အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း ၉ - လုပ်ငန်းတူပြိုင်ဘက်များ
၁၁ လပိုင်း၏ ၉ ရက်မြောက်နေ့သည် ဘင်းရင်နေ့ ဖြစ်သည်။ ၎င်းမှာ မည်သည့်အရာကိုမျှ တားမြစ်ထားခြင်းမရှိဘဲ အရာအားလုံး အဆင်ပြေချောမွေ့စေသည့် မင်္ဂလာရှိသောနေ့ဖြစ်ပြီး ရှားပါးလှသည့် ကံကောင်းသောနေ့တစ်နေ့ ဖြစ်၏။
ချန်အချိန် (နံနက် ၇ နာရီမှ ၉ နာရီ) ကျော်တွင် အန်းမင်ခန်းမမှ ဆရာဝန် စွန်းရှန်းယီသည် သက်တောင့်သက်သာအနားယူနေ၏။ လမ်းမပေါ်မှ ဗျောက်အိုးဖောက်သံများကို ကြားလိုက်ရသဖြင့် သူသည် ပြတင်းပေါက်အပြင်ဘက်သို့ ခေါင်းပြူကြည့်ရှုလိုက်ရာ ချက်ချင်းပင် ဒေါသစိတ်သည်သူ၏စိတ်အတွင်းစိတ်၌ အရှိန်အဟုန်ဖြင့် တောက်လောင်လာလာခဲ့၏။
လမ်းတစ်ဖက် အန်းမင်ခန်းမရှေ့တည့်တည့်၌ "ဝူ၏ဆေးခန်း" ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
လူဦးရေ ထောင်ဂဏန်းမျှသာရှိသော ဤအဆင့်နိမ့် ခရိုင်မြို့ငယ်လေးတွင် အရွယ်အစားမျိုးစုံရှိသော ဆေးဆိုင်နှင့် ဆေးခန်း ခုနစ်ခု ရှစ်ခုခန့် ရှိနှင့်နေပြီးသား ဖြစ်ရာ တစ်ခု တိုးလာသည်ဖြစ်စေ လျော့သွားသည်ဖြစ်စေ ထူးခြားမှု သိပ်မရှိလှပါပေ။
နတ်ဆေးဆရာစွန်းကို အမှန်တကယ် ဒေါသထွက်စေသည်မှာ ဤဝူ၏ဆေးခန်းသည် သူ၏မျက်စိရှေ့တည့်တည့်တွင် လာရောက်ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်၏။ ၎င်းမှာ ရည်ရွယ်ချက်ရှိရှိသူ့ဆေးခန်းကို စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်သည်လို့စွန်းရှန်းယီကယူဆလိုက်၏။
စွန်းရှန်းယီသည် အသက် ၁၆ နှစ်အရွယ်ကတည်းက ဆေးကုသမှု ပညာရပ်ကို လေ့လာလိုက်စားခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၄၀ နီးပါး အတွေ့အကြုံဖြင့် သူ၏ ဆေးပညာကျွမ်းကျင်မှုမှာ အပြစ်ပြောစရာမရှိ ပေ။
သို့သော်လည်း သူသည် အနည်းငယ် စိတ်သဘောထား ကျဥ်းမြောင်းသူ ဖြစ်ရာစိတ်ထဲတွင်အလိုမကျစွာ တွေးလိုက်မိ၏။
"ဘယ်လို အသိဉာဏ်မရှိတဲ့ ကောင်လဲ၊ ငါ့ရဲ့ မျက်နှာချင်းဆိုင်မှာ ဆေးခန်းလာဖွင့်ရဲတယ်ပေါ့။ သူက လူကြီးသူမကို မရိုသေတာ သိသာတယ်။ ငါ့ရဲ့ စွမ်းဆောင်ရည်ကို မပြရင် သူက ငါ့ကို အနိုင်ကျင့်လို့ရတဲ့သူလို့ ထင်နေလိမ့်မယ်"
ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ သူသည် "လုပ်ငန်းခွင်မှ ဝါရင့်ပုဂ္ဂိုလ်" တစ်ဦး၏ မောက်မာသော လေယူလေသိမ်းကို ယူ၍ အသစ်ဖွင့်လှစ်ထားသော "ဝူ၏ဆေးခန်း" ထဲသို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် လမ်းလျှောက်ဝင်သွားပြီးမေးမြန်းလိုက်၏။
"ဒီဆေးခန်းရဲ့ တာဝန်ခံဆရာဝန်က ဘယ်သူလဲဆိုတာ မေးပါရစေ"
"အဲ့ဒါ ကျွန်တော်ပါပဲ"
ဝူကျိရှန်းက ပြုံးလျက် ရှေ့သို့ တိုးလာရင်း ပြောဆိုလိုက်သည်။
"ဒီအဘိုးကြီးက ဆေးကုသမှု ခံယူဖို့ လာတာလား ဒါမှမဟုတ် ဆေးဖော်ဖို့ လာတာလားခင်ဗျာ"
"ဆေးကုသဖို့လား၊ ဆေးဖော်ဖို့လား"
"မင်းက ငါ့ကို လူနာတစ်ယောက်လို ဆက်ဆံနေတာပဲ"
"သူက ငါ့ကိုတောင် မမှတ်မိဘူး၊ ဆရာဝန် စွန်းရှန်းယီ ဖြစ်တဲ့ ငါ့ရဲ့ မျက်နှာချင်းဆိုင်မှာ ဆေးခန်းဖွင့်ရဲသေးတယ်။ ဒီလောက်အထိ မောက်မာတာ ယုံနိုင်စရာတောင် မရှိဘူး"
နတ်ဆေးဆရာစွန်းကမျက်မှောင်ကြုပ်ကာတွေးလိုက်ရင်းသူ၏အမည်နာမကိုဂုဏ်ယူစွာကြေညာလိုက်၏။
"ငါက လမ်းတစ်ဖက်က အန်းမင်ခန်းမက စွန်းရှန်းယီ ဖြစ်တယ်"
ဝူကျိရှန်းသည် သူ၏အမည်ကိုကြားသော် လှိုက်လှိုက်လှဲလှဲဖြင့် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးကာ ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်စကား ဆိုလိုက်သည်။
"ဒါဆိုရင် သင်က လမ်းတစ်ဖက်က ဝါရင့်ဆရာကြီး ဖြစ်နေတာပေါ့။ ကျွန်တော် မမှတ်မိတဲ့အတွက် ခွင့်လွှတ်ပေးပါ၊ တောင်းပန်ပါတယ်ခင်ဗျာ"
"မင်းရဲ့ ဆေးခန်းဖွင့်ပွဲအတွက် ဂုဏ်ယူပါတယ်"
နတ်ဆေးဆရာစွန်းက လက်နှစ်ဖက်ကို အနည်းငယ်ဆုပ်၍ ပြန်လည်နှုတ်ဆက်ပါသည်။ ထို့နောက်သူက အေးစက်သော လေသံဖြင့်ဆို လိုက်၏။
"မင်းက ဒီဝူ၏ဆေးခန်းကို ဖွင့်လှစ်လိုက်ကတည်းက မင်းက နန်းတွင်းသမားတော်ဝူ ဖြစ်မယ်လို့ ငါယူဆတယ်"
"ဟုတ်ပါတယ်၊ ကျွန်တော်ပါပဲ"
"နန်းတွင်းသမားတော်ဝူက ဆေးခန်းဖွင့်ရဲမှတော့ မင်းရဲ့ ဆေးပညာကျွမ်းကျင်မှုက တော်တော်လေး မြင့်မားနေမှာပဲ။ မင်းက ဘယ်ဂိုဏ်းက တပည့်လဲဆိုတာ မေးပါရစေ"
"ဂိုဏ်း ဟုတ်လား၊ တပည့် ဟုတ်လား"
၎င်းကို ကြားလိုက်ရသဖြင့် ဝူကျိရှန်းသည် ချက်ချင်းပင် ဝေခွဲမရ ဖြစ်သွားပြီးတွေးတောလိုက်မိ၏။
"ငါက ဆေးခန်းဖွင့်တာပါ၊ သိုင်းသင်တန်းကျောင်း ဖွင့်တာမဟုတ်ဘူး။ ငါက ဂိုဏ်းဂဏတွေအကြောင်း ဂရုစိုက်ဖို့ တကယ်ပဲ လိုအပ်လို့လား"
ဝူကျိရှန်း၏ ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် နတ်ဆေးဆရာစွန်းသည် တိတ်တဆိတ် ကျေနပ်သွားကာ တွေး လိုက်မိ၏။
"သူက ဆေးပညာလမ်းကြောင်းပေါ်က ဂိုဏ်းတွေအကြောင်းတောင် မသိဘူးပဲ။ ဒီလူငယ်က ကိုယ့်ဘာသာကိုယ် လေ့လာထားတဲ့ ဆေးမြီးတိုဆရာပဲ ဖြစ်ရမယ်"
"ဆေးပညာလမ်းကြောင်းမှာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပြီး ဂိုဏ်းဂဏ ဆင်းသက်လာမှုကို အလွန်အရေးထားတယ်"
နတ်ဆေးဆရာစွန်းက ဤအကြောင်းအရာကို စိတ်ပါလက်ပါ ပြောဆိုပါသည်။ ဝါရင့်လူကြီးတစ်ဦးက လူငယ်တစ်ဦးကို ဆုံးမဩဝါဒပေးသည့် လေသံမျိုးဖြင့် သူက ဝူကျိရှန်းကို အခြေခံဗဟုသုတများ ရှင်းပြပါတော့သည်။
"ရှေးခေတ်က ရှန်နွန် အပင်ပေါင်း တစ်ရာကို မြည်းစမ်းကြည့်ရာကနေ ငါတို့ရဲ့ ဆေးပညာလမ်းကြောင်းက စတင်ခဲ့တာ ဖြစ်တယ်"
"ရှန်နွန် အပင်တစ်ရာ မြည်းစမ်းရာကနေ စတာလား။ ခင်ဗျား ဘာလို့ စကြဝဠာကြီး စတင်ဖြစ်ပေါ်လာပုံ ကနေ မစတာလဲ"
ဝူကျိရှန်းသည် ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော စကားများကို မကြားချင်သော်လည်း ယဉ်ကျေးမှုအရ
ဟန်ဆောင်နားထောင်နေရသည်။
"ဆေးပညာလမ်းကြောင်းမှာ ဂိုဏ်းအများကြီးရှိပေမယ့် စစ်မှန်တဲ့ သမားဂိုဏ်း သုံးခုပဲ ရှိတယ်"
နတ်ဆေးဆရာစွန်းသည် ကြီးကျယ်သော ဂိုဏ်းကြီးသုံးခုကို အလွတ်ရနေသူ ဖြစ်ပါသည်။ သူသည် မုတ်ဆိတ်မွှေးကို သပ်ရင်း ဩဇာရှိသော လေသံဖြင့်ဆိုသည်။
"ဆေးပညာမှာ နံပါတ်တစ်ဂိုဏ်းကို ပြောရမယ်ဆိုရင် ရွှေခေါင်းလောင်းဂိုဏ်းက အငြင်းပွားဖွယ်မရှိ ပထမပဲ။ လောကမှာရှိတဲ့ ဆေးကုသသူအားလုံးဟာ ရွှေခေါင်းလောင်းဂိုဏ်းကနေ ဆင်းသက်လာတယ်လို့ ပြောရင်တောင် မမှားဘူး"
"လောကမှာရှိတဲ့ သိုင်းပညာအားလုံးဟာ ရှောင်လင်ကနေ လာတယ်လို့ပဲ ငါကြားဖူးတယ်။ ခင်ဗျားပြောနေတဲ့ ရွှေခေါင်းလောင်းဂိုဏ်းဆိုတာက ဘာကြီးလဲ"
"ရွှေခေါင်းလောင်းဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးကတော့ ဟန်မင်းဆက်က ဆေးနတ်ဘုရား ဟွာထော် ဖြစ်တယ်"
ဝူကြည်ရှန်းသည် ဟွာထော်၏ အမည်ကို အသေအချာ သိရှိသော်လည်း ဤ "တည်ထောင်သူ ဘိုး ဘေး" ဆိုသည်မှာ မည်သည့်နေရာမှ ရောက်လာသနည်းဟု တွေးမိပါသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က ဟွာထော်ဟာ ပြည်နယ်ကိုးခုအနှံ့ လှည့်လည်သွားလာပြီး ကုမရတဲ့ ရောဂါမျိုးစုံကို အထူးပြု ကုသပေးခဲ့တယ်။"
"ဟွာထော်ဟာ ဆေးကုသတဲ့အခါမှာ ရွှေခေါင်းလောင်းတွေပါတဲ့ ကြိုးတစ်ချောင်းကို အမြဲတမ်း လှုပ်ခါလေ့ရှိတာကြောင့် ဒီဂိုဏ်းကို အဲ့ဒီအတိုင်း အမည်ပေးခဲ့တာ ဖြစ်တယ်"
"ကံမကောင်းစွာနဲ့ပဲ ဟွာထော်ဟာ သစ္စာဖောက် ချောင်ချောင်ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်။ အန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် သူ့ရဲ့ တပည့်တွေဟာ ဝေးလံတဲ့ အရပ်ဒေသတွေကို ထွက်ပြေးခဲ့ကြပြီး ရွှေခေါင်းလောင်းဂိုဏ်းဟာလည်း ဆုတ်ယုတ်သွားခဲ့ရတယ်"
"ဒုတိယမြောက် ဆေးပညာဂိုဏ်းကတော့ ရှင်းလင်းဂိုဏ်း ဖြစ်တယ်"
ဝူကျိရှန်းသည် ရှင်းလင်းဂိုဏ်းအကြောင်းကို အနည်းငယ် သိထားပါသည်။ သုံးပြည်ထောင်ခေတ်နှောင်းပိုင်းတွင် တောင်ပိုင်း၌ ဆေးကုသပေးခဲ့သော တုံးဖုန်းသည် လူနာကို ကုသပေးပြီးနောက် မည်သည့်အခါမျှ ငွေကြေးမယူခဲ့ပေ။ ယင်းအစား သူသည် လူနာအား တရုတ်ဇီးပင် တစ်ပင်ကို စိုက်ပျိုးခိုင်းခဲ့ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအပင်များသည် တောအုပ်တစ်ခုအဖြစ် ကြီးထွားလာခဲ့ပါသည်။
ထို့ကြောင့် တုံးဖုန်းကို "တရုတ်ဇီးတော ဆေးနတ်မင်း" အဖြစ် ဂုဏ်ပြုခဲ့ကြပြီး နောက်ပိုင်း ဆရာဝန်များသည် မိမိကိုယ်ကိုယ် ရှင်းလင်းဂိုဏ်း၏ တပည့်များအဖြစ် ခေါ်ဝေါ်ခဲ့ကြပါသည်။
"ဆေးနတ်ဘုရား ဟွာထော်က မြောက်ပိုင်းမှာ ရှိခဲ့ပြီး၊ ဆေးနတ်မင်း တုံးဖုန်းက တောင်ပိုင်းမှာ ရှိခဲ့တယ်။ နှစ်ယောက်လုံးက သေလုမျောပါးဖြစ်နေသူတွေကို ကယ်တင်ပြီး ဒဏ်ရာရသူတွေကို ကုသပေးခဲ့ကြတဲ့ ဆေးပညာလမ်းကြောင်းရဲ့ ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေ ဖြစ်တယ်"
ဟွာထော်နှင့် တုံးဖုန်းတို့၏ ကြီးကျယ်သော ဂုဏ်သတင်းကြောင့် သူတို့၏ တပည့်များသည် ရွှေခေါင်းလောင်းဂိုဏ်းနှင့် ရှင်းလင်းဂိုဏ်းတို့ကို အသီးသီး တည်ထောင်ခဲ့ကြပါသည်။ သိုင်းဝတ္ထုများထဲမှ ရှောင်လင်နှင့် ဝူတန်တို့ကဲ့သို့ပင် ၎င်းတို့မှာ ထင်ရှားသော သမ္မာဂိုဏ်းများ ဖြစ်ကြသည်။
နတ်ဆေးဆရာစွန်းသည် တတိယဂိုဏ်းအကြောင်းကို ပြောသောအခါ သူ၏မျက်နှာတွင် မထိန်းချုပ်နိုင်သော ဂုဏ်ယူမှုများ ပေါ်ပေါက်လာပါသည်။ "တတိယမြောက်ဂိုဏ်းကတော့ ငါတို့ စွန်းမိသားစုရဲ့ ဖန်ကျီဂိုဏ်းပဲ ဖြစ်တယ်။ တည်ထောင်သူ ဘိုးဘေးဖြစ်တဲ့ ဆေးဘုရင် စွန်းစီမြောင်ဟာ ငါ့ရဲ့ ၃၆ ဆက်မြောက် ဘိုးဘေး ဖြစ်တယ်"
စုန့်မင်းဆက်နှင့် ထန်မင်းဆက်ခေတ်မှ စွန်းစီမြောင်သည် အလွန်ကျော်ကြားသူ ဖြစ်ပါသည်။
သူပြုစုခဲ့သော "ရွှေစင်တစ်ထောင်တန် အရေးပေါ်ကုထုံးများ" ကျမ်းသည် နှစ်ပေါင်းတစ်ထောင်တိုင် လက်ဆင့်ကမ်းလာခဲ့ပြီး မရေမတွက်နိုင်သော လူသားများကို အကျိုးပြုကာ ရောဂါဝေဒနာများစွာကို ပျောက်ကင်းစေခဲ့ပါသည်။ သူကြီးကြပ်ခဲ့သော "ထန်ရှင်းဘန်ချောင်" ကျမ်းသည် ကမ္ဘာ့ပထမဆုံးသော နိုင်ငံတော်အဆင့် ဆေးဝါးဗေဒကျမ်း ဖြစ်ပါသည်။
သူသည် နူနာရောဂါအတွက် ဘက်စုံစနစ်ကျသော ကုသမှုကို ပထမဆုံး ပံ့ပိုးပေးခဲ့သူ ဖြစ်ပါသည်။
သူသည် လူ့ခန္ဓာကိုယ် တည်ဆောက်ပုံဇယားကို စနစ်တကျ ပထမဆုံး ရေးဆွဲခဲ့သူ ဖြစ်ပါသည်။
သူသည် ဆီးပိုက်သွင်းကုသခြင်းကို ပထမဆုံး စတင်တီထွင်ခဲ့သူ ဖြစ်ပါသည်။
စွန်းစီမြောင်သည် ရောဂါများကို ကုသရန်အတွက် ဆေးညွှန်းများ ပေါင်းစပ်အသုံးပြုခြင်းကို တီထွင်ကြံဆ အဆိုပြုခဲ့သောကြောင့် သူ၏တပည့်များက မိမိကိုယ်ကိုယ် "ဖန်ကျီဂိုဏ်း" ဟု ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့သော ဒဏ္ဍာရီလာ ဆေးဘုရင်ကြီးကို ဘိုးဘေးအဖြစ် ပိုင်ဆိုင်ထားသဖြင့် နတ်ဆေးဆရာစွန်းသည် သဘာဝကျစွာပင် ဂုဏ်ယူနေပါသည်။
"ငါက ဖန်ကျီဂိုဏ်းရဲ့ ၃၇ ဆက်မြောက် ဆက်ခံသူ ဖြစ်တယ်။ မင်းက ဘယ်ဂိုဏ်းဝင်လဲ"
ဝူကြည်ရှန်းသည် ရှန်းကျန့် ဆေးတက္ကသိုလ်မှ ဘွဲ့ရခဲ့ခြင်းဖြစ်သော်လည်း သူ့တွင် မည်သည့်ဂိုဏ်းမျှ မရှိပါပေ။
"ဂိုဏ်းမရှိဘူးလား။ ဒါဆိုရင် မင်းက ဆေးမြီးတိုဆရာပဲပေါ့"
သမားဂိုဏ်းတစ်ခု၏ ဆက်ခံသူအနေဖြင့် နတ်ဆေးဆရာစွန်းသည် ဝူကျိရှန်းကဲ့သို့သော ဂိုဏ်းမရှိသည့် ဆရာဝန်ကို အထင်အမြင်သေးစွာ ကြည့်ရှုပြီး မထေမဲ့မြင်ဖြင့် မေးမြန်းလိုက်သည်။
"မင်းရဲ့ ဆရာက ဘယ်သူလဲ"
ဆေးပညာလောကတွင် ဆရာမှ တပည့်သို့ လက်ဆင့်ကမ်းခြင်းကို အလွန်တန်ဖိုးထားပါသည်။
သို့သော် ဝူကျိရှန်း၏ ဆေးပညာများမှာ ကျောင်းတွင် သင်ကြားခဲ့ခြင်း ဖြစ်ပါသည်။ သူ့တွင် သင်ကြားပေးခဲ့သော ဝါရင့်ပါမောက္ခ တစ်ဒါဇင်ကျော် ရှိသော်လည်း ၎င်းတို့မှာ ဆရာများ ဖြစ်ကြပြီး အစဉ်အလာ ဆရာသခင်များ မဟုတ်ကြပါပေ။
"ဆရာမရှိဘူးလား"
နတ်ဆေးဆရာစွန်း၏ လေသံမှာ အလွန်အမင်း အံ့ဩတုန်လှုပ်ဟန် ပါဝင်နေပါသည်။
"မင်းက ဆရာမရှိဘဲ ဆေးခန်းဖွင့်ရဲတယ်ပေါ့။ လူ့အသက်က အလွန်အရေးကြီးတယ်။ မင်းရဲ့ ကုသမှုကြောင့် တစ်ယောက်ယောက် သေသွားရင် ဘယ်လိုလုပ်မလဲ"
နတ်ဆေးဆရာစွန်း၏ စကားများကြောင့် ဝူကျိရှန်း စကားမပြောနိုင်ဖြစ်နေသည်ကို မြင်သောအခါ ကျန်းစစ် ကောက ဆက်၍ သည်းမခံနိုင်တော့ဘဲ လှောင်ပြောင်လိုက်ပါသည်။
"ကျွန်တော် ပြောပါရစေ နတ်ဆေးဆရာစွန်း၊ ခင်ဗျားရဲ့ ဒီစကားကြီးစကားကျယ်တွေက ဘာအသုံးကျလို့လဲ"
"ကျွန်တော် ဗိုက်အောင့်တဲ့ ဝေဒနာ ခံစားနေရတုန်းက ခင်ဗျားက ကျွန်တော့်ကို နာရေးအတွက် ပြင်ဆင်ထားဖို့ ပြောခဲ့တယ်။ ခင်ဗျား နတ်ဆေးဆရာစွန်းက လူနာတွေကို သေဖို့အတွက် ပြင်ခိုင်းတာပဲ သိတာနဲ့ တူတယ်"
လူတစ်ယောက်ကို မျက်နှာပျက်အောင် မလုပ်သင့်ဟု ဆိုရိုးရှိသော်လည်း ကျန်းစစ်ကောသည် နတ်ဆေးဆရာစွန်း၏ အားနည်းချက်ကို တည့်တည့်မတ်မတ် ဖော်ထုတ်လိုက်မိသည်။
ထိုစကားအနည်းငယ်ကြောင့် သူသည် စကားအထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားပြီး ငြိမ်ကျသွားကာစကားအနည်းငယ်သာပြန်ပြောနိုင်၏။
"အတော်ဆုံးသူတောင် အမှားလုပ်မိတတ်တယ်၊ ကျားတောင်မှ တစ်ခါတလေ အိပ်ငိုက်တတ်တာပဲ။ ရောဂါရှာဖွေမှုမှာ တစ်ခါတလေ မှားယွင်းတာက သဘာဝပါပဲ"
"ခင်ဗျားရဲ့ မှားယွင်းတဲ့ ရောဂါရှာဖွေမှုတွေအတွက် ကျွန်တော် မငြင်းခုံချင်ပါဘူး။"
" ဒါပေမယ့် လုအိမ်တော်က သခင်လေးရဲ့ ဝမ်းကိုက်ရောဂါကို ဘယ်သူမဆို ပျောက်အောင်ကုနိုင်ရင် ခင်ဗျားက ဦးချမယ်၊ လက်ဖက်ရည် တိုက်မယ်၊ ပြီးတော့ သူ့ကို ဆရာအဖြစ် တင်မြှောက်မယ်လို့ ကိုယ်တိုင်ပြောခဲ့တယ် မဟုတ်လား။ အဲ့ဒါ ခင်ဗျားကိုယ်တိုင် ပြောခဲ့တဲ့ စကားတွေလေ၊ ဟုတ်တယ်မလား"
"ငါ အဲ့ဒီလို ပြောခဲ့တာ မှန်ပါတယ်"
"ဒါဆိုရင် ဝူကျိရှန်းက ဒီမှာရှိနေပြီလေ။ ခင်ဗျား အခုပဲ ဦးချပြီး လက်ဖက်ရည်ကပ်ပြီးတော့ ဆရာတင်ပွဲ လုပ်လို့ရပြီ"
ထိုအခါမှသာ နတ်ဆေးဆရာစွန်းသည် သူ၏ရှေ့မှ လူငယ် နန်းတွင်းသမားတော်ဝူသည် လုအိမ်တော်မှ သခင်လေးကို ကုသပေးခဲ့သော ဝူကျိရှန်း ဖြစ်နေကြောင်း သိရှိသွားပါသည်။
ဆရာဝန် စွန်းရှန်းယီသည် ကမ္ဘာကျော် ဆေးပညာရှင်တစ်ဦး မဟုတ်သော်လည်း ဤခရိုင်မြို့ငယ်လေးတွင် ဂုဏ်သတင်းကျော်ကြားသော ဆရာဝန်တစ်ဦး ဖြစ်ပါသည်။
သူ၏ အသက်အရွယ်အရ ဝူကျိရှန်းကို ဆရာအဖြစ် တကယ်တင်မြှောက်ရမည်ဆိုလျှင် သူ၏ ဂုဏ်သိက္ခာမှာ မည်သည့်နေရာသို့ ရောက်သွားမည်နည်း။
သို့သော် သူသည် ကြွားဝါပြောဆိုခဲ့ပြီး ဖြစ်ရာ သူ၏စကားကို ဖျက်ဖျက်ပါက ရယ်စရာ ဖြစ်သွားပေလိမ့်မည်။ သူ၏မျက်နှာမှာ အရှက်ရမှုကြောင့် နီရဲလာပြီး အဓိပ္ပာယ်မရှိသော စောဒကများကိုသာ တက်ပါတော့သည်
"လုအိမ်တော်က သခင်လေးက ကံကောင်းလို့ပါ။ ဘုရားရဲ့ စောင့်ရှောက်မှုနဲ့ဆိုရင် သူက ကုသမှု မခံယူရင်တောင် ဒီရောဂါကနေ ပြန်ကောင်းလာမှာပါ"
"နေမကောင်းတဲ့အခါ ဘုရားစောင့်ရှောက်မှုကိုပဲ အားကိုးနေရမယ်ဆိုရင် ခင်ဗျားလို ဆရာဝန်ရှိနေတာက ဘာထူးမှာလဲ"
"ငါ... ငါ့အိမ်မှာ လုပ်စရာကိစ္စလေး ရှိလို့။ မင်းနဲ့ နောက်မှ ဆက်ပြောမယ်"
ထိုသို့ပြောကာ လူအုပ်ကြီး၏ ရယ်မောသံများကြားတွင် နတ်ဆေးဆရာစွန်းသည် သနားစဖွယ် အခြေအနေဖြင့် ထွက်ပြေးသွားပါသည်။
"ဂိုဏ်းတွေက ဘာလဲ၊ ဆင်းသက်လာမှုက ဘာလဲ။ အဲ့ဒီလို လှပတဲ့ စကားလုံးတွေက ဘာအသုံးကျလို့လဲ။ ဆေးကုသတယ်ဆိုတာ တကယ့်ကျွမ်းကျင်မှုအပေါ်မှာ မူတည်တာပါ၊ လူနာကို ရောဂါပျောက်ကင်းအောင် ကုသနိုင်ဖို့ကသာ အဓိက ဖြစ်တယ်"
ကျန်းစစ် ကောက ရယ်မောလျက် ပြောပါသည်။
"အဲ့ဒီလို ဝါစဉ်နဲ့ အနိုင်ကျင့်ချင်တဲ့ အဘိုးကြီးကို ညှာမနေပါနဲ့။ မဟုတ်ရင် သူက မင်းကို အနိုင်ကျင့်လို့ရတဲ့သူလို့ ထင်နေလိမ့်မယ်"
------+------+
အခန်း ၁၀ - ကျွန်ုပ်၏ ဆေးညွှန်းကို အသုံးမပြုပါနှင့်
"နန်းတွင်းသမားတော်ဝူ၊ ကျွန်မ ဒီရောဂါ ဖြစ်နေတာ အခုဆိုရင် နီးပါးရှိနေပါပြီ။ တခြားဆေးခန်းတွေကနေ ဆေးညွှန်းပေါင်း တစ်ဒါဇင်ကျော် ရခဲ့ဖူးပေမယ့် ဘယ်တော့မှ အမြစ်ပြတ်အောင် မပျောက်ပါဘူး"
မုဆိုးမဝမ်က တုန်တုန်ယင်ယင်ဖြင့် ဆေးညွှန်းတစ်ခုကို ထုတ်ယူကာ ဝူကျိရှန်းထံ ကမ်းပေးလိုက်သည်။
"ဒီဆေးညွှန်းက ကျွန်မရဲ့ ရောဂါအခြေအနေနဲ့ မကိုက်ညီတာလားဆိုတာ
ကူညီကြည့်ပေးလို့ ရမလား"
သူမကမေးမြန်းလိုက်၏။
ဝူကျိရှန်းသည် တွန့်ကြေနေသော ဆေးညွှန်းကို ကြည့်ရှုပြီးနောက်မုဆိုးမဝမ်၏ ရောဂါလက္ခဏာများကို သေချာစွာ မေးမြန်းကာ တိကျသော ရောဂါရှာဖွေမှုကို ချက်ချင်း ပြုလုပ်လိုက်၏။
"အဒေါ်ဝမ်၊ အဒေါ်ရဲ့ ရောဂါက အဓိကအားဖြင့် ခန္ဓာကိုယ် အားနည်းပြီးဓမ္မတာမမှန်တဲ့ ရောဂါပဲ့ ဖြစ်တယ်။ အဒေါ့်ဆီမှာ ရှိနေတဲ့ ဆေးညွှန်းက အရမ်းကောင်းပြီး ရောဂါလက္ခဏာတွေအပေါ် တိုက်ရိုက်ထိရောက်မှု ရှိပါတယ်၊ အဲ့ဒီမှာ ဘာပြဿနာမှ မရှိပါဘူး"
"ဆေးညွှန်းက ပြဿနာမဟုတ်ဘူးဆိုရင် ကျွန်မရဲ့ရောဂါက ဘာလို့ လုံးဝမပျောက်တာလဲ"
သားဖွားမီးယပ် ရောဂါများသည် သာမန်အအေးမိခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းများနှင့် မတူပါပေ။ဆေးအနည်းငယ် သောက်ရုံဖြင့် မပျောက်ကင်းနိုင်သလို ချက်ချင်း လက်ငင်း ထိရောက်မှုလည်း မရှိပါပေ။
ခန္ဓာကိုယ်၏ အခြေခံကျန်းမာရေး ကောင်းမွန်လာစေရန် ဖြည်းဖြည်းချင်း ပြန်လည် ထိန်းသိမ်းရမည့် နည်းလမ်းသာ ရှိသည်။
"အဒေါ်၊ ဒီရောဂါ ပျောက်ချင်တယ်ဆိုရင် အနည်းဆုံး နောက်ထပ် လအနည်းငယ်ကြာအောင် ဆေးသောက်ဖို့ လိုအပ်ပါတယ်"
"နောက်ထပ် လအနည်းငယ် ဟုတ်လား"
ထိုစကားကို ကြားသောအခါ မုဆိုးမဝမ်၏ မျက်နှာတွင် အခက်အခဲတွေ့ရသောအမူအရာ ချက်ချင်း ပေါ်ပေါက်လာ၏။
"ဒါဆိုရင်... ဒါဆိုရင် ကျွန်မ မကုတော့ပါဘူး"
"မကုတော့ဘူးဟုတ်လား"
ထိုသို့ လုပ်၍ မရပါပေ။ဤကဲ့သို့သော မီးယပ်ရောဂါများအတွက် ဆေးကို အဆက်မပြတ် သောက်သုံးရန်မှာ အလွန်အရေးကြီးပါသည်။
တစ်ကြိမ်တစ်ခါ ပြတ်တောက်သွားပါက ကြိုးပမ်းသမျှ အားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ဝူကျိရှန်းက ဆေး ဆက်လက်သောက်သုံးရန် သူမကို အတင်းအကျပ် တိုက်တွန်းပါတော့သည်။
"အပြောရ ခက်လိုက်တာ"
မုဆိုးမဝမ်က သက်ပြင်းချရင်း ဆိုပါသည်။
"ကျွန်မရဲ့ မိသားစုက ကလေးတစ်ယောက်နဲ့ မုဆိုးမတစ်ယောက်ပဲ ရှိတာ၊ စားဝတ်နေရေးအတွက်တောင် မနည်း ရုန်းကန်နေရတာပါ။ ဒီဆေးတစ်ခွက်ကို ငွေသုံးကျပ်သား တောင် ပေးရတယ်။ ကျွန်မ ဘယ်လိုလုပ် တတ်နိုင်မှာလဲ"
ဆင်းရဲနွမ်းပါးသော သာမန်လူများအတွက် ရေရှည်ဆေးသောက်ရခြင်းမှာ ကြီးမားသော ငွေကြေးဝန်ထုပ်ဝန်ပိုး ဖြစ်သည်။
ဆေးဖိုး မတတ်နိုင်သော အခြေအနေမျိုးတွင် သူတို့သည် ကုသမှုကို လက်လွှတ်လိုက်ရုံသာ ရှိ တော့၏။
"ဆေးတစ်ခွက်ကို ငွေသုံးကျပ်သား ဟုတ်လား"
ဆေးမှာဈေးကြီးလွန်းလှပါသည်။ဤဆေးညွှန်းတွင် ဂျင်ဆင်းနှင့် အကျော်ကဲ့သို့သော တန်ဖိုးကြီး ဆေးဖက်ဝင်ပစ္စည်းများကို အသုံးပြုထားသည်မှာ မှန်သော်လည်း ပါဝင်သော ပမာဏမှာ အလွန်နည်းပါးသဖြင့် ထိုမျှလောက် ငွေကုန်ကြေးကျ မရှိသင့်ပါပေ။
"ဒီဆေးတစ်ခွက်ကို ငွေသုံးကျပ်သားတောင် ကျတာလား။ ဘယ်လိုလုပ် ဒီလောက် ဈေးကြီးနေရတာလဲ။ အဒေါ် အရင်က ဘယ်မှာ ဆေးဖော်တာလဲ"
"လမ်းတစ်ဖက်က အန်းမင်ခန်းမမှာ ဖော်တာပါ။ ဒီဆေးညွှန်းကို အန်းမင်ခန်းမက နတ်ဆေးဆရာစွန်းက ပေးခဲ့တာ ဖြစ်ပါတယ်"
"ဒီမှာဆိုရင် ဆေးဖိုးက အဲ့ဒီလောက် မကြီးပါဘူး။ ဒီဆေးတစ်ခွက်ကို အများဆုံး ကြေးပြား တစ်ရာ့လေးဆယ်ကနေ တစ်ရာ့ငါးဆယ်လောက်ပဲ ကျသင့်ပါတယ်"
ကြေးပြား တစ်ရာ့လေးဆယ်၊ တစ်ရာ့ငါးဆယ်ကို ငွေသားအဖြစ် ပြောင်းလဲလိုက်လျှင် ငွေတစ်ကျပ်သား ကျော်ကျော်သာ ရှိပြီး ၎င်းမှာ လမ်းတစ်ဖက်က အန်းမင်ခန်းမ ဈေးနှုန်း၏ ထက်ဝက်တိတိ ဖြစ်သည်။
မုဆိုးမဝမ်သည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး ဆေးညွှန်းအတိုင်း ဆေးကို အမြန်ဖော်စပ် ပေးရန် ပြောလိုက်တော့သည်။
"နန်းတွင်းသမားတော်ဝူရဲ့ ဆေးက ပို ဈေးသက်သာတာပဲ။ လမ်းတစ်ဖက်က နတ်ဆေးဆရာစွန်းရဲ့ ဈေးနှုန်းတွေက အရမ်းကြီးလွန်းတယ်။ နောက်ဆိုရင် ကျွန်မ ဒီကိုပဲ ဆေးလာဖော်တော့မယ်"
ထိုအချိန်တွင် တံခါးလိုက်ကာမှာ ရုတ်တရက် ဆွဲဖွင့်ခံလိုက်ရပြီး လမ်းတစ်ဖက်မှ နတ်ဆေးဆရာစွန်းသည် အခန်းထဲသို့ ဒေါသတကြီး ပြေးဝင်လာကာ အော်ဟစ်ပါတော့သည်။
"နန်းတွင်းသမားတော်ဝူ၊ နန်းတွင်းသမားတော်ဝူ၊ မင်းကို ငါ အမိဖမ်းမိပြီဟေ့"
"အမိဖမ်းမိပြီ ဟုတ်လား၊ဘာကို ဖမ်းမိတာလဲ"
"မုဆိုးမဝမ် လက်ထဲမှာ ကိုင်ထားတာ ဘာလဲ"
နတ်ဆေးဆရာစွန်းက ရာဇဝတ်သားတစ်ဦးကို စစ်ဆေးနေသကဲ့သို့ ဝူကျိရှန်းကို တင်းမာစွာ မေးမြန်းလိုက်၏။
"ဆေးပေါ့၊ ဘာဖြစ်လို့လဲ"
"သူကိုင်ထားတာ ဘယ်လိုဆေးမျိုးလဲဆိုတာ မင်းသိလား"
"သူယူသွားတဲ့ ဆေးတွေက လုဟွမ်၊ တန်ကွီ ၊ ဂျင်ဆင်း၊ အကျော်၊ မာသာဝေါ့ တွေ မဟုတ်လား။ ပြီးတော့ နွယ်ချို၊ ပုလင်းမှို ၊ ဖာလာစေ့ တွေရော မပါဘူးလား..."
"ဟုတ်တယ်၊ ဘာဖြစ်လို့လဲ"
ဝူကျိရှန်း ကိုယ်တိုင် ဝန်ခံသည်ကို ကြားလိုက်ရသဖြင့် နတ်ဆေးဆရာစွန်းသည် သက်သေတစ်ခုခုကို ဖမ်းမိလိုက်သကဲ့သို့ ချက်ချင်းပင် ရယ်မောလိုက်ပြီး ပို၍ပင် မောက်မာလာကာစွပ်စွဲ ပြောဆို တော့သည်။
"ဒီဆေးညွှန်းက အမျိုးသမီးတွေရဲ့ ဓမ္မတာမမှန်တာကို ကုသဖို့အတွက် ငါကိုယ်တိုင် အထူးထုတ်ဖော်ထားတဲ့ 'ရတနာခုနစ်ပါး' ကွန်ရွှန်းမှုန့်' ဖြစ်တယ်။ မင်းက တခြားသူတွေကို ကုသဖို့ ငါ့ရဲ့ဆေးညွှန်းကို သုံးနေတာပဲ။ အဲ့ဒီအတွက် မင်းမှာ ဘာပြောစရာရှိသေးလဲ"
"ခင်ဗျား ထုတ်ဖော်ထားတဲ့ ဆေးညွှန်းဖြစ်နေရင်တောင် ငါက သုံးလို့မရဘူးလား"
ဆေးညွှန်းများအတွက် မူပိုင်ခွင့် ကာကွယ်ပေးသည့် အယူအဆမျိုးမှာ ယခင်က မရှိခဲ့ပါပေ။ လူနာတွေအတွက် ဆေးဖော်ပေးဖို့ ခင်ဗျားပေးထားတဲ့ ဆေးညွှန်းကို ငါအသုံးပြုတာက ဥပဒေနဲ့ မညီညွတ်တာ မဟုတ်ပါပေ။
ဤကိစ္စမှာ ဥပဒေနှင့် မဆန့်ကျင်သော်လည်း နတ်ဆေးဆရာစွန်းက ၎င်းကို အားနည်းချက်တစ်ခုအဖြစ် ဆုပ်ကိုင်ထားပါသည်။
ဝူ၏ဆေးခန်း မဖွင့်လှစ်မီကပင်မုဆိုးမဝမ်သည် ဤဆေးညွှန်းကို အသုံးပြု၍ လမ်းတစ်ဖက်က အန်းမင်ခန်းမတွင် ဆေးဖော်နေခဲ့ခြင်း ဖြစ်ပါသည်။ သူမ၏ ဆင်းရဲနွမ်းပါးသော မိသားစု အခြေအနေနှင့် နတ်ဆေးဆရာစွန်း၏ အဆမတန် ဈေးကြီးလှသော ဈေးနှုန်းများကြောင့်သာ သူမသည် ဝူကျိရှန်းထံသို့ ဆေးလာရောက်ဖော်ခြင်း ဖြစ်၏။
သူ ကြာရှည်စွာ ကုသပေးခဲ့သော သူ၏လူနာဟောင်းကဝူကျိရှန်း၏ ဖောက်သည် ဖြစ်သွားခဲ့ပြီ။ ဤကိစ္စကပင် နတ်ဆေးဆရာစွန်းကို လွန်မင်းစွာဒေါသထွက်စေခဲ့ပြီး ဖြစ်၏။
မုဆိုးမဝမ်သည် ဝူ၏ဆေးခန်းသို့ ဆေးလာဖော်သည်ကို အဝေးမှ မြင်လိုက်ကတည်းက ဝူကျိရှန်းသည် သူ၏ဆေးညွှန်းကို အသုံးပြုနေကြောင်း သူသိရှိခဲ့ရာ သူသည် ပို၍ပင် ဒေါသထွက်သွားပါတော့သည်။
"ခင်ဗျားက ငါ့ရဲ့လူနာကို ယူသွားတယ်၊ ဒါက ငါ့ရဲ့ဖောက်သည်ကို ခိုးယူတာပဲ၊ ပြီးတော့ ငါ့ရဲ့ဆေးညွှန်းကိုတောင် အသုံးပြုသေးတယ်"
နတ်ဆေးဆရာစွန်းသည် ဤအချက်ကို လုံးဝ သည်းမခံနိုင်ပါပေ။
ဝူကျိရှန်းက ဤကိစ္စသည် ဘာမှမဟုတ်ဟု ခံစားရသော်လည်း နတ်ဆေးဆရာစွန်းမှာမူ မလျှော့ပေးဘဲ ဝင်ပေါက်တွင် ရပ်ကာ ကျယ်လောင်စွာ အော်ဟစ်ပါတော့သည်။
"အိမ်နီးနားချင်းတို့ရေ၊ လာကြည့်ကြပါဦး။ နန်းတွင်းသမားတော်ဝူဟာ လူတွေကို ကုသဖို့အတွက် ကျွန်ုပ်ရဲ့ ဆေးညွှန်းကို အသုံးပြုနေပါတယ်။ ဒါဟာ သူ့ရဲ့ ဆေးပညာကျွမ်းကျင်မှု မရှိတာကို သိသာစေပါတယ်။ ဒီလို လိမ်လည်လှည့်ဖြားသူက ဘယ်လိုလုပ် ဆေးခန်းဖွင့်ရဲရတာလဲ... လူတိုင်းပဲ၊ ကျွန်ုပ်ဘက်ကနေ တရားမျှတအောင် ဆုံးဖြတ်ပေးကြပါဦး..."
နတ်ဆေးဆရာစွန်း၏ အော်ဟစ်သံကြောင့် လမ်းသွားလမ်းလာများစွာ ချက်ချင်းပင် စုရုံးရောက်ရှိလာကြပါသည်။
သူသည် နစ်နာသူတစ်ဦးကဲ့သို့ပင် လူများကို သူ၏ဇာတ်လမ်းကို ပြောပြနေပါတော့သည်။
အမှန်စင်စစ် နတ်ဆေးဆရာစွန်းသည် ဆင်းရဲသော လူနာတစ်ယောက်ကို ဂရုစိုက်နေခြင်း မဟုတ်ပါပေ၊ သူသည် သူ့ကိုယ်သူကယ်တင်ရန်နှင့် တမင်တကာ ပြဿနာရှာရန်သာ ကြိုးစားနေခြင်း ဖြစ်သည်။
နတ်ဆေးဆရာစွန်း၏ ကျယ်လောင်စွာ အော်ဟစ်သံကြောင့် လမ်းသွားလမ်းလာများစွာ ၏အာရုံစိုက်ခြင်း ခံလိုက်ရပါသည်။
လူတိုင်း၏ အကြည့်အောက်တွင် နတ်ဆေးဆရာစွန်းသည် ပို၍ပင် ရန်လိုလာပြီး လက်၊ခြေများကိုလှုပ်ခါကာ ဒေါသတကြီးအော်ဟစ်ပါတော့သည်။
"ဒီ ရတနာခုနစ်ပါး ကွန်ရွှန်းမှုန့်ဆိုတာ ကျွန်ုပ် ပင်ပင်ပန်းပန်း ထုတ်ဖော်ထားတဲ့ ထိရောက်တဲ့ ဆေးညွှန်းပဲ့။ မင်း မှာ ကိုယ်ပိုင်ဆေးညွှန်း ဖန်တီးနိုင်တဲ့ စွမ်းရည်မရှိဘဲနဲ့ ငါ့ရဲ့ဆေးညွှန်းကို သုံးပြီး ရောဂါကုသပြီး ပိုက်ဆံရှာနေတာ။ ဒီနေ့တော့ မင်းကို လက်ပူးလက်ကျပ် မိပြီ။ အခု မင်းမှာ ဘာပြောစရာရှိသေးလဲ"
ဝန်မုဆိုးမ၏ နာတာရှည် မီးယပ်ရောဂါကဲ့သို့သော အခြေအနေမျိုးအတွက် တရုတ်ရိုးရာ ဆေးပညာဖြစ်စေ၊ ဝူကျိရှန်း အထူးပြုသော ခေတ်သစ် ဆေးပညာဖြစ်စေ ချက်ချင်းပျောက်ကင်းမည့် နည်းလမ်း မရှိပါပေ၊ အများဆုံးအားဖြင့် ဖြည်းဖြည်းချင်း ပြန်လည် ထိန်းသိမ်းရုံသာ ရှိပါသည်။
ဆေးပညာ ရှုထောင့်မှ ကြည့်လျှင် နတ်ဆေးဆရာစွန်း၏ ဆေးညွှန်းမှာ အမှန်တကယ်ပင် အလွန် လက်တွေ့ကျ ကောင်းမွန်သည့်သည့် ဆေး ဖြစ်ပါသည်။
"နတ်ဆေးဆရာစွန်း၊ ခင်ဗျားရဲ့ ဆေးညွှန်းက အမှန်တကယ်ပဲ အရမ်းကောင်းပြီး ဆေးအာနိသင်ကလည်း နူးညံ့တယ်ဆိုတာ ကျွန်တော် ဝန်ခံပါတယ်..."
ထိုစကားကို ကြားသောအခါ နတ်ဆေးဆရာစွန်းသည် ချက်ချင်းပင် တက်ကြွလာပြီး လက်၊ ခြေများလှုပ်ရမ်းကာကျယ်လောင်စွာ အော်ဟစ်ပါတော့သည်။
"အိမ်နီးနားချင်းတို့၊ ခင်ဗျားတို့ အကုန်ကြားတယ်မလား။ နန်းတွင်းသမားတော်ဝူ ကိုယ်တိုင်က ကျွန်ုပ်ရဲ့ ဆေးညွှန်းဟာ အလွန်ကောင်းမွန်ကြောင်း ဝန်ခံလိုက်ပြီ၊ ဒါဟာ ကျွန်ုပ်ရဲ့ ဆေးပညာက သူ့ထက်သာလွန်တယ်ဆိုတာကို သက်သေပြဖို့ လုံလောက် နေပြီ"
မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ နတ်ဆေးဆရာစွန်း၏ ဆေးပညာကျွမ်းကျင်မှုမှာ လုံးဝ ငြင်းပယ်၍ မရပါပေ။
သူ၏ ဆေးပညာ ကျွမ်းကျင်မှု ပိုမိုသာလွန်ကြောင်း သက်သေပြရန်အတွက် သူသည် ပင်ပင်ပန်းပန်း ပြဿနာရှာနေခြင်းဖြစ်ရာ ၎င်းမှာ လူသားများကို ကုသကယ်တင်ရန်ဟူသော မူလရည်ရွယ်ချက်ကို ပျောက်ဆုံးစေခဲ့ပြီး "ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်" ဟူသော စကားလုံးနှင့် ပို၍ပို၍ ဝေးကွာသွားခဲ့ပြီ ဖြစ်ပါသည်။
"ကောင်းပါပြီ နတ်ဆေးဆရာစွန်း၊ ခင်ဗျားက ကျွန်တော့်ထက် ပိုပြီး ကျွမ်းကျင်တယ်ဆိုတာ ကျွန်တော် ဝန်ခံပါတယ်။ အဲ့ဒါဆိုရင် လုံလောက်ပြီလား"
ဝူကျိရှန်း ကိုယ်တိုင် ထိုသို့ပြောသည်ကို ကြားလိုက်ရသဖြင့် နတ်ဆေးဆရာစွန်းသည် အလွန်အမင်း ဝမ်းသာသွားပြီး သူ၏မုတ်ဆိတ်မွှေးများပင် လိပ်တက်သွားတော့မတတ် ဖြစ်သွားပါသည်။
"မင်းက ငါ့ရဲ့ဆေးပညာ ပိုသာလွန်တယ်ဆိုတာ ဝန်ခံလိုက်ပြီဆိုမှတော့ ငါ့ကို ဆရာတင်မယ့် ကိစ္စကို ဘယ်တော့မှ ထပ်မပြောကြေးနော်..."
"ဆရာတင်မယ့် ကိစ္စ ဟုတ်လား"
နတ်ဆေးဆရာစွန်းသည် တစ်ချိန်က "လုအိမ်တော်က သခင်လေးရဲ့ ဝမ်းကိုက်ရောဂါကို ဘယ်သူမဆို ပျောက်အောင်ကုနိုင်ရင် ငါ သူ့ရဲ့တပည့် ဖြစ်စေရမယ်" ဟု ကိုယ်တိုင်ပြောခဲ့ဖူးပြီး ဝူကျိရှန်းက လုအိမ်တော်သခင်လေးကို အမှန်တကယ် ကုသပေးနိုင်ခဲ့သဖြင့် နတ်ဆေးဆရာစွန်းမှာ မျက်နှာပျက်ခဲ့ရပြီး ထိုအချက်ကို သူက အမြဲတမ်း ပြန်လည် လက်စားချေလိုခြင်းသာ ဖြစ်၏။
ဝူကျိရှန်းမှာမူ ၎င်းကို မည်သည့်အခါမျှ စိတ်ထဲ မထားခဲ့ပါပေ၊ ၎င်းမှာ နတ်ဆေးဆရာစွန်းကသာ သိမ်ဖျင်းစွာဖြင့် ရန်ငြိုးဖွဲ့နေခြင်းသာ ဖြစ်သည်။
---------------