← Chapters

ဟုန်ကျယ်မှ ဖြစ်ရပ် ၃

Vol. 109 Ch. 1084

ဟုန်ကျယ်မှ ဖြစ်ရပ် ၃

Vol. 109 Ch. 1084

ဤရွှေရောင်ခန္ဓာကိုယ်က သူတာဝန်ယူထားသော မဟာနတ်ဆိုးကို သတ်ဖြတ်ရုံသာမက သူ၏လုပ်ဖော်ကိုင်ဖက်များ၏တာဝန်များအောက်ရှိ နတ်ဆိုးများကိုပါ ချန်လှပ်မထားခဲ့ချေ။

ထို့ကြောင့် နတ်ဘုရားစစ်သူကြီးအချို့က သူတို့၏

လက်မောင်းများကိုအောက်ချကာ အနည်းငယ် တွေဝေသွားကြပြီးလေထဲတွင် လွင့်မျောနေခဲ့ကြ၏။

"သူကရောသွေးတစ်စက်ကနေ ပြန်လည်ရှင်သန်နိုင်လို့လား" လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြချေသည်။

သူ၏လက်အောက်ငယ်သားများ၏သံသယစကားများကို နားထောင်ရင်း ချီဖုန်းကြယ်တာရာက တိတ်တဆိတ်ရယ်မောလိုက်၏။

ဤကဲ့သို့ကြမ်းကြုတ်သော စစ်သည်တော်တစ်ဦးက အစစ်အမှန်နတ်ဘုရားဂိုဏ်းတွင်သာ ရှိသင့်ပေသည်။ ထိုတာအိုသခင်များနှင့် ဘုန်းကြီးများကို အဘယ်ကြောင့်ပူးပေါင်းကြံစည်နေရသနည်း။

၎င်းမှာ အချိန်ဖြုန်းခြင်းသက်သက်သာဖြစ်ချေသည်။

ထိုအချိန်မှာပင် ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ထိုးဆင်းလာခဲ့၏။

"ကြယ်တာရာနတ်ဘုရားစစ်သူကြီး ၊ ချင်းလွမ်နန်းတော်က အမိန့်တစ်ခုထုတ်ပြန်လိုက်ပါတယ်၊ ချန်ချင်းကို ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်းကနေ တပ်ချက်ချင်းဆုတ်ခွာပြီး ဟုန်ကျယ်ကို အဓိက အမှုတစ်ခုစုံစမ်းစစ်ဆေးဖို့ သွားရောက်ဖို့ အမိန့်ပေးလိုက်ပါတယ်"

၎င်းကိုကြားလိုက်ရသောအခါ ကြမ်းကြုတ်သော မျက်နှာရှိနှင့်ပြီးဖြစ်သည့် ချီဖုန်း၏မျက်ခုံးများမှာ ပို၍ပင် ကြမ်းကြုတ်လာခဲ့ချေသည်။

သူက မသေမျိုးစစ်သူကြီး၏လက်ထဲရှိ အမိန့်စာကို ယူရန်လက်မဆန့်ဘဲ ခဏသာကြည့်လိုက်၏။ "ငါ စေလွှတ်လိုက်တဲ့လူကို အချိန်မရောက်သေးဘဲ အခုပြန်ခေါ်ဖို့ သူစဉ်းစားနေတာလား။ကောင်းကင်ဘုံခုံရုံးရဲ့အမိန့်တွေကိုသူက နောက်ပြောင်မှုတစ်ခုလို့ သဘောထားနေတာလား၊ ဒါမှမဟုတ် ငါ့ကို အလေးအနက်မထားတာလား"

"မင်းတို့ ချင်းလွမ်မှာရှိတဲ့ လူအားလုံးကို ငါ မျက်နှာသာအရမ်းပေးလွန်းနေတာလား"

"ဒါ... ဒါက..." မသေမျိုးစစ်သူကြီးက ထစ်ငေါ့နေပြီး စကားတစ်ခွန်းမျှပင်မပြောနိုင်အောင်ဖြစ်နေခဲ့၏။

"မင်းရဲ့အမိန့်စာကိုယူပြီး ပြန်ထွက်သွားလိုက်တော့"

ချီဖုန်းက နောက်သို့လှည့်ကာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။ "သူလူတစ်ယောက်ကို လိုချင်ရင် သူ့ကိုငါ့ဆီလာပြီး ယူခိုင်းလိုက်"

သူ၏စကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သောစွမ်းအင်လှိုင်းတစ်ခုက မသေမျိုးစစ်သူကြီးကိုအပြင်သို့ ပစ်လွှတ်လိုက်၏။

အစစ်အမှန်နတ်ဘုရားများ အများအပြားကလည်း မြင်ကွင်းကို နှစ်သက်နေသည့်အလား လှမ်းကြည့်လိုက်ကြ၏။

ဗောဓိဂိုဏ်း နှင့် မသေမျိုးသုံးပါးဂိုဏ်းတို့က မသေမျိုးခုံရုံးတွင် နောက်ဆုံးတွင် မည်သူက အမိန့်ပေးသည်ကို မေ့သွားလောက်အောင်ပင် အချိန်အတော်ကြာအောင် သက်သောင့်သက်သာ လွန်းနေခဲ့ကြပြီလော။

ပုံမှန်အတိုင်းသေးငယ်သည့် အချင်းပွားမှုများ ရှိနေခြင်းက တစ်မျိုးပင်။

အစစ်အမှန်နတ်ဘုရားဂိုဏ်း၏မျက်စိအောက်တွင် ဤမျှညစ်ပတ်သော အချင်းချင်းတိုက်ခိုက်မှုများကိုပြုလုပ်ရဲခြင်းမှာ အဓိပ္ပါယ်မရှိလှချေ။

ထိုအချိန်မှာပင်..

ထိတ်လန့်နေသော မသေမျိုးစစ်သူကြီးက မသေမျိုးစွမ်းအင်အလွှာတစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရပြီး သူ၏ပုံစံကို တည်ငြိမ်သွားစေခဲ့၏။

နောက်တစ်ခဏတွင်မြင့်မားပြီး ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသောချောမောသည့် အမျိုးသားတစ်ဦးက မြူခိုးများထဲမှ ထွက်လာခဲ့ချေသည်။

သူ၏မျက်နှာက ချောမောပြီး သူ၏အမူအရာမှာ ထူးခြားလှကာ ကြယ်တာရာနတ်ဘုရားစစ်သူကြီး ကို ရင်ဆိုင်ရချိန်တွင်ပင် သူကနှိမ့်ချလွန်းခြင်း သို့မဟုတ် မောက်မာလွန်းခြင်း မရှိခဲ့ချေ။

"သင့်ရဲ့လက်အောက်ငယ်သား ချင်းလွမ် ၊ ချီဖုန်းနတ်ဘုရားစစ်သူကြီးကို ဂါရဝပြုပါတယ်" အမျိုးသားက သေချာစွာဦးညွှတ်လိုက်၏။

ချီဖုန်း၏အမူအရာမှာ ချက်ချင်း အေးစက်သွားပြီး သူကကောင်းကင်ယံရှိ ပုံရိပ်ကို တစ်ချက်ကြည့်ကာ ဖြည်းညှင်းစွာ နောက်သို့လှည့်လိုက်ချေသည်။

အချိန်အတော်ကြာပြီးနောက် သူ၏နှုတ်ခမ်းများသည် လှောင်ပြောင်မှုတစ်ခုဖြင့် အနည်းငယ် ကွေးတက်သွားခဲ့၏။ "မင်းက တကယ်ပဲ လူတစ်ယောက်ကိုယူဖို့ ငါ့ရှေ့ကို လာချင်နေတာလား"

"ချန်ချင်းက ကျွန်တော့်ရဲ့အမိန့်အောက်မှာ ရှိတာပါ၊အစစ်အမှန်နတ်ဘုရားရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ မရှိပါဘူး၊ ကြယ်တာရာနတ်ဘုရားစစ်သူကြီး က သူ့ကိုလွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ချင်းလွမ်က တည်ငြိမ်နေပုံရပြီး ကြယ်တာရာနတ်ဘုရား၏ပြောင်းလဲနေသော အမူအရာများကို ဂရုမစိုက်ဘဲ ပြောလိုက်ချေသည်။

"မသေမျိုးစစ်သူကြီးတစ်ယောက်ကို ငါ့ဆီ ခေါ်ဖို့ အခွင့်အာဏာမရှိဘူးလို့ မင်းဆိုလိုချင်တာလား" ချီဖုန်းက နောက်ဆုံးတွင် အေးစက်စွာလှောင်ပြောင်လိုက်၏။

"သေချာတာပေါ့ မဟုတ်ပါဘူး၊ ဒါပေမယ့် သင့်ရဲ့ အမိန့်ကို ကောင်းကင်ဘုံခုံရုံးက ပြန်လည်မသုံးသပ်မချင်း၊ အနည်းဆုံးတော့ အခုအချိန်အထိ..."

ချင်းလွမ် အဝေးရှိ ချင်းဟွာ ဆီသို့ သူ၏အကြည့်ကို ဖြည်းညှင်းစွာရွှေ့လိုက်ချေသည်။ "သူက ငါ့လူ ဖြစ်နေတုန်းပါပဲ"

ချီဖုန်း ရှေ့သို့ခြေလှမ်းလိုက်ပြီး ချင်းလွမ်ကမကြာသေးမီက မသေမျိုးခုံရုံးတွင် မျက်နှာသာပေးခံရသူဖြစ်လာကြောင်း၊ မသေမျိုးသုံးပါးဂိုဏ်း က အလွန်တန်ဖိုးထားကြောင်းနှင့် သူ့ကို အထက်သို့ တက်လှမ်းရန်ထောက်ပံ့ပေးမည့်လမ်းကြောင်းတစ်ခု ရှိနိုင်ကြောင်းကို သိရှိထား၏။

မကြာမီတွင် ချင်းလွမ်က အဆင့်အတန်းအရ သူချီဖုန်းကို ကျော်တက်သွားနိုင်ပါသည်။

သို့သော် တစ်ဖက်လူပြောသလိုပင် အနည်းဆုံးတော့ ယခုအချိန်အထိ သူ၏ရာထူးက ဤလူငယ်လေးထက် တစ်ဆင့်ပိုမြင့်နေသေး၏။

လေထုသည် ရုတ်တရက် တင်းမာလာသည်နှင့်အမျှ..

ချင်းဟွာက ထို "ဟုန်ကျယ် ကို စုံစမ်းစစ်ဆေးဖို့" ဟူသောစကားလုံးများမှ နောက်ဆုံးတွင်သတိပြန်ဝင်လာခဲ့ချေ၏။

သူမက သူမ၏လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ထားလိုက်ပါသည်။ "နတ်ဘုရားစစ်သူကြီးကို အစီရင်ခံပါတယ်၊ ချန်ချင်း က စစ်သူကြီးချင်းလွမ် နဲ့အတူ လိုက်ပါသွားချင်ပါတယ်"

ထိုကိစ္စကို ထပ်ပြီးဖုံးကွယ်ထား၍ မရတော့ပေ။

"..."

ချီဖုန်း အံ့အားသင့်သွားပြီး သူ၏အကြည့်က ထိုနှစ်ဦးကြားတွင် အပြန်ပြန်အလှန်လှန်ဝေ့ကြည့်နေခဲ့၏။

သူက ထိုတိုက်ပွဲများတွင် ပါဝင်ရန်စိတ်မဝင်စားရုံသက်သက်သာဖြစ်ပြီး သူ နားမလည်ခြင်း မဟုတ်ချေ။

ဤအခြေအနေကို ကြည့်ရလျှင် ဩဇာလွှမ်းမိုးမှုက တစ်ဖက်လူ၏လက်ထဲသို့ ကျရောက်သွားပုံရပေ၏။

အချိန်အတော်ကြာပြီးနောက် ချီဖုန်းက သူ၏အပြုံးကို ရုပ်သိမ်းလိုက်ချေသည်။ "ကောင်းပြီလေ၊ နတ်ဆိုးဂူတစ်ခုကို အခုလေးတင် ရှင်းလင်းပြီးပြီဆိုတော့ ငါလည်းအားနေတာပဲ၊ မင်းနဲ့အတူ ဒီခရီးကို လိုက်ခဲ့မယ်၊ အပန်းဖြေခရီးလို့ သဘောထားလိုက်ပါ့မယ်"

ကောင်းကင်ဘုံခုံရုံး၏အမိန့်များကို မချိုးဖောက်သရွေ့ အနာဂတ်တွင် စိုးရိမ်စရာများမရှိစေရန်အတွက် ချန်ချင်း၏ကိစ္စကို တစ်ကြိမ်တည်းနှင့် အပြီးအပြတ်ဖြေရှင်းခြင်းက ပို၍ဖြောင့်မတ်ပေလိမ့်မည်။

အစစ်အမှန်နတ်ဘုရား တစ်ပါးက ဂိုဏ်းနှစ်ခု၏အချင်းချင်းတိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခြင်းသည် မသေမျိုးခုံရုံးတစ်ခုလုံးတွင် အလွန် ရှားပါးလှပေ၏။

၎င်းက သူက ချန်ချင်းကို မည်မျှ တန်ဖိုးထားကြောင်း ရှင်းလင်းစွာပြသနေပေသည်။

သို့သော် ၎င်းကို ကြားလိုက်ရသောအခါ ချင်းလွမ်၏အမူအရာမှာ မည်သည့် လှိုင်းဂယက်မျှ မရှိခဲ့ချေ။

သူက မသေမျိုးခုံရုံးတွင် ဖြောင့်မတ်ပြီး ဂုဏ်သိက္ခာရှိသူအဖြစ် လူသိများ၏။ယနေ့လည်း ထူးခြားမှု မရှိခဲ့ချေ။

All Chapters