← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅) အရေးပေါ်လူနာ

“ခင်ဗျားသားရဲ့ အသုဘအတွက် အမြန်ပြင်ဆင်ထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်”

ထိုစကားကို ကြားလိုက်ရသည်နှင့် လုကုန်းရှင်းသည် ချက်ချင်းပင် ခေါင်းနားပန်းကြီးသွားပြီး နတ်ဆေးဆရာစွန်း၏လက်ကို အသည်းအသန် ဆွဲကိုင်လိုက်သည်၊ သူ၏အသံမှာ တုန်ရီနေပြီးအားကိုးတကြီးဖြင့်နတ်ဆေးဆရာစွန်းအားပြောလိုက်၏။

“ကျုပ်ရဲ့လုမိသားစုမှာ သုံးဆက်တိုင်တိုင် သားတစ်ယောက်ပဲ ထွန်းကားခဲ့တာပါ၊ သူဟာ ကျုပ်ရဲ့ တစ်ဦးတည်းသော သားလေးပါဗျာ၊ အသနားခံပါတယ် နတ်ဆေးဆရာစွန်း၊ ကျုပ်သားလေးရဲ့ အသက်ကို ကယ်တင်ပေးပါ၊ ဆေးဖိုးဝါးခနဲ့ အခကြေးငွေကို ကြိုက်သလောက်တောင်းပါ”

သခင်ကြီး လုကုန်းရှင်းသည် ဒေသခံ သူဌေးကြီးတစ်ဦး ဖြစ်သည်၊ သူသည် ပိုးထည်ဆိုင် သုံးဆိုင်အပြင် အပေါင်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် ရေတွက်မကုန်နိုင်သော လယ်ယာမြေများ၊ ဇိမ်ခံအိမ်ဂေဟာများကို ပိုင်ဆိုင်ထားသဖြင့် “လုမြို့တစ်ဝက်” ဟု အမည်ပြောင်ရသည်အထိ ခရိုင်အတွင်း အချမ်းသာဆုံးသူဖြစ်၏။

တစ်ခုတည်းသော အားနည်းချက်မှာ သခင်ကြီးလု၏ မိသားစုတွင် သားသမီး ရတနာ ရှားပါးခြင်းပင် ဖြစ်သည်၊ သူသည် အသက်ငါးဆယ်နီးပါးမှ သားလေးကို ရရှိခဲ့သဖြင့် ဧကတစ်ထောင်တွင် တစ်ပင်တည်းသော ပျိုးပင်လေးကဲ့သို့ အမှန်တကယ် အဖိုးတန်လှ၏။

ထိုသားလေးသည် ချောမောစွာ ကြီးပြင်းလာပြီး လုမိသားစုကို ချဲ့ထွင်ကာ မျိုးဆက်ဆက်ခံနိုင်ရန် သူ မျှော်လင့်ခဲ့သော်လည်း မမျှော်လင့်ဘဲ လွန်ခဲ့သော ရက်အနည်းငယ်က ကောင်လေးသည် ပြင်းထန်စွာ ဖျားနာခဲ့ပြီး “သေအံ့ဆဲဆဲကို အသက်ပြန်သွင်းနိုင်သူ” ဟု ကျော်ကြားသော နတ်ဆေးဆရာစွန်းပင်လျှင် လုံးဝ လက်လျှော့ထားရသည်အထိ ဖြစ်နေသည်။

“ကျုပ်သားရဲ့ အသက်ကိုသာ ကယ်နိုင်ရင် မြို့အနောက်ဘက်က ပိုးထည်ဆိုင်ကို ခင်ဗျားကို ပေးဖို့ အဆင်သင့်ပါပဲ”

“သခင်ကြီးလု၊ ခင်ဗျား ချမ်းသာတာကို ကျုပ်သိပါတယ်၊ ဒါပေမဲ့ ဒီ ‘ယမမင်း ဝမ်းကိုက်ရောဂါ’ ဆိုတာ ကုလို့မရတဲ့ ရောဂါမျိုးပါဗျာ”

နတ်ဆေးဆရာစွန်းက သက်ပြင်းရှည်ကြီးကို မတတ်သာဘဲ ချလိုက်သည်။

“ကျုပ်ရဲ့ နိမ့်ပါးတဲ့ ဆေးပညာအတွက် ခွင့်လွှတ်ပါ၊ ကျုပ် တကယ် မကူညီနိုင်တော့ပါဘူး”

နတ်ဆေးဆရာစွန်းက မကူညီနိုင်ကြောင်း ထပ်တလဲလဲ ပြောဆိုနေသော်လည်း သခင်ကြီးလုကတော့ လက်မလျှော့သေးပဲအကူအညီတောင်းနေ၏။

“တကယ်ပဲ ဘာနည်းလမ်းမှ မရှိတော့ဘူးလား”

နတ်ဆေးဆရာစွန်းက မတတ်သာသလို ခေါင်းခါပြလိုက်ပြီးပြန်ပြောလိုက်၏။

“ဒီ ယမမင်း ဝမ်းကိုက်ရောဂါက ကြောက်ဖို့ကောင်းပေမဲ့ လုံးဝ ကုလို့မရတာမျိုးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ခင်ဗျား ရောက်လာတာ နောက်ကျသွားပြီ၊ ခင်ဗျားသားက ‘ပါးစပ်ပိတ်’ သွားပြီလေ၊ သာမန် ဆေးရည်တွေကို ထားလိုက်ပါဦး၊ တာအိုနတ်မင်းကြီးရဲ့ ကိုးကြိမ်ချက် နတ်ဆေးလုံးကိုတောင် မျိုချနိုင်မှာ မဟုတ်တော့ပါဘူး”

“ပါးစပ်ပိတ်ခြင်း”မှာ တရုတ်တိုင်းရင်းဆေးပညာတွင်သာ သုံးနှုန်းသော ဝေါဟာရဖြစ်ပြီး လူနာ၏ အစာအိမ်နှင့် အူလမ်းကြောင်း လုပ်ဆောင်ချက်များ ပျက်စီးသွားကာ ဆေးအာနိသင်ကို မစုပ်ယူနိုင်တော့ခြင်းကို အထူးရည်ညွှန်းခြင်း ဖြစ်သည်၊ ဆေးရည်ကို အတင်းအဓမ္မ တိုက်ကျွေးလျှင်ပင် ချက်ချင်း ပြန်လည် စွန့်ထုတ်သွားမည် ဖြစ်၏။

“ခင်ဗျားသာ ပါးစပ်မပိတ်ခင် ဆေးကုသမှု ခံယူခဲ့ရင် ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေး ရှိကောင်း ရှိနိုင်ပါလိမ့်မယ်၊ နှမြောဖို့ ကောင်းလိုက်တာ... ခင်ဗျား နောက်ကျသွားပြီ၊ ကံကြမ္မာကို ပြောင်းပြန်လှန်ဖို့ ကျုပ်မှာ အရည်အချင်း မရှိပါဘူး၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။”

“ပြတ်တောက်သွားပြီ၊ ပြတ်တောက်သွားပြီ၊ လုမိသားစုရဲ့ သွေးမျိုးဆက်နဲ့ အမွေအနှစ်တွေဟာ ကျုပ်လက်ထက်မှာတင် အဆုံးသတ်တော့မှာပဲ၊ နောင် နှစ်ပေါင်းတစ်ရာကြာလို့ မြေအောက်က လုမိသားစု ဘိုးဘေးတွေနဲ့ တွေ့ရင် ကျုပ် ဘယ်လို မျက်နှာပြရပါ့မလဲ”

သတိမေ့မြောနေသော သားဖြစ်သူကို ပွေ့ဖက်ရင်း သခင်ကြီး လုကုန်းရှင်းသည် အသည်းကွဲမတတ် ငိုကြွေးနေရင်း လူသေကောင်တစ်ယောက်လို ရေရွတ်နေခဲ့သည်။

“ဆံပင်ဖြူတဲ့သူက ဆံပင်နက်တဲ့သူကို သင်္ဂြိုဟ်ရတဲ့ ဒီလို လူ့လောက ငရဲကို ခံစားရအောင် ကျုပ် အရင်ဘဝက ဘာအပြစ်တွေ လုပ်ခဲ့မိလို့လဲ”

ထိုနေရာမှာ မူလကပင် လူစည်ကားသော ဈေးဖြစ်သဖြင့် လူများ အမြဲမပြတ် သွားလာနေကြသည်။ ထိုလမ်းတွင် ကင်းလှည့်နေသော ကျန်းစစ် ကောက ယင်းမြင်ကွင်းကို မြင်တွေ့သွားပြီး ဝတ်ကျေတန်းကျေ မှတ်ချက်ဝင်ပေးလိုက်‌ ‌ လေ၏။

“ဖျားနေတဲ့ ကလေးတစ်ယောက်ပဲဥစ္စာ၊ ဘာများ အရေးကြီးလို့လဲ၊ ခင်ဗျားက လူကြီးတန်မဲ့ မိန်းမတစ်ယောက်လို ငိုနေတာပဲ၊ ဒီအချိန်မှာ ငိုနေမယ့်အစား ဝူကျိရှန်း ဒါမှမဟုတ် နန်းတွင်းသမားတော်ဝူကို သွားရှာပြီး ကောင်လေးကို ကုခိုင်းလိုက်ရင် အခုလောက်ဆို သက်သာနေလောက်ပြီ”

ပြောသူက ရည်ရွယ်ချက် မရှိသော်လည်း နားထောင်သူက ဂရုပြုမိသွား၏။ ထိုဝတ်ကျေတန်းကျေ စကားသည် သခင်ကြီး လုကုန်းရှင်း၏ နားထဲသို့ ရောက်သွားသောအခါ ရေနစ်သူက နောက်ဆုံး မြက်ပင်တစ်ပင်ကို ဆွဲကိုင်လိုက်ရသလို ဖြစ်သွားသည်။

သူသည် ချက်ချင်း စိတ်အားတက်ကြွလာပြီး ကျန်းစစ်ကောကို အမြန်မေးလိုက်သည်။

“ကျုပ်သားမှာ ယမမင်း ဝမ်းကိုက်ရောဂါ ဖြစ်နေတာပါ၊ နတ်ဆေးဆရာစွန်းတောင် မကုနိုင်ဘူး၊ ခင်ဗျားပြောတဲ့ အဲဒီ နန်းတွင်းသမားတော်ဝူက တကယ်ပဲ ကုနိုင်လို့လား”

“ဒီခေတ်မှာ ‘နတ်ဆေးဆရာ’ ဆိုတဲ့ ဘွဲ့က တန်ဖိုးမရှိသလောက် ဖြစ်နေပြီ”

ကျန်းစစ်‌ ကောက မထီမဲ့မြင် ပြောလိုက်သည်။

“ဘယ်သူမဆို သူ့ကိုယ်သူ နတ်ဆေးဆရာလို့ ခေါ်ရဲနေကြတာပဲ၊ ကျုပ်အမြင်အရတော့ သူတို့တွေက ဆေးကုတတ်ယောင်ဆောင်တဲ့ အလိမ်အညာတွေပါပဲ”

နတ်ဆေးဆရာစွန်း၏ ရှေ့မှောက်တွင် ထိုသို့ ပြောဆိုခြင်းမှာ ဘုန်းကြီးကို လက်ညှိုးထိုးပြီး ကတုံးကို ဆဲဆိုနေသလို ထင်ရှားလှသည်။ နတ်ဆေးဆရာစွန်းသည်ထိုအရှက်ခွဲမှုကို မခံရပ်နိုင်တော့ပဲပြန်လည်‌ ချေပလိုက်၏။

“အန်မင်ဆေးခန်းက ကျုပ်ရဲ့ စွန်းမိသားစုဟာ ဆေးဘုရင် စွန်းစီမြောင်ရဲ့ တိုက်ရိုက်မျိုးဆက်တွေ ဖြစ်ကြတယ်၊ ကျုပ်တို့ဟာ လောကကြီးကို ကယ်တင်ဖို့ မျိုးဆက်အလိုက် ဆေးကုသလာတာ ဖြစ်တယ်"

"ကျုပ်မှာ အရည်အချင်း မရှိဘူးဆိုရင်တောင် ကလေးဘဝကတည်းက ဆေးကျမ်းတွေကို လေ့လာခဲ့တယ်၊ အသက် တစ်ဆယ့်ခြောက်နှစ်မှာ ဆေးစကုတယ်၊ အခုဆို လူနာတွေကို ကုသလာတာ အနှစ်လေးဆယ် ရှိပြီ၊ ကုသပေးခဲ့တဲ့ အသက်ပေါင်းလည်း မနည်းတော့ဘူး၊ ကျုပ်မှာ ကြီးမားတဲ့ ဂုဏ်ပုဒ်တွေ ရှိတယ်လို့ မပြောချင်ပေမဲ့ ‘အလိမ်အညာ’ ဆိုတဲ့ စကားလုံးကတော့ ဒီအဖိုးကြီးနဲ့ မထိုက်တန်ဘူး မဟုတ်လား”

“တော်စမ်းပါဦးဗျာ”

ကျန်းစစ်ကဲ၏ လေသံမှာ သရော်မှုများဖြင့် ပြည့်နှက်နေသည်။

“လွန်ခဲ့တဲ့ လဝက်တုန်းက ကျုပ်မှာ ‘အူလိမ်အူခေါက်ရောဂါ’ ဖြစ်ခဲ့တယ်။ ကျုပ်ကို ဒီကို ထမ်းလာတုန်းက ခင်ဗျားက ကုလို့မရဘူးဆိုပြီး အိမ်ပြန်ပြီး အသုဘပြင်ခိုင်းခဲ့တာ မဟုတ်လား၊ အခု ဘာဖြစ်လဲ၊ ကျုပ် အကောင်းတိုင်းပဲလေ၊ ဒါတောင် ခင်ဗျားက နတ်ဆေးဆရာလို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဖို့ ရှက်တောင် မရှက်ဘူးလား”

ကျန်းစစ် ကော၏ စကားများမှာ ကြမ်းတမ်းပြီး လှောင်ပြောင်သည့်လေသံဖြစ်‌ နေ သော်လည်း နတ်ဆေးဆရာစွန်းမှာ ဘာပြန်ပြောရမှန်းမသိ ဆွံ့အသွားသည်မှာ အမှန်ပင် ဖြစ်သည်။

အမှန်စင်စစ် ကျန်းစစ်‌ ကောအူလိမ်အူခေါက် ရောဂါဖောက်စဉ်က ၎င်းသည် ကု၍မရသော ရောဂါဖြစ်ကြောင်း သူ အမှန်တကယ် ကြေညာခဲ့ခြင်း ဖြစ်သည်၊ မမျှော်လင့်ဘဲ လဝက်အကြာတွင် ကျန်းစစ်ကဲသည် သူ၏ရှေ့တွင် သက်ရှိထင်ရှား သန်သန်မာမာဖြင့် ရပ်နေသည်၊ သူ ဘာထပ်ပြောနိုင်ဦးမည်နည်း။

ဗိုက်ခွဲပြီး အူကို ဖြတ်ထုတ်သည့် ကိစ္စမှာ တစ်ခါမှ မကြားဖူးခဲ့သော၊ အံ့ဩဖွယ်ရာ ကောင်းလှသော ကိစ္စဖြစ်သဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီ ဖြစ်သော်လည်း အချို့လူများကတော့ ၎င်းမှာ ချဲ့ကားပြောဆိုထားသည့် ကောလာဟလတစ်ခုသာ ဖြစ်လိမ့်မည်ဟု မယုံကြည်နိုင်သေးပေ။

သူ၏စကားများ မှန်ကန်ကြောင်း သက်သေပြရန် ကျန်းစစ် ကောသည် သူ၏ ထူထဲသော ဂွမ်းအင်္ကျီကို ချက်ချင်း ချွတ်လိုက်ပြီး ဗိုက်အောက်ပိုင်းရှိ အမာရွတ်ကို လူအုပ်ကြီးအား ပြသလိုက်သည်။

“ရွာသားတို့၊ သေချာကြည့်ကြစမ်း၊ ဒီနေရာမှာ အပေါက်ကြီး ဖောက်လိုက်တာ၊ ပြီးတော့ ပျက်စီးနေတဲ့ ကျုပ်ရဲ့ အူကို ဖြတ်ထုတ်လိုက်တာ၊ အဲဒါကြောင့် ကျုပ် အသက်ရှင်နေတာ၊ မယုံရင် ‘မိုးကုတ်စက်ဝိုင်း’ လမ်းကြားမှာ သွားမေးကြည့်လို့ ရတယ်၊ အဲဒါကို မျက်မြင်တွေ့ခဲ့တဲ့သူတွေ အများကြီး ရှိတယ်”

ဗိုက်ခွဲပြီး အူဖြတ်ထုတ်သည့် ကိစ္စမှာ အမှန်တကယ်ပင် ယုံနိုင်စရာ မရှိလောက်အောင် ဖြစ်သော်လည်း၊ ကာယကံရှင်ဖြစ်သူ ကျန်းစစ်ကဲကိုယ်တိုင် ပြောနေခြင်းနှင့် အခြားမျက်မြင်သက်သေများစွာ ရှိနေခြင်းတို့ကြောင့် လူများမှာ မယုံကြည်ဘဲ မနေနိုင်တော့ပေ။

“အူလိမ်အူခေါက် ရောဂါကိုတောင် မကုနိုင်ဘဲနဲ့ နတ်ဆေးဆရာလို့ ခေါ်ရဲသေးတယ်၊ သူ့မျက်နှာအရေခွံက မြို့ရိုးထက်တောင် သုံးဆလောက် ပိုထူနေမှာပဲ”

ကျန်းစစ်ကော၏ အကြိမ်ကြိမ် သရော်မှုကို ခံရပြီးနောက် နတ်ဆေးဆရာစွန်း၏ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။ထို့‌ ကြောင့်ကျန်းစစ် ကောအားဒေါသတကြီးပြန်‌ အော် ပြောလိုက်၏။

“မင်းပြောတဲ့ အဲဒီ ဝူကျိရှန်း ဆိုတာကို ကျုပ် တစ်ခါမှ မကြားဖူးဘူး၊ သူ ဆေးကျမ်းတွေကို အများကြီး ဖတ်ဖူးပုံ မရပါဘူး၊ သူဟာ မသိနားမလည်တဲ့ လူတွေကို လိမ်ညာနေတဲ့ လမ်းဘေးက လိမ်လည်လှည့်ဖြားသူ တစ်ယောက်ပဲ ဖြစ်မယ်လို့ ကျုပ် သံသယရှိတယ်”

ဝူကျိရှန်းသည် ကျန်းစစ်ကော၏ အသက်ကို တစ်ကြိမ် ကယ်တင်ခဲ့သူ ဖြစ်သော်လည်း နတ်ဆေးဆရာစွန်းက လိမ်လည်လှည့်ဖြားသူဟု ခေါ်လိုက်သဖြင့် ကျန်းစစ် ‌‌ကောသည် ချက်ချင်း ဒေါသထွက်သွား၏။

“လိမ်လည်လှည့်ဖြားသူ ဟုတ်လား၊ ခင်ဗျား ဘယ်လိုတောင် ပြောရဲတာလဲ၊ သူက ကျုပ်ဗိုက်ကိုခွဲပြီး အူလိမ်အူခေါက်ရောဂါကို ကုပေးနိုင်ခဲ့တာ၊ ခင်ဗျားမှာရော အဲဒီလို အရည်အချင်း ရှိလို့လား”

“ဒီလို ဗိုက်ခွဲတယ်ဆိုတာတွေက ကောလာဟလတွေနဲ့ မယုံကြည်ရတဲ့ သတင်းတွေပဲ များပါတယ်”

ထိုစကားကို ကြားသောအခါ ကျန်းစစ် ကောသည် နတ်ဆေးဆရာစွန်း၏ ကို လက်ညှိုးထိုးပြီး စတင် ဆဲဆိုတော့သည်။

“ကျုပ်ဗိုက်ပေါ်က အမာရွတ်က ဒီမှာပဲလေ၊ ခင်ဗျားက ဘာဖြစ်လို့ မမြင်ချင်ဟန် ဆောင်နေတာလဲ”

“အဲဒီ ဝူကျိရှန်းက မင်းရဲ့ရောဂါကို ကုပေးနိုင်ခဲ့ရင်တောင် အဲဒါဟာ မျက်မမြင်ကြောင်က ကြွက်သေကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်တာမျိုးပဲ ဖြစ်မှာပါ”

“ခင်ဗျားနတ်ဆေးဆရာ စွန်းဆိုတဲ့လူ၊ ခင်ဗျားကိုယ်တိုင် ရောဂါကို မကုနိုင်တာ ရှင်းနေတာပဲ၊ ဒါတောင် တခြားသမားတော်တွေကို ပေးမကုဘူး၊ ခင်ဗျားက အိမ်သာထဲမှာ ဝင်ထိုင်နေပြီး အစာမစွန့်တဲ့ အသုံးမကျတဲ့ အလိမ်အညာ ဆေးဆရာမျိုးပဲ”

နတ်ဆေးဆရာစွန်းသည် စိတ်ရှည်သူ ဖြစ်သော်လည်း ကျန်းစစ်ကော၏ စကားများမှာ အလွန် နားမခံသာ ဖြစ်လှပြီး ဒေါသထွက်လာ သောကြောင့် မျက်နှာနီမြန်းနေပြီး မုတ်ဆိတ်မွေးများပင် တုန်ရီနေသည်။

သို့သော် သူ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်၍ အောက်ခြေ ရုံးအမှုထမ်းတစ်ဦးနှင့် အခြေအတင် ငြင်းခုံခြင်း မပြုတော့ပေ။သူသည် “အန်မင်ဆေးခန်း” ဟု ရေးထားသော ရွှေရောင်ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြကာ ရင်ဘတ်ကို တဗုန်းဗုန်း ထုပြီး ဘေးပတ်ဝန်းကျင်က လူများကို ကျိန်ဆိုပြောကြားလိုက်သည်။

“ကျုပ် ဘယ်လိုလူလဲဆိုတာ လောကကြီးက ဆုံးဖြတ်ပါလိမ့်မယ်၊ ကျုပ်ကို ကျုပ် နတ်ဆေးဆရာလို့ မခေါ်ရဲပါဘူး၊ ဒါပေမဲ့ လူမိသားစုရဲ့ သခင်လေးဟာ အသည်းအသန် အခြေအနေ ရောက်နေပြီဆိုတာ ကျုပ်သိတယ်၊ ရှေးခေတ်က ဆေးဆရာကြီး ‘ဟွာထော်’ ပြန်လည် မွေးဖွားလာရင်တောင် ဒါမှမဟုတ် ‘ပျန့်ချွဲ’ ပြန်လာရင်တောင် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး"

" အကယ်၍ အဲဒီ နန်းတွင်းသမားတော်ဝူက သေအံ့ဆဲဆဲကို တကယ်ပဲ အသက်ပြန်သွင်းနိုင်တယ်ဆိုရင် ဒီအဖိုးကြီးက သူ့ကို ဦးချ၊ လက်ဖက်ရည် ကပ်ပြီး ဆရာအဖြစ် တင်မြှောက်ပါ့မယ်”

သခင်ကြီးလုမှာ ငိုမတတ် ပူပန်နေသည်၊ ဤကိစ္စများကို စိုးရိမ်နေရန် အချိန်မရှိတော့ပေ၊ သူသည် ကျန်းစစ်ကဲကို အသည်းအသန် ဆွဲကိုင်ထားရင်း‌ ပြောလိုက်‌ တော့သည်။

“ကျုပ်သားရဲ့ အခြေအနေက... လူ့အသက်က အရေးကြီးနေပြီဗျ၊ ခဏလေးတောင် နှောင့်နှေးလို့ မရတော့ဘူး၊ အဲဒီ နန်းတွင်းသမားတော်ဝူက အခု ဘယ်မှာလဲဆိုတာ မေးပါရစေ”

“ကျုပ်သာ ဒီကလေးကို မသနားရင် ဒီအန်မင်ဆေးခန်းရဲ့ အပေါက်ဝမှာ ပိတ်ပြီး သုံးရက်သုံးည ဆဲပစ်လိုက်မှာ”

ကျန်းစစ် ယကောသည် အန်းမင်ဆေးခန်း၏ ရွှေရောင်ဆိုင်းဘုတ်ကို တံတွေးဖြင့် ထွေးလိုက်ပြီးနောက် လူကုန်းရှင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ဝူကျိရှန်း၊ ဝူနတ်ဆေးဆရာက ကျုပ်အိမ်ရဲ့ ဘေးကပ်လျက်မှာပဲ နေတာ၊ ခင်ဗျားကို ကျုပ် ခေါ်သွားပေးမယ်၊ တကယ့် နတ်ဆေးဆရာဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ခင်ဗျားကို ပြရသေးတာပေါ့”

----------------

အခန်း ၆-အသက်ကို ယုံကြည်အပ်နှံခြင်း

အစ်ကိုစစ်နှင့် လုကုန်းရှင်း၏ မိသားစုဝင်များ ရောက်ရှိလာချိန်တွင် မိုးချုပ်နေပြီ ဖြစ်၏။

လုကုန်းရှင်းသည် ကျန်းစစ်ကော အလွန်အမင်း ချီးကျူးနေသော "ဝူနတ်ဘုရားဆရာဝန်" ဆိုသည်မှာ ဆေးခန်းတစ်ခုတွင် အလုပ်လုပ်နေသည့် ဆရာဝန်တစ်ဦးဟု မူလက ထင်မှတ်ထားခဲ့သော်လည်း တိုဖူးအလုပ်ရုံရှေ့သို့ ရောက်ရှိလာသောအခါ သူ၏စိတ်မှာ ချက်ချင်းပင် တစ်ဝက်မက လက်လျော့သွားခဲ့၏။

လုကုန်းရှင်း၏ မိသားစုကို ပို၍ စိတ်ပျက်သွားစေသည့် အချက်မှာ ဒဏ္ဍာရီလာ ဝူနတ်ဘုရားဆရာဝန်ဆိုသူမှာ အသက် ၂၀ ကျော် လူငယ်လေးတစ်ဦး ဖြစ်နေခြင်းပင် ဖြစ်သည်။

လူအများစု၏ စိတ်ထဲတွင် ဆရာဝန်တစ်ဦးသည် အသက်ကြီးလေ ဝါရင့်လေဟု ထင်မှတ်ကြပြီး နာမည်ကြီး ဆရာဝန် အားလုံးနီးပါးမှာ သက်ကြီးရွယ်အိုများသာ ဖြစ်ကြ၏။ နန်းတွင်းသမားတော်ဝူသည် အလွန်ငယ်ရွယ်လွန်းနေသဖြင့် လုကုန်းရှင်းကို အလွန်အမင်း စိုးရိမ်မကင်း ဖြစ်စေသည်။

"အစ်ကို... ဒီဝူနတ်ဘုရားဆရာဝန်က ကြည့်ရတာ တော်တော်လေး သာမန်ပဲလို့ ကျွန်တော် ထင်တယ်။ သူ တကယ်ပဲ ကျွန်တော့်သားကို ကုနိုင်ပါ့မလား"

ကျန်းစစ်ကောက အရေးမကြီးသော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ပင် ပေါ့‌ ပေါ့ပါးပါးပြန်ပြောလိုက်၏။

"ညီလေး ဝူကျိရှန်းက ငါ့ရဲ့ အူအတက်‌ ပေါက်ရောဂါကိုတောင် ကုပေးနိုင်တာ၊ မင်းသားရဲ့ ဗိုက်နာတာကတော့ သေချာပေါက် ပြဿနာမရှိနိုနိုင်ဘူး"

လုကုန်းရှင်းသည် လူငယ်ဝူကျိရှန်းအပေါ် သံသယများစွာ ရှိနေသော်လည်း သူ၏ အဖိုးတန်သားမှာ နောက်ဆုံးထွက်သက် ရောက်နေပြီဖြစ်သဖြင့် အများကြီး စဉ်းစားမနေနိုင်တော့ပေ။

"ဝူနတ်ဘုရားဆရာဝန်၊ ကျွန်တော့်သားက အရေးပေါ် အခြေအနေဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး သူ့ကို ကယ်တင်ပေးပါ"

လုမိသားစု၏ သခင်လေး အခြေအနေကို မြင်သောအခါ ဝူကျိရှန်းသည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်ပြီး ဤကလေး၏ အခြေအနေမှာ တော်တော်လေး ပြင်းထန်နေသည်ကို သိလိုက်၏။

ကလေး၏ မူလက ဖြူဖွေးဖောင်းအိနေသော မျက်နှာမှာ သိသိသာသာ အရေးအကြောင်းများ ဖြစ်ပေါ်နေပြီး ပါးပြင်လေးများမှာလည်း အရေပြားများ တွဲကျနေသည့် လက္ခဏာများ ပြနေသည်။ သူ၏ အသက်ရှူနှုန်းမှာ မြန်ဆန်နေပြီး နှလုံးခုန်နှုန်းမှာလည်း အလွန်မြန်နေကာ နဖူးမှာ မီးခဲကဲ့သို့ ပူလောင်နေခြင်းမှာ ပြင်းထန်သော ဖျားနာမှုကို ဖော်ပြနေသည်။

ကလေး၏ အင်္ကျီနှင့် ဘောင်းဘီများကို ချွတ်လိုက်သောအခါ ပို၍ ထိတ်လန့်စရာ ကောင်းသည့် အချက်ကို တွေ့လိုက်ရသည်။ သူ၏ တင်ပါးလေးတွင် အရည်ကျဲကျဲ ဝမ်းများနှင့်အတူ နီညိုရောင် သွေးခဲများ ရောနှောနေပြီး ၎င်းမှာ ပျက်စီးသွားသော အူလမ်းကြောင်း အမြှေးပါးများ ဖြစ်သည်။

ဒါဟာ ပြင်းထန်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အူရောင်ငန်းဖျားရောဂါ ဖြစ်၏။

ပြင်းထန်သော ဗိုင်းရပ်စ် အူရောင်ငန်းဖျားရောဂါသည် အစာခြေစနစ်တွင် အဖြစ်များသော ရောဂါတစ်ခု ဖြစ်သည်။

အကယ်၍ သန်မာသော လူကြီးတစ်ဦး ဖြစ်ပါက အချိန်မီ ကုသလျှင် ယေဘုယျအားဖြင့် မပြင်းထန်ဘဲ သူတို့၏ ကိုယ်ခံအားစနစ်ဖြင့်ပင် ကျော်ဖြတ်နိုင်သည်။ သို့သော် ကလေးတစ်ဦးအတွက်မူ ၎င်းမှာ အလွန် အန္တရာယ်ရှိနိုင်သည်။

အဘယ့်ကြောင့်ဆိုသော် ကလေးတစ်ဦး၏ ကိုယ်ခံအားစနစ်မှာ အပြည့်အဝ မဖွံ့ဖြိုးသေးသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ဆေးဝါးနှင့် ကုသမှု ရှားပါးသော ရှေးခေတ်ကာလတွင် ၎င်းမှာ သေစေနိုင်သော ရောဂါဖြစ်ပြီး "မင်းယမမင်း ဝမ်းကိုက်ရောဂါ" ဟုပင် ကြောက်မက်ဖွယ် အမည်ပေးထားကြသည်။ ပုံမှန် အခြေအနေတွင် နို့မပြတ်သေးသော ကလေးငယ်တစ်ဦး ဤရောဂါ ကူးစက်ခံရပါက ကုသရန် မဖြစ်နိုင်သလောက် ဖြစ်ပြီး သေဆုံးနှုန်းမှာ ၇၀ ရာခိုင်နှုန်းအထိ မြင့်မားသည်။

"ကလေး အသက် ဘယ်လောက်လဲ"

"ငါးနှစ်ပါ"

ငါးနှစ် ယင်းအသက်အရွယ်တွင် အခြေခံ ကိုယ်ခံအား ရှိသင့်သည်။ အဘယ့်ကြောင့် ဤမျှ ပြင်းထန်နေရသနည်း။

"ကလေး နေမကောင်းတာ ဘယ်လောက်ကြာပြီလဲ"

"မနေ့က မတိုင်ခင်က ချန်ရှီ (နံနက်ပိုင်း) ကတည်းကပါ"

မနေ့က မတိုင်ခင်ကတည်းက နေမကောင်းဖြစ်နေခြင်း ဖြစ်သဖြင့် အမြန်ဆုံး ကုသသင့် ပေသည်။ အဘယ့်ကြောင့် အကူအညီ မတောင်းဘဲ နှစ်ရက်တိုင်တိုင် နှောင့်နှေးနေခဲ့ရသနည်း။

"အဲ့ဒီအချိန်တုန်းကတော့ ဗိုက်နာတာပဲလို့ ပြောကြလို့ ဗလာမြစ် နှင့် သစ်ကြံပိုးခေါက် ဆေးလုံးတွေကို သုံးခဲ့ပါတယ်။ ဂျင်ဆင်းနဲ့ နွယ်ချိုဟင်းရည်တွေကိုလည်း တိုက်ကျွေးခဲ့ပါတယ်."

ဝမ်းကိုက်နေသော ကလေးအတွက် သစ်ကြံပိုးခေါက်နှင့် ဗလာမြစ်ကဲ့သို့သော ဆေးများကို သုံးခြင်းမှာ မမှားသော်လည်း ဂျင်ဆင်းနှင့် နွယ်ချိုကဲ့သို့သော အားဆေးများမှာ လုံးဝ မှားယွင်းသည်။

လုကုန်းရှင်းကဲ့သို့သော ချမ်းသာသော မိသားစုအတွက် သားသမီး နောက်ကျမှ ရသဖြင့် ဤကလေးကို အလွန်အမင်း အလိုလိုက်ကြပြီး အကြောင်းရင်းမရှိဘဲ အားဆေးများ တိုက်ကျွေးလေ့ရှိသည်။ ပုံမှန်အချိန်တွင် ပြဿနာမရှိသော်လည်း ဝမ်းကိုက်နေစဉ် အားဆေးတိုက်ခြင်းမှာ မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်ပြီး အားဆေးတိုက်လေလေ ရောဂါပိုဆိုးလေလေ ဖြစ်‌ စေ၏။

ယခုအချိန်တွင် ဤအရာများကို ပြောဆိုနေခြင်းမှာ ပထမလ ၁၅ ရက်နေ့မှ တံခါးစောင့်နတ်ရုပ်များ ကပ်သကဲ့သို့ အချိန်နှောင်းသွားပြီ ဖြစ်၏။

လုကုန်းရှင်းသည် အလွန်အမင်း စိုးရိမ်နေသဖြင့် သူ၏ မျက်လုံးများ ကွဲထွက်တော့မတတ် ဖြစ်နေပြီး အသံမှာလည်း ပုံမှန်မဟုတ်ဘဲ အက်ရှနေသည်။

"ကျွန်တော့်သားကို ကယ်လို့ ရပါဦးမလား။ ကယ်လို့ ရပါဦးမလား"

ကလေး၏ အခြေအနေမှာ အမှန်တကယ်ပင် စိုးရိမ်ရသော်လည်း ဆရာဝန်သည် နတ်ဘုရား မဟုတ်သဖြင့် အသက်ကို ကယ်တင်ရာတွင် လုံးဝ ယုံကြည်မှု မလွန်ကဲသင့်ပေ။ ဝူကျိရှန်းသည်ထိုရောဂါကို ကုသနိုင်လျှင်တောင် သတိထားရန် လိုအပ်သည်။

"ခင်ဗျားသားရဲ့ ရောဂါက... ကျွန်တော် သေချာ မပြောနိုင်ဘူး။ အစောကြီးကတည်းက ရောဂါလာပြရင် ပိုကောင်းမှာပါ"

အန်းမင်းခန်းမမှ နတ်ဘုရားဆရာဝန် ဆွန်ကလည်း ဤအတိုင်းပင် ပြောခဲ့သည်။

"ကျွန်တော့် လုမိသားစုမှာ ဒီသားတစ်ယောက်ပဲ ရှိတာပါ။ အကယ်၍ သူ့ကို မကယ်နိုင်ရင် လုမိသားစုမှာ အမွေဆက်ခံသူ ရှိတော့မှာ မဟုတ်ဘူး"

ပြောနေဆဲမှာပင်လုကုန်းရှင်းသည် မျက်ရည်များ ကျလာခဲ့၏။

"ကျွန်တော့်သား အသက်ကို ကယ်တင်နိုင်သရွေ့ ဆေးဖိုးဝါးခ ဘယ်လောက်ပဲဖြစ်ဖြစ် ပေးပါ့မယ်။ အရာအားလုံး ဆုံးရှုံးရမယ် ဆိုရင်တောင် ကိစ္စမရှိပါဘူး"

"ဒါက ပိုက်ဆံနဲ့ မဆိုင်ဘူး။ ခင်ဗျားသားရဲ့ အခြေအနေက အချိန်အကြာကြီး နှောင့်နှေးသွားခဲ့လို့ နည်းနည်းတော့ ခက်ခဲပါလိမ့်မယ်"

ထိုစကားကို ကြားသောအခါ လုကုန်းရှင်း၏ ဦးနှောက်မှာ ချက်ချင်းပင် အူသွားပြီး မူးဝေကာ ထိုနေရာတွင်ပင် လဲကျတော့မတတ် ဖြစ်သွားခဲ့၏။

"ကျွန်တော်က ဆရာဝန်ပါ၊ နတ်ဘုရား မဟုတ်ဘူး။ ခင်ဗျားသားရဲ့ ရောဂါကို ပျောက်ကင်းအောင် ကုပေးနိုင်မယ်လို့ အာမမခံနိုင်ဘူး။ အများဆုံး ၅၀ ရာခိုင်နှုန်းပဲ အခွင့်အလမ်း ရှိတယ်။ ကုမှာလား မကုဘူးလားဆိုတာ ခင်ဗျားပဲ ဆုံးဖြတ်ပါ"

လူနာတစ်ဦးကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားခြင်းမှာ ဆရာဝန်၏ တာဝန် ဖြစ်သည်။ သို့သော်လည်း မလိုအပ်သော အငြင်းပွားမှုများကို ရှောင်ရှားရန်အတွက် ဖြစ်လာနိုင်သော အဆိုးရွားဆုံး နောက်ဆက်တွဲများကို လူနာရှင်၏ မိသားစုအား ရှင်းလင်းပြတ်သားစွာ အသိပေးရန် လိုအပ်သည်။

ဤကလေးအတွက် ဝူကျိရှန်းတွင် ၅၀ ရာခိုင်နှုန်းသာ အခွင့်အလမ်း ရှိသဖြင့် မည်သည့် အာမခံချက်မျှ မပေးဝံ့ပေ။

"၅၀ ရာခိုင်နှုန်း" ဆိုသည့် စကားကို ကြားလိုက်ရခြင်းမှာ အားဆေး တစ်လုံး ထိုးလိုက်ရသကဲ့သို့ ဖြစ်သည်။ စိတ်ပျက်အားငယ်နေသော လူကုန်းရှင်းသည် ကွပ်မျက်ရာနေရာရှိ အကျဉ်းသားတစ်ဦးက လွတ်ငြိမ်းချမ်းသာခွင့် သတင်းကို ကြားလိုက်ရသကဲ့သို့ ချက်ချင်းပင် စိတ်အားပြန်တက်လာခဲ့သည်။ သူသည် ဝူကျိရှန်း၏ လက်ကို ဆွဲကိုင်ကာ ပြတ်သားသော လေသံဖြင့် ပြောလိုက်၏။

"ကုပါ၊ သေချာပေါက် ကုရပါမယ်"

လုမိသားစု၏ သခင်လေးမှာ နောက်ဆုံးထွက်သက် ရောက်နေပြီဖြစ်ပြီး အခြားဆရာဝန်များကလည်း "ကုသရန် လက်လျော့" လိုက်ကြပြီ ဖြစ်သည်။

ယင်းအခြေအနေမျိုးတွင် ၅၀ ရာခိုင်နှုန်း မပြောနှင့်ဝူကျိရှန်းတွင် ၁၀ ရာခိုင်နှုန်းအောက်သာ အခွင့်အလမ်း ရှိလျှင်တောင် လုကုန်းရှင်းသည် သေချာပေါက် သဘောတူမည် ဖြစ်သည်။

"ရောဂါက မီးလိုပဲ၊ ခဏလေးတောင် နှောင့်နှေးလို့ မရဘူး"

ဝူကျိရှန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

"မင်းတို့ အားလုံး ငါ့အမိန့်ကို နားထောင်ကြ။ ငါ ခိုင်းတာမှန်သမျှ လုပ်ကြပါ"

"သင် ခိုင်းတာမှန်သမျှ ကျွန်တော်တို့ နာခံပါ့မယ်"

"လူနာခန်းထဲမှာ နည်းနည်း အေးနေတယ်။ မီးသွေးမီးဖိုတွေ ထပ်ထွန်းဖို့ လိုသလို ရေနွေးတွေလည်း တည်ထားဖို့ လိုတယ်။ ကုသမှု တစ်လျှောက်လုံးမှာ မီးသွေးမီးက မငြိမ်းစေနဲ့၊ ရေနွေးကလည်း အမြဲရှိနေစေရမယ်"

ရေခဲသည့် ဆောင်းရာသီ ဖြစ်သဖြင့် မီးဖိုများ ထပ်ထွန်းခိုင်းခြင်းမှာ ကျိုးကြောင်းဆီလျော်သော တောင်းဆိုမှု ဖြစ်သည်။

"ပြီးတော့ အရည်အသွေးကောင်းတဲ့ အရက်ဖြူ အနည်းငယ် လိုချင်တယ်၊ ပြင်းလေ ကောင်းလေပဲ"

လုကုန်းရှင်းသည် နာမည်ကြီး ချမ်းသာသော ကုန်သည်တစ်ဦး ဖြစ်ပြီး မြောက်ဘက် မြက်ခင်းပြင်များသို့ ပိုးထည်များ တင်ဆောင်သည့် ကုန်သည်အဖွဲ့ကြီးများကို ဦးဆောင်ဖူးသဖြင့် အတွေ့အကြုံ များသူ ဖြစ်သည်။

.အသက်အန္တရာယ် စိုးရိမ်ရသည့် အရေးကြီးသော အချိန်တွင် သူ၏ ကျွမ်းကျင် လျင်မြန်သော စရိုက်မှာ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ သူသည် အစေခံများနှင့် အလုပ်သမားများကို ညွှန်ကြားလိုက်ရာ ခဏချင်းအတွင်း အရာအားလုံး စနစ်တကျ ဖြစ်သွားခဲ့၏။

"မြန်မြန်လုပ်၊ လက်နွေးအိုးတွေ ယူလာပြီး ရေနွေးတည်ဖို့ မီးမွှေးကြ"

"အပြင်းဆုံး အရက်ကို သွားဝယ်ချေ၊ မနှောင့်နှေးစေနဲ့"

ခဏအကြာတွင် ကြေးလက်နွေးအိုး ခြောက်လုံးကို မီးထွန်းလိုက်ရာ လူနာခန်းမှာ နွေဦးကဲ့သို့ ချက်ချင်းပင် နွေးထောင်သွားခဲ့သည်။

ပထမဦးစွာ သူသည် ကလေးကို မီးဖိုများဖြင့် နွေးအောင် လုပ်ပေးပြီးနောက် ကလေး၏ တစ်ကိုယ်လုံးကို အရက်ပြင်းများဖြင့် သုတ်ပေးခဲ့သည်။ အားလုံး ပြီးစီးသွားသောအခါ ဝူကျိရှန်းကအားလုံးဘက်သို့လှည့်၍ပြောလိုက်၏။

"ကဲ၊ ငါ့ရဲ့ ဘိုးဘွားစဉ်ဆက် လျှို့ဝှက်နည်းလမ်းနဲ့ မင်းသားကို ကုတော့မယ်။ ငါ မခေါ်ဘဲ ဘယ်သူမှ အထဲကို မဝင်ရဘူး။ အကယ်၍ မဆင်မခြင် ဝင်လာရင် အကျိုးဆက်ကို ခင်ဗျားတို့ပဲ တာဝန်ယူရလိမ့်မယ်"

ဆရာဝန်များတွင် "ဘိုးဘွားစဉ်ဆက် လျှို့ဝှက်နည်းလမ်း" များ ရှိကြ၏။ လျှို့ဝှက်နည်းလမ်း ဖြစ်သဖြင့် ပြင်ပလူများ မသိစေရန် တားမြစ်ခြင်းမှာ လုံးဝ နားလည်ပေးနိုင်သော အချက် ဖြစ်သည်။

"ကျွန်တော့်သားရဲ့ အသက်ရှင်သေဆုံးမှုနဲ့ လုမိသားစုရဲ့ မျိုးဆက် ပြတ်မပြတ် ဆိုတာကို သင့်ဆီမှာပဲ အပ်နှံလိုက်ပါပြီ"

လုကုန်းရှင်းက ဝူဇီရှန်းကို ဦးညွတ်ကာ ပြောခဲ့သည်။

"သေလုမြောပါး ဖြစ်နေသူတွေကို ကယ်တင်တာက ဆရာဝန်ရဲ့ တာဝန်ပါ။ အသက်အန္တရာယ်နဲ့ ဆိုင်နေပြီး ကျွန်တော့်ကို အသက်အပ်နှံထားတဲ့အတွက် လူနာကို အစွမ်းကုန် ကုသပေးပါ့မယ်"

လုကုန်းရှင်းသည် လူနာကုတင်ပေါ်ရှိ သူ၏သားကို နောက်ဆုံးတစ်ချက် ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် ပြောစရာ စကားလုံးပေါင်း ထောင်ချီ ရှိနေသော်လည်း ဘာမှ မပြောတော့ပေ။ သူသည် တံခါးကို ပိတ်ကာ အပြင်သို့ ထွက်သွားပြီး တံခါးစောင့်နတ်ရုပ်ကဲ့သို့ အဝင်ဝတွင် ရပ်နေခဲ့သည်။

---------+++

All Chapters