← Chapters

သတိပြန်လည်လာခြင်း

Vol. 81 Ch. 848

သတိပြန်လည်လာခြင်း

Vol. 81 Ch. 848

​ကြယ် ကမ္ဘာ ထဲတွင်

​ထန်ထျန်းက ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေပြီး ခြေထောက်အောက်က ကွဲအက်နေသည့် ကြယ်တစ်ဝက်ကို ငုံ့ကြည့်နေသည်။

​အစွမ်းထက်ပြီး ရူးသွပ်မှုတွေ သိသိသာသာ ပါဝင်နေတဲ့ အော်ရာတစ်ခုက ကြယ်ရဲ့အတွင်းပိုင်းကနေ ပျံ့လွင့်ထွက်ပေါ်နေသည်။ အရူးကြီးကတော့ အခုအချိန်မှာ အဲ့ဒီကွဲအက်နေတဲ့ ကြယ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိနေတာပင်။

​သူ့ကို ပထမဆုံးအကြိမ် တွေ့တုန်းကလည်း ကြယ်တစ်လုံးထဲကနေ ထွက်လာတာကို မှတ်မိနေသေးသည်။ ဘာကြောင့် ဒီလို ထူးဆန်းတဲ့ ဝါသနာမျိုး ရှိနေရတာလဲဆိုတာတော့ မသိပေ။

​ထန်ထျန်းက ခဏလောက် စဉ်းစားပြီးနောက် လက်ညှိုးကို ဆန့်ထုတ်လိုက်ကာ အဲ့ဒီကြယ်ရဲ့ ပတ်ပတ်လည် ဟင်းလင်းပြင်တစ်ခုလုံးကို ချိပ်ပိတ်လိုက်သည်။

​အရူးကြီးက ရူးနေတယ်ဆိုပေမဲ့ သူ့ရဲ့ ခွန်အားကတော့ တကယ်ကို အစွမ်းထက်လွန်းတာကြောင့် အစစအရာရာ ပြည့်စုံအောင် ပြင်ဆင်ထားဖို့ လိုအပ်သည်။

​ဟင်းလင်းပြင်တစ်ခုလုံးကို ချိပ်ပိတ်ပြီးနောက်မှာတော့ ထန်ထျန်းက ကြယ်ရဲ့အထက်ကို ရောက်ရှိလာခဲ့သည်။

​"စီနီယာ"

​သူက စမ်းပြီး ခေါ်ကြည့်လိုက်သည်။

​ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရှိပေ။ အရူးကြီးက သူ့ရဲ့ ခေါ်သံကို လုံးဝ ဂရုမစိုက်တာပဲ ဖြစ်သည်။

​"စီနီယာ... ကျေးဇူးပြုပြီး ထွက်လာပြီး တွေ့ပါဦး"

​ထန်ထျန်းက အသံကို မြှင့်လိုက်ပြီး ကျင့်ကြံခြင်း စွမ်းအားကိုပါ ထည့်သွင်းလိုက်သည်။ ဟိန်းထွက်သွားတဲ့ အသံက ကြယ်ရဲ့ မျက်နှာပြင်ကို တိုက်ရိုက် ထိုးဖောက်ပြီး အတွင်းပိုင်းအထိ ရောက်သွားခဲ့သည်။

​ဒီတစ်ကြိမ်မှာတော့ အရူးကြီး သေချာပေါက် ကြားသွားမှာပင်။

​ဒါပေမဲ့ သူကတော့ ဘာမှ ပြန်မလုပ်သေးပေ။

​ထန်ထျန်းက ခဏလောက် စဉ်းစားပြီး ပြန်ပြောလိုက်သည်။

​"ထာဝရဧကရာဇ်"

​ဒီတစ်ခါတော့ သူ့အသံက သိပ်မကျယ်ပေ။

​ဒါပေမဲ့ စကားဆုံးသွားတာနဲ့ ကြယ်အတွင်းပိုင်းကနေ ထွက်ပေါ်နေတဲ့ အော်ရာလှိုင်းတွေက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

​နောက်တစ်စက္ကန့်မှာတော့ ကြယ်မျက်နှာပြင်ပေါ်မှာ ကြီးမားတဲ့ အက်ကြောင်းတွေ ချက်ချင်း ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေက တစ်ရှိန်ထိုး ထွက်ပေါ်လာသည်။ ရှေးဟောင်း သားရဲကြီးတစ်ကောင် ထွက်ပေါ်လာသလိုမျိုးပင်။

​"ဘုရားရေ"

​"တကယ်ကြီး မင်းဖြစ်နေတာပဲ"

​ဒီကို မလာခင်ကတည်းက အရူးကြီးက ကမ္ဘာ့အရှင် ပြောခဲ့တဲ့ ထာဝရဧကရာဇ် ဖြစ်နိုင်တယ်လို့ ထန်ထျန်းက ခန့်မှန်းထားပြီးသားပင်။

​ဘာလို့လဲဆိုတော့ သူထုတ်ပြနေတဲ့ အော်ရာ က ကမ္ဘာ့အရှင်ရဲ့ ဖော်ပြချက်တွေနဲ့ အရမ်းကို ကိုက်ညီနေလို့ ဖြစ်သည်။

​ဒါကြောင့်လည်း ခုနက စမ်းပြီး ခေါ်ကြည့်လိုက်ခြင်း ဖြစ်သည်။

​ဒါပေမဲ့ မထင်မှတ်ထားတာက အရူးကြီးက ဒီနာမည်အပေါ် တုံ့ပြန်မှု ဒီလောက်ကြီးမားလိမ့်မယ်လို့ပင်။

​အဲ့ဒီ ခွန်အားက အချိန်မြစ်ထဲက ကျွင်းချန်ချင်းထက် မနိမ့်တဲ့အပြင် ပိုတောင် သန်မာနေပါသေးသည်။

​ကံကောင်းတာက ဒီရက်ပိုင်းအတွင်းမှာ ထန်ထျန်းက သုံးစွဲမှုအမှတ် တွေကို ထပ်သုံးပြီး ခွန်အားကို ထပ်မြှင့်ထားလို့သာဖြစ်ပြီး မဟုတ်ရင်တော့ အရူးကြီးကို ချောချောမောမော အနိုင်ယူ နိုင်ဖို့ မသေချာပေ။

​ကြောက်မက်ဖွယ်ကောင်းတဲ့ အော်ရာ ကို ရင်ဆိုင်ရတဲ့အခါ ထန်ထျန်းက တိုက်ရိုက် မရင်ဆိုင်ဘဲ ရှောင်တိမ်းကာ ကြယ်မျက်နှာပြင်ကနေ နောက်ဆုတ်လိုက်သည်။

​နောက်တစ်ခဏမှာတော့ ကြီးမားတဲ့ ပေါက်ကွဲသံကြီးနဲ့အတူ ကြယ်တစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။

​အဲ့ဒီနောက်မှာတော့ နတ်ဆိုးအရိပ်တစ်ခုလို ဖြစ်နေတဲ့ တည်ရှိမှုတစ်ခုက ထန်ထျန်းဆီကို ဒေါသတကြီး အော်ဟစ် ပြီး ပြေးဝင်လာသည်။

​"သေစမ်း"

​အရူးကြီးရဲ့ မျက်လုံးတွေက နီရဲနေပြီး ဆံပင်တွေကလည်း လေထဲမှာ တလွင့်လွင့်နဲ့ပင်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ထန်ထျန်းရဲ့ ရှေ့ကို ရောက်လာခဲ့သည်။

​ဒီအချိန်ကျမှ ထန်ထျန်းက အရူးကြီးရဲ့ ခွန်အားကို အစစ်အမှန် ခံစားလိုက်ရတာပင်။

​သူ ခန့်မှန်းထားတာထက် ပိုပြီးတော့ကို ကြမ်းတမ်းလွန်းသည်။

​တကယ်လို့သာ သူ မရူးသွပ်သွားခဲ့ဘူးဆိုရင် ကျွင်းချန်ချင်းရဲ့ အထွတ်အထိပ်အချိန်တောင် သူ့ကို ယှဉ်နိုင်ဖို့ မလွယ်ပေ။

​ဒါပေမဲ့ နှမြောစရာကောင်းတာက သူက အသိဉာဏ် လုံးဝ ပျောက်ဆုံးနေပြီး ခွန်အား နဲ့ပဲ တိုက်ခိုက်နေတာဖြစ်လို့ ဘာကျင့်စဉ် မှ မရှိတာပဲ ဖြစ်သည်။

​ထန်ထျန်းက အရူးကြီးရဲ့ တိုက်ကွက်ကို အလွယ်တကူ ရှောင်လိုက်ပြီးနောက်မှာတော့ လက်ဝါးကို ပြန်ရိုက်လိုက်ရာ အရူးကြီးရဲ့ ကျောကုန်းကို အားပါပါနဲ့ ထိမှန်သွားခဲ့သည်။

​"ဘုန်း"

​အရူးကြီးရဲ့ ခန္ဓာကိုယ်က မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမြန်နှုန်း နဲ့ လွင့်ထွက်သွားပြီး ထန်ထျန်း ပိတ်ဆို့ထားတဲ့ ဟင်းလင်းပြင် အစွန်းကို သွားတိုက်မိကာ ပြန်ကန်ထွက်လာသည်။

​ဒီလက်ဝါးရိုက်ချက်ကို ထန်ထျန်းက သိပ်ပြီး အားမလျှော့ထားပေ၊ သာမန် ကမ္ဘာငယ်လေးတစ်ခုဆိုရင် တိုက်ရိုက် ကြေမွသွားနိုင်သည့် အားမျိုးဖြစ်သည်။

​ဒါပေမဲ့ အရူးကြီးကတော့ ဒီရိုက်ချက်ကို ခံလိုက်ရပြီးတာတောင် ဘာမှ မဖြစ်သလိုပင်။

​သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကလည်း ကောင်းကင်ကိုအံတုနိုင်လောက်အောင် သန်မာလွန်းလှသည်။

​လက်ဝါးရိုက်ချက် ခံလိုက်ရပြီးတဲ့နောက်မှာ သူက ပိုပြီးတော့တောင် ဒေါသထွက်လာပါသေးသည်။

​နီရဲ တဲ့ သွေးရောင် အော်ရာတွေက အရူးကြီးရဲ့ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာပြီး အဆုံးမဲ့ ရူးသွပ်မှုတွေက ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

​ထန်ထျန်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ ဒီအရူးကြီးက သူ ထင်ထားတာထက် ပိုပြီး ကိုင်တွယ်ရ ခက်ခဲနေသည်။

​သူက အကြည့်ကို စုစည်းလိုက်ပြီး အနန္တတာအိုနိယာမ နယ်မြေ ကို တိုက်ရိုက် ဖြန့်ကျက်လိုက်သလို ရှင်းယွဲ့အင်မော်တယ် ဓား ကလည်း သူ့လက်ထဲမှာ ပေါ်လာခဲ့သည်။

​သူ အလေးအနက်ထားဖို့ လိုအပ်လာပြီ ဖြစ်သည်။

​ဒီအချိန်မှာတော့ အရူးကြီးရဲ့ ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံးက နီရဲနေပြီး သွေးတိမ်တိုက်ကြီး တစ်ခုလို ဖြစ်နေသည်။

​သူက အဝေးက ထန်ထျန်းကို ကြည့်ပြီး မျက်နှာက အလွန်အမင်း ရက်စက်ကြမ်းကြုတ်နေသည်။

​"သေစမ်း"

​"သေကြစမ်း"

​သူက နောက်တစ်ကြိမ် အော်ဟစ် လိုက်ပြီး ဟင်းလင်းပြင် တစ်ဝက်လောက်ကို လွှမ်းမိုးထားတဲ့ သွေးတိမ်တိုက်ကြီးကို သယ်ဆောင်ကာ ထန်ထျန်းဆီကို ပြေးဝင်လာပြန်သည်။

​သူ့ရဲ့ ကြောက်မက်ဖွယ် အော်ရာ က ရှေ့တစ်ကြိမ်ထက် အဆပေါင်းများစွာ ပိုပြီး သန်မာလာသည်။

​ထန်ထျန်းက ရှင်းယွဲ့အင်မော်တယ် ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

​ဒီတစ်ကြိမ်မှာတော့ သူက အရူးကြီးရဲ့ တိုက်ကွက်ကို အင်အားချင်း ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်လိုက်သည်။

​ဒီလိုလုပ်မှသာ အခွင့်အရေးရှာပြီး အရူးကြီးကို အပြီးအပိုင် ချုပ်နှောင်ထားနိုင်မှာ ဖြစ်သည်။

​"ရား"

​မျက်တောင်တစ်ခတ်အတွင်းမှာပဲ အရူးကြီးက ထန်ထျန်းရဲ့ ရှေ့ကို ရောက်လာသည်။

​နီရဲနေတဲ့ မျက်လုံးအစုံက ထန်ထျန်းနဲ့ မျက်နှာချင်းဆိုင် နီးကပ်စွာ ရှိနေသည်။

​တစ်ချိန်တည်းမှာပဲ ထန်ထျန်းက ခန္ဓာကိုယ်တစ်ခုလုံးက ခွန်အားတွေကို စုစည်းပြီး အရူးကြီးရဲ့ တိုက်ကွက်ကို အတင်း ခံယူဖို့ ပြင်လိုက်သည်။ အဲ့ဒီနောက်မှ သူ့ကို ဖိနှိပ်ဖို့ အခွင့်အရေး ရှာမည်။

​အခုလက်ရှိ သူ့အတွက်တော့ ဒါက ခက်ခဲတဲ့ ကိစ္စ မဟုတ်ပေ။

​ဒါပေမဲ့ သူက ဓားကို မြှောက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ အရူးကြီးရဲ့ နီရဲနေတဲ့ မျက်လုံးတွေက ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတစ်ခုခုကို မြင်လိုက်ရသလိုမျိုး ဒေါသတွေနဲ့ ရူးသွပ်မှုတွေက ချက်ချင်း ပျောက်ကွယ်သွားပြီး အဲ့ဒီအစား အဆုံးမဲ့ ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေက အစားထိုး ဝင်ရောက်လာခဲ့သည်။

​"နတ်ဆိုးကြီးဟ"

​အရူးကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူရဲ့ တိုက်ခိုက်မှုကို အတင်း ဖြတ်တောက်လိုက်ကာ လာခဲ့တဲ့ အမြန်နှုန်း ထက် ပိုမြန်တဲ့ အရှိန်နဲ့ နောက်ကို ပြန်လွင့်ထွက်သွားသည်။

​အဲ့ဒီပုံစံက အသက်လုပြီး ထွက်ပြေးနေရတဲ့ ပုံစံမျိုးပင်။

​ထန်ထျန်းက ချက်ချင်း ကြောင်သွားသည်။

​တကယ်လို့ မမှားဘူးဆိုရင် အရူးကြီးနဲ့ ဒုတိယအကြိမ် တွေ့တုန်းကလည်း သူက ဒီလို တုံ့ပြန်မှုမျိုး ပြခဲ့တာ ဖြစ်သည်။

​အဲ့ဒီတုန်းက သူကတောင် သူ့ရုပ်ရည်က တစ်ဖက်လူကို ခြောက်လှန့်နေသလားလို့ သံသယ ဝင်ခဲ့သေးသည်။

​မထင်မှတ်ထားတာက ဒီတစ်ကြိမ်မှာ နှစ်ယောက်သား တိုက်ပွဲ အရှိန်တက်နေတုန်းမှာပဲ အရူးကြီးက ဒီလို တုံ့ပြန်မှုမျိုး ထပ်ပြပြန်သည်။

​သူက တကယ်ပဲ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလား

​ကတုန်ကရင်နဲ့ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ အရူးကြီးကိုတော့ ထန်ထျန်းက ဒီအခွင့်အရေးကောင်းကို လက်လွှတ်ခံမှာ မဟုတ်ပေ။

​ရွှေရောင် သံကြိုးတစ်ချောင်းက ထန်ထျန်းရဲ့ လက်ထဲကနေ ထွက်ပေါ်လာပြီး အရူးကြီးကို အထပ်ထပ် အခါခါ ရစ်ပတ်လိုက်ကာ သူ ထွက်ပြေးမယ့် လှုပ်ရှားမှုကို တားဆီးလိုက်သည်။

​ဒါက နိယာမ တွေ၊ မူလစွမ်းအားတွေနဲ့ တည်ဆောက်ထားတဲ့ နိယာမသံကြိုး ဖြစ်တာကြောင့် အရူးကြီးလို သန်မာတဲ့သူတောင် ခွန်အားသီးသန့်နဲ့ နဲ့ ချိုးဖျက်ဖို့ အချိန်တစ်ခု ပေးရလိမ့်မည်။

​ဒါပေမဲ့ အရူးကြီးကတော့ ဘာထိရောက်တဲ့ တုံ့ပြန်မှုမှ မလုပ်ဘဲ စည်းမဲ့ကမ်းမဲ့ပဲ ရုန်းကန်နေသည်။

​အဲ့ဒီလို ရုန်းကန်မှုမျိုးကတော့ နိယာမသံကြိုးကို ချိုးဖျက်ဖို့ လုံးဝ မဖြစ်နိုင်ပေ။

​"ထွက်သွား"

​"မြန်မြန် ထွက်သွားစမ်းပါ"

​သူက တကယ်ကိုပဲ စိတ် ခြောက်ခြားသွားပုံရသည်။

​ထန်ထျန်းက စိတ်ထဲမှာတော့ အတော်လေး အံ့သြနေမိပြီး အရူးကြီးရဲ့ ရှေ့ကို ရောက်လာသည်။

​အရူးကြီးက ထန်ထျန်းကို တိုက်ရိုက် မကြည့်ရဲဘဲ အဝေးကို ပြေးဖို့ပဲ အားစိုက်နေပေမဲ့ နိယာမသံကြိုးကြောင့် လုံးဝ မလှုပ်နိုင်ပေ။

​သူက သက်ပြင်းတစ်ချက်ကို တိုးတိုးလေး ချလိုက်ပြီး လက်ညှိးကို ဆန့်ထုတ်ကာ အရူးကြီးရဲ့ နဖူးအလယ် ကို ထိလိုက်သည်။

​အဲ့ဒီနောက်မှာတော့ အလွန်အမင်း သန့်စင်တဲ့ အသက်မူလစွမ်းအား တွေကို အရူးကြီးရဲ့ နဖူးအလယ် ထဲကို စီးဝင်စေလိုက်သည်။

​များပြားလှတဲ့ အသက် မူလစွမ်းအားတွေ စီးဝင်လာတာနဲ့အမျှ အရူးကြီးရဲ့ ရုန်းကန်မှုတွေက တဖြည်းဖြည်း နှေးကွေးသွားသည်။

​မျက်လုံးထဲက သွေးရောင်တွေကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

​ရက်စက်ကြမ်းကြုတ်နေတဲ့ မျက်နှာကလည်း တဖြည်းဖြည်းနဲ့ ကြည်လင်လာသည်။

​ရူးသွပ်နေတဲ့ အော်ရာတွေကလည်း ပျောက်ကွယ်သွားခဲ့ပြီ။

​မျက်ခုံးတွေကြားမှာ အရှိန်အဝါ ပြည့်ဝနေတဲ့ လူလတ်ပိုင်း မျက်နှာတစ်ခုက ထန်ထျန်းရဲ့ ရှေ့မှာ တဖြည်းဖြည်း ပေါ်လာသည်။

​အတော်ကြာပြီးနောက်မှာတော့ အရူးကြီးရဲ့ မျက်လုံးတွေက နောက်ဆုံးမှာ သတိ တစ်ချက် ပြန်လည်လာခဲ့သည်။

​သူက ရှေ့က ထန်ထျန်းကို ကြည့်ပြီး ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။

​"တကယ်ကြီး... ဒီလို ဖြစ်နေတာပဲ..."

​အသံက ကွဲအက်နေပြီး ​အလွန်အမင်း အားနည်းနေခဲ့သည်။

All Chapters