အခန်း (၃၁-၃၂)
Vol. 3 Ch. 31-32
အခန်း ၃၁ အန္တရာယ်ရှိသော အခိုက်အတန့်များ
ဝူကျိရှန်းသည် လေကဲ့သို့ အရှိန်ပြင်းစွာ ပြေးလွှားနေပြီး သူ၏နောက်တွင်မူ တာတာစစ်သည်များက သားကောင်ကို ချောင်းမြောင်းနေသော တောခွေးရိုင်းများကဲ့သို့ မဆုတ်မနစ် လိုက်လံနေကြသည်။
မှောင်မိုက်နေသောကြောင့် လမ်းမှားသွားပြီး လမ်းပိတ်နေသော နေရာတစ်ခုသို့ တည့်တည့်တိုးဝင်မိသွား၏။ပြေးစရာလမ်းမရှိတော့သည့်ဝူကျိရှန်းအားတာတာစစ်သည်များက လှောင်ပြုံးဖြင့် ကြည့်လိုက်ကြပြီး၎င်းတို့၏ တောက်ပြောင်သော လခြမ်းပုံဓားများကို မြှောက်လိုက်ကြ၏။
ဝူကျိရှန်းသည် သေခြင်းတရားကို မကြောက်တတ်သည့်သူရဲကောင်းတစ်ယောက် မဟုတ်သဖြင့် ဤအခိုက်အတန့်တွင် သူအမှန်တကယ် ထိတ်လန့်နေ၏။ သူသည် တာတာစစ်သည်များကို ပြန်လည်တိုက်ခိုက်ရန် သစ်သားတုတ်တစ်ချောင်းကိုသာ အလိုအလျောက် ကောက်ကိုင်လိုက်မိသည်။
ထိုစဉ် သူ၏နောက်ဘက်မှ လေးကြိုးသံ တိုးတိုးလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ဝူကျိရှန်း ဘာဖြစ်နေမှန်းပင် နားမလည်မီ ရှေ့ဆုံးမှ တာတာစစ်သည်မှာ လဲကျသွား၏။
ခဏချင်းတွင်ပင် မြားများ မိုးရွာသကဲ့သို့ ကျဆင်းလာပြီး လမ်းပိတ်နေသော နေရာသို့ လိုက်လာသည့် တာတာစစ်သည်များမှာ မြားဒဏ်ရာများဖြင့် ချက်ချင်းပင်အတုံးအရုံးလဲကျသွားကြ၏။
ယင်းနောက်တွင် မသေသေးသော ရန်သူများကို အပြတ်ရှင်းရန် နှစ်ဖက်စလုံးရှိ အုတ်တံတိုင်းများ နောက်ကွယ်မှ မင်စစ်တပ် စစ်သည် ဒါဇင်ပေါင်းများစွာ ခုန်ထွက်လာကြသည်။
"နတ်ဆေးဆရာဝူ၊ ဒီဘက်လာပါ"
တပ်မှူး ချန်က ဝူကျိရှန်းကို အဝေးမှ လက်ဝှေ့ယမ်း ကာခေါ်လိုက်၏။
"ခင်ဗျား ခရိုင်ရုံးမှာ ဒဏ်ရာရတဲ့သူတွေကို ကုသပေးနေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"
"တာတာစစ်သည်တွေ ခရိုင်ရုံးကို စီးနင်းလိုက်ကြတယ်။ ဒဏ်ရာရနေတဲ့ ညီအစ်ကိုတွေရဲ့ ထက်ဝက်ကျော် သေဆုံးကုန်ပြီး အချို့ကတော့ လူစုကွဲသွားကြတယ်"
တပ်မှူးချန်သည်ဝူကျိရှန်း၏စကားကို အံ့ဩခြင်းမရှိဘဲ ကြိုတင်ခန့်မှန်းမိသည့်အလားဘာမှထပ်မပြောတော့ပေ။ သူသည် ချက်ချင်းပင် အမိန့်ထုတ်ပြန်လိုက်သည်။
"တာတာစစ်သည်တွေ ခရိုင်ရုံးကို ရောက်နေပြီဆိုတော့ ဒီကို ရောက်လာဖို့ သိပ်မကြာတော့ဘူး။ အထိန်းတော်ကြီးကောင်း၊ ခင်ဗျား အဖွဲ့ကို ဦးဆောင်ပြီး ဆက်ဆုတ်ခွာပါ။ ကျွန်တော်ကတော့ အနီးအနားက ညီအစ်ကိုတွေကို စုစည်းဖို့ လူအချို့ ခေါ်သွားပါဦးမယ်"
ပြင်းထန်သော လမ်းပေါ်ရှိ တိုက်ပွဲများကြောင့် ကောင်းကင်မှာ မှောင်မည်းနေပြီဖြစ်ပြီး တစ်ဦးချင်း တိုက်ခိုက်နေသော မင်စစ်သည်များလည်း အများအပြား ရှိနေနိုင်သဖြင့် ၎င်းတို့ကို စုစည်းရန် နည်းလမ်းရှာရမည်ဖြစ်သည်။
အထိန်းတော်ကောင်းသည် သွေးစွန်းနေသော ဓားတစ်လက်ကို ကိုင်ထားပြီး သူ၏ ဖူးဖူးဝိုင်းဝိုင်း မျက်နှာပေါ်တွင်လည်း သွေးထွက်နေသော ဒဏ်ရာအသစ်တစ်ခု ရှိနေသဖြင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဖြတ်သန်းလာခဲ့ရသည် ထင်ရှားနေသည်၏။
"အခြေအနေက ဒီအထိ ဖြစ်နေပြီပဲ၊ ကျန်တဲ့ ညီအစ်ကိုတွေကို ဘယ်လိုလုပ် စုစည်းနိုင်မှာလဲ။ အခွင့်အရေး ရှိတုန်း ဆုတ်ခွာကြရအောင်"
"ခင်ဗျားနဲ့ ကျွန်တော် နှစ်ယောက်လုံးမှာ စစ်အမိန့်တွေ ရှိကြတယ်။ ကျွန်တော်တို့ အသေခံ တိုက်ရုံပဲ ရှိတယ်"
တပ်မှူးချန်ကစစ်သားပီပီပြောဆိုလိုက်၏။ အမိန့်ကို အကောင်အထည်ဖော်ခြင်းမှာ သူ၏ တာဝန်ဖြစ်သည်။
"နောက်ဆုံး လူတစ်ယောက် ကျန်တဲ့အထိ အသေခံ တိုက်ခိုက်မှာ ဖြစ်ပြီး ဆုတ်ခွာမှာ မဟုတ်ပါဘူး"
လက်နက်အေး ခေတ်တစ်လျှောက်လုံးတွင် နောက်ဆုံး လူတစ်ယောက် ကျန်တဲ့အထိ တိုက်မည် ဆိုသည့် စကားစုမှာ စိတ်လှုပ်ရှားဖွယ် ကြေညာချက်တစ်ခုသာ ဖြစ်သည်။ စစ်မြေပြင်တွင် သေဆုံးမှုနှုန်း သုံးဆယ်ရာခိုင်နှုန်း ကျော်လွန်သော်လည်း ပြိုလဲမသွားသော စစ်တပ်ကို အထူးတပ်ဖွဲ့ဟု သတ်မှတ်ပြီး၊ သေဆုံးမှု ငါးဆယ်ရာခိုင်နှုန်း ရောက်သည့်တိုင် ခုခံနေဆဲဆိုလျှင် သံမဏိစစ်တပ်ဟု ခေါ်ဆိုနိုင်ပါသည်။
ယွမ်ချွမ်း ခံတပ်မှ ညီအစ်ကိုများသည် ဤအဆင့်အထိ တိုက်ခိုက်ခဲ့ကြပြီးနန်းတော်နှင့် ကျင်းမင်းသားအပေါ် အကြွင်းမဲ့ သစ္စာစောင့်သိခဲ့ကြသော်လည်း တပ်မှူးချန်ကမူ ဂရုမစိုက်ပေ။
"မင်စစ်သည်တစ်ယောက်အနေနဲ့ အသေခံ တိုက်သင့်တယ်။ တိုက်ပွဲမှာ ထွက်ပြေးရမယ့် အကြောင်းပြချက် ဘာရှိသလဲ။ အထိန်းတော်ကောင်း ကြောက်တယ်ဆိုရင် ခင်ဗျားဘာသာ ထွက်သွားနိုင်တယ်"
ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဇာတ်လမ်းများတွင် အထိန်းတော်များကို ကြောက်တတ်သော၊ သစ္စာဖောက်သော လူကြမ်းများအဖြစ် ပုံဖော်လေ့ရှိသော်လည်း အထိန်းတော်ကြီးကောင်းမှာမူ ထိုသို့မဟုတ်ပေ။
"ဒီကောင်စုတ်"
တပ်မှူးချန်အားပျစ်နှစ်စွာ ဆဲရေးပြီးနောက် အထိန်းတော်ကောင်းက ပြင်းထန်စွာ တံတွေးထွေးလိုက်၏။
"ငါက ကိုယ်အင်္ဂါ မစုံတဲ့သူ ဖြစ်နေပြီ၊ သားသမီးတောင် မရှိဘူး။ အသက်ရှင်ရင် တစ်ကိုယ်တည်းပဲ၊ သေရင်လည်း ငါ့မျိုးဆက် ပြတ်ရုံပဲ ရှိတာ။ ဘာကြောက်စရာ ရှိလဲ။ တပ်မှူးချန် ခင်ဗျားက မြင်းသားရေနဲ့ ပတ်ပြီး အသေခံမယ့် သူရဲကောင်း လုပ်ချင်တယ်ဆိုရင် ငါကလည်း သူရဲဘောကြောင်တဲ့သူ မဟုတ်ဘူး။ ဒါကြောင့် အကုန်လုံး မကုန်မချင်း တိုက်ကြတာပေါ့"
မြို့လေးမှာ ဝင်ရောက်စီးနင်းခြင်းခံလိုက်ရပြီဖြစ်ပြီး တာတာစစ်သည်များက မြို့သူမြို့သားများအားရမ်းကားစွာ သတ်ဖြတ်နေကြ၏။ ဤအထိန်းတော်ပင်လျှင် အသေခံတိုက်ရန် ဆုံးဖြတ်ထားသဖြင့်အခြားသူများ ပြောစရာ စကားမရှိတော့ပေ။
ဝူကျိရှန်းသည် လခြမ်းပုံဓားတစ်လက်ကို ကောက်ယူကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး စစ်သည်များနှင့်အတူ ရပ်နေလိုက်၏။ထိုစဉ် မြင်းခွာသံများ ရုတ်တရက်ဆူညံစွာ ထွက်ပေါ်လာသည်။
မင်စစ်တပ်၏ မြင်းတပ်မှာ လူစုကွဲသွားသည်မှာ ကြာပြီဖြစ်သဖြင့် ဤသည်မှာ တာတာမြင်းတပ် ချီတက်လာခြင်းသာ ဖြစ်ရမည်။ကျောက်ပြားလမ်းကို ရိုက်ခတ်ပြီးထွက်ပေါ်လာ သောမြင်းခွာသံများမှာ စိတ်နှလုံးထဲအထိ အေးစိမ့်သော ထိတ်လန့်မှုကို ဖြစ်ပေါ်စေ၏။
ဝေးလံသော နေရာမှ မွန်ဂိုမြင်းတပ်ကြီး တစ်စုသည် မီးလင်းနေသော ဘက်သို့ ချီတက်လာသည်ကို မြင်လိုက်ရသဖြင့် တပ်မှူးချန်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွား၏။ဤသူများသည် မွန်ဂိုတို့၏ သံချပ်ကာ မြင်းတပ်ကြီးများ ဖြစ်ကြသည်။
မွန်ဂိုတို့၏ မြင်းတပ်ပေါ့များသည် ကမ္ဘာပေါ်တွင် အနှိုင်းမဲ့ဖြစ်ပြီးမြင်းပေါ်မှ မြားပစ်ခြင်းမှာ လက်နက်အေး ခေတ်၏ အထွတ်အထိပ်သို့ ရောက်ရှိကြောင်း လူသိများသည်။
သို့သော် မွန်ဂိုစစ်တပ်တွင် သံချပ်ကာ မြင်းတပ် အနည်းငယ်လည်း ရှိပြီး ၎င်းတို့ကို "သံချပ်ကာ မြင်းတပ်ကြီး" ဟု ခေါ်ဆိုကြသည်။မြင်းစီးစစ်သည် တစ်ဦးစီသည် သံဦးထုပ်နှင့် နှစ်ထပ်သံချပ်ကာကို ဝတ်ဆင်ထားပြီး ၎င်းတို့၏ စစ်မြင်းများကိုပင် ကိုယ်ထည်အပြည့် သံချပ်ကာများ တပ်ဆင်ပေးထား၏။
၎င်းတို့သည် ထိုခေတ်က ခံစစ်အကောင်းဆုံး စစ်တပ်တစ်ခု ဖြစ်သည်။ မြင်းပေါ်မှ စစ်သည်များသည် ကြောက်မက်ဖွယ် လှံရှည်များကို ကိုယ်စီကိုင်ဆောင်ကာ လမ်းကို ပိတ်ဆို့ထားသည့် တံတိုင်းကြီးကဲ့သို့ စည်းလုံးစွာ တန်းစီထားကြ၏။
သံချပ်ကာ မြင်းတပ်ကြီးသည် တောင်ကြီးတစ်လုံးကဲ့သို့ မလှုပ်မယှက် ရပ်တည်နေပြီး ပြင်းထန်သော ဖိအားများဖြင့် သတ်ဖြတ်လိုသော အရှိန်အဝါများကို ထုတ်ဖော်နေသည်။
လူတိုင်းက သံချပ်ကာ မြင်းတပ်ကြီး၏ ကြောက်မက်ဖွယ်ကောင်းမှုကို သိကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ နောက်မဆုတ်ကြပေ။ အသေခံတိုက်ရန်သာဆုံးဖြတ်ထားကြ၏။
အသေခံတိုက်ခြင်း၏ ရလဒ်မှာ အများအားဖြင့်တိုက်ပွဲတွင် ကျဆုံးခြင်းသာ ဖြစ်လိမ့်မည်။
သေခြင်းတရားနှင့် ရင်ဆိုင်နေရသော်လည်း တပ်မှူးချန်မှာမူ တည်ငြိမ်နေဆဲဖြစ်ပြီး စစ်သည်ပီသသော အမူအရာကို ပြသနေ၏။
"တပ်ဖွဲ့စည်းကြ၊ လှံတန်းခံစစ်ပြင်ကြ"
တပ်မှူးချန်သည် လှံရှည်တစ်လက်ကို မြှောက်ကာ တပ်ဖွဲ့၏ ရှေ့ဆုံးတန်းတွင် ရပ်လိုက်ပြီး သူ၏လှံကို တင်းတင်းဆုပ်ကိုင်ကာ လှံရင်းကို မြေကြီးတွင် ကပ်ထားပြီး ချွန်ထက်သော လှံဖျားကို အပေါ်သို့ စောင်းတင်ထား၏။ ဤသည်မှာ ခြေလျင်တပ်၏ စံနှုန်းမီ လှံတန်းခံစစ် အနေအထား ဖြစ်သည်။
အခြားစစ်သည်များကလည်း ထိုအတိုင်းပင် လိုက်လုပ်ကြပြီး နှစ်ထပ်လှံရှည် ခံစစ်ပုံစံကို ဖော်ဆောင်လိုက်ကြသည်။
မင်မင်းဆက်၏ စစ်တပ်နှင့် မွန်ဂိုမြင်းတပ်တို့သည် ရန်ဘက်များ ဖြစ်ကြသည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီ ဖြစ်သည်။ ၎င်းတို့သည် တစ်ဖက်နှင့်တစ်ဖက်၏ စစ်ဗျူဟာများကို နားလည်ထားကြပြီး လှံတန်းခံစစ်မှာ မြင်းတပ်ကို တန်ပြန်ရန် ထိရောက်သော နည်းဗျူဟာတစ်ခု ဖြစ်၏။
ပုံမှန် ဖြန့်ကျက်မှုအရဆိုလျှင် ရန်သူ့မြင်းတပ်၏ ထိုးစစ်ကို ခံနိုင်ရည်ရှိရန် အနည်းဆုံး လှံကိုင်တပ်သား လေးထပ် လိုအပ်သည်။ သို့သော် တပ်မှူးချန် ဦးဆောင်သော မင်စစ်တပ်မှာ အရေအတွက်လွန်စွာ နည်းပါးနေပြီဖြစ်သဖြင့်အားနည်းသော တိုက်ပွဲပုံစံကိုသာ ဖော်ဆောင်နိုင်ကြ၏။
မွန်ဂိုမြင်းတပ်သည် လေကဲ့သို့ အရှိန်ပြင်းစွာ တိုးဝင်လာပြီး စက္ကူကဲ့သို့ ပါးလွှာသော ဤခံစစ်ကို မြင်းများ၏ အရှိန်ဖြင့် အတင်းဝင်တိုက်ကာ တစ်ဖက်သတ် သတ်ဖြတ်ကြတော့မည်ကို လူတိုင်း ခန့်မှန်းနိုင်ကြ၏။လူတိုင်းမှာ ၎င်းတို့၏ ဘဝနောက်ဆုံး တိုက်ပွဲအတွက် ပြင်ဆင်ရင်း အသက်ကို အောင့်ထားလိုက်ကြ၏။
တစ်ဖက်ရှိ မြင်းတပ်သည် အရှိန်ယူရန် အနည်းငယ် နောက်ဆုတ်လိုက်သည်။ ၎င်းတို့သည် မြင်းခေါင်းများ နောက်ကွယ်တွင် ကိုယ်ကို ဝှက်ထားကြပြီး လခြမ်းပုံဓားများကို အနည်းငယ် နောက်သို့ဆွဲကာ အဖျားကို အပေါ်သို့ စောင်းထားကြ၏။ဤသည်မှာ မြင်းတပ်များ ထိုးစစ်မဆင်မီ လုပ်လေ့ရှိသော ဂန္တဝင် အပြုအမူ ဖြစ်သည်။
ထိုစဉ် တစ်စုံတစ်ရာကို အသိပေးနေသည့်အလား ရှည်လျားပြီးဝေးကွာသော ခရုသင်းသံ တစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာ၏။မွန်ဂိုမြင်းတပ်သည် ထိုအသံကို ကြားသည်နှင့် ထိုးစစ်မဆင်တော့ဘဲ မြင်းလှည့်ကာ ထွက်ခွာသွားကြ၏။
စိတ်ကူးထားသော အသေခံ တိုက်ပွဲမှာ ဖြစ်မလာခဲ့ဘဲ မွန်ဂိုမြင်းတပ်မှာ ထွက်ခွာသွားခဲ့ကြသည်။နှစ်ဖက်စလုံးက စစ်ပြင်ထားကြသော်လည်း မွန်ဂို သံချပ်ကာ မြင်းတပ်ကြီးမှာ ဘာမှမပြောဘဲ ဆုတ်ခွာသွားသဖြင့် ဝူကျိရှန်းမှာ ဘာဖြစ်နေသည်ကို နားမလည်နိုင်အောင် ဖြစ်နေရသည်။
တိုက်ပွဲအတွေ့အကြုံများသော တပ်မှူးချန်က ပထမဆုံး တုံ့ပြန်လိုက်ပြီး သူ၏ လှံရှည်ကို ဝှေ့ယမ်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"လိုက်ကြ"
သေဘေးမှ လွတ်မြောက်ခဲ့ရခြင်းမှာ ကံကောင်းလှပြီ ဖြစ်သော်လည်း တပ်မှူးချန်သည် မိမိထက် အဆပေါင်းများစွာ သာလွန်သော ရန်သူကို လိုက်လံတိုက်ခိုက်ရန် ကြိုးစားနေ၏။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်းပင် ဖြစ်သည်။
အထိန်းတော်ကောင်းမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွား၏။
"မလိုက်နဲ့ အကွက်ဆင်တာ ဖြစ်နိုင်လို့ သတိထားပါ"
အကွက်ဆင်တာ၊ရယ်စရာ ပြောနေသလိုပဲ့။မွန်ဂိုမြင်းတပ်၏ တိုက်ခိုက်ရေးစွမ်းရည်အရ ၎င်းတို့သည် တိုက်ရိုက် ထိုးစစ်ဆင်နိုင်သည်ဖြစ်ရာ လှည့်ဖြားသည့် နည်းဗျူဟာများ သုံးစရာ မလိုပေ။၎င်းတို့ အရေးကြီးသော အချိန်တွင် ဆုတ်ခွာသွားရသည့် အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။ကျင်းမင်းသား၏ စစ်ကူတပ်မကြီး ရောက်ရှိလာခြင်းပင် ဖြစ်သည်။
ကျင်းမင်းသားသည် မွန်ဂိုများကို ဝိုင်းရံရန် သူ၏ တပ်မကြီးကို ဦးဆောင်လာခဲ့ပြီ ဖြစ်သဖြင့် ၎င်းတို့ကို အရေးပေါ် ထွက်ခွာသွားစေရန် ဖိအားပေးလိုက်ခြင်း ဖြစ်သည်။ စောစောက ခရုသင်းသံမှာ ဤသတင်းစကားကို ပေးပို့ခြင်း ဖြစ်သည်။
"ကျင်းမင်းသားရဲ့ တပ်မကြီး ရောက်လာတယ် ဆိုရင်တောင် မလိုက်ပါနဲ့။ ခင်ဗျားတို့ သူတို့ကို မှီမှာ မဟုတ်ဘူး"
အထိန်းတော်ကောင်း ပြောသည်မှာ မှန်ပါသည်။ လူခြေထောက် နှစ်ချောင်းသည် မြင်းခွာ လေးချောင်းကို မည်သို့မျှ မမီနိုင်သဖြင့် ၎င်းတို့ လိုက်မမီနိုင်ပေ။သို့သော် တပ်မှူးချန် စဉ်းစားနေသည်မှာ စောစောက ဆုတ်ခွာသွားသော မွန်ဂိုမြင်းစီးသူ အနည်းငယ်အတွက် မဟုတ်ဘဲ မွန်ဂိုစခန်းအတွက် ဖြစ်သည်။`
…………..
အခန်း ၃၂ ကျင်းမင်းသား
တပ်မှူးချန်၏ တိုက်ပွဲဆိုင်ရာ ခန့်မှန်းချက်များမှာ အံ့အားသင့်ဖွယ်ကောင်းလှ ပေသည် ။
ဝူကျိရှန်းနှင့် မင်စစ်တပ်မှ စစ်သည် ရာဂဏန်းခန့်သည် မြို့ပြင်ရှိ မွန်ဂိုစစ်စခန်းသို့ အသည်းအသန် ချီတက်သွားကြချိန်တွင် မွန်ဂိုစစ်တပ်မှာ ဆုတ်ခွာသွားနှင့်ပြီ ဖြစ်ပြီး နှေးကွေးလွန်းသဖြင့် ကျန်ရစ်ခဲ့သော စစ်သည်အနည်းငယ်နှင့် ရိက္ခာ၊ ပစ္စည်းအမြောက်အမြားသာ ကျန်ရှိတော့၏။
စစ်ရေးအခြေအနေမှာ မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားပြီဖြစ်သည်။ ဆုတ်ခွာမည့် လမ်းကြောင်းကို ကျင်းမင်းသားဦးဆောင်သောမင်းသား၏ တပ်မတော်ကြီးက ပိတ်ဆို့ထားကြောင်း သိလိုက်ရသဖြင့် တစ်ချိန်က မောက်မာခဲ့သော မွန်ဂိုစစ်တပ်၏ စိတ်ဓာတ်မှာ ချက်ချင်းပင် ပြိုလဲသွားပြီး ဖရိုဖရဲ ဆုတ်ခွာသွားကြခြင်းဖြစ်သည်။
စွန့်ပစ်ထားသော တဲများ၊ အလံများနှင့် စည်များမှာ နေရာအနှံ့ ပျံ့ကျဲနေပြီး လုယက်ထားသော ရတနာများမှာ တောင်ပုံရာပုံ ရှိနေသည်။ ကျန်ရစ်နေသော စစ်သည်အနည်းငယ်မှာ ၎င်းတို့ သယ်ဆောင်မသွားနိုင်သော ရိက္ခာနှင့် ပစ္စည်းများကို မီးရှို့ဖျက်ဆီးရန် ကြိုးပမ်းနေကြ၏။
တပ်မှူးချန်က သူ၏လူများကို ဦးဆောင်ကာ ထိုးစစ်ဆင်လိုက်သောအခါ စိတ်ဓာတ်ပြိုလဲနေပြီဖြစ်သော မွန်ဂိုစစ်သည်များမှာ ချက်ချင်းပင် လူစုကွဲသွားကြပြီး တိုက်ပွဲမှာ အလွန်ပင် အောင်မြင်စွာ ပြီးဆုံးသွား တော့သည်။
"ဒုက္ခပါပဲ၊ ဒုက္ခပါပဲ၊ ရန်ပွဲတွေ ဖြစ်နေပြီ"
တပ်မှူးချန်နှင့် အခြားသူများ စစ်မြေပြင်ကို ရှင်းလင်းနေစဉ် စစ်သားတစ်ဦးက ထိတ်လန့်တကြားအော်ဟစ်ရင်း ပြေးလာ၏။
"တပ်မှူး၊ ကျေးဇူးပြုပြီး သွားကြည့်ပေးပါဦး"
ရန်ပွဲမှာ အမှန်တကယ်ပင် ဖြစ်ပွားနေပြီး မွန်ဂိုများနှင့် မဟုတ်ဘဲ မိမိတို့အချင်းချင်း ဖြစ်ပွားနေခြင်းသာ ဖြစ်သည်။
မွန်ဂိုတပ်မတော်ကြီးမှာ ဆုတ်ခွာသွားပြီ ဖြစ်သဖြင့် စစ်ကျန်အနည်းငယ်သာ ရှိတော့၏။ အချို့သော ရန်သူ့လက်ကျန်များမှာ ခုခံနေကြဆဲ ဖြစ်သော်လည်း ၎င်းတို့မှာ အောင်မြင်မှုရရန် မဖြစ်နိုင်တော့ ပေ။ အခင်းဖြစ်ပွားရာ နေရာတွင် တဲများ၊ အဝတ်အထည်များ၊ ရိက္ခာများနှင့် အသုံးအဆောင်များသာမက အလံများ၊ စည်များ၊ လှည်းများနှင့် လုယက်ထားသော ရွှေငွေရတနာများစွာလည်း ပြန့်ကျဲနေသည် ကိုတွေ့လိုက်ကြရသည်။
ထိုနေရာသို့ ချီတက်လာသော မင်းသား၏ ကိုယ်ရံတော်တပ်ရင်းမှာ များပြားသော "စစ်သုံ့ပန်းပစ္စည်း" များကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားကြ၏။ ၎င်းတို့သည် လူအင်အား သာလွန်မှုကို အသုံးချကာ ပထမဆုံး အောင်မြင်မှုကို ရယူလိုသဖြင့် ဘာမှမပြောဘဲ ရန်ဖြစ်နေကြသောယွမ်ချွမ်းခံတပ် စစ်သည်များကိုပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။
ကိုယ်ရံတော်တပ်ရင်းမှာ ကျင်းမင်းသား၏ ကိုယ်ပိုင်ကိုယ်ရံတော်တပ် ဖြစ်သဖြင့် လူအင်အား များပြားရုံသာမက လက်နက်ကိရိယာလည်း စုံလင်သည် ကြသည်။ ယွမ်ချွမ်းခံတပ်တွင် မူလကပင် စစ်သည် အနည်းငယ်သာ ရှိသဖြင့် မင်းသား၏ ကိုယ်ရံတော်များ၏ ရက်ရက်စက်စက် အရိုက်အနှက်ကို ခံနေရပေသည်။
ကိုယ်ရံတော်တပ်ရင်း၏ ခေါင်းဆောင်မှာလည်း တပ်မှူးတစ်ဦးပင် ဖြစ်သည် ဖြစ်သည်။ သူ၏ တရားဝင်ရာထူးမှာ စတပ်မှူးချန်ထက် မမြင့်မားသော်လည်း မင်းသား၏ ယုံကြည်ရသော လူယုံတော် ဖြစ်သဖြင့် အလွန်ပင် မောက်မာရိုင်းစိုင်းသူဖြစ်သည်။ သူသည် ဒေသခံခံတပ်အရာရှိတစ်ဦး ဖြစ်သော တပ်မှူးချန်ကို လုံးဝ အထင်အမြင်သေးပြီး ဓားတစ်လက်ကို ကိုင်ကာ မောက်မာစွာအော်ဟစ်ပြောဆိုလိုက်၏။
"ရန်သူ့စခန်းကို ငါတို့ ကိုယ်ရံတော်တပ်ရင်းက သိမ်းပိုက်လိုက်ပြီ။ ယွမ်ချွမ်းခံတပ်က ကောင်တွေ အကုန်လုံး အဝေးကို လစ်လိုက်ကြတော့"
"ကျွန်တော်တို့က အရင်ဆုံး ချီတက်လာတာပါ"
"ကျွန်တော်တို့က အရင်ဆုံး သိမ်းပိုက်တာပါ။ ခင်ဗျားတို့က 'အရင်ရောက်သူ အရင်ရ' ဆိုတဲ့ စည်းကမ်းကို မလေးစားဘူးလား"
ရန်သူ့စခန်းကို တပ်မှူးချန်၏ ယွမ်ချွမ်းခံတပ်က ပထမဆုံး သိမ်းပိုက်ခဲ့ခြင်း ဖြစ်သော်လည်းကျင်း မင်းသား၏ ကိုယ်ရံတော်တပ်များက ဤဂုဏ်ပြုမှုကို လုယူလိုကြခြင်းဖြစ်သည်။ယွမ်ချန်းစစ်သည်များကလည်းမကျေနပ်ကြဘဲ ငြင်းခုံကြပြီး မည်သူမျှနောက်မဆုတ်ကြ ပေ။
ရက်များစွာကြာအောင် တိုက်ခိုက်ခဲ့ရပြီး သေကျေဒဏ်ရာရမှု များပြားခဲ့ပြီးနောက်မှ စစ်သုံ့ပန်းပစ္စည်းများကို စုဆောင်းရမည့်အချိန် ရောက်လာမှကိုယ်ရံတော်တပ်ရင်းက ဂုဏ်ပြုမှုကို လာရောက်လုယူခြင်းမှာ အလွန်ပင် အရှက်မရှိသောလုပ်ရပ်ဖြစ် ပေသည်။
"တိုက်ပွဲအတွက် ပြင်ကြ"
ကိုယ်ရံတော်တပ်မှူးမှာ ဤဂုဏ်ပြုမှုကို ရယူရန် ဆုံးဖြတ်ထားသဖြင့် တိုက်ခိုက်ရေးအမိန့်ကို ချက်ချင်း ထုတ်ပြန်လိုက်၏။
"ငါ နောက်ဆုံးအကြိမ် သတိပေးမယ်၊ အဝေးကို သွားလိုက်ကြတော့၊ ဒါမှမဟုတ်ရင်"
"ဒါမှမဟုတ်ရင် ဘာဖြစ်မလဲ"
ဤအသံမှာ အလွန်အမင်း ကျယ်လောင်ခြင်း မရှိသော်လည်း ဖော်ပြ၍မရသောအရှိန်အဝါ တစ်ခု ပါရှိနေသည်။
၊ိ
ထိုအသံကို ကြားလိုက်ရသောအခါ ကိုယ်ရံတော်တပ်မှူး၏ မောက်မာသော အမူအရာမှာ တင်းကျပ်သော အတန်းပိုင်ဆရာနှင့် တွေ့လိုက်ရသည့် လူဆိုးကျောင်းသားလေးကဲ့သို့ ချက်ချင်းပင် ပျောက်ကွယ်သွား တော့သည်။ သူသည် ချက်ချင်းပင် စိတ်ဓာတ်ကျဆင်းသွားပြီး မောက်မာပြီး ရိုင်းစိုင်းသော အမူအရာမှာ မရှိတော့ဘဲ တစ်ကိုယ်လုံး အနည်းငယ် တုန်ရင်နေကာအလျင်အမြန်ရို သေစွာအလေးပြုလိာက်လေသည်။
"မင်းသား"
ကျင်းမင်းသားမှာကျူးယွမ်ကျန်း၏ တတိယမြောက် သားတော် ဖြစ်သည် ဖြစ်သည်။ သူသည် နယ်စပ်တွင် အကြာကြီး အခြေစိုက်နေခဲ့သူ ဖြစ်ပြီး ယန်မင်းသား၊ ချင်မင်းသားတို့နှင့်အတူ မြောက်ဘက် ခံစစ်ကြောင်းကို တည်ဆောက်ထားကာ မင်မင်းဆက်၏ မြောက်ဘက်နယ်စပ်ကို စောင့်ရှောက်နေသော အဓိက ပုဂ္ဂိုလ်ကြီး သုံးဦးအနက် တစ်ဦး ဖြစ်သည်။
မင်းသားမှာ အသက် ၃၀ မှ ၄၀ ကြား ဖြစ်ပြီး အမျိုးသားတစ်ဦး၏ အကောင်းဆုံး အချိန်တွင် ရှိနေ၏။ သူသည် တောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်၊ မြင့်မားသော နှာတံနှင့် သပ်ရပ်သော မုတ်ဆိတ်တိုများ ရှိပြီး ကျွမ်းကျင်ထက်မြက်မှုကို ပြသနေသည် ဖြစ်သည်။ သူ၏ အကြည့်မှာ ယုံကြည်မှုအပြည့် ရှိပြီး နှုတ်ခမ်းထောင့်မှ အပြုံးငယ်မှာ တည်ငြိမ်မှုနှင့် လေးနက်မှုကို ပိုမိုပေါ်လွင်စေသည် ဖြစ်သည်။
ငါသိသလောက်တော့ ယွမ်ချွမ်းခံတပ်က ဒီကို အရင်ဆုံး ချီတက်လာရမှာ မဟုတ်လား"
မင်းသားက လက်နှစ်ဖက်ကို နောက်ပစ်ကာ သူ၏ ကိုယ်ရံတော်ခေါင်းဆောင်ကို ပြုံးလျက် ကြည့်နေ၏။ သူသည် ထူးခြားသော လှုပ်ရှားမှု တစ်စုံတစ်ရာ မလုပ်သော်လည်း မမြင်နိုင်သော ဖိအားတစ်ခုမှာ လေထုအတွင်း ချက်ချင်းပင် ပျံ့နှံ့သွားသည်။
ကိုယ်ရံတော်တပ်ရင်းမှူး၏ ပါးပြင်ပေါ်မှ ချွေးစေးများမှာ စီးကျလာသော်လည်း သူသည် လုံးဝမလှုပ်ရှားရဲ ပေ။ သူ၏ ရှေ့တွင် ရပ်နေသူမှာ ကြင်နာတတ်သော မင်းသားတစ်ဦး မဟုတ်ဘဲ ရှေးဟောင်း လျှို့ဝှက်နယ်မြေတစ်ခုမှ လွတ်မြောက်လာသည့် သားရဲကြီးတစ်ကောင် ဖြစ်နေသည့်အလား ခံစားနေရသည်။
"
ငါတို့ မင်စစ်တပ် စစ်သည်တွေဟာ စစ်မြေပြင် တိုက်ပွဲကနေတဆင့် စစ်သုံ့ပန်းပစ္စည်းတွေကို ရယူရမယ်။ တခြားသူတွေရဲ့ အောင်မြင်မှုကို လုယူတာဟာ စစ်သားတစ်ယောက်အတွက် စော်ကားမှုပဲ့"
မင်းသားက သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ လက်ကို ဝှေ့ယမ်းကာ တိကျပြတ်သားစွာပြောဆိုလိုက်သည်။
"ဒီတိုက်ပွဲမှာ မင်းတို့ဟာ ချပ်ဝတ်တန်ဆာတွေ ဝတ်ဆင်ပြီး မြားဒဏ်ရာတွေကို မကြောက်ဘဲ တိုက်ခိုက်ခဲ့တဲ့အတွက် ဆုလာဘ်အကြီးအကျယ် ရသင့်တယ်။ ဒါပေမဲ့ တိုက်ပွဲအတွင်းမှာ ဂုဏ်ပြုမှုကို လုယူဖို့ ကြိုးစားတာဟာ စစ်စည်းကမ်းကို ဖောက်ဖျက်တာပဲ။ မင်းတို့ရဲ့ ကောင်းမှုတွေဟာ အပြစ်တွေကို မဖုံးကွယ်နိုင်ဘူး။ မင်းတို့လည်း စစ်စည်းကမ်းတွေကို သိပြီးသားဆိုတော့ ဘယ်လို ပြစ်ဒဏ်မျိုး ခံရမယ်ဆိုတာ သိမှာပေါ့ မဟုတ်လား"
"တိုက်ပွဲမှာ ဂုဏ်ပြုမှု လုယူတဲ့သူဟာ ကြိမ်ဒဏ် အချက် ၆၀ ခံရပြီး ရာထူး တစ်ဆင့် လျှော့ချခံရမှာ ဖြစ်ပါတယ်"
"စစ်စည်းကမ်း ထိန်းသိမ်းရေးဌာနကို ကိုယ့်ဘာသာ သွားပြီး ကြိမ်ဒဏ်
အချက် ၆၀ ခံယူချေ"
"အမိန့်တော်အတိုင်းပါ"
ကိုယ်ရံတော်တပ်ရင်း တစ်ခုလုံးမှ အရာရှိများနှင့် စစ်သည်များမှာ စိတ်ပျက်လက်ပျက်ဖြင့် ဘေးသို့ ဆုတ်သွားကြ၏။
"ဒီတိုက်ပွဲမှာ ယွမ်ချွမ်းခံတပ်ဟာ အထီးကျန်စစ်တပ် အနေနဲ့ မြို့ကို ကာကွယ်ပြီး ရန်သူကို ကြံ့ကြံ့ခံ တားဆီးနိုင်ခဲ့တဲ့အတွက် ကြီးမားတဲ့ ဂုဏ်ပြုမှု ရထိုက်တယ်"
ကျင်းမင်းသားက ချီးမွမ်းစကား အနည်းငယ် ပြောကြားပြီးနောက် တပ်မှူးချန်ကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်၏။
"တပ်မှူးဟူချန်"
"ရှိပါတယ်မင်းသား"
"မင်းက ရဲစွမ်းသတ္တိ ရှိပြီး တိုက်ခိုက်ရေးမှာ ကျွမ်းကျင်တယ်။ ဒဏ်ရာ အပြင်းအထန် ရထားပေမဲ့လည်း နောက်မဆုတ်ဘဲ အသေခံ တိုက်ခိုက်ခဲ့တယ်။ ဒီတိုက်ပွဲအတွက် မင်းက အမြင့်ဆုံး ဂုဏ်ပြုမှုကို ရထိုက်သူပဲ့"
မင်းသားက ပြုံးလျက် တပ်မှူးချန်ကို ကြည့်ကာ အမိန့်ထုတ်ပြန်လိုက်၏။
"ယွမ်ချွမ်းခံတပ်ကိုဒု_တပ်မအဖြစ် ရာထူးတိုးမြှင့်ပြီး တပ်မှူးကိုစတုတ္ထအဆင့် တပ်မှူး အဆင့်အတန်း သတ်မှတ်ပေးလိုက်တယ်"
ပဥ္စမအဆင့် တပ်မှူးဘဝမှ စတုတ္ထအဆင့် ဒု-တပ်မှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရခြင်းမှာ တပ်ရင်းအဆင့်မှ ဒု-တပ်မအဆင့်သို့ တိုးမြှင့်ခံရကာ တပ်မအဆင့် ခံစားခွင့်များ ရရှိခြင်းနှင့် ညီမျှ၏။
မင်မင်းဆက် စနစ်အရ ပဥ္စမအဆင့်မှ စတုတ္ထအဆင့်သို့ တိုးမြှင့်ခြင်းမှာ ရိုးရှင်းသော ရာထူးတိုးခြင်း မဟုတ်ဘဲ အလွန်ပင် အရေးပါသည့်ရာထူးတိုးခြင်းဖြစ်သည်။ ဤသည်မှာ တပ်မှူးချန်သည် စစ်ဗိုလ်ချုပ် အဆင့်အတန်းရှိသော အရာရှိတစ်ဦး ဖြစ်လာခြင်းပင် ဖြစ်သည်။
တပ်မှူးချန်မှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေပြီး စစ်သားပီပီ အလေးပြုကာ
"ရာထူးတိုးမြှင့်ပေးတဲ့အတွက် မင်းသားကို ကျေးဇူးတင်ပါတယ်" ဟု ပြောဆိုလိုက်၏။
"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး"
ကျင်းမင်းသားက ခပ်အေးအေးပင်ပြန် ပြောလိုက်၏။
"မင်းရဲ့ ဂုဏ်ပြုမှုဟာ သွေးနဲ့ ချွေး၊ ဓားနဲ့ လှံတွေနဲ့ ရင်းပြီး ရယူခဲ့တာ ဖြစ်တယ်။ မင်းနဲ့ ထိုက်တန်တာကို မင်းရတာ ဖြစ်ပြီး ဘယ်သူမှ လုယူလို့ မရဘူး"
ဤသို့ ပြောပြီးနောက် မင်းသားသည် တပ်မှူးချန်ကို ဆက်မကြည့်တော့ပေ။ ထိုအစား သူသည် ယွမ်ချွမ်းခံတပ် စစ်သည်များဘက်သို့ လှည့်ကာ ကြင်နာသော မျက်နှာထားဖြင့် ကြည့်လိုက်ပြီးဘေးနားရှိ ရွှေငွေရတနာ ပုံကြီးကို အုတ်ခဲ ကျောက်ခဲများကဲ့သို့ပင် သဘောထားကာ
"ယွမ်ချွမ်းခံတပ်က ညီအစ်ကိုတို့၊ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ကြီးမားတဲ့ ဂုဏ်ပြုမှု ရရှိခဲ့ပြီ။ ဒီပစ္စည်းတွေ အားလုံးက မင်းတို့ပိုင်တာပဲ" ဟု ပြောဆိုလိုက်၏။
ကျင်းမင်းသားသည် သူ၏ စစ်တပ်ကို တင်းကျပ်သော စည်းကမ်းများဖြင့် အုပ်ချုပ်ပြီး ဆုပေးဒဏ်ပေး ရှင်းလင်းမှုကို အလေးထားကာ ရက်ရောသော ဆုလာဘ်နှင့် ပြင်းထန်သော ပြစ်ဒဏ်ဟူသည့် မူဝါဒကို အမြဲ ကိုင်စွဲထားသူ ဖြစ်သည်။
ထို့ကြောင့်လည်းသူသည်ဤမျှ များပြားလှသော ရတနာပုံကြီးကို သူသည် မျက်တောင်တစ်ခတ်မျှပင် မခတ်ဘဲစစ်သည်မျအား ပေးသနားလိုက်ခြင်းဖြစ်သည်။
ရှည်လျားပြီး ရက်စက်သော တိုက်ပွဲအပြီးတွင် ယွမ်ချွမ်းခံတပ် စစ်သည်များမှာ အလွန်ပင် မောပန်းနေကြပြီ ဖြစ်သည်။ ဤကဲ့သို့ ရက်ရောသော ဆုလာဘ်များကြောင့် ၎င်းတို့မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး
"ရက်ရောသော ဆုလာဘ်အတွက် မင်းသားမင်းမြတ်ကို ကျေးဇူးတင်ပါတယ်" ဟု တညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည်။
တပ်မှူးချန် တစ်ဦးတည်းသာလျှင် စကားတစ်ခွန်း ပြောချင်နေသည့်အလား တည်ငြိမ်သော မျက်နှာထား ရှိ နေ၏။
"တပ်မှူးဟူချန်၊ မင်းရဲ့ မျက်နှာထားကို ကြည့်ရတာ ဒီမင်းသားရဲ့ ဆုလာဘ်က နည်းလွန်းလို့ မကျေနပ်တာလား"
ထိုစကားကိုပြောလိုက်သောကျင်းမင်းသား၏ လေသံမှာ သိသာထင်ရှားစွမကျေနပ်မှုများဖြင့်ခက်ထန် နေ၏။
"နိုင်ငံတော်အတွက် ရန်သူတွေကို သတ်ဖြတ်တာဟာ ကျွန်တော်တို့ စစ်သားတွေရဲ့ တာဝန် ဖြစ်ပါတယ်။ ကျွန်တော် ဟူချန်အနေနဲ့ ဆုလာဘ်ရဲ့ ရက်ရောမှုကို ဘယ်လိုလုပ် အပြစ်ပြောရဲပါ့မလဲ။ ဒါပေမဲ့ ကျွန်တော် နားမလည်တဲ့ ကိစ္စတစ်ခု ရှိနေလို့ပါ..."
"အဲဒါ ဘာလဲ။ ပြောစမ်း"
………