အခန်း (၃၃-၃၄)
Vol. 3 Ch. 33-34
အခန်း ၃၃ - နှလုံးသားကို ဖြတ်တောက်ခြင်း
မွန်ဂိုတပ်မတော်ဟာ ကာကွယ်ရေးစည်း နှစ်ခုကို ဆက်တိုက်ဖောက်ထွင်းပြီး ခရိုင်မြို့လေးကို တိုက်ရိုက်တိုက်ခိုက်လာခဲ့သည့်အတွက်ပွင့်လင်းရိုးသားတဲ့ စစ်သည်တော်တစ်ဦးဖြစ်သူ တပ်မှူးချန်က မိမိစိတ်ထဲရှိတဲ့အတိုင်း အပြင်ဘက်ကာကွယ်ရေးတပ်တွေဟာ ကြိုတင်ပြီး ဘာမှ သတိမထားမိခဲ့ကြဘူးလားဟု မေးမြန်းလိုက်၏။
မွန်ဂိုတို့နှင့် မင်မင်းဆက်တို့ကြား စစ်ပွဲဖြစ်ပွားနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့်အပြင်၊ ဆောင်းရာသီနှင့် နွေဦးရာသီတိုင်းတွင် မွန်ဂိုတို့က နယ်စပ်ဒေသများကို ကျူးကျော်လေ့ရှိ၏။ယခုတစ်ကြိမ်တွင် မွန်ဂိုတပ်မတော်က အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ပြီး မြို့ကိုပင် ဝိုင်းရံထားနိုင်ခြင်းမှာ အလွန်ပင် ပုံမှန်မဟုတ်သော အခြေအနေဖြစ်နေသည်။
မျှကြီးမားသော စစ်ဆင်ရေးကို နယ်စပ်တွင် တပ်စွဲထားသော မင်တပ်မတော်က ကြိုတင်သတိမပြုမိဘဲ နေခဲ့သည်ဆိုခြင်းမှာ မဖြစ်နိုင်သော အရာတစ်ခုသာ ဖြစ်သည်။
တာတာစစ်သားများက အငိုက်ဖမ်းတိုက်ခိုက်ခဲ့သော်လည်းသူတို့သည် နတ်စစ်သည်များ မဟုတ်ကြသည့်အတွက် ကာကွယ်ရေးစည်း နှစ်ခုကို ကျော်ဖြတ်ကာ ပျံသန်းလာနိုင်မည်တော့ မဟုတ်ပေ။
မွန်ဂိုတပ်မတော်က မြို့ကို ဝိုင်းရံထားစဉ်အတွင်း ယွန်းချွမ်းခံတပ်မှ စစ်သည်များ အကျအဆုံးများပြားခဲ့ပြီး၊ အထူးသဖြင့် နောက်ဆုံးအဆင့် လမ်းပေါ် တိုက်ပွဲများတွင် အပြစ်မဲ့ပြည်သူအများအပြားကို တာတာစစ်သားများက သတ်ဖြတ်ခဲ့သည့်အတွက် တပ်မှူးချန်သည် ကြားထဲမှာဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သိချင်နေ၏။
ကျင်းမင်းသား၏ အကြည့်များမှာ လူတစ်ဦး၏ အတွင်းစိတ်ကို ထိုးဖောက်မြင်နိုင်သော မှော်ဆန်သည့် စွမ်းအားရှိပုံရပြီး တပ်မှူးချန်၏ စိတထဲမှ အတွေးကို သိမြင်သွားကာတင်းမာစွာမေးမြန်းလိုက်သည်။
“မွန်ဂိုစစ်သားတွေကို လုယက်ခွင့်ပေးဖို့အတွက် ဒီမင်းသားက နယ်စပ်တံခါးကို တိတ်တဆိတ် ဖွင့်ပေးခဲ့တယ်လို့ မင်းက သံသယဝင်နေတာလား”
“ကျွန် တော်မျိုးဟူချန် မဝံ့ရဲပါဘူး၊ ဒါပေမဲ့ ညီအစ်ကိုတွေ အများကြီး သေကြေဒဏ်ရာရခဲ့ကြတဲ့အတွက် သူတို့ကို ရှင်းပြချက်တစ်ခု ပေးရပါလိမ့်မယ်” ဟု ကျင်းမင်းသားအားပြန် လျှောက်တင်လိုက်၏။
“မွန်ဂိုစစ်သားတွေဟာ နယ်စပ်ကို ထပ်တလဲလဲ နှောင့်ယှက်ခဲ့ကြပေမဲ့၊ အကြိမ်တိုင်းမှာ သူတို့ကို မောင်းထုတ်ရုံပဲ တတ်နိုင်ခဲ့ပြီး ဒါဟာ သူတို့ရဲ့ အခြေခံအင်အားကို မထိခိုက်စေခဲ့ဘူး”
ကျင်းမင်းသားက တပ်မှူးချန်အား သူ၏ စစ်ဗျူဟာကို စိတ်ရှည်စွာ ရှင်းပြလိုက်၏။
“မြို့ကို သားကောင်အဖြစ် အသုံးချပြီး သူတို့ကို ကျူးကျော်လာအောင် မြှူဆွယ်ပြီးအားလုံးကို တစ်ပြိုင်နက်တည်း ချေမှုန်းပစ်ဖို့ကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်၊ ဒါမှသာ ရန်သူကို ခြောက်လှန့်နိုင်ပြီး မင်နိုင်ငံတော်ပိုင်နက်ကို နောက်နောင် ဘယ်တော့မှ မကျူးကျော်ဝံ့အောင် လုပ်နိုင်မှာ ဖြစ်တယ်”
ထိုစကားကို ကြားသောအခါ ဝူကျိရှန်းသည် ပင်ချက်ချင်း မှင်တက်သွားရပြီး၊ ဒါဟာ ရုတ်တရက်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမဟုတ်ဘဲ ကြိုတင်ကြံစည်ထားတဲ့ စစ်ပွဲဖြစ်တယ်ဆိုတာကို အမှန်တကယ် နားလည်သွားရ၏။
ကျင်းမင်းသားသည် မဟာတံတိုင်း တံခါးကို တမင်ဖွင့်ပေးခဲ့ပြီး နယ်မြို့လေးကို သားကောင်အဖြစ် အသုံးချကာ မွန်ဂိုမြင်းတပ်ကို ရန်သူ့နယ်မြေအတွင်း နက်နက်ရှိုင်းရှိုင်း ဝင်လာစေပြီးမှ သူတို့၏ ဆုတ်လမ်းကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
ခြုံငုံကြည့်လျှင် မဟာဗျူဟာမြောက် ရှုထောင့်မှသော်လည်းကောင်း၊ သတ်မှတ်ထားသော နည်းဗျူဟာအဆင့်အထိသော်လည်းကောင်း၊ ထိုသို့ စီစဉ်ဆောင်ရွက်မှုမှာ အပြစ်ပြောစရာမရှိဘဲ အလွန်ပင် လိမ္မာပါးနပ်လှသည်။
သို့သော်ထိုအရာသည် စစ်ပွဲဖြစ်ပြီးဂိမ်းတစ်ခု မဟုတ်ပေ။အလောင်းများ တောင်လိုပုံကာ သွေးချောင်းစီးခဲ့ရပြီး လူအများအပြား သေဆုံးခဲ့ရခြင်းမှာ ကျင်းမင်းသား၏ စစ်ဗျူဟာကို အကောင်အထည်ဖော်ရန်အတွက်သာ ဖြစ် နေခဲ့ရ၏။
ပိုမိုကြီးမားသော အောင်ပွဲနှင့် ပြောင်မြောက်သော ရလဒ်များ ရရှိရန်အတွက် ရန်သူကို တမင်အဝင်ခံခဲ့ခြင်းမှာ အလွန်ပင် ရက်စက်လွန်းသော စီမံချက်ဖြစ်နေသည်။
“ဒီမင်းသားက စစ်သည်တွေနဲ့ ပြည်သူ
တွေရဲ့ အသက်ကို တန်ဖိုးမထားဘူးလို့ မင်းထင်နေတာလား”
မိမိ၏စိတ်ထဲမှ အတွေးများကို ကျင်းမင်းသားချက်ချင်းမြင်သွားသည့်အတွက် တပ်မှူးချန်မှာ ချက်ချင်းပင် ချွေးစေးများ ထွက်လာပြီး၊ ချွေးများက အတွင်းခံအင်္ကျီအထိ စိုရွှဲသွား၏။
“ကျွန်တော်မျိုးဟူချန်အနေနဲ့ အရှင်မင်းသားကို မေးခွန်းထုတ်ဖို့ မဝံ့ရဲပါဘူး၊ ဒါပေမဲ့… ဒါပေမဲ့ ပြည်သူတွေ အများကြီး သေကြေဒဏ်ရာရခဲ့ကြလို့ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက အရမ်းကြီးမားလွန်းနေတယ်အရှင့်သား”
တပ်မှူးချန်က ခေါင်းငုံ့ကာ အားကိုးရာမဲ့စွာ ပြောလိုက်၏။ထိုစကားကို ကြားလျှင် ကျင်းမင်းသား၏ မျက်နှာတွင် ပြတ်သားပြီး ခိုင်မာသော အမူအရာတစ်ခု ပေါ်လာကာခက်ထန်စွာ ပြော လိုက်၏။
“ငါ့ရဲ့ ခမည်းတော် အင်ပါယာဘုရင်ကြီးဟာ တာတာတွေကို နှင်ထုတ်ပြီး တရုတ်ပြည်ကို ပြန်လည်ထူထောင်ကာ ငါတို့ရဲ့ ဘုန်းကြီးလှတဲ့ မင်နိုင်ငံတော်ကို တည်ထောင်ခဲ့တယ်"
" ဒါပေမဲ့ မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းပြီး နှစ်ပေါင်း ရာချီတဲ့ သမိုင်းကြောင်းရှိတဲ့ မွန်ဂိုတွေဟာ မြောက်ဘက်စားကျက်မြေတွေဆီကို ဝေးဝေးလံလံ ဆုတ်ခွာသွားခဲ့ရပေမဲ့၊ သူတို့ဟာ သေတောင် မတောင့်တင်းသေးတဲ့ ပုစွန်စုန်းလိုပဲ ဖြစ် နေတယ်"
"ထပ်တလဲလဲ လုပ်ဆောင်ခဲ့တဲ့ မြောက်ပိုင်းစစ်ဆင်ရေးတွေဟာ သူတို့ကို အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့ဘူး၊ မကြာသေးမီနှစ်တွေအတွင်း မွန်ဂိုမျိုးနွယ်စုတွေဟာ ငါတို့နယ်စပ်ကို ထပ်တလဲလဲ ကျူးကျော်ခဲ့ကြတယ်၊ သူတို့ နောက်တစ်ကြိမ် မကျူးကျော်နိုင်တော့အောင် ငါတို့က သူတို့ကို နာကျင်အောင် လုပ်ရမယ်”
ကျင်မင်းသား၏မျက်နှာ အမူအရာ အနည်းငယ် ပြေလျော့သွားသည်ကို မြင်သောအခါ တပ်မှူးချန်က
“လက်ချောင်းဆယ်ချောင်းကို ဒဏ်ရာရစေတာထက် လက်ချောင်းတစ်ချောင်းကို အပြတ်ချိုးလိုက်တာက ပိုကောင်းတယ်ဆိုတဲ့ မူကို ကျွန်တော်မျိုး နားလည်ပါတယ်၊ ဒါပေမဲ့ ဒီမြို့ထဲက ပြည်သူတွေမှာ ဘာအပြစ်ရှိလို့လဲ၊ မြို့ကျဆုံးသွားရင် လူပေါင်းထောင်ချီ သေဆုံးနိုင်သည်” ဟုတပ်မှူးချန်က ရဲဝံ့စွာ ပြန်မေးလိုက်သည်။
စစ်ပွဲဖြစ်ပြီဆိုရင် ဆင်းရဲဒုက္ခတွေကတော့ ရှောင်လွှဲလို့မရဘူး၊ ဒါပေမဲ့ ဒါဟာ လိုအပ်တဲ့ ပေးဆပ်မှု ဖြစ်တယ်” ဟု ကျင်းမင်းသားကပြန်ပြောလိုက်သည်။
ဤတိုက်ပွဲသည် ကြမ်းတမ်းပြီး သွေးထွက်သံယိုမှုများကာ ကြာရှည်ခဲ့သည်။ သစ္စာရှိသော ဝိညာဉ်ပေါင်းမည်မျှ ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ရပြီး ရဲစွမ်းသတ္တိရှိသော အရိုးပေါင်းမည်မျှ တိုင်းတပါးမြေတွင် မြှုပ်နှံခဲ့ရသနည်း။ ရေတွက်မရနိုင်သော အသက်လုတိုက်ပွဲများနှင့် သွေးစွန်းခဲ့သော ဓားချက်များမှာ ကျင်းမင်းသား၏ နှုတ်ဖျားတွင်တော့ ‘ပေးဆပ်မှု’ ဆိုတဲ့ စကားနှစ်လုံးထဲသာ ဖြစ်နေသည်။
စစ်ပွဲမှာ သေဆုံးမှုတွေ ရှိမှာကတော့ ရှောင်လွှဲလို့မရပေမဲ့ ဤပေးဆပ်မှုမှာ အလွန်ပင် ကြီးမားလွန်းနေသည်။
ဖြစ်နိုင်သည်မှာ ကျင်းမင်းသား၏ မျက်လုံးထဲတွင် ထိုစစ်သည်များနှင့် ပြည်သူများ၏ အကျအဆုံးများမှာ အရေးမပါသော ကိစ္စလေးများသာ ဖြစ်ပြီး ဂရုစိုက်နေရန်ပင် မထိုက်တန်ဟု မှတ်ယူထားပုံရ၏။
“တိုက်ပွဲအတွင်းမှာ မင်းက ရှေ့ကနေ ရဲရဲဝံ့ဝံ့ တိုက်ခိုက်နိုင်ခဲ့တယ်၊ မင်းရဲ့ ရဲစွမ်းသတ္တိကြောင့်ပဲ မင်းကို ရာထူးတိုးပေးဖို့ ဒီမင်းသားက ဆုံးဖြတ်ခဲ့တာဖြစ်တယ်၊ ဒါပေမဲ့ မင်းက အရမ်း စိတ်နှလုံး နူးညံ့လွန်းနေသည်”
ထိုသိုပြောရင်းကျင်းမင်းသားက ခါးမှဓားကို ဆွဲထုတ်လိုက်ပြီး ဓားသွားကို လက်ဖြင့် အသာအယာ ပွတ်သပ်ကာ ရုတ်တရက် တောက်လိုက်ရာ တိုးရှသောမြည်ဟီးသံတစ်ခု ထွက်ပေါ်လာပြီး ကြာရှည်စွာ ပဲ့တင်ထပ်နေ၏။
ဒီဓားကို ငါ့ရဲ့ ခမည်းတော် အင်ပါယာဘုရင်က ချီးမြှင့်ခဲ့တာဖြစ်ပြီး ‘နှလုံးသားဖြတ်’ လို့ အမည်ပေးထားတယ်၊ အခု အဲဒီဓားကို မင်းကို ငါပေးအပ်လိုက်မယ်၊ အကယ်၍ မင်းသာ မင်းရဲ့ နှလုံးသားထဲက တွယ်တာမှုတွေကို ဒီဓားနဲ့ ဖြတ်တောက်နိုင်မယ်ဆိုရင် မင်းဟာ နောင်တစ်ချိန်မှာ ကြီးကျယ်တဲ့ ပါရမီရှင်တစ်ဦး ဖြစ်လာမှာ အသေအချာပဲ့"
ဤနှလုံးသားဖြတ်ဓားမှာ ဆုလာဘ်တစ်ခုဖြစ်သလို ကျင်းမင်းသား၏ မျှော်လင့်ချက်လည်း ဖြစ်သည်။
မင်အင်ပါယာဘုရင်က ချီးမြှင့်ထားသော စစ်သုံးဓားကို ကျင်းမင်းသားက တပ်မှူးချန်အား ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ထိုကဲ့သို့သော ဆုလာဘ်မျိုးမှာ မည်သည့် ရာထူးတိုးမြှင့်ခြင်းထက်မဆို သာလွန်လှ၏။တပ်မှူးချန်သည် အင်ပါယာစစ်သုံးဓားကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်ထားပြီး ကမ္ဘာတစ်ခုလုံးကို ပိုင်ဆိုင်လိုက်ရသကဲ့သို့ ခံစားရကာ မျက်ရည်များပင် ဝဲလာပြီးခိုင်မာစွာဖြင့်လျှောက်တင်လိုက်သည်။
“အရှင်မင်းသားရဲ့ ကြီးမားလှတဲ့ ဆုလာဘ်အတွက် ကျွန်တော်မျိုးဟူချန်အနေနဲ့ ခန္ဓာကိုယ် မြေမှုန့်ဖြစ်သွားပါစေဦးတော့၊ အရှင်မင်းသားအတွက် အသက်ကို ပေးဆပ်သွားပါမည်”
တပ်မှူးချန်ကဲ့သို့သော ကြမ်းတမ်းသည့် ဗိုလ်ချုပ်တစ်ဦးကို စစ်သုံးဓားတစ်လက်တည်းဖြင့် ကျင်မင်းသားက သိမ်းသွင်းနိုင်ခဲ့သည့်အတွက် မိမိကိုယ်ကို ကျေနပ်နေသော်လည်း တည်ငြိမ်သောအသွင်ဖြင့်တပ်မှူးဟူချန်၏ ပခုံးကို ပုတ်ကာ ပြုံးလျက်
“အသက်ကို ပေးဆပ်မယ်ဟုတ်လား၊ ဒီမင်းသားက မင်းကို မသေစေချင်ပါဘူး၊ မင်းကို အသက်ရာကျော် ရှည်စေချင်သေးသည်၊ အော်… ဒါနဲ့…”
တစ်ခုခုကို သတိရသွားသကဲ့သို့ ကျင်းမင်းသားက ပြုံးလျက်
“အလွန်ဆုံး သုံးရက်အတွင်းမှာ မွန်ဂိုတပ်မတော်ရဲ့ ပင်မအင်အားစုတွေဟာ မဟာတံတိုင်းတံခါးကနေ စားကျက်မြေတွေဆီ ဆုတ်ခွာသွားကြလိမ့်မည်၊ ယန့်မင်းသား ကျူးတီရဲ့ တပ်ဖွဲ့တွေက အရှေ့ဘက်ကနေ ဝိုင်းထားပြီးပြီလို့သိရတယ်၊ ငါ့ရဲ့ စတုတ္ထမြောက်ညီမှာ စစ်ရေးကျွမ်းကျင်တဲ့ ရဲစွမ်းသတ္တိရှိတဲ့ ဗိုလ်ချုပ်တွေ အများကြီးရှိတယ်လို့ ကြားတယ်၊ အကယ်၍ သူ့တပ်တွေက ငါတို့ထက် အောင်မြင်မှုတွေ အရင်ဦးသွားရင် တတိယမြောက် နောင်တော်ဖြစ်တဲ့ ငါ့မှာ မျက်နှာပျက်စရာ ဖြစ်လာလိမ့်မယ်”
ယန့်မင်းသား ကျူးတီ၏ ကာကွယ်ရေးစည်းမှာ အရှေ့ဘက် မိုင် ၁၅၀ ခန့် (လီ ၃၀၀) အကွာတွင် ရှိသည်။ ယခုတစ်ကြိမ် မွန်ဂိုတပ်မတော် ကျူးကျော်မှုတွင် ယန့်မင်းသား ကျူးတီနှင့် ကျင်းမင်းသားတို့သည် အလယ်လမ်းနှင့် အပေါ်လမ်းကို ပေါင်းစပ်ကာ နှစ်ဖက်ညှပ်တိုက်ခိုက်မည်မှာ လုံးဝ ခန့်မှန်းရလွယ်သော ကိစ္စဖြစ်သည်။
ကျင်းမင်းသားက “တတိယမြောက်နောင်တော်” နှင့် “စတုတ္ထမြောက်ညီ” ဟု သုံးနှုန်းလိုက်၍ညီအစ်ကိုသံယောဇဉ် အလွန်နက်ရှိုင်းပုံ ပေါက်သော်လည်းဝူကျိရှန်းကတော့ မူမမှန်သောအငွေ့အသက်ကို ခံစားနေရ၏။
၎င်းမှာ ကျင်းမင်းသားသည် ယန့်မင်းသား ကျူးတီကို သူ၏ ဂုဏ်သိက္ခာအား လာရောက်ခွဲဝေယူခြင်းကို မလိုလားကြောင်း ထင်ရှားနေသည်။
ခေတ်ကို ဖြတ်သန်းလာသူတစ်ဦးအနေဖြင့် ဝူကျိရှန်းသည် ယန့်မင်းသား ကျူးတီမှာ အနာဂတ်တွင် ယုံလော့အင်ပါယာဘုရင် ဖြစ်လာမည့်သူဖြစ်ကြောင်း ကောင်းစွာ သိရှိထား၏။
သို့သော် ဤအချိန်တွင် ကျူးယွမ်ကျန်းသည် ကျန်းကျန်းမာမာ ရှိနေသေးသလို၊ အိမ်ရှေ့မင်းသား ကျူးပြန်ကလည်း သက်ရှိထင်ရှား ရှိနေသေးသည့်အတွက် ယန့်မင်းသား ကျူးတီမှာ အခြားရည်မှန်းချက်များကို ထုတ်ဖော်ဝံ့ခြင်း မရှိသေးပေ။
ရေရှည်ရှုထောင့်မှကြည့်လျှင် ဗိုလ်ချုပ်ဟူချန်သည် ကျင်းမင်းသားဘက်တွင် ရှိနေခြင်းမှာ မှားယွင်းသောရွေးချယ်မှုဖြစ်ပြီး ၎င်းမှာ ကောင်းသောကိစ္စ မဟုတ်ပေ။
သို့သော် ဗိုလ်ချုပ်ဟူချန်ကမူ ဤအရာကို လုံးဝ သတိမထားမိဘဲ ကျင်းမင်းသား၏ အသိအမှတ်ပြုမှုကိုသာ စိတ်လှုပ်ရှားနေပြီး
“ကျွန်တော်မျိုးဟူချန်အနေနဲ့ ရဲရဲဝံ့ဝံ့ ရှေ့တန်းကနေ ဦးဆောင်တိုက်ခိုက်ပြီး အရှင်မင်းသားရဲ့ ဂုဏ်သတင်းကို ဘယ်တော့မှ အညိုးနွမ်းခံမှာ မဟုတ်ပါဘူး” ဟုလျှောက်တင်လိုက်၏။
“ကောင်းသည်၊ အလွန်ကောင်းတယ်”
ထိုလျှောက်တင်မှုကိုကျင်းမင်းသားက အနည်းငယ် ချီးမွမ်းပြီးနောက် ပေါ့ပေါ့ပါးပါး လေသံဖြင့်
“မင်းရဲ့ တပ်တွေ ဒီနေရာမှာပဲ နားနားနေနေ နေကြ၊ မနက်ဖြန် မနက် မှာ ပင်မတပ်မတော်ကြီးနဲ့အတူ မြောက်ဘက်ကို ချီတက်ကြမယ်၊ ယောက်ျားကောင်းဆိုတာ သုံးပေရှည်တဲ့ ဓားကို ကိုင်စွဲပြီး မနှိုင်းယှဉ်နိုင်တဲ့ အောင်မြင်မှုတွေကို ရယူရမယ်၊ စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ကျက်သရေဆိုတာ မင်းတို့ဓားသွားရဲ့ အဖျားမှာ ရှိသည်၊ မင်း ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရတာကို ဒီမင်းသား မြင်ချင်တယ်”
………
အခန်း ၃၄ ကျွန်တော် အရာရှိ မလုပ်ချင်ဘူး
ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးကို ဖြတ်သန်းတိုက်ခတ်လာသော လေသည် မြေပြင်ပေါ်ရှိ နှင်းများကို လွင့်စင်စေပြီး လူ၏နှလုံးသားကို အေးချမ်းမှုဖြင့် တုန်လှုပ်စေသည် ။
မီးပုံများမှာ ပြင်းထန်စွာ တောက်လောင်နေပြီး ဝူကျိရှန်းသည် သူ၏မြင်းကုန်းနှီးပေါ်တွင် မှီလျက် မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်ထားသည် ။
သူ့ဘေးရှိ စစ်သည်များမှာမူ လုံးဝ အိပ်မပျော်ကြသေးဘဲ ယနေ့တိုက်ပွဲအကြောင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြ၏။
"ဒီတိုက်ပွဲက တကယ့်ကို အားရစရာကောင်းတယ်၊ တာတာစစ်သည်တွေက ငါတို့နဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး"
"မွန်ဂိုမြင်းစီးစစ်သည်တွေက အနိုင်မရနိုင်ဘူးလို့ ပြောကြပေမဲ့ ငါ့အမြင်မှာတော့ သာမန်ပါပဲ့ ၊ ငါတို့ မင်စစ်တပ်ရဲ့ မြှားတန်းတွေနဲ့ ရင်ဆိုင်ရတော့ သူတို့လည်း မြင်းပေါ်က ပြုတ်ကျတာပါပဲ့"
ယနေ့ အဆုံးအဖြတ်တိုက်ပွဲသည် ဂုဏ်ယူဖွယ်ရာ အောင်ပွဲတစ်ခုဖြစ်သည်။မွန်ဂိုစစ်တပ်၏ အဓိကအင်အားစုကို ချေမှုန်းနိုင်ခဲ့ရုံသာမက စစ်သုံ့ပန်းနှင့် လက်ရဖမ်းဆီးရမိသော ပစ္စည်းများစွာကိုလည်း ရရှိခဲ့ကြသည် ။
ကျင်းမင်းသားသည် ဆုလာဘ်များကို ပိုမိုရက်ရောစွာ ပေးသနားသဖြင့် ယွန်းချွမ်းတပ်စခန်းမှ စစ်သည်တိုင်းသည်လည်း များပြားလှစွာ သောဆုလာဘ်များကို ရရှိခဲ့ကြသည် ။လူတိုင်း ဆွေးနွေးနေကြစဉ် နောက်ဘက်မှ သံချပ်ကာပြားများ တိုက်မိသံနှင့်အတူ လေးလံသော ခြေသံများ ထွက် ပေါ်လာ၏။
လှည့်ကြည့်စရာပင် မလိုဘဲ ၎င်းမှာ တပ်မှူးချုပ်ချန်ဖြစ်ကြောင်း သိနိုင်ပသည် ၊ ညဘက်တွင် လေးလံသော သံချပ်ကာကို သူတစ်ဦးတည်းသာ ဝတ်ဆင်လေ့ရှိသည် ။တပ်မှူးချုပ်ချန်သည် သံချပ်ကာနှင့် လေးလံသော သံဦးထုပ်ကို အမြဲဝတ်ဆင်ထားပြီး ခါးတွင်ချိတ်ထားသော 'နှလုံးသားသတ်ဓား' သည်လည်း သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ ကိုယ်နှင့်မကွာ အမြဲရှိနေသည် ။
"ညမထွက်ရအချိန် ရောက်ပြီ"
တပ်မှူးချုပ်ဟူချန်၏ အေးစက်မာကြောသော အသံသည် မြက်ခင်းပြင်ရှိ ပြင်းထန်သော လေညင်းကဲ့သို့ပင် ခံစားချက်ကင်းမဲ့စွာ ထွက်ပေါ်လာ၏ ။
"လူတိုင်း ကိုယ့်တဲကိုပြန်ပြီး အနားယူကြပါ ၊ ဟိုဟိုဒီဒီ သွားလာနေတာ ဒါမှမဟုတ် ဆူညံသံလုပ်တဲ့သူတွေကို ကွပ်မျက်လိမ့်မည်"
"ကွပ်မျက်မည်" ဟူသော စကားလုံးသည် အိမ်ထဲမှ ဆွဲထုတ်လိုက်သော စတီးလ်ဓားတစ်လက်ကဲ့သို့ စူးရှအေးစက်လှပါသည် ။စကားပြောနေသော စစ်သည်များကို တဲများသို့ ပြန်ရန် တိုက်တွန်းပြီးနောက် တပ်မှူးချုပ်ချန်သည် ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့်
"နန်းတွင်းသမားတော်ဝူ ၊ ကျွန်ုပ်တဲကို လာခဲ့ပါ" ဟု ထပ်လောင်းပြောကြားလိုက်၏။
ရှေ့တန်းမှ ဦးဆောင်ခြင်းနှင့် ဆင်းရဲဒုက္ခကို အတူဝေမျှခြင်းသည် တပ်မှူးချုပ်ချန်၏ တပ်ကို ဦးဆောင်သော မူဝါဒပင်ဖြစ်သည် ။
သူ၏တဲကြီးသည် သာမန်စစ်သည်တစ်ဦး၏ တဲထက် အနည်းငယ် ပိုကျယ်သည်ကလွဲလျှင် မီးဖိုပင် မရှိဘဲ အပြင်ဘက်ထက် ပို၍ မနွေးထွေးပါ။
"ညီနောင် ဝူကျိရှန်း"
ဝူကျိရှန်းနှင့် နှစ်ယောက်တည်း ရှိချိန်တွင်သာ တပ်မှူးချုပ်ဟူချန်က ဤသို့ ခေါ်ဝေါ် လေ့ရှိ၏။
"ကျွန်ုပ် ကျင်းမင်းသားဆီကနေ စစ်အမိန့် ရရှိထားတယ်၊ စစ်တပ်က မနက်ဖြန် ပြန်ရမယ်။ မင်းမှာ ဘာအစီအစဉ်ရှိသလဲ"
ယနေ့ အဆုံးအဖြတ်တိုက်ပွဲတွင် မင်စစ်တပ်သည် ကြီးကျယ်သော အောင်ပွဲကို ရရှိခဲ့၏။ အရှိန်အဟုန်ကို အသုံးချပြီး ရန်သူကို ဆက်လက်လိုက်လံ တိုက်ခိုက်သင့်သော်လည်း အဘယ်ကြောင့် ရုတ်တရက် ပြန်လှည့်ရသနည်းဟု စဉ်းစားစရာဖြစ်နေသည်။
သံမဏိကဲ့သို့ ခိုင်မာသော တပ်မှူးချုပ်ဟူချန်၏ မျက်နှာပေါ်တွင် ခံစားချက်အရိပ်အယောင်တစ်ခု ပေါ်လာ၏။ သူသည် မတတ်သာသလို ခေါင်းကိုဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး ပြောလိုက်သည်။
"ငါတို့ ဆက်မတိုက်နိုင်တော့ပါဘူး ၊ တကယ်ကို ဆက်မတိုက်နိုင်တော့တာပါ ၊ ငါတို့စစ်တပ်က အနိုင်ရခဲ့ပေမဲ့ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက အရမ်းကြီးလွန်းပါတယ်"
ပြင်းထန်သောတိုက်ပွဲအတွင်း မင်စစ်တပ်စစ်သည်များ အသေအပျောက် များပြားခဲ့သည် ၊ တပ်မှူးချုပ်ဟူချန်၏ ဝါရင့်စစ်သည် ဆယ်ဦးတွင် တစ်ဦးသာ ကျန်ရှိ တော့၏။
စစ်သည်အသစ်အမြောက်အမြား ဖြည့်တင်းထားသော်လည်း သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ များစွာ ကျဆင်းသွားခဲ့ပြီဖြစ်သည်။ကြီးမားသော တိုက်ပွဲတစ်ခုသည် စစ်တပ်အတွင်းရှိ စစ်သည်များကို လုံးဝ အပြောင်းအလဲ ဖြစ်စေခဲ့၏၊ ဤအောင်ပွဲသည် လူ့အသက်ပေါင်းများစွာဖြင့်ထုဆစ် ပုံဖော်ထားခြင်း ဖြစ်သည် ။
"အရှေ့ဘက်ခြမ်းမှာ ယန့်မင်းသားက သူ့တပ်တွေကို ဦးဆောင်ပြီး ဆုတ်ခွာသွားပါပြီ ။ ငါတို့စစ်တပ်က မြက်ခင်းပြင်ထဲကို လီခြောက်ရာကျော် ကျူးကျော်ဝင်ရောက်ခဲ့ပြီးပြီ ၊ အမြန်မပြန်ရင် ငါတို့ကို မွန်ဂိုတွေက ဝိုင်းရံထားတာ ခံရနိုင်တယ်"
ဤတိုက်ပွဲကြီးကို ကျင်းမင်းသားနှင့် ယန့်မင်းသားတို့ ပူးပေါင်းစတင်ခဲ့ခြင်း ဖြစ်ပြီး အရှေ့နှင့် အနောက် နှစ်ဖက်စလုံးမှ တစ်ပြိုင်နက် စစ်ဆင်ရေးလုပ်ဆောင်ကာ အပြန်အလှန် အထောက်အကူပြုသော ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုပုံစံ ဖြစ်ပသည် ။
အနောက်ဘက်ခြမ်းမှ ကျင်းမင်းသားဦး ဆောင်သောတပ်များသည် လူသိရှင်ကြားနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး တောမီးကဲ့သို့ အားကောင်းသော အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးလာခဲ့ပါသည် ။သူ့၏ လုပ်ဆောင်မှုမှာ တားဆီး၍မရနိုင်ဟု ထင်ရသော်လည်းတိုက်ပွဲတွင် အထိအခိုက် များခဲ့သည် ။
အရှေ့ဘက်ခြမ်းမှ ယန့်မင်းသားသည်မူ လူမသိအောင် တိတ်တဆိတ်နှင့် ဂရုတစိုက်ရှိပြီး နက်ရှိုင်းစွာ စီစဉ်တတ်သူဖြစ်သည် ၊ ငြိမ်သက်နေသော ရေကန်ကဲ့သို့ တည်ငြိမ်သော အနေအထားကို ထိန်းသိမ်းထားနိုင်သူတစ်ဦးဖြစ်သည် ။ကောင်းမွန်သော ရလဒ်များကို မရရှိခဲ့သော်လည်း သူ၏ အင်အားကို များစွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
စစ်သည်များ၏ ရှေ့တွင် တပ်မှူးချုပ်ဟူချန်သည် စစ်သားတစ်ဦး၏ သံမဏိသွေး စိတ်ဓာတ်ကို အမြဲပြသလေ့ရှိသူဖြစ်သည် ။ယခု တဲကြီးအတွင်းတွင်မူ ဝူကျိရှန်းတစ်ဦးတည်းသာ ရှိနေသဖြင့် တပ်မှူးချုပ်ဟူချန်သည် သူ၏ မောပန်းမှုများကို မဖုံးကွယ်တော့ဘဲ ကုတင်ပေါ်တွင် နှုံးချိစွာ မှီလိုက်ပြီး ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားသည့် အသံဖြင့် မောလျစွာ ပြောလိုက်၏။
"ဘာပဲဖြစ်ဖြစ် တိုက်ပွဲကြီးကတော့ပြီးဆုံးသွားပါပြီ ။ မိုးလင်းရင် စစ်တပ်က ပြန်ရတော့မယ်၊ မင်းရဲ့ အစီအစဉ်က ဘာလဲ"
"ကျွန်ုပ်မှာ ဘာအစီအစဉ် ရှိမှာလဲ ၊ ပြန်ရောက်ရင် ဆေးခန်းကို ဆက်ဖွင့်ပြီး ပိုက်ဆံအနည်းငယ် ရှာရမှာပါပဲ"
"မင်းမှာ ဒီလောက်ကောင်းတဲ့ ဆေးပညာအရည်အချင်းတွေ ရှိနေတာကို ဆေးခန်းလေး တစ်ခုပဲ ဖွင့်ထားတာက တကယ့်ကို နှမြောစရာပါပဲ့"
တပ်မှူးချုပ်ဟူချန်သည် သူ၏ ရင်ခွင်ထဲမှ နှင်းကဲ့သို့ ဖြူဖွေးသော ပိုးပဝါတစ်ထည်ကို ထုတ်ယူပြီး 'နှလုံးသားသတ်ဓား' ကို အသေးစိတ် သုတ်နေရင်ရင်းဝူကျိရှန်းအားပြောလိုက်၏။
"
ငါ့နောက်ကို ဘာလို့ လိုက်မလာတာလဲ ၊ မင်းကို စည်းစိမ်ဥစ္စာတွေ ရမယ်လို့ ငါ အာမမခံနိုင်ပေမဲ့ အရာရှိရာထူးတစ်ခု ရဖို့ကတော့ ကျိန်းသေပေါက် လွယ်ကူပါလိမ့်မယ်"
တပ်မှူးချုပ်ဟူချန်သည် ယခုအခါ စတုတ္ထအဆင့် ဒုတိယစစ်သူကြီး ရာထူးကို ရရှိထားသူ ဖြစ်သည် ။
ဝူကျိရှန်းအတွက် ရာထူးအနည်းငယ် တိုးပေးရန်မှာ အလွန်လွယ်ကူသော ကိစ္စဖြစ်သည် ။ဝူကျိရှန်းသည်မူ စိတ်ဝင်စားမှု မရှိဘဲပြန်ပြောလိုက်သည်။
"ကျွန်ုပ်က အရမ်းပျင်းတဲ့လူပါ ၊ အရာရှိလုပ်ဖို့ မသင့်တော်ပါဘူး ၊ စစ်တပ်ဖြန့်ကြက်တဲ့ အကြောင်းတွေကိုလည်း ဘာမှမသိပါဘူး ။ သာမန်သမား တော်လေး တစ်ယောက်အဖြစ်ပဲ့ရိုးရိုးသားသား နေတာက ပိုကောင်းပါတယ်"
"စစ်ရေးကိစ္စတွေကို မသိတာက ဘာမှမဖြစ်ပါဘူး ၊ မင်းက ဆေးဘက်ဆိုင်ရာ အရာရှိ လုပ်လို့ရပါသည် ။ သုံးနှစ်အတွင်းမှာ မင်းကို သတ္တမအဆင့် ဆေးဘက်ဆိုင်ရာ အရာရှိ ရာထူးရအောင် ငါ အာမခံတယ်"
သတ္တမအဆင့် ဆေးဘက်ဆိုင်ရာ အရာရှိသည် အလွန်မမြင့်သော်လည်း ၎င်းသည် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဆင့်တူညီ လေသည် ။နန်းတွင်းစာမေးပွဲများမှတစ်ဆင့် အရာရှိလမ်းစဉ်ကို မလိုက်သော သာမန်လူများအတွက်မူ ဤသတ္တမအဆင့် ရာထူးသည် ထိပ်ဆုံးသို့ ခုန်တက်သွားခြင်းပင် ဖြစ်ပါသည် ။
"ကျွန်ုပ် လက်လျှော့လိုက်ပါတော့မယ်" ဟုပြောရင်း ဝူကျိရှန်းက ပျင်းကြောဆန့်ကာသမ်းဝေလိုက်၏။
"ကျွန်ုပ်က ခင်ဗျားနောက်ကို လိုက်ပြီး အလုပ်လုပ်ရင် ခင်ဗျားရဲ့ လက်အောက်ငယ်သား ဖြစ်မသွားဘူးလား ။ အဲဒါက ဘယ်လောက်တောင် ပျင်းစရာကောင်းမလဲ ၊ အခုလိုပဲ့ သူငယ်ချင်းတွေအဖြစ် နေကြတာက ပိုကောင်းပါတယ်"
ထိုစကားကို ကြားသောအခါ ဗိုလ်ချုပ်ဟူချန်က ကျယ်လောင်စွာ ရယ်မောလိုက်၏ ။
"မင်းကတော့ ရည်မှန်းချက် မရှိတဲ့ကောင်ပဲ ၊ အရာရှိတောင် မလုပ်ချင်ဘူး ၊ ငါ့ရဲ့ စေတနာတွေကို အလဟသ ဖြစ်စေတာပဲ့။ ဒါပေမဲ့ ဒီကိစ္စက အတင်းအကျပ် လုပ်လို့မရတဲ့အတွက် ငါတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးကိုပဲ ဆက်ထိန်းထားကြတာပေါ့"
"ဒီတစ်ခေါက် မင်း ငါတို့စစ်တပ်နဲ့အတူ တံတိုင်းကြီးရဲ့ အပြင်ဘက်ကို လိုက်ပါလာပြီး ညီနောင်များစွာကို ကုသပေးခဲ့တာကြောင့် မင်းမှာ နှစ်သစ်ကူးတောင် ကောင်းကောင်း မရှိခဲ့ဘူး ။ ဒါတောင် ငါက ထိုက်တန်တဲ့ ကျေးဇူးတင်စကား လက်ဆောင်တစ်ခုတောင် မပေးနိုင်ခဲ့ဘူး"
ဝူကျိရှန်းဟူသောစစ်မြေပြင်သမားတော်မှာ တပ်မှူးချုပ်ဟူချန်က ခေတ္တခေါ်ယူထားခြင်းသာ ဖြစ်ပြီး သူ၏အမည်မှာ စစ်တပ်စာရင်းတွင်ပင် မရှိပေ။အခြားစစ်သည်များမှာ ဆုလာဘ်များ ရရှိနိုင်သော်လည်း ဝူကျိရှန်းမှာမူ မရရှိခဲ့ ချေ။
တပ်မှူးချုပ်ဟူချန်သည် ငွေကြေးကို အမြဲတမ်း ဖုန်မှုန့်ကဲ့သို့ သဘောထားသူဖြစ်သည် ။ကျင်းမင်းသားက သူ့အား စည်းစိမ်ဥစ္စာများစွာ ဆုချခဲ့သော်လည်း ၎င်းတို့ကို သူ၏စစ်သည်များအား အမြဲဝေငှပေးလေ့ရှိသဖြင့် သူငယ်ချင်းဖြစ်သူအား ပေးရန် ထိုက်တန်သော လက်ဆောင်ပင် မရှိတော့ခြင်း ဖြစ်သည် ။
"ငါတို့ သူငယ်ချင်းဖြစ်ဖို့ သဘောတူထားပြီးမှတော့ သူငယ်ချင်းအချင်းချင်း အားနာစရာ မလိုပါဘူး ။ အချိန်တော်တော် နောက်ကျနေပြီ ၊ ကျွန်ုပ် ပြန်အိပ်ပါဦးမည်"
မြောက်ဘက်မှ တိုက်ခတ်လာသော အေးစက်သော လေသည် အသားညှီနံ့သင်းသင်းကို သယ်ဆောင်လာပြီး စစ်တပ်အလံများကို တဖျပ်ဖျပ် လွင့် နေစေသည် ။ခန္ဓာကိုယ်ပေါ်တွင် အေးမြသော မြူမှုန်များက ရေစက်ကလေးများအဖြစ် အေးစက်စွာ စုစည်းလာပြီး ပါးပြင်ပေါ်သို့ ဖြည်းညှင်းစွာ စီးကျလာ၏ ။
မသိလိုက်မသိဘာသာဖြင့် နက်ရှိုင်းသော ညဉ့်နက်ပိုင်းသည် မှိန်ဖျော့သော အပြာရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အဝေးရှိတောင်တန်းများနှင့် စစ်စခန်းကို လွှမ်းခြုံထားခဲ့သည် ။ညဉ့်မကုန်သေးသော်လည်း အရုဏ်ဦးသည် မဝေးတော့ပါ ။
ခရာမှုတ်သံသည် စူးရှစွာ ထွက်ပေါ်လာပြီး အိပ်ပျော်နေသော စစ်သည်များ နိုးလာကြကာ သစ်သားပန်းကန်များဖြင့်မနက်စာ အားရပါးရ စားသောက်ကြလိုက်ကြပြီးခရာမှုတ်သံ နောက်တစ်ကြိမ် ထွက်ပေါ်လာသောအခါ ဝူကျိရှန်းနှင့် ယွန်းချွမ်းတပ်စခန်းမှ စစ်သည်များသည် နဂါးနက်ကြီးတစ်ကောင်ကဲ့သို့ တန်းစီပြီး တောင်ဘက်သို့ ဦးတည်ထွက်ခွာလာကြသည်။
စတုတ္ထမြောက်နေ့ ညနေခင်းတွင် ကျင်းမင်းသား၏ အဓိကစစ်တပ်ကြီးသည် သူတို့၏ တပ်စခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည် ။
တပ်မှူးချုပ်ချန်သည် ယွန်းချွမ်းစစ်သည်များနှင့်အတူ တောင်ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး မဟာတံတိုင်းကြီး၏ တံခါးကို ဖြတ်ကျော်ကာ နောက်ထပ် တစ်ရက်ကြာ လမ်းလျှောက်ခဲ့ကြသည် ။
ယွန်းချွမ်းတပ်စခန်းတွင် တစ်ရက်နားပြီးနောက် ဝူကျိရှန်းသည် ခရိုင်မြို့ငယ်လေးသို့ ပြန်လည်ရောက်ရှိသွားသည်.။
………