← Chapters

အခန်း (၃၅-၃၆)

Vol. 3 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 3 Ch. 35-36

အခန်း (၃၅) သတင်းအစအနပင် မရခြင်း

စစ်ဘေးဒဏ်ကို ခံစားခဲ့ရသော မြို့ငယ်လေးမှာ ပျက်စီးလုနီးပါး ဖြစ်နေခဲ့သည် ။ နေရာအနှံ့တွင် အလောင်းများ ပြန့်ကျဲနေပြီး ကြောက်မက်ဖွယ်ကောင်းသော ပလိပ်ရောဂါကိုကာကွယ်ရန်အတွက် ထိုအလောင်းများကို လှည်းကြီးများပေါ်သို့တင်ဆောင်ကာ မြို့ပြင်သို့ထုတ်၍မီးသင်္ဂြိုဟ်ခဲ့ရသည် ။

မြို့အနီးအနားရှိလေထုထဲတွင် လူသားအသားများ လောင်ကျွမ်းသည့် အနံ့ဆိုးများ ပြည့်နှက်နေပြီး မီးခိုးပြာဖြူဖြူများသည် ကျဆင်းနေသော နှင်းများကဲ့သို့ လွင့်ပါးကျဆင်းလျက် စစ်ပွဲ၏ ပျက်စီးဆုံးရှုံးမှုကို တိတ်ဆိတ်စွာ ဖော်ပြနေခဲ့သည် ။

"သူ့ကို အခုထိ ရှာမတွေ့သေးဘူးလား"

ကျန်းစစ်ကောက မေးမြန်းသောအခါ အဘိုးအိုတင်က တိတ်ဆိတ်စွာ ခေါင်းညိတ်ပြခဲ့သည် ။

"ဒါဆို... ဒါဆို ငါတို့ ဆက်မရှာဘဲ ရပ်လိုက်ကြရင်ကော"

"ဘယ်လိုလုပ် ရပ်လိုက်လို့ ရမှာလဲ"

အဘိုးအိုတင်က အလွန်ပြတ်သားသော သဘောထားဖြင့် ပြောကြားလိုက်၏ ။

"သူက ကောင်းကောင်းမွန်မွန်နေတဲ့ လူတစ်ယောက်ပါ ၊ ပြီးတော့မှ ရုတ်တရက် အစအနမရှိ ပျောက်ကွယ်သွားတာ ၊ ငါ ဝူကျိရှန်းကို မဖြစ်မနေ ရှာရလိမ့်မယ်"

စစ်ပွဲပြီးဆုံးသည်မှာ ဆယ်ရက်ကျော် ကြာမြင့်သွားသော်လည်း ဝူကျိရှန်းမှာ အသက်ရှင်သည် သေသည်ပင် သတင်းအစအန မရဘဲ လေထဲတွင် အငွေ့ပျံသွားသကဲ့သို့ ဖြစ်နေခဲ့သည် ။

အဘိအိုတင်ကမူ ဝူကျိရှန်း အသက်ရှင်လျက်ရှိနေသေးသည်ဟု အခိုင်အမာ ယုံကြည်နေပြီး နေ့စဉ်နေ့တိုင်း နေရာအနှံ့တွင် ရှာဖွေကာ ညစာစားချိန်တိုင်းတွင်လည်း ဝူကျိရှန်းသည် အချိန်မရွေး ပြန်လာနိုင်သကဲ့သို့ ပန်းကန်နှင့် တူ နှစ်စုံစီကို ပြင်ဆင်ထားခဲ့သည် ။

သို့သော်လည်း ကျန်းစစ်‌ ကောကမူ ဝူကျိရှန်းသည် မည်သည့်အခါမျှ ပြန်လာတော့မည်မဟုတ်ကြောင်း ကောင်းစွာ သိရှိထားခဲ့သည် ။

တာတာစစ်သားများ မြို့ထဲသို့ ဝင်ရောက်လာသည့် ညတွင် ဝူကျိရှန်းကို တာတာစစ်သားအချို့ လိုက်လံဖမ်းဆီးနေသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ ရှိသဖြင့် သူသည် ကြောက်မက်ဖွယ်ကောင်းသော အဆုံးသတ်နှင့် ရင်ဆိုင်ခဲ့ရပြီးဖြစ်ကြောင်း မှန်းဆနိုင်ခဲ့သည် ။

အိမ်နီးနားချင်းများအားလုံးက ဝူကျိရှန်း ပြန်မလာနိုင်တော့ကြောင်း သိကြသော်လည်း အဘိုးအိုတင်သည် ထိုကဲ့သို့သော ထိုးနှက်ချက်ကို ခံနိုင်ရည်မရှိမည်ကို စိုးရိမ်သဖြင့် ထိုသတင်းကို ဖုံးကွယ်ထားကြသည် ။

သို့သော် အဘိုးအို တင်ကမူ ဝူကျိရှန်း အသက်ရှင်နေသေးသည်ဟု ခေါင်းမာစွာ ယုံကြည်နေပြီး အလောင်းကို မမြင်ရသရွေ့ ဆက်လက်ရှာဖွေနေမည် ဖြစ်သည် ။စစ်ပွဲကာလအတွင်း လူပေါင်းများစွာသည် အစအနမရှိ ပျောက်ဆုံးသွားကြပြီး အသက်ရှင်ခြင်း သေဆုံးခြင်းကို မသိရဘဲ ပျောက်ကွယ်သွားခြင်းမှာ ထူးဆန်းသည့် တော့ကိစ္စမဟုတ်ခဲ့ပေ ။

နောက်ရက်အနည်းငယ်အတွင်း အဘိုးအိုတင်သည် မြို့ငယ်လေး၏ နေရာတိုင်းတွင် ရှာဖွေခဲ့ပြီး လမ်းသွားလမ်းလာများကို ထပ်ခါတလဲလဲ မေးမြန်းခဲ့သော်လည်း နောက်ဆုံးအထိဘာမျှ ရှာမတွေ့ခဲ့‌ချေ။

"သူ့ကို အခုထိ ရှာမတွေ့သေးဘူးလား"

ချင်းချင်းက မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါင်းခါပြခဲ့သည်။

"ဒါဆိုရင် ထပ်သွားရှာဦး"

ဝူကျိရှန်းကို အခုထိ ရှာမတွေ့သေးသည့်အတွက်ကြောင့် ရွန့်၏ ဒေါသမှာ ပို၍ဆိုးရွားလာပြီး စိတ်ကြီးကာ စိတ်တိုတတ်သော မိန်းကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်လာခဲ့သည် ။

"လူတွေ ပိုလွှတ်လိုက် ၊ လူတွေကို ပိုပြီး ရှာခိုင်းလိုက်"

"မမလေး ၊ အိမ်တော်က အစေခံတွေအားလုံးကို ရှာဖို့ လွှတ်လိုက်ပြီးပါပြီ ၊ ဒါပေမဲ့ သူ့ကို ရှာမတွေ့နိုင်ဘူး ဖြစ်နေပါတယ်"

"နင်တို့ သေသေချာချာ မရှာကြလို့ ဖြစ်ရမယ်"

"ကျွန်မတို့ ရှာလို့ရတဲ့နေရာ မှန်သမျှ ရှာပြီးပါပြီ ၊ မြို့ပြင်က နှစ်အတော်ကြာ စွန့်ပစ်ထားတဲ့ အုတ်ဖိုတွေကိုတောင် အနှံ့အပြား ရှာခဲ့ပြီးပါပြီ"

ချင်းချင်းက သက်ပြင်းချရင်း ပြောခဲ့သည် ။

"အခုဆိုရင် လဝက်တောင် ရှိနေပါပြီ ၊ ကျွန်မ ခန့်မှန်းတာတော့ ဆရာဝူကအသက်လျက် မရှိတော့ဘူး ထင်ပါတယ်"

"နင် လျှောက်ပြောနေတာ ၊ နင် လျှောက်ပြောနေတာ ဆရာဝူက အသက်ရှင်နေသေးတာ သေချာတယ် ၊ သူ အသက်ရှင်နေတုန်းပဲ့"

ရွန့်က ခေါင်းမာစွာဖြင့် အော်ဟစ်ကာ စိုးရိမ်တကြီးဖြင့် တူညီသော စကားစုကိုသာ ထပ်ခါတလဲလဲပြောနေခဲ့သည် ။

"သူ အသက်ရှင်နေမှာပါ ၊ သူ အသက်ရှင်နေမှာပါ"

"သမီးလေးရယ် ၊ တို့တွေလည်း ဆရာဝူ အသက်ရှင်နေဖို့ မျှော်လင့်ပါတယ် ၊ ဒါပေမဲ့စစ်ပွဲဆိုတာ အန္တရာယ်များတယ် ၊ ဆရာဝူကတော့ အကြီးအကျယ် အန္တရာယ်ရှိနေလောက်ပြီ"

ရှန်က‌ တော်၏ လေသံမှာ အတတ်နိုင်ဆုံး နူးညံ့နေသော်လည်းထိုစကားသည် ရွန့်၏ စိတ်ကို ထိခိုက်သွားစေကာ မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့၏။လဝက်ကျော် ကုန်ဆုံးသွားခဲ့ပြီး နှစ်သစ်ကူးပွဲပင် ပြီးသွားခဲ့သော်လည်း ဝူကျ်ိရှန်း၏ သတင်းအစအနကို ရှာမတွေ့သေး ချေ။

ရွန့်သည် ထက်မြက်ပြီး အမြင်စူးရှသော မိန်းကလေးဖြစ်သည်၊ အမှန်စင်စစ် သူမသည် ဝူကျိရှန်းကို မည်သည့်အခါမျှ ထပ်တွေ့ရတော့မည်မဟုတ်ကြောင်း သိရှိထားသော်လည်း ထိုရက်စက်သော အမှန်တရားကို မယုံကြည်ချင်သလို လက်မခံချင်ဘဲ ဖြစ်နေခဲ့သည် ။

"အကယ်၍ သူ အသက်ရှင်နေမယ်ဆိုရင် သူ့ကို မြင်ချင်တယ် ၊ အကယ်၍ သူ သေသွားပြီဆိုရင်လည်း သူ့အလောင်းကို မြင်ချင်တယ်"

ထိုအချိန်တွင်ရွန့်သည် နူးညံ့သိမ်မွေ့သော ပုံစံမဟုတ်တော့ဘဲ အလွန်ပြတ်သားသောသူ ဖြစ်လာခဲ့သည် ။

"ကျွန်မတို့ ဆရဝူကို ရှာရမယ်"

ရွန့်သည် ဝူကျိရှန်းအပေါ် စိတ်ဝင်စားမှုရှိနေပြီဖြစ်ပြီး အသက်ကယ်တင်ပေးခဲ့သည့် အတွေ့အကြုံနှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် နက်နက်ရှိုင်းရှိုင်း ချစ်မိသွားခဲ့ပြီ ဖြစ်သည် ။ ဝူကျိရှန်း၏ အလောင်းကို သူမ ကိုယ်တိုင် မမြင်ရသရွေ့ သူမသည် ဆက်လက်ရှာဖွေနေမည် ဖြစ်သည် ။

ကံမကောင်းစွာဖြင့် အရာရာမှာ ရည်ရွယ်ထားသလို ဖြစ်မလာခဲ့ဘဲ နောက်ထပ် သုံးရက်ကြာ ထပ်မံရှာဖွေခဲ့သော်လည်းသတင်းအစအနမရရှိခဲ့ ပေပါ။ယခုရက်ပိုင်းတွင် ဝူကျိရှန်းကို ရှာမတွေ့သည့်အတွက်ကြောင့် ရွန့်သည် ပို၍ ပိန်ချုံးလာခဲ့၏။ သူမ၏ အိပ်မက်ထဲတွင်ပင်ဝူကျိရှန်း၏အရပ်ရှည်ရှည်နှင့် ထည်ဝါသော ပုံရိပ်ကို အမြဲတမ်း အိပ်မက်မက်နေပြီး နိုးလာချိန်တွင် အရာရာ ဆုံးရှုံးနေသည်ကိုသာ တွေ့ရ၏။

သူမသည် တိတ်တဆိတ် အကြိမ်ကြိမ် ငိုကြွေးခဲ့သည် ။လူသားများ အချင်းချင်း အသက်ပေးချစ်ကြသည့် ဤကမ္ဘာပေါ်ရှိ အချစ်ဆိုသည်မှာ ဘာများပါလိမ့် ။ သူမအနေဖြင့် အချစ်၏ ချိုမြိန်မှုကို မမြည်းစမ်းရသေးမီမှာပင် ထိုကဲ့သို့သော ထိုးနှက်ချက်ကို ခံစားခဲ့ရသည် ။ ရွန့်မှာ ကြောင်တောင်တောင် ပင်ဖြစ်နေခဲ့သည် ။

ရွန့်နှင့်အဘိုးအိုတင်တို့ ဝူကျိရှန်းအတွက် အလွန်ပူပန်နေချိန်တွင် တိတ်တဆိတ် ဝမ်းသာနေသူ တစ်ဦး ရှိနေခဲ့သည် ။စစ်ပွဲဖြစ်ပြီးကတည်းက အန်းမင်ဆေးခန်း၏ စီးပွားရေးမှာ ပိုမိုကောင်းမွန်လာခဲ့သည် ။

အဓိက အကြောင်းရင်းမှာ လမ်းတစ်ဖက်ရှိ ဝူဆေးခန်းမှာ ယခုထိ ပြန်မဖွင့်သေးခြင်းကြောင့် ဖြစ်သည် ။ ပြိုင်ဘက်မရှိတော့သဖြင့် နတ်ဆေးဆရာ ဆွန်းရှန်းရှန်းသည် နောက်ဆုံးတွင် အောင်နိုင်သူ ဖြစ်သွားခဲ့သည် ။နတ်ဆေးဆရာ ဆွန်းသည် တိတ်တဆိတ် စုံစမ်းကြည့်ရာမှ ဝူကျိရှန်းကို တာတာစစ်သားအချို့က ဓားများဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရှိခဲ့သည် ။

မွန်ဂိုစစ်သားများမှာ အလွန်ရက်စက်ကြသူများဖြစ်ရာ ထိုဝူကျိရှန်းသည် သူတို့၏ ဓားချက်အောက်တွင် ဝိညာဉ်ဖြစ်နေလောက်ပြီ ဖြစ်သည် ။

"မင်းရဲ့ ဆေးပညာက ဘယ်လောက်ပဲ တော်နေပါစေ ၊ အခုတော့ ဘာဖြစ်သွားပြီလဲ"

နတ်ဆေးဆရာ ဆွန်းသည် သူမြတ်နိုးသော မြေအိုးလေးကို ကိုင်ကာ လမ်းတစ်ဖက်ရှိ ဝူဆေးခန်း ဆိုင်းဘုတ်ကို မျက်စိမှေးကြည့်ရင်း လက်ဖက်ရည်ကို အေးအေးလူလူ သောက်ကာ စိတ်အခြေအနေကောင်းမွန်နေခဲ့သည် ။

"မင်း ခရိုင်ဝန်ရဲ့သမီးကိုတောင် ကုသ

နိုင်ခဲ့ပြီး အစိုးရရုံးရဲ့ ဂုဏ်သရေရှိ ဧည့်သည် ဖြစ်ခဲ့တယ်လို့ ငါ ကြားတယ် ၊ ဒါပေမဲ့ အခုတော့ ဘာဖြစ်သွားလဲ"

ဝူကျိရှန်း၏ ဆေးပညာမှာ မည်မျှပင် ထူးချွန်ပါစေ ၊ သူသည် တာတာစစ်သား၏ တိုက်ခိုက်မှုကို နောက်ဆုံးတွင် မခုခံနိုင်ခဲ့ပေ ။အခု မင်းက သေပြီးသား ဝိညာဉ်တစ်ခု ဖြစ်နေပြီ ၊ ငါ့ကို ဘယ်လို ပြိုင်နိုင်ဦးမှာလဲ ။

ဤခရိုင်မြို့ငယ်လေးတွင် နတ်ဆေးဆရာ ဆွန်းသည်လည်း အဆင့်အတန်းတစ်ခု ရှိသူဖြစ်သည် ။ အတိတ်က ဝူကျိရှန်းနှင့် ယှဉ်ပြိုင်စဉ်တွင် သူ အသုံးပြုခဲ့သော ကောက်ကျစ်သည့် နည်းလမ်းများကို ပြန်တွေးမိတိုင်း သူကိုယ်တိုင်ပင် ရှက်သလိုလို ဖြစ်မိသည် ။

သို့သော် ယခုအကြိမ်တွင် ဝူကျိရှန်းသည် တာတာစစ်သားများ လက်ချက်ဖြင့် သေဆုံးခဲ့ရသဖြင့် အမှန်တကယ်ပင် ကောင်းကင်ဘုံက သူ့ကို ကူညီနေခြင်း ဖြစ်သည်ဟုယုံကြည်နေမိ၏ ။

"

ကံကောင်းတဲ့သူက ကြိုးစားစရာ မလိုဘူး ၊ ကံမကောင်းတဲ့သူကတော့ မောဟိုက်နေအောင် လုပ်ရတယ်"

နတ်ဆေးဆရာ ဆွန်းသည် ပြဇာတ်ထဲမှ သီချင်းတစ်ပုဒ်ကို ဂုဏ်ယူစွာဖြင့် ညည်းဆိုရင်း ပို၍ ဘဝင်မြင့်နေခဲ့သည် ။

"နန်းတွင်းသမားတော် ဝူ ၊ အို... နန်းတွင်းသမားတော် ဝူ ၊ မင်းရဲ့ ထူးချွန်တဲ့ ဆေးပညာတွေရှိပေမဲ့ မင်းက ကံတိုပြီး ဘုန်းနည်းတဲ့ ကံကြမ္မာပဲ ပါလာခဲ့တယ် ၊ သက်တမ်းတိုတဲ့ ဝိညာဉ်ဖြစ်သွားရပြီ ၊ ဒါဟာ အမှန်တကယ်ပဲ ကံကြမ္မာပါပဲ"

မနက် (၅) နာရီမှ (၇) နာရီအတွင်း ဖြစ်သော မောက်အချိန်သို့ ရောက်သောအခါ နတ်ဆေးဆရာ ဆွန်းသည် အန်းမင်ဆေးခန်း၏ တံခါးကို ထုံးစံအတိုင်း ဖွင့်ခဲ့သည် ။ အချိန်အကြာကြီး စောင့်ဆိုင်းနေသော လူနာအုပ်ကြီးကို မမြင်သလို ဟန်ဆောင်ကာ တံခါးတွင် စာတစ်စောင်ကို ကပ်လိုက်၏။

"ဒီနေ့ကစပြီး ဆေးကုသခကို ထုံးစံအတိုင်း ကောက်ခံမှာဖြစ်ပြီး ဆေးဝါးဈေးနှုန်းတွေကို ၃၀ ရာခိုင်နှုန်း တိုးမြှင့်သွားမှာ ဖြစ်တယ်"

"နတ်ဆေးဆရာ ဆွန်း ၊ ခင်ဗျား ဆေးကုသခ မယူဘူးလို့ ပြောခဲ့တယ်မဟုတ်လား ၊ ဘာလို့ ဒီနေ့ ကောက်တာလဲ"

"အရင်က ဆေးဈေးနှုန်းတွေက သင့်တင့်ပါတယ်လို့ ခင်ဗျား ပြောခဲ့တယ် ၊ ဒါပေမဲ့ ဒီနေ့တော့ ၃၀ ရာခိုင်နှုန်း တိုးလိုက်ပြီ ၊ ဒါဟာ အဆမတန် ဈေးတင်တာပဲ့"

လူနာများ၏ ပြောဆိုများကို နတ်ဆေးဆရာ ဆွန်းက လုံးဝ ဂရုမစိုက်ခဲ့ပါ ။

"အရင်က ဆေးကုသခ မယူတာနဲ့ ဆေးဈေး သင့်တင့်အောင် ထားခဲ့တာက ဝူကျိရှန်းနဲ့ ပြိုင်ဆိုင်ဖို့အတွက်ပဲ့ ၊ အခု ဝူကျိရှန်း မရှိတော့ဘူးဆိုမှတော့ ငါက ပိုက်ဆံ ပိုကောက်မှာပေါ့"

ဒီလိုခေတ်ကြီးထဲမှာ ဘယ်သူက ပိုက်ဆံကို ငြင်းမှာလဲ ။ငါ ပိုက်ဆံ ပိုမကောက်ရင် ဘာစားပြီး ဘာသောက်ရမှာလဲ ။နတ်ဆေးဆရာဆိုတာ နတ်ဆေးဆရာရဲ့ ဈေးနှုန်း ရှိရမယ် ။ ရောဂါကုပြီး ပိုက်ဆံရှာတာက သဘာဝပဲ့ ။ အိတ်ထဲမှာ အကြွေစေ့ အနည်းငယ်ပဲရှိတဲ့ ထိုလူဆင်းရဲတွေကိုတော့ နတ်ဆေးဆရာ ဆွန်းက ဂရုမစိုက်နိုင် ချေ။

"ငါက ဆေးဆိုင်ဖွင့်ထားတာ ၊ ပရဟိတ လုပ်နေတာ မဟုတ်ဘူး ။ အကယ်၍ မင်းတို့ ဆေးကုဖို့ မတတ်နိုင်ရင် ကုမနေနဲ့တော့၊ ဘယ်သူမှ မင်းတို့ကို လာကုဖို့ အသနားခံမနေဘူး"

နတ်ဆေးဆရာ ဆွန်းက တရားမျှတဟန်ဖြင့် ပြောဆိုကာ ယင်ကောင်အုပ်ကို မောင်းထုတ်သကဲ့သို့ လက်ကို ယမ်းလိုက်သည် ။

"ဒီနေ့ကစပြီး အန်းမင်ဆေးခန်းမှာ ဆေးကုချင်တဲ့သူမှန်သမျှ အရင်ဆုံး ဆေးကုသခ ပေးဆောင်ရမယ် ၊ ပြီးမှ ကုသပေးမယ်"

သူ စကားပြောမဆုံးခင်မှာပင် နတ်ဆေးဆရာ ဆွန်းသည် သူ့ထံသို့ လျှောက်လာနေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို ရုတ်တရက်မြင်လိုက်ရ၏။ထိုသူမှာဝူကျိရှန်းဖြစ်နေခဲ့သည် ။

နတ်ဆေးဆရာ ဆွန်းသည် သူ မျက်စိမှားသည်ဟု ထင်ကာ မျက်လုံးများကို အမြန် ပွတ်၍ပြန်ကြည့်လိုက်ရာ

အမှန်တကယ်ပင် ဝူကျိရှန်း ဖြစ်နေခဲ့သည် ။

………

အခန်း (၃၆) ငရဲမင်း

လူနာများသည် ဝူကျိရှန်းကို မြင်သောအခါ သူတို့မိသားစုဝင်ကို တွေ့ရသကဲ့သို့ သူ့ထံသို့ အပြေးအလွှား သွားကြသည် ။

ခုနကစည်ကားနေခဲ့သော အန်းမင်ဆေးခန်းမှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီး နတ်ဆေးဆရာ ဆွန်းမှာ လည်းအလွန်အရှက်ရသွားခဲ့သည် ။

"နန်းတွင်းသမားတော် ဝူ ၊ မင်း ပြန်လာပြီလား၊ ဒီလဝက်လုံးလုံး ဘယ်တွေ ရောက်နေတာလဲ"

"ကျွန်တော် ကျင်းမင်းသားရဲ့ တပ်မတော်နောက်ကို လိုက်ပြီး တာတာစစ်သားတွေကို လိုက်လံနှိမ်နင်းရာမှာ ပါဝင်ခဲ့ပါတယ် ၊ မနေ့ညနှောင်းပိုင်းမှပဲ ပြန်ရောက်လာတာပါ"

ဝူဇီရှန်းက ပြန်လည်ဖြေကြားခဲ့သည် ။

မိဘကိုတွေ့သော ကလေးများကဲ့သို့ပင် လူနာများသည် ဝူကျိရှန်းအား တိုင်တန်းကြ‌ တော့၏။

"ဆရာဝူမရှိတာက ပြဿနာမဟုတ်ပေမဲ့ လမ်းတစ်ဖက်က အန်းမင်ဆေးခန်းက ချက်ချင်းဆိုသလို ဈေးတွေတက်လိုက်တာ ၊ ကျွန်တော်တို့ ဆင်းရဲသားတွေ ဆေးတောင် မဝယ်နိုင်တော့ဘူး"

ထိုအခါဝူကျိရှန်းက "သူများတွေ ဈေးတက်တာကိုတော့ မတတ်နိုင်ပါဘူး ၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဝူဆေးခန်းကတော့ အခမဲ့ ကုသပေးမှာဖြစ်ပြီး ဆေးဝါးတွေကိုလည်း မူလဈေးအတိုင်းပဲ ဆက်ရောင်းပေးမှာပါ"

ဝူကျိရှန်းသည် ဓားချက်အောက်တွင် ဝိညာဉ်ဖြစ်နေပြီဟု သူ ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ အကောင်းပကတိ ပြန်လည်ရောက်ရှိလာခဲ့၏။

နတ်ဆေးဆရာ ဆွန်းသည် စိတ်ပျက်နေသော်လည်း လက်ရှိအခြေအနေကို ရင်ဆိုင်ရမည်ဖြစ်သဖြင့် မူလစာတန်းကို ဖုံးအုပ်ကာ "ဆေးကုသခ အခမဲ့ ၊ ဆေးဝါးများ မူလဈေးအတိုင်း ရောင်းမည်" ဟု အမြန် ပြန်ရေးလိုက်ရသည် ။

ဝူကျိရှန်း ပြန်ရောက်လာပြီဖြစ်သောကြောင့် ပြိုင်ဆိုင်မှုမှာ ဆက်လက်ရှိနေဦးမည် ဖြစ်သည် ။သို့သော်လည်း အခွင့်ကောင်းယူကာ ဈေးတင်ခဲ့သည့် လုပ်ရပ်မှာ လူထုကို ဒေါသထွက်စေခဲ့ပြီးဖြစ်သဖြင့် သူသည် အကျပ်ရိုက်ခဲ့ရကာ လူနာအားလုံးမှာ လမ်းတစ်ဖက်ရှိ ဝူဆေးခန်းသို့ ပြေးသွားကြသည် ။

ဤမကောင်းသောအခြေအနေကို သူ မည်သို့ ပြန်လည်ကုစားရမည်နည်း ။

နတ်ဆေးဆရာ ဆွန်းသည် အခြေအနေကို ပြောင်းလဲရန် အသည်းအသန် စဉ်းစားနေစဉ်မှာပင် လမ်းထောင့်မှ မောင်းသံ ၊ ဗုံသံနှင့် ယမ်း ဖောက်သံများ ဆူညံစွာ ကြားလိုက်ရ၏။

အစပိုင်းတွင် သူဌေးကြီးတစ်ဦး မင်္ဂလာဆောင်သည် သို့မဟုတ် ပျော်ရွှင်စရာပွဲတစ်ခု ကျင်းပသည်ဟု သူ ထင်ခဲ့သော်လည်း မကြာမီမှာပင် သူ မှားသွားကြောင်း သိလိုက်ရသည် ။

တောက်ပသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် စစ်သားတစ်စု လျှောက်လာသည်ကို သူ မြင်လိုက်ရပြီး ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ဖြူဖျော့ကာ မုတ်ဆိတ်မွှေးမရှိဘဲ မကျက်သေးသော အမာရွတ်တစ်ခုရှိသည့် လူပုတိုတို ဝဝတစ်ဦးဖြစ်သည် ။ထိုသူမှာ ယွန်ချွမ်းတပ်စခန်းမှ ကြီးကြပ်ရေးမှူး

အထိန်းတော်ကောင်းဖြစ် နေပေသည် ။

အထိန်းတော်ကြီးကောင်းသည် ပြုံးရွှင်စွာဖြင့် ဝူကျိရှန်းကို လက်အုပ်ချီ နှုတ်ဆက်ကာ အားရပါးရ ရယ်မောရင်း ပြောကြားလိုက်၏။

"ဝူနတ်ဆေးဆရာဟာ မဟာတံတိုင်းရဲ့ အပြင်ဘက်အထိ စစ်တပ်နဲ့အတူ လိုက်ပါပြီး ကျွန်တော့်ရဲ့ ယွန်းချွမ်းတပ်စခန်းက စစ်သားပေါင်းများစွာကို ကယ်တင်ခဲ့ပါတယ် ၊ ညီအစ်ကိုတွေက ကျေးဇူးဘယ်လိုဆပ်ရမလဲ မသိတာနဲ့ ညလုံးပေါက် အလုပ်လုပ်ပြီး ဆိုင်းဘုတ်တစ်ခု လုပ်ခဲ့ကြပါတယ်"

မောင်းတီး ဗုံတီးပြီး ယမ်းတောင့်များ ဖောက်နေကြသည်မှာ မဆန်းပါ ၊အထိန်း‌တော် ကောင်းသည် ရွှေရောင်ဆိုင်းဘုတ်တစ်ခု လာရောက်ချီးမြှင့်ခြင်း ဖြစ်သည် ။ရောဂါပျောက်ကင်းပြီးနောက် လူနာများက ကျေးဇူးတင်လွှာအဖြစ် ဆိုင်းဘုတ်များ ပေးပို့ခြင်းမှာ မဆန်းပါ ၊ လမ်းတစ်ဖက်ရှိ အန်းမင်ဆေးခန်း၏ တံခါးအထက်တွင်ပင် "နတ်လက်များက နွေဦးကို ဆောင်ကြဉ်းပေးသည်" ဟု ရေးထားသော ဆိုင်းဘုတ်တစ်ခု ရှိသည် ။

မည်သည့်သမား တော်အတွက်မဆို လူနာက ပေးအပ်သော ဆိုင်းဘုတ်သည် ကြီးမြတ်သော ဂုဏ်ယူမှုနှင့် အသိအမှတ်ပြုမှု ဖြစ်သည် ။

ယေဘုယျအားဖြင့် နှစ်ပေါင်းများစွာ ဖွင့်လှစ်ထားသော ဆိုင်ကြီးများသာ ဆိုင်းဘုတ်များကို လက်ခံရရှိလေ့ရှိသည် ။ ဝူဆေးခန်းကဲ့သို့ ဖွင့်လှစ်သည်မှာ မကြာသေးသော နေရာတစ်ခုကို ဆိုင်းဘုတ်လာပေးခြင်းမှာ အလွန် ရှားပါးလှသောဖြစ်ရပ်တစ်ခုဖြစ်သည် ။

အကယ်၍ ဆိုင်းဘုတ်လာပေးသူများမှာ အထိန်းတော်နှင့် ယွန်းချွမ်းတပ်သားများ မဟုတ်ခဲ့ပါက လမ်းတစ်ဖက်ရှိ နတ်ဆေးဆရာ ဆွန်းသည် ဝူကျိရှန်းက သူ့ဘာသာသူ ဆိုင်းဘုတ်လုပ်ကာ လူငှားပြီး ဟန်ရေးပြနေသည်ဟု ဧကန်မုချ ထင်မိလိမ့်မည် ဖြစ်သည် ။

"ညီအစ်ကိုတို့ ၊ ရွှေရောင်ဆိုင်းဘုတ်ကို ရှေ့ကို ယူလာခဲ့ကြ"

အထိန်းတော်‌ ကောင်း၏ အမိန့်ပေးသံနှင့်အတူ ယွန်းချွမ်းတပ်မှ ဝါရင့်စစ်သားအချို့သည် အနီရောင် ပိုးထည်ဖြင့် ဖုံးအုပ်ထားသော ခုနစ်ပေရှည်သည့် ရွှေရောင်ဆိုင်းဘုတ်ကြီးကို ထမ်းလာကြသည် ။

"ဝူနတ်ဆေးဆရာ ၊ ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးပါဦး"

ဝူကျိရှန်းကိုယ်တိုင် အနီရောင် ပိုးထည်ကို ဖယ်ရှားလိုက်သောအခါ ဆိုင်းဘုတ်ပေါ်ရှိ ရွှေရောင်စာလုံး သုံးလုံးကို မြင်လိုက်ရသဖြင့် မှင်တက်သွားခဲ့သည်။

"ငရဲမင်း"

ဆေးခန်းနှင့် ဆေးဆိုင် အတော်များများမှာ လူနာများထံမှ "နတ်လက်များက နွေဦးကို ဆောင်ကြဉ်းသည်" သို့မဟုတ် "ဆေးပညာရှင်ကြီး" အစရှိသော စာသားများပါသည့် ဆိုင်းဘုတ်များကို ရရှိလေ့ရှိသည် ။ "ငရဲမင်း" ဆိုသည့် စာလုံးသုံးလုံးမှာ အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ကောင်းပြီး အနည်းငယ် ချဲ့ကားထားသကဲ့သို့ ဖြစ်နေခဲ့သည် ။

"ချဲ့ကားထားတာလား ၊ ကျွန်တော်ကတော့ ဒါဟာ အလွန်ကို ကိုက်ညီတယ်လို့ ထင်ပါတယ်"

အထိန်းတော်‌ ကောင်းက ပြုံးလျက် ရှင်းပြခဲ့သည် ။

"မြို့သိမ်းတိုက်ပွဲကနေ မဟာတံတိုင်းအပြင်ဘက်က အဆုံးအဖြတ်တိုက်ပွဲအထိ ဝူနတ်ဆေးဆရာဟာ ကျွန်တော့်ရဲ့ ယွန်းချွမ်းတပ်နဲ့အတူ သေအတူရှင်မတူ ဖြတ်သန်းခဲ့ပါတယ် ၊ ဒီရက်ပိုင်းအတွင်းမှာတင် ညီအစ်ကို နှစ်ရာကျော်ဟာ မင်းရဲ့လက်ထဲမှာ ကုသမှု ခံယူခဲ့ရပါတယ် ၊ မင်းဟာ လူသေကို ပြန်ရှင်စေနိုင်ပြီး အရိုးတွေကို ပြန်ဆက်ပေးနိုင်တယ် ၊ ငရဲလမ်းက ဝိညာဉ်တွေကို ကယ်တင်နိုင်ပြီး မကျွတ်မလွတ်သေးတဲ့ တစ္ဆေတွေကို ကယ်ထုတ်ပေးနိုင်တယ်လို့ ညီအစ်ကိုတွေအားလုံးက ပြောနေကြပါတယ်"

"ရင်ထဲကလာတဲ့ စကားကို ပြောရရင်

ကျွန်တော်တို့ ဒီလောက် မြင့်မားတဲ့ ဆေးပညာကို မတွေ့ဖူးပါဘူး"

"ညီအစ်ကိုတွေ ပြောတာက သူတို့ ငရဲမင်းရဲ့ နန်းတော်ထဲ ရောက်နေရင်တောင် ဝူနတ်ဆေးဆရာသာ ရှိနေရင် သူတို့ လုံးဝ မသေနိုင်ဘူးလို့ ဆိုကြပါတယ်"

ဝူကျိရှန်းသည် ငရဲမင်းကိုပင် ယှဉ်ပြိုင်နိုင်ပြီး သေခြင်းတရား၏ ခြိမ်းခြောက်မှုတွင် နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည် ။ ဤသည်မှာ အကြွင်းမဲ့ မမှန်ကန်သော်လည်း ထိုစစ်သားများကမူ ၎င်းကို ယုံကြည်ခကြသည် ။

ဝူကျိရှန်း၏ ဆေးပညာမှာ အမှန်တကယ် ကောင်းမွန်သည် ၊ အထူးသဖြင့် ခွဲစိတ်မှုနှင့် အရေးပေါ် ကုသမှုများတွင် သူ၏ အရည်အချင်းမှာ မြင့်မားသည် ၊ သို့သော် "ငရဲမင်း" ဟူသော အကဲဖြတ်ချက်မှာမူ အလွန်ပင် ချဲ့ကားလွန်းနေခဲ့သည် ။

"ချဲ့ကားတာလား ၊ မဟုတ်တာ ဒီတစ်လောကလုံးမှာ မင်း ဝူကျိရှန်း တစ်ယောက်ပဲ ဒီဘွဲ့နာမည်နဲ့ ထိုက်တန်တာပါ"

"'ငရဲမင်း' ဆိုတဲ့ စာလုံးသုံးလုံးကို တပ်မှူးချုပ်ဟူချန်း ကိုယ်တိုင် ရေးပေးခဲ့တာပါ ၊ ယွန်းချွမ်းတပ်က ညီအစ်ကိုတွေက ညလုံးပေါက် လုပ်ခဲ့ကြတာပါ"

အထိန်း တော်ကောင်းက အခွင့်အာဏာအပြည့်ဖြင့် ရှင်းပြခဲ့သည် ။

"ညီအစ်ကိုတို့ ၊ ဆိုင်းဘုတ်ကို ချိတ်လိုက်ကြ"

မောင်းသံ ၊ နှဲသံများကြားတွင် "ငရဲမင်း" ရွှေရောင်ဆိုင်းဘုတ်ကြီးကို ဝူဆေးခန်း၏ တံခါးအထက်တွင် ချိတ်ဆွဲလိုက်ရာ နေရောင်အောက်တွင် တလက်လက် တောက်ပနေခဲ့သည် ။

"တပ်မှူးချုပ်ဟူချန်က ဒီရွှေရောင်ဆိုင်းဘုတ်ကို မင်းအတွက် ကိုယ်တိုင်လာချိတ်ပေးချင်တာ ၊ ဒါပေမဲ့ သူက စစ်ရေးကိစ္စတွေနဲ့ အရမ်းအလုပ်များနေလို့ မလာနိုင်ဘူး ၊ ဒါကြောင့် ကျွန်တော်တို့ကို လွှတ်လိုက်တာပါ" ဟု မိန်းမစိုး ကောင်းက ပြောကြားခဲ့သည် ။

တပ်မှူးချုပ်ဟူချန်၏ ခက်ထန်သော စစ်သားပုံစံနှင့် လုံးဝ မတူဘဲ အထိန်းတော်ကောင်းသည် အမြဲတမ်း ပြုံးနေကာ သူ့ကို "နတ်ဆေးဆရာ" ဟု ရင်းရင်းနှီးနှီး ခေါ်ဆိုခဲ့သည် ။

"အခုတစ်ခေါက် ကျွန်တော် လာတာက ရွှေရောင်ဆိုင်းဘုတ် လာပေးတာအပြင် မင်းအတွက် ကောင်းမွန်တဲ့ အနာဂတ်တစ်ခု ပေးချင်လို့လည်း ပါပါတယ်"

"ကျွန်တော် လာတုန်းက တပ်မှူးချုပ်ဟူချန်က သတင်းတစ်ခု ပါးလိုက်ပါတယ် ၊ အကယ်၍ မင်းသာ ကျွန်တော်တို့ရဲ့ ယွန်ချွမ်းတပ်ကို ဝင်မယ်ဆိုရင် မင်းအတွက် သတ္တမအဆင့် သမားတော်ရာထူးကို ဖယ်ထားပေးမယ်လို့ ပြောပါတယ်..."

တပ်မှူးချုပ်ဟူချန်သည် ဤအကြောင်းကို ဝူဇီရှန်းအား အရင်ကတည်းက ပြောဖူးသည် ၊ သူသည် လက်မလျှော့သေးပုံ ရသည် ။

"ကျွန်တော်က သဘာဝအတိုင်း ပျင်းရိတတ်သူ ဖြစ်လို့ စစ်တပ်ရဲ့ စည်းကမ်းတွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး ၊ တပ်မှူးချုပ် ဟူချန်နဲ့ ကြီးကြပ်ရေးမှူး ကောင်းတို့ရဲ့ စေတနာကိုပဲ ကျေးဇူးတင်ပါတယ်"

ဤသည်မှာ တပ်မှူးချုပ်ဟူချန်၏ ကမ်းလှမ်းမှုကို ဝူကျိရှန်းက ဒုတိယအကြိမ်မြောက် ငြင်းပယ်လိုက်ခြင်း ဖြစ်သည် ။ဝူကျိရှန်းသည် အရာရှိ မဖြစ်ချင်သည်မဟုတ်သော်လည်း ကျင်းမင်းသားနောက်ကို လိုက်ခြင်းမှာ အနာဂတ်မရှိကြောင်း သူ သိသည် ။

ကျူးယွမ်ကျန်း၏ သားအားလုံးထဲတွင် ယန့်မင်းသား ကျူးဒီ တစ်ဦးတည်းသာ ကျင်းနန်စစ်ပွဲကို ဆင်နွှဲပြီး ယုံလိုအင်ပါယာ ဖြစ်လာမည်ကို ဝူဇီရှန်း ကောင်းစွာ သိရှိထားသည် ။ အခြားမင်းသားများမှာမူ ကောင်းသော အဆုံးသတ် မရှိကြ ပေ ။

မင်မင်းဆက်တွင် အရာရှိလုပ်ရန်မှာ ထင်သလောက် မလွယ်ကူပါ ။

လစာနည်းပြီး ခံစားခွင့်နည်းသည်ကို ထားပါဦး ၊ အဆိုးရွားဆုံးမှာ နန်းတွင်းက အမှုကြီးများကို အကြိမ်ကြိမ် ဖော်ထုတ်လေ့ရှိပြီး ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းနှင့် အပေါင်းအပါများကို သတ်ဖြတ်ခြင်းများ မကြာခဏ ရှိတတ်သည် ။ စစ်တပ်အတွင်းရှိ ထူးချွန်သော အရာရှိများ ၊ ဝါရင့် ဗိုလ်ချုပ်များနှင့် နိုင်ငံတော်ကို တည်ထောင်ခဲ့သူများထဲတွင် မည်မျှလောက်က ကောင်းမွန်သော အဆုံးသတ် ရရှိခဲ့ကြပါသနည်း ။

ခေတ်ကျော် ရောက်ရှိလာသူ တစ်ဦးအနေဖြင့် ဝူကျိရှန်းသည် သမိုင်းကို သိထားသဖြင့် ကျူးယွမ်ကျန်း၏ အရာရှိများအပေါ် ထားရှိသော သဘောထားကို ကောင်းစွာ သိသူဖြစ်သည် ။သူသည် သူတို့နှင့်အတူ အရက်သောက်တတ်သော်လည်း ဓားနှင့်သတ်ရာတွင်မူ ကရုဏာမရှိပေ ။

အရာရှိရာထူး မြင့်လေလေ ၊ အန္တရာယ် ပိုများလေလေ ဖြစ်ပြီး တစ်နေ့တွင် အကြောင်းပြချက်မရှိဘဲ အပြစ်ပေးခံရနိုင်သည် ။စိုးရိမ်ထိတ်လန့်စွာဖြင့် အရာရှိ လုပ်နေရသည်ထက် ဤမြို့ငယ်လေးတွင် သာမန်သမားတော်တစ်ဦး လုပ်နေရခြင်းကပို၍ ကောင်းသည် ။

ရောဂါကုသရင်း အသက်ကယ်တင်ကာ ပိုက်ဆံလည်း သင့်တင့်စွာ ရရှိသည် ။

ပြီးလျှင် လမ်းတစ်ဖက်က နတ်ဆေးဆရာ ဆွန်းနှင့်လည်း အခါအားလျော်စွာ ပြိုင်ဆိုင်နိုင်သည် ။ သူသည် သက်တောင့်သက်သာနှင့် ပျော်ရွှင်စရာကောင်းသော ဘဝကို ပိုင်ဆိုင်ထားသဖြင့် သမားတော်အရာရှိ ဖြစ်ရန်မှာ အလွန် ပျင်းရိနေခဲ့သည် ။

"လူတိုင်းမှာ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ရှိကြတာပဲ ၊ အတင်းအကျပ် လုပ်လို့မကောင်းပါဘူး"

အထိန်းတော်ကောင်းအနည်းငယ် စိတ်ပျက်ဟန်ရှိသော်လည်း စိတ်မဆိုးခဲ့ပါ ။ ထိုအစား သူက အားရပါးရ ရယ်မောကာ ပြောကြားခဲ့သည် ။

"ဝူနတ်ဆေးဆရာက အရာရှိဘဝကို စိတ်မဝင်စားဘူးဆိုရင်လည်း ပြီးတာပါပဲဘ ၊ အားတဲ့အခါမျိုးမှာ ယွန်းချွမ်းတပ်ကို လာခဲ့ပါ ၊ ကျွန်တော်တို့နဲ့အတူ ဝိုင်သောက်ကြတာပေါ့"

……….

All Chapters