← Chapters

အိမ်ပြန်ခြင်း

Vol. 109 Ch. 1085

အိမ်ပြန်ခြင်း

Vol. 109 Ch. 1085

ရှန်းရွှီတောင် ၊ ကျောက်ခန်းမ

သင်းပျံ့နေသောဆေးနံ့က မှုန်မှိုင်းနေသော ခန်းမကြီးတစ်ခုလုံးတွင်ပျံ့နှံ့နေပြီး ဤနေရာကို လူ့လောကရှိ သုခဘုံတစ်ခုကဲ့သို့ ပြောင်းလဲသွားစေခဲ့၏။

ဟင်းလင်းပြင်ရတနာဆေးလုံး၏ပါဝင်ပစ္စည်း ခုနစ်ခုက ထိုဆေးမီးဖိုအတွင်း၌အပြစ်အနာအဆာကင်းသော မသေမျိုးဆေးလုံးများ အဖြစ်သို့ ပြောင်းလဲသွားပြီး တစ်ခုစီက ပြီးပြည့်စုံသောကပ်ဘေးဆယ်ခုစွမ်းအားကို ဖုံးအုပ်ထားချေသည်။

ယဲ့လန်၏ဆေးဖော်စပ်ခြင်းတာအိုက အခြေခံအဆင့်သာရှိသေးသော်လည်း တောင်ထွတ်ပေါ်တွင် ကြီးပြင်းလာခဲ့သဖြင့် သူမများစွာမြင်တွေ့ခဲ့ရပြီး ကျယ်ပြန့်စွာ သိရှိထား၏။

ဆေးဖော်စပ်ခြင်းလှုပ်ရှားမှုများ၊ အပူရှိန်ကို ထိန်းချုပ်မှုနှင့် မိုးမြေစွမ်းအင်ကိုဆုပ်ကိုင်ထားမှုတို့က အစမှအဆုံးတိုင်အောင်အပြစ်ဆိုဖွယ်မရှိလောက်အောင်တိကျနေသည့် ရှန်းယီကဲ့သို့သော ဆေးဆရာတစ်ဦးကို သူမ ဘယ်သောအခါကမျှ မမြင်ဖူးခဲ့ချေ။

ထိုဆေးလုံးများက အရောင်အသွေး သို့မဟုတ် အသွင်အပြင်တွင် မည်သည့် ကွာခြားမှုမျှ မရှိဘဲ တစ်ထပ်တည်းကျနေသော မိတ္တူများကဲ့သို့ ဖြစ်နေပြီး လူသားတစ်ဦး၏လက်ရာဟုပင် မထင်ရချေ။

သူမ၏ဆရာ အသက်ပြန်ရှင်လာခဲ့လျှင်ပင် ရှန်းယီလုပ်ဆောင်သကဲ့သို့ သူလုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ယဲ့လန် အတွက် ပို၍ ကြောက်မက်ဖွယ်ကောင်းသောအရာမှာ လူငယ်လေး၏မျက်နှာပေါ်ရှိ အမူအရာပင်။

ဤပြင်းထန်သော ဆေးနံ့က သူ၏တည်ငြိမ်သော အမူအရာတွင် ဝမ်းမြောက်မှုအရိပ်အယောင်တစ်ခုကိုထည့်သွင်းပေးရန် အံ့သြဖွယ်ကောင်းလောက်အောင်ပျက်ကွက်ခဲ့ပြီး အရာအားလုံးက မျှော်လင့်ထားသည့်အလားဖြစ်နေသည်။

"တကယ်လို့များ... တကယ်လို့များ ငါ နင်နဲ့ စောစောတွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ" ယဲ့လန်၏လက်ချောင်းထိပ်များ အနည်းငယ် တုန်ခါသွားပြီး သူမ၏စိတ်ခံစားချက်များက ရှင်းပြ၍မရနိုင်လောက်အောင်အနည်းငယ် ထိန်းချုပ်မှု ကင်းမဲ့နေခဲ့၏။

ဤကဲ့သို့သော ဆေးဖော်စပ်ခြင်းပါရမီရှင်တစ်ဦးက ဆေးလုံးတောင်ထိပ်သို့ ဝင်ရောက်ကာ သူမ၏နေရာကိုသာ အစားထိုးနိုင်ခဲ့မည်ဆိုပါက ဆရာ၏ပြင်းထန်သော ပြုစုပျိုးထောင်မှုအောက်တွင် သူက ဤလောကနှင့်ကင်းကွာနေသော ဆေးပညာရှင်မသေမျိုးဖြစ်လာလောက်ပြီ ဖြစ်သည်။

ထို့နောက် ရှန်းရွှီဘိုးဘေးကို မဟာကပ်ဘေး ဖြတ်ကျော်ရာတွင် ကူညီပေးချိန်၌ဆရာက ထိုတတိယအဆင့်ကပ်ဘေးဆေးလုံးကို အတင်းအကျပ် ဖော်စပ်ရန် ဂိုဏ်းတူအဖွဲ့ဝင်အများအပြားကို ဦးဆောင်ရန် လိုအပ်ခဲ့မည်မဟုတ်ဘဲ နောက်ဆုံးတွင် ဆေးလုံးဖန်တီးမှုကျရှုံးကာ တောင်ထိပ်ပြိုကွဲသွားရသည့်အဖြစ်မျိုးသို့ ရောက်ရှိသွားမည် မဟုတ်ချေ။

"တောင်းပန်ပါတယ်၊ ငါ စိတ်ထိန်းလွတ်သွားလို့ပါ" ယဲ့လန်က သူမ၏စိတ်ခံစားချက်များကို တည်ငြိမ်စေရန် အလျင်အမြန်အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။

"ဆေးလုံးတွေကို ဒီမှာပဲထားခဲ့လိုက်၊ သွားကြစို့"

...

ရှန်းယီက သူ၏ရှေ့ရှိ ဟင်းလင်းပြင်ရတနာဆေးလုံးခုနစ်လုံးကို တိတ်ဆိတ်စွာကြည့်နေခဲ့ချေသည်။

ယခင်က လျိုရွေ့ဖုန်း နှင့် ယှဉ်ပြိုင်စဉ်က ဖော်စပ်ခဲ့သော ဆေးလုံးများအပါအဝင်ထည့်တွက်ရမည်ဆိုလျှင် ရှန်းရွှီဘိုးဘေးနိုးထလာတိုင်း သူ၏နယ်ပယ် အဆင့်ကို တည်ငြိမ်စေရန်အတွက် ကပ်ဘေးစွမ်းအား ရာပေါင်းများစွာကိုစားသုံးရ၏။

၎င်းသည် မြှင့်တင်ခြင်း မဟုတ်ဘဲ တည်ငြိမ်စေခြင်းသာ ဖြစ်ချေသည်။

ဆိုလိုသည်မှာ ဤကပ်ဘေးစွမ်းအား များအားလုံးင အလဟဿဖြစ်သွားပြီး သူမျက်လုံးဖွင့်လိုက်တိုင်း ရှန်းရွှီတောင်က ပဉ္စမအဆင့် ထိုက်ယီမသေမျိုးတစ်ပါးကို ယဇ်ပူဇော်နေရသကဲ့သို့ ဖြစ်နေပေသည်။

ဤမျှကြီးမားလှသော သုံးစွဲမှုက ရှန်းရွှီတောင် ကဲ့သို့သော ဧရာမအင်အားစုကြီးအတွက်ပင်လျှင် ၎င်းကိုလည်ပတ်နိုင်ရန် သူ၏အခြေခံအုတ်မြစ်ကို လျော့နည်းသွားစေရပါလိမ့်မည်။

ဤမျှကျယ်ပြန့်သော မသေမျိုးဂိုဏ်းကြီးက လူတစ်ယောက်တည်းကိုသာ ထောက်ပံ့နေရခြင်းဖြစ်သည်။

သို့တိုင်အောင် ဤလေးစားရသော ဘိုးဘေးက ဘယ်သောအခါမှကျေနပ်ရောင့်ရဲပုံ မပေါ်ချေ။

ရှန်းယီ ဆေးဖော်စပ်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများရရှိခဲ့လျှင်ပင် ဤဆေးလုံးများကို ဖော်စပ်ရာတွင်ဆေးဝါးအတွင်းရှိ ကပ်ဘေးစွမ်းအား၏ဆယ်ပုံသုံးပုံ သို့မဟုတ် လေးပုံခန့်ကိုသာထိန်းသိမ်းထားနိုင်ပြီး သူက နတ်ဆိုးသက်တမ်း ကပ်ဘေးလေးဆယ်ကျော်ကို အကုန်အစင်သုံးစွဲခဲ့ရ၏။

ဤသို့သော အခြေအနေမျိုးအောက်တွင် သူက သူ့ကိုအသုံးပြုပစ်ချင်နေကြဆဲပင်။

ကြေးတံခါးပေါ်ရှိမျက်လုံးများ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ရှန်းယီခံစားနိုင်သော်လည်း ထိုဘိုးဘေးက သူ၏အကြည့်များကို သူ့အပေါ်တွင် ထားရှိထားပြီး သူ၏အတွင်းရှိ ထိုက်ရွှီရွှေရောင်ဆေးလုံးမှ ဘယ်သောအခါမျှအကြည့်လွှဲမသွားကြောင်း ရှင်းလင်းလှ၏။

ယခုအခါ သူက ဓားပေါင်းသောင်းချီဖြင့် ချိန်ရွယ်ခံထားရသကဲ့သို့ခံစားနေရပြီး ဆေးဖော်စပ်ခြင်းမှလွဲ၍ အခြားမည်သည့်သိမ်မွေ့သော လှုပ်ရှားမှုမဆို သူ၏သေဆုံးခြင်းကိုဖြစ်ပေါ်စေနိုင်သည်။

စားကြူးသူတစ်ဦးက သူ၏မျက်စိအောက်ရှိ အရသာရှိသောအစားအစာကို မည်သည့် အခြေအနေမျိုးတွင် လွှတ်ပေးမည်နည်း။

"နင် ဘာဖြစ်နေတာလဲ" တစ်စုံတစ်ခု မှားယွင်းနေကြောင်းသတိပြုမိသဖြင့် ထွက်ခွာသွားသော ယဲ့လန်က နားလည်ရခက်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်၏။

ရှန်းယီ လက်များကို အောက်ချကာရပ်နေသည်ကို သူမ မြင်တွေ့လိုက်ရပြီး ဆေးနံ့တဖြည်းဖြည်းကွဲသွားပြီးနောက် ခန်းမကြီးက အမှောင်ထုထဲသို့ ပြန်လည်ရောက်ရှိသွားကာ ဆေးမီးဖိုမှ ထွက်ပေါ်လာသောအလင်းရောင်က သူ၏ဖြူဖျော့သော မျက်နှာကို တလက်လက်တောက်လောင်နေစေပြီး သူအတွေးများထဲတွင် နစ်မြုပ်နေပုံရချေသည်။

တစ်ခဏအကြာတွင်..

လူငယ်လေးက သူ၏လက်ဖဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ယဲ့လန်၏အံ့အားသင့်နေသော အကြည့်များအောက်တွင် ဟင်းလင်းပြင်ရတနာဆေးလုံး တစ်လုံးကိုယူကာ ပါးစပ်ထဲသို့ ရဲတင်းစွာ ထည့်လိုက်၏။

သေချာစွာဝါးစားလိုက်ရာ ဆေးစွမ်းအာနိသင်က သူ၏နှုတ်ခမ်းနှင့် လျှာကြားတွင် အရည်ပျော်သွားပြီး တာအိုအသီးအပွင့်အတွင်းသို့ ပေါင်းစပ်သွားကာ ထိုက်ရွှီရွှေရောင်ဆေးလုံး၏အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ချေသည်။

ကျင့်ကြံခြင်း ကပ်ဘေးဆယ်ခုစာ တိုးလာခဲ့၏။

"နင်..." ယဲ့လန်၏မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ ရှန်းရွှီဘိုးဘေးက လူများပုံမှန်စိတ်ကူးထားလေ့ရှိသော တင်းကြပ်သော်လည်း အတွင်းစိတ်နွေးထွေးသည့် ဖခင်တစ်ဦးကဲ့သို့ ဂိုဏ်းအကြီးအကဲမျိုး မဟုတ်ဘဲ ထိုအရာအားလုံးက ဘိုးဘေးနှင့် မည်သို့မျှ မပတ်သက်ဘဲ သူက စစ်မှန်သောကျင့်ကြံသူ တစ်ဦးသာဖြစ်၏။

နှလုံးသားထဲတွင် တာအိုတစ်ခုတည်းသာရှိပြီး ပြင်ပအရာအားလုံးက တာအို အတွက်သာ အသုံးတော်ခံသော ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ထို့အတူ ရှန်းယီ၏လက်ရှိလုပ်ရပ်များက ရှန်းရွှီဘိုးဘေး၏သည်းခံနိုင်စွမ်းကို စမ်းသပ်နေခြင်း ဖြစ်သည်မှာ သေချာလှပြီး ဘိုးဘေး၏ဒေါသကို ဆွပေးရန်တမင်ရည်ရွယ်နေသည့်အလား ဖြစ်နေ၏။

သူမ တွေဝေနေစဉ်မှာပင် ရှန်းယီ ဒုတိယမြောက် ဟင်းလင်းပြင်ရတနာဆေးလုံးကို ယူလိုက်ပြီးနောက် တတိယ၊ စတုတ္ထ ဆက်တိုက် ယူလိုက်ချေသည်။

ဆေးလုံး ငါးလုံး သူ၏ဗိုက်ထဲသို့ ဝင်ရောက်သွားသည့် အချိန်တွင် ကြေးတံခါးက နောက်ဆုံးတွင် ဟိန်းဟောက်သွားခဲ့၏။

မီးခိုးရောင်မြူခိုးများ နောက်တစ်ကြိမ် လူးလွန့်လာပြီး ဤတစ်ကြိမ်တွင် ယဲ့လန်ပင်လျှင် မြူခိုးများအတွင်းမှနောက်ကျိနေသော မျက်လုံးများကို မြင်တွေ့နိုင်ကာ ၎င်းတို့က သေမျိုးလောကအားလုံးကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ဖြစ်နေပြီး ရူးမိုက်မှု ခံစားချက်တစ်ခုပါဝင်နေသော်လည်း နက်နဲလှသောရှင်းလင်းမှုတစ်ခုလည်း ရှိနေချေသည်။

ဤမျက်လုံးများဖြင့် အကြည့်ခံလိုက်ရသည့် အခိုက်အတန့်တွင် ယဲ့လန် အရိုးထိအောင် အေးစိမ့်သွားသည်ကို ခံစားလိုက်ရပြီး သူမ၏နှလုံးသားထဲတွင် မည်မျှပင်လှုပ်ရှားနေစေကာမူ သူမ၏ခန္ဓာကိုယ်မှာ လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ သူမ၏အတွင်းရှိ ထိုက်ရွှီတာအိုအသီးအပွင့် ပင်လျှင် အေးခဲသွားသကဲ့သို့ခံစားလိုက်ရ၏။

ရှန်းယီက မည်သည့်အရာကိုမျှမမြင်ရသည့်အလား နောက်ထပ်ဆေးလုံးဆီသို့ တောင့်တင်းနေသောသူ၏လက်မောင်းကိုခေါင်းမာစွာဖြင့် ဆန့်ထုတ်လိုက်သည်။

နောက်ဆုံးတွင် ကျန်ရှိနေသော ဆေးလုံးနှစ်လုံးကိုလည်း သူ မျိုချပစ်လိုက်၏။

ဤကဲ့သို့သော လုပ်ရပ်မျိုးက ယဲ့လန်ကို မိုးကြိုးပစ်ခံရသကဲ့သို့ အံ့အားသင့်သွားစေခဲ့သည်။ ရှန်းယီကို သူမ မည်မျှပင်နားလည်ထားစေကာမူ မသေမျိုးခုံရုံး၏အောက်တွင်ပင် အသက်ရှင်လွတ်မြောက်နိုင်ခဲ့သော ဤကဲ့သို့သတိကြီးပြီး ရက်စက်သော ကျင့်ကြံသူတစ်ဦးက ယနေ့တွင် အဘယ်ကြောင့် ဤမျှအကျိုးသင့်အကြောင်းသင့်မရှိသော လုပ်ရပ်မျိုးကို ပြုလုပ်ရသနည်းဆိုသည်ကို သူမ နားမလည်နိုင်အောင်ဖြစ်နေခဲ့၏။

သို့သော် ထိုမျက်လုံးများက ရှန်းယီ၏ခန္ဓာကိုယ်အတွင်းရှိ သေးငယ်သောအပြောင်းအလဲတိုင်းကို မြင်တွေ့ချင်နေသည့်အလား တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့ချေသည်။

အချိန်မည်မျှ ကြာသွားသည်မသိ၊ ရှေးဟောင်းခေတ်မှ လာသကဲ့သို့အက်ကွဲနေသော အသံတစ်ခုက နောက်ဆုံးတွင်ခန်းမကြီးအတွင်း ပဲ့တင်ထပ်သွားခဲ့၏။

စကားတစ်ခွန်းတည်းဖြင့် ၎င်းက ယဲ့လန်၏မျက်လုံးများကို ရုတ်တရက်ပြူးကျယ်သွားစေခဲ့ချေသည်။

"ကောင်းတယ်" ဒေါသထွက်ခြင်းလည်း မဟုတ်သကဲ့သို့ချီးကျူးခြင်းလည်း မဟုတ်ဘဲ ၎င်းက မှတ်ချက်ပေးမှုတစ်ခုနှင့်သာ တူနေ၏။

စားကြူးသူတစ်ဦးက ဟင်းလက်စရာတစ်ခုကို ဝေဖန်နေသကဲ့သို့ပင်။

ရှန်းယီ မြေပြင်ကို ငုံ့ကြည့်ကာ တိတ်ဆိတ်စွာ ရပ်နေခဲ့၏။

ဆေးဖော်စပ်စဉ်အတွင်း သူ စဉ်းစားတွေးတောနေခဲ့သော မေးခွန်းက ယခုမှသာ အဖြေတစ်ခုကို ရှာတွေ့သွားခဲ့ချေသည်။

စားကြူးသူတစ်ဦးက သူ၏မျက်စိအောက်ရှိ အရသာရှိသော အစားအစာကို မည်သည့် အခြေအနေမျိုးတွင် လွှတ်ပေးမည်နည်း။

သဘာဝကျကျပင် ငါးက မဆူဖြိုးသေးချိန်၊ သစ်သီးက မရင့်မှည့်သေးချိန်၊ ဟင်းလျာက တစ်ဝက်တစ်ပျက်သာကျက်သေးချိန်နှင့် အပူရှိန်များစွာလိုအပ်နေသေးချိန်တွင်ဖြစ်၏။

All Chapters