← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅) ရှင်ခြင်းနှင့်သေခြင်းကြားမှ ကုသမှု

အရပ်ဘက်သမား‌ တော်များနှင့်မတူဘဲ စစ်ဘက်ဆိုင်ရာသမား‌တော်များသည် သွေးထွက်သံယိုမြင်ကွင်းများကိုမကြာခန မြင်ဖူးကြသော်လည်း တပ်မှူးချန်၏ ဒဏ်ရာများနှင့်ပတ်သက်၍မူ သူတို့ဘာမှမတတ်နိုင်ကြဘဲ ဘာလုပ်ရမည်ကိုပင် မသိကြပေ။ဝူကျိရှန်းလုပ်ဆောင်သမျှကိုသာထူးဆန်းစွာလိုက်လံကြည့်ရှု‌ နေကြ၏။

“မီးရှူးတိုင်တွေထွန်းလိုက်ပါ၊ များများထွန်းလေ ပိုကောင်းလေပဲ”

မှောင်နေပြီဖြစ်သောကြောင့် ခွဲစိတ်မည့်‌ နေရာကို လင်းထိန်သွားစေရန်

တိုက်ပွဲဝင်စစ်သည်များ ကိုင်ဆောင်ထားသော မီးရှူးတိုင်များ ကိုထွန်းညှိလိုက်စေသည်။

"တပ်မှူး ချန်ကို ပက်လက်အနေအထား ထားလိုက်ပါ”

ဝူကျိရှန်း၏ အမိန့်ပေးမှုအောက်တွင် စစ်ဘက်ဆိုင်ရာသမားတော်အချို့ ရှေ့သို့တက်လာပြီးတပ်မှူးချန်ကို ပုံမှန်ပက်လက်အနေအထားဖြင့် ထားရှိကြလိုက်ကြ၏။

ခွဲစိတ်မှုအတွက် အထူးပြုလုပ်ထားသော ဂျယ်လ်အခံပြားမရှိသောကြောင့် တပ်မှူးချန်၏ပုခုံးအောက်တွင် အုတ်ခဲအချို့ခံကာ လည်ပင်းရိုးနှင့် ခေါင်းကို သဘာဝအတိုင်း မြင့်တက်လာအောင်သာ ဖြစ်သလို လုပ်ကြရသည်။

ဦးခေါင်းညှပ်ကိရိယာ အကြီးစားမရှိသဖြင့် စစ်ဘက်ဆိုင်ရာသမား‌ တော်တစ်ဦးက တပ်မှူး၏ခေါင်းကို မ၍ ဒဏ်ရာပေါ်လာစေရန် ၄၅ ဒီဂရီ လှည့်ပေးထားရပြီးနောက် ပိုးသတ်ထားသော ဂွမ်းတံအချို့ကိုယူကာ ဂွမ်းဖတ်များကိုဖယ်ပြီး စုစည်းကာတပ်မှူးချန်၏ နားပေါက်များထဲသို့ ဖြည်းညှင်းစွာ ထည့်သွင်းလိုက်၏။

ထို့နောက် သင်တုန်းဓားကိုယူ၍ တပ်မှူး၏ဆံပင်တစ်ဝက်ကို ရိတ်ပစ်လိုကာဆေးသေတ္တာကြီးကို၍ခွဲစိတ်ကိရိယာများကို စတင်ပြင်ဆင်တော့သည်။

စစ်ဘက်ဆိုင်ရာသမားတော်များသည် လွှများဖြင့် ခြေလက်ဖြတ်တောက်မှုများစွာ ပြုလုပ်ဖူးသော်လည်း ဦးခေါင်းခွံဖောက်ထွင်းခြင်းကိုယခုမှမြင်ဖူးခြင်းဖြစ်ရာ ကြောက်လန့်သည့်အမူအရာဖြင့်ကြည့်နေကြပေသည်။

ပထမဦးစွာ ဝူကျိရှန်းသည် ဒဏ်ရာတစ်ဝိုက်ရှိ ဆံပင်များကို သင်တုန်းဓားဖြင့် ရိတ်လိုက်ပြီးနောက် တစ်ခါသုံးခွဲစိတ်အဝတ်ကို ထုတ်၍ တပ်မှူးချန်၏ ခေါင်းကို အုပ်လိုက်ကာ သင့်တော်သော ခွဲစိတ်ပေါက်တစ်ခုကို ဖောက်လိုက်၏။

ပိုးမွှားကင်းစင်သော ပတ်ဝန်းကျင်မဟုတ်သောကြောင့် ကူးစက်မှုကို တတ်နိုင်သမျှ လျှော့ချရန် ပြင်ပအရေပြားကို အသေအချာ ပိုးသတ်သန့်စင်ခြင်း ကိုလညပြုလုပ်ရ၏။

ခွဲစိတ်ရန်အားလုံးပြင်ဆင်ပြီးမှဝူကျိရှန်းသည် တစ်ကိုယ်လုံးဖုံးသော ခွဲစိတ်ဝတ်စုံ၊ နှာခေါင်းစည်းနှင့် လက်အိတ်တို့ကို ဝတ်ဆင်လိုက်သည်။

“အသက်ရှင်ခြင်းနဲ့ သေခြင်းက ကံကြမ္မာအတိုင်းပဲ၊ ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်သတင်းကတော့ ကောင်းကင်ဘုံပေါ်မှာ မူတည်တာပေါ့”

ခွဲစိတ်ခုတင်ပေါ်မှ တပ်မှူးချန်သည်ဒဏ်ရာပြင်းထန်သော်လည်း တည်ငြိမ်နေပြီးသူ့အတွက်မစိုးရိမ်ဘဲ စစ်ပွဲအတွက်ကိုသာ စိုးရိမ်နေဆဲ ဖြစ်သည်။

“တာတာတွေက မြို့ကို ပြန်တိုက်မှာ သေချာတယ်။ ငါတို့က အသာတကြည် ခုခံနေလို့ပဲ မဖြစ်ဘူး။ ရန်သူကို ထိန်းထားနိုင်ဖို့ အခွင့်အရေးရှာပြီး ထိုးစစ်ဆင် တိုက်ခိုက်ရမယ်၊ တစ်ဖက်ကလည်း အမြောက်တွေ၊ မြားတွေနဲ့ ရန်သူကို အထိနာအောင်လုပ်ရမယ်၊ ဒါမှ သူတို့ အင်အားအပြည့်နဲ့ မတိုက်ရဲမှာ။ အချိန်ဆွဲနိုင်တာကလည်းအသက်ရှင်သန်ဖို့ နည်းလမ်းပဲ့”

“တကယ်ကို မလွှဲမရှောင်သာတဲ့ အခြေအနေမှလွဲရင် အသာတကြည် ခုခံကာကွယ်တာမျိုး လုံးဝမလုပ်နဲ့၊ အဲဒါက သေဖို့ စောင့်နေတာနဲ့ အတူတူပဲ့”

ဤအခြေအနေအထိ စစ်ပွဲအကြောင်း တွေးနေသေးသဖြင့် အထိန်းတော်ကြီးကောင်းကို မျက်ရည်ကျစေ၏။

"တပ်မှူးချန်၊ ကျုပ်ညီအစ်ကိုရယ်... ကျေးဇူးပြုပြီး အနားယူပြီး ဒဏ်ရာကို ကုပါဦး။ အများကြီး မတွေးပါနဲ့တော့...”

“ငါက ဒီလောက်တောင် ဒဏ်ရာရနေပြီပဲ၊ ကယ်လို့ရမှာ မဟုတ်တော့ပါဘူး။ မြေအိုးဆိုတာ ရေတွင်းနားမှာ ကွဲတတ်သလို စစ်သူကြီးဆိုတာလည်း စစ်မြေပြင်မှာပဲ သေရမှာပဲ။ သေပြီးရင် မြင်းသားရေနဲ့ ထုပ်ပိုးခံရတာက သူရဲကောင်းတို့ရဲ့ သဘာဝပဲ၊ ငါသေသွားလည်း ကိစ္စမရှိပါဘူး”

“ဒီမြို့ကို မထိန်းထားနိုင်မှာပဲ ငါစိုးရိမ်တာပါ”

သွေးအလွန်အကျွံ ထွက်ထားသဖြင့် စတပ်မှူးချန်၏ မျက်နှာသည် စက္ကူကဲ့သို့ ဖြူလျော့နေ‌ ပေသည်။

“ရန်သူက အင်အားတောင့်တင်းတော့ မြို့က အနှေးနဲ့အမြန် အသိမ်းခံရမှာပဲ့။ အထိန်းတော်ကြီးကောင်းအနေနဲ့ စောစောပြင်ဆင်ထားသင့်တယ်၊ အလွှာလိုက် ခံစစ်တွေပြင်ထားပြီး အချိန်ဆွဲနိုင်သမျှ ဆွဲဖို့ နေရာတိုင်းမှာ အတားအဆီးတွေ ချထားပါ။ အကယ်၍ ငါတို့ ခုနစ်ရက်မြောက်နေ့အထိ ဆွဲထားနိုင်ရင် ကျန်းမင်းသားရဲ့ စစ်ကူတွေကို စောင့်မျှော်နိုင်ကောင်းရဲ့”

ခွဲစိတ်ခုတင်ပေါ်တွင် စစ်ပွဲအကြောင်း တွေးနေခြင်းမှာ “စစ်သား” ဟူသော သူ၏ ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်လှသည်။

ဤသို့ပြောဆိုနေစဉ်အတွင်းဝူကျိရှန်းသည် ထုံဆေးကို ပြင်ဆင်ပြီးသည်ဖြစ်၍

"တပ်မှူးချန် ဘာများ ပြောစရာရှိသေးလဲ”

“မရှိတော့ဘူး”

“ကျွန်တော် ဆေးသွင်းပြီးရင် တပ်မှူး သတိလစ်သွားပါလိမ့်မယ်၊ အဲဒီအခါကျမှ ကျွန်တော် ခွဲစိတ်ပြီး ခေါင်းခွံကို ဖွင့်နိုင်မှာပါ”

“ရှင်းပြနေဖို့ မလိုပါဘူး၊ လုပ်သာလုပ်ပါ”

အချိန်က အလွန်အရေးကြီးနေသည်။ ဝူကျိရှန်းသည် ခွဲစိတ်မည့်နေရာတစ်လျှောက် ထုံဆေးထိုးသွင်းသည့် “စက်ဝိုင်းပုံ ဒေသန္တရထုံဆေးပေးခြင်း” နည်းလမ်းကို အသုံးပြုလိုက်ပြီး ထုံဆေးအာနိသင်ပြမည့်အချိန်ကို စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေလိုက်၏။

တပ်မှူးချန် တဖြည်းဖြည်း မေ့မြောသွားသည့် အခါမှသာ ခွဲစိတ်ဓားကို သုံး၍ ဦးရေပြားပေါ်တွင် ခွဲစိတ်ကြောင်း ပေးလိုက်ရာ သွေးများ ချက်ချင်းပန်းထွက်လာ၏။

ခွဲစိတ်ကြောင်းက ကြီးလွန်းသဖြင့် သွေးကြောညှပ်များကို သုံးရမည်ဖြစ်သော်လည်း ထိုကိရိယာများ မရှိသဖြင့် အရေးပေါ် သွေးတိတ်စေရန် သွေးတားကြိုးကိုသာ သုံးလိုက်ရသည်။

ထို့နောက် စက်ဝိုင်းပုံညှပ်ဖြင့် ဦးရေပြားကို ဖြည်းညှင်းစွာ မလိုက်သည်။

မှန်ကန်သော ခွဲစိတ်မှု လုပ်ထုံးလုပ်နည်းအရ ဤနေရာတွင် လျှပ်စစ်ဖြင့် သွေးတိတ်အောင် လုပ်ရမည်ဖြစ်သည်။ ထိုကဲ့သို့ အဆင့်မြင့်ကိရိယာများ မရှိသဖြင့် ပိုးသတ်ထားသော ဂွမ်းပတ်တီးကိုသာ ယာယီအသုံးပြုရသောကြောင့် ခွဲစိတ်မှု တစ်ခုလုံးကို တတ်နိုင်သမျှ အမြန်ဆုံး ပြီးအောင်လုပ်ရမည်ဖြစ်သည်။

ဝူကျိရှန်းသည် ယာယီအသက်ဆက် စောင့်ကြည့်ကိရိယာအဖြစ် အသုံးပြုထားသော လက်ပတ်သွေးပေါင်ချိန်တိုင်းစက်ကို ကြည့်လိုက်ရာတပ်မှူးချန်၏ သွေးပေါင်ချိန်မှာ အလျင်အမြန် ကျဆင်းနေပြီး ၎င်းမှာ ဝူကျိရှန်း မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။

ဝူကျိရှန်းက အသံတိုးတိုးဖြင့် လှမ်းပြောသည် ။

“မီးရှူးတိုင်တွေကို နည်းနည်းနီးနီးကပ်ကပ် ယူလာပေးပါ၊ မဟုတ်ရင် ကျွန်တော် သေချာမမြင်ရဘူး”

မီးရှူးတိုင်အလင်းအောက်တွင် ဖြူဖွေးသော ဦးခေါင်းခွံကို သူ န မြင်လိုက်ရ၏။မျှော်လင့်ထားသည့်အတိုင်းပင် ပြင်းထန်သော ဒဏ်ရာကြောင့် ဦးခေါင်းခွံတွင် အက်ကြောင်းများ ဖြာထွက်နေပြီး သွေးစိမ့်ထွက်နေသည့် လက္ခဏာများမှာ ထင်ရှားနေသည်။

“ခင်ဗျား”

ဝူကျိရှန်းက စစ်ဘက်ဆိုင်ရာသမား‌ တော်တစ်ဦးကို လက်ညှိုးထိုးပြလိုက်သည် ။

“သူ့ရဲ့ နောက်စေ့အရိုးကို ခင်ဗျားရဲ့ ဘယ်ဘက်လက်နဲ့ မထားပေးပါ၊ ပြီးတော့ ညာဘက်လက်မနဲ့ သူ့ရဲ့ မျက်ခုံးရိုးကို ဖိထားပါ။ လုံးဝမလှုပ်ပါနဲ့၊ လုံးဝပဲနော်”

ထိုစစ်ဘက်ဆိုင်ရာသမားတော်သည် သွေးသံရဲရဲ ခွဲစိတ်မှုများစွာကို မြင်ဖူးပြီး လူပေါင်းများစွာ၏ ခြေလက်များကို ကိုယ်တိုင်ဖြတ်တောက်ပေးဖူးသော်လည်း လန်တက်နေသော ဦးရေပြားနှင့် ဖြူဖွေးသော ဦးခေါင်းခွံကို ကိုယ်တိုင်မြင်လိုက်ရသောအခါ စိတ်ထဲတွင် အတော်လေး မသက်မသာ ခံစားရ‌ ပေသည်။

အားလုံးအသင့်ဖြစ်သောအခါ ဝူကျိရှန်းသည် ဘယ်ဘက်လက်တွင် အရိုးရိုက်တူနှင့် ညာဘက်လက်တွင် ဆောက်ကို ကိုင်၍ တပ်မှူးချန်၏ ဦးခေါင်းခွံပေါ်တွင် တြိဂံပုံစံ ဖော်လိုက်ပြီး အသာအယာ ထုလိုက်၏။

အရိုးဆောက်နှင့် ဦးခေါင်းခွံ ရိုက်ခတ်သံမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။ ဤမြင်ကွင်းကို ကြည့်နေသော မီးရှူးတိုင်ကိုင်ထားသည့် စစ်သည်များမှာ ထိုနေရာတင် မေ့လဲလုနီးပါး ဖြစ်သွားကြပြီးလှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။

“အားပိုစိုက်ပါ၊ မလှုပ်ပါနဲ့”

“ဒေါက်”

“ဒေါက်၊ ဒေါက်"

တုံးတိတိ အသံများ ဆက်တိုက်ထွက်ပေါ်နေစဉ် ဝူကျိရှန်း၏ လက်မှာ တည်ငြိမ်၍ အားပါနေပြီး ထပ်ခါထပ်ခါ ထုရိုက်နေ၏။

ဝူကျိရှန်းအတွက်မူ ဤကဲ့သို့ ခွဲစိတ်မှုမျိုးမှာ အခက်အခဲ သိပ်မရှိသော်လည်း ဤခေတ်ကာလတွင် ခေတ်မီဆေးဘက်ဆိုင်ရာ ကိရိယာများ မရှိဘဲ ပိုက်ထည့်၍ သွေးထုတ်သည့်နည်းလမ်းကိုလည်း အသုံးမပြုနိုင်ပေ။ ထို့အပြင် ကျွမ်းကျင်သော လက်ထောက်များ မရှိခြင်းကြောင့် ပိုးမွှားနှင့် ဖုန်မှုန့်ကင်းစင်သော ခွဲစိတ်ခန်း ပတ်ဝန်းကျင်ကို ဖန်တီးရန် မဖြစ်နိုင်သဖြင့် ပို၍ ရှုပ်ထွေးသော “ဦးခေါင်းခွံဖွင့် ခွဲစိတ်မှု” နည်းလမ်းကိုသာ သုံးလိုက်ရရာ ၎င်း၏ ခက်ခဲမှုကို ခန့်မှန်းကြည့်နိုင်ပေသည်။

ယခင်က အလွယ်တကူ လုပ်နိုင်ခဲ့သော ဦးခေါင်းခွံဖွင့်ခြင်းမှာ ယခုတွင်မူအချိန်များစွာ ပိုပေးလိုက်ရ၏။

ခွဲစိတ်မှု အချိန်ကြာလေလေ ဘေးအန္တရာယ် ပိုများလေလေ ဖြစ်သော်လည်း သူ လုံးဝ အလျင်စလို မလုပ်နိုင်သလို အနည်းငယ်မျှ အမှားအယွင်း ရှိ၍လည်း မဖြစ်ပေ။

အချိန်အတော်ကြာသွားသော်

ခွဲစိတ်မှုမှာ အရေးအကြီးဆုံး အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်၊ အနည်းငယ်မျှ ချော်ချော်ချွတ်ချွတ် ဖြစ်သွားပါက လုံးဝ ကျရှုံးသွားပေလိမ့်မည်။

ဤအချိန်တွင် ဝူကျိရှန်းသည်တည်ငြိမ်စွာဖြင့်ဦးခေါင်းခွံကို အတွင်းဘက် ဦးနှောက်အမြှေးပါးနှင့် ခွဲထုတ်ကာ တဖြည်းဖြည်းချင်း မလိုက်ရာ ဦးနှောက်အတွင်းပိုင်း အမြှေးပါး ပေါ်လာသည်။

သူသည် ဦးနှောက်အတွင်းပိုင်း အမြှေးပါး၏ အပေါ်ဘက်တွင် ခွဲကြောင်းအသေးလေးတစ်ခု ပေးလိုက်ပြီး “ခြောက်ထောင့်ပုံ” လှီးထုတ်ကာ ဦးနှောက်အမြှေးပါးကို လိမ္မော်သီးခွံ နွှာသကဲ့သို့ တစ်လွှာချင်း ခွာလိုက်ရာ နုနယ်သော ဦးနှောက်တစ်ရှူးများ ပေါ်ထွက်လာ‌ ပေသည်။

ဦးခေါင်းခွံအတွင်း ဖိအားများလာခြင်းကြောင့် ဦးခေါင်းခွံအတွင်း စိမ့်ထွက်နေသော သွေးများသည် သွေးခဲအဖြစ်သို့ ပိုမိုမြန်ဆန်စွာ ပြောင်းလဲသွားပြီး ဦးနှောက်သွေးကြောများနှင့် ဦးနှောက်တစ်ရှူးများကို ဖိမိနေခြင်းမှာ အဓိကပြဿနာပင် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ခွဲစိတ်မှုကို အချိန်မီ ပြုလုပ်နိုင်ခဲ့သဖြင့် သွေးများမှာ လုံးဝခဲမသွားသေးပေ။ သို့သော်လည်း သွေးဖောက်ထုတ်မည့် ကိရိယာများမရှိ သောကြောင့် လက်ဖြင့်သာ သွေးစုပ်ထုတ်သည့် အလုပ်ကို လုပ်ရတော့သည်။

ဝူကျိရှန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ အမြှေးပါးညှပ်ဖြင့် ဂွမ်းစအသေးလေးတစ်ခုကို ယူလိုက်သော်လည်း ဦးနှောက်တစ်ရှူးကို လုံးဝမထိရဲပေ။ ယင်းအစား အရည်၏ ကိုယ်ပိုင်ကပ်ငြိစုပ်ယူနိုင်စွမ်းကို အသုံးချ၍ စိမ့်ထွက်နေသော သွေးများကို တဖြည်းဖြည်းချင်း “စုပ်ထုတ်” လိုက်သည်။

………..

`

အခန်း ၂၆ စစ်မြေပြင်မှသမားတော်

အချိန်သည် တစ်မိနစ်ပြီးတစ်မိန်ကုန်ဆုံးနေပြီး ခက်ခဲလှသော ခွဲစိတ်မှု လုပ်ငန်းစဥ်ကို အချိန်အတော်ကြာအောင် လုပ်ဆောင်ခဲ့ရသဖြင့် ဝူကျိရှန်း၏ ကိုယ်ကျပ်အဝတ်အစားများမှာ စိုရွှဲနေခဲ့သည်။

ထိုသို့အာရုံစိုက်ပြီးအားလုံးတိတ်ဆိတ်ငြိမ်သက်နေသည့်အချိန်တွင် အဝေးမှလာသော ခရုသင်းသံနှင့်အတူသတင်းပို့သူတစ်ဦး အပြေးအလွှား ဝင်‌ ရောက်လာ ပြီး

"တာတာတွေ မြို့ကိုထပ်မံလာရောက် တိုက်ခိုက်နေပြီ"

"ခွေးမသားတွေ"

အထိန်းတော်ကြီးကောင်းက ဒေါသတကြီးဆဲရေးလိုက်ပြီး ရုတ်တရက် ထရပ်သည်။

"ငါအရင်သွားကြည့်လိုက်ဦးမယ် ၊ မင်းတို့ ကုသမှုကို ဆက်လုပ်ကြ"

အထိန်းတော်ကောင်းထွက်သွားပြီးခဏအကြာတွင် အမြောက်သံများက ကောင်းကင်နှင့် မြေကြီးကို တုန်ဟိန်းသွားစေသည်။ ခွဲစိတ်ခန်းအပြင်ဘက်မှ တိုက်ပွဲသံများနှင့် အော်ဟစ်သံများကို ရှင်းရှင်းလင်းလင်း ကြားနေရ၏။ တစ်ခါတစ်ရံတွင် အားပြင်းသော မြှားကြီးအချို့ပင် ခွဲစိတ်ခန်း တံခါးကို လာရောက်ထိမှန်သည့်အသံများ ထွက်ပေါ်လာ‌၏ ။

သို့သော် အာရုံစိုက်ခွဲစိတ်နေ‌ရသောဝူကျိရှန်းမှာမူ အပြင်ဘက်တွင် တိုက်ပွဲများ မည်မျှပင် ပြင်းထန်နေပါစေ သူ၏ခွဲစိတ်မှုဆိုင်ရာ အသေးစိတ် အချက်တိုင်းကိုသာစေ့စပ်စွာဆက်လက် လုပ်ဆောင်နေ၏။

ဦး‌ ခေါင်းခွံအတွင်းယ်ိုစိမ့်‌ နေ သော သွေးများကို‌အောင်မြင်စွာစုပ်ထုတ်ပြီး နောက်တွင်ခွဲစိတ်မှု၏အချောသတ်လုပ်ငန်းများကိုလုပ်ဆောင်လိုက်ပြီး

နောက်တွင်ဦးခေါင်းခွံကိုစနစ်တကျ ပြန်ပိတ်လိုက်သည်။

ထို့နောက် ပိုးသတ်ခြင်းနှင့် အရောင်ကျခြင်း ကုသမှုများကို ဆက်လက်လုပ် ဆောင်ကာ၊ လန်နေသော ဦးရေပြားကို မူလနေရာသို့ ပြန်ထားပြီးအရေပြားအပ်နှင့် ချုပ်ကြိုးကို ထုတ်ယူကာ နောက်ဆုံးအဆုံးသပ်ချုပ်ခြင်းကို လုပ်ဆောင်လိုက်၏။

ဝူကျိရှန်းသည် နှာခေါင်းစည်းကို ချွတ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ကာခါးဆန့်လိုက်၏။ခက်ခဲ သောခွဲစိတ်မှုသည် အောင်မြင်သွား‌ ပေပြီ။လူနာနိုးလာမည့်အချိန်ကိုစောင့်ပြီးဆက်လက်ကုသရန်သာကျန်ပေပြီ။

ခွဲစိတ်မှုအပြီးတွင် ဝူကျိရှန်းသည် အသုံးပြုခဲ့သော ခွဲစိတ်ဓားများ ၊ ချုပ်ကြိုးများနှင့် ဆေးပုလင်းများကိုပါ စုသိမ်းလိုက်သည် ။ ဤအရာများသည် တစ်ခါသုံး ပစ္စည်းများ ဖြစ်သော်လည်း မင်မင်းဆက်တွင်မူ ဤမျှအထိ မဖြုန်းတီးနိုင်ပေ ၊ ဤပစ္စည်းများကို ကုသပြီးနောက် ပြန်လည် အသုံးပြုနိုင်မည်။သို့သော် ဆေးဝါးများမှာမူ အများကြီး မကျန်တော့ပေ ။

ယခုခွဲစိတ်မှုအတွက်အရောင်ကျဆေး အမြောက်အမြား နှင့် တန်ဖိုးရှိသော ပဋိဇီဝဆေးများကို သုံးစွဲခဲ့ရပြီး သုံးပုံတစ်ပုံသာ ကျန်တော့သည် ။

ဝူကျိရှန်းသည် သတိမေ့နေသည့်တပ်မှူးချန်ကို ဆက်လက် စောင့်ရှောက်ရန် စစ်ဘက်ဆိုင်ရာသမား‌ တော်များကို ညွှန်ကြားလိုက်၏၊ ထို့နောက် သူ၏ ဆေးသေတ္တာကို သယ်ဆောင်ကာ ရိုးရှခွဲစိတ်ခန်း ထဲမှ ထွက်လာ‌ တော့သည် ။

မြို့ရိုးပေါ်မှ တိုက်ပွဲမှာလည်း အရှိန်အဟုန် အမြင့်ဆုံးအချိန်သို့ ရောက်ရှိနေပေပြီ။ အထိန်းတော်ကြီး ကောင်းမှာ ဖရိုဖရဲဖြစ်နေပြီး သွေးများဖြင့် ဖုံးလွှမ်းနေ၏။ သူသည် အရူးတစ်ယောက်ကဲ့သို့ ကျိုးပဲ့နေသော ဓားကိုကိုင်ဆောင်ကာမြို့ရိုးပေါ် တက်လာသော မွန်ဂိုစစ်သားများနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည် ။

နှစ်ဖက်စလုံးမှာ သွေးဆာနေကြ သော တောရိုင်းတိရစ္ဆာန်များကဲ့သို့ အပြင်းအထန်တိုက်ခိုက်နေကြ၏။ လက်နက်များ အရိုးကို ထိမှန်သည့် အသံနှင့် စူးရှသော အော်ဟစ်သံများမှရောယှက်ဆူညံနေသည် ။

ဒဏ်ရာရ စစ်သားများသည် သွေးအိုင်ထဲတွင် လူးလိမ့်အော်ဟစ်နေသည့်

ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုမှာ ဝူကျိရှန်း၏ မျက်စိရှေ့တွင် ထိတ်လန့်ဖွယ်ရှိ နေသော်လည်းသူ့မှာ‌ ရွေးချယ်စရာမရှိပေ။

မြို့ရိုး ကျိုးပေါက်သွားသည်နှင့်ရရှိလာမည့် နောက်ဆက်တွဲအဖြင့် အလွန် ရက်စက်လှသော ရလဒ်များရရှိမည်က်ိုလူတိုင်းသိကြပေသည်။ထို့ကြောင့်တိုက်ပွဲတွင် ကူညီရန် လာရောက်ကြသော သန်မာသည့် အမျိုးသားများသည် လက်နက်များကို ကိုင်ဆောင်ကာ တိုက်ပွဲတွင် ပါဝင်လာကြ၏ ။

ဝူကျိရှန်းသည်လည်းရှေ့သို့ အပြေးအလွှား သွားကာ ဒဏ်ရာရ ရဲမက်တစ်ဦး၏ ဘေးတွင် ဒူးထောက်လိုက်ပြီး တွေဝေခြင်းမရှိဘဲ သွေးများ ပန်းထွက်နေသော ပေါင်ကို ဖိကာ အရေးပေါ် သွေးတိတ်အောင် လုပ်ဆောင်ပေးလိုက်၏ ။

"ငါ့ခြေထောက်..."

အသက်နှင့် သေခြင်းကြား နယ်စပ်ဖြစ်သော ဤစစ်မြေပြင်တွင် စဥ်းစားနေရန် အချိန်မရှိပေ ။ ဝူကျိရှန်းကအော်ပြောလိုက်၏။

"အစ်ကို ၊ အသက်ရှင်ချင်ရင် အောင့်ထားပါ ။ ကိုယ့်ဒဏ်ရာကို ကိုယ်တိုင် ဖိထားပါ ၊ ပြင်းပြင်းဖိထားပါ"

"မင်းမှာ သွေးတိတ်ဆေး ရှိလား"

"ငါ့ခါးမှာ..."

မင်မင်းဆက် ရဲမက်အများစုတွင် ဒဏ်ရာကုဆေးနှင့် သွေးတိတ်ဆေးမှုန့်များ ပါဝင်သော ရှေးဦးသူနာပြု အိတ်များ ပါရှိကြသည် ။ဝူကျိရှန်းသည်သူ့လက်များ အားလပ်သွားသည့်အခါ သူ၏ ဝတ်ရုံကို ဆွဲဖြဲလိုက်ပြီးပတ်တီးအဖြစ် အသုံးပြုကာ ရဲမက်၏ဒဏ်ရာကို တင်းတင်းကြပ်ကြပ် စည်းနှောင်လိုက်ပြီး ဆေးသေတ္တာကို ဖွင့်ကာ ခွဲစိတ်ဓားကို ထုတ်ယူလိုက်သည် ။

ထို့နောက် ဓားဖြင့် တစ်ချက်တည်း လှီးဖြတ်လိုက်ပြီးနောက် ပေါင်တွင် စိုက်ဝင်နေသော မြှားကို အားဖြင့် ဆွဲထုတ်လိုက်ရာ သွေးများမှာ ဝူကျိရှန်းမျက်နှာပေါ်သို့ စင်သွား၏ ။

ဒဏ်ရာရ စစ်သားမှာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်၏။ဝူကျိရှန်းက

သွေးတိတ်ညှပ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ဆေးထုပ်ကို သွားဖြင့် ကိုက်ဖြတ်ကာ ရသွေးတိတ်ဆေးမှုန့်များကို အထပ်ထပ် သုတ်လိမ်းပေး‌ နေ၏။

"ဒဏ်ရာကို ဆက်ပြီး ပြင်းပြင်းဖိထားပါ ၊ ပြီးရင် ကိုယ့်ဘာသာ နောက်ဆုတ်ဖို့ နည်းလမ်းရှာပါ"

ဤသို့ ပြောပြီးနောက် ဝူကျိရှန်းသည် ဒုတိယမြောက် ဒဏ်ရာရ ရဲမက်ကို စတင် ကုသသည် ။ထိုရဲမက်၏ ဒဏ်ရာမှာ ပိုမို ပြင်းထန်ကာ ခြေသလုံးရိုး ကျိုးသွားသဖြင့် မလှုပ်ရှားနိုင်တော့ပေ ။ သူသည် သွေးအိုင်ထဲတွင် အော်ဟစ်နေရုံသာတတ်နိုင်တော့သည်။

စစ်မြေပြင်၌ဆေးကုသရာတွင် အများကြီး စဥ်းစားနေရန် အချိန်မရှိပေ ။ ထို့ကြောင့်ဝူကျိရှန်းသည် သစ်သားချောင်းငယ် နှစ်ချောင်းကို ကောက်ယူကာ ကျပ်စည်းအဖြစ်သုံးပြီး ကျိုးနေသော ခြေထောက်အရိုးကို ရိုးရှင်းစွာ စည်းနှောင်ပေးလိုက်ပြီးလှံတိုတစ်ချောင်းကို ကောက်ယူကာ ချိုင်းထောက်အဖြစ် ပေးလိုက်၏။

"အစ်ကို ၊ ငါ ဒါပဲ လုပ်ပေးနိုင်တယ် ။ ကိုယ့်ဘာသာ ကုသဖို့ စစ်ဘက်ဆိုင်ရာသမား‌ တော်ကို သွားရှာပါ..."

"ကျွန်တော့်ကို ကယ်ပါ ၊ ကယ်ပါ..."

ဒဏ်ရာရ ရဲမက်လေးတစ်ဦး ပြေးလာသည် ။

"ကျွန်တော် မသေချင်ဘူး ၊ မသေချင်ဘူး ! ကျွန်တော့်ကို ကယ်ပေးပါ..."

ဤဒဏ်ရာရ စစ်သားမှာ အလွန် ငယ်ရွယ်ပြီးအသက် နှစ်ဆယ်ပင် မပြည့်သေးသော်လည်း ပြင်းထန်စွာ ဒဏ်ရာရထား၏။သူ့ဝမ်းဗိုက်မှာ ဓားထိုးခံထားရပြီး အူများမှာ အပြင်သို့ ထွက်နေသည် ၊ ၎င်းကို သူက လက်နှစ်ဖက်ဖြင့်သာ ကိုင်ထားနိုင်၏။

"လှဲလိုက်ပါ"

မျှော်လင့်ချက်မဲ့နေသော ရဲမက်၏ မျက်လုံးများတွင် အသက်ရှင်လိုစိတ်များ ပြည့်နှက်နေသည် ။

"ကျွန်တော် အသက်ရှင်နိုင်ပါဦးမလား ၊ ကယ်လို့ ရနိုင်ပါဦးမလား"

"စကားမပြောနဲ့"

ဝူကျိရှန်းသည် ပိုးသတ်ဆေး ပုလင်းငယ်တစ်လုံးကို ထုတ်ယူကာ ဒဏ်ရာနှင့် ထွက်နေသော အင်္ဂါများကို လျင်မြန်စွာ သန့်စင်ပေးပြီး အူအစိတ်အပိုင်းကို ဝမ်းဗိုက်အတွင်းသို့ အနည်းငယ် ကြမ်းတမ်းစွာ ပြန်လည် တွန်းထည့်လိုက်၏။

"ငါ အခု ဒဏ်ရာကို ချုပ်တော့မယ် ။ ဒါက သေချာပေါက် နာလိမ့်မယ် ၊ ဒါကြောင့် အောင့်ထားပါ..."

ဝူကျိရှန်းသည် ရဲမက်လေး၏ ဝမ်းဗိုက်ပေါ်မှ ထိတ်လန့်ဖွယ် ဒဏ်ရာကို စတင် ချုပ်လိုက်သည် ။ထုံဆေး မသုံးထားသဖြင့် အလွန်အမင်းနာကျင်မှုကိုခံရ‌ ပေမည် ။သို့သော်ထိုရဲမက်လေးမှာ စိတ်ဓာတ် ကြံ့ခိုင်သူဖြစ်သဖြင့်အလွန်အမင်း နာကျင်နေသော်လည်း အံကြိတ်ကာ အသည်းအသန် အောင့်ထားကာသူ၏ နှုတ်ခမ်းများကို သာသွေးထွက်သည်အထိ ကိုက်ထား၏။

စစ်မြေပြင်တွင် တိုက်ပွဲဝင်နေသော နှစ်ဖက်စလုံး၌ စစ်ဘက်ဆိုင်ရာသမား တော်များရှိကြပြီးသူတို့သည် ဒဏ်ရာများကို အမြန် ပတ်တီးစည်းရန် ရှေးဦးသူနာပြု နည်းလမ်းများကိုသာ အများအားဖြင့် အသုံးပြုကြ၏ ။

ထို့ကြောင့်ကုသမှု ခံယူရသော ဒဏ်ရာရ ရဲမက်များ၏သေဆုံးမှုနှုန်းမှာပင် အလွန်များပေသည်။ သူတို့ အသက်ရှင်သန်မှုမှာ ကံတရားပေါ်မှာသာ မူတည် နေ၏။ဝူကျိရှန်း အသုံးပြုသော အရေးပေါ် ကုသမှု နည်းလမ်းများသည် လည်းဤခေတ်ရှိ စစ်ဘက်ဆိုင်ရာသမား‌တော်များ၏ နည်းလမ်းများနှင့် မခြားနားပေ ။ သူက ထိုရဲမက်လေးကို အရောင်ကျဆေး နှစ်ဆ ပေးလိုက်သည်သာ ထူးခြား၏။

"ကဲ ၊ မင်း အဆင်ပြေသွားပြီ"

"ကျွန်တော်... ကျွန်တော် အသက်ရှင်နိုင်

ပါဦးမလား"

"မင်း သေချာပေါက် အသက်ရှင်နိုင်ပါတယ်"

သူ၏ လက်များတွင် သွေးများ ပေကျံနေသဖြင့် ချွေးသုတ်လိုက်သည့်အခါ မျက်နှာတွင် သွေးများ ပေကျံသွားသည် ။ ဝူကျိရှန်းက နှစ်သိမ့်သော လေသံဖြင့်ပြောလိုက်၏ ။

"မင်းက နိုင်ငံအတွက် တိုက်ပွဲဝင်ခဲ့တာပဲ့၊ ကောင်းကင်ဘုံက မင်းကို သေချာပေါက် စောင့်ရှောက်မှာပါ ။ မင်းရဲ့ ဒဏ်ရာက အရမ်းကြီးလွန်းလို့ ပိုးဝင်တဲ့ လက္ခဏာတွေတော့ သေချာပေါက် ပေါ်လာလိမ့်မယ် ။ အဲဒီကျမှ ငါတို့ တစ်ခုခု စဥ်းစားကြတာပေါ့" ။

အသက်ရှင်ရခြင်းမှာပင် အကြီးမားဆုံးသော ကံကောင်းမှု ဖြစ်နေပြီးပိုးဝင်ခြင်း ဆိုသည်မှာမူ ဘာပဲဖြစ်နေပါစေ ထိုရဲမက်အတွက်အရေးမကြီးတော့ပေ ။

အလွန် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေပြီး ထိခိုက်ကျဆုံးမှုများမှာလည်း မြင့်တက်နေဆဲ ဖြစ်သည် ။နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေစဥ်မှာပင် ရုတ်တရက် အောင်ပွဲခံ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။

ထိုအချိန်တွင်ပြိုလဲလုနီးပါး ဖြစ်နေသော မင် စစ်တပ်သည် ရုတ်တရက် စိတ်ဓာတ်များ တက်ကြွလာပြီး အစွမ်းသတ္တိများ ရရှိလာသကဲ့သို့ အလွန်ပင် ရဲရင့်လာကြ၏။

တပ်မှူးချန် တိုက်ပွဲအတွင်းဝင်လာခြင်းဖြစ်သည်။တပ်မှူးချန် မည်သည့်အချိန်က နိုးလာသည်ကို ဝူကျိရှန်း မသိလိုက်ပေ ။

သူ မြင်လိုက်ရသည်မှာတပ်မှူးသည် သူ၏ တိုက်ပွဲဝင်ဓားကို အထက်သို့ မြှောက်ကိုင်ထားပြီး ရွှေရောင်တောက်နေသော နေရောင်အောက်တွင် သံမဏိရုပ်တုတစ်ခုကဲ့သို့ တောက်ပနေကာ

"သတ်ကြ" ဟု ပြင်းထန်စွာအော်ဟစ်နေခြင်းပင် ။

………

All Chapters