ဟုန်ကျယ် မှ ဖြစ်ရပ် ၂
Vol. 109 Ch. 1083
ထိုသို့ပြောပြီးနောက် ယဲ့လန် တောင်ထွတ်ရှစ်ခု ဝန်းရံထားသောကြီးမားမြင့်မားလှသည့် ရှန်းရွှီတောင် ဆီသို့ ရှန်းယီကို ခေါ်ဆောင်သွားခဲ့၏။
သူတို့နှစ်ဦး ထွက်ခွာသွားပြီးနောက်..
တာအိုသခင်မကျင်းယွဲ့က ဘေးသို့ကူကယ်ရာမဲ့စွာ မကြည့်ဘဲ မနေနိုင်ခဲ့ချေ။ "အစ်ကိုကြီး၊ ဘာလို့ ဒုက္ခခံနေတာလဲ။အဲဒီနေရာက သူမဘယ်တော့မှ မေ့နိုင်မှာမဟုတ်တဲ့နေရာတစ်ခုဆိုတာ ရှင်လည်းရှင်းရှင်းလင်းလင်းသိနေသားပဲ..."
တာအိုသခင်ကျင်းလွဲ့၏အမူအရာမှာ တည်ငြိမ်နေပြီး မည်သည့်လှိုင်းဂယက်မျှမရှိခဲ့ချေ။ "သူမက ရှန်းရွှီတောင်ပေါ်မှာဆက်နေဖို့ ရွေးချယ်ခဲ့ပြီဆိုမှတော့အရာအားလုံးကို လွှတ်ချတတ်ဖို့ သင်ယူရလိမ့်မယ်"
အခြားသော တောင်ထိပ်သခင်များတိုးညှင်းစွာ သက်ပြင်းချလိုက်ကြသော်လည်း များများစားစားတော့ မပြောနိုင်ခဲ့ကြချေ။
အတိတ်က အဖြစ်အပျက်တွေ ထပ်မဖြစ်လာဖို့သာ သူတို့ မျှော်လင့်နိုင်ကြ၏။
ထိုအချိန်တွင်.
ယဲ့လန် ရှန်းရွှီတောင်ပေါ်ရှိ လိုဏ်ဂူတစ်ခု၏ အရှေ့တွင် ဆင်းသက်လိုက်သည်။
သူမကခြေလှမ်းများကို အရှိန်လျှော့လိုက်ပြီး ရှန်းယီ နှင့်အတူ အတွင်းသို့ဝင်ရောက်သွားခဲ့၏။
လိုဏ်ဂူက မှောင်မိုက်နေသော်လည်း စိုစွတ်မနေဘဲ ကျယ်ဝန်းသောကျောက်ခန်းမကြီးတစ်ခုဆီသို့ တည့်တည့်ဦးတည်သွားသည့် စင်္ကြံတစ်ခုနှင့် တူနေပါသည်။
ကျောက်ခန်းမက ဆေးဖော်စပ်ရေးအခန်း တစ်ခုကဲ့သို့ဖြစ်ပြီးဆေးဖော်စပ်ရာတွင် အသုံးပြုသော ကိရိယာများကို နေရာအနှံ့စနစ်တကျ ထားရှိထားကာ ခန်းမ၏အနက်ရှိုင်းဆုံးနေရာတွင် အနီရောင် ကြေးနီဖြင့်ပြုလုပ်ထားသော တင်းကျပ်စွာပိတ်ထားသည့် ဧရာမတံခါးတစ်ခု ရှိနေချေသည်။
ခန်းမထဲသို့ ခြေချလိုက်သည့် အခိုက်အတန့်မှစ၍ ယဲ့လန်၏အမူအရာမှာ အနည်းငယ် အာရုံလွင့်နေပုံရ၏။
သူမ ခန်းမအတွင်းဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး သူမ၏ ဖြူဝင်းသော လက်ချောင်းများက အိုးများ၊ အိုးငယ်များနှင့် ဆေးမီးဖိုကိုပင် အသာအယာ ပွတ်သပ်နေကာလွတ်နေသော စားပွဲတိုင်း၏အရှေ့တွင် အလုပ်များနေသည့် ရင်းနှီးနေသော ပုံရိပ်များကို ဝိုးတဝါးမြင်တွေ့နေရသည့်အလား ဖြစ်နေချေသည်။
ဖြစ်နိုင်သည်မှာ သူမ၏စိတ်ခံစားချက်များက အနည်းငယ်ရှုပ်ထွေးနေသောကြောင့်ဖြစ်မည်။
သူမ၏အနောက်ရှိ အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး၏အမူအရာကလည်း အလွန်အရုပ်ဆိုးလာကြောင်း ယဲ့လန် သတိမပြုမိခဲ့ချေ။
ရှန်းယီ သူ၏လက်ဖဝါးများကို တင်းကျပ်စွာဆုပ်ထားပြီး အနီရောင်ကြေးတံခါးကို စူးစိုက်ကြည့်နေခဲ့၏။
လေးလံသောတံခါးပေါ်တွင် မီးခိုးရောင်မြူခိုးများ ထွက်ပေါ်လာပုံရပြီး ထိုက်ရွှီနယ်ပယ်၏အသွင်အပြင်ကို ပုံဖော်နေချေသည်။
ထို့အတူ လှည့်ပတ်နေသည့်မြူခိုးများကြားထဲတွင် ဧရာမမျက်လုံးတစ်စုံထွက်ပေါ်လာခဲ့ပါသည်။
၎င်းတို့က အသက်မဲ့နေသောမျက်လုံးများဖြစ်သော်လည်း လောကရှိအရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ပင်။
"ဟင်.." ရှန်းယီ၏အသက်ရှူသံများမြန်ဆန်လာပြီး သူ၏တစ်ကိုယ်လုံး ဖောက်ထွင်းမြင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအကြည့်က သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး မိုးပြာရောင်သစ်သားပေါ်မှ ငွေရောင်လအတွင်းရှိ ထိုက်ရွှီတာအိုအသီးအပွင့်ပေါ်သို့ ကျရောက်သွားကာ ၎င်းအတွင်းသို့ တည့်တည့်ထိုးဖောက်ဝင်ရောက်သွားပြီး အတွင်းပိုင်းရှိ လုံးဝန်းသောပုံစံရွှေရောင်ဆေးလုံးကို အရှက်အကြောက်ကင်းမဲ့စွာ စူးစမ်းရှာဖွေနေခဲ့ချေ၏။
နောက်တစ်ခဏတွင် ထိုအသက်မဲ့နေသော မျက်လုံးများအတွင်းပြင်းထန်သော လောဘတစ်ခု စတင်ကြီးထွားလာခဲ့ပေသည်။
အလွန်ရှားပါးလှသော အရသာရှိသည့် အစားအစာများကိုမြင်တွေ့လိုက်ရသော စားကြူးသူတစ်ဦးကဲ့သို့ပင်။
"အဲဒါက ငါတို့ ဘိုးဘေးရဲ့တရားအားထုတ်တဲ့ နေရာပဲ"
ယဲ့လန် သူမ၏တွေဝေမှုမှ နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး ထိုမျက်လုံးများကို လုံးဝမမြင်ရသည့်အလား ရှန်းယီကြေးတံခါးကို စိုက်ကြည့်နေသည်ကို သတိပြုမိသွားသဖြင့် ရှင်းပြလိုက်၏။
အပြင်ဘက်တွင် သူမက များသောအားဖြင့် တစ်ဖက်လူကို ရှန်းရွှီဘိုးဘေးဟု ရည်ညွှန်းလေ့ရှိသော်လည်း ဤနေရာတွင်မူ သူမ၏ခံစားချက်များ မည်မျှပင်ရှုပ်ထွေးနေစေကာမူ သူ့ကိုဘိုးဘေးဟု ခေါ်ဆိုရပါလိမ့်မည်။
သူဟာ ရှုပ်ထွေးပြီးတိတ်ဆိတ်သည့်မေ့မြောမှုထဲသို့ ရောက်ရှိနေသေးသည်ဆိုလျှင်ပင်။
တာ့လော်မသေမျိုးအရှင်မြတ်တစ်ပါးအနေဖြင့် ဖန်ဆင်းခြင်းဆိုင်ရာနိယာမကို စူးစမ်းခြင်းကအခြေခံအကျဆုံးသော နည်းစနစ်များထဲမှ တစ်ခု ဖြစ်၏။
နတ်ဘုရားများ၊ မသေမျိုးများ၊ အရှင်မြတ်များ၊ ၎င်းတို့က လူသားများမဟုတ်ကြတော့ပေ။
"ဒီမှာအချိန်မဖြုန်းပါနဲ့၊ စလိုက်ကြရအောင်" ယဲ့လန် က သူမ၏စိတ်ထဲရှိ ရှုပ်ထွေးမှုများကို ဖယ်ရှားရန် အသက်ပြင်းပြင်းရှူရင်း ပြောလိုက်ချေသည်။
လုံလောက်သော ခွန်အားမရှိလျှင် မည်သည့် အမုန်းတရားနှင့် နာကြည်းမှုများကမျှ အဓိပ္ပါယ်မရှိချေ။
သူမ ရှန်းရွှီတောင်၏အရင်းအမြစ်များကို ဆက်လက်မလိုအပ်တော့စေရန် အင်ပါယာခုံရုံးမှပေးသနားထားသော ဧကရာဇ်ချီရွှေရောင်ဆေးလုံး ကိုအားကိုးရန် မျှော်လင့်ချက်ဖြင့် နတ်ဆိုးသုတ်သင်ရေးဌာန သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပေ၏။
တစ်နေ့နေ့တွင် သူမသည် မသေမျိုးအရှင်မြတ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့မည်ဆိုပါက မည်သည့် အနှောင့်အယှက်အတွေးအမြင်များမှမရှိဘဲ သူမ၏ဓားဖြင့် ဤနေရာသို့ ပြန်လာပါလိမ့်မည်။
"..."
ရှန်းယီ ထိုမျက်လုံးများမြူခိုးများထဲသို့ နောက်ပြန်ဆုတ်သွားပြီးမြူခိုးများ လူးလွန့်ကာကွဲကွာသွားသည်အထိကြည့်နေခဲ့ရာ ကြေးတံခါးက ၎င်း၏ပုံမှန်အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားပြီး ယခင်အရာအားလုံးမှာ ထင်ယောင်ထင်မှားတစ်ခုသာဖြစ်ခဲ့သည့်အလား ဖြစ်နေ၏။
သို့သော် သတ်ဖြတ်ခြင်းကို စောင့်ဆိုင်းနေသော သိုးငယ်တစ်ကောင်ကဲ့သို့ဖြစ်နေရသည့် ခံစားချက်က သူ၏စိတ်ထဲတွင် အဆုံးအစမဲ့ ပဲ့တင်ထပ်နေဆဲပင်။
ကျင့်ကြံခြင်းလမ်းကြောင်းပေါ်မှသူများက သေမျိုးလောကမှ သာမန်ပြည်သူများနှင့် အနည်းငယ်မှမကွာခြားဘဲတူညီသော လောဘနှင့် မရိုးသားသော နည်းလမ်းများရှိနေကြောင်းကို သူ အပြည့်အဝ သိရှိထား၏။
ဆရာနှင့်တပည့်ကြား ဆက်ဆံရေးပပင် ထင်ရသလောက် ခိုင်မာမှုမရှိချေ။
ရှန်းယီ ဆရာတစ်ဦးက သူ၏တပည့်ကို ဝါးမြိုခြင်းဆိုသည်ကို အစွန်းရောက်သည်အထိ အမြတ်ထုတ်ခြင်း၊မှော်ရတနာများကို သန့်စင်ရန် သူတို့၏နတ်ဝိညာဉ်များကို အကျဉ်းချထားခြင်းစသည်ဖြင့် နားလည်နိုင်သော်လည်း ၎င်းကို စာသားအတိုင်း ဝါးမြုသည်ဟု သူဘယ်သောအခါကမျှ မယူဆခဲ့ချေ။
ထိုအရာက အစားအစာအတွက် အခြေခံအကျဆုံး လောဘပင်။
ဒါကြောင့် ဒီလိုဖြစ်တာပေါ့။
ရှန်းယီ ယဲ့လန်ကိုတစ်ချက်ကြည့်လိုက်ရာ ထိုအခိုက်အတန့်တွင် ဆေးလုံးတောင်ထိပ်တွင် မည်သို့သော မဟာကပ်ဘေးမျိုးကြုံတွေ့ခဲ့ရသည်ကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့၏။
တောင်ထိပ်သခင်၏ဦးဆောင်မှုအောက်တွင် ဂိုဏ်းတူတပည့်တစ်စုက ဤကျောက်ခန်းမထဲသို့ ပုံမှန်အတိုင်းဝင်ရောက်လာကြပြီး ထိုဘိုးဘေးက ပါးစပ်ကိုဖွင့်ကာ သူတို့အားလုံးကိုဝါးမျိုလိုက်သည့် အချိန်အထိ ဆေးဖော်စပ်ခြင်းကိုစတင်နေခဲ့ကြသည်ဖြစ်နိုင်လေ၏။
ယဲ့လန် ဆေးဖော်စပ်ရာတွင်ကျွမ်းကျင်မှုမရှိသောကြောင့် အတွင်းသို့မဝင်ရောက်ခဲ့သဖြင့် ယနေ့တိုင် အသက်ရှင်နေခြင်းဖြစ်ကောင်းဖြစ်နိုင်၏။
ထို့အတူ ယခုတော့ သူ၏အခြေအနေက ပိုပြီးအန္တရာယ်များနေပါသေးသည်။
ယဲ့လန် ရှန်းယီ၏ထိုက်ရွှီဆေးတာအိုကျင့်ကြံခြင်းက သူ၏ခန္ဓာကိုယ်ကိုမွှေးကြိုင်ပြီးစားချင်စရာကောင်းသော ရွှေရောင်ဆေးလုံး တစ်လုံးအဖြစ် ပြောင်းလဲသွားစေမည်ဟု ဘယ်သောအခါကမျှ မထင်မှတ်ထားခဲ့ကြောင်းကို သူခန့်မှန်းမိ၏။
ထို့အတူပို၍မျှော်လင့်ချက်မဲ့စေသည်မှာ စတုတ္ထအဆင့် နှင့် တတိယအဆင့်ကြားမှ ကွာဟချက်တစ်ခုသာ ရှိနေခြင်းပင်။
သို့သော် တစ်ခဏမျှအစောင့်ကြည့်ခံရရုံဖြင့် ရှန်းယီက သူ၏လက်ရှိအခြေအနေကို သတိပြုမိသွားခဲ့၏။ အကယ်၍ ထိုသတ္တဝါက ထိုသို့ဆုံးဖြတ်လိုက်မည်ဆိုပါက သူက လှည့်၍ထွက်ပြေးရန် ရွေးချယ်သည်ဖြစ်စေ၊ အသေအကြေတိုက်ပွဲဝင်ရန်ရွေးချယ်သည်ဖြစ်စေ ရလဒ်က ပြောင်းလဲသွားမည်မဟုတ်ချေ။
"ဟူး"
ရှန်းယီ အသာအယာသက်ပြင်းချလိုက်၏။
သူက ပုံမှန်အတိုင်းဆေးမီးဖိုဘေးသို့ လျှောက်သွားပြီးပြင်ဆင်ထားသော ဆေးဘက်ဝင်အပင်များကို ယူရန် လက်ကိုဆန့်ထုတ်လိုက်ချေသည်။
ဖောင်းခနဲမြည်သံနှင့်အတူ ဆေးမီးဖိုမှ မီးတောက်က ကျောက်ခန်းမကိုလင်းထိန်သွားစေခဲ့၏။
သူမည်သည့်အရာကိုမှ မပြောင်းလဲနိုင်ခဲ့သည့်အတွက် သဘာဝတရားအတိုင်းသာဖြစ်ပါစေဟု လွှတ်ထားလိုက်ခြင်းကပိုကောင်းပါသည်။
...
ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်း
ကြမ်းကြုတ်သောအသွင်ရှိသည့် နတ်ဘုရားစစ်သူကြီးများ အများအပြားက နတ်ဆိုးဂူကို ဝန်းရံထားပြီး အဆက်မပြတ်တိုက်ခိုက်မှုတွင် သူတို့၏ပူးပေါင်းဆောင်ရွက်မှုမှာ အပြစ်ဆိုဖွယ်မရှိချေ။
များပြားလှသော ပုံရိပ်များကြားတွင် ရွှေရောင် အလင်းတန်းတစ်ခုမှာ ထူးခြားစွာထင်ရှားနေ၏။
ကောင်းကင်ဘုံတာအိုမှ ပြုစုပျိုးထောင်ထားသော အစစ်အမှန်နတ်ဘုရားများက ဥပဒေနှင့် စည်းကမ်းကိုကိုယ်စားပြုပြီး သွေးတစ်စက်မှနေ၍ ရှင်သန်နိုင်ကာဖျက်ဆီး၍မရနိုင်လောက်အောင်ပင်။
ထိုသို့သော နတ်ဘုရားစွမ်းရည်များဖြင့် သူတို့က သဘာဝကျကျပင်အကြောက်အလန့်ကင်းမဲ့ကြ၏။
သို့တိုင်အောင် ထိုသို့သော မကောင်းဆိုးဝါးအုပ်စုတစ်စုကြားတွင် မသေမျိုးစစ်သူကြီးချန်ချင်းက ထင်ရှားကျော်ကြားလာခဲ့ပြီးရှေ့တန်းသို့ အမြဲတစေပြေးဝင်နေရုံသာမက နတ်ဆိုးများ နှင့် တိုက်ပွဲတွင် အသက်ခြင်းပေးမည့် သဘောထားကိုပါ ပြသခဲ့ချေသည်။