← Chapters

အခန်း (၃၉-၄၀)

Vol. 3 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 3 Ch. 39-40

## အခန်း ၃၉- တိတ်တဆိတ် ကတိသစ္စာပြုခြင်း

နောက်ဆုံးလူနာကို ပြန်လွှတ်ပြီးနောက်တွင် ရှုနာရီ (ည ၇ နာရီမှ ၉ နာရီ) အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကောင်းကင်ယံ၌ ပါးလွှာသော လခြမ်းကွေးလေးသည် စောင်းငဲ့စွာ ချိတ်ဆွဲထားပြီး သူ၏ ဝေဝါးသော လရောင်သည် ချစ်သူ၏ အပြုအစုကဲ့သို့ နူးညံ့စွာ ဖြာကျ နေခဲ့သည်။

တစ်နေကုန် အလုပ်ရှုပ်နေခဲ့သော ဝူကျိရှန်းသည် ဆေးခန်းတံခါးမကြီးကို ပိတ်ကာ တံခါးပေါက်ပျဉ်ချပ်များကို တပ်ဆင်ပြီး ထုံးစံအတိုင်း အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။သူလမ်းထောင့်သို့ အရောက်တွင်ပ တစ်စုံတစ်ယောက်သည် အရိပ်ထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး ဝူကျိရှန်းကို လန့်ဖျပ်သွားစေ၏။ထိုသူမှချင်းချင်းပင် ဖြစ်သည်။

“ချင်းချင်း၊ မင်းက”

ဝူကျိရှန်း စကားမဆုံးမီမှာပင် ချင်းချင်းသည် အပြစ်တင်သည့် ပုံစံမျိုးဖြင့် မေးမြန်းလိုက်၏။

“မနေ့ညက ကိစ္စက ရှင်းရှင်းလင်းလင်း မရှိသေးဘူး၊ ဆရာဝူက ဘာလို့ ထွက်သွားရတာလဲ”

မနေ့ညက အခြေအနေမှာ အမှန်တကယ်ပင် အနေရခက်လှသဖြင့် ဝူကျိရှန်းသည် လစ်ထွက်သွားရန် ဆင်ခြေတစ်ခုကို ရှာပြီးထွက်လာခဲ့ခြင်းဖြစ်သည်။

“ချင်းချင်း၊ မင်းလည်း မနေ့ညက အဲဒီမှာ ရှိနေတာပဲ။ အခြေအနေအရ ငါ့မှာ ထွက်သွားရုံကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ဘူး”

ဝူကျိရှန်းထိုသို့ ပြောလိုက်သောအခါ

ချင်းချင်း ကမူလတန်းကျောင်းသားကို ဆူပူနေသော အတန်းပိုင်ဆရာမတစ်ဦးကဲ့သို့ တင်းမာစွာဖြင့်မေးလိုက်၏။

“ကိစ္စက ရှင်းရှင်းလင်းလင်း မဖြစ်သေးဘူး၊ ဒါပေမဲ့ ဆရာဝူက ထွက်သွားတယ်။ ဒါက ဘယ်လို အပြုအမူမျိုးလဲ”

“နားလည်မှုလွဲတာပါ၊ ဒါက နားလည်မှုလွဲတာ သက်သက်ပါ”

“နားလည်မှုလွဲတာ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကျွန်မကို ပြောပြနေလို့ ဘာထူးမှာလဲ”

ထိုသို့ပြောရင်း ချင်းချင်းသည် ဝူကျိရှန်းကို ဘေးသို့ ဆွဲခေါ်သွားပြီး ရင်းနှီးနေသော ပုံရိပ်တစ်ခုကို လက်ညှိုးထိုးပြကာပြောလိုက်၏။

“ဆရာဝူ ကျွန်မသခင်မလေး ရွန့် ကို တိုက်ရိုက်ပြောတာက ပိုကောင်းလိမ့်မယ်”

ထိုအခါမှသာ ဝူကျိရှန်းသည် သခင်မလေး ရွန့်မှာ လမ်းထောင့်ရှိ အရိပ်ထဲတွင် ရပ်နေကြောင်း သတိပြုမိသွားသည် ။

သခင်မလေး ရွန့်သည် ခေါင်းစွပ်ပါသော ဝတ်ရုံကို ဝတ်ဆင်ကာ သူမကိုယ်သူမ တင်းကျပ်စွာ ထုပ်ပိုးထားပြီး၊ မျက်နှာကို ဖုံးကွယ်ရန် ခေါင်းစွပ်ကို တမင်အသုံးပြုကာ သူခိုးတစ်ယောက်ကဲ့သို့ ထောင့်တွင် ကပ်ရပ်နေခဲ့သည်။

သခင်မလေး ရွန့်သည် ယခုကဲ့သို့ အခြေအနေမျိုးတွင် သူ့ကို လာရောက်တွေ့ဆုံလိမ့်မည်ဟု ဝူကျိရှန်း တစ်ခါမှ အိပ်မက်မမက်ခဲ့ဖူးပေ။

ထင်ရှားသော မိသားစုမှ အမျိုးသမီးငယ်တစ်ဦးပီပီ သခင်မလေး ရွန့်သည် အိမ်ပြင်သို့ တစ်ခါမှ မထွက်ခဲ့ဖူးပေ။ သူမအတွက် ယခုကဲ့သို့ အမှောင်ထဲတွင် အမျိုးသားတစ်ဦးနှင့် တွေ့ဆုံရန် ခိုးထွက်လာခြင်းမှာ လုံးဝကို သိက္ခာကျစရာ ကိစ္စဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ မြင်သွားပါက သူမ၏ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်

။

“သခင်မလေး ရွန့်... ကျွန်တော်... သခင်မလေးကို ဂါရဝပြုပါတယ်...”

“အဲဒီလို ရိုသေမှုတွေကို ဂရုမစိုက်ပါနဲ့တော့”

အစေခံမလေးချင်းချင်း က အသံကို နှိမ့်ကာ ပြောလိုက်သည်။

“မနေ့ညက ဆရာဝူထွက်သွားပြီးကတည်းက သခင်မလေးက တစ်ညလုံး ငိုနေတာ၊ မျက်လုံးတွေတောင် ဖောင်းအစ်နေပြီ”

“မနေ့ညက ဖြစ်သွားတဲ့ ကိစ္စအတွက် တကယ်ပဲ စိတ်မကောင်းပါဘူး”

“စိတ်မကောင်းဘူး ဆရာဝူက ပြောရတာ လွယ်တာပဲ့”

ချင်းချင်းသည် အလွန်ဒေါသထွက်နေပြီး သူမ၏ မျက်နှာမှာ နီမြန်းနေကာ ဝူကျိရှန်း၏ နှာခေါင်းကို လက်ညှိုးထိုး၍ တိုးတိုးလေး ဆူပူလိုက်သည် ။

“ဆရာဝူပျောက်သွားကတည်းက သခင်မလေးက ဆရာဝူ့ကို နေ့ရောညပါ သတိရနေခဲ့တာ၊ ဆရာဝူဘေးကင်းကင်းနဲ့ ပြန်လာဖို့ အမြဲ မျှော်လင့်နေခဲ့လို့ သူမမှာ ပိန်ချုံးသွားခဲ့ရတယ်။ ကျွန်မတို့က ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို မျှော်လင့်ခဲ့တာ၊ ဒါပေမဲ့ ဆရာဝူက ထွက်သွားတယ်လား။ဒါက ဘယ်လို အပြုအမူမျိုးလဲ”

ဝူကျိရှန်းကနားမလည်နိုင်သလိုကြည့်ကာပြန်ပြောလိုက်သည်။

“ဒါကို ကျွန်တော် တကယ်မသိခဲ့တာပါ”

“အခု ဆရာဝူသိသွားပြီဆိုရင် ကျွန်မကို ရှင်းပြချက်‌ ပေးရမယ်”

ရှင်းပြချက်။ဘယ်လို ရှင်းပြချက်မျိုးလဲ။ယခုကဲ့သို့ ကိစ္စမျိုးအတွက် ဘယ်လို ရှင်းပြချက် ရှိနိုင်မှာလဲ။ဝူကျိရှန်းတွေးနေစဉ်မှာပင်

“အဲဒါတွေကို ကျွန်မဂရုမစိုက်ဘူး၊ ကျွန်မကို ရှင်းပြချက် ပေးရမယ်”

“ဆရာဝူ ကျွန်မသခင်မလေးကို လက်ထပ်ချင်သလား၊ မထပ်ချင်ဘူးလား”

“တစ်သက်တာလုံးနဲ့ ဆိုင်တဲ့ ကိစ္စတွေဆိုတော့ ကျွန်တော် သေချာ စဉ်းစားရပါမယ်”

“စဉ်းစားစရာ ဘာကျန်သေးလို့လဲ”

အစေခံမ‌‌လေးချင်းချင်းမှာ သိသိသာသာပင် စိတ်ပူလာပြီးချက်ချင်းမေးလိုက်၏။

“ကျွန်မသခင်မလေးက ဆရာဝူ့အပေါ် ဘာအမှားလုပ်ခဲ့လို့လဲ။ သူမ ရုပ်ရည်ကလည်း အရုပ်ဆိုးတာ မဟုတ်ဘူးမလား။စရိုက်ကလည်း မဆိုးဘူးမလား”

သခင်မလေး ရွန့်မှာ အမှန်တကယ်ပင် ရုပ်မဆိုးသည့်အပြင် သူမ၏ စရိုက်မှာလည်း နူးညံ့သိမ်မွေ့သူ ဖြစ်သည်။ သူမသည် ထင်ရှားသော မိသားစုမှ လေ့ကျင့်ပျိုးထောင်ထားသည့် အမျိုးသမီးငယ်တစ်ဦး လည်းဖြစ်၏။ သို့သော် ဤကိစ္စမှာ ရုတ်တရက် ဆန်လွန်းလှသဖြင့် သူ့တွင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု လုံးဝ မရှိခဲ့ပေ။

“ကျွန်မသခင်မလေးက ဂုဏ်သရေရှိ မိသားစုက အမျိုးသမီးဖြစ်သလို လှပပြီး ထက်မြက်သူလည်း ဖြစ်တယ်။ သူမက ဆရာဝူ့ကို သဘောကျတာဟာ ကံကောင်းခြင်းပဲ့။ ကျေးဇူးကန်းတာမျိုး မလုပ်ပါနဲ့၊ ဟုတ်ပြီလား”

“ချင်းချင်း၊ မပြောပါနဲ့တော့”

သခင်မလေး ရွန့်၏ အသံမှာ တိုးညင်းပြီးတုန်ယင် နေ၏။

“ဆရာဝူက ကျွန်မကို အသက်ကြီးလွန်းပြီလို့ ထင်နေတာလား”

ဤခေတ်ကာလတွင် သခင်မလေး ရွန့်၏ အသက်အရွယ်သည် အိမ်ထောင်မပြုရသေးသည့် အပျိုကြီးများ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေပြီ ဖြစ်သည်။ သို့သော် ဝူကျိရှန်း၏ စိတ်ထဲတွင်မူ အသက်နှစ်ဆယ့်လေးငါးနှစ်ဆိုသည်မှာ လူငယ်ဘဝ၏ အကောင်းဆုံး အချိန်ပင် ဖြစ်သည်။ သူမသည် လုံးဝ အသက်မကြီးသည့်အပြင် ငယ်ရွယ်နေသေးသည့်အချိန်ပင်ဖြစ် ဖြစ်သည်။

“မဟုတ်တာ၊ မဟုတ်တာ၊ သခင်မလေး ရွန့်က လုံးဝ အသက်မကြီးပါဘူး”

“ဆရာဝူက ရင်ထဲကနေလာတဲ့စကားကို ပြောနေတာလား”

“စကားလုံးတိုင်းက စစ်မှန်ပါတယ်၊ ရင်ထဲကလာတဲ့ စကားတွေပါ”

ထိုအတည်ပြုချက်ကို ကြားပြီးနောက် သခင်မလေး ရွန့်သည် ဘာမှမပြောဘဲ ဝူကျိရှန်းကိုသာ တိတ်တဆိတ် ကြည့်နေ တော့သည်။အတန်ကြာပြီးနောက် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သကဲ့သို့ သခင်မလေး ရွန့်သည် သတ္တိကို မွေးမြူကာ သူမ အပြောချင်ဆုံး စကားကို ပြောလိုက်၏။

“ရွန့်အာက ဆရာဝူကို ဖြောင့်မတ်ပြီး ကြီးမြတ်တဲ့ အမျိုးသားတစ်ယောက်အဖြစ် ကြည်ညိုပါတယ်၊ ပြီးတော့ ကျွန်မရဲ့ ဘဝကို ဆရာဝူဆီမှာ အပ်နှံချင်ပါတယ်”

ထိုစကားကို ပြောပြီးနောက် သခင်မလေး ရွန့်သည် ထပ်မံ၍ တိတ်ဆိတ်သွားပြီး ဝူကျိရှန်းကိုသာ မမှိတ်မသုန်သော မျက်လုံးများဖြင့် စိုက်ကြည့်နေ တော့၏။သူမ၏ မျက်လုံးများသည် ကောင်းကင်ယံမှ ကြယ်ပွင့်များကဲ့သို့ တောက်ပနေပြီး မျှော်လင့်ချက်နှင့် စိုးရိမ်စိတ်အချို့ ရောပြွမ်းနေသည်။

၂၁ ရာစုမှ လူငယ်လူရွယ်များအကြား ပြောလေ့ရှိသည့် “ငါ မင်းကို ချစ်တယ်” ဆိုသော စကားနှင့် နှိုင်းယှဉ်လျှင် “ဘဝကို အပ်နှံသည်” ဆိုသော စကားလေးခွန်းမှာ ပေါင်ချိန်တစ်ထောင်ကဲ့သို့ လေးလံလှသည် ။ အထူးသဖြင့် သခင်မလေး ရွန့်၏ နှုတ်မှ ထွက်လာခြင်း ဖြစ်သဖြင့် ပို၍ပင် လေးနက်လှသည် ။

ဝူကျိရှန်းမှာ ထိုအခိုက်အတန့်တွင် မှင်တက်သွားရ။

“တာတာ စစ်သားတွေ မြို့ထဲကို ဝင်လာတုန်းက ဆရာဝူ လူတွေကို ကယ်ဖို့ဆရာ့ရဲ့ အသက်ကို ရင်းခဲ့တယ်၊ ဆရာ့ရဲ့ ဖြောင့်မတ်ပြီး သတ္တိရှိတဲ့ ပုံစံက ကျွန်မကိုတောင် စိတ်လှုပ်ရှားစေခဲ့တယ်”

အစေခံမလေးချင်းချင်းက ဝူကျိရှန်း၏ လက်ကို ဆွဲကာ စိတ်ပူစွာ ပြောလိုက်သည် ။

“ဆရာဝူက ဒီနေ့ကျမှ ဘာလို့ ဒီလောက် မပြတ်မသား ဖြစ်နေရတာလဲ။ ပြတ်သားတဲ့ စကားတစ်ခွန်းတောင် မပြောနိုင်တော့ဘူးလား။သခင်မလေးက ဒီလောက်အထိ ရှင်းရှင်းလင်းလင်း ပြောပြီးပြီ၊ ဆရာတစ်ခုခုတော့ ပြန်ပြောသင့်တယ်”

“သခင်မလေး ရွန့်က အရာရှိ မိသားစုက သခင်မလေး ဖြစ်ပြီး ကျွန်တော်ကတော့ သာမန် သမားတော်တစ်ယောက်ပဲြ။ အခုထိ ကျွန်တော်က အဖေနဲ့အတူ ပဲပြားဖိုလေးထဲမှာပဲ နေနေရတာ၊ ကောင်းမွန်တဲ့ အိမ်တစ်လုံးတောင် မရှိသေးဘူး။ သခင်မလေးရဲ့ ဘဝကို ဖျက်ဆီးမိမှာ စိုးရိမ်တယ်”

“သခင်မလေးက ဆရာဝူဆင်းရဲတာကို ဂရုမစိုက်ဘူး! ရွှေ၊ ငွေ၊ ပိုက်ဆံ ဒါမှမဟုတ် လက်ဖွဲ့ပစ္စည်းတွေကို သူမ ဂရုမစိုက်ဘူး”

သူ ဤခေတ်သို့ ရောက်မလာခင်က ဝူကျိရှန်းတွင် ရည်စားနှစ်ယောက် ရှိခဲ့ဖူးသည် ။ သူသည် ရက်အနည်းငယ်ခြားတိုင်း ပန်းများနှင့် လက်ဆောင်များ ဝယ်ပေးရပြီး ချစ်သူများ ပျော်ရွှင်စေရန် နည်းမျိုးစုံ ကြိုးစားခဲ့ရကာ ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် အင်မတန် အားထုတ်ခဲ့ရသည် ။ သို့သော် ယောက္ခမလောင်းက ကား၊ အိမ်နှင့် အဆမတန်များပြားသော တင်တောင်းငွေများကို တောင်းဆိုသောကြောင့် အားလုံး ပျက်စီးသွားခဲ့ရခြင်းဖြစ်သည်။

သခင်မလေး ရွန့်ကဲ့သို့ ကား သို့မဟုတ် အိမ်ကို မတောင်းဆိုသည့်အပြင် တင်တောင်းငွေကိုပင် ဂရုမစိုက်သော ထင်ရှားသည့် မိသားစုမှ အမျိုးသမီးငယ်တစ်ဦးမှာ မှန်အိမ်ဖြင့် ရှာလျှင်ပင် တွေ့နိုင်ရန် ခဲယဉ်းလှသည်။ဝူကျိရှန်းနှင့် သခင်မလေး ရွန့်တို့သည် အတူတူ အချိန်အချို့ ကုန်ဆုံးခဲ့ဖူးသည်။

ယခုကဲ့သို့ နူးညံ့လှပသော အမျိုးသမီးကို ရင်ဆိုင်ရချိန်တွင် လုံးဝ စိတ်မလှုပ်ရှားဘူးဟု ဆိုပါက လုံးဝ လိမ်ညာရာ ရောက်ပေလိမ့်မည် ။အထူးသဖြင့် သူ့ရှေ့မှ မြင်ကွင်းသည် ဝူကျိရှန်းကို ပို၍ပင်စိတ်ထိခိုက်စေ၏။

ဤခေတ်ကာလသည် မိဘ၏ ခွင့်ပြုချက်နှင့် အောင်သွယ်တော်၏ စကားကို အလွန်အမင်း အလေးထားသောခေတ်ဖြစ်သည်။ အမျိုးသမီးငယ်တစ်ဦးအနေဖြင့် ညဉ့်နက်သန်းခေါင်တွင် ခိုးထွက်လာပြီး အမျိုးသားတစ်ဦးကို ကိုယ်တိုင် ဝန်ခံစကားပြောခြင်းမှာ လုံးဝကို ပုန်ကန်ခြင်း ဖြစ်သလို ပဒေသရာဇ် ကျင့်ဝတ်များအရလည်း တားမြစ်ထား ပေသည်။

အကယ်၍သာ လူသိသွားပါက သူမ၏ တစ်သက်တာ ဂုဏ်သိက္ခာမှာပျက်စီးသွားမည် ဖြစ်သည်။နုနယ်သော သခင်မလေး ရွန့်တွင် ယခုကဲ့သို့ သတ္တိမျိုး ရှိနေခြင်းမှာ ဝူကျိရှန်း၏ စိတ်ကူးထက်ပင် ကျော်လွန်နေ ပေသည်။

သူ ချစ်သူရည်းစား ရရှိရန် ယခင်က မည်မျှအင်အားစိုက်ထုတ်ခဲ့ရသည်ကို ပြန်တွေးမိရင်း ဝူကျိရှန်းမှာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်၏။ ယခုအခါ သူ့အပေါ် သစ္စာရှိသော မိန်းကလေးတစ်ယောက် ရှိနေပြီဖြစ်ရာ ပြောစရာ ဘာကျန်သေးသနည်း။

“သခင်မလေး ရွန့်က ဒီလောက်တောင် ဖြစ်နေပြီဆိုမှတော့ ဝူကျိရှန်းမှာ တခြား အတွေးမရှိပါဘူး၊ သခင်မလေးရဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး”

“ရှင် ပြောတဲ့ စကားနဲ့တင် လုံလောက်ပါပြီ”

စိတ်လှုပ်ရှားမှု လွန်ကဲသွားသောကြောင့် ဖြစ်နိုင်သည်။ သခင်မလေး ရွန့်၏ မျက်လုံးများတွင် မျက်ရည်စများ ဝေ့သီလာ၏။

“အလကား ကတိစကားက ဘာထူးမှာလဲ”

ချင်းချင်းကမူ ဇွဲမလျှော့ဘဲ အတင်းအကျပ်ပြောလိုက်၏။

“ဆရာဝူအထိမ်းအမှတ် ပစ္စည်းတစ်ခုခု ပေးရမယ်”

“ဆရာဝူက ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ပါ၊ သူ ကတိအတိုင်း တည်မှာပါ၊ ကျွန်မကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်လို့ အထိမ်းအမှတ် ပစ္စည်း မလိုပါဘူး”

“ပြဇာတ်တွေထဲမှာဆိုရင် သခင်လေးတွေနဲ့ သခင်မလေးတွေ တိတ်တဆိတ် ကတိသစ္စာပြုကြရင် အမြဲတမ်း အချစ်အထိမ်းအမှတ် ပစ္စည်းတစ်ခု ပါလေ့ရှိတယ်”

ဝူကျိရှန်းသည် တပ်မှူးချုပ် ဟူချန် ပေးထားသော ကျောက်စိမ်းစီထားသည့် ကျားသစ်ကွက် ခါးပတ်ကို ထုတ်ယူလိုက်ကာ ကောင်းကင်ရှိ လခြမ်းကွေးကို လက်ညှိုးထိုးပြရင်း သူ၏ ခံစားချက်ကို ဖော်ပြလိုက်သည်။

“ဒီလမင်းကြီးကို သက်သေအဖြစ် ထားပါတယ်၊ ဒီပစ္စည်းကိုတော့ ကျွန်တော့်ရဲ့ ကတိအဖြစ် ထားပါတယ်။ ဒီဘဝမှာ သခင်မလေးကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး”

အစေခံမလေးချင်းချင်းသည် ထိုကျောက်စိမ်းစီထားသည့် ကျားသစ်ကွက် ခါးပတ်ကို လုယူလိုက်ပြီး ဝမ်းသာအားရပြုံးလျက်ပြောလိုက်၏။

“ဒါကို သခင်မလေးအတွက် လောလောဆယ် ကျွန်မ သိမ်းထားပေးမယ်။ ဒီနေ့ ဆရာဝူပေးခဲ့တဲ့ ကတိကို မှတ်ထားပါ”

ထိုအချိန်မှာပင် ရင်းနှီးသော ခြေသံများသည် အနီးအနားချဉ်းကပ်လာသည်။ထိုသူမှာ နတ်ဆေးဆရာကြီး စွန်းပင် ဖြစ်သည်။ဂုဏ်သရေရှိ မိသားစုမှ အမျိုးသမီးငယ်တစ်ဦးသည် အမျိုးသားတစ်ဦးနှင့် ကတိသစ္စာပြုရန် တိတ်တဆိတ် ထွက်လာခြင်းမှာ နတ်ဆေးဆရာကြီး စွန်း လုံးဝ မမြင်သင့်သော ကိစ္စဖြစ်သည် ဖြစ်သည်။

ထို့ ကြောင့်ဝူကျိရှန်းက အမြန်ပင် ပြောလိုက်၏။

“ကျန်းစစ်‌ ကောပြန်ရောက်တာနဲ့ ကျွန်တော် ချက်ချင်းပဲ သူ့ကို လက်ထပ်ခွင့် တောင်းခိုင်းလိုက်ပါမယ်။ ဒီမှာ ကြာကြာနေလို့ မကောင်းဘူး၊ မင်းတို့နှစ်ယောက် အရင် ပြန်ကြတော့"

နတ်ဆေးဆရာကြီး စွန်းသည် အဝေးမှ ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်ကို မြင်သောအခါ သခင်မလေး ရွန့်သည် ချက်ချင်း ထိတ်လန့်သွားပြီး အလျင်အမြန်ပင် လှည့်ထွက်သွားခဲ့သည် ။သခင်မလေး ရွန့်နှင့်ချင်းချင်းတို့၏ ပုံရိပ်များမှာ ညမှောင်ရိပ်ထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက်မှသာ ဝူကျိရှန်းသည် အရိပ်ထဲမှ ထွက်လာခဲ့လိုက်သည် ။

ဝူကျိရှန်းသည် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ရန် အစွမ်းကုန် ကြိုးစားသော်လည်း နတ်ဆေးဆရာကြီး စွန်းမှာမူ သံသယ ဝင်နေဆဲ ဖြစ်သည်။ သူသည် ခုနက ဝူကျိရှန်း တစ်စုံတစ်ယောက်နှင့် စကားပြောနေသည်ကို ဝေဝါးစွာ မြင်လိုက်ရသည်။ ယခုကဲ့သို့ လျှို့ဝှက်သော အပြုအမူမှာ တစ်စုံတစ်ရာ မရိုးသားမှု သို့မဟုတ် ခိုးကြောင်ခိုးဝှက် ကိစ္စတစ်ခုခု ရှိနေသည်မှာ သေချာသည်။

`......

`

## အခန်း ၄၀- ကြောက်မက်ဖွယ်ရာ ကပ်ရောဂါ

သတိမထားမိလိုက်ဘဲ ဆောင်းရာသီသည် ကုန်ဆုံးသွားပြီး နွေဦးရာသီသို့ ရောက်ရှိလာကာ လှပသော နှစ်သစ်တစ်ခုကို သယ်ဆောင်လာခဲ့၏။

မြစ်ကမ်းဘေးရှိ မိုးမခပင်များသည် နုပျိုသော အစိမ်းရောင် အညွန့်လေးများကို တိတ်တဆိတ် ထုတ်ဖော်လာကြပြီး ရာသီဥတုမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုနွေးထွေးလာကာ လူများသည် သူတို့၏ ထူထဲသော ဆောင်းဝတ်စုံများကို ချွတ်ပစ်ကာ ပေါ့ပါးသော ဝတ်စုံများကို စတင်ဝတ်ဆင်ကြသည်။

ရာသီအကူးအပြောင်းနှင့် သဘာဝဖြစ်စဉ်များ အပြောင်းအလဲဖြစ်သည့် ကာလများသည် ကပ်ရောဂါများ မကြာခဏ ဖြစ်ပွားတတ်သော ကာလများ ဖြစ်သည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ကိုယ်ခံအားနည်းသော အမျိုးသမီးများသည် အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့် ခေါင်းကိုက်ခြင်းကဲ့သို့သော သာမန်ဝေဒနာများကို ခံစားရလေ့ရှိသည် ဖြစ်သည်။

ဤရက်များအတွင်း ဝူဆေးခန်းတွင် လူနာများဖြင့် အမြဲစည်ကားနေပြီး ဝူကျိရှန်းမှာ လုံးဝကိုအလုပ်များလွန်းနေ၏။ညနေစောင်းအချိန်သို့ ရောက်မှသာ သူသည် အားလပ်ချိန်အနည်းငယ် ရရှိခဲ့ပြီးသူ အနားယူတော့မည့်အချိန်မှာပင် ကျန်းစစ်‌ ကောရောက်ရှိလာခဲ့သည်။

“ညီအစ်ကိုဝူ၊ ငါ့ခန္ဓာကိုယ်က နည်းနည်း နေလို့မကောင်းသလိုပဲ့”

ကျန်းစစ်‌ကော၏ အသံမှာ ထုံးစံအတိုင်း အော်ကျယ်အော်ကျယ်ဖြစ်သည်။

“ငါ့အတွက် ဆေးအနည်းငယ်လောက် စပ်ပေးပါဦး”

“ဘယ်နားက နေလို့မကောင်းတာလဲ”

“အသက်ရှူတာ နည်းနည်းမဝသလိုဖြစ်ပြီး ချောင်းဆိုးနေတယ်”

“ချောင်းဆိုးတာက ပြင်းထန်လား”

“သိပ်မပြင်းထန်ပါဘူး၊ ခဏခဏ ချောင်းဆိုးတာမျိုးပဲ၊ ပြီးတော့ နည်းနည်းလည်း ချမ်းသလို ခံစားရတယ်”

ဤလက္ခဏာမှာ သာမန်အအေးမိခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့်ဝူကျိရှန်းသည် ချိုင်ဟူ ၊ တာ့ဟွမ် ၊ တန်းကွီ ၊ ကန်ချောင် နှင့် ရှောက်ယောင် ကဲ့သို့သော သာမန်ဆေးများကို အလွယ်တကူ ယူလိုက်၏။

“ခင်ဗျားက သန်မာတော့ ဒါက သိပ်ကြီးကြီးမားမား မဟုတ်လောက်ပါဘူး။ ချိုင်ဟူထန်းဆေးရည် အနည်းငယ် သောက်လိုက်ရင် သက်သာသွားမှာပါ... အော်၊ ဒါနဲ့ ကျွန်တော် အစ်ကိုစစ်ကို အကူအညီတောင်းချင်တာ တစ်ခုရှိတယ်”

“ဘာကိစ္စလဲ ။ ပြောလေ”

ဝူကျိရှန်းက သွယ်ဝိုက်မနေတော့ဘဲပြောလိုက်၏။

“ကျွန်တော့်အတွက် အောင်သွယ်တော် လုပ်ပေးပြီး လက်ထပ်ခွင့် တောင်းပေးစေချင်တယ်။ အဲဒီမိန်းကလေးက သခင်မလေး ရွန့်ပါ”

ဒါကို ကြားလိုက်ရချိန်တွင် ကျန်းစစ်‌ ကောသည် သူ၏ ပေါင်ကို ရိုက်ကာ စိတ်လှုပ်ရှားစွာဖြင့်အော်ပြောလိုက်၏။

“တိုက်ဆိုင်လိုက်တာ။ရှန်က တော်လည်း အရင်က ငါ့ကို အိမ်ထောင်ရေးကိစ္စတစ်ခု စီစဉ်ပေးဖို့ ပြောဖူးတယ်၊ အဲဒါကလည်း ဒီကိစ္စပဲ”

အမျိုးသားရော အမျိုးသမီးပါ နှစ်ဦးစလုံးက ကျန်းစစ်ကောကို အောင်သွယ်တော်အဖြစ် အပ်နှံထားသဖြင့် ကိစ္စမှာ ပိုမိုရိုးရှင်းလွယ်ကူသွား‌ တော့သည်။

ဝူကျိရှန်းနှင့် သခင်မလေး ရွန့်တို့သည် ချစ်ကြိုက်နေကြပြီဖြစ်ကြောင်း မှန်းဆနိုင်ပြီး ကျန်ရှိသည်မှာ ဟန်ပြအောင်သွယ်တော်တစ်ဦး ရှာရန်သာ ဖြစ်သည်။

ဤကဲ့သို့သော အိမ်ထောင်ရေးမှာ စိုးရိမ်စရာ အလျင်းမရှိဘဲ ပြီးပြည့်စုံသော ပေါင်းဖက်မှုတစ်ခု ဖြစ်လာမည်မှာ သေချာသည် ။

“တကယ်တော့ ဒါကို ငါ မင်းကို အစောကြီးကတည်းက ပြောသင့်တာ၊ ဒါပေမဲ့ တာတာစစ်သားတွေ ကျူးကျော်လာလို့ ဒီအကြောင်း ပြောဖို့ အချိန်မရခဲ့ဘူး။ မကြာခင်ကလည်း မဟာတံတိုင်းပြင်ဖို့ အလုပ်သမားတွေကို ခေါ်သွားရသေးတယ်၊ အဲဒါကြောင့်ပဲ အခုထိ ကြန့်ကြာနေတာ”

“ကျွန်တော်က အစ်ကိုစစ်တို့ အလုပ်များတဲ့ ကာလပြီးမှ ပြန်လာမယ် ထင်နေတာ၊ အခုလောက် စောစော ပြန်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”

မဟာတံတိုင်း တည်ဆောက်ခြင်းမှာ ဆယ်နှစ်ကျော်ကြာ လုပ်ဆောင်နေသည့် ဧကရာဇ်၏ အဓိကစီမံကိန်းကြီး တစ်ခုဖြစ်သည် ဖြစ်သည်။ ယခင်နှစ်များ၏ ထုံးစံအရ အလုပ်သမားများကို အလုပ်များတဲ့ကာလပြီးမှသာ ပြန်လွှတ်လေ့ရှိသော်လည်း ယခုနှစ်တွင် သူတို့သည် ရက်သတ္တပတ် နှစ်ပတ်ခန့် စော၍ ပြန်လာကြ၏။

“ဒီနှစ်မှာ အဲဒီဘက်မှာ အသားမဲကပ်ရောဂါ တွေ အရမ်းဖြစ်နေလို့ စောစောပြန်လာကြတာ”

မဟာတံတိုင်း တည်ဆောက်ရေး လုပ်ငန်းခွင်အခြေအနေကို ပြောပြရာတွင် ကျန်းစစ်ကောမှာ ကြောက်ရွံ့မှုများ ပေါ်လွင်နေဆဲ ဖြစ်သည်။

“အလုပ်သမား အများအပြားက ကပ်

ရောဂါ ခံစားခဲ့ရတယ်၊ ဘယ်နှစ်ယောက် သေကုန်ပြီလဲမသိဘူး။ ငါခေါ်သွားတဲ့ အလုပ်သမား တစ်ရာ့နှစ်ဆယ်ထဲမှာ ခြောက်ယောက်က ရောဂါနဲ့ သေသွားပြီ၊ သုံးဆယ်ကျော်က ရောဂါကူးစက်ခံထားရတယ်။ ငါတို့ အလုပ်ဆက်လုပ်လို့ မရတော့လို့ ပြန်လာခဲ့ကြတာ။ မနေ့ညကမှ အိမ်ပြန်ရောက်တာ”

မဟာတံတိုင်း တည်ဆောက်ရေး လုပ်ငန်းခွင်သည် လူဦးရေ ထူထပ်လှပြီး ပြင်းထန်သော ကိုယ်လက်လှုပ်ရှား အလုပ်များ လုပ်ရကာ အလွန်ညံ့ဖျင်းသော တစ်ကိုယ်ရေသန့်ရှင်းမှု အခြေအနေအောက်တွင် လူများစွာ စုဝေးနေကြသဖြင့် ကူးစက်ရောဂါ ဖြစ်ပွားခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

သို့သော် ကျန်းစစ်ကောနှင့် သူ၏အဖွဲ့မှာ ထိုနေရာတွင် ရက်ပေါင်း ၂၀ ခန့်သာ ရှိသေးသော်လည်း ခြောက်ယောက် သေဆုံးကာ ၃၀ ကျော် ကူးစက်ခံထားရသည်ဖြစ်သည်။ ဤမျှလောက်အထိ ပြင်းထန်သော အသားမဲကူးစက်ရောဂါမှာ မည်သည့်အမျိုးအစား ဖြစ်နိုင် မည်နည်း။

“အစ်ကိုစစ်ပြောတဲ့ အသားမဲကပ်ရောဂါဆိုတာ ဘယ်လိုမျိုးလဲ”

“ကပ်ရောဂါ ကူးစက်ခံရတဲ့လူတွေက ချမ်းလိုက်ပူလိုက် ဖြစ်မယ်၊ အန်တာတွေ ဝမ်းလျှောတာတွေ ဖြစ်မယ်။ ရက်အနည်းငယ်ကြာရင် သေသွားကြတာပဲ။ အဲဒါက အရမ်းကြောက်ဖို့ကောင်းတယ်။ တစ်ယောက်ကနေ ဆယ်ယောက်၊ ဆယ်ယောက်ကနေ တစ်ရာ၊ လူတွေ ပိုပိုပြီး ကူးစက်ခံလာရတယ်။ လူတိုင်းက ကြောက်လန့်တကြား ဖြစ်နေကြတာ ဘယ်သူက အလုပ်လုပ်နိုင်မှာလဲ”

ချမ်းလိုက်ပူလိုက်။ အန်ခြင်းနှင့် ဝမ်းလျှောခြင်း။ကူးစက်ရောဂါ အများအပြားမှာ ယခုကဲ့သို့ လက္ခဏာများ ရှိတတ်သဖြင့် ကျန်းစစ်ကော၏ ရိုးရှင်းသော ဖော်ပြချက်အပေါ် အခြေခံ၍ မည်သည့်ရောဂါဖြစ်ကြောင်း အတိအကျ သိရှိရန် ခဲယဉ်းနေသည်။

“အစ်ကိုစစ်၊ ဒီကပ်ရောဂါအကြောင်း ကျွန်တော့်ကို အသေးစိတ် ထပ်ပြောပြပါဦး”

“သမား‌တော်ဖြစ်တဲ့ မင်းတောင် မသိတာ၊ ငါက ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း ပြောပြနိုင်မှာလဲ”

ကျန်းစစ်ကောသည် ကြောက်မက်ဖွယ်ရာ ကပ်ရောဂါကို အရှင်းလင်းဆုံး ခံစားချက်များဖြင့်သာ ဖော်ပြနိုင်၏။

“ဒီရောဂါ ကူးစက်ခံရပြီဆိုတာနဲ့ တစ်ကိုယ်လုံး တုန်ယင်လာမယ်၊ အထူးသဖြင့် ချောင်းဆိုးတာ အရမ်းပြင်းထန်တယ်။ သူတို့က သွေးတွေ အန်ထုတ်မယ်၊ ပြီးရင်... နှစ်ရက် သုံးရက်အတွင်းမှာပဲ သေဆုံးသွားကြတာပဲ”

ကျန်းစစ်‌ကော၏ ဖော်ပြချက်အရ ဤအသားမဲကပ်ရောဂါ၏ လက္ခဏာများသည် ကာလဝမ်းရောဂါနှင့် အနည်းငယ် ဆင်တူသော်လည်း ကာလဝမ်းရောဂါတွင် ယခုကဲ့သို့ သိသာထင်ရှားသော သွေးအန်သည့် လက္ခဏာမျိုး မရှိပေ။ပိုဆိုးသည်မှာ ၎င်းသည် ကာလဝမ်းရောဂါမဟုတ်ဘဲ အခြားသော မသိရသေးသည့် ကူးစက်ရောဂါတစ်ခု ဖြစ်နေနိုင်သည်။

“အသားမဲကပ်ရောဂါ ကူးစက်ခံရတဲ့ လူတွေက သေဖို့ သေချာသလောက်ပဲ့။ သေပြီးသွားရင် သူတို့ရဲ့ ခန္ဓာကိုယ်တွေက ခရမ်းရောင်၊ ခရမ်းပုပ်ရောင် အမည်းရောင်တွေ ဖြစ်သွားတာ၊ မှင်နဲ့ အနှစ်ခံထားရသလိုပဲ... အဲဒါက တကယ်ကို ကြောက်ဖို့ကောင်းတယ်”

ထိုစကားကိုကို ကြားလိုက်ရချိန်တွင် ဝူကျိရှန်းသည် ရုတ်တရက် ကြက်သီးမွေးညင်းများ ထသွားပြီး ဦးရေပြားများ စိမ့်တက်သွား၏။ကျန်းစစ် ကော ပြောနေသောအသားမဲ ကပ်ရောဂါမှာ “ပလိပ်ရောဂါ” နှင့်သွင်ပြင်များအလွန်ပင် နီးစပ်တူညီနေ၏။

ပလိပ်ရောဂါ ခံစားရသူများ၏ နောက်ဆုံးအဆင့်တွင် အရေပြားပေါ်တွင် သွေးခြေဥအစက်အပြောက်များ ဖုံးလွှမ်းလာပြီး ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းသော အမည်းပုပ်ရောင် ဖြစ်သွားလေ့ရှိသဖြင့် ၎င်းကို “အနက်ရောင် သေမင်း” ဟုလည်း ခေါ်ဆိုကြ၏။

ဆေးကျောင်းသားတစ်ဦးအနေဖြင့် ဝူကျိရှန်းသည် “အနက်ရောင် သေမင်း” ဟူသော စကားလုံး သုံးလုံးကို ပုံမှန်ထက် ပို၍ နက်နက်ရှိုင်းရှိုင်း နားလည်ထားသည် ။

ဤအချိန်ကာလတွင် ဥရောပတိုက်သည် အနက်ရောင် သေမင်းကြောင့် လူပေါင်း သန်းနှင့်ချီ၍ ဆုံးရှုံးနေရချိန် ဖြစ်သည် ဖြစ်သည်။ ရွာတိုင်းလိုလိုတွင် အလောင်းများဖြင့် ပြည့်နှက်နေပြီး စည်ကားလှပသော မြို့ကြီးများစွာမှာ လူသူကင်းမဲ့သော နေရာများ ဖြစ်သွားခဲ့ကြသည်။

အနက်ရောင် သေမင်းသည် အနောက်ကမ္ဘာ၏ ထက်ဝက်ကို ဖျက်ဆီးခဲ့ပြီး မှောင်မိုက်သော ခေတ်ကာလ၏ အခြေခံအုတ်မြစ်များကို လှုပ်ခါစေကာ သမိုင်းဝင် အမှတ်အသားတစ်ခုအနေဖြင့် လူသားမျိုးနွယ်၏ ဦးတည်ချက်ကို နက်နက်ရှိုင်းရှိုင်း ပြောင်းလဲစေခဲ့သည်။

ကံကောင်းသည်မှာ ဒါသည် ကျန်းစစ်‌ ကော၏ ရိုးရှင်းသော ဖော်ပြချက်သာ ဖြစ်သေးပြီး အနက်ရောင် သေမင်း အမှန်တကယ် ပေါက်ကွဲထွက်လာခြင်းကို မဆိုလိုသေးပေ။

“အစ်က်ိုစစ်၊ ခင်ဗျားနဲ့အတူ ပြန်လာတဲ့ အလုပ်သမားတွေက မြို့နယ်ရုံးမှာ ရှိနေတုန်းပဲလား”

“သူတို့တွေ လူစုကွဲသွားတာ ကြာပြီ”

ကျန်းစစ်ကောက ရယ်မောရင်း ပြောလိုက်သည် ။

“အဝေးကို ရက်ပေါင်းများစွာ ရောက်နေခဲ့တာ၊ ဘယ်သူက အိမ်ကို အပြေးအလွှားပြန်ပြီး မိန်းမနဲ့ အတူတူ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ချင်ဘဲ နေမှာလဲ။ မနေ့ညနေက ပြန်ရောက်ပြီးကတည်းက အလုပ်သမားတွေ အားလုံးက သူတို့ အိမ်အသီးသီးကို ပြန်သွားကြပြီ”

ရှေးခေတ်လူများသည် ကူးစက်မြန်ရောဂါများနှင့် ပတ်သက်၍ အခြေခံဗဟုသုတအချို့ ရှိကြသော်လည်း သက်ဆိုင်ရာ ကာကွယ်ရေး အစီအမံများမှာမူ အလွန်အမင်း ချို့တဲ့နေဆဲ ဖြစ်သည် ဖြစ်သည်။ ကပ်ရောဂါဖြစ်ပွားရာ ဒေသမှ ပြန်လာခြင်း ဖြစ်သော်လည်း၊ လူအများအပြားမှာ ကူးစက်ခံထားရသော်လည်း သူတို့သည် သက်ဆိုင်ရာ သီးသန့်ခွဲထားခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းများကို မပြုလုပ်ခဲ့ဘဲ အိမ်သို့သာ လူစုခွဲ ပြန်သွားခဲ့ကြသည် ဖြစ်သည်။

အကယ်၍ ၎င်းသည် အနက်ရောင် သေမင်း‌ ရောဂါသာအမှန်တကယ် ဖြစ်ခဲ့ပါကမြို့နှင့်ကျေးရွာများတွင် ပျံ့နှံ့သွားသော လူတစ်ရာကျော်သည် ကူးစက်ရောဂါ ပျံ့နှံ့စေမည့် အလားအလာရှိသော ရင်းမြစ်ပေါင်း တစ်ရာကျော်ဖြစ်သွားပေလိမ့်မည်။

အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။

“အစ်က်ိုစစ်၊ ရောဂါကူးစက်ခံထားရတဲ့ အလုပ်သမား ၃၀ ကျော် ရှိသေးတယ်ဆို။ သူတို့ ဘယ်မှာ နေကြတာလဲ”

“မင်း ဘာလုပ်မလို့လဲ”

“ကျွန်တော် သူတို့ရဲ့ အခြေအနေကို သွားကြည့်ချင်လို့ပါ”

ဒါကို ကြားလိုက်ရချိန်တွင် ကျန်းစစ် ကောမှာ ချက်ချင်းင် မှင်တက်သွား၏။ ထိုခေတ်ကာလ၏ ထုံးစံအရ လူတစ်ယောက်သည် ဖျားနာနေလျှင်ပင် လူနာသည် ဆေးခန်း သို့မဟုတ် ဆေးဆိုင်သို့ သွားရောက်၍ ဆေးကုသမှု ခံယူရမည် ဖြစ်သည်၊ သို့မဟုတ်ပါက သမားတော်ကို အိမ်သို့ ပင့်ဆောင်ရမည်ဖြစ်သည်။

သို့သော် ဝူကျိရှန်းကဲ့သို့ သမားတော်တစ်ဦးအနေဖြင့် လူနာက လာရောက် မတောင်းဆိုဘဲ ကြိုတင်၍ သွားရောက် စစ်ဆေးခြင်းမှာ ကန့်သတ်ချက် တစ်ခု ဖြစ်‌ နေသည်။သမားတော်၏ အသက်မွေးဝမ်းကျောင်း အလုပ်မှာ ရောဂါကုသရန်နှင့် အသက်ကယ်ရန် ဖြစ်သော်လည်း၊ မဖိတ်ခေါ်ဘဲ လူနာ၏ အိမ်သို့ ရောက်ရှိသွားခြင်းမှာ ညအချိန်တွင် အိမ်ထဲသို့ လင်ကောင်ပိုး ငှက်တစ်ကောင် ဝင်လာသကဲ့သို့ အလွန်ပင် နိမိတ်မကောင်းဟု ယူဆကြပြီး လူများကို အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ် စေ၏။

“အကယ်၍ သူတို့ တကယ်ပဲ ပြင်းပြင်းထန်ထန် ဖျားနေရင် မင်းဆီကို ဆေးခန်း လာမှာပေါ့။ သူတို့က မဖိတ်ဘဲနဲ့ မင်းက ရောက်သွားရင် သူတို့ကို ဖျားပါစေလို့ ဆုတောင်းနေသလို ဖြစ်မနေဘူးလား။ အဲဒါက မကောင်းဘူး မဟုတ်လား”

အခြေအနေက ယခုမျှ အရေးကြီးနေချိန်တွင် မည်သူက ထိုကဲ့သို့သော အယူသီးမှုများကို ဂရုစိုက်နေမည်နည်း။ခေတ်ပြောင်း ရောက်လာသောဝူကျိရှန်းအနေဖြင့်ပို၍ပင်ဂရုမစိုက်ချေ။

“ကဲပါ... ဒါဆိုလည်း ကျွန်တော့်ကို ကျိုးပန်းရှန်း ရဲ့ အိမ်ကို အရင်ခေါ်သွားပေးပါဦး၊ အခြေအနေ သွားကြည့်ရအောင်”

`

….

All Chapters