← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း ၂၃ - ခက်ထန်သော စစ်သူကြီး

ဝူကျိရှန်းနှင့် မြို့ထဲရှိ ကျန်းမာသန်စွမ်းသော အမျိုးသားများမှာ စစ်ကူရောက်လာသော စစ်သည်များနှင့်အတူ တိုက်ပွဲအတွက် အလုပ်ရှုပ်နေကြသော်လည်း အထိန်းတော်ကြီးကောင်းမှာမူ ဘာမှမလုပ်ဘဲ ခရိုင်ဝန် ရှန်လင်၏ နောက်သို့ ကပ်စေးနှဲကဲ့သို့ တကောက်ကောက်လိုက်ကာ အကျိုးအမြတ်များကိုသာ မရပ်မနား တောင်းဆိုနေ၏။

ပို၍ ဒေါသထွက်စရာကောင်းသည်မှာ သူသည် မည်သည့်အကျိုးအမြတ်မျှ မရရှိသဖြင့် သူ၏စစ်သည်များကို ခရိုင်ရုံးတော်၏ ဘဏ္ဍာတိုက်အား ဝင်ရောက်စီးနင်းရန် အမိန့်ပေးလိုက်ခြင်းပင် ဖြစ်သည် ။

ဤကဲ့သို့ ဝေးလံခေါင်ဖျားသော ခရိုင်ငယ်လေးမှာ ဆင်းရဲလွန်းလှသဖြင့် စစ်သည်များကို စီးနင်းခွင့်ပေးလိုက်သော်လည်း ထူးထူးခြားခြား ဘာမှမရရှိဘဲ ဟောင်းနွမ်းနေသော အဝတ်အထည် အပိုင်းအစ အနည်းငယ်နှင့် ဆန်အဟောင်း အနည်းငယ်သာ ရရှိကြပေသည် ။

“ဒီအထိန်း‌‌တော်ကြီးက ဘယ်လိုတောင် ဖြစ်နေရတာလဲ”

ဝူကျိရှန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

“စစ်ပွဲက အချိန်မရွေး ဖြစ်တော့မယ့်ဟာကို သူက ငွေရှာဖို့ပဲ တွေးနေတယ်။ ဒီလို အရာရှိမျိုး ရှိနေတာကတော့ တကယ်ကို လွန်လွန်းပါတယ်”

“ညီအစ်ကို ဝူကျိရှန်း၊ မင်းမှားနေပြီ”

ကျန်းစစ်‌ ကောကတိုးတိုးလေး ပြောလိုက်၏။

“ငါသိသလောက်တော့ ဒီအထိန်း‌တော်ကြီးကောင်းဟာ နာမည်ကောင်းရှိပြီး စစ်သည်တွေရဲ့ အလွန်လေးစားမှုကို ခံရတဲ့သူပဲ့”

စစ်တပ်အတွင်း၌ တိုက်ရည်ခိုက်ရည်ရှိပြီး ရှေ့တန်းကနေ ထိုးဖောက်တိုက်ခိုက်နိုင်သော စစ်သူကြီးများကိုသာ အလေးထားကြသည် ဖြစ်ရာ အများအမြင်တွင်အထိန်းတော်ကောင်းမှာမူ ငွေကိုသာ မက်မောပြီး လောဘတက်နေသည့် မျက်နှာထားကိုပင် မဖုံးကွယ်နိုင်သူ ဖြစ် နေ၏။

အမှန်ဆိုလျှင် သူသည် လူတိုင်း၏ ကဲ့ရဲ့မှုကို ခံရသင့်သော်လည်း စစ်သည်များက သူ့ကို မည်သို့ကြောင့် ထောက်ခံနေကြပါသနည်း။အမှန်မှာ

အထိန်းတော်ကောင်းမှာ ငွေကို အလွန်လောဘကြီး နေသည်မှာ သူ၏ ကိုယ်ကြိုးအတွက် လောဘတက်ခြင်း မဟုတ်ပေ ။

သူသည် သူ၏စစ်သည်များအတွက် အကျိုးခံစားခွင့်များကို အမြဲတမ်း ရအောင်ယူပေးလေ့ရှိပြီး အောက်ခြေအရာရှိများကိုပင် သူ၏ကိုယ်ပိုင်ငွေဖြင့် အရက်နှင့် အသားများ မကြာခဏ ကျွေးမွေးလေ့ရှိ၏။

စစ်တပ်အတွင်း သူ၏ လူကြိုက်များမှုမှာ အပြစ်ပြောစရာမရှိသဖြင့် စစ်သည်များ၏ ထောက်ခံမှုကို သဘာဝအတိုင်း ရရှိထားခြင်းပင် ဖြစ်သည် ။ကြည့်ရသည်မှာ ဤအထိန်း‌ တော်ကောင်းသည် လူတို့၏ စိတ်နှလုံးကို သိမ်းပိုက်ရာတွင် အလွန်ကျွမ်းကျင်ပုံရ‌ ပေသည်။

ထိုစဉ်မှာပင် ဝေးလံသော တောင်ကြားလမ်းဆီမှ မိုးသက်မုန်တိုင်း လာတော့မည့်အလား မိုးခြိမ်းသံကဲ့သို့သော အသံများကို စတင်ကြားလိုက်ကြရ၏။

ဝူကျိရှန်းသည် မြို့ရိုးကို မှီလျက် အဝေးသို့ လှမ်းကြည့်လိုက်ရာ ဝါကျင့်ကျင့်နှင့် မှုန်မှိုင်းနေသော ဖုန်လုံးကြီးများကို မြင်လိုက်ရ၏။၎င်းမှာ စစ်တိမ်တိုက်ပင် ဖြစ်သည်။

စစ်တပ်ကြီး ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဓားလှံလက်နက်တို့၏ အေးစက်သော အလင်းတောင်ပံများမှာ လွင့်တက်နေသော ဖုန်မှုန့်များကြားတွင် ပုန်းကွယ်နေတတ်ပြီး ကောင်းကင်ယံ၌ နိမ့်ဆင်းနေသော တိမ်တိုက်များကဲ့သို့ ထင်မှတ်ရသည်။ဤသည်ကိုပင် လူတို့က စစ်တိမ်တိုက်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည် ။

စစ်တိမ်တိုက်မှာ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ မိုးကုပ်စက်ဝိုင်း တစ်လျှောက်တွင် ရှည်လျားသော မြင်းတပ်တန်းကြီးကို မြင်တွေ့လာရ၏။ မွန်ဂိုစစ်တပ်ကြီး ချီတက်လာနေပြီ ဖြစ်သည် ။

တောင်ကုန်းတောင်တန်း တစ်ခုလုံးကို ဖုံးလွှမ်းထားသော မွန်ဂိုစစ်တပ်ကြီးမှာ အရေအတွက်အားဖြင့် မရေတွက်နိုင်အောင် များပြားလှသဖြင့် လူတိုင်းမှာ အံ့အောမှင်တက်သွားကြ၏။သူတို့ကမွန်ဂိုမြင်းတပ်အနည်းငယ်သာ လာလိမ့်မည်ဟုထင်မှတ်ထားခဲ့သော်လည်းလက်‌တွေ့တွင်မူအလွန်များပြားလှ‌ပေသည်။

မွန်ဂိုစစ်တပ်ကြီးမှာ မြို့အောက်ခြေ၌ တံတိုင်းကြီးတစ်ခုအလား စုရုံးရောက်ရှိလာကြပြီး နောက်ကွယ်မှ စစ်သည်များမှာလည်း အဆုံးမရှိသော ဒီရေလှိုင်းများကဲ့သို့ ဆက်တိုက် တိုးဝင်လာနေကြ၏။

တပ်မှူးချန် ဦးဆောင်လာသော စစ်သည်အရေအတွက်မှာ နှစ်ထောင်၊ သုံးထောင်ခန့်သာ ရှိသော်လည်း ၎င်းတို့ထက် ဆယ်ဆခန့် များပြားသော ရန်သူများကို ရင်ဆိုင်ရမည် ဖြစ်ရာ လူတိုင်း မျက်နှာပျက်ကုန်ကြသည်။

အစောပိုင်းက ရှိခဲ့သော အကောင်းမြင်စိတ်များမှာလည်း အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့၏ ။

“ဒီလို စစ်အင်အားနဲ့ဆိုရင် အနည်းဆုံး တစ်သိန်းလောက် ရှိမှာပဲ မဟုတ်လား”

“တစ်သိန်း မရှိရင်တောင် အနည်းဆုံး သုံးသောင်း၊ ငါးသောင်းတော့ ရှိမှာ သေချာတယ်”

“သုံးသောင်း မရှိရင်တောင် တစ်သောင်း၊ နှစ်သောင်းဆိုတာကလည်း နည်းတဲ့အရေအတွက် မဟုတ်ဘူး”

လူတိုင်းက ထိတ်လန့်တကြား ဆွေးနွေးနေကြစဉ်မှာပင် ရန်သူ့တပ်ထဲမှ မြင်းတစ်စီး အရှိန်အဟုန်ဖြင့် ပြေးထွက်လာပြီး စီးနင်းသူက ၁၆ ပေခန့်ရှိသော ဝံပုလွေခေါင်းပါ အလံတော်ကို ကိုင်ဆောင်ထားပေသည် ။

ထိုဝံပုလွေခေါင်း အလံတော်ကို ကိုင်ဆောင်ထားသော မြင်းစီးသူသည် ရှေ့သို့ ပြေးထွက်လာပြီး မြားတစ်စင်းစာ အကွာအဝေးတွင် မြင်းကို ရုတ်တရက် အရှိန်သတ်လိုက်ရာ မြင်းကြီးမှာ ရှေ့ခြေနှစ်ဖက် ထောင်တက်သွားပြီး ဝံပုလွေခေါင်း အလံတော်ကို မြေကြီးထဲသို့ အားဖြင့် စိုက်ချလိုက်၏။

အလံတိုင်၏ အောက်ခြေတွင် လှံစွပ်ငယ်တစ်ခု ပါရှိသော်လည်း ခဲနေသော မြေကြီးထဲသို့ လက်မောင်းအားသက်သက်ဖြင့် စိုက်ဝင်အောင် ပြုလုပ်နိုင်ခြင်းမှာ နတ်ဘုရားတစ်ပါး၏ ခွန်အားကဲ့သို့ပင် အလွန်အံ့သြဖွယ် ကောင်းလှသည် ။

မွန်ဂိုစစ်တပ်ထဲမှ ဟိန်းဟောက်သော ကြွေးကြော်သံများ ချက်ချင်းပင် ထွက်ပေါ်လာ၏။ လွင်ပြင်ဒေသ၏ ရိုးရာအရ ဝံပုလွေခေါင်း အလံတော် စိုက်ထူထားသော မည်သည့်မြေမဆို ၎င်းတို့၏ စားကျက်မြေ ဖြစ်လာရမည်ဟုဆိုလို‌ ပေသည်။

ကောင်းကင်ပြာရောင် အလံတော်မှာ လေထဲတွင် တလူလူလွင့်နေပြီး အလံပေါ်ရှိ ဝံပုလွေခေါင်း ပုံရိပ်မှာ အသက်ဝင်နေသကဲ့သို့ ရှိ၏။

“ဒီကောင်တွေက ငါ့ရှေ့မှာ လာပြီး ဟန်ရေးပြနေကြတာပဲ”

အထိန်းတော်ကြီးကောင်းက ဒေါသတကြီး အော်ဟစ်အမိန့်‌ ပေးလိုက်‌ လေ၏။

“သူတို့ကို ပြန်ပြီး ပညာပြလိုက်စမ်း”

တပ်မှူးချန်မှာ သူ၏ နောက်ကျောမှ လူတစ်ရပ်ခန့် မြင့်သော သံနက်ရောင် လေးကို တိတ်ဆိတ်စွာ ဖြုတ်ယူလိုက်ပြီး ငါးမြီးပုံ မြားတစ်စင်းကို တင်ကာ လေးကြိုးကို ဖြည်းညှင်းစွာ ဆွဲလိုက် လေသည်။ကျယ်လောင်သော လေးကြိုးသံနှင့်အတူ လေးကို လပြည့်ဝန်းအလား အပြည့်အဝ ဆွဲဆန့်လိုက်ခြင်းဖြစ်သည် ။

“ထိစမ်း”

မိုးခြိမ်းသံကဲ့သို့သော ဟိန်းဟောက်သံနှင့်အတူ ငါးမြီးပုံမြားမှာ ဝံပုလွေခေါင်း အလံတော်၏ အလံကြိုးကို တိကျစွာ ထိမှန်သွား၏။ လေးကြိုး၏ တုန်ခါသံမှာ နားထဲတွင် ပဲ့တင်ထပ်နေဆဲမှာပင် ဝေးလံသော နေရာရှိ ဝံပုလွေခေါင်း အလံတော်မှာ မြေသို့ လဲကျသွားပြီ ဖြစ်သည် ။

ဤမျှ ဝေးကွာသော အကွာအဝေးမှနေ၍ ရန်သူ၏ အလံတော်ကို မြားတစ်စင်းတည်းဖြင့် ပစ်ချနိုင်ခြင်းမှာ တပ်မှူးချိန်၏ လေးအတတ်မှာ အလွန်ပင် လက်ဖြောင့်လှ ကြောင်းသက်သေပြနေပေသည် ။

အပြန်အလှန် အင်အားပြကြခြင်းမှာ တိုက်ပွဲကြီး မစတင်မီ အမြည်းပေးခြင်းသာ ဖြစ်သည်။

မွန်ဂိုစစ်တပ်ကြီးမှာ ဖြည်းညှင်းစွာ ရှေ့သို့ တိုးလာနေသဖြင့် တိုက်ပွဲကြီးမှာ နီးကပ်နေပြီ ဖြစ်သည်။ထိုအချိန်တွင်တပ်မှူးချန်သည် ရုတ်တရက် မြင်းပေါ်သို့ လွှားကနဲ တက်လိုက်ပြီး သူ၏ ဓားရှည်ကို ဆွဲထုတ်ကာ အားဖြင့် ဝှေ့ယမ်းလိုက်၏။

ထို့နောက်သူသည် ရန်သူကို ရင်ဆိုင်ရန် မြို့ပြင်သို့ ထွက်ခွာရန်ပြင်လိုက်သော်အထိန်းတော်ကြီးကောင်းက ဇက်ကြိုးကိုလျင်မြန်စွာ လှမ်းဆွဲလိုက်ရင်း

“တပ်မှူးချန်၊ မင်း ဘာလုပ်မလို့လဲ”

“ရန်သူကို တိုက်ခိုက်ဖို့ မြို့ပြင်ကို ထွက်မလို့ပါ”

ထိုစကားကို ကြားသောအခါ ခရိုင်ဝန် ရှန်လင်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီးအတင်းတားမြစ်လိုက်၏။

“ရန်သူက အင်အား ပိုများတယ်၊ မြို့ထဲကနေ အခိုင်အမာ ခုခံပြီး စစ်ကူကို စောင့်တာက အကောင်းဆုံး နည်းဗျူဟာပဲ ။ ဘယ်လိုနည်းနဲ့မှ စွန့်စားပြီး မြို့ပြင်ကို မထွက်ပါနဲ့"

ဝူကျိရှန်းကလည်း ခရိုင်ဝန်ရှန်လင် ပြောသည်မှာ မှန်ကန်သည်ဟု ခံစားရ ပေသည် ။ မြို့ကို ခုခံရာတွင် ခိုင်ခံ့သော ခံစစ်များကို အသုံးပြုကာ လေး၊ မြားနှင့် အမြောက်တို့၏ အဝေးပစ် အားသာချက်များကို အသုံးချ၍ ရန်သူကို ထိခိုက်အောင် ပြုလုပ်သင့်၏။ ရုပ်ရှင်များထဲတွင်လည်း ထိုသို့သာ ပြသလေ့ရှိသည်။

တပ်မှူးချန်ကဲ့သို့ ရလဒ်ကို မစဉ်းစားဘဲ မြို့ပြင်သို့ ထွက်၍ တိုက်ပွဲဆင်နွှဲခြင်းမှာ သေကြောင်းကြံစည်ခြင်း မဟုတ်ပါလော ။သို့‌ သော်ဤသည်မှာ သာမန်လူတို့၏ မှားယွင်းသော အယူအဆသာ ဖြစ်သည် ။

မြို့ရိုးပြင်ပရှိ နယ်မြေများကို စွန့်လွှတ်ပြီး ရန်သူကို မြို့ထဲသို့ ဝိုင်းရံခွင့် ပေးလိုက်ခြင်းမှာ အားနည်းသော နည်းလမ်းသာ ဖြစ်ပြီး ရန်သူကို ပြန်လည် တွန်းလှန်နိုင်မည့် အခွင့်အရေးကို တက်ကြွစွာ ရှာဖွေခြင်းကသာ မှန်ကန်သော ရွေးချယ်မှု ဖြစ်သည် ။

အထိန်းတော်ကြီးကောင်းမှာ စစ်ရေးစစ်ရာများကို နားမလည်သော်လည်း တပ်မှူးချန်၏ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို သူ အသိဆုံးဖြစ်ရာတပ်မှူးချန်အားတွန့်ဆုတ်မှာမရှိဘဲယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်၏။

“ငါက စစ်ရေးစစ်ရာတွေကို နားမလည်ပေမဲ့ မင်းကိုတော့ ယုံကြည်တယ် ၊ သွားသာသွားပါ”

အထိန်းတော်ကြီးကောင်း၏ ခွင့်ပြုချက် ရသည်နှင့် တပ်မှူးချန်မှာ ခရိုင်ဝန်ရှန်လင်ကိုပင် ဂရုမစိုက်တော့ဘဲ မြင်းကို ဒုန်းစိုင်းနှင်ကာ မြို့ရိုးနောက်ကွယ်မှ လမ်းအတိုင်း ဆင်းသွားတော့သည် ။

တပ်မှူးချန် ဦးဆောင်သော စစ်သည် ထောင်ပေါင်းများစွာမှာ မြို့ရိုးရှေ့တွင် နေရာယူလိုက်ကြ၏။ သူတို့၏ တောင်ပံနှစ်ဖက်မှာ ရှေ့သို့ အနည်းငယ် ထွက်နေပြီး အလယ်ပိုင်းမှာ နောက်သို့ အနည်းငယ် ဆုတ်နေသည့် “လခြမ်းပုံစံ” စစ်ဗျူဟာကို ခင်းကျင်းလိုက်ကြ၏။

ဤစစ်ဗျူဟာမှာ ထိုးစစ်ဆင်ရန် အတွက်ပြင်းထန်သော အရှိန်အဟုန် မရှိသော်လည်း အလွန် တည်ငြိမ်ပြီး ခိုင်မာသော ခံစားချက်ကို ပေးစွမ်းနိုင်၏။

မွန်ဂိုစစ်တပ်၏ ရှေ့ပြေးတပ်ဖွဲ့မှာ လည်းမူလအရှိန်အတိုင်း ဆက်လက် ချီတက်လာရာ ဖုန်လုံးများနှင့် ဝါကျင့်ကျင့် သဲမှုန်များမှာမြို့ရိုး တစ်ခွင်လုံးကို ဖုံးလွှမ်းသွားတော့သည်။ထိုအချိန်မှာပင် မွန်ဂိုစစ်တပ်မှမြင်းစစ်သည် သီးသန့်ဖွဲ့စည်းထားသောရှေ့ပြေးတပ်တစ်ခုသည်အရှေ့သို့ထွက်လာ၏။

မွန်ဂိုတို့မှာ ရေကြည်ရာ မြက်နုရာ နေထိုင်သူများ ဖြစ်ကြသဖြင့် သူတို့၏ မြင်းစီးအတတ်နှင့် လေးပစ်အတတ်မှာ အနှိုင်းမဲ့ ဖြစ်သည် ။ မြင်းစီးစစ်သည်များကို ရှေ့ပြေးတပ်အဖြစ် အသုံးပြုကာ ရန်သူကို ထိုးဖောက်ခွဲထုတ်ခြင်းမှာ သူတို့၏ ရှေးကျပြီး ဂန္ထဝင်မြောက်သော တိုက်ခိုက်ရေး နည်းလမ်းပင် ဖြစ်၏။

မည်သည့်ဘက်ကမျှ အတင်းအဓမ္မ ထိုးစစ်မဆင်ကြဘဲ ခြေလှမ်း သုံးလေးရာခန့် အကွာအဝေးတွင် တပြိုင်နက် ရပ်တန့်လိုက်ကြသည်။

အလံများ တလွင့်လွင့်နှင့် ဖုန်မှုန့်များကြားတွင် ဓားလှံလက်နက်တို့၏ အေးစက်သော အလင်းတန်းများ ရောယှက်နေ၏။ သတ်ဖြတ်လိုသော စိတ်အဟုန်မှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး တိုက်ပွဲကြီးမှာ စတင်တော့မည် ဖြစ်သည် ။

နှစ်ဖက်စလုံး၏ ရည်ရွယ်ချက်မှာ အတူတူပင် ဖြစ်သည်။ တစ်ဖက်လူ၏ ခွန်အားနှင့် တိုက်ခိုက်ရေး စွမ်းရည်ကို စမ်းသပ်လိုခြင်း ဖြစ်သည် ။မင်စစ်တပ်၏ “လခြမ်းပုံစံ” စစ်ဗျူဟာမှာ တိုက်စစ်ရော ခံစစ်အတွက်ပါ လိုက်လျောညီထွေရှိလှသဖြင့် ဖောက်ထွက်ရန် အလွန်ခက်ခဲပုံရသည် ။

မွန်ဂိုတို့၏ စစ်ကြောင်းမှာမူ အနည်းငယ် ပျံ့နှံ့နေပြီး စနစ်မကျသကဲ့သို့ ထင်ရသော်လည်း သံမဏိတံတိုင်းကြီးတစ်ခုအလား မလှုပ်မယှက် ရပ်တည်နေ၏။သံသယဖြစ်စရာမလိုဘဲ ဤသည်မှာ မွန်ဂိုစစ်တပ်အတွင်းရှိ အထူးလေ့ကျင့်ထားသော လက်ရွေးစင်တပ်ဖွဲ့ပင် ဖြစ်သည် ။

-------------

အခန်း (၂၄) အလံကို သိမ်းပိုက်ခြင်း

အဝေးမှလာသည့်ကြီးမားသော နွားချိုတံပိုးခရာ၏အက်ကွဲရှရှအသံသည် ရုတ်တရက် ဟိန်းထွက်လာပြီး မွန်ဂိုစစ်တပ်၏ ရှေ့ပြေးတပ်ဖွဲ့သည် စတင်လှုပ်ရှားလာ၏။

ထိုအချိန်နှင့် တစ်ပြိုင်တည်းမှာပင် မင်စစ်တပ်၏ စစ်အလံသည် ရုတ်တရက် မြင့်တက်လာပြီး ပြန်ကျသွားကာ "လဆန်း" စစ်ဗျူဟာ တစ်ခုလုံးသည် ငြိမ်သက်နေသော ရေအိုင်အလားမှ လှိုင်းထန်သော ရေစီးကြောင်းကြီးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ရပ်တန့်နေသောအခြေအနေမှ လှုပ်ရှားသောအခြေအနေသို့ ကူးပြောင်းသွားခြင်းဖြစ်သည်။

တပ်မှူးချန်၏ ဖြန့်ကျက်ထားသော ဝဲယာနှစ်ဖက်မှ မြင်းစီးစစ်သည်များသည် လေကဲ့သို့ လျင်မြန်‌ သောအဟုန်ဖြင့်ရှေ့သို့ တိုးလာပြီး စစ်ဗျူဟာ၏ အတွင်းဘက်သို့ ကွေးဝင်နေသော ပုံစံကို ပိုမိုထင်ရှား၏။

မွန်ဂိုစစ်တပ်၏ ရှေ့ပြေးမြင်းစီးတပ်သည်လည်း ထိုသို့သော အရှိန်မျိုးဖြင့်ပင် ဒုန်းစိုင်းလာပြီး နှစ်ဖက်စလုံး၏ ပထမဆုံး မြှားမိုးများသည် တစ်ချိန်တည်း၌ပင်စတင်ကျရောက်လာသည် ။

မြှားများသည် မိုးကဲ့သို့ ရွာကျလာသော်လည်း အရှိန်ပြင်းစွာ လှုပ်ရှားနေသော ပစ်မှတ်များကို ထိမှန်ရန် မှာခက်ခဲ၏။ ဤကဲ့သို့သော ကြိုတင်အဝေးပစ် တိုက်ခိုက်မှုမျိုးသည် သတ်ဖြတ်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ ရန်သူ၏ ချီတက်မှု အရှိန်ကို နှောင့်နှေးစေရန်သာဖြစ်သည် ။

မွန်ဂို မြင်းစီးစစ်သည်များသည် ၎င်းတို့၏ ဓားရှည်များကို ဆွဲထုတ်ထားပြီး ကိုယ်ကို မြင်းခေါင်းနောက်ကွယ်တွင် ဝှက်ကာ ဓားလက်ကိုင်ကို နောက်သို့ လွှဲထားပြီး ဓားသွားကို အပေါ်သို့ အနည်းငယ် စောင်းထားသည့် စံပြ ခုတ်ပိုင်းပုံစံကို ယူထားကြသည်။

မွန်ဂိုမြင်းစီးတပ်၏ ထိုးစစ်ဆင်မှုများသည် အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်သည် ။သို့သော်လည်း နောက်ဆက်တွဲမြင်ကွင်းက ဝူကျိရှန်း ကို အံ့အားသင့်ကာ မှင်တက်သွားစေ၏။

မင်စစ်တပ်၏ ဘယ်ဘက်တောင်ပံသည် ရုတ်တရက် ဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အကွေးပုံစံဖြင့် ရန်သူ့စစ်တပ်မကြီးဆီသို့ ကန့်လန့်ဖြတ် ထိုးစစ်ဆင်သွားသည်။

ဤအချိန်၌ မိမိ၏ မြင်းစီးတပ်ကို ရန်သူ့ရှေ့တွင် ကန့်လန့်ဖြတ် အနေအထားမျိုး ထားရှိခြင်းသည် သေမင်းကို ခေါ်ယူနေခြင်းသာ ဖြစ်ပြီး အကျိုးဆက်မှာ တွေးဝံ့စရာ မရှိပေ ။

တပ်မှူးချန် ဦးဆောင်သော မြင်းစီးတပ်သည် ခြေလျင်တပ်နှင့် ကွဲကွာသွားပြီဖြစ်ရာ လူတိုင်းက အသက်ရှူမှားမတတ် စိုးရိမ်တကြီး အော်ဟစ်မိကြသည်။

မင်စစ်တပ်၏ မြင်းစီးတပ်သည် မိမိတို့၏ ခြေလျင်တပ်ကို ကျော်ဖြတ်ပြီး "လဆန်းစစ်ဗျူဟာ" မှ "မိုးတိမ်ချိတ်ဆွဲစစ်ဗျူဟာ" အဖြစ်သို့ မဖြစ်နိုင်လောက်သော အခြေအနေမျိုးတွင် ပြောင်းလဲလိုက်ကာ ရန်သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်သို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သော ထက်မြက်သည့် ဓားတစ်စင်းအလား ပြောင်းသွားသည်။ငှင်းသည် ရန်သူ၏ အရေးပါသော အချက်အခြာကိုမီးကုန်ယမ်းကုန် တိုက်ခိုက်မည့် ပြင်းထန်သော သတ်ကွင်းတစ်ခုပုံစံ ဖြစ်သွားပေသည် ။

အကယ်၍ ရန်သူ့အထူးတပ်ဖွဲ့က မူလစစ်ဗျူဟာအတိုင်း ဆက်လက် တည်ရှိနေပါက ၎င်းတို့ အောင်မြင်မှု ရနိုင်သော်လည်း တပ်မှူးချန်က အရာအားလုံးကို ဂရုမစိုက်ဘဲ ကန့်လန့်ဖြတ် ဆက်လက် တိုးဝင်နေသရွေ့ ရန်သူ့ဗဟိုတပ်ကို တိုက်ခိုက်နိုင်ပြီး ပြိုင်ဘက်၏ နှလုံးသားကို တိုက်ရိုက် ထိုးဖောက်နိုင် ပေမည်။

ရဲရင့်ပြီး ပြတ်သားလှသည် ။ မရေမတွက်နိုင်သော စစ်ပွဲများကို ဖြတ်သန်းခဲ့သည့် ဝါရင့်တပ်မှူးတစ်ဦးသာလျှင် ဤကဲ့သို့ အသက်ကို ရင်းရသော စစ်ဗျူဟာမျိုးကို အသုံးပြုရဲ‌ ပေသည် ။

တိုက်စစ်နှင့် ခံစစ်သည် ချက်ချင်းပင် ပြောင်းပြန် ဖြစ်သွားပြီး မင်စစ်တပ်သည် စစ်မြေပြင်တွင် အသာစီးကို အပြည့်အဝ ရရှိသွား‌ တော့၏။

မြို့ရိုးပေါ်မှစစ်ပွဲသို့ လှမ်းကြည့်နေသော အထိန်းတော်ကြီးကောင်းသည် လည်းထိုအချိန်ရောက်မှတပ်မှူးချန်၏လှည့်ကွက်ထဲတွင် ပါရှိသော အဆုံးမဲ့ သတ်ဖြတ်လိုစိတ်ကို နားလည်သွား တော့၏။

သူသည်စိတ်လှုပ်ရှားစွာ ရူးသွပ်နေသူကဲ့သို့အော်ဟစ်အမိန့် ပေးလေသည် ။

"ရန်သူကို သတ်ပြီး ကုသိုလ်ယူရမယ့် အချိန်က အခုပဲ ၊ စစ်သည်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ဖို့ စစ်ဗုံတွေကို တီးကြစမ်း"

စစ်ဗုံသံများသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာပြီးတပ်မှူးချန် ဦးဆောင်သော မင်စစ်တပ်သည်လည်း ထက်မြက်သော ဓားမြှောင်တစ်စင်းကဲ့သို့ တားဆီး၍မရဘဲ ရန်သူ့စစ်ဗျူဟာအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွား‌တော့သည် ။

စစ်ဗုံသံများသည် ပိုမို မြန်ဆန်လာပြီး ကျယ်လောင်လာသည်နှင့်အမျှမွန်ဂိုစစ်တပ်၏ နွားချိုတံပိုးသံများသည်လည်း တစ်ပြိုင်နက်တည်း ဟိန်းထွက်လာ ပေသည် ။

အရပ်မျက်နှာ အသီးသီးမှ မွန်ဂိုစစ်သည်များသည် ပြင်းထန်သော လှိုင်းလုံးကြီးများအလား တိုးဝှေ့လာပြီး မင်စစ်တပ်ကို ဖုန်မှုန့်အဖြစ် ကြိတ်ခြေပစ်ရန် ကြိုးစားနေကြ၏ ။

တဖြည်းဖြည်းနှင့် အချိန်များ ကုန်ဆုံးလာသောအခါ မင်စစ်တပ်၏ ထိုးစစ်ဆင်မှု အရှိန်သည် နှေးကွေးသွားပြီး ရွှံ့နွံထဲသို့ ကျဆင်းသွားသော ငါးများကဲ့သို့ အင်အားအပြည့် သုံးသော်လည်း လှုပ်ရှားရန် ပိုမို ခက်ခဲလာ၏။

ကျယ်လောင်ပြီးနက်ရှိုင်းသော တံပိုးသံများကြားတွင် မွန်ဂိုတို့သည် ရူးသွပ်သွားကြပြီး ၎င်းတို့၏ ရမ်းကားသော တန်ပြန်တိုက်စစ်များသည် လှိုင်းလုံးများ တစ်လုံးထက်တစ်လုံး မြင့်တက်လာသလို ကျရောက်လာ၏ ။

မင်စစ်တပ်သည် အလွန်အမင်း ရဲရင့်သော်လည်း ရန်သူသည် သံမဏိကဲ့သို့ ခိုင်မာနေပြီး ဆုတ်ခွာမည့် အရိပ်အယောင်ပင်မပြပေ။ရိုင်းစိုင်းသော အော်ဟစ်သံများကြားတွင် ချပ်ဝတ်တန်ဆာနှင့် အရိုးများကို ထုရိုက်မိသော လေးလံသည့် ပုဆိန်သံများ ၊ လူတို့၏ အော်ဟစ်သံနှင့် သေခါနီး အော်သံများသည် နိမ့်တုံမြင့်တုံဖြင့် ကြောက်မက်ဖွယ်ကောင်းသော ပဲ့တင်သံကြီးအဖြစ် ပေါင်းစည်းသွားကြ၏။ စစ်မြေပြင်သည် ခဏချင်းအတွင်း သွေးစွန်းသော ငရဲခန်းတစ်ခု ဖြစ်သွား‌ ပေသည် ။

ထိုအ ချိန်မှာပင် မွန်ဂိုစစ်တပ်အတွင်းရှိ အလံကြီးသည်ရုတ်ချည်း လဲကျသွား၏။မြို့ရိုးပေါ်မှ ကြည့်နေသော ပြည်သူများသည် တစ်ညီတစ်ညွတ်တည်း ကြွေးကြော်လိုက်ကြသည် ။

အဓိက စစ်အလံ လဲကျသွားပြီဖြစ်ရာ ခေါင်းဆောင်မဲ့သွားသော မွန်ဂိုစစ်တပ်သည် ဖရိုဖရဲဖြင့် ဆုတ်ခွာသွားကြ ‌တော့၏။

ထိုအချိန်မှာပင် မင်စစ်တပ်သည် လည်းစနစ်တကျ ပြန်လည် ဆုတ်ခွာလာကြသည် ။အထူးသဖြင့် ဆုတ်ခွာချိန်တွင် ၎င်းတို့၏ စနစ်ကျပြီး တည်ငြိမ်မှုကြောင့် များပြားလှသော မွန်ဂိုတို့သည် လိုက်လံတိုက်ခိုက်ရန် မဝံ့မရဲ ဖြစ်နေကြသည်။

နေမင်းသည် ကောင်းကင်တွင် စောင်းရွဲ့စွာ ရှိနေပြီး ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားထားသည့် စစ်မြေပြင်ကို ရေခဲတိုက်ထဲတွင် ချိတ်ဆွဲထားသော မီးအိမ်တစ်ခုကဲ့သို့ အလင်းရောင်သာ ပေးပြီး အပူရှိန်မပေးဘဲ ပိုမိုအေးစိမ့်သွားစေ၏။

မြေပြင်ပေါ်မှ ဆီးနှင်းဖြူလွှာများသည် ထောင်ပေါင်းများစွာသော ခြေဖဝါးများ၏ နင်းချေမှုကြောင့် ရွှံ့နွံများအဖြစ် ပြောင်းလဲသွားပြီး မြေနက်များ ပေါ်လာသည်မှာ ဖြူလွလွ မြေပြင်ပေါ်ရှိ ထိတ်လန့်ဖွယ်ရာ အမာရွတ်တစ်ခုနှင့် တူနေ ပေသည် ။

ရှေးခေတ်ကတည်းက စစ်သူရဲများအတွက် တပ်မှူးကို ခေါင်းဖြတ်ခြင်းနှင့် အလံကို သိမ်းပိုက်ခြင်းသည် အမြင့်ဆုံး ဂုဏ်ပြုမှု ဖြစ်သည်။ မင်စစ်တပ်၏ ရှေ့ပြေးမြင်းစီးတပ်သည် မွန်ဂိုစစ်တပ်၏ အလံကို လှံရှည်များတွင် ချိတ်ဆွဲကာ အင်အားနည်းသူက အင်အားများသူကို အနိုင်ရရှိသည့် ဂုဏ်ယူဖွယ် အောင်ပွဲကို ထုတ်ဖော်ပြသလာကြ၏။

တစ်ကြိမ်တည်းသော ထိုးစစ်ဖြင့် ပြိုင်ဘက်၏ အဓိက စစ်အလံကို ချေမှုန်းနိုင်ခဲ့သည်မှာ ၎င်းတို့သည် မင်ဘုရင်မင်းမြတ်၏ အထူးတပ်ဖွဲ့ ဖြစ်ထိုက်ပေသည် ။

အောင်ပွဲခံသံများသည် တစ်ခဲနက်ထွက်ပေါ်လာပြီး မြို့တွင်းရှိ စစ်သည်နှင့် ပြည်သူတို့၏ စိတ်ဓာတ်သည် မကြုံစဖူး မြင့်တက်သွား ‌ကြ၏။

သို့သော်တိုက်ပွဲကတိုတောင်းသော်လည်း ပြင်းထန်သော တိုက်ပွဲသည် မင်စစ်တပ်အတွက် ကြီးမားသော အထိအခိုက်ကို ဖြစ်စေခဲ့ပြီး ၎င်းတို့သည် ယပြင်းထန်သော ထိုးစစ်မျိုးကို ယခုချက်ချင်းထပ်မံ လုပ်ဆောင်နိုင်မည်မဟုတ်တော့ပေ ။

ပို၍ စိုးရိမ်ဖွယ်ရာကောင်းသည်မှာ တပ်မှူးချန်ကို ထမ်းစင်ဖြင့် ထမ်းလာကြခြင်း ဖြစ်သည် ။

တပ်မှူးချန်သည် သွေးချင်းချင်းနီနေပြီး ဒဏ်ရာများစွာ ရထား၏။ သူ၏ ရင်ဘတ်မှာ မြင်းခုတ်ဓားဖြင့် ပြင်းထန်စွာ အခုတ်ခံထားရသည်မှာ ထင်ရှားပြီး သူ၏ ချပ်ဝတ်တန်ဆာမှာ စုတ်ပြတ်ကာ ဝတ်ရုံတစ်ခုကဲ့သို့ တွဲလောင်းကျနေပြီး ကိုယ်တစ်ခြမ်းလုံး သွေးများဖြင့် စိုရွှဲနေ၏။

စစ်ဦးစီးအထိန်းတော် ကောင်းသည် ထိတ်လန့်တကြား ပြေးလာပြီး

"စစ်ဆရာဝန် ၊ စစ်ဆရာဝန်ဘယ်မှာလဲ"

စိုးရိမ်တကြီးအသည်းအသန် အော်ဟစ်လေသည် ။သူ၏ အော်ဟစ်သံကြားတွင် စစ်ဆရာဝန် အများအပြား စုရုံးရောက်ရှိလာကြသည် ။ တပ်မှူးချန်၏ ဒဏ်ရာများကို မြင်ပြီးနောက် ၎င်းတို့က အားကိုးရာမဲ့စွာပြောလိုက်ကြ၏။

"တပ်မှူးကြီး ၊ မှာစရာရှိတာရှိရင် အမြန်မှာပါ ၊ ဒါမှမဟုတ်ရင်... အချိန်မီမှာ မဟုတ်တော့ဘူး"

တပ်မှူးချန်၏ ဒဏ်ရာအများစုမှာ မစိုးရိမ်ရသောအပေါ်ယံဒဏ်ရာများသာ ဖြစ်ပြီးဦးခေါင်းနောက်စေ့တွင်မူလေးလံသော အရာတစ်ခုခုကြောင့် ဦးခေါင်းခွံ ကွဲအက်ကျိုးဝင်သွားကာ သွေးများ စီးထွက်နေ၏။ သူသည် အလွန် စိုးရိမ်ရသော အခြေအနေတွင်ရှိနေပေသည် ။

မြို့သူမြို့သား အားလုံး၏ အသက်သည် တပ်မှူးချန် တစ်ဦးတည်းအပေါ်တွင်သာ မူတည်နေ၏။ ထို့ကြောင့်သူ၏ အသက်နောက်ဆုံးအချိန်သို့ ရောက်နေသည်ကို မြင်သောအခါ ခရိုဝန် ရှန်လင် သည် စိုးရိမ်တကြီးဖြင့် မျက်လုံးများ နီမြန်းလာ၏။

ထို့ကြောင့်ခရိုင်ဝန်ရှန်လင်သည် ဝူကျိရှန်းကို ဆွဲကိုင်ကာတောင်းဆို‌‌ တော့၏။

"ဆရာ ဝူ ၊ ဒီအခြေအနေမှာ တပ်မှူးကြီးကို ဘယ်လိုပဲဖြစ်ဖြစ် ကယ်တင်ပေးပါ..."

ဝူကျိရှန်းသည်တပ်မှူးချန်၏ အရေးပါမှုကို သိရှိထား၏။ သူသည်စကားပင် မပြောနိုင် တော့ဘဲ ရှေ့သို့အ မြန်တိုးသွားကာ ဒဏ်ရာများကို ဂရုတစိုက် စစ်ဆေးလိုက်ပြီးချက် ချင်း ပြောလိုက်၏။

"ဦးခေါင်းခွံ နောက်ဘက် ဘယ်ဘက်ခြမ်း ကျိုးသွားတယ် ၊ ဒဏ်ရာက ပြင်းထန်တယ် ၊ ဒါပေမဲ့ ချက်ချင်း ကုသရင် မျှော်လင့်ချက် ရှိပါသေးတယ်"

ဒါကို ကြားသောအခါ စစ်ဆရာဝန်များ အားလုံးမှင်တက်သွားကြ၏။ဦးခေါင်းခွံ ကျိုးဝင်နေတာကို ဘယ်လို ကယ်တင်လို့ ရမှာလဲဟု တွေး နေကြသည် ။

"သူ့ကို ကယ်လို့ ရတယ် ။"

တပ်မှူးချန်၏ ဒဏ်ရာများသည် ပြင်းထန်သော်လည်း မျှော်လင့်ချက် မရှိသည်တော့ မဟုတ်ပေ ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဦးနှောက်မှာပျက်စီးသွားခြင်း မရှိသေးသောကြောင့် ဖြစ်သည် ။

အကယ်၍ ဦးနှောက်သာ ပျက်စီးသွားပါက ချက်ချင်း သေဆုံးသွားမည်ဖြစ်ပြီး အသက်ရှင်လျက် ပြန်လာနိုင်မည် မဟုတ်ပေ ။

"ဦးခေါင်းခွံကို ခွဲပြီး ဦးနှောက်ထဲမှာ ပိတ်မိနေတဲ့ သွေးတွေကို ထုတ်ပစ်နိုင်ရင် သူ့ကို ကယ်လို့ ရပါသေးတယ် "

ဦးခေါင်းခွံကို ခွဲပစ်မယ်၊

ဘာတွေနောက်ပြောင်နေတာလဲ၊

ဦးခေါင်းသည် ခန္ဓာကိုယ်၏ အဓိက အစိတ်အပိုင်း ဖြစ်သည်ကို လူတိုင်း သိကြသည် ။ အကယ်၍ ဦးခေါင်းကို ခွဲလိုက်လျှင် သူသည် ချက်ချင်း သေသွားမည် မဟုတ်ပါလား ။လူတိုင်းကမဖြစ်နိုင်တာကို ပြောသည်ဟုတွေးတောနေကြ၏။

"ကျွန်တော် နောက်နေတာ မဟုတ်ဘူး ၊ သူ့ကို တကယ် ကယ်လို့ ရတယ် "

ထိုစကားကို ကြားသောအခါ ခရိုင်ဝန် ရှန်လင်သည် ချက်ချင်း အားတက်သွားပြီး ဝမ်းသာအားရ ပြောလိုက်တော့သည်။

"ကျွန်တော်တို့ရဲ့ နတ်သမားတော် ဝူက ဆေးပညာမှာ အကျွမ်းကျင်ဆုံးပဲ့ ၊ သူကလူနာတွေရဲ့ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကို ခွဲစိတ်ပြီး ကယ်တင်ခဲ့တဲ့ သာဓကတွေ ရှိတယ် ၊ သူ့ကို စမ်းကြည့်ခိုင်းရအောင်လား"

စစ်ဦးစီးအထိန်းတော်ကြီး ကောင်းသည် ဝူကျိရှန်း၏လက်ကို ချက်ချင်း ဆွဲကိုင်ကာ

"မင်း တပ်မှူးကြီးကို တကယ် ကယ်နိုင်မှာလား"

စိုးရိမ်တကြီး မေးလိုက်၏။

"ကျွန်တော် ကယ်နိုင်မယ်လို့ အတပ်မပြောရဲဘူး ၊ ၅၀ ရာခိုင်နှုန်းပဲ သေချာတယ်လို့ ပြောနိုင်တယ် "

ဤအခြေအနေမျိုးတွင် ၅၀ ရာခိုင်နှုန်း မဆိုနှင့်၁၀ ရာခိုင်နှုန်းမျှသာ မျှော်လင့်ချက် ရှိလျှင်ပင် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးဖြင့် စမ်းသပ်ရမည် သာဖြစ်သည် ။ ကုသမှုကို လက်လျှော့လိုက်သည်ထက်စာလျှင် ပိုကောင်းသည် မဟုတ်ပါလား ။

အထိန်းတော်ကြီး ကောင်းသည်လည်း အတွေ့အကြုံများသူ ဖြစ်သည် ။ သူ၏ ပြတ်သားသော စရိုက်ကို ချက်ချင်း ပြသလိုက်၏။

"ကောင်းပြီ ၊ ချက်ချင်း ကုသပေးပါ ။ မင်း တပ်မှူးကြီးကို ကယ်နိုင်ရင် ငါ မင်းကို ကောင်းကောင်း ဆုချမယ် "

"အခု ချက်ချင်းတော့ မကယ်နိုင်သေးဘူး ။ ကျွန်တော့်ရဲ့ ဆေးပစ္စည်းတွေကို အရင်သွားယူရဦးမယ် ။ အထိန်းတော်ကြီး ခဏလောက် စောင့်ပေးပါ ၊ ကျွန်တော် အမြန် ပြန်လာခဲ့ပါ့မယ် "

"ကောင်းပြီ ၊ မင်း သွားတော့ ။ ငါ မင်းကို စောင့်နေမယ် "

ဝူကျိရှန်းသည် မြို့ရိုးပေါ်မှ အမြန် ပြေးဆင်းသွားပြီး မှောင်စပျိုးနေသော လမ်းများတစ်လျှောက် အားကုန် ပြေးလွှားကာ ဆေးခန်းသို့ ပြန်ပြီး သူ၏ ဆေးသေတ္တာကို သွားယူလေသည် ။

တပ်မှူးချန်၏ ဒဏ်ရာမှာ ပြင်းထန်လှသည် ။ ပျက်စီးနေသော ဦးခေါင်းခွံကြောင့် ဦးခေါင်းအတွင်း သွေးယိုစီးမှု ဖြစ်ပေါ်နေပြီး ဦးနှောက်အတွင်း ဖိအားမှာလည်း မြင့်တက်လာမည်မှာ သေချာ‌ နေသည် ။ အကယ်၍ တစ်နာရီအတွင်း ဦးခေါင်းခွံကို ဖွင့်ပြီး ပိတ်မိနေသော သွေးများကို မထုတ်နိုင်ပါက ကုသရန် အချိန်နှောင်းသွားပေလိမ့်မည် ။ သွေးများ ခဲသွားပါက သိကြားမင်း ဆင်းလာလျှင်ပင်ကယ်နိုင်တော့မည်မဟုတ်ပေ။

ဝူကျိရှန်းသည်အမြန်ဆုံးနှုန်းဖြင့်ပြန်ရောက်လာ၏ ။ သူ ဆေးသေတ္တာနှင့်အတူ ပြန်ရောက်လာချိန်တွင် ပတ်ဝန်းကျင်မှာ လုံးဝ မှောင်အတိ ကျနေပြီ ဖြစ်သည် ။`

--++++-------++++

All Chapters