်သွားတဲ့ အသံက ကြယ်ရဲ့ မျက်နှာပြင်ကို တိုက်ရိုက် ထိုးဖောက်ပြီး အတွင်းပိုင်းအထိ ရောက်သွားခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ အရူးကြီး သေချာပေါက် ကြားသွားမှာပင်။
ဒါပေမဲ့ သူကတော့ ဘာမှ ပြန်မလုပ်သေးပေ။
ထန်ထျန်းက ခဏလောက် စဉ်းစားပြီး ပြန်ပြောလိုက်သည်။
"ထာဝရဧကရာဇ်"
ဒီတစ်ခါတော့ သူ့အသံက သိပ်မကျယ်ပေ။
ဒါပေမဲ့ စကားဆုံးသွားတာနဲ့ ကြယ်အတွင်းပိုင်းကနေ ထွက်ပေါ်နေတဲ့ အော်ရာလှိုင်းတွေက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
နောက်တစ်စက္ကန့်မှာတော့ ကြယ်မျက်နှာပြင်ပေါ်မှာ ကြီးမားတဲ့ အက်ကြောင်းတွေ ချက်ချင်း ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေက တစ်ရှိန်ထိုး ထွက်ပေါ်လာသည်။ ရှေးဟောင်း သားရဲကြီးတစ်ကောင် ထွက်ပေါ်လာသလိုမျိုးပင်။
"ဘုရားရေ"
"တကယ်ကြီး မင်းဖြစ်နေတာပဲ"
ဒီကို မလာခင်ကတည်းက အရူးကြီးက ကမ္ဘာ့အရှင် ပြောခဲ့တဲ့ ထာဝရဧကရာဇ် ဖြစ်နိုင်တယ်လို့ ထန်ထျန်းက ခန့်မှန်းထားပြီးသားပင်။
ဘာလို့လဲဆိုတော့ သူထုတ်ပြနေတဲ့ အော်ရာ က ကမ္ဘာ့အရှင်ရဲ့ ဖော်ပြချက်တွေနဲ့ အရမ်းကို ကိုက်ညီနေလို့ ဖြစ်သည်။
ဒါကြောင့်လည်း ခုနက စမ်းပြီး ခေါ်ကြည့်လိုက်ခြင်း ဖြစ်သည်။
ဒါပေမဲ့ မထင်မှတ်ထားတာက အရူးကြီးက ဒီနာမည်အပေါ် တုံ့ပြန်မှု ဒီလောက်ကြီးမားလိမ့်မယ်လို့ပင်။
အဲ့ဒီ ခွန်အားက အချိန်မြစ်ထဲက ကျွင်းချန်ချင်းထက် မနိမ့်တဲ့အပြင် ပိုတောင် သန်မာနေပါသေးသည်။
ကံကောင်းတာက ဒီရက်ပိုင်းအတွင်းမှာ ထန်ထျန်းက သုံးစွဲမှုအမှတ် တွေကို ထပ်သုံးပြီး ခွန်အားကို ထပ်မြှင့်ထားလို့သာဖြစ်ပြီး မဟုတ်ရင်တော့ အရူးကြီးကို ချောချောမောမော အနိုင်ယူ နိုင်ဖို့ မသေချာပေ။
ကြောက်မက်ဖွယ်ကောင်းတဲ့ အော်ရာ ကို ရင်ဆိုင်ရတဲ့အခါ ထန်ထျန်းက တိုက်ရိုက် မရင်ဆိုင်ဘဲ ရှောင်တိမ်းကာ ကြယ်မျက်နှာပြင်ကနေ နောက်ဆုတ်လိုက်သည်။
နောက်တစ်ခဏမှာတော့ ကြီးမားတဲ့ ပေါက်ကွဲသံကြီးနဲ့အတူ ကြယ်တစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။
အဲ့ဒီနောက်မှာတော့ နတ်ဆိုးအရိပ်တစ်ခုလို ဖြစ်နေတဲ့ တည်ရှိမှုတစ်ခုက ထန်ထျန်းဆီကို ဒေါသတကြီး အော်ဟစ် ပြီး ပြေးဝင်လာသည်။
"သေစမ်း"
အရူးကြီးရဲ့ မျက်လုံးတွေက နီရဲနေပြီး ဆံပင်တွေကလည်း လေထဲမှာ တလွင့်လွင့်နဲ့ပင်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ထန်ထျန်းရဲ့ ရှေ့ကို ရောက်လာခဲ့သည်။
ဒီအချိန်ကျမှ ထန်ထျန်းက အရူးကြီးရဲ့ ခွန်အားကို အစစ်အမှန် ခံစားလိုက်ရတာပင်။
သူ ခန့်မှန်းထားတာထက် ပိုပြီးတော့ကို ကြမ်းတမ်းလွန်းသည်။
တကယ်လို့သာ သူ မရူးသွပ်သွားခဲ့ဘူးဆိုရင် ကျွင်းချန်ချင်းရဲ့ အထွတ်အထိပ်အချိန်တောင် သူ့ကို ယှဉ်နိုင်ဖို့ မလွယ်ပေ။
ဒါပေမဲ့ နှမြောစရာကောင်းတာက သူက အသိဉာဏ် လုံးဝ ပျောက်ဆုံးနေပြီး ခွန်အား နဲ့ပဲ တိုက်ခိုက်နေတာဖြစ်လို့ ဘာကျင့်စဉ် မှ မရှိတာပဲ ဖြစ်သည်။
ထန်ထျန်းက အရူးကြီးရဲ့ တိုက်ကွက်ကို အလွယ်တကူ ရှောင်လိုက်ပြီးနောက်မှာတော့ လက်ဝါးကို ပြန်ရိုက်လိုက်ရာ အရူးကြီးရဲ့ ကျောကုန်းကို အားပါပါနဲ့ ထိမှန်သွားခဲ့သည်။
"ဘုန်း"
အရူးကြီးရဲ့ ခန္ဓာကိုယ်က မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမြန်နှုန်း နဲ့ လွင့်ထွက်သွားပြီး ထန်ထျန်း ပိတ်ဆို့ထားတဲ့ ဟင်းလင်းပြင် အစွန်းကို သွားတိုက်မိကာ ပြန်ကန်ထွက်လာသည်။
ဒီလက်ဝါးရိုက်ချက်ကို ထန်ထျန်းက သိပ်ပြီး အားမလျှော့ထားပေ၊ သာမန် ကမ္ဘာငယ်လေးတစ်ခုဆိုရင် တိုက်ရိုက် ကြေမွသွားနိုင်သည့် အားမျိုးဖြစ်သည်။
ဒါပေမဲ့ အရူးကြီးကတော့ ဒီရိုက်ချက်ကို ခံလိုက်ရပြီးတာတောင် ဘာမှ မဖြစ်သလိုပင်။
သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကလည်း ကောင်းကင်ကိုအံတုနိုင်လောက်အောင် သန်မာလွန်းလှသည်။
လက်ဝါးရိုက်ချက် ခံလိုက်ရပြီးတဲ့နောက်မှာ သူက ပိုပြီးတော့တောင် ဒေါသထွက်လာပါသေးသည်။
နီရဲ တဲ့ သွေးရောင် အော်ရာတွေက အရူးကြီးရဲ့ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာပြီး အဆုံးမဲ့ ရူးသွပ်မှုတွေက ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။
ထန်ထျန်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ ဒီအရူးကြီးက သူ ထင်ထားတာထက် ပိုပြီး ကိုင်တွယ်ရ ခက်ခဲနေသည်။
သူက အကြည့်ကို စုစည်းလိုက်ပြီး အနန္တတာအိုနိယာမ နယ်မြေ ကို တိုက်ရိုက် ဖြန့်ကျက်လိုက်သလို ရှင်းယွဲ့အင်မော်တယ် ဓား ကလည်း သူ့လက်ထဲမှာ ပေါ်လာခဲ့သည်။
သူ အလေးအနက်ထားဖို့ လိုအပ်လာပြီ ဖြစ်သည်။
ဒီအချိန်မှာတော့ အရူးကြီးရဲ့ ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံးက နီရဲနေပြီး သွေးတိမ်တိုက်ကြီး တစ်ခုလို ဖြစ်နေသည်။
သူက အဝေးက ထန်ထျန်းကို ကြည့်ပြီး မျက်နှာက အလွန်အမင်း ရက်စက်ကြမ်းကြုတ်နေသည်။
"သေစမ်း"
"သေကြစမ်း"
သူက နောက်တစ်ကြိမ် အော်ဟစ် လိုက်ပြီး ဟင်းလင်းပြင် တစ်ဝက်လောက်ကို လွှမ်းမိုးထားတဲ့ သွေးတိမ်တိုက်ကြီးကို သယ်ဆောင်ကာ ထန်ထျန်းဆီကို ပြေးဝင်လာပြန်သည်။
သူ့ရဲ့ ကြောက်မက်ဖွယ် အော်ရာ က ရှေ့တစ်ကြိမ်ထက် အဆပေါင်းများစွာ ပိုပြီး သန်မာလာသည်။
ထန်ထျန်းက ရှင်းယွဲ့အင်မော်တယ် ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
ဒီတစ်ကြိမ်မှာတော့ သူက အရူးကြီးရဲ့ တိုက်ကွက်ကို အင်အားချင်း ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်လိုက်သည်။
ဒီလိုလုပ်မှသာ အခွင့်အရေးရှာပြီး အရူးကြီးကို အပြီးအပိုင် ချုပ်နှောင်ထားနိုင်မှာ ဖြစ်သည်။
"ရား"
မျက်တောင်တစ်ခတ်အတွင်းမှာပဲ အရူးကြီးက ထန်ထျန်းရဲ့ ရှေ့ကို ရောက်လာသည်။
နီရဲနေတဲ့ မျက်လုံးအစုံက ထန်ထျန်းနဲ့ မျက်နှာချင်းဆိုင် နီးကပ်စွာ ရှိနေသည်။
တစ်ချိန်တည်းမှာပဲ ထန်ထျန်းက ခန္ဓာကိုယ်တစ်ခုလုံးက ခွန်အားတွေကို စုစည်းပြီး အရူးကြီးရဲ့ တိုက်ကွက်ကို အတင်း ခံယူဖို့ ပြင်လိုက်သည်။ အဲ့ဒီနောက်မှ သူ့ကို ဖိနှိပ်ဖို့ အခွင့်အရေး ရှာမည်။
အခုလက်ရှိ သူ့အတွက်တော့ ဒါက ခက်ခဲတဲ့ ကိစ္စ မဟုတ်ပေ။
ဒါပေမဲ့ သူက ဓားကို မြှောက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ အရူးကြီးရဲ့ နီရဲနေတဲ့ မျက်လုံးတွေက ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတစ်ခုခုကို မြင်လိုက်ရသလိုမျိုး ဒေါသတွေနဲ့ ရူးသွပ်မှုတွေက ချက်ချင်း ပျောက်ကွယ်သွားပြီး အဲ့ဒီအစား အဆုံးမဲ့ ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေက အစားထိုး ဝင်ရောက်လာခဲ့သည်။
"နတ်ဆိုးကြီးဟ"
အရူးကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူရဲ့ တိုက်ခိုက်မှုကို အတင်း ဖြတ်တောက်လိုက်ကာ လာခဲ့တဲ့ အမြန်နှုန်း ထက် ပိုမြန်တဲ့ အရှိန်နဲ့ နောက်ကို ပြန်လွင့်ထွက်သွားသည်။
အဲ့ဒီပုံစံက အသက်လုပြီး ထွက်ပြေးနေရတဲ့ ပုံစံမျိုးပင်။
ထန်ထျန်းက ချက်ချင်း ကြောင်သွားသည်။
တကယ်လို့ မမှားဘူးဆိုရင် အရူးကြီးနဲ့ ဒုတိယအကြိမ် တွေ့တုန်းကလည်း သူက ဒီလို တုံ့ပြန်မှုမျိုး ပြခဲ့တာ ဖြစ်သည်။
အဲ့ဒီတုန်းက သူကတောင် သူ့ရုပ်ရည်က တစ်ဖက်လူကို ခြောက်လှန့်နေသလားလို့ သံသယ ဝင်ခဲ့သေးသည်။
မထင်မှတ်ထားတာက ဒီတစ်ကြိမ်မှာ နှစ်ယောက်သား တိုက်ပွဲ အရှိန်တက်နေတုန်းမှာပဲ အရူးကြီးက ဒီလို တုံ့ပြန်မှုမျိုး ထပ်ပြပြန်သည်။
သူက တကယ်ပဲ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလား
ကတုန်ကရင်နဲ့ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ အရူးကြီးကိုတော့ ထန်ထျန်းက ဒီအခွင့်အရေးကောင်းကို လက်လွှတ်ခံမှာ မဟုတ်ပေ။
ရွှေရောင် သံကြိုးတစ်ချောင်းက ထန်ထျန်းရဲ့ လက်ထဲကနေ ထွက်ပေါ်လာပြီး အရူးကြီးကို အထပ်ထပ် အခါခါ ရစ်ပတ်လိုက်ကာ သူ ထွက်ပြေးမယ့် လှုပ်ရှားမှုကို တားဆီးလိုက်သည်။
ဒါက နိယာမ တွေ၊ မူလစွမ်းအားတွေနဲ့ တည်ဆောက်ထားတဲ့ နိယာမသံကြိုး ဖြစ်တာကြောင့် အရူးကြီးလို သန်မာတဲ့သူတောင် ခွန်အားသီးသန့်နဲ့ နဲ့ ချိုးဖျက်ဖို့ အချိန်တစ်ခု ပေးရလိမ့်မည်။
ဒါပေမဲ့ အရူးကြီးကတော့ ဘာထိရောက်တဲ့ တုံ့ပြန်မှုမှ မလုပ်ဘဲ စည်းမဲ့ကမ်းမဲ့ပဲ ရုန်းကန်နေသည်။
အဲ့ဒီလို ရုန်းကန်မှုမျိုးကတော့ နိယာမသံကြိုးကို ချိုးဖျက်ဖို့ လုံးဝ မဖြစ်နိုင်ပေ။
"ထွက်သွား"
"မြန်မြန် ထွက်သွားစမ်းပါ"
သူက တကယ်ကိုပဲ စိတ် ခြောက်ခြားသွားပုံရသည်။
ထန်ထျန်းက စိတ်ထဲမှာတော့ အတော်လေး အံ့သြနေမိပြီး အရူးကြီးရဲ့ ရှေ့ကို ရောက်လာသည်။
အရူးကြီးက ထန်ထျန်းကို တိုက်ရိုက် မကြည့်ရဲဘဲ အဝေးကို ပြေးဖို့ပဲ အားစိုက်နေပေမဲ့ နိယာမသံကြိုးကြောင့် လုံးဝ မလှုပ်နိုင်ပေ။
သူက သက်ပြင်းတစ်ချက်ကို တိုးတိုးလေး ချလိုက်ပြီး လက်ညှိးကို ဆန့်ထုတ်ကာ အရူးကြီးရဲ့ နဖူးအလယ် ကို ထိလိုက်သည်။
အဲ့ဒီနောက်မှာတော့ အလွန်အမင်း သန့်စင်တဲ့ အသက်မူလစွမ်းအား တွေကို အရူးကြီးရဲ့ နဖူးအလယ် ထဲကို စီးဝင်စေလိုက်သည်။
များပြားလှတဲ့ အသက် မူလစွမ်းအားတွေ စီးဝင်လာတာနဲ့အမျှ အရူးကြီးရဲ့ ရုန်းကန်မှုတွေက တဖြည်းဖြည်း နှေးကွေးသွားသည်။
မျက်လုံးထဲက သွေးရောင်တွေကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ရက်စက်ကြမ်းကြုတ်နေတဲ့ မျက်နှာကလည်း တဖြည်းဖြည်းနဲ့ ကြည်လင်လာသည်။
ရူးသွပ်နေတဲ့ အော်ရာတွေကလည်း ပျောက်ကွယ်သွားခဲ့ပြီ။
မျက်ခုံးတွေကြားမှာ အရှိန်အဝါ ပြည့်ဝနေတဲ့ လူလတ်ပိုင်း မျက်နှာတစ်ခုက ထန်ထျန်းရဲ့ ရှေ့မှာ တဖြည်းဖြည်း ပေါ်လာသည်။
အတော်ကြာပြီးနောက်မှာတော့ အရူးကြီးရဲ့ မျက်လုံးတွေက နောက်ဆုံးမှာ သတိ တစ်ချက် ပြန်လည်လာခဲ့သည်။
သူက ရှေ့က ထန်ထျန်းကို ကြည့်ပြီး ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။
"တကယ်ကြီး... ဒီလို ဖြစ်နေတာပဲ..."
အသံက ကွဲအက်နေပြီး အလွန်အမင်း အားနည်းနေခဲ့သည်။